← Chapters

ကောင်းကင်ဘုံအလွန် စကြဝဠာ၌ နံပါတ်တစ် ကျင့်ကြံသူ

Vol. 59 Ch. 819

ကောင်းကင်ဘုံအလွန် စကြဝဠာ၌ နံပါတ်တစ် ကျင့်ကြံသူ

Vol. 59 Ch. 819

ဤနတ်ဘုရားမျိုးနွယ် တာအိုဧကရာဇ်က သူ့ပုလင်းရှည်အား ပြန်သိမ်းဖို့ ကြိုးစားလိုက်သည်။ သူက မိုဝူကျိ၏ လက်ချောင်းကို ကာကွယ်ပြီးသည့်နောက်တွင် သူက မိုးမြေအဆုံးဆီ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တော့သည်။ မိုဝူကျိ၏ အင်အားမှာ အမှန်တကယ် ကြောက်ဖို့ ကောင်းလွန်းလှသည်။ အကယ်၍ သူက မိုဝူကျိသည် လွန်ဖာနှင့် ချင်းယီစာကို သတ်ခဲ့သည့်အကြောင်း သံသယဝင်ခဲ့မိမည်ဆိုလျှင် ထိုသံသယများမှာ ယခု ပျောက်ကွယ်သွားလေပြီ။

ဝုန်း …..

ပုလင်းရှည်က တိုက်ရိုက် ကြေမွသွားတော့သည်။ သက်ရှိလောကကား ဖျက်စီးခြင်း စလာလေပြီ။ ဤနတ်ဘုရား တာအိုဧကရာဇ်အဆင့် ကျင့်ကြံသူက စိတ်ပျက်မိသွားသည်။ သက်ရှိလောကမျှသာ ဖြစ်နေလျှင် သူ့အနေနှင့် ထွက်ပြေးဖို့ အခွင့်အရေး ရကောင်း ရနိုင်ပေမည်။ သို့သော်လည်း သူက သက်ရှိလောက၏ ဖျက်စီးစွမ်းအား မြင်လိုက်ပြီးနောက် မိုးမြေ ပြိုလဲပျက်စီးလာမှုအား မြင်တွေ့လိုက်ရသည်။ အရာအားလုံးမှာ ဗလာနတ္ထိအဖြစ် အဆုံးသတ်သွားရာ သူ့တွင်လည်း အခွင့်အရေး မရှိတော့ချေ။

မိုးမြေစည်းမျည်းများက ပေါက်ကွဲထွက်သွားကာ ဤတာအိုဧကရာဇ်၏ ကျင့်ကြံဆင့်၊ အသိအမြင်များ၊ စွမ်းအားစက်ကွင်းနှင့် အစရှိသဖြင့် အရာအားလုံးမှာ ဖျက်စီးခံလိုက်ရသည်။

ဘေးပတ်ဝန်းကျင်၌ တည်ငြိမ်လာသောအခါ အားလုံးက ထိုနတ်ဘုရား မျိုးနွယ် တာအိုဧကရာဇ် ရပ်နေခဲ့သည့် နေရာ၌ ဆယ်မီတာကျော် ကျယ်သည့် အတွင်းနက်ကြီးကို မြင်လိုက်ကြရသည်။ ထိုနတ်ဘုရားမျိုးနွယ် တာအိုဧကရာဇ်မှာ ပျောက်ကွယ်သွားလေပြီ။

တစ်ချိန်တည်းဆိုသလို ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ် အင်မော်တယ် ဧကရာဇ် နှစ်ယောက်မှာလည်း ယွမ်မို၊ လုကျီတင်းတို့ လက်ချက်ဖြင့် သေဆုံးသွားပြီ ဖြစ်၏။

ဤနေရာသို့ ရောက်ရှိလာကြသော အင်မော်တယ် ဧကရာဇ်များနှင့် တာအိုဧကရာဇ်များကြားတွင် သုံးယောက်သာ မိုဝူကျိနှင့် တိုက်ခိုက်ရဲကြပြီး အချိန်တိုလေးအတွင်း ထိုသူများမှ အသတ်ခံလိုက်ရလေသည်။

အားလုံးကို အံ့ဩသွားစေသည်က နတ်ဘုရားမျိုးနွယ် တာအိုဧကရာဇ်ကို သတ်ဖို့  မိုဝူကျိ အသုံးပြုလိုက်သည့် လက်ချောင်းမှာ သက်ရှိ ကမ္ဘာနှင့် မိုးမြေကိုပင် ဖျက်စီးနိုင်စွမ်း ရှိဟန် ပေါ်ပေသည်။ ထိုအထဲ၌ မရပ်တန့်နိုင်သော ဖျက်စီးနိုင်သော စွမ်းအားများ ကိန်းအောင်းနေလေ၏။

အားလုံးက ထိုလက်ချောင်းအကြောင်း တွေးလိုက်မိကြသည်။ အကယ်၍ ထိုလက်ချောင်းသာ တာအိုဧကရာဇ်ကို ချိန်ရွယ်မထားဘဲ သူတို့ဘက် လှည့်လာခဲ့လျှင် မည်သို့များ ကာကွယ်နိုင်မည်နည်း။ သူတို့၏ အဖြေက ကိုယ့်ဘာသာ အထိတ်တလန့် ဖြစ်စေဆဲ ဖြစ်သည်။ သူတို့အနေနှင့် ကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

အင်မော်တယ် ဧကရီ ဝမ်လန်ပင် အရမ်းစိတ်လှုပ်ရှားနေမိသည်။ မိုဝူကျိတွင် လေဟုန်ဆန်မြစ် ဟု ခေါ်သည့် လျို့ဝှက်တိုက်ကွက်ရှိသည့်အကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူမက မိုဝူကျိအား သူ့လေဟုန်ဆန်မြစ်တိုက်ကွက်အပေါ် ပို၍ နားလည်နိုင်စေဖို့ရာ သူမ၏ ရေတံခွန်ကိုပင် ထုတ်ပြခဲ့ဖူးသည်။

သို့သော်လည်း ယခု မိုဝူကျိ ထုတ်သုံးလိုက်သည့် လေဟုန်ဆန်မြစ်မှာ သူမ ပြသခဲ့သည့်ထက် ပို၍ အဆင့်မြင့်ပေသည်။ မိုဝူကျိ၏ လက်ချောင်းမှာလည်း စကြဝဠာတစ်ခုလုံးကိုပင် ဖျက်စီးနိုင်စွမ်း ရှိဟန် ပေါ်နေသည်။

နှစ်အနည်းငယ်အတွင်း မိုဝူကျိက ဤအဆင့်အထိ တိုးတက်လာလေပြီ။

အင်မော်တယ် ဧကရီ ဝမ်လန်က အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ ထိုနှစ်များတုန်းက ကောင်းကင်ဧကရာဇ် စစ်ကျိုက်နှင့် အထက်ဘုံမှ အဆင့်မြင့် ပညာရှင်တို့ နှစ်ဦးလုံးက လိန်ဟုန်ကျီနှင့် ကျီယွဲ့တို့မှာ အင်မော်တယ်လောက၏ အနာဂတ် ဖြစ်လာလိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့ကြသည်။ သို့သော်လည်း အင်မော်တယ်လောကက အထက်ဘုံ၏ စွန့်ပစ်မှုကို ခံလိုက်ရပြီး လူသားမျိုးနွယ်၏ အသက်ရှင်ကျန်သူများက ခက်ခက်ခဲခဲ ကြိုးစားရုန်းကန် ရှင်သန်နေရသည့်အချိန်တွင် ထိုနှစ်ယောက်က ဘယ်ရောက်နေသနည်း။

ထို့အစား လူသားမျိုးနွယ်ကို ဆက်လက် ရှင်သန်ခွင့် ပေးခဲ့သူမှာ မိုဝူကျိသာ ဖြစ်နေသည်။

“ အစ်ကိုမို …. အရင်က ကျုပ် နတ်ဘုရားမျိုးနွယ် ချိုက်နိုရဲ့ လှည့်စားမှုကို ခံလိုက်ရလို့ပါ။ ဒါပေမဲ့ ကျုပ်က လူသားမျိုးနွယ် ကျင့်ကြံသူတွေကို မသတ်ခဲ့ကြောင်း အာမခံရဲပါတယ် … ” သွေးစုပ်မျိုးနွယ် နီကိုင်က မိုဝူကျိထံ လျှောက်လှမ်းလာကာ လက်နှစ်ဖက် ယှက်လိုက်ရင်း ပြောလိုက်သည်။

သူ နီကိုင်က မိုဝူကျိအနေနှင့် ချိုက်နိုအား လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်လိုက်သည်ကို မြင်တွေ့ပြီးပြီ ဖြစ်ရာ ထိုလက်ချောင်းသာ သူ့ကို ချိန်ရွယ်ထားပါက သူ့ရလဒ်မှာလည်း ချိုက်နိုထက် ပိုသာမည် မဟုတ်ပေ။ တစ်ယောက်ချင်း ရင်ဆိုင်သည့် တိုက်ပွဲ၌ မိုဝူကျိအတွက် ပြိုင်ဖက် ဖြစ်နိုင်သည့်  တာအိုဧကရာဇ်ပင် ရှိမည် မဟုတ်လောက်ပေ။ နတ်ဘုရားမျိုးနွယ်၏ အားအကောင်းဆုံး တာအိုဧကရာဇ် ဖြစ်သည့် ဝူဝမ်ပင် မိုဝူကျိနှင့် လက်ရည်တူမည် မဟုတ်ချေ။

တခြားနည်းဖြင့်ဆိုရလျှင် မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာ၌ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်ပေသည်။ ထို့အပြင် မိုဝူကျိက သူ့ဘေးတွင် အားကောင်းသော တာအိုဧကရာဇ်လည်း ရှိနေသေး၏။

နတ်ဘုရားမျိုးနွယ်ပင် မိုဝူကျိကြောင့် ကောင်းကင်ဘုံအလွန် စကြဝဠာမှ  မောင်းထုတ်ခံရနိုင်ဖွယ် ရှိ၏။ နတ်ဘုရားမျိုးနွယ်၏ ကျန်ရှိနေသော အင်အားမှာ သူတို့အား ထောက်ပံ့ပေးနိုင်တော့မည် မဟုတ်ပေ။

နတ်ဘုရားမျိုးနွယ်စု၌ တာအိုဧကရာဇ် လေးယောက်သာ ရှိပေသည်။ တစ်ယောက်မှာ ပိုမို မြင့်မားသည့် အဆင့်ကို တက်လှမ်းဖို့ ရှာဖွေရင်း အစအနမရှိ ပျောက်ဆုံးနေလေပြီ။

ကျန်ရှိနေ‌သော သုံးယောက်တွင် မိုဝူကျိက နှစ်ယောက်ကို သတ်ထားပြီးပြီ ဖြစ်၏။ နောက်ဆုံး ကျန်ရှိနေသော ဝူဝမ်က မိုဝူကျိအား ခုခံနိုင်မည်လား။ ထိုမျှတင် မကသေးပေ။ မိုဝူကျိက နတ်ဘုရားမျိုးနွယ်စု၏ အင်မော်တယ် ဧကရာဇ်များစွာကိုလည်း သတ်ဖြတ်ခဲ့ပေရာ ထိုလူများကြားတွင် မဟာဧကရာဇ်များနှင့် အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့်များလည်း ပါရှိသည်။

ဖုန်းဟွမ်၏ အကူအညီဖြင့် မိုဝူကျိက ဝူဝမ်အား ထိန်းထားဖို့သာ လိုအပ်ပြီး ယွမ်မိုက လူသားမျိုးနွယ် ကျင့်ကြံသူများကို ဦးဆောင်ကာ ကောင်းကင်ဘုံအလွန် စကြဝဠာမှ  နတ်ဘုရားမျိုးနွယ်များအား အမြစ်ဖြတ်ရှင်းထုတ်နိုင်လိမ့်မည်။

နီကိုင်ကို ကြောက်ရွံ့နေစေသည်က မိုဝူကျိ အပြင်ထွက်လာသည်ကိုပင် မမြင်လိုက်ရဘဲ မိုဝူကျိက စကြဝဠာအစွန်း၏ အဆင့် ၉ အင်မော်တယ် အစီအရင်ကို အလွယ်တကူ ဖျက်စီးပစ်လိုက်နိုင်သည်။ သူ့တိုက်ခိုက်မှုများက မည်မျှအားကောင်းနေမည်နည်း။

မိုဝူကျိက နီကိုင်အား ပြန်မဖြေပေ။ သူက လုကျီတင်းတို့ဘက် လှည့်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း  “ မိုဝူကျိက စီနီယာအစ်မ ဝမ်လန်နဲ့ ဂိုဏ်းချုပ်တို့ကို ဂါရဝပြုပါတယ် ”

