အပိုင်း(၄၈၀)
Vol. 32 Ch. 480
“အား”
သွေးပျက်ဖွယ် အော်ဟစ်သောအသံတစ်ခုက ရှစ်ကျင်းရွှိုက်၏ ပါးစပ်မှထွက်ပေါ်လာသည်။ အဘွားအို၏ ဝိညာဉ်က ရုတ်တရက် သူ၏ ရှေ့တွင်ပေါ်လာ၏။ သူက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူသိုင်းသမားတစ်ယောက်ဖြစ်
လင့်ကစား ဘာမှန်းမသိသော သတ္တဝါတစ်ခုကရုတ်တရက်ကြီးပေါ်လာသောအခါတွင် သူထိတ်လန့်သွားရဆဲဖြစ်သည်။
သူ့ရှေ့တွင်ရှိသော ဖြူဖျော့သည့် အဘွားအိုမှာ ကြယ်နှစ်ပွင့် သူတော်စင်နယ်ပယ် သူလိုလူတစ်ယောက်အတွက်ကြောက်စရာမကောင်းသည်ကို ရှစ်ကျင်းရွှိုက်သိသည်ဖြစ်သည်။ ရှစ်ကျင်းရွှိုက် ထိတ်လန့်သွားရခြင်းက သူ၏ နှလုံးသားကြောင့်ဖြစ်သည်။
ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ ရှက်ကိုးရှက်ကန်းဖြစ်နေသော မျက်နှာအားကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်ခေါင်းခါယမ်းလိုက်သည်။သူ၏ ညာလက်အားဆန့်ထုတ်လိုက်ပြီး အဘွားအို၏ဖြူဖျော့သောမျက်နှာကို
ဆုပ်ကိုင်လိုက်၏။
ထို့နောက် အဘွားအို၏ ဖြူဖျော့သောမျက်နှာမှာရှစ်ဖုန့်၏လက်အတွင်း၌ သိသိသာသာကို ပြောင်းလဲသွားသည်။ သူမမှာလွန်စွာတုန်လှုပ်နေပြီး သူမမြင်နေရသည်အား မယုံကြည်နိုင်ဖြစ်နေသည်။
မူလက ဤလူစိမ်းနှစ်ယောက်အားလာရောက်ခြောက်လှန့်ပြီး သူတို့၏ကြောက်စိတ်ဝင်မှုအား အခွင့်ကောင်းယူ၍ သူတို့၏ ယန်စွမ်းအင်နှင့် ဝိညာဉ်များအား စုပ်ယူရန်သူမစိတ်ကူးခဲ့သည်။သူမအနေဖြင့် အခြားတစ်စုံတစ်ယောက်၏လက်အတွင်း သက်ဆင်းရလိမ့်မည်ဟုတော့လုံး
ဝထင်မထားခဲ့ချေ။
ဤအချိန်တွင် အဘွားအို၏ မကောင်းဆိုးဝါးဝိညာဉ်မှာ သူမ၏ ဝိညာဉ်တစ်ခုလုံး၌ဆန်းကြယ်သော အားတစ်ခုက သွားလာနေပြီး ယင်းက သူမ၏ တစ္ဆေခန္ဓာကိုယ်အား အေးသည်ထက်အေးစက်လာစေသည်ကိုခံစားရသည်။ သူမလုံးဝလှုပ်ရှားနိုင်ခြင်းမရှိချေ။
ထို့နောက် ရှစ်ဖုန့်က အဘွားအိုအား မြှောက်တင်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်.
