← Chapters

ကောင်းကင်ဘုံအလွန် စကြဝဠာ၏ တာအိုသခင်

Vol. 59 Ch. 820

ကောင်းကင်ဘုံအလွန် စကြဝဠာ၏ တာအိုသခင်

Vol. 59 Ch. 820

“ ကျုပ်တို့ ပင်လယ်မျိုးနွယ်ကလည်း အစ်ကိုမိုရဲ့ သဘောအတိုင်း လိုက်လုပ်ပါ့မယ်။ ကျုပ်တို့ပင်လယ်မျိုးနွယ်မှာ စစ်သား အရေအတွက် တစ်သောင်းကျော်လောက် ရှိပါတယ် ” ပင်လယ်နံ့ ထွက်ပေါ်နေသည့် အမျိုးသား တစ်ယောက်က ရှေ့ထွက်လာသည်။

မိုဝူကျိက နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ ပင်လယ်မျိုးနွယ်က ရှေ့ထွက်မလာလျှင် သူ့အနေနှင့် သေချာပေါက် ဖိတ်ခေါ်နေမည် မဟုတ်ပေ။ သူက နတ်ဘုရားမျိုးနွယ်စုကို သုတ်သင်ပြီးသည်နှင့် သူ့နောက်ပစ်မှတ်မှာ သွေးစုပ်မျိုးနွယ် မဟုတ်တော့ဘဲ ပင်လယ်မျိုးနွယ် ဖြစ်သွားပေလိမ့်မည်။ ပင်လယ်မျိုးနွယ်က မည်သို့ပြုမူရမည်ကို သိနေသည့်အတွက် သူ့အနေနှင့် လတ်တလောအဖြစ်အပျက်အား လျစ်လျူရှုထားပေးရမည်။

နတ်ဘုရားမျိုးနွယ်စုမှ လူအများစုကို မိုဝူကျိက သတ်ထားပြီးပြီ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို လူအများစုက စကြဝဠာအစွန်း၌ အခြေအနေ အပြောင်းအလဲအကြီးကြီး ဖြစ်တောမ့ည်ကို ခံစားမိကြ၍ မြန်မြန် ထွက်ခွာသွားကြလေသည်။

လုကျီတင်းနှင့် သူ့လူများက နတ်ဘုရားကျင့်ကြံရေး တောင်ထိပ်အား မရပ်တန့်နိုင်သည့် အင်အားဖြင့် ရှင်းပစ်လိုက်လေ၏။ လုကျီတင်း ပြန်ရောက်လာသည့်အခါ သူက မိုဝူကျိသည် အထက်ဘုံ စကြဝဠာမြို့ကို သွားသိမ်းမည် ဖြစ်ကြောင်း ကြားလိုက်ရသည်။ သူက မိုဝူကျိရှေ့ ရပ်ကာ ချက်ချင်း ပြောလိုက်သည်  “ ညီလေးမို ကျုပ်လည်း အဲတိုက်ပွဲကို ရှေ့ကနေ တိုက်ပါရစေ ”

ယခင် အင်မော်တယ်လောကမှ ကျင့်ကြံသူများက မခုခံနိင်သည့်အတွက် ကူကယ်ရာမဲ့ဖွယ် ဖြစ်ခဲ့ကြရသည်။ သူ လုကျီတင်းက ကျင့်ကြံသူများစွာ အသတ်ခံလိုက်ရသည်ကိုလည်း မြင်လိုက်ရသည်။ သူတို့က နေရာအနှံ့ ထွက်ပြေးသွားကြသော်လည်း လိုက်ဖမ်းကာ အသတ်ခံနေရဆဲ ဖြစ်လေ၏။

ယနေ့ သူက ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး ရလာပြီ ဖြစ်၏။ သူ လုကျီတင်းက ယနေ့လိုမျိုး နေ့ရက်မှာ အချိန်အကြာကြီး ကွာဝေးနေသေးကြောင်း ဒါမှမဟုတ် မည်သည့်အခါမှ ရောက်လာမည် မဟုတ်ကြောင်း ထင်ထားခဲ့မိသည်။ သူ့အနေနှင့် အချိန်တိုလေးအတွင်း အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု တစ်ခါမှ တွေးမထားမိပေ။ အားလုံးမှာ မိုဝူကျိကြောင့်သာ ဖြစ်၏။

“ ကျီတင်း ညီလေးမိုစကားကို နားထောင်လိုက်ဦး ” ကျဲယင်က လေးလေးနက်နက် ဝင်ပြောလိုက်သည်။ သူကလည်း လုကျီတင်းလိုမျိုး လက်စားချေဖို့ရာ ပြင်းပြနေသည်။ သို့သော်လည်း သူက မိုဝူကျိသည် တခြားမျိုးနွယ်စုပါ ဆွဲသွင်းလိုကြောင်း ကောင်းကောင်း သိနေသည်။

လက်ရှိ လူသားမျိုးနွယ်စု၌ မိုဝူကျိ တစ်ယောက်သာ ရှိပေသည်။ အကယ်၍ မိုဝူကျိ ဆက်မရှိနေတော့လျှင် လူသားမျိုးနွယ်စု၌ မဟာမိတ်များ ရှိထားခြင်းက ပိုကောင်းပေ၏။

ကောင်းကင်ဘုံအလွန် စကြဝဠာနေရာမျိုး၌ ထာဝရ ရန်သူအဖြစ် ကျန်ရှိနေတာမျိုး မရှိပေ။ ယခင် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့က ကောင်းကင်ဘုံနယ်နမိတ်အလွန်ကို တစ်ဝက်စီ အပိုင်သိမ်းထားကြသည်။ ထိုအကြောင်းအရင်းကြောင့် ကောင်းကင်ဘုံနယ်နမိတ်အလွန်သည် လူသားမျိုးနွယ် ပိုင်နက်နှင့် မိစ္ဆာမျိုးနွယ် ပိုင်နက်ဟူ၍ နှစ်ပိုင်း ခြားထားခြင်း ဖြစ်သည်။

သို့သော် ယခုတွင် မည်သို့ ဖြစ်နေပြီနည်း။

လူသားမျိုးနွယ်စုက ဖြည်းဖြည်းချင်း အင်အားလျော့နည်းလာစဉ် မိစ္ဆာမျိုးနွယ်မှာ အင်အား ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ မျိုးနွယ်စုပေါင်းစုံက လူသားမျိုးနွယ်၏ ပိုင်နက်များအား လုယူကုန်ကြသော်လည်း  ယခု မိုဝူကျိ၏ ဖိအားအောက်တွင် လူသားမျိုးနွယ်ဘက်မှ နေ၍ နတ်ဘုရားမျိုးနွယ်ကို တိုက်ရန် ရွေးချယ်ကုန်ကြသည် မဟုတ်ပါလော။

“ ကျုပ်တို့ မိစ္ဆာမျိုးနွယ်ရဲ့ အကြီးအကဲ ကျီကူက အစ်ကိုမိုကို အမြဲလေးစားနေခဲ့တာပါ။ ဒီတစ်ကြိမ် ကျုပ်တို့ မိစ္ဆာမျိုးနွယ်ကလည်း သေချာပေါက် ကူညီပေးပါ့မယ် ” မိစ္ဆာမျိုုးနွယ် တာအိုဧကရာဇ် တစ်ယောက်က ရှေ့ထွက်လာသည်။ ကျီကူက လူသားမျိုးနွယ်စုအား စကားတစ်ခွန်းဖြင့် ကူညီခဲ့သော်လည်း ထိုအရာမှာ မိစ္ဆာမျိုးနွယ်သည် မိုဝူကျိနှင့် မိတ်ဆွေဖွဲ့လိုသည့် သက်သေချက်သာ ဖြစ်၏။

“ ကျုပ်က စကြဝဠာအစွန်းကို ကိုယ်စားပြုပြီးတော့ ဝူကျိကို ထောက်ပံ့ပေးမယ် ” ဖုန်းဟွမ်က ရှေ့တက်လာဖို့ တုံ့ဆိုင်းမနေပေ။ တစ်ချိန်တည်းဆိုသလို သူက မိုဝူကျိနှင့် ဆက်ဆံရေးမှာ ပေါ့သေးသေး မဟုတ်ကြောင်း ထုတ်ဖော်ပြသလိုက်သည်။

“ကျုပ်တို့ ကောင်းကင်မျိုးနွယ်ကလည်း နတ်ဘုရားမျိုးနွယ်ကို မကျေနပ်တာ ကြာလှပြီ ”

…………….…

မျိုးနွယ်စုများစွာက ရှေ့ထွက်လာကြသည်။ တချို့မျိုးနွယ်စု အသေးလေးများပင် နတ်ဘုရားမျိုးနွယ်စု ကျရှုံးတော့မည် ဖြစ်ကြောင်း အသေအချာ သိကာ ရှေ့ထွက်လာကြသည်။ သွေးစုပ်မျိုးနွယ်၏ နီကိုင်က မိုဝူကျိ၏ လွှမ်းမိုးနိုင်စွမ်းအား လျော့တွက်မိသွားသည်။ ယခင် သူ တစ်ယောက်တည်းက မိုဝူကျိအား ကူညီပေးမည့်အကြောင်းမှာ မိုဝူကျိအား မကျေမနပ် ဖြစ်သွားစေဟန် ပေါ်သည်။ သူက စကားလုံးများ သေချာရွေးချယ်၍ သုံးစွဲသော်လည်း သူသွေးစုပ်မျိုးနွယ်မှာ တခြားမျိုးနွယ်စုများနှင့် ယှဉ်လျှင် ဘက်မှားရွေးမိနေဆဲ ဖြစ်သည်။

နီကိုင်က တွေးမိလိုက်၍ မြန်မြန် အော်ပြောလိုက်သည်

“ နတ်ဘုရားမျိုးနွယ်စုက တကယ်ကို နိုင်လိုမင်းထက် ပြုမူနေတာပဲ။ ကျုပ်တို့မျိုးနွယ်စုတွေအနေနဲ့ နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင်တာ ဖြစ်သင့်တယ်။ အရင် နတ်ဘုရားမျိုးနွယ်က အထက်ဘုံစကြဝဠာမြို့မှာ လူသားမျိုးနွယ် ကျင့်ကြံသူသန်းပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့တယ်။

ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်စုက ဒီလူသားမျိုးနွယ် တစ်သိန်းကျော်ကို အလွတ်ပေးလိုက်တဲ့ ကိစ္စအကြောင်းအရင်းကို  ကျုပ် သိလာတာ မကြာသေးဘူး ”

“တာအိုရောင်းရင်းနီကိုင်က အလင်းပြပါဦး ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။ သူကိုယ်တိုင်လည်း ထိုအကြောင်းအရင်းအား အမြဲတွေးမိနေခြင်း ဖြစ်ပေသည်။ နတ်ဘုရားမျိုးနွယ်စုက လူသားမျိုးနွယ် ကျင့်ကြံသူများအား ဝက်များအလား သတ်ဖြတ်ပစ်ခဲ့လေရာ အင်မော်တယ် ဧကရီ ဝမ်လန်နှင့် အခြားအင်မော်တယ် ဧကရာဇ် နှစ်ယောက်က လူသားမျိုးနွယ် ကျင့်ကြံသူ တစ်သိန်းကျော်ကို ကယ်တင်ပေးနိုင်ခဲ့သည့် အကြောင်းအရင်းက မည်သို့ ဖြစ်နေမည်နည်း။ ထိုအင်မော်တယ် ဧကရာဇ်သုံးယောက်တွင် ကျင့်ကြံဆင့်မြင့်မြင့်မားမား မဟုတ်ကြပေ။ သူတို့သုံးယောက်လုံးမှာ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်ပင် မဟုတ်ကြပေ။

နီကိုင်က ဒေါသထွက်ဟန်ဖြင့်  “ နတ်ဘုရားမျိုးနွယ်က ရှေးဟောင်းနယ်မြေတစ်ခု တွေ့ထားတယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ အဲဒီနယ်မြေကို ဖွင့်ဖို့ လူတစ်သိန်းလောက်‌ သွေးစတေးမှု လုပ်ဖို့ လိုတယ် ”

နီကိုင်က ဆက်ပြောဖို့ မလိုတော့ပေ။ အားလုံးက သိလိုက်ကြသည်။ လူသားမျိုးနွယ် တစ်သိန်းကျော်အား အသက်ရှင်သန်ခွင့် ပေးထားသည့် အကြောင်းအရင်းမှာ နတ်ဘုရားမျိုးနွယ်က သူတို့ကို မသတ်နိုင်၍ မဟုတ်သလို ညှာတာမှု ပြသခြင်းလည်း မဟုတ်ပေ။ အကြောင်းအရင်းမှာ နတ်ဘုရားမျိုးနွယ်က သူတို့အား သွေးစတေးစေဖို့ရာ အသက်ရှင်လျက် ထားထားခြင်း ဖြစ်၏။

အားလုံးက နီကိုင်၏ ဒေါသထွက်မှုမှာ ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း သိကြသော်လည်း နတ်ဘုရားမျိုးနွယ်၏ ဤအပြုအမူမှာ အတော်လေး ရက်စက်လွန်းပေသည်။

နဂိုကတည်းက နတ်ဘုရားမျိုးနွယ်အား အကုန်ရှင်းထုတ်ဖို့ ရည်ရွယ်ထားသည့် မိုဝူကျိက ထိုအရာကို ကြားလိုက်ပြီးနောက်တွင် သူ့ဆုံးဖြတ်ချက် ခိုင်မာသွားတော့သည်။

ဘေးတွင် အင်မော်တယ် ဧကရီ ဝမ်လန်တို့ မျက်နှာမှာလည်း ဒေါသကြောင့် အရောင်ပြောင်းလာလေ၏။ သူတို့အနေနှင့် နတ်ဘုရားမျိုးနွယ်က သူတို့ကို ထိုဥက္ကာခဲပေါ်၌ ပိတ်လှောင်ထားလိုသည့် အကြောင်းမှာ ထူးဆန်းကြောင်း ခံစားမိကြသည်။ သူတို့က အချိန်ရလာသည့်အခါ မိုဝူကျိအား ပြောပြဖို့ ရည်ရွယ်ထားကြ၏။ ယခု သူတို့က အကြောင်းအရင်းကို သိသွားလေပြီ။

မိုဝူကျိက ဖုန်းဟွမ်အား ကြည့်ကာ  “ ဖုန်းဟွမ် … ကောင်းကင်ဘုံအလွန်မှာ နတ်ဘုရားမျိုးနွယ်ရဲ့ မြို့တွေ ဘယ်လောက်ရှိလဲ ”

“ စုစုပေါင်း ငါးမြို့ …. လေးခုက လူသားမျိုးနွယ်ရဲ့ အပိုင် ဖြစ်ခဲ့ဖူးတယ် ” ဖုန်းဟွမ်က ဝင်ပြောလိုက်သည်။

နီကိုင်က ထိုအရာကို ကြားသောအခါ မိုဝူကျိထံ စိတ်ဖြင့် ဆက်သွယ်၍  “ အစ်ကိုမို …. သွေးစုပ်မျိုးနွယ်ကလည်း လူသားမျိုးနွယ်ကနေ မြို့တစ်မြို့ ယူထားမိပါတယ် …. ”

မိုဝူကျိက လက်ကို ဝှေ့ကာ ဘာမှပြန်မပြောလိုက်ပေ။ သို့သော် ပွင့်ပွင့်လင်းလင်း ပြောလိုက်၏

“ ကျုပ် မိုဝူကျိ စကြဝဠာအစွန်း ရောက်မလာခင်က ဖြစ်ပျက်ခဲ့တဲ့ အရင်က ကိစ္စအားလုံးကို မေ့ပစ်ပေးလို့ ရပါတယ်။ အခု ကျုပ်တို့အားလုံးက ရဲဘော်ရဲဘက်တွေပဲမလား။ ကျုပ်တို့တွေ နတ်ဘုရားမျိုးနွယ်ကို အပြတ်ရှင်းထုတ်ပြီးရင် အားလုံးက  နတ်ဘုရားမျိုးနွယ်စုရဲ့ မြို့တွေကို ပြန်သိမ်းနိုင်ဖို့ ကူညီပေးကြပါ ”

“ အစ်ကိုမို မပြောရင်တောင် ကျုပ်တို့က လုပ်ပေးမှာပါ ” ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူ တစ်ဦးက ရှေ့တက်လာသည်။