မိုဝူကျိ စိတ်ထဲ၌ အင်မော်တယ် ဧကရီ ဝမ်လန်မှာ အခြားနှစ်ယောက်စာလျှင် ပို၍ ရင်းနှီးပေသည်။

“ ဂိုဏ်းချုပ်မို ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျုပ်တို့လူသားမျိုးနွယ်တော့ အဆုံးသတ်တော့မှာ ” ကျဲယင်က မြန်မြန်ဦးညွှတ်ရင်း ပြောလိုက်သည်။

သူက မိုဝူကျိထက် များစွာ အသက်ကြီးသော်လည်း ကျဲယင်က မလေးမစား မပြရဲပေ။ မိုဝူကျိ၏ အပြုအမူတိုင်းမှာ ယခင်တစ်ယောက်ထက် ပိုမိုကြီးကျယ်ပေသည်။ ဤတစ်ကြိမ် မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာ၌ပင် တိုက်ခိုက်ပြီး စကြဝဠာအစွန်း၏ အစီအရင်အား ဖျက်စီးပစ်လိုက်သေးသည်။ သူ့အပြုအမူများက မည်သို့ ရိုးရှင်းနိုင်မည်နည်း။

ဝမ်လန်က မြန်မြန် မိတ်ဆက်ပေးလိုက်၏

“ ဂျုနီယာမောင်လေးဝူကျိ … ဒါက ပုံရိပ်ယောင်ချင်တာအိုရဲ့ တာအိုသခင် ကျဲယင်လေ။ ဒီတစ်ကြိမ် ငါတို့ လူသားမျိုးနွယ်တွေ တစ်သိန်းကျော်လောက် အသက်ရှင်ရစ်တာက တာအိုသခင်ကျဲနဲ့ ဂိုဏ်းချုပ် လုကျီတင်းတို့ရဲ့ အားစိုက်မှုကြောင့်ပဲ ”

ကျဲယင်နှင့် လုကျီတင်းတို့က နဖူးမှ ချွေးများစို့လာသည်။ အရိုးသားအဆုံးပြောရလျှင် အထက်ဘုံ စကြဝဠာမြို အသိမ်းခံရစဉ်အခါက ကျီချန်းလောက သူတို့ကို စွန့်ပစ်သွားချိန် သူတို့နှစ်ယောက်လည်း ထွက်ပြေးဖို့ စဉ်းစားမိခဲ့သည်။ ထို့အစား သူတို့အထဲတွင် ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သည့် အင်မော်တယ် ဧကရီ ဝမ်လန်က နတ်ဘုရားမျိုးနွယ်စုမှ တိုက်ခိုက်မှုများကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့သည့်အတွက် လူသားမျိုးနွယ် ကျင့်ကြံသူများများ အသက်ရှင်ကျန်ရစ်ခြင်း ဖြစ်ပေသည်။

ရဲရင့်ခြင်းနှင့် ပတ်သတ်လာလျှင် သူတို့က အင်မော်တယ် ဧကရီ ဝမ်လန် ထက်နောက်ကောက်ကျ ကျန်နေသေးသည်။ သို့သော်လည်း သူတို့ထွက်ပြေးနေစဉ်အတွင်း လူသားမျိုးနွယ်အတွက် တိုက်ခိုက်လိုသည့် ဆုံးဖြတ်ချက် ပြတ်သားလာခြင်း ဖြစ်သည်။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ  “ ဂိုဏ်းချုပ်နှစ်ယောက်ကို ဒုက္ခပေးရမဲ့ ကိစ္စလေး ရှိသေးတယ်။ ဂိုဏ်းချုပ်နှစ်ယောက်က စကြဝဠာအစွန်းရဲ့ နတ်ဘုရားမျိုးနွယ် ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို သွားသိမ်းပေးဖို့ တောင်းဆိုချင်ပါတယ် ”

“ ဒီကိစ္စကို ကျုပ်ဆီ အပ်ထားလိုက်ပါ …. နတ်ဘုရားမျိုးနွယ်ရဲ့ အကြီးဆုံး ပိုင်နက်က နတ်ဘုရားကျင့်ကြံရေး တောင်ထွတ်ပဲ။ ကျုပ်လူတွေကို ခေါ်သွားလိုက်ပါ့မယ် ” လုကျီတင်းက အရင်ဦးစွာ ပြောလိုက်သည်။

မိုဝူကျိက စကြဝဠာအစွန်းတွင် ရှိနေသည့် နတ်ဘုရားမျိုးနွယ်၏ အင်မော်တယ်ဧကရာဇ်များအား သတ်ပစ်ပြီးပြီ ဖြစ်ကြောင်း သိ၍ လုကျီတင်းနှင့် သူ့လူများက သေချာပေါက် လုံလောက်ပေသည်။ လုကျီတင်း လုပ်ဖို့ လိုအပ်သည်များက သူ မိုဝူကျိအတွက် မလိုအပ်ပေ။ ထိုသည်မှာ နတ်ဘုရားမျိုးနွယ်အတွင်းရှိ လူတိုင်းကို သတ်ဖို့ရာ ဖြစ်၏။

“ ဟုတ်ပါပြီ။ အဲဆို ဂိုဏ်းချုပ်လုကို ဒုက္ခပေးရတော့မှာပါပဲ ” မိုဝူကျိက ပြန်ဖြေလိုက်သည်။

လုကျီတင်းက ရယ်မောကာ  “ ဒါက ကျုပ် လုကျီတင်း ကောင်းကင်ဘုံအလွဣ် စကြဝဠာထဲ ရောက်လာကတည်းက အလန်းဆန်းဆုံး ကိစ္စပဲ။ ဘယ်လိုလုပ် ဒုက္ခလို့ ယူဆရမှာလဲဗျာ … ညီလေးမိုက ကျုပ်ဆီ ဒီတာဝန်ပေးတာကို  ကျေးဇူးတင်ရမှာ”

ထိုသို့ပြောပြီးနောက် လုကျီတင်းက ထွက်သွားလေသည်။ မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်ထားလေရာ လုကျီတင်းက မဟာလော့ရှန်းအဆင့်နှင့်အထက် ကျင့်ကြံသူ တစ်သောင်းကျော်ကို ခေါ်ဆောင်သွားကြောင်း တွေ့လိုက်သည်။

မည်သူကမှ ဘာမှမပြောကြပေ။ မိုဝူကျိ ပြသခဲ့သည့် အင်အားမှာ အလွန်လွှမ်းမိုးနိုင်စွမ်း ရှိပေရာ မည်သူကမှ မိုဝူကျိအား ရန်စဖို့ စိတ်ကူးမရှိကြပေ။ အကယ်၍ မိုဝူကျိသာ နတ်ဘုရားမျိုးနွယ် တာအိုဧကရာဇ် ချိုက်နို သတ်ရာ၌ အနည်းငယ် ခက်ခဲခဲ့မည်ဆိုလျှင် ကျန်လူများထဲမှ တစ်ယောက်ယောက်က ရှေ့ထွက်လာကာ မကျေနပ်ကြောင်း ပြောပေလိမ့်မည်။ သွေးစုပ်မျိုးနွယ်၏ နီကိုင်ကလည်း မိုဝူကျိအား တောင်းပန်မည် မဟုတ်ပေ။

သို့သော်လည်း အမှန်တရားက မိုဝူကျိသည် ချိုက်နိုအား အလွယ်လေး သတ်နိုင်ခဲ့သည်။ မည်သူကများ အသက်ရှင်ဖို့ ငြီးငွေ့နေမည်နည်း။ မည်သူကများ မိုဝူကျိလို လူရှေ့၌ မကျေမနပ် သွားလုပ်ရဲမည်နည်း။

လုကျီတင်း ထွက်သွားပြီးနောက် မိုဝူကျိက နီကိုင်အား ကြည့်ကာ

“  ကျုပ် ကြားတာတော့ နတ်ဘုရားမျိုးနွယ်၊ သွေးစုပ်မျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်က ကျုပ်တို့ လူသားမျိုုးနွယ် တစ်သောင်းကျော်လောက်ကို သတ်သွားသေးတယ်ဆို …. ကျုပ် လူသားမျိုးနွယ်က အထောက်အပံ့ရယ်လို့ မရှိပေမဲ့ သတ်ချင်တိုင်း သတ်လို့ရတဲ့ မျိုးနွယ်တော့ မဟုတ်ဘူး ”

နီကိုင်၏ စိတ်ထဲ ကူကယ်ရာမဲ့သည့် ခံစားချက် ကြီးစိုးလာသည်။ သူ့သွေးစုပ်မျိုးနွယ်က နတ်ဘုရားမျိုးနွယ်နှင့် မယှဉ်နိုင်ပေ။ သူ့အပါအဝင် သူ့မျိုးနွယ်စု၌ တာအိုဧကရာဇ် နှစ်ယောက်မျှသာ ရှိပေ၏။ တာအိုဧကရာဇ် နှစ်ယောက်မှာ မိုဝူကျိအား ရင်ဆိုင်ဖို့ရာ မလုံလောက်သေးပေ။

ထို့အပြင် မိုဝူကျိက တဲ့တိုးပြောလိုက်သည်ကို မြင်၍ နီကိုင်က သူ့အနေနှင့် လျော်ကြေးမပေးလျှင် သူ့သွေးစုပ်မျိုးနွယ်မှာ နတ်ဘုရားမျိုးနွယ်အတိုင်း ဖြစ်သွားမည်မှန်း သိပေသည်။

ထိုစဉ် နီကိုင်က စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။ သူက နတ်ဘုရားမျိုးနွယ်၏ ဦးနှောက်မဲ့မှုအပေါ် ကျိန်ဆဲလိုက်သည်။ အကယ်၍ နတ်ဘုရားမျိုးနွယ်သာ ဦးနှောက်ရှိပါက သူတို့သည် သူတို့အင်အားများကို စုစည်း၍ မိုဝူကျိအား စကြဝဠာအစွန်းသို့ ပြန်မရောက်လာခင် သတ်နိုင်ပေမည်။ နတ်ဘုရားမျိုးနွယ်စု၏ တာအိုဧကရာဇ်များနှင့် အင်မော်တယ် ဧကရာဇ်များ ရောက်လာသရွေ့ သူ့သွေးစုပ်မျိုးနွယ်၊ ပင်လယ်မျိုးနွယ်၊ ဟဲရှီးအဖွဲ့နှင့် မီဖေးကုန်သွယ်ရေး အဖွဲ့တို့ပါ ထည့်တွက်လိုက်လျှင် မိုဝူကျိက ခေါင်းသုံးလုံး၊ လက်ခြောက်ဘက် ရှိလျှင်ပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

သို့သော် ယခုတွင် မိုဝူကျိ သတ်ပစ်လိုက်သည့် တာအိုဧကရာဇ်နှင့် အင်မော်တယ် ဧကရာဇ်များမှာ အယောက် ၂၀ ကျော်သွားပြီ ဖြစ်၏။ ထို့အပြင် ဟဲရှီးအဖွဲ့နှင့် မီဖေးကုန်သွယ်ရေး အဖွဲ့မှာလည်း ဖျက်သိမ်းခံလိုက်ရပြီ ဖြစ်ရာ အားကောင်းသော မိစ္ဆာမျိုးနွယ်စုပင် ရှေ့မထွက်လာတော့ပေ။  တာအိုဧကရာဇ် တစ်ယောက်သာ ကျန်ရှိတော့သည့် နတ်ဘုရားမျိုးနွယ်စုသည်လည်း ကျရှုံးဖို့ ဦးတည်နေလေပြီ။

“ အစ်ကိုမို ကျုပ်တို့ သွေးစုပ်မျိုးနွယ်က ဒီကိစ္စအတွက် လျော်ကြေးပေးပါ့မယ် ” နီကိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်

“ လျော်ကြေးအကြောင်း ပြောနေဖို့ မလိုဘူး။ ဒီနေ့ လျော်ကြေးပေးပြီးသွားရင် နောက်ရက်ကျ နတ်ဘုရားမျိုးနွယ်စုနဲ့ ပေါင်းပြီးတော့ ကျုပ်လူသားမျိုးနွယ်ကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားနဲ့ စကားပြောပြီး ဖြုန်းဖို့ အချိန်မရှိဘူး။ ကျုပ်တို့ အင်မော်တယ်လောကရဲ့ အထက်ဘုံစကြဝဠာမြို့က အသိမ်းခံထားရတယ်။ ကျုပ် အဲဒါကို ပြန်လည် သိမ်းရမယ် …. ”

ထိုအချိန်၌ သူက မိုဝူကျိသည် သူ့အား ထောင်ဖမ်းဖို့ ကြိုးစားနေကြောင်း မသိလျှင် သူ နီကိုင်က အရူး ဖြစ်သွားပေလိမ့်မည်။ သူက ကံတရားကိုသာ ကျိန်ဆဲလိုက်တော့သည်။ ဤလောက၌ အလကားဟူ၍ မရှိပေ။ သူတို့သွေးစုပ်မျိုးနွယ်က အကျိုးမြတ်လိုချင်သည့်အတွက် နတ်ဘုရားမျိုးနွယ်၏ ကြိုးဆွဲရာအတိုင်း လိုက်ပါခဲ့ရသည်။ ယခု လူသားမျိုးနွယ်က သူ့အား ထောင်ဖမ်းနေလိုပြန်သည်။

သူ့အနေနှင့် ရှောင်ရှားဖို့ရာ မဖြစ်နိုင်ပေ။ အကယ်၍ သူက ချိုက်နိုအား ငြင်းပယ်နိုင်ခွင့် ရှိခဲ့လျှင် ယခု မိုဝူကျိရှေ့မှောက်၌ ထိုအခွင့်အရေးများ မရှိတော့ချေ။ မိုဝူကျိက သူ့ကို ဘာမှမလုပ်သေးသော်လည်း နတ်ဘုရားမျိုးနွယ်ကို ရှင်းထုတ်ပြီးသည်နှင့် သူ့သွေးစုပ်မျိုးနွယ်မှာ နောက်ထပ် ပစ်မှတ် ဖြစ်သွားပေမည်။

“ အစ်ကိုမို  ကျုပ်လည်း နတ်ဘုရားမျိုးနွယ်က ထုတ်ပြောတုန်းက ဒေါသထွက်လိုက်တာကို …. ဉာဏ်များလွန်းတဲ့ မြေခွေးအိုကြီး ချိုက်နိုကြောင့်သာ မဟုတ်ရင် ကျုပ် နီကိုင်က ဘယ်လိုလုပ် သူ့လှည့်ကွက်ထဲ ကျသွားမှာလဲ။ အစ်ကိုမိုက အထက်ဘုံ စကြဝဠာမြို့ဆီ သွားချင်နေမှတော့ ကျုပ်ကိုပါ ထည့်တွက်လိုက်တော့ ” နီကိုင်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

မိုဝူကျိက ခေါင်းခါကာ  “ တာအိုရောင်းရင်း နီကိုင် အဲဒီမှာ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးနော်။ ကျုပ်က လူသားမျိုးနွယ်စု ကျင့်ကြံသူအားလုံးကို ဦးဆောင်သွားဖို့ ကြံထားတာ ”

ထို့နောက် မိုဝူကျိက အားလုံးဘက်လှည့်ရင်း လက်နှစ်ဖက် ယှက်ကာ

“ တာအိုရောင်းရင်းတို့ နတ်ဘုရားမျိုးနွယ်က ကောင်းကင်ဘုံအလွန် စကြဝဠာမှာ အုပ်စိုးနေတာ အရမ်းကို ကြာပြီ။ ဒီနေ့ ကျုပ်တို့လူသားမျိုးနွယ်က အဲဒီသူတွေကို ကောင်းကင်ဘုံအလွန် စကြဝဠာကနေ ဖယ်ရှားပစ်လို့ ဆုံးဖြတ်လိုက်ပြီ။ ကျုပ့်နောက်ကို လိုက်ချင်တဲ့သူများက ရှေ့ထွက်လာပေးပါ။ ကျုပ်တို့ လူသားမျိုးနွယ်စု အထက်ဘုံ စကြဝဠာမြိုကို သိမ်းပိုက်ပြီးတာနဲ့ အဲဒီကို ရွေ့မှာပါ။

အခု ကျုပ်တို့ လူသားမျိုးနွယ် နေနေတဲ့ နေရာကိုတော့ ကျုပ်နဲ့အတူတူ လိုက်ပါလာတဲ့ မျိုးနွယ်တွေကို ခွဲပေးပါမယ် ”

“ အစ်ကိုမို … ကျုပ်တို့ သွေးစုပ်မျိုးနွယ်လည်း ပါပါ့မယ် ” နီကိုင်က မိုဝူကျိ၏ ရည်ရွယ်ချက်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ ဤတစ်ကြိမ်၌ မျိုးနွယ်စု အရေး ဖြစ်လာလေပြီ။ သူ နီကိုင် တစ်ယောက် လုံလောက်နေပြီဟု ထင်ပါက အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

***

All Chapters