“အား”
နာကျင်မှုတို့ဖြင့်ပြည့်နှက်နေသည့် အဘွားအို၏ ဖြူဖျော့သောမျက်နှာထံမှ နာကျင်မှုအပြည့်ဖြင့်အော်သံများ
ထွက်ပေါ်လာသည်။
အစောပိုင်းကထိတ်လန့်နေခဲသော ရှစ်ကျင်းရွှိုက်မှာ ဖြည်းဖြည်းချင်း အသိတို့ပြန်ဝင်လာသည်။ ရုတ်ခြည်းရှစ်ဖုန့်က သူ့အားခြောက်လှန့်သော တစ္ဆေအားဆုပ်ကိုင်ထားပြီး ကြမ်းပြင်ပေါ်သို့ ခွေးသေတစ်ကောင်ကဲ့သို့ကိုင်ပေါက်လိုက်သည်ကို သူတွေ့လိုက်ရသည်။ရှစ်ကျင်းရွှိုက်မှာ အံ့အားသင့်စွာဖြင့်မျက်လုံးအပြူးသား
စိုက်ကြည့်မိပြီး တီးတိုးရေရွတ်လိုက်သည်။
“ဒါက…ဒါက အရမ်း မရက်စက်လွန်းဘူးလား. ..ဒီအရာက တကယ်ပဲ အရမ်း အသုံးမကျတာလား”
ရှစ်ဖုန့်အားကြည့်နေရင်းရှစ်ကျင်းရွှိုက်မှာသူ၏အစောပိုင်းက အခက်ကြုံမှုအား ပြန်အမှတ်ရမိပြီး သူ၏မျက်နှာထက်၌ရှက်ရွံ့မှုတို့ဖြည့်ပြည့်
နှက်နေ၏။
“ဒီသက်ကြားအိုကြီးက ခုဏက ပေါ်လာသလိုမဟုတ်ပဲ အရမ်းအသုံးမကျဖြစ်လိမ့်မယ်လို့ ငါမထင်ထားမိဘူး”
ရှစ်ကျင်းရွှက်မှာကြမ်းပြင်ထက်မှ မကောင်းဆိုးဝါး ဝိညာဉ်အားငုံ့ကြည့်၍ ခေါင်းကိုခါယမ်းရင်းရှစ်ဖုန့်ကိုပြောလိုက်သည်။
“ဒီမကောင်းဆိုးဝါးဝိညာဉ်ကို နားလည်မှုမလွဲနဲ့. ခင်ဗျားရဲ့ကျင့်ကြံမှုက ကြယ်နှစ်ပွင့် သူတော်စင်နယ်ပယ်အဆင့်ဖြစ်ပြီ ဒီမကောင်းဆိုးဝါးက ဝိညာဉ်က အဆင့်သုံး စိတ်ဝိညာဉ်နယ်ပယ်အဆင့်ဖြစ်တယ်ဆိုပေမဲ့ သူ့ကြောင့် ခင်ဗျားကြောက်လန့်သွားတဲ့အချိန်မှာ ခင်ဗျားရဲ့ ချီနဲ့သွေးက ပရမ်းပတာဖြစ်လာတယ်.. ခုဏက ခင်ဗျားကိုယ်ပေါ်က အဲ့အခိုက်အတန့်ကို အခွင့်ကောင်းယူပြီးတော့ သူက ခင်ဗျားရဲ့ ယန်စွမ်းအင်ကိုစုပ်ယူပြီးတော့ ခင်ဗျားရဲ့ဝိညာဉ်ကို ဝါးမျိုမလို့လုပ်နေတာ”
ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။
“ညီလေးရှစ်.. ဒါက မင်းပြောသလောက်လဲမဆိုးလောက်ပါဘူးကွာ .ဟုတ်ကောဟုတ်ရဲ့လား”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က အကြောက်တရားတို့စွဲထင်စွာဖြင့်
ပြောလိုက်သည်။ အကယ် ရှစ်ဖုန့်ပြောသည်သာ အမှန်ဆိုလျှင် အစောက သူ၏ဝိညာဉ်မှ ဖျက်စီး ခံရလုနီးပါး ဖြစ်ခဲ့သည်ဖြစ်သည်။ သို့သော် ရှစ်ဖုန့်က ဤ မကောင်းဆိုးဝါး ဝိညာဉ်အား နှိမ်နင်းခဲ့ပြီး သူ၏အသက်အားကယ်တင်ခဲ့သည်ဖြစ်သည်။
ရှစ်ဖုန့်က ပြုံးလိုက်ပြီး ဘာမှမပြောပေ။ ထို့နောက် သူက ဝိညာဉ်စွမ်းအားအား အသက်သွင်းလိုက်၏။
“အား”
ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားအောက်၌ ယင်ဝိညာဉ်ခန္ဓာကိုယ်
အဘွားအို၏ ဖြူဖျော့နေသောမျက်နှာ၌ လွန်စွာနာကျင်သော အမူအယာတို့ဖြစ်ပေါ်လာသည်။
သူမကဝမ်းနည်းကြေကွဲဖွယ်အော်ဟစ်လိုက်ပြီး ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအား အောက်၌ ခြေမွ၍ ဝါးမျိုခြင်းခံလိုက်ရသည်။
“ဘာ..အဲ့တာက ဘာဖြစ်သွားတာလဲ”