မိုဝူကျိက ကောင်းကင်မျိုးနွယ်သည် လူသားမျိုးနွယ်ဆီမှ အကျိုးမြတ်ရထားကြောင်း သိလိုက်သည်။ မဟုတ်လျှင် သူတို့က ထိုသို့စကားမျိုး ပြောမည် မဟုတ်ပေ။ သို့သော်လည်း ကောင်းကင်ဘုံအလွန် စကြဝဠာမှာ ဤသို့နေရာမျိုး ဖြစ်ပြီး အားကောင်းသူသာ ပြောဆိုပိုင်ခွင့် ရှိလေသည်။ အတိတ်တွင် ဖြစ်ခဲ့သည့်ကိစ္စများအား ပြန်လည်ပြောနေလို့ အကျိုးမရှိပေ။ သူ့အနေနှင့် ရန်သူသာ ပိုများသွားပေလိမ့်မည်။ ယခု လုပ်ဖို့ လိုအပ်နေသည့်အရာမှာ လူသားမျိုးနွယ်စုအား ဖြည်းဖြည်းချင်း ရှင်သန်လာစေဖို့ ဖြစ်သည်။

“ ဟုတ်ပါတယ် ကျုပ်တို့ ပင်လယ်မျိုးနွယ်စုကလည်း သဘောတူပါတယ် ”

“ကျုပ်တို့ လေတောင်ပံမျိုးနွယ်ကလည်း သဘောတူပါတယ် ”

မိုဝူကျိ စကားမှာ ရှင်းလင်းလှသည်။

မင်းတို့တွေ ငါ့လူသားမျိုးနွယ်ရဲ့ ပိုင်နက်ကို အရင်က သိမ်းခဲ့ဖူးတာကို ထည့်တွက်နေမှာ မဟုတ်ဘူး။

ဒါပေမဲ့ ငါ အခု နတ်ဘုရားမျိုးနွယ်ရဲ့ ပိုင်နက်ကို လိုချင်တယ်။ လူသားမျိုးနွယ် ပိုင်နက်ကို သိမ်းထားဖူးတဲ့ မျိုးနွယ်တိုင်း ကူညီရမယ် ……

မဟုတ်ရင်တော့ အဲဒီအကြွေးကို ထည့်တွက်တဲ့အခါ အဆိုးမဆိုကြနဲ့ …..

အားလုံးက မိုဝူကျိ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်ကြသည်ကို မြင်၍ သူ့အနေနှင့် အားလုံးအား မက်လုံးတချို့ ပေးရန် အချိန်ကျလာကြောင်း သိလိုက်သည်။ ဤစကြဝဠာအစွန်း၏ နယ်မြေမှာ လုံလောက်သည်ထက် ပိုပေသည်။

နောက်တစ်ဖန် သူက လက်နှစ်ဖက် ယှက်၍

“ မျိုးနွယ်စုအမျိုးမျိုးမှ တာအိုရောင်းရင်းတို့ တာအိုရောင်းရင်း နီကိုင်ပြောတဲ့အတိုင်းဆိုရင် နတ်ဘုရားမျိုးနွယ်က ရှေးဟောင်းနယ်မြေတစ်ခု ရှာတွေ့ထားတာပဲ ဖြစ်လိမ့်မယ်။ ကျုပ် သိထားသလောက်ဆိုရင် အင်မော်တယ်လောကရဲ့ အထက်မှာ နတ်ဘုရားလောကဆိုတာ ရှိသေးတယ်တဲ့။ နတ်ဘုရားမျိုးနွယ်ရဲ့ တည်ထောင်သူ ဘိုးဘေးက နတ်ဘုရားလောကကို ပထမဆုံးတွေ့ခဲ့တဲ့သူဆိုပြီး ပြောကြတယ်။ နတ်ဘုရားလောကနဲ့ နတ်ဘုရားမျိုးနွယ်က ဘာမှဆက်စပ်မှု မရှိပေမဲ့ အခု နတ်ဘုရားမျိုးနွယ် ရှာတွေ့ထားတဲ့ ရှေးဟောင်းနယ်မြေက နတ်ဘုရားလောကနဲ့  ချိတ်ဆက်နေတာ ဖြစ်နိုင်တယ် ….

ဒီတစ်ကြိမ် ကျုပ်တို့တွေ ကောင်းကင်ဘုံအလွန်က နတ်ဘုရားမျိုးနွယ်တွေကို ရှင်းထုတ်ပြီးတာနဲ့ နတ်ဘုရားမျိုးနွယ်ရဲ့ ဇာ်မြစ်နယ်မြေကို သွားပြီး အမြစ်ကနေ ရှင်းထုတ်ပစ်ကြမယ်။ အဲဒီနယ်မြေကိုတော့ ကျုပ်တို့တွေ အတူတူ ဖွင့်ဖို့ ကြိုးစားကြည့်ကြမယ်။ တိုက်ပွဲကို ပါဝင်တဲ့ မျိုးနွယ်စုတိုင်း ဝင်ခွင့် ရမယ် ”

နတ်ဘုရားမျိုးနွယ်လို မျိုုးနွယ်စုအနေမှာ လူသားမျိုးနွယ်စုကဲ့သို့ အထက်ဘုံ ရှိပေလိမ့်မည်။ ထိုနယ်မြေကို အထက်ဘုံဟု မခေါ်သော်လည်း အတူတူသာ ဖြစ်ပေမည်။ ကောင်းကင်ဘုံအလွန် စကြဝဠာနှင့် ချိတ်ဆက်ထားသော နေရာသာ ဖြစ်ပေလိမ့်မည်။

ထိုစကားလုံးများမှာ သူနှင့်အတူတူ နတ်ဘုရားမျိုးနွယ်အား ရှင်းထုတ်ပေးရန် ကူညီပေးမည့် မျိုးနွယ်စုများကို ထိုနယ်မြေသို့ ဝင်ခွင့်ပေးမည် ဖြစ်ကြောင်း ပြောလိုက်ခြင်းသာ ဖြစ်၏။

“ ကျုပ်က တာအိုသခင်မိုရဲ့ စကားကို သဘောတူတယ် ”

“ ဟုတ်တယ် တာအိုသခင်မိုရဲ့ အကြံပြုချက်က အသင့်တော်ဆုံးပဲ ”

…………….…

လူအများစုက သဘောတူကြောင်း ဖော်ပြကြသည်။ မိုဝူကျိက နတ်ဘုရားမျိုးနွယ်စု၏ သွေးကို အသုံးပြု၍ နယ်မြေကို ဖွင့်မည်လား ဆိုသည့်အကြောင်းကိုတော့ မည်သူကမှ မပြောကြပေ။

ယခင် နတ်ဘုရားမျိုးနွယ်စုအနေနှင့် လူသားမျိုးနွယ်များအား ထိုနယ်မြေကို ဖွင့်ရန် သွေးစတေးမှုအဖြစ် အသုံးပြုလိုသည့်အခါ၌ပင် မည်သူကမှ စိတ်ထဲ မထားကြပေ။ အကြောင်းမှာ လူသားမျိုးနွယ်စု၌ စကြဝဠာအစွန်းတွင် နေရာမရှိသောကြောင့် ဖြစ်ပေသည်။ လူတစ်သိန်းကျော်လောက်ကို ထည့်ပြောနေဖို့ မလိုပေ။ အကယ်၍ လူသန်းချီနေလျှင်ပင် လူသားမျိုးနွယ်စုအနေနှင့် ဘာမှတန်ပြန်မလုပ်နိုင်ပေ။

လူသားများ၏ အနေအထားအရ အားလုံးက သူတို့ဆုံးဖြတ်ချက်နှင့် လက်တွေ့အကျိုးကိုသာ ကြည့်ကြပေသည်။

မိုဝူကျိက ထိုလူများ၏ အကျင့်စရိုက်အကြောင်း ကောင်းကောင်း သိပေသည်။ သူက အေးအေးဆေးဆေး ပြောလိုက်၏

“ ကျုပ်တို့က နတ်ဘုရားမျိုးနွယ်လိုမျိုး သွေးစတေးပြီးတော့ ဖွင့်မှာ မဟုတ်ဘူး။ ကျုပ်တို့က သူတို့ကို တိုက်ပွဲမှာပဲ သတ်ပစ်မယ်။ သူတို့ကို သွေးစတေးဖို့အတွက် သုံးမှာ မဟုတ်ဘူး။ ကျုပ်က အဆင့် ၉ အစီအရင်ဆရာတစ်ယောက်ပဲ …. ဒီကိစ္စတွေပြီးသွားရင် စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်လည်း ပြန်ခင်းပေးမယ်။ ပြီးတော့ အဲဒီရှေးဟောင်းနယ်မြေကို ဖွင့်ဖို့ ကျုပ်နည်းလမ်းနဲ့ ကျုပ် ဖွင့်မယ် ”

ထိုစကားများ၏ အဓိက ရည်ရွယ်ချက်မှာ မိုဝူကျိက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင် ပြန်ခင်းပေးမည့်သူ ဖြစ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်၏။ ထိုသို့ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းက အချိန်ကျလာသည့်အခါ ဆူညံ့မှုများနှင့် ဝေဖန်မှုများမှ ကာကွယ်ထားခြင််း ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ မိုဝူကျိက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို သူ့ထိန်းချုပ်မှုတွင်သာ ထားလို၏။

ဖုန်းဟွမ်က ထိုမြင်ကွင်းကို မြင်သောအခါ မိုဝူကျိသည် ဤနေရာ၌ လုပ်ပိုင်ခွင့် ရသွားပြီ ဖြစ်ကြောင်း သိလိုက်၏။ သူက တည့်တိုးသာ ပြောလိုက်သည်

“ အခု ကျုပ်တို့မှာ ညီလေးမိုကို တာအိုသခင်မိုလို့ ခေါ်တဲ့သူ နှစ်ယောက်ရှိနေပြီဆိုတော့ ကျုပ် တစ်ခုလောက် အကြံပြုချင်ပါတယ်။ ကျုပ်တို့ ကောင်းကင်ဘုံအလွန် စကြဝဠာကြီးက ကြီးမားပြီးတော့ ကျယ်ပြန့်လွန်းတယ်။ ကျုပ် စကြဝဠာအစွန်းရဲ့ တာအိုသခင် ဖုန်းဟွမ်က ဒီမြို့အသေးလေးကိုပဲ စီမံနိင်တယ်။ ဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာရဲ့ နံပါတ်တစ် ကျင့်ကြံသူလည်း ဖြစ်တာမလို့ ကျုပ်တို့တွေ ကောင်းကင်ဘုံအလွန် စကြဝဠာရဲ့ ပထမဆုံး  တာအိုသခင်အဖြစ်  မိုဝူကျိကို  တင်မြောက်လိုက်ကြရအောင် …”

“ ကျုပ် သဘောတူပါတယ် ” နီကိုင်က မြန်မြန် ပြောလိုက်၏။ တကယ်တော့ သူလည်း ထိုသို့တွေးနေခြင်း ဖြစ်သည်။ မူလက သူသည် မိုဝူကျိနှင့် ရင်းနှီးသွားစေရန် ထုတ်ပြောဖို့ ကြံနေခြင်း ဖြစ်သော်လည်း ယခု ဖုန်းဟွမ်က ထုတ်ပြောလိုက်ပြီ ဖြစ်၍  သူက ပထမဆုံး သဘောတူသူ ဖြစ်နေသည်က မထူးဆန်းလှပေ။

“ ကျုပ်လည်း သဘောတူပါတယ် ” မိစ္ဆာမျိုးနွယ် တာအိုဧကရာဇ်က ဝင်ထောက်ခံလိုက်သည်။

တာအိုဧကရာဇ် နှစ်ယောက် သဘောတူသည်ကို မြင်၍ မျိုးနွယ်စု အသေးလေးများကလည်း မကျေမနပ် မပြရဲကြတော့ပေ။ တချို့ မျိုးနွယ်စုကြီးများက မလိုလားသော်လည်း မိုဝူကျိအား ရန်မစရဲကြပေ။ ထို့ကြောင့် တိတ်တိတ်သာ နေနေကြတော့သည်။

မိုဝူကျိက လက်ကို ဝှေ့ပြကာ

“ ဒီတာအိုသခင်ကိစ္စက နောက်မှ ပြောလို့ ရပါတယ်။ အခု ကောင်းကင်ဘုံအလွန် စကြဝဠာထဲက နတ်ဘုရားမျိုးနွယ်စုတွေကို သုတ်သင်ဖို့ အချိန်ရောက်လာပြီ။ ဂိုဏ်းချုပ်လု၊ ဂိုဏ်းချုပ်ကျဲနဲ့  စီနီယာအစ်မဝမ်လန်တို့က လူသားမျိုးနွယ် ကျင့်ကြံသူတွေကို အခုချက်ချင်း လွတ်လိုက်ပါ။ အဲဒီနောက်ကျ ကျုပ်တို့တွေ  မျိုးနွယ်စုရဲ့ ပါဝင်လာတဲ့ လူအရေအတွက်ပေါ်မူတည်ပြီးတော့ စကြဝဠာအစွန်းမှာ နယ်မြေကို ခွဲကြမယ်။ ”

မိုဝူကျိ စကားကို ကြားလိုက်သောအခါ လုကျီတင်းတို့သာ လှုပ်ရှားလိုက်ခြင်း မဟုတ်ပေ။ ကျန်ရှိနေသော လူများသည်လည်း သတင်းပို့ ဓားပျံများ ပို့လွှတ်ကုန်ကြပြီး နတ်ဘုရားမျိုးနွယ်ကို တိုက်ရန် အင်မော်တယ်မြို့များဆီမှ တပ်ကူကို တောင်းကုန်ကြသည်။

…………….....

နတ်ဘုရား ချောက်ကမ်းပါး နယ်မြေ

ဤသည်မှာ အထက်ဘုံနှင့်တူသော နတ်ဘုရားမျိုးနွယ်၏ စကြဝဠာနယ်မြေ တစ်ခု ဖြစ်ပေသည်။

မိုဝူကျိ ညွှန်းဆိုသည့် နေရာလည်း ဖြစ်၏။ မိုဝူကျိက နာမည်မှာ နတ်ဘုရား ချောက်ကမ်းပါး နယ်မြေ ဖြစ်ကြောင်း မသိရုံမျှသာ ဖြစ်ပေသည်။

အင်မော်တယ် ဝိညာဉ်စွမ်းအားများနှင့် မိုးမြေစည်းမျည်းများအရ နတ်ဘုရား ချောက်ကမ်းပါး နယ်မြေသည် အထက်ဘုံထက် မဆိုးလှပေ။ ထို့အပြင် ဤနယ်မြေမှာ ကျယ်ဝန်းပေသည်။

နတ်ဘုရား ချောက်ကမ်းပါး ခုံရုံးမှာ နတ်ဘုရားချောက်ကမ်းပါး နယ်မြေ၏ ဗဟိုချက် ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်၏ အားအကောင်းဆုံး ပုဂ္ဂိုလ်များသာ ဝင်ထွက်ခွင့် ရသော နေရာ ဖြစ်ပေသည်။

လက်ရှိ နတ်ဘုရား ချောက်ကမ်းပါး ခုံရုံး၌ ဝူဝမ်က မသာမယာ မည်းချိတ်နေသော မျက်နှာထားဖြင့် ထိုင်နေသည်။ မည်းချိတ်နေသည်မှာ သူ့မျက်နှာပေါ်မှ အနက်ရောင် ထိုးကွင်းများ မမြင်နိုင်လောက်အောင်အထိ ဖြစ်၏။ သူက နတ်ဘုရားမျိုးနွယ်၌ အားအကောင်းဆုံး တာအိုဧကရာဇ် ဖြစ်သော်လည်း သူ့လက်များမှာ အနည်းငယ် တုန်ယင်နေမိသည်။ သူ့စိတ်ထဲ၌ စိုးရိမ်ပူပင်မှု ရှိနေမှန်း သိသာလှသည်။

သူက မစိုးရိမ်ဘဲ မနေနိုင်ချေ။ သူက မိုဝူကျိ၏ ဦးဆောင်မှုအောက်ဖြင့် မြောက်များစွာသော မျိုးနွယ်စုများမှာ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်နေကြောင်း အစီအရင်ခံစာ ရရှိထား၏။ သူတို့ သိမ်းပိုက်ထားသော အင်မော်တယ်မြို့ ငါးမြို့လုံးမှာ မကြာခင် တခြားသူ အပိုင် ဖြစ်တော့မည်။ နတ်ဘုရားမျိုးနွယ်စုက ကောင်းကင်ဘုံအလွန် စကြဝဠာမှ မောင်းထုတ်ခံရတော့မည်။

***

All Chapters