← Chapters

နှစ်ခုလုံးက ဖျက်စီးခြင်းကို အစပြုတယ်

Vol. 59 Ch. 817

နှစ်ခုလုံးက ဖျက်စီးခြင်းကို အစပြုတယ်

Vol. 59 Ch. 817

ဤသို့ စိတ်စွမ်းအား အသုံးလွန်ကဲမှုဖြင့် မိုဝူကျိ၏ စိတ်စွမ်းအား ပို၍ အားကောင်းနေလျှင်ပင် အသိစိတ်ပင်လယ် ခမ်းခြောက်သွားဖို့ နှစ်နာရီပင် မကြာလိုက်ပေ။

ဤတစ်ကြိမ်၌ မိုဝူကျိက ခရမ်းကန်ရေကန်မှ စိတ်စွမ်းအား ပြန်လည် ဖြည့်တင်းပေးသည့်အထိ မစောင့်နေတော့ချေ။ ထို့အစား သူက သဘာဝကျီဆေးလုံးတချို့ သောက်သုံးလိုက်ပြီး ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်ကို လှည့်ပတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်ကို လှည့်ပတ်လိုက်သည်နှင့် သူ့ခရမ်းရေကန်မှာ စိတ်စွမ်းအားကို အလျှင်အမြန် ဖြည့်တင်းပေးတော့သည်။ နောက်တစ်ဖန် မိုဝူကျိက သူ့အသိစိတ်ပင်လယ်မှာ ကျယ်ပြန့်လာပြီး ပို၍ အားကောင်းလာသည်ကို ခံစားမိလိုက်သည်။

“ ဝုန်း ” အသံတစ်သံ ထွက်ပေါ်လာကာ သူနှင့် ခွန်းဝူဓားကြားမှ ဆက်နွယ်မှု တစ်ခု ဖြစ်လာသလို ခံစားလိုက်ရသည်။ သူက ခွန်းဝူဓားမှ အာရုံလှုံ့ဆော်မှုကို ရှင်းရှင်းလင်းလင်း ခံစားမိနေပြီး ထိုအတွင်း၌ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ကိုလည်း ချက်ချင်း အာရုံခံမိလိုက်သည်။

အခု ငါက ခွန်းဝူဓားရဲ့ ပထမအလွှာ အတားအဆီးကို သန့်စင်နိုင်လိုက်တာလား ….

မိုဝူကျိက စိတ်ရှုပ်ထွေးနေမိသည်။ သူ၏ လက်ရှိစွမ်းရည်မှာ ယခင်ကထက် အဆတရာလောက် ပိုအားကောင်းနေသော်လည်း ခွန်းဝူဓားမှာ လော့ကျမ်းနှင့် အဆင့်တူတူလောက်သာ ရှိသင့်ပေသည်။

သူက အတားအဆီးကို ဖယ်ရှားပြီး သန့်စင်နိုင်ဖို့ တစ်ရက် ကနေ နှစ်ရက်ကြား အချိန်ယူသင့်တယ်မလား

သိုသော် ယခု နှစ်နာရီမျှပင် ရှိသေးပေသည်။

ထို့အပြင် သူက သန့်စင်နည်းလမ်း ကောင်းကောင်းပင် ထုတ်မသုံးလိုက်ရပေ။ သူက ခွန်းဝူဓားထဲ စိတ်စွမ်းအား အများအပြား ထည့်သွင်းပေးလိုက်ရုံမျှသာ ဖြစ်၏။

ယခု ခွန်းဝူဓားသည် မိုဝူကျိ၏ စိတ်စွမ်းအားကို အသည်းအသန် စုပ်ယူနေဆဲ ဖြစ်သည်။ အတားအဆီး၏ ပထမအလွှာမှာ သန့်စင်ပြီးသွားရုံသာမက မိုဝူကျိက စိတ်စွမ်းအားကို ဘာအတားအဆီးမှ မထားဘဲ ထုတ်လွှင့်နေလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက သဘာဝကျီဆေးလုံးများကို ဆက်တိုက် သောက်သုံးနေပြီး ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်ကို ဆက်တိုက် လှည့်ပတ်နေသည်။

သူ့စိတ်စွမ်းအားမှာ ကုန်ခမ်းသွားပြီး ပြန်လည် ဖြည့်တင်းလိုက်သည့် အချိန်တိုင်း မိုဝူကျိက သူ့အသိစိတ်ပင်လယ်သည် ဆက်တိုက် ကျယ်ပြန့်လာနေပြီး သိသိသာသာ တိုးတက်လာကြောင်း ခံစားမိနေသည်။ သို့သော်လည်း ခွန်းဝူဓား၏ ဒုတိယအလွှာမှာ ပင်လယ်တမျှ နက်ရှိုင်းနေသောကြောင့် သူ့အနေနှင့် အဆုံးသတ်ကို အာရုံမခံစားမိသေးပေ။

ရက်များစွာ ကုန်ဆုံးပြီးနောက် မိုဝူကျိက ရပ်တန့်လိုက်တော့သည်။ ခွန်းဝူဓား၏ ပထမအလွှာကို သန့်စင်ပြီးနောက် သူက စိတ်စွမ်းအား ပို့လွှတ်မှုအား ရပ်တန့်လိုက်သည်။ မဟုတ်လျှင် သူ့အနေနှင့် ခမ်းခြောက်သွားသည့်အထိ စုပ်ယူခံလိုက်ရပေမည်။ သူ့အသိစိတ်ပင်လယ်အတွင်းမှ ခရမ်းရေကန်က သူ့စိတ်စွမ်းအားကို ပြန်လည် အားဖြည့်ပေးနိုင်သော်ငြား သူ့အသက်ဓာတ် အဆီအနှစ်ကို အားပြန် ဖြည့်မပေးနိုင်ပေ။

သန့်စင်ပြီးထားသည့် ခွန်းဝူဓားက မိုဝူကျိရှေ့တွင် ပေါလော ပေါ်နေပြီး ယခင်ကနှင့် ဘာမှမကွာခြားသွားပေ။ ပို၍ပင် မှေးမှိန်သွားသေး၏။ သို့သော်လည်း မိုဝူကျိက ဓားအတွင်းမှ နိုင်လိုမင်းထက် စွမ်းအားကို ခံစားမိပေ၏။ သူက သူ့ခွန်းဝူဓားသည် အင်မော်တယ်လောကမှ အင်မော်တယ်နယ်မြေကိုပင် ဖျက်စီးနိုင်စွမ်း ရှိလိမ့်မည်ဟု တွေးမိသွားသေးသည်။

မိုဝူကျိက မတ်တတ်ရပ်လိုက်စဉ် ဓားအသိက သူ့စိတ်စွမ်းအားထဲ ရုတ်တရက် ပေါ်လာသည်။ ထိုဓားအသိတွင် ညှာတာမှုမရှိသည့် ခမ်းနားကြီးကျယ်ဖွယ် ဖျက်စီးစွမ်းအားများ ပါဝင်နေသည်။ မိုဝူကျိက သာမာန်ဖြစ်သော်လည်း ဖျက်စီးစွမ်းအား၏ ဓားအသိမှာ သူ့စိတ်ထဲ ပေါ်နေဆဲ ဖြစ်သည်။ ထိုအချိန် သာမာန်ဖြစ်သည့် သူကိုယ်တိုင်ပင် ကောင်းကင်ဘုံကို ဝါးမျိုပစ်နိုင်မည့် ထက်ရှသည့် ဓားအငွေ့အသက်၊ အရှိန်အဝါများကို ထုတ်လွှင့်နိုင်လိမ့်မည်။

မိုဝူကျိ  နှလုံးခုန်ပင် မြန်ဆန်မိသွားသည်။ သူက တစ်ခုကို သတိထားမိလိုက်သည်။ ထိုအရာက  ခွန်းဝူဓား၏ စွမ်းအားတမျိုး ဖြစ်ပေလိမ့်မည်။

ခွန်းဝူဓားအတွင်း၌ အတားအဆီး မည်မျှ ရှိနေသည်ကို အသေအချာ မသိသေးပေ။ သို့သော်လည်း သူ သန့်စင်လိုက်သည့် အလွှာတစ်ခုချင်းစီနှင့်အတူ စိတ်စွမ်းအားအတွင်း ဓားအသိ ရရှိလာပေလိမ့်မည်။

မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်သည်။ သူက ဓားအသိအတွင်း ခမ်းနားမှုကို ခံစားမိနေသည်။ သူက ဓားအသိကိုသာ ထုတ်သုံးနိုင်လျှင် သူ့သတ္တကမ္ဘာ လက်ချောင်းထက်ပင် အားကောင်းပေလိမ့်မည်။

သို့သော်လည်း မိုဝူကျိက နည်းနည်းလေးမှ မပျော်ရွှင်နေပေ။ သူ ခွန်းဝူဓားကို သန့်စင်သည့်အခါက ခွန်းဝူဓားကို တိုက်ခိုက်မှုအဖြစ် ထုတ်သုံးဖို့ရာ ရည်ရွယ်ထားပြီး မှော်ရတနာအဖြစ် အသုံးပြုလိုခြင်း ဖြစ်သည်။ သူက  ခွန်းဝူဓားကို ထုတ်သုံးသည့်အခါ ထိန်းချုပ်နိင်စွမ်း မရှိသည့်အတွက် သူ့အသိစိတ်ပင်လယ်အတွင်း၌ ထားဖို့ ရည်ရွယ်မထားပေ။

ထိုဓားအသိက အားကောင်းလွန်းသော်လည်း သူ လိုအပ်နေသည့်အရာ မဟုတ်ပေ။ သူ မိုဝူကျိက သူ့စိတ်စွမ်းအား ဒါမှမဟုတ် ခန္ဓာကိုယ်နှင့် မထိန်းချုပ်နိုင်သည့်အရာမျိုးကို အလိုမရှိပေ။

ငါ့အတွက် သန့်စင်လိုက်စမ်း ….

သူ့အသိစိတ်ပင်လယ်အတွင်းမှ ဖျက်စီးလိုသည့် ဓားအသိပေါ်လာသည့် တစ်ပြိုင်နက် မိုဝူကျိ၏ အဆုံးမဲ့ စိတ်စွမ်းအားများက ရောက်ရှိသွားသည်။ သူ့စိတ်စွမ်းအားက ထိုဓားအသိကို လွှမ်းခြုံထားပြီး သန့်စင်ဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း လက်တွေ့မှာ မိုဝူကျိအား အံ့ဩသွားစေသည်။ သူ့စိတ်စွမ်းအား လွှမ်းခြုံသွားသည့်အခါ ထိုဓားအသိမှ ကြောက်မက်ဖွယ် ဓားအလင်း ထွက်ပေါ်လာပြီး သူ့စိတ်စွမ်းအားကို နှစ်ပိုင်း ပိုင်းဖြတ်သွားလေ၏။

မိုဝူကျိ၏ တစ်ကိုယ်လုံး၌ နာကျင်လွန်းသည့် ခံစားချက် ပြန့်နှံ့လာသည်။ မိုဝူကျိ ပါးစပ်ဟကာ မြှားတစ်စင်း ပစ်ခွင်းလိုက်သည်။

မိုဝူကျိက သဘာဝကျီဆေးလုံးတချို့ သောက်သုံးလိုက်ရင်း မသာမယာ ဖြစ်နေမိသည်။ အကယ်၍ သူက ခွန်းဝူဓားသာ ဤမျှကြောက်ဖို့ ကောင်းမှန်း သိခဲ့လျှင် မသန့်စင်ဘဲ နေမိလိမ့်မည်။

အသိစိတ်ပင်လယ်အတွင်းသို့ လော့ကျမ်းစာရွက် ခြောက်ရွက်လုံးကို ခေါ်ဆောင်လိုက်ပြီး ထိုစာရွက်ခြောက်ရွက်အား ဓားအသိ ဘေးပတ်လည်၌ အတားအဆီးအဖြစ် ချထားလိုက်ရသည်။ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ထိုဓားအသိအား ရန်ပြုရန် အသိစိတ်ပင်လယ်အတွင်း ပညာရှင်နှလုံးသား မီးတောက်အား ပို့လွှတ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ့ပညာရှင်နှလုံးသားက ဓားအသိနှင့် တွေ့ဆုံလိုက်စဉ် ဓားအသိမှာ အပြင်းအထန် တုံ့ပြန်လာသည်။ ဓားအလင်းမှာလည်း ယခင်ကထက် ပိုအားကောင်းလာပြီး မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း သောင်းကြမ်းနေလေ၏။

ကံကောင်းသည်က မိုဝူကျိက ပြင်ဆင်ထားလေသည်။ ထိုဓားအသိမှာ လော့ကျမ်းစာရွက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

မိုဝူကျိက အနည်းငယ် မောပန်းနေလေ၏။ သူ့ပညာရှင်နှလုံးသားက ထိုဓားအသိအတွင်းမှ ဖျက်စီးလိုသည့် စွမ်းအားများကို ဖြည်းဖြည်းချင်း လောင်ကျွမ်းပစ်နေသည်ကို ခံစားမိနေသည်။ သို့သော်လည်း အမြန်နှုန်းမှာ အရမ်းနှေးကွေးလွန်းနေခြင်းသာ ဖြစ်၏။

ပညာရှင်နှလုံးသား၏ အဆင့်မှာ အရမ်းနိမ့်နေပေ၏။ မိုဝူကျိက လက်ဖြန့်လိုက်သည်နှင့် ပညာရှင်နှလုံးသားမှာ လက်ဖဝါးအတွင်း ပေါ်လာသည်။

ပညာရှင် နှလုံးသားအတွင်း မီးတောက် ပွင့်ချပ်လေး ခုနှစ်ခု ရှိနေပြီး အဆင့် ၇ အင်မော်တယ် မီးတောက်ဖြစ်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။ ယခင်က မိုဝူကျိသည် ရှေးဦးမူလမီးကျောက်နှင့် ပညာရှင်နှလုံးသားမီးတောက်အား အဆင့်တက်စေဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း အဆင့် ၇ ကို မကျော်လွန်သွားနိုင်ပေ။ ရှေးဦးမူလ မီးကျောက်က လုံလုံလောက်လောက် အားမကောင်း၍ မဟုတ်ဘဲ မီးတောက်က အဆင့်မတက်လှမ်းနိုင်ခြင်းသာ ဖြစ်သည်။ ထို့အပြင် မိုဝူကျိ၏ ကျင့်ကြံဆင့်နှင့် စိတ်စွမ်းအားတို့မှာ ကန့်သတ်ချက် ရှိနေသောကြောင့် ပညာရှင်နှလုံးသား မီးတောက်အား အဆင့်တက်လှမ်းဖို့ အတားအဆီး ဖြစ်နေသည်။

သို့သော် ယခုတွင် သူ့ကျင့်ကြံဆင့်မှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ဖြစ်သည့်အပြင် အင်မော်တယ် အဆီအနှစ်ရေကန်လည်း ရှိနေသေး၏။ သူက ပညာရှင်နှလုံးသားမှာ အဆင့်တက်လှမ်းနိုင်ကြောင်း ယုံကြည်ထားသည်။

မိုဝူကျိက ရှေးဦးမူလ မီးကျောက်ကို ထုတ်ယူလိုက်သည်။ အင်မော်တယ် အဆီအနှစ်ရေကန်မှ သိပ်သည်းလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားများကြောင့် ပညာရှင်နှလုံးသား၏ မီးတောက်ပွင့်ချပ်လေးမှာ  ပွင့်လာပြီး ရှေးဦးမူလမီးကျောက်ကို ဆွဲယူသွားလေသည်။

ပူပြင်းလွန်းသော စွမ်းအားများ ထွက်ပေါ်လာသည်။ မိုဝူကျိက အင်မော်တယ် အဆီအနှစ်ရေကန်မှ ဝိညာဉ်စွမ်းအားများသည် ရေကာတာ ကျိုးပျက်လာသည့် မြစ်ရေအလား သူ့ပညာရှင်နှလုံးသားဆီ စီးဝင်လာသည်။

နှစ်နာရီကြာမြင့်ပြီးနောက် ရှေးဦးမူလမီးကျောက်မှာ ရုတ်တရက် ပြန်ထွက်ကျလာသည်။ မိုဝူကျိ ရှေ့မှောက်၌ မီးတောက်တစ်ခု ပေါ်လာပြီး မီးတောက်အတွင်းပိုင်း၌ ပွင့်ချပ်မှာ ခုနှစ်ခုမှ ကိုးခု ဖြစ်သွားလေပြီ။

