← Chapters

ရှုံးနိမ့်ခြင်း

Vol. 58 Ch. 806

ရှုံးနိမ့်ခြင်း

Vol. 58 Ch. 806

မိုဝူကျိက ခန်းမအဝင်ဝဆီ လျှောက်သွားလိုက်ပြီးနောက် ရုတ်ချည်း မေးလိုက်သည်  “ ဒီက အာကာပြင်နက်အသီးပင်မှာ အလွှာ ဘယ်နှခု ရှိတာလဲ ”

မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်ရာ အာကာပြင်နက်အသီးကို အရင်က တစ်ခါမှ မမြင်ဖူးသော်လည်း မိုဝူကျိက အသီးနှင့် အပင်အမျိုးမျိုး၏ ဝိသေသ လက္ခဏာများကို ကျွမ်းကျွမ်းကျင်ကျင် သိပေသည်။ အာကာပြင်နက်အသီးပင်တွင် အလွှာတစ်ချို့ ရှိပြီး အပင်၏ အဆင့်က မြင့်လေလေ အလွှာက ပိုများလေလေ ဖြစ်၏။

သုံးလွှာရှိသည့် အာကာြပင်နက်အသီးပင်ကို နမူနာအဖြစ် ကြည့်ကြည့်ပါက ပထမအလွှာရှိ အာကာပြင်နက်အသီးအားလုံး ဆွတ်ခူးပြီးသည်နှင့် ထိုပထမတစ်လွှာမှာ အာကာပြင်နက်အသီးများ ထပ်မံကြီးထွားလာပေလိမ့်မည်။ သို့သော်လည်း သက်တမ်းအရ ထိုပထမအလွှာသစ်ရှိ အသီးများမှာ ဒုတိယအလွှာရှိ အသီးများထက် ပို၍ သက်တမ်းနုပေမည်။

မိုဝူကျိက ဤကျွန်းမှ ထွက်သွားနေသည့် အကြိမ်ရေအတွက်ကို မှန်းဆကြည့်လိုက်ပြီး ထိုသစ်ပင်၌ အလွှာများများစားစား ရှိလိမ့်မည်မှန်း သိလိုက်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့က အမြဲတမ်း ပထမအလွှာမှ အသီးကိုသာ ခူးဆွတ်လေ့ ရှိကြသည်။

လက်ရှိ မိုဝူကျိက အာကာပြင်နက်အသီး သက်တမ်းမှာ အရမ်းမကြီးရင့်သေးကြောင်း မှန်းဆမိလိုက်သည်။ အကြောင်းမှာ သူတို့၏ အလှည့်ကျ ခူးဆွတ်သည့် စနစ်ကြောင့် အလွှာမည်မျှပင် ရှိစေကာမူ အသီးများမှာ  သာမာန်သာ ဖြစ်နေသည်။

သာမာန် အာကာပြင်နက်အသီး၌ အာကာပြင် စည်းမျည်းအရိပ်အယောင်များ ဖြစ်တည်လာဖို့  အနည်းဆုံး နှစ်သုံးထောင်လောက် လိုအပ်မည် ဖြစ်ကာ ပိုကောင်းသာ အသီးများက နှစ်တစ်သိန်း သက်တမ်းလောက် လိုအပ်၏။

မိုဝူကျိက ဤသို့ ကြီးရင့်နေသည့် အာကာပြင်နက် အသီးကို မတောင်းဆိုပေ။ သူက နှစ် သုံးထောင် နှင့် ငါးထောင် သက်တမ်းကြား အသီးကို ရလျှင် ကျေနပ်ပြီ ဖြစ်သည်။

အကြောင်းမှာ အာကာပြင်နက်အသီးတွင် နောက်ထပ် အရေးကြီးသည့် အသုံးဝင်မှု တစ်ခု ရှိသေးရာ အာကာပြင်နက် ဆေးလုံးကို ဖော်စပ်နိုင်လေသည်။ ဤအာကာြပင်နက်ဆေးလုံးမှာ လူတစ်ယောက်အား အာကာပြင်၏ စည်းမျည်းများကို ဉာဏ်အလင်းပွင့်လာစေပြီး အသီးထက်စာလျှင် ပိုကောင်းပေသည်။ မိုဝူကျိက အာကာပြင် စည်းမျည်းများကို အသိဉာဏ်ပွင့်ပြီးသား ဖြစ်သော်လည်း သူ့ဖင်းဖန်၌ အာကာပြင်အသီး တော်တော်များများ လိုအပ်နေသေး၏။

ဝူဟယ်က ကျေကျေနပ်နပ် ပြုံးကာ  “ တာအိုရောင်းရင်းမိုကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး… ဒီကျွန်းပေါ်က အပင်မှာ ဆယ်လွှာရှိပါတယ်။ ကျုပ်တို့တွေ နှစ်ငါးရာတိုင်းမှာ တစ်လွှာ ခူးဆွတ်ကြတယ်လေ ”

“ ဘယ်လို …. ဆယ်လွှာတဲ့လား ” မိုဝူကျိက ဝူဟယ်အား တအံ့တဩ ကြည့်ကာ မေးလိုက်သည်။ သူက အာကာပြင်နက်အသီးပင်တွင် ဆယ်လွှာရှိနေခြင်းမှာ ထိပ်တန်းအဆင့်အပင်အဖြစ် သတ်မှတ်၍ ရကြောင်း သိပေသည်။ ဤသို့မျိုး အပင်မှာ နှစ်သန်းချီမှ တစ်လွှာ ကြီးထွားလာပြီး ထိုနှစ်များအတွင်း အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် အပင်ကို သေဆုံးသွားစေနိုင်သည်။

ဆယ်လွှာတဲ့လား …..

ထိုသို့ ဖြစ်တည်လာဖို့ရာ သန်းပေါင်းဆယ်ချီ၍ လိုအပ်ပေလိမ့်မည်။ ထိုအသီးများကို ထည့်မပြောဘဲ အပင်တစ်ခုတည်းကပင် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နေလေပြီ။

မျက်ဆံနီလိပ်ကြီးက ထပ်ပေါင်းပြောလိုက်သည်

“ အာကာာပြင်နက်အသီးပင်မှာ ဆယ်လွှာရှိတယ်ဆိုတာ အမှန်ပဲ …. ပြီးတော့ ကျုပ်တို့တွေ အဲသစ်ပင်ကို တွေ့ကတည်းက ကျုပ်တို့ တစ်ယောက်ချင်းစီက ဆယ်လွှာပေါ်မှာရှိတဲ့ အာကာပြင်နက်အသီး တစ်လုံးစီကိုပဲ ယူရသေးတယ်။ နောက်ထပ် မထိဖြစ်ကြတော့ဘူး။ ကျုပ်တို့တွေ အပြင်ကို ထွက်တိုင်း ပထမအလွှာကနေ ကိုးလွှာမြောက်အထိ အလှည့်ကျ ခူးဆွတ်ကြတယ် ”

မိုဝူကျိ၏ စိတ်ထဲ အတော်လေး ပျော်မြူးနေမိသည်။ အကယ်၍ သူသာ ဆယ်သန်းသက်တမ်းရှိ အာကာပြင်နက်အသီးကို ရရှိလိုက်ပါက အာကာပြင် စည်းမျည်းများအပေါ် သူ့နားလည်နိုင်စွမ်းမှာ နောက်တဆင့် ရောက်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်လာပါက သူ့လျို့ဝှက်ပညာရပ်မှာလည်း ထပ်မံ တိုးတက်သွားပေလိမ့်မည်။

“ အဲဆို အာကာပြင်နက် အသီးပင်က ဘယ်မှာ ရှိတာလဲ ” မိုဝူကျိက အနည်းငယ် စိတ်မရှည်စွာ မေးလိုက်သည်။

“ သွေစောင်းအာကာပြင် ပင်လယ်မြို့လယ်မှာပါ” ဤတစ်ကြိမ် ပြောလိုက်သူမှာ အရှင်စန်းလန် ဖြစ်ပြီး မကျေနပ်သည့် လေသံဖြင့် ပြောလိုက်ခြင်း ဖြစ်၏။ သူက မိုဝူကျိသည် သူတိုပင် မထိရသည့် နှစ်ဆယ်သန်းကျောက် သက်တမ်းရှိ  အာကာပြင်နက်အသီးအား လိုချင်နေရဲလိမ့်မည်ဟု မယုံကြည်နိုင်ပေ။

“ ကောင်းပြီလေ ” မိုဝူကျိက ပြောလိုက်ပြီးနောက် အရှိန်ကို မြင့်လိုက်သည်။

“ တိုက်ကြ ” မိုဝူကျိက ခန်းမမှ ထွက်လာသည်နှင့် တောင်ရွှင်က အစီအရင်အလံများကို ပစ်လွှတ်ရင်း အော်ပြောလိုက်သည်။

တောင်ရွှင်က မအော်လျှင်ပင် အားလုံးက သူတို့၏ အစီအရင်အလံများကို ပစ်လွှတ်လိုက်ပြီးပြီ ဖြစ်၏။

ထိုအထဲတွင် အရှင်မဟာဧကရာဇ်ခုနှစ်ပါးအပြင် မိုဝူကျိလည်း ပါဝင်ပေ၏။

မိုဝူကျိက သူ့အာကာပြင် သင်္ကေတများအား မဟာအစီအရင်အတွင်း ရေးသွင်းထားသည် ဖြစ်သော်လည်း အစီအရင် သင်္ကေတများကို နေရာတကျ အသုံးပြုရန် ကိုယ်ပိုင် အစီအရင်အလံ လိုအပ်နေသေး၏။ သူ့အစီအရင်အလံ၏ အသုံးပြုမှု မပါရှိလျှင် သူ့အစီအရင် သင်္ကေတများက စိတ်ဝိညာဉ်မပါသည့် ဖြစ်တည်မှု ဖြစ်နေပေမည်။

“ ဝုန်း ဝုန်း ဝုန်း ” ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေပြီး သွေစောင်း အာကာပြင်ပင်လယ်မြို့မှာလည်း မှုန်မှိုင်းလာသည်။ ထို့နောက် မြို့အတွင်း လျှပ်စီးအလင်းတန်းများနှင့်အတူ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များက စုစည်းလာသည်။

ထိုစဉ် မြို့ထဲရှိ ကျင့်ကြံသူတိုင်းက သူတို့လုပ်လက်စ အရာများအား ချက်ချင်း  ရပ်တန့်လိုက်ကြသည်။ အားလုံး မဟာသတ်ဖြတ်ရေး အစီအရင်မှာ အသက်ဝင်လာပြီ ဖြစ်ကြောင်း သိလိုက်ကြ၏။

ဤနေရာတွင် ရှိနေသော ကျင့်ကြံသူတိုင်းက အလွန်အမင်း ထိတ်လန့်ကုန်ကြသည်။ ဤသို့မျိုးအစီအရင်အောက်၌ သူတို့အနေနှင့် ကာကွယ်ရေး ရတနာများသာ ထုတ်ယူပြီး ကိုယ့်နေရာ၌သာ ရပ်နေကာ အစီအရင်မှ ထုတ်လွှင့်နေသော လျှပ်စီးချက်များနှင့် သတ်ဖြတ်ငွေ့များကို ကာကွယ်နေရလေ၏။

“ ဝုန်း ဝုန်း ” လျှပ်စီးချက်များက ကျဆင်းလာပြီး နှစ်များစွာ ကြာသည့်အထိ အသက်မဝင်လာသော အစီအရင်ကြီးမှာလည်း နောက်ဆုံး၌ အသက်ဝင်လာလေပြီ။ အဆောက်အဦးများနှင့် လက်ရာမြောက် ဗိသုကာပုံစံများမှာ ကပ်ဘေးကြီးနှင့် တွေ့ဆုံသွားရ၏။

မိုဝူကျိ ခန္ဓာကိုယ်အပေါ် လျှပ်စီးချက်များစွာ ကျဆင်းလာသော်လည်း မိုဝူကျိဆီမှ ဘာတုံ့ပြန်မှုမှ မရှိပေ။ သူက အစီအရင်အလံများကိုသာ ဆက်လက်၍ ပစ်လွှတ်နေသည်။

ပေါင်ပု၏ အစီအရင်အလံအတွင်း သူ့ကိုယ်ပိုင် အစီအရင် သင်္ကေတ ရှိနေသည် ဖြစ်ရာ အစီအရင်အလံ ရှစ်ခု ကျရောက်လာသည်နှင့် မြို့၏ သေမင်းထောင်ချောက် အစီအရင်က အသက်ဝင်လာခြင်း ဖြစ်၏။ မိုဝူကျိက  သူ့ကိုယ်ပိုင် အစီအရင်အလံများကို ပစ်လွှတ်ပြီးနောက် သေမင်းထောင်ချောက် အစီအရင်ကို ပိုင်းခြားထားသည့် နေရာထောင့်အနေအထားတိုင်းကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

သွေစောင်း အာကာပြင်ပင်လယ်မြို၏ သေမင်းထောင်ချောက်မှာ မူလက အဆင့် ၉ အစီအရင် ဖြစ်သော်လည်း ယခုအခါ လျှပ်စီး ဝိညာဉ်ကျောက် တံတိုင်းမှ တိုက်ခိုက်မှုနှင့် ပူးပေါင်းလိုက်သည့်အခါ ဤအစီအရင်ကား အားပျော့်လာလေ၏။ အကြောင်းမှာ လျှပ်စီး ဝိညာဉ်ကျောက်တံတိုင်း၏ အဆင့်နိမ့်နေမှုကြောင့် ဖြစ်ပေသည်။

သေမင်းထောင်ချောက် အဆင့် လျော့ကျသွားသည်နှင့် လျှပ်စီးစွမ်းအား ပမာဏက ပိုတိုးများလာလေ၏။ လျှပ်စီးချက်များကို ကြောက်ရွံ့ကြသော သာမာန်ကျင့်ကြံသူများမှာ အဆုံးမဲ့ လျှပ်စီးချက်များနှင့် တိုက်ခိုက်ခံရပြီး အဆင့်မြင့် ကျင့်ကြံသူများ အဝိုင်းခံထားရပါက သူတို့အနေနှင့် မကြာခင် ကျရှုံးသွားမည်မှာ အမှန်ဖြစ်၏။

မိုဝူကျိက သာမာန်ကျင့်ကြံသူ မဟုတ်ချေ။ သူက အဆင့် ၈ အစီအရင်ဆရာ တစ်ယောက် ဖြစ်ရုံသာမက သူက လျှပ်စီးချက်များကိုလည်း လုံးဝမကြောက်ရွံ့ပေ။

“ အဲဒီလူကို ဝိုင်းပြီး တိုက်မယ် ” မိုဝူကျိအပေါ် လျှပ်စီးချက်များ ကျရောက်လာသည်နှင့် တောင်ရွှင်က မိုဝူကျိ၏ အနေအထားကို အာရုံခံမိလိုက်ပြီး မှော်ရတနာကို ဆွဲကိုင်၍ မိုဝူကျိဆီ ပြေးဝင်သွားဖို့ရာ တုံ့ဆိုင်းမနေတော့ချေ။

တောင်ရွှင်က သူသာ တိုက်ခိုက်လိုက်သည်နှင့် အခြားသော အရှင်ခြောက်ပါးလည်း လိုက်ပါလာလိမ့်မည်ဟု သေချာသိနေသည်။ ဤသို့မျိုး ထောင်ချောက်အစီအရင်၌ သူတို့ခြောက်ယောက်လုံးလည်း မိုဝူကျိကို သေချာမြင်နိုင်ပေလိမ့်မည်။ သို့သော် မိုဝူကျိက စိတ်စွမ်းအား ဖြန့်ကျက်၍ ရနိုင်မည် မဟုတ်ပေ။ ထို့အပြင် မိုဝူကျိက  လျှပ်စီးဝိညာဉ်ကျောက်တံတိုင်းနှင့် သေမင်းထောင်ချောက်အစီအရင်မှ ထွက်ပေါ်နေသော  လျှပ်စီးချက်များနှင့်ဓားအလင်းများနှင့် တောင့်ခံထားရမည်သာမက အရှင်ခုနှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကိုလည်း ခံစားရဦးမည် ဖြစ်သည်။

သူ့အနေနှင့်  မိုဝူကျိက အရည်အချင်းများစွာ ထူးချွန်နေလျှင်ပင် ယနေ့၌ အဆုံးသတ်တော့မည် ဖြစ်ကြောင်း ယုံကြည်နေမိသည်။

ကောင်းကင်တခွင် ဖုံးလွှမ်းလာသည့် ဓားအလင်းတန်းများနှင့် လျှပ်စီးချက်များမှာ ဆက်တိုက် ဖြစ်တည်နေသေးသောကြောင့် တောင်ရွှင်က အနည်းငယ် လှောင်ပြုံး ပြုံးလိုက်သည်။ သူ့ရှစ်တိမ်တိုက် ကြိုးမှ သတ်ဖြတ်ငွေ့များမှာ နောက်ဆုံးတော့ အမြင့်ဆုံးအထိ ရောက်ရှိသွားလေပြီ။

တောင်ရွှင်က သိပ်မကြာခင် တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိလိုက်၏။ ဓားအလင်းတန်းနှင့် လျှပ်စီးချက်များမှာ မိုဝူကျိဆီ မဟုတ်ဘဲ သူ့ဆီ ဆင်းသက်လာနေ၏။ ထို့အပြင် သူက မိုဝူကျိအား သူနှင့် အတူတူ တိုက်ခိုက်မည့်သူ တစ်ဦးတစ်လေမှ မမြင်မိပေ။

မိုဝူကျိထံ လက်တစ်ဖက် ဆုံးရှုံးထားသော်လည်း တောင်ရွှင်က အရူး မဟုတ်ပေ။ အကယ်၍ သူက မိုဝူကျိသည် ထိပ်တန်းအဆင့် အစီအရင် ဆရာတစ်ယောက် ဖြစ်ပြီး အစီအရင်အလံများနှင့် မွေနှောက်ထားကြောင်း မသိသေးလျှင် သူ့ကိုယ်သူ သတ်သေသင့်ပေပြီ။

အကြီးအကျယ် ပျက်စီးစေမည့် လေဟုန်ဆန်မြစ် တစ်စင်းက ကျဆင်းလာကာ တောင်ရွှင် စိတ်ထဲ စိတ်ပျက်မှုများ ကြီးစိုးလာသည်။ သူက အသက်အတွက် တောင်းဆိုဖို့ရာပင် အာရုံမရှိတော့ပေ။ အကြောင်းမှာ မိုဝူကျိက သူ့တောင်းဆိုချက်အား နားထောင်ပေးမည် မဟုတ်ကြောင်း ကောင်းကောင်း သိနေ၏။

တောင်ရွှင်က ကျန်ရှိနေသည့် စွမ်းအားလေးကို နောက်ဆုံးတိုက်ခိုက်မှု၌ ထည့်သုံးလိုက်ပြီး သူက ရှစ်တိမ်တိုက်ကြိုးကို ပြန်မရုတ်သိမ်းရုံသာမက မိုဝူကျိ၏ လေဟုန်ဆန်မြစ်ကိုလည်း မရှောင်ရှားတော့ပေ။

အကယ်၍ သူက ယနေ့ သေဆုံးခဲ့လျှင်ပင် မိုဝူကျိအား ဒဏ်ရာမရဘဲ ပြန်ထွက်သွားခွင့် မပြုနိုင်ပေ။

မြောက်များစွာသော သတ်ဖြတ်ငွေ့များက မိုဝူကျိဆီ ရောက်ရှိလာသောကြောင့် စိတ်ထဲတွင် အန္တရာယ်ကို ခံစားမိလိုက်သည်။ မိုဝူကျိ၏ အမူအယာ၌ အနည်းငယ် ပြောင်းလဲသွားလေ၏။ သူက တောင်ရွှင်သည် ဤမျှ ကြမ်းတမ်းခက်ထန်ကာ ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက မိုဝူကျိသည် အစီအရင်ကို ထိန်းချုပ်ထားကြောင်း သိပြီးနောက်တွင်ပင် သူ့အသက်နှင့် မိုဝူကျိ၏ ဦးခေါင်းအား လဲလှယ်ရန် ဆန္ဒရှိနေသေး၏။

ထိုစဉ် တောင်ရွှင်၏ သတ်ဖြတ်ငွေ့များမှာ မိုဝူကျိဆီ ပြေးဝင်လာပြီး သူ့ဘေးပတ်လည်ကို ပိတ်ဆို့ထားလိုက်သည်။ မိုဝူကျိက တောင်ရွင်၏ ပိတ်ဆို့မှုကို အတင်းအကျပ်  ချိုးဖျက်လိုက်လျှင် သူ့လေဟုန်ဆန်မြစ်၏ တိုက်ခိုက်မှုမှာ အားပျော့သွားမည် ဖြစ်ကြောင်း ကောင်းစွာ သိထားသည်။ ထိုသို့ဆိုလျှင်  တောင်ရွှင်က အရေးသာနေပေမည်။ သူ့လေဟုန်ဆန်မြစ်မှာ သူ့အား ဒဏ်ရာရစေရုံမျှသာ ဖြစ်ပြီး မသေစေနိုင်ပေ။

သို့‌သော်လည်း မိုဝူကျိသာ ဒဏ်ရာရသွားလျှင်ပင် သူ့ပုဆိန်လှံရှည်ကို ပြန်ရုတ်သိမ်းမည် မဟုတ်ပေ။ သူက နတ်ဘုရားရုပ်ခန္ဓာ အဆင့် ၇ ကျင့်ကြံသူ ဖြစ်လေရာ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းအကူဖြင့် သူက စွန့်စားကာ  တောင်ရွှင်အား ဤနေရာမှ အသက်ရှင်လျက် ထွက်မသွားနိုင်အောင် လုပ်ရမည်။ ပို၍ အရေးကြီးသည်က မိုဝူကျိသည် ဤနေရာရှိ ထောင်ချောက် အစီအရင်ပေါ်၌ ထိန်းချုပ်မှုအနည်းငယ်မျှသာ ရှိကြောင်း သိပေ၏။ ခဏအကြာတွင် တခြားသော အရှင်များက ထိုအကြောင်းကို သတိထားမိသည်နှင့်  သူ့ထိန်းချုပ်မှုအား ပျက်ပြားစေရန် လုပ်ဆောင်ကြလိမ့်မည်။ တောင်ရွှင်ကို သတ်ဖို့ရာ ခက်ခဲမည် ဖြစ်ရာ မြန်မြန်ဆန်ဆန် လက်စသတ်သင့်သည်။

“ ဝုန်း ” ရှစ်တိမ်တိုက်ကြိုးမှာ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းကို တိုက်စားလာပြီး မိုဝူကျိ၏ ရင်ဘတ်ဆီ ကျရောက်လာသည်။

“ ဘန်း  ” မိုဝူကျိက သူ့နံရိုးများ ကျိုးအက်သွားသည်ကို ခံစားလိုက်ရပြီး မိုဝူကျိ၏ ခါးနား၌ ဒဏ်ရာနက်ကြီး ပေါ်လာသည်။

“အား ” တစ်ချိန်တည်းဆိုသလို မိုဝူကျိ၏ လေဟုန်ဆန်မြစ်က တောင်ရွှင်အား ပေါက်ကွဲထွက်သွားစေရာ မြစ်ရေအောက်၌ သွေးမြူများ ထွက်ပေါ်လာသည်။

တောင်ရွှင်က မျက်လုံးများကို ပိတ်ထားသော်လည်း သူသာ စကားပြောနိုင်သေးပါက အားကုန်သုံး၍ အော်ဟစ်လိုက်ချင်သည်။

 မိုဝူကျိက အဲလောက် အားမကောင်းဘူး …ငါတို့က သူ့ကို ကြောက်နေကြတာ ….

လေဟုန်ဆန်မြစ်က သူ့အသားများကို တိုက်စားသွားပြီးသည်နှင့် တောင်ရွှင်က မိုဝူကျိ၏ အင်အားမှာ သူတို့အရှင်ခုနှစ်ပါးလုံး ပူးပေါင်းတိုက်ခိုက်ရမည့်အထိ အားမကောင်းသေးကြောင်း ခံစားမိလိုက်သည်။ သူတို့၏ ပထမလှုပ်ရှားမှုမှာ အမှားဖြစ်ပြီး သူတို့က မိုဝူကျိအား ရင်ဆိုင်ရန် သေမင်းထောင်ချောက် အစီအရင်အား ထုတ်သုံးစရာ မလိုပေ။  သူတို့က မိုဝူကျိကို အတူတူ ပူးပေါင်းတိုက်လျှင် သူတို့အနေနှင့် မိုဝူကျိအား မသတ်နိုင်လျှင်ပင် အရေးသာဦးမည် ဖြစ်၏။

လက်ရှိ သူတို့က အမှားကို ဆက်တိုက် လုပ်မိနေကြသည်။ ပထမဦးစွာ သူတို့က မိုဝူကျိအား ပေါင်ပုကို  သတ်ခွင့် ပေးခဲ့ပြီးနောက် တောင်ရွှင်အား သတ်ခွင့် ပေးခဲ့ပြန်သည်။ မိုဝူကျိသာ နောက်ထပ် အရှင်နှစ်ယောက်ကို ထပ်သတ်လိုက်ပါက သွေစောင်းအာကာပြင် ပင်လယ်ကျွန်းက မိုဝူကျိကို ထိန်းထားနိုင်တော့မည် မဟုတ်ပေ။

မိုဝူကျိက အဆင့် ၉ ကုသဆေးလုံးကို မျိုချကာ အသက်ဓာတ် လမ်းကြောင်းကိုလည်း ဆက်တိုက် လှည့်ပတ်လိုက်၏။ ထို့နောက် သူက တောင်ရွှင်၏ လက်စွပ်ကို ကောက်ယူလိုက်သည်။

မိုဝူကျိက အပြည့်အဝ ပြန်မကောင်းမွန်သေးသော်လည်း သူက အစီအရင်အလံများကို ဆက်တိုက် ပစ်လွှတ်နေပြီးနောက် လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

မိုဝူကျိ၏ ပတ်မှတ်မှာ နတ်ဘုရားမျိုးနွယ်စုမှ စန်းလန် ဖြစ်၏။ အကြောင်းမှာ မိုဝူကျိက ထိုလူအား သတ်ချင်နေသည်မှာ ကြာမြင့်လှလေပြီ။ သူက သေမင်းထောင်ချောက် အစီအရင် ထိန်းချုပ်ထားမှုမှာ ဆယ်ရှိုက်စာမျှသာ ကြာမြင့်တောမ့ည် ဖြစ်ကြောင်း သိလေသည်။

သေမင်းထောင်ချောက် အစီအရင်မှ လျှပ်စီးချက်များ သူ့ဆီ ကျရောက်လာသည့်အခါ စန်းလန်က ထိုလူက သူနှင့် အရှင်ခြောက်ပါးလုံးကို လှည့်စားသွားလိုက်မှန်း သိလိုက်သည်။ မိုဝူကျိက ထိပ်တန်းအစီအရင် ဆရာ တစ်ယောက် ဖြစ်နေပြီး သူတို့၏ အစီအရင်ပြား ထုတ်ကာ အလဲအလှယ်လုပ်သည့် နောက်ကွယ်မှ အကြောင်းအရင်းကို အသေချာကြီး သိနေပြီးသား ဖြစ်နေသည်။

သူ့စိတ်ထဲ၌ မိုဝူကျိက အရမ်းကို အားကောင်းလွန်းနေ၏။ ယခု မိုဝူကျိက သေမင်းထောင်ချောက် အစီအရင်အား  ထိန်းချုပ်ထားပြီးပြီ ဖြစ်ရာ သူ့ပထမဆုံးအသိမှာ ချိုးဖောက်၍ ဘာမှဖြစ်မလာခင် ထွက်ပြေးရန် ဖြစ်သည်။

သူက အစီအရင်ဂိတ်ကို ဖွင့်လိုက်သည်နှင့် သူ့ဘေးပတ်လည် တည်နေရာတစ်ခုလုံးကို သတ်ဖြတ်ငွေ့က လွှမ်းခြုံသွားသည်။

စန်းလန်က တောင်ရွှင်၏ လက်မောင်းအား ပျက်စီးသွားစေသည့်  မိုဝူကျိ၏ လက်သီးအကြောင်း မြင်ဖူးလေရာ ထိုမီးတောက် သတ်ဖြတ်ငွေ့များက သူ့ဘေးပတ်လည် ပိတ်ဆို့ထားလေ၏။ ယခု သူက မိုဝူကျိသည် သူ့ကို ပစ်မှတ်ထားနေကြောင်း မည်သို့ မသိဘဲ နေမည်နည်း။

သစ်ခေါက်ကျိုင်းမှ ခပ်မည်းမည်း အာကာပြင်တစ်ခုကဲ့သို့ ထွက်ပေါ်လာကာ စန်းလန်က အော်ပြောလိုက်လေသည်  “ တာအိုရောင်းရင်းမို ကျုပ်က ဒီကိစ္စနဲ့ ဘာမှမပတ်သတ်ပါဘူး။ အားလုံးကို လျော်ကြေးပေးပါ့မယ်။ အရာအားလုံးကို တောင်ရွှင်ကနေ စခဲ့တာပါ …. ”

“ ဝုန်း ” မိုဝူကျိ၏ လက်သီးချက်‌က စန်းလန်၏ ကာကွယ်ရေး အာကာပြင်ကိုသာ ချိုးဖျက်နိုင်ခဲ့ပြီး စန်းလန်ကို မခြေမွနိုင်ခဲ့ပေ။

မိုဝူကျိက ကိစ္စများမှာ မျှော်လင့်ထားသည့်အတိုင်း မဟုတ်တော့သည်ကို သိ၍ သူ့မဟူရာချောက်နက် တိုက်ကွက်ကို ထုတ်ဖော်ချင်သော်လည်း လက်ညိုးနှင့်သာ ထိုးလိုက်တော့သည်။

စန်းလန်ကို အချိန်တိုလေးအတွင်း သတ်ဖို့ရာ သူက တိကျပြတ်သားသည့် နည်းလမ်းကို သုံးရမည်။

စန်းလန်က မိုဝူကျိ၏ လက်သီးချက်မှာ ယခင်ကထက် အလွန်အားနည်းသွားကြောင်းကို တွေ့၍ အံ့အားသင့်မိသွားသည်။

***

All Chapters