← Chapters

သွေစောင်း အာကာပြင် ပင်လယ်ကျွန်း

Vol. 58 Ch. 801

သွေစောင်း အာကာပြင် ပင်လယ်ကျွန်း

Vol. 58 Ch. 801

သုံးရက်၊ လေးရက် ကြာမြင့်ပြီးနောက် မိုဝူကျိက မျက်ဆံနီ လိပ်ကြီး၏ ပိုင်နက် မုခ်ခုံးတိုင်ပေါ် ဆင်းသက်လိုက်သည်။

“ ခင်ဗျားက အဲဒီ အဆင့် ၉ ဆေးလုံးဧကရာဇ် မိုဝူကျိလား ” မိုဝူကျိ မုခ်ခုံးတိုင်ထဲ ဝင်လိုက်သည်နှင့် တစ်ယောက်က ပြောလိုက်၏။

မိုဝူကျိက စိတ်ထဲ မထားပေ။ အကြောင်းမှာ မျက်ဆံနီ လိပ်ကြီးက သူ့လူများအား သူ့အကြောင်း မှာထားမည်မှန်း သိနေ၍ ဖြစ်သည်။ သူ ပေါ်လာသည့်အခါ တစ်ယောက်ယောက် တားဆီးလိမ့်မည်မှန်း မျှော်လင့်ထားပြီးသား ဖြစ်၏။ တစ်ယောက်မှ လာမတားဆီးမှသာ ထူးဆန်းနေပေလိမ့်မည်။

ယခု သူအနေနှင့် ထွက်သွားလိုလျှင် ထိုလူများက မျက်ဆံနီလိပ်ကြီး ရောက်မလာခင်အထိ သူ့အား တားဆီးထားပေမည်။

“ ဟုတ်တယ်  ကျုပ်က မိုဝူကျိပဲ ….” မိုဝူကျိက ပြောရင်း ဆက်လျှောက်လာလိုက်သည်။ သူက မျက်ဆံနီလိပ်ကြီးအပေါ် အနည်းငယ် အမြင်ကောင်းကောင်း ရှိထားသော်လည်း မျက်ဆံနီလိပ်ကြီးက သူ့အား အတင်းကျပ် တားဆီးပါက ဆန့်ကျင်ဖို့ရာ ဝန်မလေးပေ။

သူ့အား တားဆီးထားသည့်သူမှာ ဆံပင်နီကြောင်ကြားနှင့် အမျိုးသား တစ်ဦး ဖြစ်ပြီး  မိုဝူကျိက ထိုသူမှာ အသွင်ပြောင်း သားရဲ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။ မိုဝူကျိ ပြောနေစဉ် ထိုလူ ပို့လွှတ်လိုက်သော သတင်းပို့ ဓားပျံကို သတိထားမိပြီးသား ဖြစ်ပေသည်။

အကောင်းဆုံး သတင်းပို့ ဓားပျံကို တည်နေရာပြောင်းရွေ့ရေး နည်းစနစ်နှင့် ထပ်မံပေါင်းစပ်လိုက်သောကြောင့် ဤနည်းလမ်းမှာ ဆက်သွယ်ရေး ပုတီးစေ့ထက်ပင် ပိုမြန်ဆန်သွားပေ၏။

“ ဆေးလုံးဧကရာဇ်မို … အရှင်မဟာဧကရာဇ်က ခင်ဗျားအကြောင်း အမြဲတမ်း ပြောနေတာပါ။ အရှင်မဟာဧကရာဇ်က ဆေးလုံးဧကရာဇ်မိုကို ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် ဖိတ်ကြားဖို့ ကျုပ်ဆီ မှာထားလို့ပါ ” ဆံနီနီ အမျိုးသားက သူသည် မိုဝူကျိ၏ ပြိုင်ဖက် မဖြစ်နိုင်ကြောင်း  သိပြီးနောက် စိုးရိမ်တကြီး ပြောလိုက်၏။

“ ထားလိုက်ပါ …. ကျုပ်က နှုတ်ဆက်စကားပြောနေဖို့ အချိန်မရှိဘူး ” မိုဝူကျိက ထွက်သွားဖို့ ပြင်လိုက်စဉ် သတင်းပို့ ဓားပျံ တစ်ချောင်း ရောက်ရှိလာသည်။

ဆံနီနီ အမျိုးသားက သတင်းပို့ ဓားပျံအား လက်ခံကာ ချက်ချင်း ပြောလိုက်သည်

“ အခု အရှင်က အခြားအရှင် ခုနှစ်ပါးနဲ့အတူတူ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းရဲ့ စုဝေးပွဲ  တက်နေရလို့တဲ့။ အရှင်က ဆေးလုံးဧကရာဇ်မိုကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်ခင်ဗျ … ပြီးတော့ အရှင်က ဆေးလုံးဧကရာဇ်မို စိတ်မပါရင်လည်း အဆင်ပြေပါတယ်လို့ ပြောလိုက်ပါသေးတယ်။ ဆေးလုံးဧကရာဇ်မိုကို ကြိုဆိုဖို့ ညစာစားပွဲလေး ကျင်းပပေးပါဦးမယ်တဲ့  …    ”

မိုဝူကျိက ရပ်ကာ မေးလိုက်သည်  “စုဝေးပွဲက ဘယ်လိုမျိုးလဲ …. ဘာလို့ တကယ့်ပညာရှင်တွေ တက်ရောက်ရတာလဲ ”

ဆံနီနီ အမျိုးသားက မြန်မြန် ပြောလိုက်သည်

“ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းက ကာကွယ်ရေး အစီအရင် ပွင့်လာမဲ့ အချိန်ရောက်လာပြီလေ။ ကျုပ်တို့က အလဲအလှယ် သွားလုပ်ကြမှာဆိုတော့ စုဝေးပွဲက ဘယ်သူတွေ သွားရမလဲဆိုတာ နေရာသတ်မှတ်ပေးတာပါ ”

မိုဝူကျိက နားမလည်စွာ မေးလိုက်သည်  “ အဲဆို နေရာရရင် ကျွန်းကနေ ထွက်သွားနိုင်တယ်ပေါ့။ ထွက်မသွားချင်တဲ့သူရော ရှိကြလို့လား ”

ဤတစ်ကြိမ်၌ နားမလည်ဖြစ်သွားသည်က ဆံနီနီ အမျိုးသား ဖြစ်ပြီး ဤသို့မျိုး ရှင်းလင်းသိသာနေသည့် ကိစ္စကို  မိုဝူကျိအနေနှင့် သိသင့်ပေသည်။ သူက မိုဝူကျိသည် သူ့အရှင် အလေးပေးဆက်ဆံရသူ ဖြစ်ကြောင်း သူ့ကိုယ်သူ  ပြန်လည် သတိပေးလိုက်ပြီး မြန်မြန် ဖြေပေးလိုက်၏

“ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းရဲ့ ကာကွယ်ရေး အစီအရင်က သဘာဝအစီအရင်လေ။ အချိန်တစ်ခုကြာတိုင်း တစ်ခေါက် ပွင့်လေ့ ရှိတယ်။ ကျုပ်တို့ကျွန်းမှာ အရင်းအမြစ်လည်း ပေါကြွယ်ဝတယ်။ အင်မော်တယ်စွမ်းအားလည်း သိပ်သည်းတယ်ဆိုပေမဲ့ လိုအပ်နေတဲ့ ပစ္စည်းတွေက အများကြီးပဲလေ။ အဲဒါကြောင့် အစီအရင် ပွင့်လာတဲ့အခါကျ ကျွန်းပေါ်က အဆင့်မြင့် ကျင့်ကြံသူတွေက ကျွန်းပေါ်က ထွက်ပြီး တခြားပစ္စည်းတွေနဲ့ အလဲအလှယ် သွားလုပ်ကြတယ် ”

“ အဲဆို အရေအတွက်ကို ဘာလို့ ကန့်သတ်ထားတာလဲ ”

“ အဲဒါက ကာကွယ်ရေး အစီအရင်က အာကာပြင် ပုံမှန်မဟုတ်တဲ့နေရာ ဆိုတော့ အစီအရင် ပွင့်လာတာနဲ့ ထွက်သွားဖို့ဆိုရင် တစ်ယောက်က အဆင့် ၉ အာကာပြင်နက် အသီး လိုလိမ့်မယ်။ ပြီးတော့ အဲဒီအသီးက အကန့်အသတ်နဲ့လေ … ”

နောက်ဆုံးတွင် မိုဝူကျိက နားလည်သွားသည့်အခါ တိတ်တဆိတ် အံ့အားသင့်မိသွားသည်။ အာကာပြင်နက် အသီးမှာ အင်မော်တယ်လောက၌ တန်ဖိုးအရှိဆုံး အသီး ဖြစ်ကာ အာကာသ စည်းမျည်းမှ စွမ်းအားများ ပါဝင်နေသောကြောင့် အာကာသ လျို့ဝှက်ပညာရပ်များ အသိအမြင် ပွင့်လာစေဖို့ရာ အသုံးပြုနိုင်သည်။

အာကာပြင်နက်အသီးကို စားလိုက်သည်နှင့် အာကာသထဲမှ ပြောင်းလဲမှုများကို အချိန်တိုလေးအတွင်း အာရုံခံနိုင်စွမ်း ရှိသွားမည်။ ဤနည်းဖြင့် သူတို့က အန္တရာယ်မရှိ အာကာသ ပုံမှန်မဖြစ်နေမှုမှ ထွက်လာနိုင်ကြခြင်း ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ထိုအုပ်စုမှာ ဤအာကာသ ပုံမှန်မဖြစ်သည့် နေရာကို ဖြတ်ဖို့ရာ အာကာပြင်နက် အသီးကို သုံးကြလိမ့်မည်ဟု မယုံပေ။ ထိုသည်မှာ နှမြောဖို့ ကောင်းလွန်းလှသည်။

“ကောင်းပြီ … ကျုပ် သွားလိုက်မယ်။ စုဝေးပွဲ နေရာကို ပြောပါဦး ” မိုဝူကျိက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

“ အာ …” ဆံနီနီ အမျိုးသားက မည်သို့ တုံ့ပြန်ရမှန်း မသိတော့ပေ။ သူက မိုဝူကျိ ငြင်းပယ်သည်နှင့် ဆွဲခေါ်ထားနိုင်မည့် အကြံကို တွေးနေမိပေသည်။ သူက မိုဝူကျိသည် ဖိတ်ကြားချက်ကို လက်ခံလိမ့်မည်ဟု မထင်ထားပေ။

ကံကောင်းစွာဖြင့် သူက အချိန်အတော်ကြာ အသိစိတ်လွတ်မနေခဲ့ပေ။ သူက မိုဝူကျိအား မြေပုံ ပါဝင်သော ကျောက်စိမ်းပြား မြန်မြန် ပေးကာ ပြောလိုက်၏  “ ဆေးလုံးဧကရာဇ်မို … ဒီမြေပုံမှ သွေစောင်း အာကာပြင်ပင်လယ်မြို့ဆီ သွားတဲ့ လမ်းကြောင်း ပါပါတယ်။ ပြီး‌တော့ စုဝေးပွဲ ကျင်းပမဲ့ နေရာလည်း ပါပါတယ်ခင်ဗျ  ”

မိုဝူကျိက ကျောက်စိမ်းပြားကို ယူကာ သာမာန်ကာလျှံကာ ပြောလိုက်၏  “ ကျေးဇူးပါ … ”

မိုဝူကျိက ပြောပြီးသည်နှင့် သူ့ပုံရိပ်မှာ ဖြတ်ခနဲ ကွယ်ပျောက်သွားကာ ရင်ပြင်မှ ထွက်သွားတော့သည်။ ဆံနီနီ အမျိုးသားက အနည်းငယ် ကြောင်အမ်းနေသည့် အခြေအနေ ဖြစ်နေဆဲ ဖြစ်သည်။ သူက အဆင့် ၈ သားရဲ ဖြစ်သော်လည်း မိုဝူကျိဆီမှ လက်ဝါးတစ်ချက် အရိုက်ခံရလျှင် အသက်မရှင်နိုင်ကြောင်း သေချာသိနေသည်။ သူအတွက် ကံကောင်းသွားသည်က ဆေးလုံးဧကရာဇ်မိုသည် သွေစောင်း အာကာပြင် ပင်လယ်မြို့သို့ သွားဖို့ သဘောတူညီခဲ့ပြီး  သူ့အတွက် အခက်အခဲ မဖြစ်စေခဲ့ပေ။

မိုဝူကျိက ဤသို့မျိုး နေရာ၌ အင်မော်တယ်မြို့အကြီးကြီး ရှိနေလိမ့်မည်ဟု တွေးထင်ထားပြီးသား ဖြစ်၏။ သူ့ခန့်မှန်းချက်အတိုင်း သွေစောင်း အာကာပြင် ပင်လယ်ကျွန်းမှာ ဤကျွန်းပေါ်ရှိ အကြီးမားဆုံး စုဝေးနိုင်သည့် မြေနေရာထဲမှ တစ်ခု ဖြစ်ပေသည်။ သူက သွေစောင်း အာကာပြင် ပင်လယ်ကျွန်းမှ ထွက်သွားတော့မည် ဖြစ်ရာ သူ့အနေနှင့် လူသူပိုရှုပ်သည့် နေရာ၌ အလဲအလှယ်လုပ်ရန် သွားရောက်ဖို့ စိတ်ကူးထားပေသည်။ မိုဝူကျိက ဤကျွန်းပေါ်ရှိ လူများ၏ ချမ်းသာကြွယ်ဝမှုကို အပြည့်အဝ ကောင်းကောင်း သိထား၏။

ဆံနီနီ အမျိုးသား ပေးလိုက်သည့် ကျောက်စိမ်းမြေပုံနှင့် ယွမ်မိုဆီမှ ရရှိထားသော မြေပုံတို့ကို ယှဉ်ကြည့်လိုက်သောအခါ အခြေခံအားဖြင့် အတူတူသာ ဖြစ်နေသည်။

မိုဝူကျိက သွေစောင်း အာကာပြင် ပင်လယ်မြို့သို့ အရင်မသွားသေးဘဲ သူ့နေရာဆီ ပြန်ဖို့ ရွေးချယ်လိုက်သည်။ သူက ဟူချွန်းချွန်း ခေါ်သွားသည့် လမ်းကြောင်းလောက် မကြာမြင့်တော့ပေ။ သူက သွားမည့်နေရာသို့ အတိုဆုံး လမ်းကြောင်းကို ရွေးချယ်ထားလေသည်။

အနည်းငယ် အားကောင်းသည့် စိတ်စွမ်းအား တစ်ခုက မိုဝူကျိအား အာရုံမခံလိုက်နိုင်ခင် မိုဝူကျိက ထွက်သွားပြီးလေပြီ။

နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိ၏ ပျံသန်းရေး ရတနာမှာ ရေကန်အနီး ရပ်တန့်သွားလေ၏။ မိုဝူကျိ ရှေ့တွင် ရှိနေသော မြင်ကွင်းကြောင့် သူ့မျက်နှာမှာ မှုန်မှိုင်းသွားလေသည်။ အကြောင်းမှာ သူ ခင်းကျင်းထားခဲ့သော ကာကွယ်ရေး အစီအရင်မှာ လုံးဝ ပျက်စီးနေပြီး ရေကန်ထဲ၌လည်း ရေများ မကျန်ရှိတော့ပေ။ ရေကန်ထဲမှ မြေကြီးကိုပင် မီတာအတော်နက်သည့်အထိ တူးထားခံရ၏။ သူ့ယခင် ကျင့်ကြံရေး နေရာမှာလည်း အစအနမရှိ ပျောက်ကွယ်သွားလေပြီ။

“ အစ်ကိုကြီးမိုလား ” တအံ့တဩ အသံကို ကြားလိုက်ရပြီးနောက် ပုတိုတို အနက်ရောင်ဆံပင်နှင့် အမျိုးသားက ပြေးထွက်လာသည်။

“ ဟုတ်တယ် … ငါက မိုဝူကျိပါ ” မိုဝူကျိက ဒေါသကို ချုပ်ထိန်းထားသော်လည်း သူ့နေရာကို ဖျက်စီးပစ်သည့် ရှင်းပြချက်ကို နားမထောင်ရန် ဆုံးဖြတ်ထားပြီးလေပြီ။

“ အစ်ကိုကြီးမို … အစ်ကိုကြီးယွမ်က ကျတော်ကို ဒီနေရာမှာ စောင့်ခိုင်းနေခဲ့တာပါ။ အစ်ကိုကြီးယွမ်က အစ်ကိုကြီးမိုကို သွေစောင်းပင်လယ်ထဲ ထွက်သွားပြီးတော့ ဘယ်တော့မှ ပြန်မလာဖို့ ပြောခိုင်းထားတာ ….

ပေါင်ပုက အစ်ကိုကြီးမိုကို အပြတ်ရှင်းဖို့ တခြားသူတွေကိုပါ ဆက်သွယ်ထားတယ်။ မျက်ဆံနီလိပ်ကြီးမှာလည်း ရည်ရွယ်ချက် ကောင်းကောင်း မရှိဘူးရယ် ….” ဆံနက် အမျိုးသားလေးက မြန်မြန် ရှင်းပြလိုက်သည်။

မိုဝူကျိသည် ထိုသူ ပြောသည့် အစ်ကိုကြီးယွမ်ဆိုသည်မှာ ယွမ်မိုဖြစ်ကြောင်း သိလိုက်သည်။ ဤနေရာ၌ သူနှင့် ဆက်ဆံရေးကောင်းကောင်း ရှိသူမှာ ယွမ်မိုသာ ရှိပေ၏။

“ အဲဆို အခု အစ်ကိုယွမ်ကရော ဘယ်မှာလဲ ” မိုဝူကျိက မေးလိုက်သည်။

ထိုအမျိုးသားက စိုးရိမ်တကြီး ပြောလိုက်သည် “ အခု သွေစောင်း အာကာပြင် ပင်လယ်မြို့မှာ အစီအရင် ပွင့်လာမဲ့အကြောင်း ဆွေးနွေးနေကြတာဆိုတော့ အစ်ကိုကြီးယွမ်လည်း အဲဒီကို ရောက်နေလောက်တယ် ”

“ ငါ့နေရာကို ဘယ်သူဖျက်စီးခဲ့တာလဲဆိုတာရော သိလား ”

“ အဲဒါက ပေါင်ပုပါ။ သူက အစ်ကိုကြီးမိုကို ရှာမတွေ့တာနဲ့ နေရာကို လာဖျက်စီးသွားတာပါ ”

မိုဝူကျိက ခေါင်းညိတ်ကာ ထိုအမျိုးသားအား ကျောက်စိမ်းပုလင်း တစ်ပုလင်း ပေးကာ ခေါင်းညိတ်ပြလိုက်သည်  “ ကျေးဇူးပါ။ ဒါက ဧကရာဇ်ဆေးလုံး။ မင်းကို အဆင့် ၉ သားရဲအဖြစ် ရောက်စေမှာပါ … ”

“ တကယ်ကြီး ဧကရာဇ်ဆေးလုံးလား ” ထိုအမျိုးသားက စိတ်လှုပ်ရှားစွာ လက်ခံလိုက်ရင်း ရေရွတ်လိုက်သည်။ သူက ကျေးဇူးတင်စကား မဆိုရသေးခင် မိုဝူကျိက အရိပ်အယောင်ပင် မကျန်ရှိတော့ချေ။

“အစ်ကိုကြီးယွမ်ရဲ့ မိတ်ဆွေက တကယ်ကို ကွဲပြားတာပဲ ” ထိုအမျိုးသားက သူ့ဘာသာ ရေရွတ်ရင်း ထွက်သွားလေ၏။

………….…

မိုဝူကျိက ဖုံးကွယ်ဖို့ရာပင် အာရုံမစိုက်ချေ။ သူက ပျံသန်းရေး ရတနာကို ထိန်းချုပ်ရင်း အကြောက်တရားမရှိ သွေစောင်း အာကာပြင် ပင်လယ်ကျွန်း တစ်လျှောက် ဖြတ်သန်းလာလေ၏။

သူက မည်မျှ ဖုံးကွယ်ပြီး သတိထားစေကာမူ သူက ဖြစ်လာမည့် တိုက်ပွဲကို မရှောင်ရှားနိုင်မှန်း ကောင်းကောင်းကြီး သိလို့ နေသည်။ မရှောင်ရှားနိုင်မှ‌တော့ ဘာလို့များ အာရုံစိုက်နေရမည်နည်း။

အင်မော်တယ် သားရဲအများစုက မိုဝူကျိ တစ်ယောက် သူတို့ပိုင်နက်ကို ကျော်ဖြတ်သွားသည့်အခါ တိတ်ဆိတ်နေဖို့ရာ ရွေးချယ်ခဲ့ကြသည်။

သို့သော်လည်း အင်မော်တယ်သားရဲတိုင်းက ဤသို့ သည်းခံမှုမျိုး ရှိကြသည်တော့ မဟုတ်ချေ။ မီတာအတော်ရှည်သည့် ကင်းခြေများကြီးက စွမ်းအားစက်ကွင်းကို ထုတ်လွှင့်ကာ မိုဝူကျိနှင့် သူ့ပျံသန်းရေး ရတနာအား ဝါးမျိုဖို့ ကြိုးစားလိုက်သည်။

မိုဝူကျိက လက်ကို မြှောက်လိုက်ပြီး လျှပ်စီးပေါက်ကွဲမှုများ ထုတ်လွှင့်လိုက်သည်။ တစ်ခုက ကင်းခြေများ၏ ပါးစပ်အတွင်း ကျရောက်သွားကာ ထွေးထုတ်ချင်သော်လည်း မလုပ်ဆောင်နိုင်သောကြောင့် နှစ်ပိုင်း ပြတ်သွားရလေ၏။

ကင်းခြေများအတွက် ကံကောင်းသွားသည်က မိုဝူကျိက သတ်ဖို့ရာ စိတ်ကူးမရှိပေ။ အဆင့် ၈ ကင်းခြေများကို ဒဏ်ရာရအောင် လုပ်ပြီးသည်နှင့် နှေးကွေးခြင်းမရှိ ကျော်ဖြတ်သွားတော့သည်။

အားလုံးက မိုဝူကျိ၏ အင်အားအကြောင်း သိကြ၍ မည်သူကမှ သူ့အား တားဆီးဖို့ရာ မကြိုးစားကြပေ။ သူ့ပျံသန်းရေး ရတနာ အမြန်နှုန်းမှာ အမြန်ဆုံးသို့ ရောက်နေပြီ ဖြစ်၍ တစ်ရက်တာအတွင်း သူက ဧရာမ မြို့ကြီး အပြင်ဘက်သို့ ရောက်ရှိသွားလေပြီ။

သူက ကျင့်ကြံရေး လောကထဲ ရောက်လာစဉ်ကတည်းက မိုဝူကျိက အုတ်ချပ်များနှင့် တည်ဆောက်ထားသည့် မြို့ကို မြင်ရခဲလေသည်။ အကြောင်းမှာ မြို့အများစုက အစီအရင်များနှင့်သာ တည်ဆောက်ထားကြသည်။

လက်ရှိ သူက တစ်မြို့လုံးကို အုတ်ဖြင့် တည်ထားပြီး ထိုးထွင်းထားသော စာလုံးပတ်လည်၌ တာအိုအရှိန်အဝါက ရစ်ပတ်နေသည်ကို မြင်လိုက်ရသည်။ ထိုစာလေးလုံးမှာ

 “‌သွေစောင်း အာကာပြင် ပင်လယ်မြို့”

မြို့အပြင်ဘက်၌ ရင်ပြင်တစ်ခု  ရှိနေပြီး ထိုရင်ပြင်အတွင်း လမ်းလေး ပါရှိနေသည်။ ထိုလမ်းမှာ သွေစောင်း အာကာပြင် ပင်လယ်မြို့ ဝင်ပေါက်ဆီ ဦးတည်ထားပြီး ကြီးမားသည့် ရင်ပြင်ကြီးကို နှစ်ပိုင်းခြမ်းထားဟန် ပေါ်နေသည်။

မျိုးနွယ်စု အမျိုးမျိုးမှ ကျင့်ကြံသူများမှာ သွားလာနေကြပြီး စည်ကားလှသည်မှာ သိသာလှသည်။

မိုဝူကျိက ပျံသန်းရေး ရတနာကို သိမ်းကာ မြို့ထဲ တန်းဝင်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့စိတ်စွမ်းအားကို ကောင်းကင်တခွင်လုံး ဖုံးလွှမ်းထားစေလိုက်၏။ သူ့စိတ်ဝိညာဉ် သိုလှောင်‌ရေး လမ်းကြောင်းပင် မနားရပေ။

မိုဝူကျိက မြို့ကို ဝင်တော့မည့်ဆဲဆဲတွင် တားဆီးခံလိုက်ရ၏။ ထိုအရာမှာ မြို့၏ ကာကွယ်ရေး အစီအရင် ဖြစ်ကာ အဆင့် ၉ အင်မော်တယ် အစီအရင် ဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။

အဆင့် ၉ အင်မော်တယ် အစီအရင်မှာ တခြားလူများအတွက် အတော်လေး အံ့ဩဖို့ ကောင်းမည် ဖြစ်သော်လည်း မိုဝူကျိအနေနှင့် စိတ်ထဲပင် မထည့်ပေ။ သူ့ကို အံ့ဩစေသည်က သူ မြင်လိုက်ရသည့် တံတိုင်းကို တည်ဆောက်ထားသည့် အမျိုးအစား ဖြစ်၏။ ထိုသတ္တုမျိုးမှာ သာမာန် မဟုတ်ချေ။ အကြောင်းမှာ ထိုအရာမှာ အဆင့် ၉ အင်မော်တယ် အမျိုးအစားဖြစ်သည့် လျှပ်စီးဝိညာဉ် ကျောက်တုံး ဖြစ်နေသည်။

လက်ရှိ မိုဝူကျိက အဆင့် ၉ ပန်းပဲဧကရာဇ်အဖြစ် ယူဆနိုင်ပြီ ဖြစ်သောကြောင့် ထိုလျှပ်စီး ဝိညာဉ်ကျောက်တုံးအကြောင်း သိပေသည်။

လျှပ်စီး ဝိညာဉ်ကျောက်တုံးမှာ အင်မော်တယ်လောက၌ အလွန်အမင်း ရှားပါးပြီး ဈေးကလည်း အတော်အတန် မြင့်ပေသည်။ အကယ်၍ လျှပ်စီး သဘာဝဓာတ် မရှိသည့်သူက လက်နက်အဖြစ် ထုလုပ်ဖန်တီး  အသုံးပြုခဲ့လျှင်ပင် အတော်လေး အဖိုးတန်ပြီး အသုံးဝင်မည် ဖြစ်သည်။

လျှပ်စီး ဝိညာဉ်ကျောက်တုံးမှာ အသုံးပြုနည်းတချို့ ရှိနေသေးရာ လူတစ်ယောက်၏ စိတ်စွမ်းအားကို ဖိနှိပ်ထားစေနိုင်ပြီး တစ်ဖက်လူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ချုပ်ထိန်းထားနိုင်သည်။ ထို့အပြင် သေမင်းထောင်ချောက် အစီအရင်နှင့် ပေါင်းစပ်ထားပါက ထိပ်တန်းအဆင့် လျှပ်စီးသဘာဝ ထောင်ချောက်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

မိုဝူကျိက စိတ်ထဲမှသာ ကျိန်ဆဲလိုက်တော့သည်။ သွေစောင်း အာကာပြင် ပင်လယ်မြို့ကား အတော်လေး ချမ်းသာခြင်းသာ ဖြစ်ရမည်။ ဤသို့မျိုး ရတနာအား မြိုတံတိုင်းအဖြစ် အသုံးပြုထားကြသည်။

သူတို့က တံတိုင်း တည်ဆောက်ထားဖို့ အသုံးပြုထားသည်က လက်သင့်ခံနိုင်သေးသော်လည်း စိတ်တိုစရာအကောင်းဆုံး အချက်မှာ လူတစ်ယောက်၏ အရည်အချင်းက ဆိုးရွားနေခြင်း ဖြစ်၏။ ဤမျှ လျှပ်စီး ဝိညာဉ်ကျောက်တုံးများစွာ အသုံးပြုထားရက်နှင့် အဆင့် ၆ အင်မော်တယ် ပစ္စည်းသာ ထုလုပ်နိုင်လေသည်။ ထို့အပြင် ထိုပစ္စည်းမှာလည်း ဆက်လက် သန့်စင်၍ မရတော့သောကြောင့် တံတိုင်းအဖြစ်သာ အသုံးပြုနိုင်လေ၏။ တစ်ခုတည်းသော အသုံးပြုနိုင်မှာ အပြင်ဘက်ရှိ အဆင့် ၉ အင်မော်တယ် အစီအရင်နှင့် ပေါင်းစပ်ပြီး ကျင့်ကြံသူများ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ပိတ်လှောင်ထားကာ လျှပ်စီး သဘာဝ အစီအရင်အဖြစ် အသက်သွင်းခြင်းသာ ဖြစ်၏။

အကယ်၍ ဤလျှပ်စီး ဝိညာဉ်ကျောက်တံတိုင်းမှာ အဆင့် ၉ ဖြစ်နေပါက မိုဝူကျိက မြို့ထဲ ဝင်ဖို့ရာ နောက်တစ်ကြိမ် ပြန်စဉ်းစားမိလောက်သည်။ အကယ်၍ သူဝင်လိုက်လျှင် ပြင်ဆင်ထားဖို့ရာ လိုအပ်ပေလိမ့်မည်။ ဆက်လက် မသန့်စင်နိုင်တော့သည့် အဆင့် ၆ အင်မော်တယ် ပစ္စည်းမှာ အမှိုက်နှင့် ဘာမှမခြားနားလှပေ။

***

All Chapters