မကောင်းဆိုးဝါးဝိညာဉ်က လွန်စွာနာကျင်စွာဖြင့် ပျောက်ကွယ်သွားသည်ကိုတွေ့
လိုက်ရသောအခါတွင် ဝိညာဉ်စွမ်းအားအားလုံးဝ
ကျင့်ကြံဖူးခြင်းမရှိသော ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားနားလည်ရခက်နေသောမျက်နှာဖြင့်မေးလိုက်သည်။ သူ့အနေဖြင့် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားဝါးမျိုခြင်းကို ပင်ကိုယ်အားဖြင့်အာရုံခံနိုင်ခြင်းမရှိပေ။
“နောက်ထပ် မကောင်းဆိုးဝါးဝိညာဉ်တစ်ခု ဒီသခင်လေးနှိမ်နင်းတာကိုခံလိုက်ရတာ”
ရှစ်ဖုန့်က ပြောင်းလဲမှုမရှိသော မျက်နှာထားဖြင့်ပင်မေးလိုက်သည်။
“အင်း..”
ရှစ်ကျင်းရွှိုက် တုန့်ပြန်လိုက်သည်။ ၎င်းက တကယ်ကြီးတစ္ဆေများကို နှိမ်နင်းဖယ်ရှားပစ်နိုင်မည်ဟု သူမထင်ထားခဲ့ပေ။ သူကုန်းပတ်ပေါ်၌ရှိနေစဉ် စိတ်မချမ်းမြေ့ဖွယ်အော်သံတစ်ခုကိုလည်းကြားခဲ့ရသေးသည်ဖြစ်သည်။ မူလက ရှစ်ဖုန့်နောက်နေသည်ဟု သူထင်ထားခဲ့သော်လည်း ၎င်းက အမှန်ဖြစ်နေလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။
ထို့နောက် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။
“စိတ်ကို လျော့ထား.ဒီအရာတွေကို မကြောက်နဲ့.. ခင်ဗျားက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ပဲ. သာမန်အဆင့်နိမ့် မကောင်းဆိုးဝါးဝိညာဉ်တွေကိုခင်ဗျားကို မထိခိုက်စေနိုင်ဘူး”
ထို့နောက် ရှစ်ဖုန့်က ရှေ့သို့ လျှောက်သွားလိုက်ပြီးရှစ်ဖုန့်၏ စကားများအား စဉ်းစားကာ မှင်တွေစွာ ဖြင့်ရပ်နေသော ရှစ်ကျင်းရွှိုက်ဘေးမှထွက်ခွာသွားသည်။
သို့သော် ရှစ်ဖုန့်က သူနှင့်ဝေးသည်ထက်ဝေးသွားသည်အားရှစ်ကျင်းရွှိုက်သဘောပေါက်လိုက်သောအခါတွင် ရုတ်တရက်အသိပြန်ဝင်လာပြီး အော်ပြောလိုက်၏။
“ညီလေးရှစ်. ငါ့ကို စောင့်ပါအုံး”
ရှစ်ကျင်းရွှိုက်က အော်ပြီး ပြေးသွားလိုက်သည်။ တစ္ဆေသင်္ဘောသို့ သူဝင်ရောက်သောအခါတွင် သူထပ်မံထိတ်လန့်သွားသည်။ရှစ်ကျင်းရွှိုက်မှာ သူ့လက်အတွင်းရှိ စက္ကူယပ်တောင်နှင့် ပုံမှန်ခန့်ညားသာ သူတစ်ယောက်ထပ်ပြီးဟုတ်မနေတော့ပေ။
သင်္ဘောအခန်းက ခြောက်ခြားဖွယ်တိတ်ဆိတ်နေသည်။ ရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်တို့က ဟောင်းနွမ်းပြီး ကျိုးပဲ့နေသော သစ်သားကြမ်းပြင်ပေါ်ခြေချလိုက်သည်။သူတို့၏ ခြေလှမ်းများအောက်၌ သစ်သားကြမ်းပြင်မာ တကျွီကျွီနှင့် နားစူးသော အသံကို ထုတ်လွှတ်နေပြီး အနည်းငယ်လှုပ်ခါနေသည်။ အကယ်၍သူတို့သာ၎င်းအပေါ်၌ အနည်းငယ်ခပ်ကြမ်းကြမ်းနင်းခဲ့လျှင် သူတို့၏ခြေလှမ်းများကြောင့် ကျိုးပဲ့နေသာသစ်သားကြမ်းပြင်မှာ အက်ကွဲ၍ ကျိုးကျလိမ့်မည်ဟု ရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်တို့ခံစားရသည်။
“ကျွီ..ကျွီ..ကျွီ..”