မိုဝူကျိက ပညာရှင်နှလုံးသား၏ အပူချိန်မှာ ယခင်ကထက် အဆများစွာ မြင့်တက်လာကြောင်း ခံစားမိလိုက်၏။ သူက ပညာရှင်နှလုံးသားမှာ အဆင့် ၉ အဖြစ် တက်လှမ်းသွားကြောင်း သိလိုက်သည်။ ထိုအရာက သွားနိုင်သမျှ အမြင့်ဆုံး ဖြစ်ပေလိမ့်မည်။ အကယ်၍ သူက ဤမီးတောက်ကို ဆက်လက်၍ အဆင့်မြင့်လိုလျှင် သူ့အနေနှင့် အင်မော်တယ် ဝိညာဉ်စွမ်းအားများ သိပ်သည်းလွန်းသည့်နေရာကို ရှာရပေမည်။

မိုဝူကျိက ရှေးဦးမူလ မီးကျောက်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူ့ပညာရှင်နှလုံးသားမှာ အဆင့် ၉ အင်မော်တယ် မီးတောက်ဖြစ်သွားပြီးနောက် သူက ရှေးဦးမူလမီးကျောက်အတွင်း စွမ်းအား သိသိသာသာ လျော့ပါးသွားမှုကို မခံစားမိသေးပေ။ ဤရှေးဦးမူလမီးကျောက်က တကယ်ကို ကောင်းကင်ဘုံ သွေဖယ်နေလေသည်။ ထို့အပြင် သူ့တွင် ထိုသို့မီးကျောက်မျိုး ၁၁ ခု ရှိနေသေး၏။

သူ့အောက်တွင် ရှိနေသော အင်မော်တယ် အဆီအနှစ်ရေကန်မှာ ယခင်ကလောက် ထည်ဝါမှုမျိုး မရှိတော့ပေ။ အင်မော်တယ် ဝိညာဉ်စွမ်းအားအများစုကို သူ့ပညာရှင်နှလုံးသားက စုပ်ယူပြီးသွားပြီ ဖြစ်၏။

မိုဝူကျိက ရှေးဦးမူလမီးကျောက်ကို သိမ်းဆည်းပြီးနောက် သူ့အသိစိတ်ပင်လယ်အတွင်းမှ ဓားအသိကို တဖန် ပြန်ကြည့်လိုက်သည်။

သူ့ပညာရှင်နှလုံးသားကို သိမ်းလိုက်သည့်အခါ ဓားအသိမှာ ငြိမ်ကျသွားသော်လည်း ယခု  ပညာရှင်နှလုံးသားကို တဖန် ပြန်ထုတ်လိုက်သည်နှင့် ဓားအသိမှာ ပြန်လည် သောင်းကြမ်းလာပြန်သည်။

အဆုံးမဲ့ဓားစွမ်းအင်များက သူ့အသိစိတ်ပင်လယ်အတွင်း သောင်းကြမ်းနေကြသည်။ မိုဝူကျိကလည်း စိတ်ထဲ၌ ထိတ်လန့်နေမိ၏။ အကယ်၍ သူ့တွင် လော့ကျမ်းစာရွက်သာ ရှိမနေလျှင် ဤကြောက်မက်ဖွယ် ဓားစွမ်းအင်များက သူ့အသိစိတ်ပင်လယ်ကို ဖျက်စီးသွားပြီး သူ့အား အရူး အဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။

“ ရွှီ ” ဓားအသိမှ အသံထွက်ပေါ်လာပြီး ပညာရှင်နှလုံးသားက တစ်ခုခုကို လောင်ကျွမ်းပစ်နေဟန် ရှိသည်။ မိုဝူကျိ စိတ်ထဲ စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူ့ပညာရှင်နှလုံးသားက ယခင်ကထက် ဆယ်ဆပိုမြန်ဆန်သည့်နှုန်းနှင့် လောင်ကျွမ်းပစ်နေသည်။

ပညာရှင်နှလုံးသားက  ဆက်လက်၍ လောင်ကျွမ်းပစ်နေသောကြောင့် ဖျက်စီးစွမ်းအားမှာ ဖြည်းဖြည်းချင်း သန်ု့စင်သွားလေ၏။

သ့စိတ်ထဲ အသိအမြင်တစ်ခု ရုတ်ချည်း ပေါ်လာသည်။ မိုဝူကျိက မျက်လုံးကို ပိတ်ထားရင်း သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်။

ဓားအသိမှာ ဖြည်းဖြည်းခငျ်း သန့်စင်လာသောကြောင့် ခက်ထန်ရန်လိုနေသည့် စွမ်းအားမှာ ပျောက်ကွယ်သွားတော့သည်။ ထိုဓားအသိမှ   ခမ်းနားကြီးကျယ်သော အရှိန်အဝါများ ထုတ်လွှင့်နေသည်။

သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် ဤခမ်းနားကြီးကျယ်မှုမှာ သာမာန်အဖြစ် ပြောင်းလဲသွားလေ၏။

အချိန်အတော်ကြာမြင့်ပြီးနောက် မိုဝူကျိက မျက်လုံးကို ဖွင့်လိုက်တော့သည်။ ဓားအသိထဲမှ ရန်လိုနေသည့် စွမ်းအားမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်ရာ အသိစိတ်ပင်လယ်အတွင်း၌ အစအအန အရိပ်အယောင်ပင် မကျန်ရှိနေတော့ပေ။

မိုဝူကျိ၏ အရှိန်အဝါက သာမာန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ ခွန်းဝူဓားမှာလည်း ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက သက်ပြင်းချလိုက်တော့၏။ သူ့လက်ကောက်ဝတ်၌ မှိန်ဖျော့ဖျော့ ဓားသဏ္ဍာန် အမှတ်အသားလေး ပေါ်လာသည်။ ခွန်းဝူဓားအား ပထမအလွှာ အောင်အောင်မြင်မြင် သန့်စင်ပြီးနောက် မိုဝူကျိက ထိုအရာမှာ ခွန်းဝူဓားဖြစ်ကြောင်း ကောင်းကောင်း သိနေလေပြီ။

ခွန်းဝူဓား၏ ဓားအသိမှာ ရှိနေဆဲ ဖြစ်သော်လည်း  သူ ထိန်းချုပ်နိုင်သည့်အရာ ဖြစ်လာပြီ ဖြစ်၏။ အကယ်၍ သူ  ဆန္ဒရှိလျှင် ဓားအသိအား ခမ်းနားကြီးကျယ်သော ဓားအရှိန်အဝါအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။ ရန်လိုနေသည့် စွမ်းအားများကို ဆက်လက်၍ မခံစားရတော့ပေ။

ပိုင်ယဲ့က ခွန်းဝူဓား အရမ်းလိုချင်နေသည်မှာ မထူးဆန်းတော့ပေ။

အကယ်၍ ဤသို့ ကြီးကျယ်ခမ်းနားလှသော ဓားအသိကို ထိန်းချုပ်နိုင်လျှင် ပိုင်ယဲ့က အရမ်းအားကောင်းလာမည် ဖြစ်၏။

ထိုစဉ် မိုဝူကျိက စိတ်ထဲမှ ရယ်မောမိလိုက်သည်။ သူက ခွန်းဝူဓားကို မပေးလိုက်ခြင်းက သူ့ကို ကူညီပေးလိုက်ခြင်းသာ ဖြစ်နေသည်။ ခွန်းဝူဓား၏ ပထမအတားအဆီးမှာ အလွန်ကြောက်မက်ဖွယ် ဖြစ်ရာ ပိုင်ယဲ့အနေနှင့် သန့်စင်နိုင်မည် မဟုတ်ပေ။ ပိုင်ယဲ့က ပထမအလွှာကို သန့်စင်နိုင်လျှင်ပင် ခွန်းဝူဓား၏ ဖျက်စီးလိုမှု၊ ရန်လိုမှုအောက်၌ ကျေးကျွန်သာ ဖြစ်သွားပေလိမ့်မည်။

သူက ပိုင်ယဲ့သည် သူ့ကဲ့သို့ အားကောင်းသော အသိစိတ်ပင်လယ် ရှိပြီး သဘာဝကျီ ဆေးလုံးများလည်း လုံလုံလောက်လောက် ရှိနေလိမ့်မည်ဟု မထင်ထားပေ။ ပိုင်ယဲ့တွင် ကြယ်တာရာပင်လယ် လျို့ဝှက် ပညာရပ်ပင် မရှိပေ။ အရာအားလုံးကို ဖြည့်တွေးပေးလိုက်ပြီး ပိုင်ယဲ့၌ ထိုအရာများ ရှိနေသည်ဆိုလျှင်ပင် သူ့အနေနှင့် လော့ကျမ်းစာရွက်နှင့် အဆင့် ၉ အင်မော်တယ်မီးတောက် ရှိနေမည် မဟုတ်ပေ။

ဖြစ်နိုင်သည်က မိုဝူကျိလိုမျိုး ခွန်းဝူဓားအား ထိန်းချုပ်နိုင်သူ အနည်းငယ်မျှသာ ရှိပေမည်။

သူ့အမြင်အရ သူက ခွန်းဝူဓား၏ ပထမအလွှာကို သန့်စင်နိုင်ထားရုံမျှသာ ဖြစ်ပြီး ပထမအလွှာ သန့်စင်ခြင်းမှာ ထိုဖျက်စီးလိုမှု၊ ရန်လိုမှုအား သန့်စင်ပေးဖို့ရာ ဖြစ်ပေလိမ့်မည်။ ဤနည်းလမ်းဖြင့် ထိုအရာက ပစ္စည်း စိတ်ဝိညာဉ် ဖြစ်လာနိုင်သလို သတ်ဖြတ်ရေး စက်ယန္တရားလည်း ဖြစ်လာနိုင်သည်။

မိုဝူကျိ စိတ်ထဲ အသိဉာဏ်အသစ်တစ်ခု ပွင့်လာလေ၏။ မိုးမြေကို ဖျက်စီးပစ်နိုင်သည့် အကြောင်းအရင်းမှာ ထိုအင်အားက မိုးမြေကို ကျော်လွန်နေ၍ ဖြစ်ပေသည်။ နမူနာအားဖြင့် ခွန်းဝူဓားရှိ ဖျက်စီးနိုင်စွမ်း ဖြစ်သည်။

မိုဝူကျိက စိတ်လှုပ်ရှားမှုကို ချုပ်ထိန်းမထားတော့ဘဲ လက်ကို မြှောက်ကာ လက်တစ်ချောင်းဖြင့် ပစ်ခွင်းလိုက်သည်။

ဤလက်ချောင်းက မီဖေးကုန်သွယ်ရေးအဖွဲ့၏ အတားအဆီးများအားလုံးကို ဖျက်စီးလိုက်ပြီး စကြဝဠအစွန်း၏ အစီအရင်များကိုလည်း တစစီ ဖြစ်သွားစေသည်။ သက်ရှိလောကမှာ ထိုလက်ချောင်း၏ ထိန်းချုပ်မှုအတွင်း ရှိနေပေသည်။

ဤသည်မှာ အစမျှသာ ဖြစ်၏။ သက်ရှိလောကမှာ သက်ရှိများ၏ လောက ဖြစ်ပေသည်။ ကံတရားက အထွတ်အထိပ် ရောက်သွားပါက ဤလက်ချောင်းမှာ စွမ်းအားကြီးကြီး ထုတ်ဖော်နိုင်လိမ့်မည်။

မိုးမြေက ပျောက်ကွယ်သွားလေသည်။ ထိုအချိန်အခါ၌ ဖျက်စီးခြင်းသာ ကျန်ရှိတော့သည်။

ထိုစဉ် မိုဝူကျိက အော်ဟစ်ပစ်လိုက်ချင်သည်။ သူက ဒုတိယ လောကနှိမ်နှင်းရေး တိုက်ကွက် ဖြစ်သည့် မိုးမြေအား ထိန်းချုပ်သွားနိုင်လေပြီ။

သူတို့နှစ်ခုလုံးမှာ ဖျက်စီးခြင်းသာ ဖြစ်၏။ သို့သော်လည်း ဤလက်ချောင်း၏ ဖျက်စီးနိုင်စွမ်းကို ထိန်းချုပ်နိုင်သော်လည်း ခွန်းဝူဓား၏ ဖျက်စီးနိုင်စွမ်းကိုတော့ မထိန်းချုပ်နိုင်သေးပေ။

***

All Chapters