← Chapters

ကောင်းကင်ဘုံအလွန် စကြဝဠာ၏ စည်းမျည်းများ

Vol. 60 Ch. 825

ကောင်းကင်ဘုံအလွန် စကြဝဠာ၏ စည်းမျည်းများ

Vol. 60 Ch. 825

“ တာအိုသခင်မို …. အဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်က ပျက်စီးနေတာ နည်းနည်း ကြာသွားပြီဆိုတော့ အသစ် ခင်းကျင်းတော့မလား” မိုဝူကျိ တံခါးပိတ် လေ့ကျင့်ရာမှ ထွက်လာသည်နှင့် တာအိုဧကရာဇ်တချို့က သူ့ရှေ့သို့ ရောက်လာကာ ဆိုလိုက်ကြသည်။

အမှန်တရားမှာ သူတို့က မိုဝူကျိ ထွက်အလာကို စောင့်ဆိုင်းနေကြခြင်းမှာ စကြဝဠာအစွန်း၏ အကျိုးမြတ်များ ဝေခွဲရေးနှင့်အတူ ကာကွယ်ရေး အစီအရင်အသစ် ခင်းကျင်းရန် ဖြစ်၏။ သူတို့၏ အစီအရင်တာအိုမှာ မိုဝူကျိနှင့် နှိုင်းယှဉ်၍ မရသော်လည်း မိုဝူကျိအနေနှင့် သူ တစ်ယောက်တည်း စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်အား ချုပ်ကိုင်ထားမည်ဟု တွေးထားလျှင် မဖြစ်နိုင်ပေ။

“ ဒါပေါ့ …” မိုဝူကျိက ပြုံးကာ ရောက်လာသည့် ဖုန်းဟွမ်အား ကြည့်ကာ ပြောလိုက်သည်  “ တာအိုသခင်ဖုန်း ”

ဖုန်းဟွမ်က မြန်မြန် ပြောလိုက်လေ၏  “ တာအိုသခင်မို …. ကျုပ်တို့ကြားက အခေါ်အဝေါ် အဆင်ပြေအောင်လို့ ကျုပ်က အခု စကြဝဠာအစွန်းရဲ့ မြို့စားလို့ ပြောင်းထားတယ် ”

မိုဝူကျိက စိတ်ထဲ မထားဘဲ  “ မြို့စားဖုန်း … ကောင်းကင်ဘုံအလွန် စကြဝဠာက စည်းမျည်းအသစ်တွေ သတ်မှတ်တော့မှာဆိုတော့ ဒီမှာရှိနေတဲ့ အင်အားစုတိုင်း၊ မျိုးနွယ်တိုင်းကို ကောင်းကင်ဘုံအလွန် တာအိုသခင်အိမ်တော်မှာ နောက်ထပ် နှစ်နာရီကြာရင် တွေ့ဖို့  ကျုပ်ကို ကူညီပေးပါဦး  ”

“ ဟုတ်ကဲ့ ” ဖုန်းဟွမ်က တုံ့ပြန်လိုက်ပြီးနောက် နောက်တစ်ခွန်းထပ်ပြောလိုက်သည်  “ တာအိုသခင်မို … ဒီညီလာခံ မတက်ရောက်ချင်တဲ့လူတွေကို ကျုပ်တို့ ဘာလုပ်လိုက်ရမလဲ ”

မိုဝူကျိက ရယ်မောကာ “ အဲဒါက သူတို့အပေါ် မူတည်တယ်။ ကျုပ်တို့တွေ အတင်းဖိအားပေးစရာ မလိုဘူး ”

မိုဝူကျိ စကားကို ကြားပြီး ဖုန်းဟွမ် တစ်ယောက်တည်းသာ အံ့ဩသွားခြင်း မဟုတ်ပေ။ တာအိုဧကရာဇ်တချို့လည်း အံ့အားသင့်ကာ သံသယဝင်မိသွားလေ၏။ သူတို့၏ မိုဝူကျိအပေါ် နားလည်နိုင်စွမ်းအရ မိုဝူကျိသည် အလွယ်တကူ ညှိနှိုင်း၍ ရသည့်သူ မဟုတ်ချေ။ မိုဝူကျိအား ရန်မစမိလျှင် ဘာမှဖြစ်မည် မဟုတ်သော်လည်း ရန်စထားမိပါက နတ်ဘုရားမျိုးနွယ်၏ အဖြစ်အပျက်မှာ  ထိုလူများ၏ နောင်တချိန် ကြုံတွေ့လာရမည့် အကောင်းဆုံး နမူနာ ဖြစ်သွားပေမည်။

ယခု မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာ၏ တာအိုသခင် တစ်ယောက်အနေနှင့် ညီလာခံခေါ်လိုက်ပြီ ဖြစ်ရာ မတက်ရောက်သူများက မိုဝူကျိအား တာအိုသခင်အဖြစ် မလေးစားခြင်းသာ ဖြစ်ပေသည်။

…………….…

ကောင်းကင်ဘုံအလွန်၏ တာအိုသခင်အိမ်တော်ကို စကြဝဠာအစွန်း၌  ဖုန်းဟွမ်က တည်ဆောက်ပေးထားသည်။

စကြဝဠာအစွန်း တစ်ခုလုံး၌ တာအိုသခင်အိမ်တော်ထက် ပိုမိုကြီးကျယ်ခမ်းနားကာ လက်ရာမြောက်သည့် အဆောက်အဦးမျိုး ရှိမည် မဟုတ်ပေ။ သို့သော်လည်း ကောင်းကင်ဘုံအလွန်၏ တာအိုသခင်မှာ ကောင်းကင်ဘုံအလွန် စကြဝဠာ၏ နံပါတ်တစ် ဖြစ်တည်မှု ဖြစ်သောကြောင့် သူ့တာအိုသခင်အိမ်တော်မှာ ထိုသို့ ကြီးကျယ်ထည်ဝါနေသည်က ပုံမှန်သာ ဖြစ်၏။

နှစ်နာရီကြာမြင့်ပြီးနောက် ခမ်းနားကျယ်ဝန်းလှကာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် တာအိုသခင်အိမ်တော် ခန်းမကြီးအတွင်း၌ လူတစ်ထောင်လောက် စုစည်းနေပေသည်။

ကောင်းကင်ဘုံအလွန်၌ ကျန်ရှိနေရန် ရည်ရွယ်ထားသည့် လက်ကျန် အင်အားစုများ၏ ဂိုဏ်းချုပ် ရာခိုင်းနှုန်းပြည့်နီးပါးတို့က ခန်းမအတွင်း ရောက်ရှိနေပြီ ဖြစ်၏။ တချို့မျိုးနွယ်စုတချို့နှင့် အင်အားစုတို့မှာ ကိုယ်စား လွတ်လိုက်ကြသည်မှ လွဲ၍ ကျန်လူအများစုမှာ သူတို့မျိုးနွယ်၊ အင်အားစုများ၏ အဓိက အာဏာရှင်များသာ ဖြစ်ကြသည်။

ဤညီလာခံကို တက်ရောက်ခြင်းက အချိန်များများ ကြာမည် မဟုတ်သောကြောင့် မည်သူကမှ ကောင်းကင်ဘုံအလွန်၏ တာအိုသခင်အား ဤသို့ကိစ္စအသေးလေးဖြင့် စိတ်အနှောင့်အယှက် မပေးလိုကြပေ။ ဤသည်က အခေါ်အဝေါ်တစ်ခုမျှသာ ဖြစ်သော်လည်း ဤလူသည် ကောင်းကင်ဘုံအလွန်၏ စကြဝဠာအတွင်းမှ နတ်ဘုရားမျိုးနွယ်စုအားလုံး၏ တည်ရှိမှုအား ဖျောက်ဖျက်နိုင်ခဲ့သည်။

“ တာအိုသခင်မို … အင်အားစုတိုင်းနဲ့ မျိုးနွယ်စုတိုင်း ရောက်ပါပြီ ” ဖုန်းဟွမ်က ထိုမျှတက်ရောက်ကြလိမ့်မည်ဟု မထင်ထားပေ။

မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး ထိုသည်မှ သူ့ခန့်မှန်းချက်အတွင်း ရှိပေသည်။ အနာဂတ်အစီအစဉ်များ ပါဝင်နေသည့် ညီလာခံမှာ စကြဝဠာအစွန်း၏ အကျိုးမြတ်များကို မည်သို့ခွဲဝေယူမည့်အကြောင်းအထိ ဦးတည်သွားမည် ဖြစ်၏။ သူတို့သာ အရူး မဟုတ်သရွေ့ ရောက်လာပေလိမ့်မည်။ အစပိုင်းတွင် မိုဝူကျိက ညီလာခံ မတက်ရောက်သည့် မျိုးနွယ်စုများကို ဖြေရှင်းဖို့အတွက် သီးခြားအင်အားစု တစ်ခုဖွဲ့ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုမူ အားလုံးက တက်ရောက်သည့်အတွက် သူ့အနေနှင့် ထိုစည်းမျည်းကို ထပ်ပေါင်းရန် မလိုအပ်တော့ပေ။

အားလုံးက နေရာချပြီးပြီ ဖြစ်ရာ ဖုန်းဟွမ် ပြင်ဆင်ပေးထားသည့် အခါးရည်ကို လက်ခံပြီးနောက် မိုဝူကျိက လက်နှစ်ဖက် ယှက်လျက်

“ကောင်းကင်ဘုံအလွန်ရဲ့ တာအိုရောင်းရင်းတို့ကို ကျေးဇူးကြွေးတင်နေပါတယ်။ ကျုပ်က ကောင်းကင်ဘုံအလွန် ဦးဆုံး တာအိုသခင် ဖြစ်လာတယ်။ တာအိုသခင် ဖြစ်လာပြီဆိုတော့  ကောင်းကင်ဘုံအလွန် စကြဝဠာအတွက် ပြန်လည် လုပ်ဆောင်ပေးရမှာတွေ ရှိပါတယ်။ အခု ကောင်းကင်ဘုံအလွန် တာအိုသခင် ဖွဲ့စည်းပုံအခြေခံ စည်းမျည်းအဖွဲ့ကို ဖွဲ့ဖို့ အဆိုပြုချင်တယ် ”

ခန်းမအတွင်းရှိ အားလုံးက တိတ်ဆိတ်သွားလေ၏။ အကြောင်းမှာ မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာ၏ တာအိုသခင် တစ်ယောက် ဖြစ်လာသည်မှာ သူ့အင်အားက ကောင်းကင်ဘုံအလွန် စကြဝဠာတစ်ခုလုံး၌ နံပါတ်တစ် ဖြစ်နေ၍ ဖြစ်သည်။ အားလုံးက နတ်ဘုရားမျိုးနွယ်ကဲ့သို့သော အင်အားကြီးမျိုးနွယ်တစ်ခုက တာအိုသခင်မိုအား ရန်စမိခဲ့၍ ပျောက်ကွယ်သွားရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည် မဟုတ်ပါလော။

တာအိုသခင် ဖွဲ့စည်းပုံ အခြေခံစည်းမျည်းအဖွဲ့၌ မိုဝူကျိ တစ်ယောက်တည်းသာ လုံလောက်နေလေပြီ။ ယခု တာအိုသခင်သည် တာအိုသခင် ဖွဲ့စည်းပုံအခြေခံ စည်းမျည်းအဖွဲ့အကြောင်း အဆိုပြုလာလေရာ ရွေးချယ်ခံရသူမှာ ကောင်းကင်ဘုံအလွန် စကြဝဠာ၌ အားလုံးထက် အဆင့်အတန်း မြင့်လာပေလိမ့်မည်။

မိုဝူကျိက အားလုံး တွေးနေသည့်အရာကို ကောင်းကောင်း သိပေ၏။ သူက အဖွဲ့ဝင်များကို အဆိုပြုပေးမည် ဖြစ်သော်လည်း ဆုံးဖြတ်ချက်မှာ တချို့အရေးပါသည့် အဆင့်အတန်းများအတွက် ချမှတ်ထားပြီးလေပြီ။

မိုဝူကျိက ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက်

“တာအိုသခင် ကျုပ်က လွဲရင်  ကောင်းကင်ဘုံအလွန် တာအိုသခင် ဖွဲ့စည်းပုံ အခြေခံစည်းမျည်းအဖွဲ့မှာ  စကြဝဠာ ကာကွယ်သူ ငါးယောက် သတ်မှတ်ထားတယ်။ သူတို့က မိစ္ဆာမျိုးနွယ်ရဲ့ စီဟုန်၊ သွေးစုပ်မျိုးနွယ်ရဲ့ နီကိုင်၊ ပင်လယ်မျိုးနွယ်ရဲ့ ကျောင်လွမ့်၊ ကောင်းကင်မျိုးနွယ်ရဲ့ ယွမ်ဖေးလော့နဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ ဖန့်ဟူရှန်းတို့ပဲ …. ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူကမှ မိုဝူကျိ၏ စီစဉ်မှုအား မအံ့ဩမိကြပေ။ စကြဝဠာကာကွယ်သူ ငါးယောက်လုံးမှာ ယနေ့လက်ရှိတွင် ရှိနေသော တာအိုဧကရာဇ် ငါးယောက်သာ ဖြစ်၏။

မိုဝူကျိ၏ အသံကို ကြားလိုက်သည်နှင့် အဆိုပြုခံရသူ ငါးဦးတို့က ထရပ်လိုက်ကာ  မိုဝူကျိအား လက်နှစ်ဖက် ယှက်ပြီးနောက် ပြန်ထိုင်လိုက်ကြသည်။

“ နောက်ထပ် အဖွဲ့ဝင်တွေက တာအိုသခင် ဖွဲ့စည်းပုံ အခြေခံစည်းမျည်းအဖွဲ့ရဲ့ စည်းမျည်း တာဝန်ရှိသူ ရှစ်ဦးတို့ပဲ …. သူတို့က ဝိညာဉ်မျိုးနွယ်ရဲ့ ဟိုင်ယီတောက်၊ လူသားမျိုးနွယ်ရဲ့ ကျဲယင် …. ”

ဤသို့မျိုးနေရာ၌ မိုဝူကျိက အရွေးချယ်ခံထားရသည့် မျိုးနွယ်စုများအကြောင်း စစ်စစ်ပေါက်ပေါက် လိုက်မစစ်ထားပေ။ အကယ်၍ လူသားမျိုးနွယ်သာ အားကောင်းသည့် ခြေကုပ်ဖန်တီးမည်ဆိုလျှင် သူတို့အနေနှင့် တာအိုသခင် ဖွဲ့စည်းပုံ အခြေခံစည်းမျည်းအဖွဲ့၌ နေရာရထားဖို့ လိုအပ်ပေသည်။ ဤတစ်ကြိမ်၌ လူသားမျိုးနွယ်၏ အင်မော်တယ် ဧကရာဇ် သုံးယောက် ပါဝင်လာသည်။ ယွမ်မိုပင် ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ချမှတ်ထားခံလိုက်ရသည်။

မိုဝူကျိက အရေးကြီးသည့် အဆင့်များ သတ်မှတ်ပြီးသည်နှင့် ဆက်ပြောလိုက်သည်

“ ကျုပ်တို့တွေ ကောင်းကင်ဘုံအလွန် စကြဝဠာရဲ့ ဖွဲ့စည်းပုံကို ပြန်ချပြီးထားပြီးပြီဆိုတော့ စည်းမျည်းတွေ သတ်မှတ်ဖို့ လိုအပ်သေးတယ်။ တာအိုဆွေးနွေးခြင်း စင်မြင့်ကို နောက်တစ်ဖန် ပြန်ပြီး တည်ဆောက်ပေးမယ်။ ဒါပေမဲ့ ဘယ်သူကမှ တိုက်ပွဲအတွင်း ဝင်မနှောင့်ယှက်ရဘူး။ ဝင်နှောင့်ယှက်တဲ့သူကို ညှာတာခြင်းမရှိ သတ်ပစ်မယ်။ အခု တာအိုဆွေးနွေးခြင်း စင်မြင့်ကို တစ်ဖက်လူက အရှုံးဝန်ခံတာနဲ့ အဆုံးသတ်လို့ ရမယ်။

အဲဒီစည်းမျည်းကို ချိုးဖောက်တဲ့သူတိုင်း ချက်ချင်း အသတ်ခံရမယ် ….

ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာလည်း ကျင့်ကြံသူတွေအုပ်စုလိုက်ကြားက တိုက်ပွဲတွေကို ရပ်ပစ်မယ်။ စကြဝဠာနံရံ ပွင့်လာတဲ့အခါ လူတိုင်း ရတနာအတွက် တိုက်ခွင့် ရှိပြီးတော့ သူတို့ ရတဲ့ ရတနာနဲ့ ပြန်လာခွင့် ရှိတယ် …  ”

အကယ်၍ မိုဝူကျိ၏ ပထမစည်းမျည်းအပေါ် အမြင်တချို့ ရှိလျှင်ပင် ဒုတိယစည်းမျည်းကိုမူ ကန့်ကွက်ချင်သူ များပြားပေသည်။ ကောင်းကင်ဘုံနယ်နမိတ်အလွန်၏ တည်ရှိမှုသည် ကျင့်ကြံရေး အရင်းအမြစ်ကို ရရှိစေရန် ဖြစ်၏။ ကောင်းကင်ဘုံနယ်နမိတ်အလွန်လို နေရာမျိုး၌ ကျင့်ကြံရန် မသင့်တော်ပေ။ ထိုနေရာရှိ ကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းလောက်မှာ အမြှောက်စာများမျှသာ ဖြစ်ကြသည်။ မိုဝူကျိ၏ အဆိုပြုချက်မှာ ထိုကျင့်ကြံသူများအား အခြားသော ကျင့်ကြံသူများနှင့် တူညီသော ခြေကုပ်နေရာ ပေးလိုက်ခြင်း ဖြစ်ပေသည်။

“ တာအိုသခင်မို အဲဒါဆိုရင် ရှုပ်ထွေးမှု အကြီးကြီး ဖြစ်မလာစေဘူးလား ” ကောင်းကင်မျိုးနွယ်၏ တာအိုဧကရာဇ် ယွမ်ဖေးလော့က ထရပ်ကာ ပြောလိုက်သည်။

မိုဝူကျိက အသာပြန်ပြောလိုက်သည်  “ တကယ်လို့ ဒီဟာလေးက ရှုပ်ထွေးမှု ဖြစ်လာစေရင်တော့ ကျုပ်တို့ တာအိုသခင် ဖွဲ့စည်းပုံအခြေခံစည်းမျည်းအဖွဲ့နဲ့ ကာကွယ်သူတွေ ရှိနေဖို့ ဆက်မလိုတော့ဘူး ”

ယွမ်ဖေးလော့က မိုဝူကျိ၏ စကားများကို ကြားသောအခါ ချက်ချင်း အံ့ဩသွားလေ၏။ သူ လက်နှစ်ဖက် ယှက်ပြီးနောက် မြန်မြန် ပြန်ထိုင်လိုက်ပေသည်။ အမှန်တရားမှာ သူ့ကောင်းကင်မျိုးနွယ်စုက နတ်ဘုရားမျိုးနွယ် အမြစ်ဖြတ်သုတ်သင်ခြင်း၌ တစိတ်တပိုင်း ပါဝင်ခဲ့သော်လည်း သူကိုယ်တိုင် ပါဝင်ခဲ့ခြင်း မဟုတ်ပေ။ မိုဝူကျိက သူ့အား ကာကွယ်သူအဖြစ် ထားရှိသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူက တာအိုဧကရာဇ် ဖြစ်နေ၍ ဖြစ်ပေမည်။ အကယ်၍ သူက ဘာမှမတွေးဘဲ ဆက်ပြောနေလျှင် သူ့အနေနှင့် အဆင့်အတန်း မြန်မြန် ပျောက်ဆုံးသွားရမည့် ပထမဦးဆုံး ကာကွယ်သူ ဖြစ်လာပေလိမ့်မည်။

“စကြဝဠာအစွန်းက တရားမျှတတဲ့ ကုန်သွယ်ရေး နေရာ ဖြစ်လာပြီးတော့ အတင်းကျပ်ရောင်းဝယ်တာမျိုးနဲ့ အနိုင်ကျင့်ပြီး စော်ကားတာမျိုးကို လုံးဝ ခွင့်မပြုထားဘူး။ အဲလို ကိစ္စတွေ ပေါ်လာခဲ့ရင် သက်ညှာခြင်းမရှိ သတ်ပစ်မယ် …

မြို့ရင်ပြင်တွေ၊ အရောင်းအဝယ်ဈေးတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အရောင်းအဝယ်စံနှုန်းအတိုင်း ရောင်းချရမယ်။ လက်ရှိမှာ စကြဝဠာအစွန်းမှာ မျိုးနွယ်စုတိုင်းအတွက် ကူးသန်းရေး အစီအရင်တွေ ထားထားပေးမှာဆိုတော့ စကြဝဠာအစွန်းကနေ ကောင်းကင်ဘုံနယ်နမိတ်အလွန် ဒါမှမဟုတ် မျိုးနွယ်စုတွေရဲ့ အင်မော်တယ်မြို့တွေဆီကို အလွယ်တကူ သွားလာနိုင်မယ်။

မရှိမဖြစ် လိုအပ်ချက်က ကူးသန်းရေး အစီအရင် တစ်ခါသုံးတိုင်း သင့်တော်တဲ့ အခကြေးငွေကို ပေးဖို့ လိုမယ်။ အဲဒီ အခကြေးငွေအားလုံးကို တာအိုသခင် ဖွဲ့စည်းပုံအခြေခံစည်းမျည်းအဖွဲ့ရဲ့ လိုအပ်ချက်အတွက် အသုံးပြုမယ် … ”

မိုဝူကျိက စည်းမျည်းများကို တစ်ခုပြီး တစ်ခု ချမှတ်လိုက်သည်။ မည်သူကမှ မငြင်းဆန်ရဲကြပေ။ မိုဝူကျိ ချမှတ်လိုက်သည့် စာရင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်များကို ကျော်လွန်သွားပြီး ဥပဒေအဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော်လည်း မိုဝူကျိက ကောင်းကင်ဘုံအလွန်၏ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်ပြီး တာအိုသခင် တစ်ယောက်လည်း ဖြစ်ပေသည်။ သူ ချမှတ်လိုက်သည့် သတ်မှတ်ချက်တိုင်းမှာ မည်သည့်မျိုးနွယ်စုကိုမှ ထိခိုက်ဒုက္ခပေးနေခြင်းမျိုး မရှိပေ။ မျိုးနွယ်စုတိုင်းက တူညီသည့် အခကြေးငွေကိုသာ ပေးချေရမည် ဖြစ်သောကြောင့် မည်သူကမှ ငြင်းဆန်ရန် စိတ်မကူးကြပေ။

မိုဝူကျိက စည်းမျည်းများအကြောင်း ပြောပြီးသည်နှင့် ဆက်ပြောလိုက်သည် “ အဲဒီစည်းမျည်းတွေကို ကောင်းကင်ဘုံအလွန်ရဲ့ စည်းမျည်းတွေကို ခေါ်မယ်။ အခုကစပြီးတော့ စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းကြစို့   ”

မိုဝူကျိက ကာကွယ်ရေး အစီအရင်အကြောင်း ပြောသည်ကို ကြားပြီး အင်အားစုများနှင့် မျိုးနွယ်စုများ၏ ခေါင်းဆောင်များက စိတ်ဓာတ် တက်ကြွလာကြသည်။

စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်မှာ အများစု အာရုံစိုက်ကြသော ကိစ္စ ဖြစ်ကာ စကြဝဠာအစွန်းသည် ကောင်းကင်ဘုံအလွန် စကြဝဠာတစ်ခုလုံး၌ ကျင့်ကြံရေး အဓိက အရင်းအမြစ် စုစည်းရာ မဟုတ်ပါလော။ ဤနေရသည် သူတို့ မကြာခဏ လာမည့်နေရာ ဖြစ်သောကြောင့် ကာကွယ်ရေး အစီအရင်ကို မိုဝူကျိ တစ်ယောက်တည်း ထိန်းချုပ်ခွင့် မပြုနိုင်ပေ။

မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်၏  “ ကျုပ်က တာအိုသခင်ဆိုတော့ စကြဝဠာအစွန်းအတွက် ကာကွယ်ရေး အစီအရင် ခင်းကျင်းဖို့ တာဝန်ယူလိုက်မယ် ”

“ တာအိုသခင်မို … ကာကွယ်ရေး အစီအရင်ကို အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာက ခင်းကျင်းသင့်တယ်လို့ထင်တယ်။ ကျုပ်တို့က ဘေးကနေပဲ ထောက်ပံ့ပေးကြတာပေါ့ ” မိုဝူကျိ၏ စကားများကို ကြားကာ မိုဝူကျိအား သေချာမသိသည့် မဟာဧကရာဇ် တစ်ယောက်က ထပြောလိုက်သည်။

“ ဟုတ်ပါတယ် … ကာကွယ်ရေး အစီအရင်က အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာတစ်ယောက်လိုတယ်။ အဲဒါ‌ကြောင့် ဆရာ စုန့်ချန်းဝမ်က ဦးဆောင်ပြီးတော့ ကျုပ်တို့အတူတူ ကူညီပေးကြတာပေါ့ ” ယွမ်ဖင်းလော့က သူ့ကောင်းကင်မျိုးနွယ်စုမှ စုန့်ချန်းဝမ်အား ရှေ့လွှတ်ကာ ပြောလိုက်သည်။

မိုဝူကျိက အေးအေးဆေးဆေး ပြန်မေးလိုက်လေ၏  “ စုန့်ချန်းဝမ်က အရင် စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်ကိုခင်းကျင်းခဲ့တဲ့သူလား ”

“ ဟုတ်ပါတယ် … အမှန်ပါပဲ။ အရင်ကာကွယ်ရေး အစီအရင်ကို စီနီယာစု့န်ချန်းဝမ် ခင်းပေးထားတာပါ ” အရင် မဟာဧကရာဇ်က ဝင်ပြောလိုက်သည်။

မိုဝူကျိ၏ လေသံမှာ အေးစက်လာပြီး စားပွဲကို ရိုက်ကာ အော်ပြောလိုက်သည်  “ ခင်ဗျားက ဘယ်မျိုးနွယ်စုကလဲ။ ခင်ဗျားက ကျုပ်တို့ ကောင်းကင်ဘုံအလွန်ရဲ့ လူတွေကို ဘာလို့ ဒုက္ခပေးချင်နေတာလဲ ”

ထိုမဟာဧကရာဇ်မှာ မိုဝူကျိ၏ ဒေါသကြောင့် ကြောင်အမ်းသွားကာ လက်နှစ်ဖက် ယှက်ပြီး မြန်မြန် ပြောလိုက်သည်

“ တာအိုသခင်မို … ကျုပ်က လူရိုင်းမျိုးနွယ်ကပါ။ ကျုပ်က ကောင်းကင်ဘုံအလွန်ကို ဒုက္ခပေးဖို့ တစ်ခါမှ မတွေးဖူးပါဘူး။ ကျုပ်က ပျက်စီးသွားတဲ့ အစီအရင်အစား ပိုပြီး ခိုင်ခံ့တဲ့ အစီအရင်ကိုပဲ လိုချင်တာပါ ”

မိုဝူကျိ ပြန်အဖြေကိုပင် မစောင့်ဘဲ တာအိုဧကရာဇ် နီကိုင်က နှာခေါင်းရှုံ့ကာ

“ ခင်ဗျားတို့ စုန့်ချန်းဝမ် ခင်းကျင်းပေးထားတဲ့ အစီအရင်က တာအိုသခင်မိုရဲ့ လက်တစ်ချောင်းကိုတောင် ခံနိုင်ရည်မရှိဘူးဆိုတာရော သိရဲ့လား။ တာအိုသခင်မိုရဲ့ အပြစ်တင်တာက ခင်ဗျားကို ဆုံးမနေတာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်တို့သာ အဲဒီစုန့်ချန်းဝမ်ကို အစီအရင် ထပ်လုပ်ခိုင်းလိုက်လို့ အရင်ကလိုမျိုး အတူတူ ထပ်ခင်းကျင်းပေးလိုက်ရင် နောင်ကျ စကြဝဠာအစွန်းကို တခြားသူတွေ ကျူးကျော်လာတဲ့အခါကျ ကျုပ်တို့တွေ ခုခံနိုင်စွမ်း လျော့ကျသွားလိမ့်မယ် …. ”

“ အာ …” ထိုလူရိုင်းမျိုးနွယ် မဟာဧကရာဇ်က တုန်လှုပ်သွားတော့သည်။ သူက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင် ပျက်စီးသွားကြောင်း သိထားသော်လည်း မိုဝူကျိ၏ လက်တစ်ချောင်းကြောင့် ပျက်စီးသွားမှန်း မသိပေ။ လက်တစ်ချောင်းနှင့် ဖျက်စီးပစ်နိုင်သည့် ကာကွယ်ရေး အစီအရင်မှာ အမှန်တကယ် အမှိုက်သာ ဖြစ်၏။ တာအိုသခင်မို ဒေါသထွက်သွားသည်မှာ မထူးဆန်းတော့ပေ။

မိုဝူကျိက အသာပြောလိုက်၏

“တာအိုရောင်းရင်း နီကိုင် ပြောတာ မှန်တယ်။ အရင် ကာကွယ်ရေး အစီအရင်က ကျုပ် တံခါးပိတ် လေ့ကျင့်နေတုန်း လက်တစ်ချောင်းနဲ ဖျက်စီးသွားလောက်အောင် ယိုယွင်းနေတာပဲ။ အဲဒါက ကောင်းလဲကောင်းပါတယ်။ မဟုတ်ရင် ကျုပ်တို့တွေ အဲလိုမျိုး အမှိုက် အစီအရင်အောက်မှာ နေနေရမှာ … တာအိုရောင်းရင်း ယွမ်ဖေးလော့ရဲ့ စကားလုံးတွေကလည်း သဘောတရားကျပါတယ်။

ဒီနေရာရဲ့ အစီအရင်ကို ခင်းကျင်းဖို့ အဆင့် ၉ အင်မော်တယ်အစီအရင်ဆရာ တစ်ယောက်လိုလိမ့်မယ်။ ပြီးတော့ ကျုပ် မိုဝူကျိကလည်း တိုက်တိုက်ဆိုင်ဆိုင် အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာ ဖြစ်နေတာပဲ …. ”

***

All Chapters