ခြောက်ခြားဖွယ်တိတ်ဆိတ်နေသော အမှောင်ထုအတွင်း၌ သစ်သားကြမ်းပြင်မှ အသံတကျွီကျွီက ပဲ့တင်ထပ်ထွက်ပေါ်နေသည်။
“ကျွီ..ကျွီ..ကျွီ”
ရုတ်တရက်နှစ်ယောက်သား ခြေလှမ်းများရပ်တန့်လိုက်သော်လည်း တကျွီကျွီအသံက မှုန်မှိုင်းနေသော အခန်းအတွင်း၌ ဆက်လက်ပဲ့တင်ထပ်နေဆဲဖြစ်သည်။
ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ သူတို့ရှေ့ရှိ ဘာမှရှိမနေသောအခန်းအားကြည့်လိုက်သည်။ တကျွီကျွီအသံက သူတို့ရှေ့ရှိ အမှောင်ထုအတွင်းမှလာနေခြင်းဖြစ်သည်။၎င်းကမလှမ်းမကမ်းမှစီးချက်ညီညီဖြင့် တစ်လှမ်းခြင်းလာနေခြင်းဖြစ်သည်။ ထို့နောက် အရိုးစိမ့်အောင်အေးသော လေးအေးက ဘာမှမရှိသော အမှောင်ထုအတွင်းတိုက်ခတ်လာသည်။
ရှစ်ကျင်းရွှိုက်၏ အမူအယာမှာ စိုးရိမ်နေပြီးမထိန်းထားနိုင်ဘဲ ရှစ်ဖုန့်အနားသို့နီးကပ်စွာတိုးလာသည်။
“ကျွီ….ကျွီ…ကျွီ..ကျွီ..”
