← Chapters

အပိုင်း(၄၇၉)

Vol. 32 Ch. 479

အပိုင်း(၄၇၉)

Vol. 32 Ch. 479

ရှေ့တွင်ရှိနေသည့် မြူခိုးဖြူတို့အားကြည့်ရင်း  ရှစ်ဖုန့်က ခေါင်းလှည့်လိုက်ပြီး   ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။

“ဒီသခင်လေးတစ်ချက်သွား

ကြည့်လိုက်အုံးမယ်”

ရှစ်ဖုန့်မှာ အစကတည်းက   တစ္ဆေသင်္ဘောနှင့်ပက်သက်၍ စူးစမ်းချင်နေခြင်းဖြစ်သည်။ထို့ကြောင့်  ရှစ်ဖုန့်က ဤကဲ့သို့ ပြောလာသောအခါတွင် ရှစ်ကျင်းရွှိုက်အနေဖြင့် အရမ်း

စပ်စုလိုသည်ဟု မခံစားရပေ။ ရှစ်ဖုန့်လှုပ်ရှားတော့မည်အား တွေ့လိုက်ရသောအခါတွင် ရှစ်ကျင်းရွှုက်က  အလျှင်အမြန်အော်ပြောလိုက်သည်။

“ညီလေးရှစ်..ခဏစောင့်ပါအုံး”

ရှစ်ကျင်းရွှိုက်က သူ့အား ရုတ်တရက်တားဆီးလိုက်သောအခါတွင် ရှစ်ဖုန့်က  စိတ်ရှုပ်ထွေးစွာဖြင့် ရှစ်ကျင်းရွှိုက်အားကြည့်လိုက်သည်။

ရှစ်ကျင်းရွှိုက်က  ရှစ်ဖုန့်အားပြုံးလိုက်ပြီးပြောလိုက်၏။

“ငါလည်းညီလေးနဲ့အတူသွားမယ်”

ရှစ်ကျင်းရွှိုက်မှာ ဒဏ္ဍာရီလာနမည်ကျော် တစ္ဆေသင်္ဘောအားအရမ်းစူးစမ်းချင်နေသည်။ ထို့ကြောင့်  ၎င်းကသူနှင့်အတူသွား

ချင်ခြင်းမှာ သိပ်တော့ မထူးဆန်းပေ။

“အင်းကောင်းပြီ”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် နှစ်ယောက်သားရှေ့ရှိ  သိပ်းသည်းသော မြူထုအတွင်းသို့ ပျံသန်းသွားလိုက်သည်။

“သခင်..သခင်လေး..က တစ္ဆေသင်္ဘောထဲ ဝင်မလို့တဲ့”

“သခင်လေး ..သခင်လေးသွားလို့မရဘူး”

“သခင်လေး. သခင်လေးရဲ့အသက်ကို စွန့်စားလို့မရဘူး”

ရှစ်ကျင်းရွှိုက်က သိပ်သည်းသော မြူထုအတွင်း ပျံသန်းသွားသည်အားတွေ့

လိုက်ရသောအခါတွင် အစောင့်များက လျှင်မြန်စွာအော်ပြောလိုက်သည်။ ဤအချိန်တွင်  ဟင်းလင်းပြင်အတွင်းမှ ပျံသန်းနိုင်သော ဒါဇင်နှင့်ချီသည့် အစောင့်များက  ရှစ်ကျင်းရွှိုက်နောက်သို့အလျှင်

အမြန်လိုက်ကြသည်။

သို့သော် ထို့နောက်ချက်ချင်း ရှစ်ကျင်းရွှိုက်၏ ခက်ထန်သောအသံကထွက်ပေါ်လာသည်။

“မင်းတို့အားလုံးရပ်ကြစမ်း..

ဒီသခင်လေးအတွက် သင်္ဘောပေါ်မှာပဲနေခဲ့ကြ.. ဘာအမှားအယွင်းမှမဖြစ်စေနဲ့”

“ဟုတ်”

ရှစ်ကျင်းရွှိုက်အော်ပြောလိုက်သည်နှင့်   သူတို့အားလုံးလိုက်နေရာမှ ရပ်တန့်သွားပြီး  ရှစ်ကျင်းရွှိုက်အားလေးလေးစားစား

တုန့်ပြန်ဖြေကြားလိုက်ကြသည်။ ရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်တို့၏ ပုံရိပ်တို့က  သိပ်သည်းသော မြူခိုးများထဲသို့ မျက်စိတစ်မှိတ်အတွင်းဝင်ရောက်သွားပြီး   ၎င်းတို့အားမြူများက လုံးဝဖုံးလွှမ်းသွားသည်ကို အားလုံးမြင်တွေ့လိုက်ရသည်။

ရှစ်ဖုန့်သိပ်သည်းသောမြူအတွင်းသို့ ဝင်ပြီးပြီးချင်း  အောက်ဘက် ပင်လယ်မျက်နှာပြင် ကြီးမားသော အနက်ရောင်အရိပ်ကြီးတစ်ခုအားမြင်တွေ့လိုက်ရသည်။ ၎င်းက သိပ်သည်းသော မြူအတွင်း၌ ခပ်ရေးရေးဖြစ်ပေါ်နေသည်။ ထူးဆန်းပြီး မိစ္ဆာဆန်ကာ အေးစက်သော အရှိန်အဝါတစ်ခုက  အောက်ဘက်ရှိ အနက်ရောင်အရိပ်မှရုတ်ခြည်းလာနေ၏။

ရှစ်ဖုန့်၏ စိတ်ဝိညာဉ်အသိအမြင်က  အောက်ဘက်ရှိ တစ္ဆေသင်္ဘောအတွင်း၌  ယင်ဝိညာဉ်များရှိနေသည်ကို ပြောနေသည်။

“ဒါက တကယ်ကို တစ္ဆေသင်္ဘောတစ်စင်းပဲ”

ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။ ဤယင်ဝိညာဉ်များ၏ အရှိန်အဝါမှအကဲဖြတ်ရသလောက်   သူတို့အားလုံးက မကောင်းဆိုးဝါး ဝိညာဉ်များ ဖြစ်လာကြခြင်းဖြစ်သည်။

ရှစ်ဖုန့်ရုတ်တရက်ရပ်တန့်သွားသည်အားမြင်တွေ့လိုက်ရသောအခါတွင်  ရှစ်ကျင်းရွှိုက်ကလည်းရပ်သွားသည်။

သူကခေါင်းလှည့်လိုက်ပြီးရှစ်ဖုန့်

အားကြည့်လိုက်ကာ သူ၏အမြင်အားတောင်းခံလိုက်သည်။

“ညီလေးရှစ်. တို့တွေအောက်ဆင်းသွားသင့်လား”

“သွားစို့”

ရှစ်ဖုန့်ကပြောလိုက်သည်။ထို့နောက်  သူနှင့်ရှစ်ကျင်းရွှိုက်တို့က အောက်ဘက်ရှိ ဧရာမအနက်ရောင်အရိပ်ကြီး

ရှိရာသို့သွားလိုက်သည်။  အနက်ရောင်အရိပ်နှင့်နီးသည်

ထက်နီးလာလေ အပေါ်မှလာနေသော   စူးစူးဝါးဝါးအော်သံများအား ဝိုးတိုးဝါးတားကြားရလေဖြစ်သည်။ရှစ်ဖုန့်သည်သာကြားရခြင်းမဟုတ်ပဲသူ့နောက်မှ ရှစ်ကျင်းရွှိုက်လည်းကြားရခြင်းဖြစ်သည်။

“ဒါက ..တကယ်ပဲ ဝိညာဉ်တွေအလုပ်လုပ်ကြတာလား”

အော်သံများနှင့်ငိုယိုသံများအား

ကြားရသောအခါတွင်ရှစ်ကျင်းရွှိုက်တုန်လှုပ်အံ့အားသင့်သွားသည်။သူက သူ့ဘေးတွင်ရှိနေသော ရှစ်ဖုန့်အားမေးလိုက်၏။

“ဒါကတကယ် တစ္ဆေသင်္ဘောတစ်စီးပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။သူကလှည့်လိုက်ပြီး ပြုံး၍ မေးလိုက်၏။

“ဘာလို့လဲ ခင်ဗျားကြောက်လို့လား”

ရှစ်ဖုနု့်၏ စကားအားကြားလိုက်ရသောအခါတွင်   ရှစ်ကျင်းရွှိုက်ကပြုံလိုက်ပြီးဝင့်ကြွားစွာဖြင့်ပြောလိုက်သည်။

“ငါက သူတော်စင်နယ်ပယ်တစ်ယောက်ပဲဟာ.. ငါ့မှာတက်ကြွမှုအပြည့်ပဲ.တစ္ဆေသရဲတွေက ငါ့နားကိုကပ်ရဲမှာမဟုတ်ဘူး”

ရှစ်ကျင်းရွှိုက်၏ စကားအား ကြားပြီးနောက်ရှစ်ဖုန့်က  ပြုံးလိုက်ပြီးဆက်လက်ပြောသည်။

“ဒါက သာမန်တစ္ဆေတွေမှာပဲမှန်တယ်. ဒါပေမဲ့ တစ္ဆေသင်္ဘောပေါ်က တစ္ဆေအများစုက အရမ်းစွမ်းအားကြီးမားတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေ..

သူတော်စင်နယ်ပယ်ဆိုတာက အလုပ်ဖြစ်မယ်လို့ဒီသခင်လေးတော့မထင်ဘူး”

“ဟားဟား.ညီလေးရှစ်..မင်းက ဟာသပြောတတ်သားပဲ”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင်  ရှစ်ကျင်းရွှိုက်က သူ၏ ခေါင်းကိုခါလိုက်သည်။

ရှစ်ဖုန့်ကလည်းသူ၏ခေါင်းကိုခါယမ်းလိုက်ပြီး  ဘာမှတော့ထပ်မပြောပေ။ ပြောရလျှင်သူနောက်ချင်းမဟုတ်ပေ။

ထို့နောက်တွင်အနက်ရောင်အရိပ်ကြီးမှ ရှင်းသည်ထက်ရှင်းလင်းလာသည်။

ရှစ်ကျင်းရွှိုက်၏ ကုန်သည်သင်္ဘောထက်နှစ်ဆကြီးမားသော ကြီးမားသည့်ရွက်သင်္ဘောတစ်စီးက သူတို့၏ မြင်ကွင်းအတွင်းပေါ်လာ၏။

ရွက်သင်္ဘောက ကြီးမားသော်လည်း   ၎င်းက အကျိုးအပဲ့များအက်ကွဲရာများ

ဖြင့်ပြည့်နှက်နေသည်။

“ဘန်း..ဘန်း”

“အသံနှစ်ခုနှင့်အတူ  ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့က  ရွက်သင်္ဘောကုန်းပတ်ပေါ်သို့

သက်ဆင်းလိုက်သည်။

သို့သော် သူတို့ တစ္ဆေသင်္ဘောပေါ်သို့ ခြေချပြီးမကြာခင်တွင်   ယခင်သူတို့ကြားနေရသော အော်ဟစ်သံများက ရုတ်ချင်းပျောက်ကွယ်သွား၏။ သင်္ဘောတစ်ခုလုံးက တိတ်ဆိတ်နေပြီး  မှုန်မှိုင်းနေကာ လူတို့၏ မွှေးညှင်းများအား အဆုံးထိထောင်မတ်သွားစေသည်။

သူတို့နှစ်ဦးသား ပတ်ဝန်းကျင်အားတစ်ချက်ကြည့်လိုက်သည်။ ရှစ်ကျင်းရွှိုက်ကဘာမှရှာမတွေ့သော်လည်း  ရှစ်ုဖနု့်က တော့ မလှမ်းမကမ်းသိပ်မဝေးသောကုန်းပတ်

ပေါ်မှပုန်းအောင်းနေကြသည့် ဖြူဖျော့သော ပုံရိပ်တစ်ခုအား မြင်တွေ့ရသည်။  ပုံရိပ်၏ ကိုယ်တစ်ပိုင်းကသာ ထွက်ပေါ်နေပြီး  ကျန်အောက်ပိုင်းက ကုန်းပတ်အတွင်းနစ်ဝင်နေသည်။

