အပိုင်း(၄၈၁)
Vol. 33 Ch. 481
ကောင်းကင်မီးတောက်၏ စကားအားကြားပြီးနောက် ဤသင်္ဘောကလည်းရှေးခေတ်က
ဖြစ်နိုင်မည်လားဆိုသည်ကို ရှစ်ဖုန့်ချင့်ချိန်တွေးဆနေသည်။
“ဝေါင်း..ဝေါင်း..”
ရုတ်တက် ဟိန်းဟောက်သံနှစ်ချက်နှင့်အတူ ခေါင်းနှစ်လုံးနတ်ဆိုးခွေးက ၎င်း၏ပါးစပ်အတွင်းမှ အစိမ်းရောင်မီးတောက်နှစ်ခုအား
မှုတ်ထုတ်လိုက်သည်။ ရုတ်ခြည်းဆိုသလို မှောင်မိုက်နေသေ နေရာမှာ အစိမ်းရောင်တို့ထွန်းလင်းသွားသည်။
နက်မှောင်သော အစိမ်းရောင်မီးတောက်များက ရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်ထံသို့ ပြင်းထန်စွာတောက်လောင်လာသည်။ မကြာခင်တွင် ၎င်းကသူတို့ဆီသို့ရောက်ရှိလာ၏။
“လောင်ကျွမ်းစမ်း”
ရှစ်ဖုန့်ချက်ချင်းပဲ အော်ပြောလိုက်သည်။ ထို့နောက် သူ၏ကိုယ်မှလည်း သွေနီးရောင်မီးတောက်တစ်ခု ဟုန်းခနဲတောက်လောင်လာပြီး သူထံသို့တောက်လောင်လာနေသော အစိမ်းရောင်မီးတောက်တို့ထံသို့ ဦးတည်လောင်ကျွမ်းသွားစေသည်။
“ချမ့်ထုံဝမ်လု”
ဤအချိန်တွင် ရှစ်ကျင်းရွှိုက်ကလည်းအော်ပြောလိုက်သည်။ သူ၏ညာလက်မှ ရွှေရောင် ဒင်္ဂါးပြား လက်တစ်ဆုပ်စာထက်ပေါ်လာပြီး ၎င်းတို့အား သူ့ရှေ့ရှိလောင်ကျွမ်းနေသော မီးတောက်တို့ထံသို့ဦးတည်သွားစေလိုက်သည်။ရွှေဒင်္ဂါးပြားများ၏အောက်တွင် တောက်လောင်နေသော မီးတောက်တို့မှာ ရုတ်ခြည်းဆိုသလို ဒါဇင်နှင့်ချီသာ ရွှေဒင်္ဂါးပြားများ၏ အလယ်ဗို သေးငယ်သောစတုရန်းအပေါက်ဝ၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။
စုတုရန်းအပေါက်သေးလေးမှာ အခြေမဲ့ တွင်းတစ်ခုအလား မီးတောက်တို့လုံး ဝပြည့်နှက်လာခြင်းမရှိပေ။
“သွားစမ်း”
ထို့နောက်ချက်ချင်း ရှစ်ကျင်းရွှိုက်က လက်ဝါးရိုက်ချက်အားအသုံးပြုလိုက်ပြီး ရုတ်ခြည်း ဆိုသလို ဒါဇင်ပေါင်းများစွာသော ရွှေရောင်ဒင်္ဂါးပြားတို့က ရှေ့ရှိတောက်လောင်နေသော နက်မှောင်သည့်မီးတောက်စိမ်းတိုထံ တစ်ဟုန်ထိုး ဦးတည်သွားသည်။ ရွှေရောင်ဒင်္ဂါးများဖြတ်သန်းသွား
သည့်နေရာတိုင်းတွင် နက်မှောင်သည့်အစိမ်းရောင်မီးတောက်များမှာ ပြောင်သလင်းခါနေအောင် စုပ်ယူခံလိုက်ရ၏။
ထို့နောက်ချက်ချင်း ပေါက်ကွဲတောက်လောင်နေသော သွေးနီရောင်မီးတောက်တို့နှင့် ဒါဇင်ပေါင်းများစွာသော ရွှေရောင်ဒင်္ဂါးပြားများက ခေါင်းနှစ်လုံးနတ်ဆိုးခွေး၏ရှေ့သို့
ရောက်ရှိသွားပြီး ၎င်းအား ပြင်းထန်စွာ ဝါးမျိုသွားသည်။
“အာဝူး..ဝူး..”
သွေးနီရောင်မီးတောက်တို့၏ တောက်လောင်မှုနှင့် ရွှေရောင်ဒင်္ဂါးပြားတို့၏ အဆက်မပြတ်ထိုးနှက်တိုက်ခိုက်မှုအောက်တွင် ခေါင်းနှစ်လုံး နတ်ဆိုးခွေးမှာ ရုတ်တရက် နာကျင်မှုအပြည့်ဖြင့်ဆွဲဆွဲငင်ငင် ဟစ်အော်တော့သည်။ ထို့နောက် ဟစ်အူသံက မပြေမပြစ်ဖြင့်ရပ်တန့်သွား၏။
ခေါင်းနှစ်လုံးနတ်ဆိုးခွေးမှာ သွေးနီရောင်မီးတောက်တို့၏ ပြာဖြစ်သည်အထိ လောင်ကျွမ်းခြင်းကိုခံလိုက်ရသည်။ ထို့နောက် သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်ထံသို့ အရှိန်အဟုန်ဖြင့် တလိပ်လိပ်ပြန်လာပြီး ရှစ်ကျင်းရွှိုက်၏ ရွှေရောင်ဒင်္ဂါးပြားများကြလည်း ၎င်းထံသို့ အရှိန်အဟုန်ဖြင့်ပြန်လာသည်။ ၎င်းတို့ကတစ်ခုပြီးတစ်ခု ရှစ်ကျင်းရွှိုက်၏လက်ဖဝါးအတွင်း
သို့ပြန်လည်ရောက်ရှိလာ၏။
သွေးနီရောင်မီးတောက်တို့ရှစ်ဖုန့်၏ ကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာသောအခါတွင် နေရာတစ်ခုလုံး နောက်တစ်ကြိမ်ထပ်မံ၍ အမှောင်ထုအတွင်းကျရောက်သွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။
“ရှေ့ကိုသွားပြီးတစ်ချက်ကြည့်ကြစို့ ….ဒီတစ္ဆေသင်္ဘောက မရိုးရှင်းဘူး. ဒီနတ်ဆိုးခွေးက ရှေးဟောင်းမျိုးစိတ်တစ်မျိုးပဲ.ပြီးတော့ ဒီတစ္ဆေသင်္ဘောကလည်း” ရှေးဟောင်းပစ္စည်းကိရိယာတစ်မျိုး
ဖြစ်နေလောက်တယ်
“နတ်ဆိုးခွေ.. ရှေးဟောင်းမျိုးစိတ်လား”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က တီးတိုးရေရွတ်လိုက်သည်။ထို့နောက် သူက ရှစ်ဖုန့်ကို စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်၏။
“ညီလေးရှစ်.. ခုဏကတော့မင်းအဲ့ထူးဆန်းတဲ့အရာကို မသိဘူးဆို…..အခု အဲ့ကနတ်ဆိုးခွေးလို့ခေါ်ပြီးတော့ ရှေးခေတ်မျိုးစိတ်တစ်ခုဆိုတာကို ဘယ်လိုသိတာလဲ”
ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ မေးခွန်းအား မဖြေပေ။ သူကရှေ့ကဦးဆောင်ပြီး အမှောင်ထုအတွင်းလျှောက်လှမ်းသွားလိုက်သည်။တကယ်တော့ ရှစ်ကျင်းရွှိုက်အား သူ၏ကိုယ်အတွင်း၌ ရှေးခေတ်ကောင်းကင်မီးတောက်
တစ်ခုရှိနေသည်ကို ရှစ်ကျင်းရွှိုက်အားသူမပြောလိုပေ။ ယင်းမှာ ကောင်းကင်မီးတောက်ကသူ့အား
ပြောပြသောကြောင့်သိခဲ့ခြင်းဖြစ်သည်။
ရှစ်ဖုန့်ကမဖြေသည်အားတွေ့လိုက်ရသောအခါတွင် ရှစ်ကျင်းရွှိုက်က ဘာမေးခွန်းမှထပ်ပြီးမမေးမြန်းတော့ပေ။သူကရှစ်ဖုန့်နောက်သို့ဆက်လိုက်၍ အမှောင်ထုအတွင်းဦးတည်လိုက်သည်။
ခေါင်းနှစ်လုံးနတ်ဆိုးခွေးပေါ်ပေါက်
လာခြင်းကြောင့် ရှစ်ဖုန့်မှာ ဤတစ္ဆေသင်္ဘောအကြောင်းအားပို၍ပို၍သိချင်လာသည်။ ဤသင်္ဘောပေါ်၌အခြားမည်သည့်အရာများရှိနေသည် ၎င်း၌ မည်သည့်ရှေးခေတ်မျိုးစိတ်များ သို့မဟုတ် ရတနာများကျန်ရစ်နေခဲ့သည်ဆိုသည်အားသူမသိချေ။
ရှစ်ကျင်းရွှိုက်ကရှစ်ဖုန့်၏နောက်မှ
လိုက်ပါလာပြီး နှစ်ယောက်သား ရှေ့သို့ဆက်လျှောက်လှမ်း၍ ပတ်ဝန်းကျင်အား စူးစမ်းရှာဖွေကြသည်။ ရှစ်ကျင်းရွှိုက်မှာ သူ၏နောက်မှ တစ်ခုခု က လိုက်ပါလာသကဲ့သို့ အမြဲထူးဆန်းသောခံစားချက်တစ်
အားရရှိနေသည်။ ထိုထက်ပိုသည်ကား အေးစက်သော လေးအေးကလည်းတိုက်ခတ်နေခြင်းဖြစ်သည်။ သို့သော် သူ၏နောက်သို့ ခေါင်းလှည့်ကြည့်လိုက်တိုင်းတွင် အမှောင်ထု ၊တိတ်ဆိတ်မှုနှင့် ဗလာနတ္ထိဖြစ်မှုတို့သာရှိသည်ကိုတွေ့ရ၏။ သူဘာကိုမှမြင်တွေ့ရခြင်းမရှိပေ။
“ငါ့စိတ်ကငါ့ကိုပြန်ပြီးတော့ လှည့်စားနေတာများလား”
ရှစ်ကျင်းရွှိုက်တစ်ယောက် အသံတိုးတိုးဖြင့်ရေရွတ်လိုက်ပြီးနောက် အမှတ်မဲ့ သူ၏ခေါင်းအားလှည့်လိုက်၏။ဤအချိန်တွင် ကြောက်မက်ဖွယ်ဖြူဖျော့နေသောမျက်နှာတစ်ခုက ရှစ်ကျင်းရွှိုက်၏ ရှေ့တွင် ဇောက်ထိုး တွဲလောင်းခိုအနေအထားဖြင့်ပေါ်လာသည်။ ၎င်းကရှစ်ကျင်းရွှိုက်အား ချောက်ချားဖွယ်ရယ်ဖြီးပြနေပြီး ၎င်းကရှစ်ကျင်းရွှိုက်၏မျက်နှာနှင့် လက်သီးတစ်လုံးစာအကွာအဝေး
သာကွာဟသည်ဖြစ်သည်။
ရှစ်ကျင်းရွှိုက်၏မျက်လုံးတို့ ရုတ်ခြည်းပြူးကျယ်သွားပြီး သူ၏သူငယ်အိမ်တို့ကျယ်လာသည်။သူ၏ ကိုယ်ရှိ ရှိသမျှ အမွှေးအကုန် အဆုံးထိထောင်မတ်သွားပြီး တစ်ကိုယ်လုံးလဲ အေးစိမ့်မှုတို့ကိုခံစားလိုက်ရသည်။
“အား”
နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သော စူးစူးဝါးဝါးအော်ဟစ်သံက ရှစ်ကျင်းရွှိုက်၏ ပါးစပ်မှထွက်ပေါ်လာသည်။
ဖြူဖျော့သော မျက်နှာထက်ရှိ အတိတ်နမိတ်မကောင်းသော ထူးဆန်းသည့် အပြုံးတစ်ခုက မြင်ရသည်ထက်ပို၍ ကြီးမားလာသည်။ ရုတ်ခြည်းဆိုသလို ၎င်းက တူညီစွာဖြူဖျော့နေသည့် လက်နှစ်ဖက်အားဆန့်ထုတ်လိုက်ပြီး ရှစ်ကျင်းရွှိုက်၏လည်ပင်းအား ဆုပ်ကိုင်လိုက်သည်။
ဤအချိန်တွင်လက်ကြီးတစ်ဖက်က ရုတ်ခြည်းရှစ်ကျင်းရွှိုက်၏ နံဘေးသို့ရောက်လာပြီး ဖြူဖျော့သောမျက်နှာ၏ လည်ပင်းအနောက်ဘက်အား ကြက်လေးတစ်ကောင်ကဲ့သို့ ဆုပ်ကိုင်ထားသည်။ ထို့နောက် ထိုလက်က ဖြူဖျော့သော မျက်နှာအား ကြမ်းပြင်ပေါ်ကိုင်ပေါက်လိုက်၏။