ကြမ်းတမ်းသော တကျွီကျွီအသံက နီးသည်ထက်နီးလာသကဲ့သို့ လူသားခန္ဓာကိုယ်နှင့်ခွေးဦးခေါင်း
နှစ်လုံးပါရှိသော ထူးဆန်းသည့်သတ္တဝါတစ်ကောင်က ဘာမှမရှိသောအမှောင်ထုအတွင်း သူတို့ရှေ့မှောက်၌ပေါ်လာသည်ကို ရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်တို့တွေ့လိုက်ရသည်။
၎င်း၏ခန္ဓာကိုယ်က အရမ်းကြီးမားပြီး သုံးမီတာကျော်မြင့်မားသည်။ ခွေးဦးခေါင်းနှစ်လုံးရှိ ခွေးမျက်လုံးလေးလုံးမှာ နက်မှောင်သော အစိမ်းရောင်မီးတောက်တို့
တောက်လောင်နေသည်။၎င်းက ဤနေရာသို့ ချင်းနင်းဝင်ရောက်လာသော ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အား ဒေါသထွက်စွာဖြင့်တစ်ချက်ကြည့်လိုက်သည်။ ၎င်း၏မျက်နှာက ခက်ထန်ကြမ်းကြုတ်နေသည်။၎င်းက ၎င်း၏ ခွေးပါးစပ်ကို ဟ၍ ထက်ရှသော အစွယ်များလှစ်ဟာထွက်ပေါ်လာသည်။ ၎င်း၏ အစွယ်တစ်ချောင်းစီ၌ နက်မှောင်သောအစိမ်းရောင်မီးတောက်တို့တောက်လောင်နေ၏။
“ဒါက ဘာသောက်ကျိုးနည်းဟာကြီးလဲ”
ရှစ်ကျင်းရွှိုက် က ခေါင်းလှည့်၍ ရှစ်ဖုန့်အားမေးလိုက်သည်။
သူတို့ရှေ့ရှိထူးဆန်းသော သတ္တဝါအားကြည့်၍ ၎င်းက ကြမ်းကြုတ်ခက်ထန်ပြီး မူမမှန်သော ပုံသဏ္ဍန်ရှိသော်လည်း ဖြူဖျော့သော မျက်နှာနှင့်ရုတ်တရက် ပေါ်လာသော မကောင်းဆိုးဝါးတစ္ဆေလောက်တော့ကြောက်စရာမကောင်းပေ။
“ဒီသခင်လေးမသိဘူး. ဒီလိုအရာမျိုးအရင်ကတစ်ခါမှမမြင်ဖူးဘူး”
ရှစ်ဖုန့်က ခေါင်းခါပြီးပြောလိုက်သည်။ ဤသတ္တဝါက တစ္ဆေတစ်ကောင်၊ နတ်ဆိုး သို့မဟုတ် လူသားတစ်ယောက်နှင့် မတူညီပေ။ ယင်းမှာရှစ်ဖုန့်အနေဖြင့် ဤကဲ့သို့ သတ္တဝါအားပထမဆုံးအကြိမ်မြင်
တွေ့ဖူးခြင်းဖြစ်သည်။
“ခေါင်းနှစ်လုံး နတ်ဆိုးခွေး”
ဤအချိန်တွင် ရှစ်ဖုန့်၏ ကိုယ်အတွင်းမှကောင်းကင်မီးတောက်က ရုတ်တရက်ပြောလိုက်သည်။
“ခင်ဗျားဒါကိုသိတာလား”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်အားသူ၏ ဝိညာဉ်စွမ်းအားဖြင့်ဆက်သွယ်
မေးမြန်းလိုက်သည်။ ထို့နောက်သူက ပြောလိုက်သည်။
“ဒီတော့ ဒီသတ္တဝါက ခင်ဗျားတို့ခေတ်ကလား”
အကယ်၍ဤသတ္တဝါက ကောင်းကင်မီးတောက်ခေတ်ကဆိုလျှင် ဤသတ္တဝါမှာ ရှေးခေတ်အချိန်ကာလက
ဖြစ်လိမ့်မည်ဖြစ်သည်။
“ဟုတ်တယ်.. ဒီလိုအဆင့်နိမ့်သတ္တဝါမျိုးရှိခဲ့တယ်..ဒီလိုသတ္တဝါမျိုးက အသိဉာဏ်အရမ်းနိမ့်ပြီး တော့ မြင်မြင်သမျှအခြားသက်ရှိကို ကိုက်လိမ့်မယ်..အဲ့အချိန်တုံးကတောင် ဒီကောင်တွေက မြင်ဖို့ခဲယဉ်းပြီး မျိုးသုဉ်းလုနီးပါးဖြစ်နေပြီ..”
ကောင်းကင်မီးတောက်ကပြန်ဖြေလိုက်သည်။
“ ဒီလိုမျိုးရှေးခေတ် မျိုးစိတ်မျိုးက ဒီသင်္ဘောပေါ်မှာရှိနေတာဆိုတော့ ဒီထူးဆန်းတဲ့သင်္ဘောကလည်း အဲ့ခေတ်ကာလကများဖြစ်နေမလား”
ရှစ်ဖုန့်က စိတ်ထဲမှ တွေးလိုက်သည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE