← Chapters

ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေလဲ

Vol. 59 Ch. 811

ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေလဲ

Vol. 59 Ch. 811

မိုဝူကျိ တွေးထားသည်က  မှန်ကန်ပေသည်။ အမွေးတိုင် တစ်ဝက်စာလေးအတွင်း နျုံရှောင်ယုက အခွင့်အရေး ရလာခဲ့သည်။ သူမ၏ တိမ်တိုက်စိမ်းက အစိမ်းရောင်လှိုင်းတန်းအဖြစ် ပေါက်ကွဲသွားပြီး ဖေးကွမ်းအား လွှမ်းခြုံသွားသည်။ ဖေးကွမ်းက ထိုအစိမ်းရောင်အလင်းအား မထိုးဖောက်နိုင်ခင် နျုံရှောင်ယုက လျို့ဝှက်ပညာရပ်ဖြင့် ဖေးကွမ်း၏ စွမ်းအားစက်ကွင်းကို ချိုးဖောက်နိုင်ခဲ့သည်။ ထိုလျို့ဝှက်ပညာရပ်မှာ အာကာပြင် ချုပ်နှောင်မှုနှင့် တူညီပြီး ဖေးကွမ်းအား ခဏတာမျှ မလှုပ်မရှားနိုင် ဖြစ်သွားစေသည်။ ထို့နောက် နျုံရှေင်ယု အနောက်ဘက်မှ အလင်းတန်းတချို့ ပေါ်လာကာ ဖေးကွမ်း၏ နဖူးဆီ ပြေးဝင်သွားလေ၏။

တာအိုဆွေးနွေးခြင်း စင်မြင့်အောက်မှ လူတိုင်းက အမှားအယွင်းသာ မရှိလျှင် ဖေးကွမ်းအနေနှင့် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။

သို့သော်လည်း အားလုံးက သေဆုံးမည့်သူမှာ ဖေးကွမ်း မဟုတ်ဘဲ နျုံရှောင်ယု ဖြစ်ကြောင်း သိလိုက်ကြပေသည်။

ထိုအချိန်လေးအတွင်း၌ တာအိုဆွေးနွေးခြင်း စင်မြင့်ဘေးမှ မီးခိုးရောင် အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုအရာမှာ အင်မတန် မြန်ဆန်လွန်းပေရာ ထိုမီးခိုးရောင်အလင်းတန်း အပြီးတွင် အဖြူရောင် အလင်းတန်းလည်း ပါရှိသေး၏။

ထိုမီးခိုးရောင် အလင်းတန်းလေးက ဖေးကွမ်းအပေါ်  နျုံရှောင်ယု၏ တိုက်ခိုက်မှုကို တားဆီးပေးလိုက်ပြီး အဖြူရောင် အလင်းတန်းလေးက နျုံရှောင်ယု နဖူးဆီ ချိန်ရွယ်ထားခြင်း ဖြစ်သည်။

မိုဝူကျိ စိတ်ထဲ ဒေါသထွက်လာမိသည်။ ယန်ဝေ ပြောသည့်အတိုင်း ကွက်တိ ဖြစ်နေသည်။ အကယ်၍ တာအိုဆွေးနွေးခြင်း စင်မြင့်အပေါ်၌ ကိစ္စများက အဆင်မပြေတော့လျှင် စင်အောက်မှ ကြိုးဆွဲပေးမည့်သူများ ရှိနေသေးသည်။ ထိုမျှတင် မကသေးပေ။ နျုံရှောင်ယုအား လုပ်ကြံသူမှာ အင်မော်တယ် အုပ်စိုးသူ နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

အင်မော်တယ် အုပ်စိုးသူ နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဦးက မဟာလော့ရှန်း အစောပိုင်းအဆင့် ကျင့်ကြံသူအား လုပ်ကြံဖို့ ကြိုးစားနေလေရာ အတော်လေးကို အရှက်မဲ့လွန်းလှသည်။

မိုဝူကျိက လက်ဖဝါးကို ဖြန့်လိုက်သည်နှင့် ထိုအလင်းတန်းနှစ်ချက်က တည်နေရာ ချက်ချင်း ပြောင်းလဲသွားသည်။ ၁၈၀ ထောင့်ချိုး ပြောင်းလဲပြီးနောက် သူတို့က စင်အောက်၌ ရှိနေသော အမျိုးသား တစ်ဦးဆီ ရုတ်ချည်း ပြေးဝင်သွားသည်။

“ ဖူး ” သွေးမြူများ ပေါက်ကွဲထွက်သွားလေ၏။ ဤလူ၏ ဦးနောက်မှာ ထိုအလင်းတန်းနှစ်ချက်၏ ထိုးဖောက်မှုကို ခံထားရသည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် မထွက်လိုက်နိုင်ဘဲ ဖျက်စီးခံလိုက်ရ၏။

နျုံရှောင်ယုက ထိုအလင်းတန်း နှစ်ချက်ကို မြင်လိုက်သောအခါ သူမ စိတ်ထဲ ဗလာကျင်းသွားသည်။ သူမက  ရှောင်ရှား၍ မဖြစ်နိုင်မှန်း သိသော်လည်း သူမအနေနှင့် ဖေးကွမ်းကို သတ်ပြီးသည့်အခါမှသာ သေဆုံးဖို့ မျှော်လင့်မိသည်။ သို့‌သော်လည်း သူမ တောင်းဆုမှာ မဖြစ်နိုင်တော့ကြောင်း သိသာလှသည်။ ထိုအလင်းတန်းက သူမ၏ အလင်းအရိပ် တိုက်ကွက်ထက် မြန်မြန်ဆန်ဆန် ရောက်ရှိလာသည်။

သို့သော် နျုံရှောင်ယုက ပျော်ရွှင်မိသွားသည်။ တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ်သို့ လာနေသော ထိုအလင်းတန်းနှစ်ချက်မှာ ပြောင်းပြန်လှည့်ကာ ဦးတည်ချက် ပြောင်းသွားလေ၏။ ဤနေရာသို့ ကျရောက်လာသော အဆုံးသတ်သွားမည့် ခံစားချက်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

အင်မော်တယ်အုပ်စိုးသူ အဆင့် ကျင့်ကြံသူ အသတ်ခံလိုက်ရသည်နှင့် ဖေးကွမ်း၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားသည်။

“တာအိုဆွေးနွေးခြင်း စင်မြင့်အောက်က ငါတို့ ဟဲရှီးအဖွဲ့ရဲ့ တာဝန်ခံကို ဘယ်သူက သတ်ရဲတာလဲ ” ဒေါသတကြီး အသံတစ်သံ ထွက်ပေါ်လာလေ၏။ ထို့နောက် ပြင်းထန်လွန်းသည့် သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်။ ထိုသည်မှာ တာအိုဆွေးနွေးခြင်း စင်မြင့်အောက်မှာ ရှိနေသည့် ကျင့်ကြံသူအများစုကို မသက်မသာ ဖြစ်သွားစေသည်။

နျုံရှောင်ယုလည်း နောက်ဆုတ်မိလိုက်၏။ သူမက သူမတိုက်ပွဲ၏ ဆုလာဘ်ကို သိမ်းယူဖို့ရာပင် စိုးထိတ်နေမိသည်။

ပြင်းထန်လွန်းသည့် သတ်ဖြတ်ငွေ့များ ပေါ်လာပြီးသည့်နောက်တွင် အရပ်ရှည်ရှည် ခဲရောင် ဆံရှည် အမျိုးသား တစ်ဦး ထွက်ပေါ်လာ၏။

ထိုလူက လေထဲတွင် ရပ်နေပြီး နျုံရှောင်ယုဆီ ဧရာမ သဘာဝစွမ်းအားလက်ဖြင့် ချိန်ရွယ်လိုက်သည်။ သူ့သတ်ဖြတ်ငွေ့နှင့် ခက်ထန်ကြမ်းတမ်းသည့် အငွေ့အသက်များကြောင့် ထိုလူမှာ လူများစွာကို သတ်ဖြတ်ခဲ့ကြောင်း ပြောနိုင်လေ၏။

“ မင်း ဘိုးအေ  ငါ လုပ်လိုက်တာပဲ ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ရှေ့ထွက်လိုက်သည်။ သူလည်း လေထဲသို့ ရောက်ရှိသွားကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်တစ်ခုလုံးသို့ ဖိအားတစ်ခု လွှမ်းခြုံသွားသည်။ အကယ်၍ ထိုလူ ထုတ်လွှင့်လိုက်သည့် သတ်ဖြတ်ငွေ့များနှင့် ဒေါသတကြီးအသံက တာအိုကွင်းပြင်ရှိ လူများကို ဖိအားဖြစ်စေသည်ဆိုလျှင် မိုဝူကျိ၏ လက်သီးတစ်ချက်အား အားလုံးကို ဒူးထောက်လုမတတ် ဖြစ်သွားစေသည်။

ထိုစဉ် ပြင်းထန်သည့် သတ်ဖြတ်ငွေ့များက ပျောက်ကွယ်သွားလေ၏။ အားလုံးက ထိုလက်သီးအရိပ်ကို ကောင်းကောင်း မြင်လိုက်ရသည်။ ထိုလက်သီးကို မီးတောက်များဖြင့် လွှမ်းခြုံထားပြီး ကြည့်ရသည်မှာ မိုးမြေကြားရှိ အရာအားလုံးကို ဖျက်စီးနိင်စွမ်း ရှိဟန် ပေါ်နေသည်။ ထိုလက်သီးချက်က အရပ်ရှည်ရှည် အမျိုးသားဆီ ပြေးဝင်သွားတော့သည်။

………..…

ကျူရှန်းဟွေ့က မိုဝူကျိ၏ လက်သီးချက် ကျရောက်လာသည်ကို မြင်လိုက်သည့်အခါ ဆင်းမလာသေးပေ။ သူက မိုဝူကျိ၏ စကားကိုလည်း ကြားပေ၏။ သူ့စိတ်ထဲ၌ ဒေါသတရားများနှင့်သာ ပြည့်နှက်နေသည်။ သူက မိုဝူကျိကို မသိသော်လည်း မိုဝူကျိက အရမ်းငယ်ရွယ်နေသေးသည်ကို မြင်ပေသည်။ ထို့ကြောင့် ဤသို့ငယ်ငယ်ရွယ်ရွယ်လေးက အင်မော်တယ် ဧကရာဇ် မည်သို့ ဖြစ်နိုင်မည်နည်း။ သူ့လိုမျိုး အင်မော်တယ် ဧကရာဇ် အလယ်အလတ်ရှေ့မှောက်၌ အထက်စီးဆန်ပြနေဖို့ရာ မလုံလောက်ပေ။

“ သေစမ်း ” ကျူရှန်းဟွေ့က သဘာဝစွမ်းအားလက်ကြီးကို နျုံရှောင်ယုဘက် မဟုတ်တော့ဘဲ မိုဝူကျိဘက် ပြောင်းလိုက်သည်။

နောက်အခိုက်အတန့်လေးက သူက ငြိမ်သက်သွားပေသည်။ သူ့ဘေးပတ်လည်ရှိ တည်နေရာတစ်ခုလုံးမှာ ပိတ်ဆို့သွားပြီး သူ့လျို့ဝှက်ပညာရပ်က ထိုပိတ်လှောင်ထားသည့် တည်နေရာကို ထိုးဖောက်နိုင်စွမ်း မရှိပေ။

ဒီလူက တာအိုဧကရာဇ်လား …..

“ ရပ်စမ်း …. ငါက ဟဲရှီးအဖွဲ့ရဲ့ အကြီးအကဲပဲ …” ကျူရှန်းဟွေ့က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူက စကားတစ်ဝက်မျှသာ ပြောလိုက်ရပြီး ချက်ချင်း ရပ်တန့်သွားလေသည်။ ထိုအချိန်၌ သူက သူ့ရှေ့မှာ ပုဂ္ဂိုလ်သည် မိုဝူကျိ ဖြစ်ကြောင်း မှတ်မိသွား၏။ မိုဝူကျိ၏ ပုံရိပ်များကို စကြဝဠာအစွန်း၌ ကပ်ထားလေရာ သူ့အနေနှင့် မိုဝူကျိသည် စကြဝဠာအစွန်းဆီ ပြန်ရောက်ရဲလာအောင်အထိ သတ္တိရှိနေလိမ့်မည်ဟု တစ်ခါမှ မထင်ထားပေ။

မိုဝူကျိက နှာခေါင်းရှုံ့ကာ  “ ဟဲရှီးအဖွဲ့က အတော်လေး ဂုဏ်သတင်းကြီးတာပဲ။ ဒါပေမဲ့  ဒီလူအိုကြီးကို ခြိမ်းခြောက်ဖို့ မလုံလောက်သေးဘူး ”

“ ဘန်း ” စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်မှာ ကျူရှန်းဟွေ့၏ စွမ်းအားစက်ကွင်းကို ဖျက်စီးဝင်ရောက်သွားပြီး သူ့စွမ်းအားဗဟိုချက်ဆီ ကျရောက်သွားသည်။ ပြင်းထန်သော မီးတောက်များနှင့်အတူ အားပြင်းလွန်းသော လက်သီးချက်ကြောင့် ကျူရှန်းဟွေ့ကား အသားစိုင်ရည် ဖြစ်သွားရတော့သည်။

“ ဝုန်း ” မိုဝူကျိက သူ့ရှေ့မှ လက်စွပ်ကို ယူပြီးသည်နှင့် တာအိုဆွေးနွေးခြင်း စင်မြင့်မှာ နောက်တစ်ကြိမ် ပြိုကျသွားပြန်သည်။

အရူးမဟုတ်သရွေ့ မိုဝူကျိသည် တာအိုဆွေးနွေးခြင်း စင်မြင့်အား တမင်သပ်သပ် ဖျက်စီးပစ်လိုက်ကြောင်း ပြောနိုင်ပေလိမ့်မည်။

နျုံရှောင်ယုက နောက်ဆုံးတွင် အသိပြန်ကပ်လာသည်။ သူမက သူမရှေ့တွင် ရှိနေသော သူမှာ မိုဝူကျိ ဖြစ်ကြောင်း သဘောပေါက်သွား၏။ အကယ်၍ နျုံရှောင်ယုက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်၏ တာအိုဧကရာဇ်ကို သတ်ပစ်လိုက်သည့် ကောလဟာလများအပေါ် သံသယဝင်မိလျှင်ပင် ယခုအခါ အကုန်ပျောက်ကွယ်သွားလေပြီ။

တာအိုဧကရာဇ် တစ်ယောက်ပင် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးအား လက်သီးတစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်နိုင်မည် မဟုတ်ပေ။ နျုံရှောင်ယုက ဟဲရှီးအဖွဲ့၏ ကျူရှန်းဟွေ့ကို ကောင်းကောင်း သိပေသည်။ သူက စကြဝဠာအစွန်း၌ လူသားမျိုးနွယ် ကျင့်ကြံသူ အများအပြားကို သတ်ထားခဲ့သည့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်သည်။ သို့သော် ယခုတွင် မိုဝူကျိ၏ လက်သီးချက်အောက်၌ ပျောက်ကွယ်သွားရပြီ။

မိုဝူကျိက မည်မျှတောင် အားကောင်းနေတာလဲ ….

အင်မော်တယ်လောက၌ မဟာဧကရာဇ် သုံးယောက်နှင့် ဧကရာဇ် တပိုင်းကို ဝိုင်းထားသည့် ကြားမှ မိုဝူကျိအား မသတ်နိုင်သည်မှာ အထူးအဆန်း မဟုတ်တော့ပေ။

နျုံရှောင်ယုက မြန်မြန် တုံ့ပြန်လိုက်သည်။ သူမက ဖေးကွမ်း၏ အလောင်းအား ဖျက်စီးပစ်ဖို့ရာ မီးလုံး ပစ်လွတ်လိုက်တော့သည်။ ထို့နောက် သူမက ဖေးကွမ်း၏ သိုလှောင်လက်စွပ်ကို သိမ်းယူလိုက်၏။

မိုဝူကျိ၏ လက်သီးချက်မှ ဖိအားမှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေဆဲ ဖြစ်၏။

ကျူရှန်းဟွေ့အကြောင်း သိသူမှာ နျုံရှောင်ယု တစ်ယောက်တည်း မဟုတ်ပေ။ စကြဝဠာအစွန်း၌ ကျူရှန်းဟွေ့အား မည်သူက မသိဘဲ နေမည်နည်း။ သို့သော် ယခုတွင် ဟဲရှီးအဖွဲ့၏ အင်မော်တယ် ဧကရာဇ် ကျူရှန်းဟွေ့က လက်သီးတစ်ချက်တည်းဖြင့် သေဆုံးသွားရသည်။ အားလုံးက မည်သည့်ကိစ္စ ဖြစ်ပေါ်လာတော့မည်ကို သိလိုက်ကြသည်။

စကြဝဠာအစွန်း၌ သွေးသံရဲရဲ တိုက်ပွဲ မုန်တိုင်း ကျရောက်လာပေတော့မည်။

“ ကျမ အသက်ကို ကယ်ပေးတဲ့အတွက် စီနီယာမိုကို ကျေးဇူးတင်ပါတယ် ” နျုံရှောင်ယုက မြန်မြန် လျှောက်လာကာ မိုဝူကျိအား ဦးညွှတ်လိုက်သည်။

မိုဝူကျိက လက်ခါပြကာ “ နောက်မှ ပြောကြတာပေါ့ … အခု မင်းနဲ့ ယန်ဝေက နောက်ဆုတ်တော့ ”

မိုဝူကျိ စကားအဆုံးတွင် ပုံရိပ်ဆယ်ခုကျော်က မိုဝူကျိကို ဝန်းရံထားလေ၏။

မိုဝူကျိက နတ်ဘုရားမျိုးနွယ်၏ သခင်လေး ဝူလီနှင့် အင်မော်တယ် ဧကရာဇ် သုံးယောက်ကို သတ်လိုက်သည့်အချိန်နှင့် ကွဲပြားပေသည်။ ဤတစ်ကြိမ်၌ သူက ဟဲရှီးအဖွဲ့၏ အင်မော်တယ် ဧကရာဇ်ကို သတ်လိုက်သည်နှင့် အုပ်စုလိုက် တန်းရောက်လာကြသည်။

မိုဝူကျိက ထိုလူများသည် ရတနာအမဲလိုက် ခရီးမှ ပြန်ရောက်လာသည့်လူများ ဖြစ်ကြောင်း သိလိုက်၏။ ယခင်က သူက စကြဝဠာအစွန်း၌ ပါရမီရှင်များများစားစား ကျန်ရှိမနေသည့်အတွက် ကံကောင်းသွားပေသည်။ နတ်ဘုရားမျိုးနွယ်မှ အဆင့်မြင့် ကျင့်ကြံသူများက သူ သူတို့၏ သခင်လေးကို သတ်ပြီးသည့် အချိန်အတော်ကြာမှ ရောက်ရှိလာကြသည်။  သို့သော် အဆုံးသတ်၌ သူက တာအိုဧကရာဇ်ကို သတ်ပြီး လွတ်မြောက်သွားသည် မဟုတ်ပါလော။

“ အိမ်တော်သခင်မို …. ခင်ဗျားက စကြဝဠာအစွန်းနဲ့ မစိမ်းတဲ့သူလည်း မဟုတ်ဘဲနဲ့ ကျုပ်တို့ စကြဝဠာအစွန်းကို ဒုတိယအကြိမ် ဘာလို့ ဖျက်စီးပစ်ရတာလဲ ” အသံနက်နက် တစ်သံ ထွက်ပေါ်လာသည်။ ပြောလိုက်သူမှာ ဝတ်ရုံနက်နှင့် အမျိုးသား တစ်ဦး ဖြစ်၏။ မိုဝူကျိက ထိုလူသည် မဟာဧကရာဇ်အဆင့်မျှသာ ရှိကြောင်း တန်းပြောနိုင်သည်။

“ ခင်ဗျားကိုယ် ခင်ဗျား ဘယ်သူထင်နေလဲ ” မိုဝူကျိက အေးစက်စွာ ပြန်ပြောလိုက်သည်။ သူ့စိတ်စွမ်းအားမှာ သူ့ဘေးပတ်လည်ရှိ လူဆယ်ယောက်ကျော်လုံးအပေါ် ဖြန့်ကျက်ထားပြီးပြီ ဖြစ်ရာ သူတို့အားလုံးက အင်မော်တယ်ဧကရာဇ်များ ဖြစ်ကြသည်။ ထိုအထဲ၌ မဟာဧကရာဇ် တစ်ယောက်နှင့် အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့် သုံးယောက် ပါဝင်သည်။ ကျန်လူများမှာ အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်သာ ဖြစ်ကြ၏။

မိုဝူကျိက ထိုလူများကို တကယ် စက်ဆုပ်မိသည်။

တာအိုဆွေးနွေးခြင်းစင်မြင့်ပေါ်၌ လူသားမျိုးနွယ်စုများနှင့် ရင်ဆိုင်နေသည့်အခါ ထိုသူများက ဘာကြောင့် ဘာမှဝင်မပြောရတာလဲ…

အရိုးသားဆုံးပြောရလျှင် မိုဝူကျိက ထိုလူများကို စိတ်ထဲ မထားပေ။ သူ့တွင် တာအိုဧကရာဇ်အဆင့်နှင့်တူသော ယွမ်မို ရှိနေသည့်အကြောင်း ထည့်ပြောဖို့ မလိုသေးပေ။ အကယ်၍  သူ့တွင် ကူညီမည့်သူ တစ်ယောက်မှ မရှိလျှင်ပင် ထိုလူများက သူ့ကို သတ်ဖို့ရာ မလုံလောက်သေးပေ။

သွေစောင်း အာကာပြင်ပင်လယ်ကျွန်း၌ မည်သို့သော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသနည်း။ ထိုသူများအားလုံးမှာ တာအိုဧကရာဇ်နှင့် တူညီသော အဆင့်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့က သာမာန် တာအိုဧကရာဇ်မျှ မဟုတ်ပေ။ သာမာန် တာအိုဧကရာဇ်များက သွေစောင်းအာကာပြင် ပင်လယ်ကျွန်း၌ မဟာဧကရာဇ် ဖြစ်ဖို့ရာ အရည်အချင်း မပြည့်မှီသေးပေ။

“ အားလုံး ပေါင်းတိုက်ပြီးတော့ ဒီလူကို သတ်ပစ်ကြ ” သူက မိုဝူကျိ၏ မောက်မောက်မာမာ စကားကို ကြားသောအခါ ဝတ်ရုံနက် အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လက်တွေ့၌ ဤမဟာဧကရာဇ်က ဘာမှမပြောလျှင်ပင် အင်မော်တယ် ဧကရာဇ်များက သူတို့ မှော်ရတနာများကို ဆွဲကိုင်၍ မိုဝူကျိဆီ ချည်းကပ်နေကြပြီ ဖြစ်၏။

“ ယွမ်မို ကျုပ်ကို အစီအရင်တွေကနေ ကာပေးထား။ ကျုပ် တစ်ယောက်တည်း အဆင်ပြေတယ် ” မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ယူရင်း ပြောလိုက်သည်။ သူက ပြောနေစဉ် သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှ အလင်းတန်းပေါင်း မြောက်များစွာ ထွက်ပေါ်လာကာ သဲများအဖြစ် ပြောင်းလဲသွားတော့သည်။

အကယ်၍ ထိုအင်မော်တယ် ဧကရာဇ် ဆယ်ယောက်ကျော်က အတူတူ လက်တွဲလိုက်လျှင် မိုဝူကျိအနေနှင့် အနည်းငယ် ထိတ်လန့်မိမည် ဖြစ်သော်လည်း ထိုအင်မော်တယ် ဧကရာဇ်များက တစ်ယောက်ချင်းစီ တိုက်ခိုက်နေလေသည်။ မိုဝူကျိ၏ အမြင်၌ ထိုသူတို့မှာ သင်းကွဲကျီးအုပ်မျှသာ ဖြစ်၏။

သူ့မဟာသဲကန္တာရကို ထုတ်လွှင့်ပြီးနောက် မိုဝူကျိ၏ လခြမ်ကွေး ပုဆိန်လှံရှည်က အစီအရင် အလံများအဖြစ် ပြောင်းလဲသွားသည်။ မိုဝူကျိက လျှပ်စီးချက်များကိုလည်း ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ထိုအရာမှာ မိုဝူကျိ၏ လျှပ်စီး လျို့ဝှက်တိုက်ကွက် ဖြစ်သည့် လျှပ်တစ်ပြက် လျှပ်စီး ဖြစ်သည်။

သူက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးသည့်နောက် သူ့လျှပ်စီး တိုက်ကွက်မှာ လျို့ဝှက်တိုက်ကွက်အဖြစ် အဆင့်တက်လာသည်။ လျှပ်စီး သဘာဝ လျို့ဝှက်တိုက်ကွက်များအတွင်း ဤသည်မှာ လျှပ်တစ်ပြက် လျှပ်စီး ဖြစ်ပေ၏။

သူ့အားကောင်းလှသော ဝဲကတော့ စွမ်းအားစက်ကွင်းမှာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မိုဝူကျိအား တိုက်ခိုက်နေသော အင်မော်တယ် ဧကရာဇ်များလည်း ခံစားမိလိုက်ကြသည်။ ထိုစဉ် သူတို့က သဲရှင်အတွင်း ကျရောက်သွားသလို ခံစားလိုက်ရသည်။ သူတို့က သဲရှင်အတွင်း ရောက်သွားသည်နှင့် သူတို့ဘေးပတ်လည်၌  လျှပ်စီးများက ခုန်ပေါက်နေကြသည်။

ဝတ်ရုံနက် မဟာဧကရာဇ်က တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိလိုက်သည်။ မိုဝူကျိ၏ အင်အားမှာ တာအိုဧကရာဇ်ထက်ပင် အားကောင်းနေသေး၏။ သူတို့၏ တစ်ယောက်ချင်းစီ တိုက်ခိုက်မှုမှာ မိုဝူကျိအား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

“ အားလုံး ငါ့အမိန့်ကို နာခံကြ …” ဝတ်ရုံနက် မဟာဧကရာဇ်က စကားပြောလိုက်စဉ် သူ့ဆီ အဆုံးသတ်တော့မည့် ခံစားချက် ကြီးစိုးလာသည်။

သူ့အသက်ဓာတ် စုပ်ယူခံနေရသလို ခံစားမိနေပြီး သေခြင်းတရား တိမ်တိုက်ကိုပင် မြင်တွေ့လိုက်ရသည်။

“ ဒါက ဘယ်လိုတိုက်ကွက်မျိုးလဲ ” ဝတ်ရုံနက် မဟာဧကရာဇ်က နှလုံးခုန် မြန်ဆန်လာမိသည်။ သူ ကျင့်ကြံရေး လမ်းကြောင်းပေါ် လျှောက်လှမ်းစဉ်ကတည်းက သူ့အနေနှင့် ဤသို့ ကြောက်မက်ဖွယ် လျို့ဝှက်တိုက်ကွက်မျိုးကို မမြင်ဖူးပေ။

“ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း …. အဲဒါက ခင်ဗျားကို ဘယ်လိုပြုမူရမလဲဆိုတာ ကောင်းကောင်း သင်ပေးလိမ့်မယ် …” မိုဝူကျိ အသံ ထွက်ပေါ်လာသည်။ ထို့နောက် ဝတ်ရုံနက် မဟာဧကရာဇ်က သူ့အသက်ဓာတ်အတွင်း  မီးခိုးရောင်နှင့် အဖြူရောင် ရောစပ်နေသော အမှတ်အသားကို တွေ့မြင်လိုက်ရသည်။ ထိုသည်မှာ သဏ္ဍာန်မဲ့ပြီးတော့ သူ့အနေနှင့် တားဆီးဖို့ရာ အခွင့်အရေး မရှိတော့ချေ။

လွှမ်းခြုံလာသည့် သေခြင်းတရား အငွေ့အသက်များက သူ့စိတ်ထဲ တိုးဝင်လာသည်။ ထိုစဉ် ဝတ်ရုံနက် မဟာဧကရာဇ်က သူ့ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းခံလိုက်ရသလို ခံစားမိနေသည်။

“ အားလုံး  …. အင်မော်တယ် သတ်ဖြတ်ရေး အစီအရင်ရှစ်သွယ်ကို ထုတ်သုံးကြ …” မဟာဧကရာဇ်က နောက်ဆုံးတွင် အသိဝင်လာသည်။ သူ အသက်ဓာတ်ကိုပါ နှိုးဆွလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ကျန်ရှိနေသော သက်တမ်းကိုလည်း နှိုးဆွလိုက်ကာ  သူ၏ မောင်းဖြင့် မိုဝူကျိဆီ ဝေ့ယမ်းလိုက်လေသည်။

***

All Chapters