“အား”
နောက်ထပ်နာကျင်စွာ ဟစ်အော်သော အသံတစ်ခုက ဤနေရာရှိအမှောင်ထုအတွင်းထွက်
ပေါ်လာသည်။ ရှစ်ဖုန့်က ကြောက်လန့်နေသော ရှစ်ကျင်းရွှိုက်အားကြည့်၍ ပြောလိုက်သည်။
“ဒါနဲ့ဆို ဒုတိယအကြိမ်ပဲ. ခုဏက ဒီနတ်ဆိုးလေးရဲ့လက်ထဲမှာခင်ဗျားသေလုနီးပါးဖြစ်သွားတယ်.ခင်ဗျားကအရမ်းကြောက်တတ်တာပဲ…ခင်ဗျား ဒီသင်္ဘောပေါ်ကို တက်လိုဖို့မလိုတဲ့ပုံပေါ်တယ်”
ကြက်သေသေနေသော ရှစ်ကျင်းရွှိုက်မှာရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်အသိပြန်ကပ်လာသည်။ သူက ရှစ်ဖုန့်ကြောင့်ကြမ်းပြင်ထက်ကိုင်ပေါက်ခံလိုက်ရသော မကောင်းဆိုးဝါးဝိညာဉ်အားကြည့်လိုက်သည်။ ၎င်းမှာအရမ်းငယ်ရွယ်သော ကောင်လေးတစ်ယောက်ဖြစ်သည်။၎င်းမှာရှစ်ဖုန့်၏ကြမ်းပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်းကိုင်ပေါက်ခြင်း
ခံလိုက်ရသောကြောင့် ၎င်း၏ ဖြူဖျော့သောမျက်နှာ၌ နာကျင်မှုတို့ဖြင့်ပြည့်နှက်နေ၏။
ထို့နောက် ရှစ်ကျင်းရွှိုက်က ခွတီးခွကျပြုံး ပြလိုက်ပြီးရှစ်ဖုန့်ကိုပြောလိုက်သည်။
“ဒါက အရမ်းရုတ်ခြည်းဆန်လွန်းတယ်လေ..သူက ငါ့ရှေ့မှာ ဘာမှအသိမပေးဘဲပေါ်လာတာကိုး…ဒီကြောင့်ငါအရမ်းကြောက်လန့်သွားတာ.. ကျေးဇူးတင်ပါတယ်ညီလေးရှစ်..ငါ့ရဲ့အသက်ကို ထပ်ပီးကယ်တင်ပေးခဲ့လို့”
“ခင်ဗျားဆက်လိုက်မလားနေခဲ့မလားဆိုတာကို ကိုယ့်ဟာကို ဆုံးဖြတ် ..ခင်ဗျားကအရမ်းကြောက်လွန်းတယ်.. အကယ်၍ဒီလိုသာဆက်ဖြစ်နေပြီး ဒီသခင်လေးနဲ့အတူလျှောက်သွားရင် ဒီသခင်လေး အာရုံးစူးစိုက်မှုမရှိလိုက်တာနဲ့ ခင်ဗျားသေမှာပဲ.. “
ရှစ်ဖုန့်ကတဲ့တိုးပင်ပြောလိုက်သည်။ဤနေရာ၌ မရေတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များရှိသည်ဖြစ်သည်။ ယင်းက တစ္ဆေများအားအရမ်းကြောက်လန့်တတ်သော ရှစ်ကျင်းရွှိုက်အတွက် ဤနေရာ၌နေရန်ကောင်းမွန်သောအရာမဟုတ်ပေ။
“ငါ..”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက်ရှစ်ကျင်းရွှိုက် သူ၏နောက်သို့ကြည့်လိုက်သည်။ရှေ့ဘက်ကဲ့သို့ပင်၎င်းကလည်းပိန်းပေါက်အောင်မည်း
မှောင်နေ၏။ ဤအချိန်၌ လေအေးလှိုင်းများကလည်း သူ၏နောက်ကျောဘက်မှလာနေသည်။ ထို့နောက် ရှစ်ကျင်းရွှိုက်ရှေ့သို့ထပ်မံကြည့်လိုက်ပြီး နောက်ဆုံး၌နံဘေးနားရှိ ရှစ်ဖုန့်ကိုကြည့်၍ ပြောလိုက်သည်။
“ငါမင်းနဲ့အတူတူသွားပါ့မယ် ညီလေးရှစ်ဖုန့်”
“ဒီစွန့်စားမှုကိုမင်းနဲ့တူလုပ်တာက
ငါ့အတွက်ပိုကောင်းတယ်ညီလေးရှစ်.. အကယ်၍ညီလေးပြောသလိုသာတကယ်ဆိုရင် ..အဲ့တာကလည်းငါ့ဘဝမှာ အတိဒုက္ခတစ်ခုဖြစ်လိမ့်မယ်”
“ကောင်းပြီ..သွားစို့”
ရှစ်ဖုန့်က ထူးမခြားနားစွာပင်ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအားအားထပ်မံအသက်သွင်း
လိုက်ပြီး သူ့ခြေရင်းနား၌လဲနေသော တစ္ဆေလေးအား ဝါးမျိုလိုက်သည်။ ထို့နောက် အမှောင်ထုအတွင်းရှေ့သို့ဆက်လက်လျှောက်လှမ်းသွားလိုက်သည်။
ဤအချိန်တွင် ရှစ်ကျင်းရွှိုက်မှာ ပို၍ နိုးနိုးကြားကြားရှိလာသည်။ အချိန်မရွေးတိုက်ခိုက်နိုင်ရန်အသင့်ပြင်ထား၏။အကယ်၍ ထိုအရာကသူ၏ရှေ့၌ထပ်မံပေါ်လာရဲလျှင် တစ်ချက်တည်းသမလိုက်မည်ဖြစ်သည်။
ရှစ်ဖုန့်အဆိုအရ သူ၏ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
စွမ်းအားဖြင့် သူ့ရှေ့၌ပေါ်လာခြောက်လှန့်ခဲ့သော အဆင့်နိမ့်မကောင်းဆိုးဝါးဝိညာဉ်နှစ်ခုအား သတ်ပစ်နိုင်သည်ဟုသိရသည်။
“ညီလေးရှစ် ..ညီလေးက ဒီမကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ပက်သက်ပြီး တုန့်ပြန်မှုအားအရမ်းကောင်းတာပဲ.. ညီလေးရဲ့ ဝိညာဉ်စွမ်းအားကလည်းအံ့ဖွယ်ပဲဖြစ်ရမယ်.. ညီလေးက အဂ္ဂရိတ်ဆရာသခင်တစ်ယောက်လား …ညီလေးက အရမ်းငယ်သေးပေမဲ့ ကြယ်လေးပွင့်သူတော်စင်နယ်ပယ်
အဆင့်ကိုရောက်နေပြီ..အဂ္ဂရိတ်ဆရာသခင်တစ်ယောက်လည်းဖြစ်နေသေးတယ်.. ညီလေးရဲ့ အနာဂတ်အောင်မြင်မှုအလား
အလာတွေကတော့ စိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဖူး”
ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်နှင့်အတူ အမှောင်အထုအတွင်း၌
လျှောက်လှမ်းနေရင်းပြောလိုက်သည်။
ယင်းမှာရှစ်ကျင်းရွှိုက်အနေဖြင့် အမှောင်ထုအတွင်း သူတို့ခြေဖဝါးအောက်ရှိ သစ်သားကျိုးများထံမှ ထွက်ပေါ်နေသောတကျွီကျွီမြည်သံများကိုကြားနေရသောကြောင့်ဖြစ်သည်။ ၎င်းအသံက အရမ်း စိတ်လေးဖွယ်ကောင်းလှ၏။ထို့ကြောင့် သူ့အနေဖြင့်တစ်ခုခုကိုပြောနေရခြင်းဖြစ်သည်။
သို့သော် သူ၏ နှလုံသားထဲတွင်တော့ ဤကောင်လေးနှင်ပက်သက်ပြီး စူးစမ်း သိချင်စိတ်တို့ ပို၍ပို၍ဖြစ်ပေါ်လာသည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE