စန်းလန်အား သတ်ဖြတ်ခြင်း
Vol. 58 Ch. 807
ခဏအကြာတွင် စန်းလန်က အသိပြန်ကပ်လာသည်။ ပေါင်ပုအား အဆုံးသတ်ပစ်ခဲ့သည့် မိုဝူကျိ၏ လက်ချောင်းက အတော်လေး ကြောက်ဖို့ ကောင်းသော်လည်း အမှန်တရားမှာ မိုဝူကျိက သူတို့ထက် အားကောင်းနေသော်လည်း အားလုံးကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည့်အထိတော့ မဟုတ်ပေ။
စန်းလန်က တခြားသူများကို သတိပေးလိုသော်လည်း သူက မိုဝူကျိ၏ လက်ချောင်းကို မြင်လိုက်သည့်အခါ သူ့အခွင့်အရေး ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သိလိုက်တော့သည်။ ယခင် ပေါင်ပုအား ချိန်ရွယ်ထားသည့် လက်ချောင်းနှင့် ကွာခြားနေသည်က ထိုလက်ချောင်းမှာ သူ့အား ချိန်ရွယ်ထားခြင်း ဖြစ်နေသည်။
မိုးမြေကြားတွင် အပြောင်းအလဲ ဖြစ်သွားဟန်ဖြင့် အဆုံးမဲ့စွမ်းအားများ ထွက်ပေါ်လာကာ စန်းလန်အား သေးငယ်လာသည်ဟု ခံစားသွားရစေသည်။ ထိုစဉ် သူ့ဘေးပတ်လည်ရှိ စည်းမျည်းများမှာ ပြောင်းလဲကုန်ပြီး အရာအားလုံးမှာလည်း သူ စန်းလန်နှင့် မသက်ဆိုင်တော့သည့်အလား ပြောင်းလဲသွားဟန် ပေါ်သည်။
စန်းလန်က သူ့ကိုယ်သူ ကမ္ဘာကြီးထဲမှ ပုရွှက်ဆိတ် တစ်ကောင်လေးမျှဟု ခံစားလိုက်ရ၏။ အကယ်၍ ဤနေရာက ရွှံ့တောမြေ တစ်ခု ဖြစ်နေလျှင် သူက အဆက်မပြတ် ရုန်းကန်နေမိခြင်းသာ ဖြစ်သည်။ နေရာက စတင် ပြိုကျပျက်စီးသွားပြီး အချိန်က နှေးကွေးလာလျှင် အရာအားလုံးမှာ စတင်ပြိုကျလာသည်။ မိုဝူကျိ၏ လက်ချောင်းမှ ပျက်စီးစေသည့် စွမ်းအားများက သူ့အပေါ် မကျရောက်သေးသော်လည်း စန်းလန်က နောက်အခိုက်အတန့်လေး၌ ဘာမဆို ဖြစ်သွားနိုင်ကြောင်း သိလိုက်သည်။
“ မဟုတ်ဘူး ” စန်းလန်က ရင်ထဲ၊ အသည်းထဲမှ အော်ဟစ်လိုက်သည်။ သူက သွေးအဆီအနှစ်ကို မြန်မြန် လောင်ကျွမ်းစေလိုက်ပြီး ထိုလက်ချောင်းမှ ထွက်ပြေးဖို့ရာ ကြိုးစားလိုက်သည်။ သူက ထိုလက်ချောင်းမှ လွတ်မြောက်သွားသည်နှင့် သူက တခြားသူများကို မိုဝူကျိနှင့် ရင်ဆိုင်ဖို့ရာ သေမင်းထောင်ချောက် အစီအရင် သုံးဖို့ မလိုအပ်ကြောင်း သတိပေးနိုင်လိမ့်မည်။ သူတို့ လုပ်ဖို့ လိုအပ်သည့်အရာမှာ အားလုံးအတူတကွ ပူးပေါင်းတိုက်ခိုက်ဖို့ ဖြစ်ပြီး သူတို့က မိုဝူကျိအား မသတ်နိုင်လျှင်ပင် သူတို့အနေနှင့် မိုဝူကျိ ကြိုးဆွဲရာလည်း ခံရတော့မည် မဟုတ်ပေ။
သွေးအဆီအနှစ်ကို လောင်ကျွမ်းစေခြင်းဖြင့် စန်းလန်က ရုတ်ချည်းဆိုသလို သူ့ဘေးပတ်လည်မှ နေရာမှာ ပြေလျော့သွားကြောင်း ခံစားမိလိုက်သည်။ သူ့မျက်ဝန်း၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင် ဖြတ်ပြေးသွားကာ သူ့အနေနှင့် ထိုလက်ချောင်း စက်ကွင်းမှ လွတ်မြောက်သွားဟန် ပေါ်၏။ ဤသို့မျိုး အချိန်၌ သူ့အသက်ရှုနှုန်းပင် ပို၍ ချောမွေ့လာသည်။
“ အားလုံး သူ့ကို ကြောက်ဖို့ မလိုဘူး။ သူက တစ်ယောက်တည်း ….” စန်းလန်က အစပိုင်းတွင် အားနည်းမိသည့်အတွက် နောင်တရလာမိသည်။ အကယ်၍ သူသာ မိုဝူကျိအား မကြောက်ရွံ့ခဲ့လျှင် သူ့အနေနှင့် မိုဝူကျိအား အထင်မသေးမိလျှင်ပင် ဤသို့ အခြေအနေထဲ ကျရောက်လာမည် မဟုတ်ပေ။
သူက အဆုတ်ကွဲလုမတတ် အော်ပြောနေစဉ် စန်းလန်၏ သစ်ခေါက်ကျိုင်းက ကျန်ရှိနေသည့် အင်မော်တယ်စွမ်းအားများ အားလုံးကို စုစည်းကာ မိုဝူကျိဆီ ပြေးဝင်လာသည်။ သူက မိုဝူကျိ၏ လက်ချောင်းမှ လွတ်မြောက်သွားသည့်အခါ သူက မိုဝူကျိသည် ယခင်တိုက်ပွဲမှ အပြည့်အဝ ပြန်ကောင်းမလာသေးကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက သူ့ကျိုင်းဖြင့် မိုဝူကျိအား ဒဏ်ရာအပြင်းအထန် ပေးစေနိုင်လိမ့်မည်ဟု အသေအချာ ယုံကြည်နေသည်။
စန်းလန်၏ စကားမှာ ရုတ်ချည်း ရပ်တန့်သွားပြီး သူ့မျက်ဝန်း၌ အကြောက်တရားများ ကြီးစိုးလာသည်။ သူက မိုဝူကျိ တစ်ယောက် ယင်ယန် အမှတ်အသားကို ဖော်ထုတ်လိုက်စဉ် သူ့မျက်နှာ၌ မယုံကြည်နိုင်သည့် အမူအယာ ပေါ်လာတော့သည်။
သေစေလောက်သည့် စွမ်းအား တစ်မျိုးက သူ့အား လွှမ်းခြုံသွားပြီး ထိုစွမ်းအားမှာ စောစောလေးက လက်ချောင်းနှင့် ကွာခြားလှသည်။ သူက လက်ချောင်းအား နှစ်ကြိမ်နှစ်ခါမျှ ကြုံတွေ့ဖူးထားပြီးလေပြီ။ တစ်ခေါက်မှာ ပေါင်ပုနှင့် တိုက်ပွဲ ဖြစ်ပြီး နောက်တစ်ခေါက်မှာ သူ ကိုယ်တိုင် ချိုးဖောက်ခဲ့ခြင်းမှ ဖြစ်သည်။
ထိုလက်ချောင်းမှာ ခံစားရခက်သော်လည်း ယခုတိုက်ကွက်၌ သေစေလောက်သည့် စွမ်းအားများက သိသိသာသာ အားကောင်းလာနေသည်။ ထိုအရာက စန်းလန်၏ အသက်ဓာတ်ကို ပိတ်လှောင်ထားလေ၏။
မဟုတ်သေးဘူး ….
ပြောရမည်ဆိုလျှင် သူ့အသက်ဓာတ်မှာ အမြန်နှုန်းနှင့် ဝါးမျိုခံရနေရပြီး သူ့အသက်ဓာတ်ကို ဝါးမျိုပြီးသွားသည့် အချိန်တိုင်း သူ့အား ပိတ်ဆို့ထားသော ပျက်စီးစွမ်းအားက ပိုမို အားကြီးလာသည်။
စန်းလန်က ထိုပျက်စီးစွမ်းအားအတွင်း အသက်ဓာတ် အရိပ်အယောင်လေးကို ခံစားမိနေသော်လည်း သူ့နေရာတွင် မဟုတ်ပေ။ သူ့ကိုယ်သူ ပျက်စီးစွမ်းအားထဲ ဝင်လိုက်မှသာ ထိုအသက်ဓာတ်လေးကို ဆွဲယူနိုင်လိမ့်မည်။
စန်းလန်က မိုဝူကျိသည် သူ့အား လက်ချောင်းလျို့ဝှက်ပညာရပ်ကို သုံး၍ သတ်ရန် မရည်ရွယ်ထားကြောင်း နားလည်သဘောပေါက်သွားတော့သည်။ သူ တွေးမိသည်က မိုဝူကျိ၏ လက်ချောင်းတိုက်ကွက်မှာ အတော်လေး အားကောင်းကာ သူ့ကိုယ်တိုင်လည်း ပေါင်ပု အသတ်ခံလိုက်ရသည်ကို ကိုယ်တိုင် မြင်တွေ့ထားသည့်အတွက် ကြောက်ရွံ့မိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက လက်ချောင်းမှ လွတ်မြောက်သွားသည်နှင့် သူ့ကိုယ်သူ အရမ်းပျော်ရွှင်မိသွားပြီး မိုဝူကျိအား ပြန်လည် တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ပေ။
မိုဝူကျိ၏ အဓိက ရည်ရွယ်ချက်မှာ စန်းလန်အား သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းနှင့် သတ်ဖို့ ဖြစ်သည်။ စန်းလန်သည်လည်း မိုဝူကျိလက်မှ ထွက်ပေါ်နေသော သေခြင်းရှင်ခြင်း အမှတ်အသားကို မြင်တွေ့နေရသည်။
သစ်ခေါက်ကျိုင်းမှ အနက်ရောင် အာကာပြင် ထွက်ပေါ်လာပြီး မိုဝူကျိအား ပိတ်လှောင်ထားသည်။ ထိုအနက်ရောင် အာကာပြင်အတွင်း မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ထိုးဖောက်ဝင်ရောက်နေကြသည့် အနက်ရောင် အလင်းတန်းများလည်း ရှိနေသေးသည်။ ထိုအရာက မိုဝူကျိ၏ စွမ်းအားဗဟိုချက်နှင့် နှလုံးသားဆီ ဦးတည်နေသည်။
မိုဝူကျိ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့လာလေ၏။ သူက ဖြေလျော့ပေးဖို့ရာ ဆန္ဒမရှိပေ။ အကြောင်းမှာ သူသာ ထိုသစ်ခေါက်ကျိုင်း၏ စွမ်းအားများကို မကာဆီးလိုက်လျှင် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း၌ အားနည်းချက် ဖြစ်လာမည်။ ထိုသို့ဖြစ်လာသည်နှင့် စန်းလန်က ထွက်ပြေးမည် ဖြစ်ပေသည်။ သူ့အနေနှင့် စန်းလန်ကို နောက်တစ်ကြိမ် သတ်ဖို့ရာ ခက်ခဲသွားပေလိမ့်မည်။
သူ့က တောင်ရွှင်ကို သတ်စဉ်က ကဲ့သို့ သူ့အသက်ကို စွန့်စားထားရမှာလား ….
အကယ်၍ သူသာ တိုက်ပွဲဖြစ်တိုင်း ဤသို့လုပ်နေရလျှင် အချိန်ကြာလာသည်နှင့် သူဒဏ်ရာများမှာ ဆိုးရွှားလာပေလိမ့်မည်။
မိုဝူကျိက လုံလုံလောက်လောက် အားမကောင်းသေးကြောင်း တွေးမိ၍ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ အကယ်၍ သူသာ အားကောင်းနေခဲ့လျှင် သူ့အနေနှင့် စန်းလန်၏ တိုက်ခိုက်မှုကို တန်း၍ ကာဆီးနိုင်ပေမည်။
နောက်ထပ် ဒဏ်ရာရလို မဖြစ်တော့ဘူး ….
မိုဝူကျိက သူ့ဘာသာ တွေးလိုက်ပြီး စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို အသုံးပြုကာ စိတ်စွမ်းအင်မြှားကို ဖော်ထုတ်လိုက်သည်။ သူက အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားကို မထိရဲသည်မှာ ထိုမှတဆင့် စိတ်စွမ်းအင်မြှား ဖြစ်ပေါ်လာသည့်အခါ အတော်လေး ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ သူ့အနေနှင့် အသုံးပြုပြီးနောက်တွင် အလွန်အားနည်းသည့် အခြေအနေသို့ ကျရောက်သွားစေလိမ့်မည်။
သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအင်မြှားမှာ စန်းလန်အား တိုက်ခိုက်ဖို့ မဟုတ်ဘဲ စန်းလန် ထိန်းချုပ်ထားသော သစ်ခေါက်ကျိုင်းမှ စွမ်းအားနှင့် ရင်ဆိုင်ရန် ဖြစ်သည်။
“ ဝုန်း ” စွမ်းအားများကြောင့် ပေါက်ကွဲထွက်သွားပြီး မိုဝူကျိက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူစိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဗလာနတ္ထိဖြစ်သည့် ခံစားချက် ကြီးစိုးလာသည်။
ဘန်း …..
ဆက်တိုက်ဆိုသလို သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကလည်း စန်းလန်၏ အသက်ဓာတ်အားလုံးကို နှုတ်ယူသွားတော့သည်။
စန်းလန်က မြေပြင်ပေါ် လဲကျသွားသည်နှင့် သစ်ခေါက်ကျိုင်းကလည်း မိုဝူကျိဆီ ရောက်ရှိလာကာ ဒဏ်ရာအမြောက်အများ ဖြစ်လာစေသည်။
မိုဝူကျိက ဆေးလုံးများ မသောက်သုံးခင် စန်းလန်၏ လက်စွပ်ကို အရင်ဦးစွာ သိမ်းထားလိုက်သည်။ သူက သူ့စိတ်စွမ်းအင်မြှားမှာ စန်းလန်၏ သစ်ခေါက်ကျိုင်းမှ သတ်ဖြတ်ငွေ့များကို မတားဆီးထားနိုင်သော်လည်း တိုက်ခိုက်မှု အားလျော့သွားစေသည့်အတွက် သူက ပျော်ရွှင်မိနေသည်။ အကယ်၍ သူ့ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအင်မြှားသည် အားကောင်းလာခဲ့လျှင် ဒါမှမဟုတ် သူ့စိတ်စွမ်းအင်မြှားကို ကွန်ယက်သဖွယ် ချက်ချင်း ဖွဲ့စည်းနိုင်ခဲ့လျှင် သူ့အနေနှင့် သူ့ဆီ ရောက်ရှိလာသည့် တိုက်ခိုက်မှု မှန်သမျှကို ထိုမြှားကွန်ယက် သုံး၍ ရင်ဆိုင်လို့ ရပေမည်။ ဤနည်းဖြင့် သူက အဆင့်တူအတွင်း အဆင့်မြင့် ပညာရှင်များကို အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မည်။
သူက တောင်ရွှင်ကို သတ်စဉ်အခါက သူ့စိတ်စွမ်းအင်မြှားကွန်ယက်သာ ရှိနေပြီး တောင်ရွှင်၏ တိုက်ခိုက်မှုကို ကာဆီးထားပေးနိုင်လျှင် ဒဏ်ရာရမည် မဟုတ်ပေ။
သေမင်းထောင်ချောက် အစီအရင်မှ လျှပ်စီးချက်များမှာလည်း သတ်ဖြတ်ငွေ့နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက မျက်ဆံနီနှင့်ကျန်လေးယောက်တို့မှာ သေမင်းထောင်ချောက် အစီအရင်အား ဖယ်ရှားလိုက်မှန်း သိလိုက်သည်။ သူတိုက သူသည် အင်မော်တယ် အစီအရင်ဆရာ ဖြစ်ကြောင်း သတိထားမိလိုက်၍ အစီအရင်အလံများကို ပြန်သိမ်းလိုက်ခြင်းသာ ဖြစ်ရမည်။
သွေစောင်း အာကာပြင်ပင်လယ်မြို့ တစ်ခုလုံးအတွင်း သေမင်းထောင်ချောက် အစီအရင်ကြောင့် မြောက်များစွာသော ကျင့်ကြံသူတို သတ်ဖြတ်ခံထားရသည်။
“ ညီလေးမို … မင်း အဆင်ပြေလို့ တော်သေးတယ် ” အနည်းငယ် ပင်ပန်းနေသည့် ယွမ်မိုက မိုဝူကျိ အဆင်ပြေကြောင်း တွေ့သည့်အခါ ဝမ်းသာအားရ ပြောလိုက်သည်။ ထို့နောက် သူက တောင်ရွှင်နှင့် စန်းလန်တို့၏ အလောင်းများကို သတိပြုမိလိုက်သည်။
ယွမ်မို တစ်ယောက်တည်း မဟုတ်ပေ။ ကျန်ရှိနေသော အရှင်မဟာဧကရာဇ် ငါးယောက်လုံးလည်း တောင်ရွှင်နှင့် စန်းလန်တို့၏ အလောင်းကို သတိပြုမိလိုက်သည်။
မိုဝူကျိက စန်းလန် အလောင်းဘေးတွင် ရပ်နေပြီး စန်းလန်ကို သူ သတ်လိုက်ကြောင်း ပြသနေသည်။
“ ညီလေးမို …” မျက်ဆံနီလိပ်ကြီးက စန်းလန်အလောင်းမှ အကြည့်ခွာလိုက်ပြီးနောက် သူ့လည်ပင်း၌ ခြောက်ကပ်လာမိသည်။
မိုဝူကျိက မီးတောက်နှစ်ခု ပစ်လွှတ်၍ တောင်ရွှင်နှင့် စန်းလန်တို့၏ အလောင်းများကို ပြာအဖြစ် လောင်ကျွမ်းစေလိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်
“ ခင်ဗျားတို့တွေက ကျုပ်ကို သတ်ဖို့ မြို့ရဲ့ မဟာအစီအရင်ကို အသက်သွင်းကြတယ်ပေါ့။ ဒီလိုဆိုမှတော့ ကျုပ်ဘက်က မသိတတ်တာကို အပြစ်မတင်နဲ့ …. ခင်ဗျားတို့တွေ ထွက်သွားကြတော့ … ဒီကျွန်းပေါ်မှာ ဆက်ရှိနေဦးမယ်ဆိုရင် ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ တစ်ယောက်ချင်းစီကို လာတွေ့ရလိမ့်မယ် ”
မိုဝူကျိက ထိုသို့ပြောပြီးနောက် အစီအရင်များ ခင်းကျင်းဖို့ရာ အစီအရင်အလံများကို ပစ်လွှတ်လိုက်သည်။
မျက်ဆံနီလိပ်ကြီးက မြန်မြန် ရှေ့တိုးလာကာ
“ ညီလေးမို … ခဏလေးပါ။ ဒီကိစ္စက ကျုပ်တို့နဲ့ မဆိုင်ပါဘူး။ တောင်ရွှင်နဲ့ စန်းလန်တို့က သေမင်းထောင်ချောက် အစီအရင်ကို အသက်သွင်းချင်ကြတာပါ။ တောင်ရွှင်က ကျုပ်ဆီ လှမ်းပြောတာကို ညီလေးမိုလည်း သတိထားမိမှာပါ။ သူက သေမင်းထောင်ချောက် အစီအရင်ကို အသက်သွင်းချင်တယ်လို လာပြောတယ်။
ကျုပ်သာ သဘောမတူခဲ့ရင် ညီလေးမို ထွက်သွားတာနဲ့ ကျုပ်ရဲ့ လိပ်နက်တောင်ကို ဒီကျွန်းပေါ်ကနေ ပျောက်သွားအောင် လုပ်ကြလိမ့်မယ်။ ပြီးတော့ ညီလေးမိုက ဒီမှာအကြာကြီး နေမဲ့သူ မဟုတ်ဘူးလေ။ ကျုပ်တို့က ဒီနေရာမှာ ကျန်နေခဲ့ရမှာ …. ”
“ ဟုတ်ပါတယ် အမှန်ပါပဲ …. ” ကျန်လေးယောက်လုံးကလည်း ထရပ်ကာ မျက်ဆံနီလိပ်ကြီး စကားကို ထောက်ခံကြသည်။
တချို့က သူတို့သာ ထောင်ချောက်အစီအရင်ကို မဖြေလျော့လိုက်ပါက ထောင်ချောက်အတွင်း ပိတ်မိသွားသူမှာ မိုဝူကျိ မဟုတ်ဘဲ သူတို့ ဖြစ်နေလိမ့်မည် ဖြစ်ကြောင်း တွေးမိသွားသည်။
ဝူဟယ်ကလည်း ချွေးအေးများဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူတို့ငါးယောက်လုံးသာ အစီအရင် လွတ်ပေးဖို့ နည်းနည်းလေးသာ နောက်ကျနေပါက အသတ်ခံရမည့်သူမှာ သူကိုယ်တိုင် ဖြစ်သွားလိမ့်မည်မှန်း သိပေသည်။
အမှန်တရားမှာ ဝူဟယ်၏ မှန်းဆချက်က မမှားယွင်းပေ။ မိုဝူကျိက တောင်ရွှင်၊ စန်းလန်နှင့် ဝူဟယ်တို့ကို သတ်ရန် တွေးထားခြင်း ဖြစ်၏။ ထို့နောက်မှ ကျန်လူများ ဖြစ်သည်။ ပေါင်ပု၊ တောင်ရွှင်နှင့် စန်းလန်တို့ကို သတ်ပြီးနောက် မိုဝူကျိက သူ့ကိုယ်သူ လုံလုံလောက်လောက် အားမကောင်းသေးကြောင်း ခံစားမိလာသည်။ သူသာ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ရောက်နေလျှင် ထိုလူများကို အလွယ်တကူ သတ်နိုင်မည် ဖြစ်သော်လည်း ယခုအချိန်ကား အချိန်မကျသေးပေ။
တောင်ရွှင် ဖြစ်ဖြစ်၊ စန်းလန် ဖြစ်ဖြစ် မိုဝူကျိက တန်ရာတန်ကြေး ပြန်ပေးဆပ်လိုက်ရ၏။
“ ဟားဟား ” မိုဝူကျိက အားရပါးရ ရယ်မောလိုက်သော်လည်း သူ့မျက်နှာမှာ အေးစက်နေသေးကာ အပြုံးတပွင့်မှ မရှိချေ။ ဆက်တိုက် မြင့်တက်နေသည့် အရှိန်အဝါများသာ ရှိနေပြီး
“ အရှင်မျက်ဆံနီရဲ့ စကားအရဆိုရင် ကျုပ် အသတ်ခံရရင်တော့ အဆင်ပြေကြတယ်ပေါ့။ ကျုပ်ကို အားလုံးက အစီအရင်သုံးပြီးတော့ ဝိုင်းပြီး လုပ်ကြံတာ၊ ဒဏ်ရာ ရစေတာကိုကျ ဖြစ်သင့်တယ်ပေါ့ ”
အရှင်ငါးယောက်လုံးက လုံးဝကို ကူကယ်ရာမဲ့ ဖြစ်နေကြသည်။ မိုဝူကျိက ဒဏ်ရာအပြင်းအထန် ရသည့်ပုံလည်း မပေါ်ပေ။ သူက တခြားသူများထက် အခြေအနေကောင်းနေဟန် ပေါ်သော်လည်း မည်သူကမှ ထုတ်မပြောရဲကြပေ။ သူတို့ငါးယောက်လုံး ပေါင်းတိုက်လျှင်ပင် မိုဝူကျိအား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ မိုဝူကျိက သူတို့ထဲမှ တစ်ယောက်၊ နှစ်ယောက်ကို သတ်လိုက်နိုင်သည်နှင့် သူတို့၏ အရှင်မဟာဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကို ဖျက်ပစ်လိုက်ပြီ ဖြစ်၏။
“ ညီလေးမို … စောစောလေးကမှ ကျုပ် အဖြစ်အပျက်ကို စုံစုံလင်လင် သိခဲ့ရတာပါ။ ဖြစ်ချင်တော့ အဲဒီ ကင်းခြေများက ညီလေးမိုကို နှောင့်ယှက်ခဲ့လို့ ညီလေးမိုက ဒေါသထွက်သွားတာ ဖြစ်ရမယ်။ ဒီလိုဆိုမှတော့ ကျုပ်က ညီလေးမိုရဲ့ လက်စွပ်ကို ဘယ်လိုလက်ခံထားရမှာလဲဗျာ … ” ဝူဟယ်က သူ့မာနတွေ၊ ဂုဏ်ပုဒ်တွေ ဂရုမစိုက်နိုင်တော့ဘဲ မိုဝူကျိအား မြန်မြန် တောင်းပန်ကာ လက်စွပ်ကို ပြန်ပေးလိုက်သည်။
မိုဝူကျိလည်း လက်ခါပြကာ လေးလေးနက်နက် ပြောလိုက်သည်
“ အကြောင်းအရင်းက ဘယ်လိုဖြစ်ဖြစ် ကျုပ်က မှားခဲ့တာပါ။ ဒီနေရာက တရားမျှတတဲ့နေရာဆိုတော့ ကျုပ်အနေနဲ လျော်ကြေးပေးသင့်တာပေါ့။ အခုလို ကျုပ်ကို လက်စွပ် ပြန်ပေးတာက တာအိုရောင်းရင်းဝူ ကျုပ်မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်မနေဘူးလား ”
မိုဝူကျိက ထိုလက်စွပ်ကို ပြန်မလိုချင်ပေ။ အကြောင်းမှာ ကျင့်ကြံရေးလောကမှ သုံးစားမရသည့် ကျောက်တုံးများနှင့် ပြည့်နေသည့် လက်စွပ်ကို အဘယ်ကြောင့် လိုအပ်မည်နည်း။
ဝူဟယ်က တုန်လှုပ်သွားကာ မသက်မသာ ခံစားနေရသည်။ မိုဝူကျိက သူ့သိုလှောင်လက်စွပ် ပြန်လက်ခံဖို့ ငြင်းနေလေရာ သူ့အနေနှင့် မိုဝူကျိက သူ့အား ပစ်မှတ်ထားဆဲလားဟု သံသယဝင်လာမိသည်။
ဝူဟယ်က မသက်မသာ ခံစားနေရစဉ် မိုဝူကျိက ရုတ်ချည်း မေးလိုက်သည်
“ ဒီနေရာက လျှပ်စီး ဝိညာဉ်ကျောက်တုံးတွေ ထွက်တယ်လို့ ကြားတယ်။ တာအိုရောင်းရင်းဝူက အားနာနေတယ်ဆိုရင် ကျုပ်ကို လျှပ်စီးဝိညာဉ်ကျောက်တုံး နည်းနည်း ပေးလို့ ရပါတယ် ”
“ ကိစ္စမရှိပါဘူး …. ကျုပ်ဆီမှာ ရှိတယ် ” ဝူဟယ်က တုံ့ဆိုင်းမနေဘဲ သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ပေးလိုက်သည်။
လျှပ်စီး ဝိညာဉ်ကျောက်တုံးမှာ ထိပ်တန်းအဆင့် ရတနာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဤကျွန်းပေါ်၌မူ အမှိုက်သာသာ ဖြစ်၏။
“ ညီလေးမိုက အဲဒါ လိုနေမှန်း မသိလိုက်ဘူး။ ကျုပ် မျက်ဆံနီဆီမှာလည်း နည်းနည်း ရှိပါသေးတယ် ” မျက်ဆံနီလိပ်ကြီးကလည်း သိုလှောင်လက်စွပ် တစ်ကွင်းထုတ်ကာ ပေးလိုက်ပြန်သည်။
ကျန်သူများကလည်း ထိုနည်း၎င်း လိုက်လုပ်ကြပြီး အားလုံးက မိုဝူကျိအား လျှပ်စီး ဝိညာဉ်ကျောက်တုံးများ ပါသည့် လက်စွပ်များ ပေးလိုက်ကြသည်။
***