မီဖေးကုန်သွယ်ရေး အဖွဲ့ဆီ သွားရောက်ခြင်း
Vol. 59 Ch. 813
အန်းရွယ်ချန်း ရောက်လာစဉ်တုန်းက မိုဝူကျိကို သတ်မည့်အကြောင်း ပြောခဲ့သည်ကို ထည့်ပြောနေဖို့ မလိုတော့ပေ။ အကယ်၍ အန်းရွယ်ချန်းက ထိုသို့မပြောခဲ့လျှင်ပင် ဟဲရှီးအဖွဲ့က စကြဝဠာအစွန်း၌ လူသားမျိုးနွယ်များကို ပြုလုပ်ထားသည့် အပြုအမူများနှင့် မိုဝူကျိက သူကို သတ်မည်မှာ ယုံမှားဖွယ် မရှိပေ။
တစ်ချိန်တည်းဆိုသလို မိုဝူကျိက သူ့စွမ်းရည်မှာ မလုံလောက်သေးကြောင်း သိလိုက်မိသည်။ အင်မော်တယ် ဧကရာဇ် ဆယ်ယောက်ကျော်လေးအတွက် သူက လော့ကျမ်းစာရွက်ကို ထုတ်သုံးလိုက်ရသေးသည်။ အကယ်၍ နတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲ ဖြစ်လာလျှင် သူ့အနေနှင့် အင်အားပိုကောင်းဖို့ လိုအပ်ပေသည်။ ထို့ကြောင့် သူက မီဖေးကုန်သွယ်ရေး အဖွဲ့နှင့် ဟဲရှီးအဖွဲ့တို့ကို သုတ်သင်ပစ်လိုက်လျှင် သူ့အနေနှင့် စကြဝဠာအစွန်း၌ ပိုင်နက်ကြီးကြီး ရလာပေမည်။
မိုဝူကျိက ရပ်တန့်ဖို့ရာ လုံးဝ ရည်ရွယ်ချက် မရှိသည်ကို မြင်လိုက်၍ အန်းရွယ်ချန်းက သူ့ဟဲရှီးအဖွဲ့ဆီ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထိုနေရာတွင် ကူးသန်းရေး အစီအရင် ရှိပေ၏။
သို့သော်လည်း သူက မိုဝူကျိ၏ လက်ချောင်းကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို မိုးမြေတစ်ခုလုံးမှာ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်လေး၌ ထိုလက်ချောင်းမှာ မိုးမြေတစ်ခုလုံးကို ကြီးစိုးထားပြီး သူ အန်းရွယ်ချန်း၏ နေရာကိုလည်း ဖိနှိပ်ထားလေ၏။
ထိုအာကာပြင်မှာ ကမ္ဘာတစ်ခု ဖြစ်ပြီး ထိုကမ္ဘာအတွင်း သူက မထင်မရှား သက်ရှိလေးမျှသာ ဖြစ်နေသည်။ ထို့နောက် သူ့အသက်ကို ထိုကမ္ဘာက အုပ်စိုးချုပ်ကိုင်ထားပြီး ဖိနှိပ်ထားပေသည်။
“ မဟုတ်ဘူး …..” အန်းရွယ်ချန်းက ဒေါသတကြီး အော်ညီးလိုက်သည်။ သူက ကြီးမြတ်သော မဟာဧကရာဇ် ငါးယောက်ထဲမှ တစ်ယောက် ဖြစ်ကာ အခြားသော မဟာဧကရာဇ်များကို မကြောက်ပေ။ သူက လက်တစ်ချောင်းတည်းဖြင့် မည်သို့များ ဖိနှိပ်ခံနေရသနည်း။
သူက စိတ်အတွင်းမှ ပြင်းပြသည့် စိတ်ဆန္ဒတို့ကို နှိုးဆွကာ ဤလက်ချောင်း၏ ဖိနှိပ်မှုမှာ ချိုးဖောက်ချင်လို၏။
သို့သော်လည်း ဤအာကာပြင်မှာ အသက်ဝင်လာသည့်အလား အသက်ဓာတ်တို့ ရောနှောလာဟန် ပေါ်သည်။ အန်းရွယ်ချန်းသည် သူ အဖိနှိပ်ခံထားရသော အသက်ဓာတ်လေး တစ်မျှင်ကိုမှ မစုစည်းနိုင်ပေ။ ထိုအချိန်၌ သူက သက်ရှိလောက၌ မမြင်နိုင်သည့် ဖုန်မှုန့်လေးအလား ခံစားနေရသည်။
ဤလက်ချောင်းက အလေးချိန် တစ်သောင်းရှိ တောင်ကြီး တစ်လုံးအလား ပြောင်းလဲသွားကာ ထိုတောင်ကြီးက ကောင်းကင်မှ ကျဆင်းလာသည်။ အန်းရွယ်ချန်း၏ စိတ်ထဲ၌ စိတ်ပျက်အားငယ်မှုတို့ ကြီးစိုးသွားသည်။ သူ ကျင့်ကြံစဉ်ကတည်းမှ စ၍ သူ့အနေနှင့် ယနေ့လောက် အင်အားမဲ့လှသည်ဟု တစ်ခါမှ မခံစားခဲ့ဖူးပေ။
သေခြင်းတရား စွမ်းအားများက သူ့ဝိညာဉ် အတွင်းပိုင်းသို့ စိမ့်ဝင်လာသည်။ ထိုစဉ် သူက ထိုလက်ချောင်းကို ရှောင်ရှားဖို့ရာ ဆက်လက်၍ မတွေးနိင်တော့ပေ။ ထို့အစား သူက တွေးမိသွားလေ၏။
မိုဝူကျိကို ဆန့်ကျင်ပြီးတော့ သူ ဘာများ ရခဲ့လို့လဲ …..
ဖြစ်နိုင်သည်က သူလည်း အခြားလူများကဲ့သို့ အတူတူ တွေးမိခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ မိုဝူကျိက နတ်ဘုရားမျိုးနွယ်ကို ရန်စထားမိသည့်အတွက် သူ့အနေနှင့် အသက်ရှင်လျက် ပြန်လာနိုင်ဖို့ရာ အခွင့်အရေး မရှိပေ။
“ ဖူး ” သွေးမြူများ ထွက်ပေါ်လာသည်။ ဂုဏ်သရေ ကြီးမားလှကာ စကြဝဠာအစွန်း၏ ကြီးမြတ်သော မဟာဧကရာဇ် ငါးယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး ဟဲရှီးအဖွဲ့၏ ခေါင်းဆောင် အန်းရွယ်ချန်းသည် ခုခံဖို့ရာ အခွင့်အရေး မရဘဲ သေဆုံးသွားရပြီ။
သူက အမှန်တကယ် မဟာဧကရာဇ် တစ်ဦး ဖြစ်ပေသည်။ ဝတ်ရုံနက် မဟာဧကရာဇ်က မိုဝူကျိကို တိုက်ခိုက်နိုင်သည်မှာ မိုဝူကျိက အင်မော်တယ် ဧကရာဇ် ၁၄ ယောက်၏ ဝန်းရံမှုကို ခံထားရ၍ ဖြစ်ပေသည်။ သူ အန်းရွယ်ချန်းမှာ မိုဝူကျိနှင့် တစ်ယောက်တည်း ရင်ဆိုင်ရခြင်း ဖြစ်၏။
သိုလှောင်လက်စွပ်နှင့် သဘာဝအမြုတေတို့ကို မိုဝူကျိက သိမ်းယူလိုက်သည်။ ထိုစဉ် ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်၌ လေ့လာသူ အများအပြား ရောက်ရှိနေကြသော်လည်း တာအိုကွင်းပြင်မှာ ယခင်ကထက်ပင် တိတ်ဆိတ်နေသေး၏။
တာအိုဆွေးနွေးခြင်း စင်မြင့်မှ မီတာ ၃၀ ရှည်လျားသည့် လျိုကြီး ထွက်ပေါ်နေပြီး ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင် အလယ်၌ အနက်ရာကြီး ကျန်ရှိနေသည်။
“……”
ယန်ဝေက သူ့တုန်လှုပ်မှုမှ ပြန်အသိဝင်မလာသေးပေ။ မိုဝူကျိက တစ်ယောက်တည်းဖြင့် စကြဝဠာအစွန်း၏ မဟာဧကရာဇ် အန်းရွယ်ချန်း အပါအဝင် အင်မော်တယ် ဧကရာဇ် ၁၆ ယောက်လုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
ဤသို့မျိုး အင်အားမှာ တာအိုဧကရာဇ်များ ဖြစ်နေနိုင်မလား …
တာအိုဧကရာဇ်ပင် ထိုမျှ အားမကောင်းနိုင်ပေ။ လက်တွေ့၌ ဤမျှအထိ ကျင့်ကြံလာခဲ့ပြီးနောက် ယန်ဝေအနေနှင့် တာအိုဧကရာဇ်အဆင့်က အင်မော်တယ် ဧကရာဇ်အဆင့် အတွင်းသာ ရှိကြောင်း ကောင်းကောင်း သိလာပေသည်။ တာအိုဧကရာဇ်များက အခြားသော အင်မော်တယ် ဧကရာဇ်များထက် မိုးမြေစည်းမျည်းများအပေါ် နားလည်စွမ်း ပိုမြင့်မားခြင်းသာ ဖြစ်၏။
“ ညီလေးမို …. ကျုပ်တို့ ဒီလို ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးဗျာ ” ဖုန်းဟွမ်၏ ပျော်ရွှင်မြူးနေသည့် အသံကို ကြားလိုက်ရပြီးနောက် သူ့ပုံရိပ်မှာ လျှောက်လှမ်းလာသည်။
မိုဝူကျိက ဖုန်းဟွမ်၏ စရိုက်အနေအထားအကြောင်း ကောင်းစွာ သိထား၏။ ဤလူက သူ့ကိုယ်ပိုင် အကျိူးအတွက်သာ လုပ်သောသူ ဖြစ်၏။ သူက လူသားမျိုးနွယ်အတွက် ကူပြောပေးသည်ကို ထည့်ကြည့်စရာ မလိုပေ။ ထိုအရာမှာ သူက မိုဝူကျိအပေါ် ကြောက်ရွံ့မှုနှင့် လေးစားမှုကြောင့်သာ ဖြစ်ပေမည်။ စကားနည်းနည်း ဝင်ပြောပေးခြင်းက ဘာမှမ ဆုံးရှုံးစရာ မရှိပေ။ သူ့အနေနှင့် မိုဝူကျိနှင့် ပိုရင်းနှီးကျွမ်းဝင်သွားနိုင်သည် မဟုတ်ပါလော။ ဘာကြောင့်များ မလုပ်ဘဲ နေရမည်နည်း။
မိုဝူကျိကလည်း မထူးမခြားနားစွာ ပြောလိုက်သည် “ ကျုပ်တို့ လူသားမျိုးနွယ်ဘက်ကနေ ကူပြောပေးတဲ့အတွက် တာအိုသခင်ဖုန်းကို ကျေးဇူးတင်ပါတယ်။ အခု ကျုပ်က စကြဝဠာအစွန်းရဲ့ အင်မော်တယ် ဧကရာဇ်အချို့ကို မတော်တဆ သတ်လိုက်မိတာ တာအိုသခင်ဖုန်းဘက်က နားလည်ပေးဖို့ မျှော်လင့်ပါတယ် ”
ဖုန်းဟွမ်က မြန်မြန် ပြောလိုက်သည် “ ညီလေးမို မင်းစကားတွေက မသင့်တော်ပါဘူး။ ကျုပ်က ညီလေးမိုနဲ့ ရင်းနှီးလာတာ ကြာလှပြီကို စကားနည်းနည်းလေး ပြောပေးတာအတွက် ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ညီလေးမို သတ်လိုက်တဲ့လူတွေက စကြဝဠာအစွန်းရဲ့ ဂုဏ်သတင်းကို ဖျက်စီးနေကြတဲ့သူတွေပါဗျာ …. အခု ညီလေးမိုက သတ်လိုက်ပြီဆိုတော့ ကျုပ် ဖုန်းဟွမ်ကို အကြီးကြီး ကူညီပေးလိုက်တာလို့တောင် ယူဆလို့ ရပါတယ် ”
ဖုန်းဟွမ်က လျှောက်ပြောနေခြင်း မဟုတ်ပေ။ ယခု မိုဝူကျိ၏ သတ်ဖြတ်မှုများက သူ့အား အမှန်တကယ် ကူညီပေးလိုက်ခြင်း ဖြစ်၏။ အကယ်၍ သူက မိုဝူကျိအား မိတ်ဆွေဖွဲ့လိုခြင်း အချက်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ဤနေရာပင် ရှိနေမည် မဟုတ်ပေ။ ထို့အစား သူက စကြဝဠာအစွန်းအား ထိန်းချုပ်ဖို့ လုပ်ဆောင်ပေလိမ့်မည်။
လက်ရှိ စကြဝဠာအစွန်း၏ တာအိုသခင် နယ်မြေတွင် မြောက်များစွာသော နေရာလွတ်များ ရှိနေလေရာ သူ ဖုန်းဟွမ်အနေနှင့် သေချာပေါက် တစ်ခါတည်းဖြင့် ထိန်ချုပ်မှု ရအောင် ယူရမည်။
မိုဝူကျိက ဖုန်းဟွမ်၏ စိုးရိမ်ကြောင့်ကြမှုကို ခံစားမိသောကြောင့် လက်ဝှေ့ပြကာ ပြောလိုက်၏ “ တာအိုသခင်ဖုန်း လုပ်စရာရှိတာ အရင်လုပ်လိုက်ပါ။ ကျုပ်လည်း အရင်က အကြွေးလေး သွားသိမ်းလိုက်ဦးမယ်။ ပြီးတော့ တာအိုသခင်ဖုန်းနဲ့ အရင်က အကြောင်းတွေ ပြန်ပြောကြတာပေါ့ ”
ဖုန်းဟွမ်လည်း မိုဝူကျိ၏ ရည်ရွယ်ချက်ကို သိပေသည်။ မိုဝူကျိက ဟဲရှီးအဖွဲ့နှင့် မီဖေးကုန်သွယ်ရေး အဖွဲ့အား သွားရောက်၍ ဖျက်စီးလိုခြင်း ဖြစ်၏။
“ ကောင်းပါပြီ အဲဆို ညီလေးမိုဆီ နောက်မှ လာခဲ့ပါ့မယ် ” ဖုန်းဟွမ်က မြန်မြန် ပြောပြီး ထွက်ခွာသွားလေ၏။
မိုဝူကျိအနေနှင့် ဖုန်းဟွမ် လုပ်မည့် ကိစ္စအား အရေးမစိုက်ပေ။ ထို့အစား သူက မီဖေးကုန်သွယ်ရေး အဖွဲ့သို့ သွားလိုက်သည်။ သူက ဟဲရှီးအဖွဲ့အား စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပြီးလေပြီ။ အန်းရွယ်ချန်း အသတ်ခံရပြီးနောက် အထဲရှိ လူအများစုမှာ ထွက်ပြေးသွားကြပြီ ဖြစ်၏။ ဟဲရှီးအဖွဲ့အောက်တွင် မြှပ်နှံထားသော အင်မော်တယ်သွေးကြော နှစ်ခုအပြင် မိုဝူကျိအနေနှင့် ဘာမှသဘောကျစရာ မကျန်ရှိနေပေ။
မီဖေးကုန်သွယ်ရေး အဖွဲ့မှာ ခြားနားပေသည်။ အမှန်တော့ အထဲတွင် အင်မော်တယ်အဆီအနှစ် ရေကန်တစ်ခု ပါရှိနေ၏။
“ အိမ်တော်သခင်မို ….” မိုဝူကျိ တစ်ယောက် မီဖေးကုန်သွယ်ရေး အဖွဲ့ဆီ ရောက်ရှိလာသည်နှင့် ကတုံးပြောင်ပြောင် အမျိုးသားတစ်ဦးက ထွက်လာကာ မိုဝူကျိအား နှုတ်ဆက်လိုက်သည်။
မိုဝူကျိက စကြဝဠာအစွန်း၏ အင်မော်တယ် ဧကရာဇ် အယောက် ၂၀ နီးပါးအား သတ်လိုက်သည့်အကြောင်းအား မပြောလျှင်ပင် မိုဝူကျိ၏ စိတ်စွမ်းအား ကျရောက်လာသည်နှင့် သူ လာတော့မည် ဖြစ်ကြောင်း သတိပေးပြီးသား ဖြစ်နေ၏။
“ ခင်ဗျားက ချင်းယီစာလား ….. ” မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင်သည် ချင်းယီစာအမည်ရှိ တာအိုဧကရာဇ် တစ်ဦး ဖြစ်ကြောင်း သိထားပေသည်။
ချင်းယီစာက စိတ်ထဲမှ အကြောက်တရားနှင့် ဒေါသတရားတို့ကို အတင်းကျပ် ချိုးနှိမ်ထားလိုက်ပြီး လက်နှစ်ဖက် ယှက်ကာ “ ဟုတ်ပါတယ် … ကျုပ်က မီဖေးကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင် ချင်းယီစာပါ။ အရင်တုန်းက ကျုပ်ရဲ့ မီးဖေးကုန်သည်အိမ်တော်နဲ့ အိမ်တော်သခင်မိုနဲ့ ပဋိပက္ခတချို့ ဖြစ်ခဲ့တယ်။ ကျုပ် အဲအချိန်တုန်းက စကြဝဠာအစွန်းမှာ ရှိမနေတာ ကံဆိုးတာပါပဲ …. ကျုပ် ပြန်ရောက်လာတော့ အဖြစ်အပျက်အတွက် ကိုယ့်ဘာသာ အပြစ်တင်မိနေတာပါ ”
အင်မော်တယ် ဧကရာဇ် အယောက် ၂၀ နီးပါး ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် မိုဝူကျိက သူတို့အားလုံးကို သတ်ပြီး ထိခိုက်ဒဏ်ရာမရှိ ထွက်လာနိုင်ခဲ့သည်။ ထိုသည်မှာ သူ ချင်းယီစာပင် လုပ်နိုင်မည့် အရာ မဟုတ်ပေ။ မဟုတ်လျှင် မိုဝူကျိက စိတ်စွမ်းအားကို သုံး၍ မီဖေးကုန်သွယ်ရေး အဖွဲ့၏ အတားအဆီးများကို ချိုးဖျက်လိုက်သည့် အပြုအမူကပင် မိုဝူကျိအား သတ်ပစ်ရန် အကြောင်းအရင်း လုံလောက်နေလေပြီ။
“ အို …” မိုဝူကျိက လေးတွဲ့စွာ ပြောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည် “ စောစောလေးက ကျုပ်ကို ဝိုင်းထားတဲ့ အင်မော်တယ် ဧကရာဇ် ၁၅ ယောက်ထဲမှာ မီဖေးကုန်သွယ်ရေးအဖွဲ့က ဘယ်နှယောက်ပါလဲ … ”
“ ငါးယောက်ပါ။ ဒါပေမဲ့ သူတို့တွေ ထွက်သွားလိုက်တာကို ကျုပ် လုံးဝ မသိလိုက်ရပါဘူး။ ကျုပ်က တံခါးပိတ် လေ့ကျင့်နေတာပါ။ တာအိုရောင်းရင်းမို ရောက်လာပြီဆိုတာကို ကြားလို့ ပြေးထွက်လာတာပါ ..” ချင်းယီစာက တောင်းတောင်းပန်ပန် ပြောလိုက်သည်။
လက်တွေ့၌ သူက ထိုကိစ္စကို ဂရုမစိုက်ပေ။ သူက တာအိုဧကရာဇ် တစ်ဦး ဖြစ်၏။ သူက မိုဝူကျိအပေါ် သံသယတချို့ ရှိမိသော်လည်း သူက မိုဝူကျိသည် သူ့ကို ရင်ဆိုင်ရဲမည် မဟုတ်ကြောင်း ယုံကြည်ထားသည်။ သူ့အနေနှင့် မိုဝူကျိအား မျက်နှာသာပေး၍ အကျိုးမြတ်တချို့ ထောက်ပံ့ပေးလိုက်ရုံသာ ဖြစ်သည်။
မိုဝူကျိကို သတ်ဖို့ရာ ကိစ္စရပ်ကား သူ တစ်ယောက်တည်း လုပ်နိုင်သည့် ကိစ္စ မဟုတ်ပေ။ သူက နတ်ဘုရားမျိုးနွယ်မှ အဆင့်မြင့် ကျင့်ကြံသူများအပြင် တခြားအင်အားစုများနှင့် ပူးပေါင်းရမည်။ မိုဝူကျိက လူသားမျိုးနွယ် ဖြစ်သောကြောင့် လူသားမျိုးနွယ်သာ စကြဝဠာအစွန်း၌ အားကောင်းလာလျှင် မျိုးနွယ်စုများကြား ပဋိပက္ခများစွာ ဖြစ်လာပေမည်။
“ နတ်ဘုရားမျိုးနွယ်က အထက်ဘုံ စကြဝဠာမြို့ကို ဖျက်စီးပြီးတော့ လူသားမျိုးနွယ်က အစွန်းအဖျား ဥက္ကာခဲဆီ နောက်ဆုတ်လိုက်ရတယ်။ ကျုပ်ကြားတာတော့ မီဖေးကုန်သွယ်ရေး အဖွဲ့က တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ်မှ ကျုပ်တို့ လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေကို ခဏတိုင်း သတ်ဖြတ်ခဲ့တယ်ဆို ….. ” မိုဝူကျိ၏ လေသံမှာ သူနှင့် မသက်ဆိုင်သည့်အရာကို ပြောပြနေသည့်အလား တည်ငြိမ်နေလေ၏။
ချင်းယီစာက ရယ်မောကာ “ အဲလိုကိုး …. ဒါပေမဲ့ အိမ်တော်သခင်မိုလည်း ကောင်းကင်ဘုံအလွန် စကြဝဠာက အားကောင်းသူတွေပဲ စကားပြောခွင့်ရှိတဲ့ နေရာဆိုတာ သိမှာပါ။ တာအိုဆွေးနွေးခြင်းစင်မြင့်ပေါ်မှာ ရှုံးနိမ့်မှုကို ကာကွယ်ဖို့က မဖြစ်နိုင်ဘူးလေ။ တကယ်လို့ အိမ်တော်သခင်မိုက စကြဝဠာအစွန်းမှာ နေရာတစ်ခု ရထားရင် ဒီလိုကိစ္စမျိုးက နောက်ထပ် ဖြစ်လာမှာ မဟုတ်ဘူး”
လက်တွေ့၌ ဤသို့မျိုး ကိစ္စမှာ ချင်းယီစာ မျက်လုံးထဲ၌ ဘာမှမဟုတ်ပေ။ သေဆုံးသွားကြသူများမှာ အရေးမပါသည့်သူများသာ ဖြစ်၏။
စကြဝဠာအစွန်း၌ လူသားမျိုးနွယ်စုကို စကားပြောဆိုခွင့် မရှိဖို့ရာ မည်သူက ပြောထားလို့လဲ ….
သူ့မီဖေးကုန်သွယ်ရေး အဖွဲ့၌ပင် လူသားမျိုးနွယ် အင်မော်တယ် ဧကရာဇ် တစ်ယောက်ထက် ရှိပေသည်။
စကြဝဠာအစွန်း၌ လူသားမျိုးနွယ်စု ကျင့်ကြံသူများ အသတ်ခံနေရစဉ် သူတို့က တစ်ခုခုများ ဝင်ပြောခဲ့လို့လား …..
“ အရမ်းကို ကောင်းတယ် ” မိုဝူကျိ ထိုစကားကို ပြောပြီးသည်နှင့် သူ့စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်သည်။
ထိုစကားဝိုင်းတစ်ခုလုံး၌ မိုဝူကျိက အရမ်းကို တည်ငြိမ်နေပေသည်။ ချင်းယီစာက မိုဝူကျိသည် စွမ်းအားစက်ကွင်းကို ရုတ်တရက် ထုတ်လွှင့်လိုက်လိမ့်မည်ဟု မည်သို့ မျှော်လင့်ထားမည်နည်း။ မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ အားကောင်းလွန်းသောကြောင့် ချင်းယီစာအနေနှင့် ဘာမှမလုပ်နိုင်လိုက်ခင် စွမ်းအားစက်ကွင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။
အစကတည်းက ချင်းယီစာက မိုဝူကျိထက် အားနည်းနေပြီးသား ဖြစ်၏။ ယခု သူက မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်း ကျရောက်သွားသည့်အခါ အတော်လေး အရေးနိမ့်သွားပေသည်။
မိုဝူကျိက စွမ်းအားစက်ကွင်းကို ထုတ်လွှင့်လိုက်ရင်း စိတ်စွမ်းအင်မြှားမှာလည်း ဖြစ်ပေါ်လာပြီ ဖြစ်သည်။ ဤအရာက လွန်ဖာ၏ ဦးနှောက်ကို ပွင့်ထွက်သွားစေသည့် စိတ်စွမ်းအင်မြှားမျိုး မဟုတ်ပေ။ ဤသည်က သဏ္ဍာန်မဲ့သည့် စိတ်စွမ်းအင်မြှား ဖြစ်ပြီး အသိစိတ်ပင်လယ်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိ၏။
ထိုစဉ် ချင်းယီစာက ခက်ထန်ကြမ်းတမ်းသည့် ကျားတစ်ကောင်၏ စောင့်ကြည့်ခံနေရသလို ခံစားလာရပြီး တစ်ကိုယ်လုံးမှာ တုန်တုန်ယင်ယင် ဖြစ်လာသည်။ သို့သော်လည်း သူ့အနေနှင့် လုံးဝ မလှုပ်ရှားနိုင်ပေ။ သူက လှုပ်ရှားမှု အသေးလေး လုပ်မိလိုက်လျှင် ကျားအား ရန်စသလို ဖြစ်သွားမည်ကို ကြောက်ရွံ့နေဟန် ပေါ်သည်။
“ အိမ်တော်သခင်မို ကျေးဇူးပြုပြီး မတိုက်ပါနဲ့ … ကျုပ် ထွက်လာတဲ့အကြောင်းအရင်းက ခင်ဗျားကို လျော်ကြေးပေးဖို့ပါ ”
“ ဝှစ်” မျက်လုံးဖြင့် မမြင်ရသည့် စိတ်စွမ်းအင်မြှားက လေဟုန်ခွင်း၍ ထွက်ပေါ်သွားလေပြီ။ ထိုသည်က ချင်းယီစာ၏ နဖူးတည့်တည့်သို့ ဝင်ရောက်သွားလေ၏။
ထိုစဉ် ချင်းယီစာအနေနှင့် မိုဝူကျိက လျော်ကြေးအတွက် မဟုတ်ဘဲ သူ့ကို သတ်ဖို့ရာ ရောက်လာကြောင်း မည်သို့ မသိဘဲ နေမည်နည်း။
သူက ဘယ်သူကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူက အင်မော်တယ် ဧကရာဇ် စွမ်းအားစက်ကွင်းကို မြန်မြန် ရုတ်သိမ်းလိုက်ပြီး အနက်ရောင် အကာအကွယ်ဒိုင်းအား ထုတ်လိုက်သည်။
သူက အနက်ရောင် ဒိုင်းကို မထုတ်နိုင်လိုက်ခင် အသက်ဓာတ်မှာ စုပ်ယူခံနေရကြောင်း ခံစားလာရ၏။ သေခြင်းတရား စွမ်းအားများက သူ့ကို ဆက်တိုက် လွမ်းခြုံလာသည်။
မဟုတ်သေးဘူး ….. ဒါက စိတ်စွမ်းအင်မြှားပဲ ….
ချင်းယီစာ ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ယင်လာလေ၏။ သူက တာအိုဧကရာဇ် တစ်ယောက် ဖြစ်သောကြောင့် သူ့အနေနှင့် စိတ်စွမ်းအင်မြှားမှာ စိတ်စွမ်းအင် တိုက်ခိုက်မှုများကြား၌ အခက်ခဲဆုံး ဖြစ်ကြောင်း သိထားသည်။ စိတ်စွမ်းအင်မြှားကို အဆင့်မြင့်ဆုံး မှော်ရတနာနှင့်သာ ကာကွယ်နိုင်လေ၏။
သူ ချင်းယီစာက ချမ်းသာသော်လည်း ထိုသို့ရတနာ ဝယ်ယူနိုင်လောက်သည့်အထိ မချမ်းသာသေးပေ။
ယခု စိတ်စွမ်းအင်မြှားက ယခင် သူ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် နှစ်ယောက်ကို သုံးခဲ့သည့်အရာနှင့် မတူပေ။ ယခင်က သူ ဒဏ်ရာရရှိထားပြီး အခြားသော အင်မော်တယ် ဧကရာဇ် ခြောက်ယောက်နှင့်လည်း ရင်ဆိုင်နေရသည်။ ဤတစ်ကြိမ်၌ မိုဝူကျိက ချင်းယီစာနှင့် တစ်ယောက်ချင်း ထိပ်တိုက်တွေ့နေခြင်းသာ ဖြစ်ရာ သူ့အနေနှင့် ချုပ်ထိန်းထားဖို့ရာ မလိုပေ။ ချင်းယီစာက အားကောင်းနေလျှင်ပင် သူ့အနေနှင့် စိတ်စွမ်းအင်မြှားကို လျစ်လျူရှုထားနိုင်လောက်သည့်အထိ အားကောင်းမည် မဟုတ်ချေ။
ချင်းယီစာက အသက်သွေးကို နှိုးဆွလိုက်သည်။ မူလက မိုဝူကျိအား သူ ချင်းယီစာက ရန်စ၍ မရသည့်သူမှန်း သိစေရန် လျို့ဝှက်တိုက်ကွက်တချို့နှင့် ရင်ဆိုင်လိုပေသည်။ ထို့နောက် သူက မိုဝူကျိအား ညှိနှိုင်းဆွေးနွေးကြည့်မည် ဖြစ်သော်လည်း ယခုတွင်မူ ချင်းယီစာက ထိုသို့အတွေးမျိုး မရှိတော့ချေ။ သူ့စိတ်ထဲ၌ တစ်ခုတည်းသော အတွေးမှာ စကြဝဠာအစွန်းမှ မြန်မြန် ထွက်သွားနိုင်ရန်သာ ဖြစ်၏။
ပြင်းထန်လွန်းသည့် နာကျင်မှုက ကြီးစိုးလာသည်။ ချင်းယီစာက သူ့အသိစိတ်ပင်လယ်အတွင်းမှ အက်ကွဲသံကိုပါ ကြားလိုက်ရ၏။ သူ့စိတ်မှာ လေးလံသွားပေသည်။ သူ့အသိစိတ်ပင်လယ်မှာ ကြေမွလာလေပြီ။ အကယ်၍ ဤသို့ဆက်ဖြစ်နေပါက သူ့အနေနှင့် သေချာပေါက် သေဆုံးပေလိမ့်မည်။
ချင်းယီစာက အဆောင်ကို မြန်မြန် ထုတ်ယူလိုက်သည်။ သူက အဆောင်ကို အသက်မသွင်းလိုက်နိုင်ခင် သူ့ဘေးပတ်လည်ရှိ တည်နေရာမှာ တင်းကျပ်လာလေ၏။ ထို့နောက် သူက မီးတောက် ဖုံးလွှမ်းနေသည့် လက်သီးချက်အား မြင်လိုက်ရသည်။ ဤတစ်ကြိမ်၌ မိုဝူကျိက သူ့ဝဲကတော့ စွမ်းအားစက်ကွင်းပင် ထုတ်မသုံးလိုက်ချေ။ မီးတောက် ဖုံးလွှမ်းနေသည့် လက်သီးချက်က ချင်းယီစာ၏ စက်ကွင်းအား ဖျက်စီးသွားသည်။
ထိုသည်မှာ အာကာသ စည်းမျည်း၏ အငွေ့အသက်များ ဖြစ်၏။
ထိုစဉ် ချင်းယီစာ၏ စိတ်ထဲ၌ နောင်တ တစ်ခုသာ ကျန်ရှိတော့သည်။ သူက မိုဝူကျိနှင့် သူ့ကြားရှိ ကွာဟချက်မှာ ဤမျှကြီးမားနေလိမ့်မည်ဟု မသိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုအရာကို သိခဲ့လျှင် သူ့အနေနှင့် လွတ်မြောက်ဖို့ တွေးမိမည် မဟုတ်ပေ။ အသက်ကို စတေး၍ မိုဝူကျိနှင့် ရင်ဆိုင်မိပေမည်။ သူက မိုဝူကျိအား မသတ်နိုင်လျှင်ပင် သူက မိုဝူကျိအား ဒဏ်ရာအပြင်းအထန် ပေးစေနိုင်ခြင်းကပင် ကောင်းနေလေပြီ။
“ ဘုန်း ”အသိစိတ်ပင်လယ် ကြေမွသွားသော ချင်းယီစာက မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်အောက်တွင် အသားစိုင်ရည် ဖြစ်သွားတော့သည်။
***