ဖြူဖျော့သော ပုံရိပ်မှာ အဘိုးအိုတစ်ဦးဖြစ်သည်။ ဤအချိန်တွင် သူ၏ မျက်တွင်းဟောင်းလောင်းဖြင့်  ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်ထံသို့ လွန်လွန်ကြူးကြူးစိုက်ကြည့်နေ၏။

“ဟမ့်..မကောင်းဆိုးဝါးကောင်”

ရှစ်ဖုန့်က မကောင်းဆိုးဝါးအဘိုးအိုထံသို့ ကြည့်၍ အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။  ၎င်းမှာ အဆင့်သုံးအဆင့်သာရှိသော တစ္ဆေခန္ဓာနှင့်မကောင်းဆိုးဝါး

ဝိညာဉ်တစ်ကောင်သာဖြစ်သည်။

ထို့နောက်မကြာခင် တစ္ဆေအိုကြီးမှာ တစ်ခုခု မှားနေသည်ကိုချက်ချင်းရိပ်မိလိုက်သည်။သူ၏ ကြမ်းကြုတ်သောမျက်နှာထက်၌ အလွန်အံ့အားသင့်သော အမူအယာတစ်ခုပေါ်လာသည်။  ရှစ်ဖုန့်ကသူအားစိုက်ကြည့်နေသည်ကို သူတွေ့လိုက်သည်။  ထို့ထက်ပိုသည်ကား သူက ကြောက်တစ်ကောင်က ကြွက်တစ်ကောင်အား ကစားသလို ကြည့်နေသကဲသို့ အကြည့်ခံနေရခြင်းဖြစ်သည်။

တစ်ခုခု မှားယွင်းနေသည်အား သဘောပေါက်လိုက်သောအခါတွင်  တစ္ဆေအိုကြီးက  သူ၏ကိုယ်ကိုချက်ချင်းလှုပ်ရှားလိုက်ပြီး ကုန်းပတ်အတွင်းတိုးဝင်ရန်ကြိုးစားလိုက်သည်။

“ဟမ့်..မင်းကပြေးချင်တာလား”

ရှစ်ဖုန့်က တစ္ဆေအိုကြီးအားသရော်လိုက်၏။  ရုတ်ခြည်းသူ၏ ဝိညာဉ်စွမ်းအားအားလှည့်ပတ်လိုက်ပြီးရှစ်ဖုန့်၏ မျက်ခုံးနှစ်ခုကြား၌ မမြင်နိုင်သော ဝိညာဉ်ဝဲတစ်ခုဖြစ်ပေါ်လာသည်။

“အား.. ဘာတွေဖြစ်နေတာလဲ..ဘာတွေဖြစ်နေတာလဲ”

မကောင်းဆိုးဝါးတစ္ဆေအိုကြီး၏ ဖြူဖျော့သော တစ္ဆေမျက်နှာထက်၌  ရုတ်ခြည်းနာကျင်မှုများဖြင့်ပြည့်နှက်သွားသည်။သူ့အနေဖြင့်သူ၏ခန္ဓာကိုယ်အားထိန်းချုပ်နိုင်မှု လုံးဝဆုံးရှုံးသွားရသည်ကို ချက်ချင်းသိလိုက်ရသည်။

ထို့နောက်ချက်ချင်းသူလုံးဝခုခံနိုင်စွမ်းမရှိသောစွမ်းအားကြီး   အားတစ်ခုက သူ၏တစ်ကိုယ်လုံးသို့ပျံ့နှံ့လာသည်။ သူ၏ဖြူဖျော့သောကိုယ်က  ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးပျံသန်းသွားသည်။

“အား..မဟုတ်ဘူး …ငါ့ကိုလွှတ်ပေးစမ်း”

တစ္ဆေအဘိုးအိုက ကျယ်လောင်သောတစ္ဆေအော်သံ

တစ်ခုကိုဖြစ်ပေါ်စေလိုက်သည်။ သို့သော် ရှစ်ဖုန့်နှင့်အနီးကပ်သို့ ပျံသန်းရောက်ရှိလာသောအခါတွင် ရှစ်ဖုန့်၏ကြယ်ငါးပွင့် ဝိညာဉ်ဝဲကြောင့်  ချက်ချင်းကွဲကြေသွား၏။ သူကရှစ်ဖုန့်၏ ဝါးမျိုခြင်းအားခံခဲ့ရပြီး ရှစ်ဖုန့်၏ ယင်ဝိညာဉ်စွမ်းအင်အတွင်အာဟာရတစ်ခုဖြစ်လာသည်။

ရှစ်ကျင်းရွှိုက်မှာလည်း တစ္ဆေအိုကြီး၏ သွေးပျက်ဖွယ်အော်ဟစ်သံကိုကြားလိုက်ရပြီး   အလျင်အမြန်ရှစ်ဖုန့်အား စိုးရိမ်စွာမေးလိုက်သည်။

“ညီလေးရှစ်.. ခုဏက မင်းတစ်ခုခုကြားလိုက်သေးလား”

“ဒီသခင်လေးတစ္ဆေတစ်ကောင်ကို နှိမ်နင်းခဲ့တာ..အဲ့တာက အဲ့မကောင်းဆိုးဝါးဝိညာဉ်ရဲ့အော်သံပဲ”

ရှစ်ဖုန့်က အမှန်အတိုင်းပြောလိုက်သည်။

“ဒီတော့ညီလေးက ငါ့ရဲ့ ကုန်သည်သင်္ဘောပေါ်မှာတင် ဟာသဘယ်လိုပြောရမလဲသိရုံမက ဒီလိုအချိန်မှာတောင် ဟာသာပြောနိုင်လိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး”

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်  မဲ့ပြုံးပြုံလိုက်သည်။

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားအများကြီးရှင်းပြမနေပေ။

သူကပြောလိုက်သည်။

“ဒီသခင်လေးတော့ ဒီတစ္ဆေသင်္ဘောကို စပြီးတော့ သဘောကျလာပြီထင်တယ်..ဆက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကြတာပေါ့ .တစ်ခုခုများရှာတွေ့မလားလို့”

“အင်း”

ရှစ်ကျင်းရွှိုက်က လေးနက်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။  သူ၏မျက်လုံးတို့က ပတ်ဝန်းကျင်အားဆက်လက်စူးစမ်းရှာဖွေနေသည်။ သင်္ဘောဆီသို့သွားစဉ်က စူးစူးဝါးဝါးအော်ဟစ်ခဲ့သော သူ၏ညီအကိုများ ဘယ်နေရာ၌ရှိနေသည်ကို သူမသိချေ။  ယခု သူသင်္ဘောပေါ်သို့ ရောက်ရှိလာသည့်တိုင် ၎င်းတို့၏ ခန္ဓာကိုယ်များအားမမြင်တွေ့ရပေ။

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ သင်္ဘောဝန်းကျင်၌ ဆက်လက်လျှောက်သွားကြသည်။သိပ်မကြာင် ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ တစ္ဆေသင်္ဘော၏ သင်္ဘောခန်းဆီသို့ ရောက်လာပြီး ဝင်ရောက်လိုက်ကြသည်။

သင်္ဘောအခန်းအတွင်းသို့သူတို့ဝင်ဝင်ချင်း သူတို့မြင်ရသမျှက အ မှောင်ထုသာဖြစ်သည်။ ထို့နောက် သူတို့၏ရှေ့၌ စက္ကူကဲ့သို့ဖြူသော  သေလုအောင်ဖြူသည်မျက်နှာတစ်ခုအားနှစ်ယောက်သားမြင်တွေ့လိုက်ရသည်။ ၎င်းမှာ အမျိုးသမီးအိုတစ်ဦး၏မျက်နှာဖြစ်သည်။  ဤအချိန်တွင် သူမက ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အားထူးဆန်းသောချောက်ချားဖွယ်သရော်ပြုံးတစ်ခုဖြင့် ကြည့်နေ၏။

“အား”

ရုတ်တရက် နောက်ထပ်စူးစူးဝါးဝါးအော်ဟစ်သောအသံတစ်ခုက  တစ္ဆေသင်္ဘောပေါ်မှထွက်ပေါ်လာသည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters