← Chapters

ခြေမွခြင်း

Vol. 58 Ch. 803

ခြေမွခြင်း

Vol. 58 Ch. 803

ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး အားလုံးက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်ကြသည်။

ဒီလူက အင်မော်တယ်လောကမှာ အလေးစားခံရလွန်းတာကို ကျင့်သားရပြီး ဒီနေရာရောက်လာတော့ ထုံထိုင်းသွားတာလား

တရားမျှတပြီးတော့ သမာသမတ်ရှိတာတဲ့လား ….

ဒီလူက ဆေးလုံးဧကရာဇ် ဘယ်လိုဖြစ်လာတာလဲ ….

“ ဟားဟား … ဆေးလုံးဆရာမိုက သေချာပေါက် ပြောလို့ရတာပေါ့။ ကျုပ်တို့ကျွန်းက တရားမျှတတဲ့ နေရာတစ်ခုပါ။ ဆေးလုံးဆရာမိုလည်း မကြာခင် ကိုယ်တိုင် သိလာမှာပါ ” ဝူဟယ်က ရယ်မောရင်း ပြောလိုက်သည်။ သူ့စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေလေ၏။ သူ့လက်ထဲတွင် အဆင့် ၉ ဆေးလုံးဧကရာဇ်၏ သိုလှောင်လက်စွပ် ရှိနေသည် ဖြစ်ရာ မည်သို့ ခံစားချက် မကောင်းဘဲ နေမည်နည်း။

“ ကျုပ်ကလည်း တရားမျှတတာကို သဘောကျတဲ့သူဆိုတော့ အရမ်းကို ကောင်းတယ် ” မိုဝူကျိက ကျေနပ်စွာ ပြောလိုက်ပြီးနောက် ပေါင်ပုအား လက်ညိုးထိုးကာ

“ ကျုပ် ပင်လယ်ထဲ ထွက်သွားတဲ့နှစ်တုန်းက အဲဒီလူက ကျုပ်အင်မော်တယ်ဂူရဲ့ အတားအဆီးကို ချိုးဖျက်ရုံတင် မကဘူး။ ကျုပ် အင်မော်တယ်ဂူ တစ်ခုလုံးကိုလည်း ဖျက်စီးပစ်ခဲ့တယ်။ ကျုပ်က အဲဒါကို မေ့ထားပေးလို့ ရပါတယ်။ ဒါပေမဲ့  ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြော ကိုးထောင်နဲ့ ထိပ်တန်းအဆင့် သန့်စင် ရေကန်ကိုလည်း ဒီလူက ယူသွားခဲ့တယ်။ အရှင်တောင်ရွှင်ရဲ့စကားအရဆိုရင် ဒီလူက အသတ်ခံသင့်တယ် မဟုတ်ဘူးလား။ အရှင်တို့ရဲ့ တရားမျှတတဲ့ အမြင်ကိုလည်း သိချင်ပါတယ် …..  ”

တချို့အားနည်းသော သူများက ခေါင်းငုံ့ထားလိုက်ကြသည်။ အကြောင်းမှာ သူတို့က အရည်အချင်း မပြည့်မှီ၍ မဟုတ်ဘဲ သူတို့က ကျိတ်ရယ်မောနေကြခြင်း ဖြစ်၏။

ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြော ကိုးထောင်တဲ့လား …..

ဒီလူက အင်မော်တယ်သွေးကြောတွေက လမ်းမပေါ်က မြေကြီးလို ပေါများတယ်များ အောက်မေ့နေတာလား

ဝူဟယ်က ခေါင်းညိတ်ကာ “ ဆေးလုံးဧကရာဇ်မို ပြောတာ မှန်တယ်။ ငါတို့တွေ ညီလေးပေါင်ပုကို အပြစ်ပေးသင့်တယ်။  ငါတို့အနေနဲ့  ညီလေးပေါင်ပုကို ဆေးလုံးဧကရာဇ်မို စိတ်တိုင်းကျ အပြစ်ပေးခိုင်းလိုက်ကြမယ် … ”

“ ငြင်းစရာ မရှိပဘူး ” အခြားသော အရှင်များကလည်း သဘောတူညီကြပေသည်။ ပေါင်ပုက မျက်လုံးအပြည့်အဝ ဖွင့်ဖို့ရာပင် အနည်းငယ် ပျင်းရိရိ ပုံစံ ပေါက်နေသည်။

မိုဝူကျိက မျက်ဆံနီလိပ်ကြီးသည် အားလုံးကဲ့သို့ သဘောတူညီကြောင်း မပြောသည်ကို မြင်၍ သူ့အပေါ် အမြင်နည်းနည်း တိုးတက်လာ၏။

“ ဒီလိုဆိုမှတော့ အားမနာတော့ဘူး ” မိုဝူကျိက ရယ်မောရင်း လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

မိုဝူကျိက စကားပြောပြီးနောက် လက်ကို မြှောက်ကာ လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ပုဆိန်လှံရှည် အလင်းတန်းများစွာက ပေါင်ပုဆီ ပြေးဝင်သွားလေ၏။

“ ဘမ်း ” ဘေးပတ်လည်ရှိ စားပွဲများနှင့် ထိုင်ခုံများမှာ မိုဝူကျိ၏ အဆုံးမဲ့ ပုဆိန်လှံရှည် အလင်းတန်းချက်များကြောင့် ပျက်စီးကုန်လေသည်။

ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များက နေရာအနှံ့ ပြန့်သွားကာ ခန်းမအတွင်းရှိ အားလုံးကလည်း ထိုအေးစက်စက် အငွေ့အသက်ကို ခံစားမိလိုက်ကြ၏။ တည်နေရာတစ်ခုလုံးပင် ထိုသတ်ဖြတ်ငွေ့ ဖိအားအောက်၌ စတင် တုန်ခါလာသည်။

လက်ရှိ အားလုံးက ဘာကိုမှ ဂရုမစိုက်တော့ဘဲ  ကိုယ်ပိုင် စွမ်းအားစက်ကွင်းများသာ ထုတ်လွှင့်ထားလိုက်ကြသည်။

သို့သော်လည်း အားလုံးက စွမ်းအားစက်ကွင်း ထုတ်လွှင့်လိုက်သည့် အချိန်လေး၌ အားပြင်းသော ဝဲကတော့ စွမ်းအားတစ်ခုက အားလုံးဆီ ပြေးဝင်လာသည်။

“ ဝုန်း ” အားလုံးကို စုတ်ဖြဲမသွားနိုင်သော်လည်း အနည်းငယ် အားနည်းသည့် ကျင့်ကြံသူများက  မိုဝူကျိ၏ ဝဲက‌တော့ စွမ်းအားစက်ကွင်းအောက်၌ တစစီ ဖြစ်သွားတော့သည်။ အဆင့် ၉ တက်လှမ်းခါစ အင်မော်တယ် သားရဲတချို့ပင် သွေးတစ်ပွက် အန်လိုက်ရပြီး စိုးရိမ်တကြီး နောက်ဆုတ်ကုန်ကြသည်။

မိုဝူကျိ၏ စွမ်းအားစက်ကွင်းအောက်၌  အရှင်မဟာဧကရာဇ် ရှစ်ပါး၏ စွမ်းအားစက်ကွင်းမှာလည်း တုန်ခါလာတော့သည်။ ပေါင်ပု၏ စွမ်းအားစက်ကွင်းမှာ ဖျက်စီးခံလိုက်ရ၏။

ပေါင်ပုက မိုဝူကျိကို အထင်သေးခဲ့မိ၍   ပြဿနာ ဖြစ်လာသည်ကို သိလိုက်သည်။ မိုဝူကျိက ဤမျှကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရုတ်ချည်းဆိုသလို သူက မိုဝူကျိ၏ ခြေမွခြင်းကို ခံလိုက်ရသည်။

မိုဝူကျိအနေနှင့် အင်အားအရဆိုလျှင်  သူက  ပေါင်ပုနှင့် အလှမ်းကွာနေသေးရာ  ပေါင်ပုအား အလွယ်တကူ ခြေမွပစ်နိုင်သည့်အထိ နီးကပ်နေခြင်း မဟုတ်မှန်း သိပေသည်။ လက်ရှိ သူက ပေါင်ပု သူ့အား အထင်သေးသည့်အချက်ကို အသုံးချ၍ ပေါင်ပုအား အချိန်တိုလေးအတွင်း သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ တခြားလူများအတွက် သတိပေးခြင်း ဖြစ်ပေသည်။

“ ဝုန်း ဝုန်း ဝုန်း  ” ပေါင်ပုက နောက်ဆုံးတွင် တုံ့ပြန်လာကာ စွမ်းအားစက်ကွင်းကို နောက်တဖန် ထုတ်လွှင့်လိုက်သော်လည်း မိုဝူကျိ၏ အဆုံးမဲ့ ပုဆိန်လှံရှည်အလင်းတန်းများက သူ့ပတ်လည်အား ချုပ်နှောင်ထားလေသည်။

ပေါင်ပုက သူ့ချင်ခွန်း သံချိတ်ကို  အလျှင်အမြန် ထုတ်ယူလိုက်သည်။

“ဝုန်း ” မိုဝူကျိက  လခြမ်းကွေး ပုဆိန်လှံရှည်အလင်းတန်းကို ထုတ်ဖော်လိုက်သည့်အခါ ထိုအလင်းတန်းက ချင်ခွန်းသံချိတ်အား ဖျက်စီးပစ်ဖို့ရာ သိပ်မကြာမြင့်လိုက်ပေ။ မကြာခင် ပေါင်ပု ဘေးပတ်လည်ကား မိုဝူကျိ၏ ထိန်းချုပ်မှုအတွင်း တဖန်ကျရောက်သွားပြန်သည်။

“ အားလုံး ကယ်ကြပါဦး ” ပေါင်ပုက စကားနှစ်ခွန်းမျှသာ ပြောလိုက်နိုင်ပြီး သူ့ခန္ဓာကိုယ်မှာ ထိန်းထားခံလိုက်ရသလို ချက်ချင်း ခံစားမိလိုက်သည်။ နောက်စက္ကန့်ပိုင်းလေး၌ သူက လက်ညိုးတစ်ချောင်းကို မြင်လိုက်ရသည်။

ကမ္ဘာပြိုကျ ပျက်စီးသွားနိုင်သည့် စွမ်းအင်မျိုးက ပေါင်ပု၏ စိတ်အတွင်း ဝင်ရောက်လာသည်။ အကယ်၍ သူသာ သူ့ကမ္ဘာထဲ၌ ပါးမွှာလေးတစ်ကောင်အဖြစ် ယူဆရမည်ဆိုလျှင် ဤလက်ချောင်းမှာ ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားပြီး ထိုပါးမွှားလေးအား ဖြည်းဖြည်းချင်း ဖိနှိပ်ရန် အဆုံးမဲ့ အာကာပြင်တစ်ခုလုံးကို ကျဆင်းလာစေသည့်အလား ပုံပေါ်နေသည်။

ထိုစဉ် သူ့လက်ချောင်းမှာ မိုးမြေတစ်ခုလုံး၏ အာဏာရှင် ဖြစ်ပြီး စကြဝဠာကြီး၏ ဇာစ်မြစ် ဖြစ်နေသည်။ သူ့လက်ချောင်းအောက်၌ အရာအားလုံးမှာ အဆုံးသတ်သွားနိုင်သလို အရာအားလုံးကလည်း ပျောက်ကွယ်သွားနိုင်သည်။

“ မဟုတ်ဘူး ….” ပေါင်ပုက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ဤလက်ချောင်းအောက်၌ ထွက်ပြေးဖို့ရာ သွေးအဆီအနှစ်ကိုပင် လောင်ကျွမ်းပစ်လိုက်ချင်သည်။ သို့သော်လည်း သူ့သွေးအဆီအနှစ်မှာ ထိန်းချုပ်ခံထားရပြီး အရာအားလုံးမှာ ဤလက်ချောင်း၏ ထိန်းချုပ်မှုအောက် အပြည့်အဝ ကျရောက်နေသည်။

အကယ်၍ သူတွင် နောက်ထပ် အခွင့်အရေး တစ်ခုသာ ရခဲ့လျှင် သူ့ရှေ့တွင် ရှိနေသော မိုဝူကျိအား ဘယ်သောအခါမှ ရန်စမိတော့မည် မဟုတ်ပေ။

သို့သော်လည်း သူက ထိုအခွင့်အရေး မရနိုင်တော့သောကြောင့် ထိုလက်ချောင်းမှ သူ့ခန္ဓာပေါ် ကျရောက်လာစေသည့် ပျက်စီးမှုကိုသာ မျက်တောင်မခတ် ကြည့်နေမိတော့၏။

မိုဝူကျိက လေထုထဲ ရှိနေဆဲ ဖြစ်ကာ သူက တည်နေရာ ချုပ်နှောင်ခြင်း လျို့ဝှက်ပညာရပ်ကို ဖော်ထုတ်ပြီးသည့်နောက် သူက ခုနှစ်လောက နှိမ်နှင်းရေးတိုက်ကွက်အား စမ်းသပ်ကြည့်ချင်လိုသောကြောင့် ဤလက်ချောင်းကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။

ထိုလက်ချောင်း ထွက်ပေါ်လာသည်နှင့် သူတို့ဘေးပတ်လည်မှ တည်နေရာမှာ စတင် ပြောင်းလဲလာသည်။ မိုဝူကျိက မျက်လုံးကို ပိတ်ထားလိုက်သည့်အခါ သူ့စိတ်အတွင်းမှ အရာအားလုံးမှာ စတင်ရှင်းလင်းလာလေသည်။

သူက ထိုလက်ချောင်းအောက်၌ အရာအားလုံးမှာ ပါးမွှားကဲ့သို့ ဖြစ်လာပြီး ထိုလက်ချောင်းက သက်ရှိလောကကြီး၏ အာဏာရှင်သဖွယ် ဖြစ်လာကာ သေခြင်း၊ ရှင်ခြင်း မျှတမှုကို ထိန်းချုပ်ထားသည်။

ပေါင်ပုက အရှင်မဟာဧကရာဇ်ထဲမှ တစ်ပါး ဖြစ်နေပြီး ဤကျွန်းပေါ်၌ ထိပ်တန်းအဆင့် ပညာရှင် ဖြစ်နေလျှင်ပင် သူက ဤလက်ချောင်းအောက်၌ ပုရွက်ဆိတ်မျှသာ ဖြစ်သွားသည်။

ဒါက ဒီလိုအလုပ် ဖြစ်တာကိုး …..

မိုဝူကျိက မျက်လုံးပြန်ဖွင့်လိုက်သည်။

“ ဘန်း ” ပေါင်ပု၏ ခန္ဓာကိုယ်မှာ သွေးမြူအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် လက်ချောင်းအောက်၌ အစအနမရှိ ကွယ်ပျောက်သွားတော့သည်။

မိုဝူကျိက သိုလှောင်လက်စွပ်ကို ယူထားလိုက်သည်။ သူက သူ့ခုနှစ်လောက နှိမ်နှင်းရေး တိုက်ကွက်ကို အထင်သေးမိသွားကြောင်း သိလိုက်မိသည်။ ဤလက်ချောင်းဖြင့် သူ့အနေနှင့် တည်နေရာ ချုပ်နှောင်မှုကိုပင် ထုတ်သုံးစရာ မလိုပေ။

လက်ချောင်း ထွက်ပေါ်လာသည်နှင့် အာကာပြင် တစ်ခုလုံး ထိန်းချုပ်ပြီးသား ဖြစ်သွားလေ၏။

မိုဝူကျိက သတ္တကမ္ဘာ လက်ချောင်းပညာရပ်အကြောင်း ပိုမို ရှင်းလင်းသွားလေ၏ “ ဗလာနတ္ထိအတွင်း ရုပ်နာမ်မရှိ၊ ခံစားချက်မရှိ …. ”

ဤလက်ချောင်းအောက်၌ စည်းမျည်းများအားလုံးမှာ စိတ်ကူးယှဉ်သဖွယ် ဖြစ်လာကာ အာကာပြင်တစ်ခုလုံးကိုပင် လျစ်လျူရှုထားနိုင်လေ၏။

သူက ပထမ လောကနှိမ်နှင်းရေး တိုက်ကွက် ဖြစ်သည့် သက်ရှိလောက ကို ထုတ်ဖော်နိုင်ရုံမျှ ဖြစ်ကာ သတ္တမမြောက်အထိ ပြီးပြည့်စုံသည့်အခါ မည်မျှ ကြောက်မက်ဖို့ ကောင်းသွားမည်နည်း။

ယခင် သူ အင်မော်တယ် အုပ်စိုးသူအဆင့်မျှ ရှိစဉ်အခါ သူက သတ္တကမ္ဘာလက်ချောင်း ပညာရပ်ကို ထုတ်ဖော်ခဲ့သော်လည်း ထိုအရာက သူ့တစ်ကိုယ်လုံးမှ အင်မော်တယ် သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအားကိုသာ စုပ်ယူသွားခဲ့သည်။ ယခု သူက အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိသွားပြီ ဖြစ်ရာ ဤလက်ချောင်းတိုက်ကွက်က သူ့မျက်နှာ ဖြူဖျော့စေရုံလောက်သာ ဖြစ်စေတော့၏။ ထို့ကြောင့် သူက ယခု စိတ်စွမ်းအင်မြှားကို မည်သို့ ထုတ်ဖော်ရမည်မှန်း တွေးကြည့်နေမိသည်။

မိုဝူကျိက အသက်ပြင်းပြင်းရှုကာ

“ အားနာစရာ ဖြစ်သွားရပါပြီ … ကျုပ် တိုက်ခိုက်မှုက နည်းနည်းပြင်းသွားတာနဲ့ ပန်းပင်တချို့တောင် ပျက်စီးစေမိပြီ။ တောင်းပန်ပါတယ် …. တကယ် အားနာပါတယ် … ဒါနဲ့ ဒီနေရာက တရားမျှတတဲ့နေရာဆိုတော့ ကျုပ်က သေချာပေါက် လျော်ကြေးပေးမှာပါ။ ကျုပ်ကို သတိပေးစရာ မလိုပါဘူး ”

မိုဝူကျိက သူ့စကားဆုံးသည့်တိုင်  တစ်ခန်းမလုံးမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ယခင်က သွေးအန်ခဲ့ရသော အဆင့် ၉ သားရဲတချို့မှာ ဤမြင်ကွင်းအား ကြောက်လန့်တကြား ကြည့်နေကြသည်။

တောင်ရွှင် အပါအဝင် အရှင်မဟာဧကရာဇ် ခုနှစ်ပါးလုံးမှာလည်း ချွေးအေးများ ထွက်ရင်း ထိတ်လန့်နေကြ၏။

အကယ်၍ သူတို့က မည်သို့သော တည်ရှိမှုမျိုးကို ရန်စမိထားကြောင်း သတိမပြုမိသေးလျှင် သူတို့အနေနှင့် အရှင်ရှစ်ပါးထဲမှ တစ်ပါးဖြစ်ဖို့ရာ မသင့်တော်ပေ။

မိုဝူကျိက ပေါင်ပုကို ဖိနှိပ်ထားပြီးတော့ သတ်ဖို့ရာ အချိန်မည်မျှ ကြာမြင့်လိုက်သနည်း။ အရှင်ခုနှစ်ယောက် ပေါင်းတိုက်ခိုက်လျှင်ပင် ပေါင်ပုအား ထိုမျှ အချိန်တိုလေးအတွင်း သတ်ဖြတ်နိုင်မည် မဟုတ်သလို ထွက်ပြေးခြင်းမှလည်း တားဆီးထားနိုင်မည် မဟုတ်ပေ။ ယခု မိုဝူကျိက လက်တစ်ချောင်းတည်းဖြင့် ပေါင်ပုကို သတ်လိုက်သည် ဖြစ်ရာ မိုဝူကျိက သူတို့ကျန်ရှိနေသော အရှင်ခုနှစ်ပါးကိုလည်း ချုပ်ထိန်းထားနိုင်စွမ်း ရှိကြောင်း ပြသနေခြင်း ဖြစ်၏။

တောင်ရွှင် မျက်ဝန်းထဲ၌ အကြောက်တရားတချို့ကို မြင်တွေ့နေရသည်။ ထိုသို့ဆိုလျှင်ပင် သူက ဆက်၍ ပြောလိုက်သေး၏  “ အဲလိုဆိုတော့ ဆေးလုံးဧကရာဇ်မိုက အားကောင်းတယ်ဆိုတာနဲ့ ကျုပ်တို့ ကျွန်းပေါ်က လူတွေကို  ဒီအတိုင်း သတ်လို့ ရမယ် ထင်နေတာလား ”

တောင်ရွှင်က မိုဝူကျိသည် ပေါင်ပုကို သတ်နိုင်ခြင်းမှာ လျှပ်တစ်ပြက် တိုက်ခိုက်လိုက်၍ ဖြစ်ကြောင်း သတိထားမိပြီးနောက် အသိပြန်ကပ်လာသည်။ ဤနေရာရှိ အရှင်ခုနှစ်ပါးနှင့် အခြားသူများသာ ပူးပေါင်းတိုက်ခိုက်ပါက သူတို့အနေနှင့် အောင်မြင်နိုင်ခြေ ရှိပေသည်။

“ အဲဆို အရင်က ပြောခဲ့တာတွေက ခွေးစကားတွေလား။ ကျုပ်ရဲ့ အင်မော်တယ်ဂူ ဖျက်စီးခံလိုက်ရတာဆိုတော့ လျော်ကြေးရသင့်တယ်လေ။ ဒါပေမဲ့ ခင်ဗျားတို့ စကားအတိုင်း ကျုပ်နေရာကို ဖျက်စီးသွားတဲ့ ပေါင်ပုကို သတ်လိုက်တာလေ။ အဲဒါကလည်း  ပိုင်စိုးပိုင်နင်း လုပ်တာပဲလား …. အရမ်းကောင်းတယ်။ ဒီနေရာက အရမ်းကို တရားမျှတမှု ရှိတာပဲ။ အဲလိုဆိုရင်တော့ ကျုပ်လည်း အဲဒီ သဘောတရားကို လိုက်နာနေစရာ မလိုတော့တာပေါ့ ”

မိုဝူကျိ နောက်ဆုံးစကားကို ထုတ်ပြောလိုက်သည်နှင့် သူက ရှေ့တိုးလာကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ထိုသည်မှာ မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် ဖြစ်သည်။

ဆက်တိုက်ဆိုသလို မိုဝူကျိ ခင်းကျင်းထားသော အာကာပြင် သင်္ကေတများကလည်း တောင်ရွင်ဝန်းကျင်မှ နေရာကို ပိတ်ဆို့ထားလိုက်၏။ သတ္တကမ္ဘာ လက်ချောင်းတိုက်ကွက်မှာ အားများများ သုံးရ၍ ပညာရှင်များစွာ ရှိနေသည့် ဤနေရာမျိုး၌ ဆက်တိုက် သုံးဖို့ မသင့်ပေ။

တောင်ရွှင်က မိုဝူကျိ၏ သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်သောကြောင့် ချက်ချင်း နောက်ဆုတ်လိုက်သော်ငြား တစ်ဝက်တစ်ပျက်၌  ရပ်တန့်သွားလေ၏။ သူက ဘေးပတ်လည်၌ လွှမ်းခြုံလာမှုတစ်ခုကို ခံစားမိလိုက်သည်။

တောင်ရွှင်အနေနှင့်  ယခင်ကတည်းက အာကာပြင် သင်္ကေတကို မကြုံတွေ့ဖူးသောကြောင့် မိုဝူကျိ ခင်းကျင်းထားသည့် အစီအရင် သင်္ကေတအမျိုးအစားမှာ လူကို ခြိမ်းခြောက်ရုံမျှ ဖြစ်ကြောင်း မသိပေ။ တောင်ရွှင်က ဆက်လက် နောက်ဆုတ်လျှင်ပင် အန္တရာယ်တွေ့မည် မဟုတ်ပေ။ သို့သော်လည်း ပေါင်ပုကို နမူနာအဖြစ် တွေ့မြင်ထားသောကြောင့် ချုပ်ထိန်းခံထားရသည့် နေရာကို မည်သူက ထိရဲမည်နည်း။ တောင်ရွှင်က မလှုပ်ရှားဘဲ လက်သီးတစ်ချက်သာ ပြန်လည် ထိုးခွင်းလိုက်သည်။

“ ဝုန်း ” ကြောက်မက်ဖွယ် မီးတောက်ကြီးက လေထုထဲ ပေါက်ကွဲထွက်သွားပြီး တောင်ရွှင်က မိုဝူကျိ၏ လက်သီးချက်သည် စွမ်းအားစက်ကွင်းမှ ထွက်ပေါ်လာမှန်း သိလိုက်သည်။ သူ့စွမ်းအားစက်ကွင်းမှာ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းအောက် ဖိနှိပ်ခံထားရလေရာ ထိုလက်သီးချက်ကို သူ့လက်သီးချက်နှင့်သာ တုံ့ပြန်လိုက်ရသည်။

“ ဝုန်း ” ကြောက်မက်ဖွယ် မီးတောက်နှင့်အတူ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ကြောင့် တောင်ရွှင်၏ လက်ကို အကြွင်းမဲ့ဗလာအဖြစ် လောင်ကျွမ်းသွားစေသည်။ တောင်ရွှင်က သူ့ဘေးပတ်လည်မှ နေရာအကြောင်း ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ အသည်းအသန် နောက်ဆုတ်လိုက်တော့သည်။

မိုဝူကျိက သူ့နောက် မလိုက်ပေ။ အကြောင်းမှာ သူ့နောက်ကို ဆက်လိုက်လျှင်ပင် သူ့အနေနှင့် ဘာမှမလုပ်နိုင်မည်မှန်း သိနေသည်။ တောင်ရွှင်မှာ မိုဝူကျိ တစ်ယောက် ပေါင်ပုအား သတ်လိုက်နိုင်သည့်အကြောင်းကို ထိတ်လန့်မိနေပြီး သူနှင့် ရင်ဆိုင်ချရာ၌လည်း အနည်းငယ် ကြောက်လန့်သွားခဲ့သည်။ တောင်ရွှင်သာ နောက်ဆုတ်လိုက်သည်နှင့်  ထိုအစီအရင် သင်္ကေတများမှာ သူ့အပေါ် မသက်ရောက်ကြောင်း သတိပြန်ဝင်လာပေလိမ့်မည်။

မိုဝူကျိက ထိုလက်သီးချက်ကို အရမ်းကျေနပ်နေမိသည်။ အကြောင်းမှာ သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်က ပညာရှင်နှလုံးသား မီးတောက်နှင့် မပေါင်းစပ်သေးသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ယခု သူက သူတို့ကို အတူတူ ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်ရာ တောင်ရွှင်အနေနှင့် အစီအရင် သင်္တေကများကို ဂရုမစိုက်လျှင်ပင် သူက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလောက်၏။ တစ်ခုတည်းသော ခြားနားချက်မှာ တောင်ရွှင်၏ လက်မောင်းမှာ မရှိတော့လေပြီ။

မိုဝူကျိနှင့် တောင်ရွင်တို့၏ တိုက်ပွဲမှာ ခဏတာမျှ ဖြစ်ပြီး အားလုံးက အသိပြန်ဝင်လာသည့်အခါ တိုက်ပွဲမှာ အဆုံးသတ်သွားပြီး တောင်ရွှင်၏ လက်မောင်းမှာ မိုဝူကျိကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။

တောင်ရွှင်၏ မျက်နှာမှာ မှုန်မှိုင်းနေပြီး  ဖြစ်စဉ်၌  သူက  မိုဝူကျိကြောင့် ထိတ်လန့်ကာ လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့ရကြောင်း သိသွားသည်။ ထိုစဉ် အားလုံးက အတူတူ ပူးပေါင်းမည်ဆိုလျှင်ပင် သူတို့အနေနှင့် မိုဝူကျိအား ဖယ်ရှားပစ်နိုင်မည် ဖြစ်ကြောင်း သေချာနေသေး၏။ ထိုသို့ဆိုလျှင်ပင် သူက ဆက်မပြောတော့ပေ။ မည်သူကမှ သူ့အား ထောက်ပံ့ပေးမည် မဟုတ်ကြောင်း သိထားသည်။ အကယ်၍ သူက မိုဝူကျိလို လူမျိုးကို ထပ်၍ ရန်စမိလျှင် သူသည်လည်း ပေါင်ပု၏ ခြေရာအတိုင်း နင်းလျှောက်သွားရလိမ့်မည်။

တောင်ရွှင်က အမည်မသိ အင်မော်တယ်အသီးကို မျိုချလိုက်ပြီးနောက် ပျောက်ဆုံးသွားသော လက်မောင်းမှာ ပြန်လည် ကောင်းမွန်လာသည်။ သို့သော်လည်း အားလုံးက ဤလက်မောင်းကြောင့် တောင်ရွှင်၏ အင်အားမှာ သိသိသာသာ လျော့ဆင်းသွားပြီး နှစ်သန်းချီအတွင်း အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည် မဟုတ်ကြောင်း သိလိုက်ကြသည်။

မိုဝူကျိက ရယ်မောလိုက်ပြီး တိတ်ဆိတ်နေသည့် လူအုပ်ကြီးအား ပြောလိုက်သည်  “ အားလုံးပဲ ထိုင်ကြပါ … ကျုပ်တို့တွေ အာကာပြင်နက်အသီးအကြောင်း ပြောကြတာပေါ့ ”

***

All Chapters