← Chapters

ယွမ်ရှောက်ကမ်းပါးတိုက်ပွဲ

Vol. 14 Ch. 193

ယွမ်ရှောက်ကမ်းပါးတိုက်ပွဲ

Vol. 14 Ch. 193

“ဝုန်း…”

ဟန်မူယဲ့ မျက်လုံးများကို ဖွင့်လိုက်သောအခါ နေမင်းသည် ကမ္ဘာမြေပြင်အား အလင်းဖြန့်ကျက်နေပြီ ဖြစ်သည်။

အဝေးမှ ကမ္ဘာမြေကြီး သိမ့်သိမ့်တုန်သံအား ကြားနေရ၏။

“မနေ့ညက မိစ္ဆာစစ်တပ်ဟာ ယွမ်ရှောက်ကမ်းပါးအထိ ဖိအားပေးလာခဲ့တယ်”

မနီးမဝေးတွင် လီသုံးသည် ဓားတစ်လက်ကို ပွေ့ဖက်ကာ ထိုင်နေရင်း လှမ်းပြောသည်။

“အသံတွေဟာ ယွမ်ထိုက်တာအိုဂိုဏ်းဘက်ကနေ လာတာပဲ”

“ယွမ်ထိုက်တာအိုဂိုဏ်းဟာ သေချာပေါက် တိုက်ခိုက်ခံနေရလိမ့်မယ်”

ယွမ်ထိုက်တာအိုဂိုဏ်းသည် အနောက်ဘက်ကုန်းမြေမှ ဂိုဏ်းကြီးကိုးဂိုဏ်းထဲတွင် ပါဝင်သည်။

သူတို့သည် ဖုန်းရှို့တောင်တွင် စတည်းချကာ ယခင်ကတည်းက စစ်ပွဲအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။

အဝေးတွင် သဘာဝစွမ်းအင်ပေါက်ကွဲမှုများနှင့် မိစ္ဆာအငွေ့အသက်များအား မြင်နေရ၏။

တစ်ဝုန်းဝုန်းမြည်သံများသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှ၏။

“သူတို့ ခုခံနိုင်ပါ့မလား”

ဟန်မူယဲ့က မေးလိုက်သည်။

လီသုံးက ခေါင်းယမ်းသည်။

“မဖြစ်နိုင်ဘူး”

သူတို့ မခုခံနိုင်ပါ။

ယွမ်ထိုက်တာအိုဂိုဏ်းသည် ဂိုဏ်းကြီးကိုးဂိုဏ်းမှ တစ်ဂိုဏ်း ဖြစ်သည်။ သူတို့က တောင်ပိုင်းကုန်းမြေ၏ ဝန်းရံတိုက်ခိုက်ခြင်းအား ခံနိုင်ရည် မရှိပါ။

“ဒါဆို ဒီအတိုင်း ကြည့်ရမှာလား”

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

“မိစ္ဆာမျိုးနွယ်တွေရဲ့ ပညာရှင်တွေက သေချာပေါက် ငါတို့ သွားကယ်တင်မှာကို စောင့်နေမှာပဲ”

လီသုံးက ဟန်မူယဲ့အား တည်ငြိမ်စွာ ပြောသည်။

“ငါက လူသတ်တဲ့နေရာမှာ ရူးသွပ်တယ်ဆိုပေမဲ့ ဒီလောက်တော့ မမိုက်မဲဘူး”

ထိုနေရာသို့ သွားရောက်ကယ်တင်သော မည်သူမဆို ထောင်ချောက်ထဲကို ဆင်းသက်သော အရူးတစ်ယောက်သာ ဖြစ်ပေမည်။

ထိုနေရာမှာ တစ်ဝုန်းဝုန်းမြည်သံများ အဆက်မပြတ် ကြားနေရသည်။

ကောင်းကင်သည် အနီနှင့်အစိမ်းရောင်များ လွှမ်းခြုံနေ၏။

အဝေးမှ တိုက်ပွဲကို တိမ်မြုံကမ်းပါးမှ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ မည်သို့မှ မတတ်နိုင်ဘဲ ကူရာမဲ့စွာ ကြည့်နေရသည်။

ဟန်မူယဲ့၏ စိတ်တွင်း၌ မလိုလားသော ဆန္ဒသည် ဗုံးတစ်လုံးပေါက်ကွဲမည့်အလား ဖြစ်ပေါ်လာနေသည်။

သူက လေထဲကို ပျံတက်သွားကာ နောက်မှ တောအုပ်အား ကြည့်သည်။

“စီနီယာထူစွန်း… ယွမ်ရှောက်ကမ်းပါးက ယွမ်ထိုက်တာအိုဂိုဏ်းဟာ အခု ဝန်းရံတိုက်ခိုက်ခံနေရတယ်။ ကျုပ်တို့ ဒီအတိုင်း ကြည့်နေရမှာလား”

သူ၏အသံသည် ကျယ်လောင်ကာ မိုင်ပေါင်းများစွာအဝေးသို့ ပြန့်လွင့်သွား၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများက သူ့အား ကြည့်ကြသည်။

လီသုံးက ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့က အဘယ်ကြောင့် ရှေ့ထွက်ကာ လှုံ့ဆော်သည်ကို သူမ နားမလည်ပါ။

ယနေ့ မည်သူမှ ယွမ်ထိုက်တာအိုဂိုဏ်းအား ကယ်တင်နိုင်မည် မဟုတ်ပါ။

“ဟန်မူယဲ့… မင်း ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလဲ”

ဒေါသတကြီး အော်သံတစ်ခုအား ကြားရသည်။ အစိမ်းရောင်ဝတ်လူငယ်တစ်ဦးသည် ဓားတစ်လက်ကို နောက်ကျောတွင် သိုင်းလွယ်ကာ လေထဲသို့ ခုန်တက်လာသည်။

ဓားဆန္ဒအငွေ့အသက်များ သူ့ထံမှ လှိုင်းထနေသည်။

သူသည် ထိုက်ရီဓားဂိုဏ်း၏ ပင်မတပည့်တစ်ဦးဖြစ်သော စွန်းကျင်းရှစ် ဖြစ်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ဖုန်းရှို့တောင်တိုက်ပွဲကျရှုံးတာရဲ့ တရားခံပဲ။ အခု မင်းက ယွမ်ရှောက်ကမ်းပါး တိုက်ခိုက်ခံနေရတာကို ဘာလို့ ဒီအတိုင်း ကြည့်နေရတာလဲလို့ မေးရဲသေးတယ်လား”

စွန်းကျင်းရှစ်က နှာခေါင်းရှုံ့ကာ ပြောသည်။

“မင်းက ဒီလောက်စွမ်းနေရင် ယွမ်ထိုက်တာအိုဂိုဏ်းကို ကိုယ်တိုင်သွားကယ်လိုက်ပါလား”

စွန်းကျင်းရှစ်၏စကားကို ကြားလျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ခေါင်းယမ်းကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အမှန်တကယ်လည်း ဖုန်းရှို့တောင်တိုက်ပွဲရှုံးနိမ့်ခြင်း၏ တရားခံတစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့သော်လည်း တကယ့်အကြောင်းအရင်းမှာ တောင်ပိုင်းကုန်းမြေမှ ကောင်းကင်ဘုံအဆင့်မိစ္ဆာများ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း စွန်းကျင်းရှစ် မှန်ပေသည်။ သူတို့က တရားခံကို လိုက်ရှာပါက လက်ညိုးထိုးပြစရာမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ဖြစ်သည်။

ဟန်မူယဲ့က စွန်းကျင်းရှစ်အား တစ်ချက်ကြည့်လိုက်လျှင် သူ၏နောက်ကျောမှ ဓားကို မြင်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ဟင်း… မင်းက ထန်ချီနဲ့ အတူတူပဲ”

သူ့စကားက စွန်းကျင်းရှစ်၏အမူအရာအား ပြောင်းလဲသွားစေသည်။ သူက သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်၏။

ဟန်မူယဲ့က သူ့အား လျစ်လျူရှုကာ အလင်းတန်းအသွင်ဖြင့် ပျံသန်းထွက်သွားသည်။

“စီနီယာထူစွန်း… ကျုပ်က အတင့်ရဲပြီး ခင်ဗျားတို့ ယွမ်ထိုက်တာအိုဂိုဏ်းသို့ သွားရောက်ဖို့ ဖိတ်ကြားပါရစေ။ ခင်ဗျား ကျုပ်နဲ့ အတူလိုက်ရဲမလား”

ဟန်မူယဲ့ အော်ဟစ်လိုက်လျှင် သူ၏အသံသည် မိုင်တစ်ရာပတ်လည်သို့ တုန်ခါသွား၏။

သူသည် ယွမ်ထိုက်တာအိုဂိုဏ်းသို့ သွားရောက်ရန် အနောက်ဘက်ကုန်းမြေမှ နံပါတ် ၁ ဓားသမားထူစွန်းရှစ်အား ဖိတ်ခေါ်လိုက်သည်။

သူကိုယ်တိုင်လည်း သွားရောက်မည်ဟု ပြောသည်။

သူ့စကားက တိမ်မြုံကမ်းပါးတွင် ရှိသော ကျင့်ကြံသူများအားလုံးကို မျက်လုံးများ ပြူးသွားစေသည်။

သူသည် အရူးတစ်ယောက်များလား။

စွန်းကျင်းရှစ်၏မျက်လုံးများလည်း ပြူးကျယ်သွားကာ အံကြိတ်လိုက်သည်။

“မင်း သေချင်နေတာပဲ”

သူက လက်မြှောက်ကာ ဟန်မူယဲ့ထံသို့ ဓားဖြင့် ထိုးနှက်လိုက်၏။

ထူစွန်းရှစ်သည် အနောက်ဘက်ကုန်းမြေ၏နံပါတ် ၁ ဓားသမား ဖြစ်သည်မှာ မှန်ကန်၏။

သို့သော်လည်း အနောက်ဘက်ကုန်းမြေမှ နံပါတ် ၁ ဓားသမားသည်ပင် တောင်ပိုင်းကုန်းမြေမှ ကောင်းကင်ဘုံအဆင့်အများအပြားကို တစ်ဦးတည်း ရင်မဆိုင်နိုင်ပါ။

ဟန်မူယဲ့က သိသာစွာပင် ထူစွန်းရှစ်အား သွားရောက်အသေခံရန် ဖိတ်ကြားနေခြင်း ဖြစ်သည်။

“ထွက်သွား…”

စွန်းကျင်းရှစ်၏ဓားအလင်း ဟန်မူယဲ့ထံသို့ တိုးဝင်သွားစဉ်မှာပင် လီသုံးက ဓားဝှေ့ယမ်းကာ ထိုဓားအလင်းကို ပယ်ဖျက်လိုက်သည်။

“ရှင် မသွားရဲတာနဲ့ပဲ တခြားလူတွေ မသွားရဲဘူးလို့ ဘာလို့ သတ်မှတ်ရတာလဲ”

လီသုံးက ဓားဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လီသုံးလည်း သွားရဲတယ်”

သူမသည် အစိမ်းရောင်ဓားအလင်းအသွင်ဖြင့် ဟန်မူယဲ့ထွက်သွားရာဘက်သို့ ဦးတည်ပျံသန်းသွားသည်။

ရှေ့တွင် မိစ္ဆာအလင်းတန်းများ ကောင်းကင်ထက်သို့ တက်လာကြ၏။

တောင်ပိုင်းမိစ္ဆာများက သူတို့အား တားဆီးရန် ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ အဝေးတွင် မိစ္ဆာအလင်းတန်းသုံးခုသည် ကောင်းကင်တခွင်အား မဲမှောင်စေ၏။

“ဆရာကြီးထူ… ခင်ဗျား မလာရဲဘူးလား”

ဟန်မူယဲ့၏အသံကား မိုးခြိမ်းသံအလား တုန်ဟီးသွား၏။

ထို့နောက် သူက ရယ်မောလိုက်သည်။

သူသည် အနောက်ဘက်ကုန်းမြေ၏ နံပါတ် ၁ ဓားသမားဖြစ်လျှင်ကော အဘယ်အရေးနည်း။

လက်ရှိတွင် သူသည်လည်း ပုန်းကွယ်နေရသည် မဟုတ်ဘူးလား။

ယွမ်ရှောက်ကမ်းပါးရှိ အနောက်ဘက်ကုန်းမြေမှ ကျင့်ကြံသူများအားလုံး အံကြိတ်လိုက်ကြသည်။

ထူစွန်းရှစ် အမှန်တကယ် ထွက်ပေါ်လာမည်ဟု မည်သူမှ မမျှော်လင့်ထားကြပါ။

အနောက်ဘက်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့် လေးဦးသာ ရှိသည်။

ထူစွန်းရှစ် ဝင်ရောက်တိုက်ခိုက်ခြင်း မပြုလျှင် သူသည် အတားအဆီးတစ်ခုအဖြစ် တည်ရှိနိုင်သေးသည်။

သူ ဝင်ပါသည်နှင့် တောင်ပိုင်းကုန်းမြေမှ ကောင်းကင်ဘုံအဆင့်သုံးဦး ဝိုင်းဝန်းတိုက်ခိုက်သည်ကို ကြုံရမည် ဖြစ်သည်။

ထူစွန်းရှစ် သေသွားသည်ဖြစ်စေ၊ ဒဏ်ရာရသွားသည်ဖြစ်စေ ၎င်းသည် အနောက်ဘက်ကုန်းမြေအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။

“ဆရာဘိုးဘိုး… ခင်ဗျား သွားလို့ မရဘူး”

စွန်းကျင်းရှစ်က နောက်လှည့်ကာ အော်ဟစ်လိုက်သည်။

“မသွားရဘူးလား”

ထူစွန်းရှစ်၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

သူသည်ကား အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ထားကာ နောက်ကျောတွင် အလင်းများဖြာနေသော ဓားတစ်လက်ကို သယ်ဆောင်ထား၏။ သူသည် ယမန်နေ့ရက်များကကဲ့သို့ စုတ်စုတ်ပဲ့ပဲ့ ပုံစံ မဟုတ်တော့ပါ။

“ငါ မသွားနိုင်တဲ့နေရာရှိလို့လား”

ထူစွန်းရှစ်၏ခြေတစ်လှမ်းသည် ပေတစ်သောင်းအကွာသို့ တစ်ခဏချင်း ရောက်သွားစေကာ ဓားအလင်းသည် နဂါးတစ်ကောင်အသွင်သို့ ကူးပြောင်းသွား၏။

“ဒီနေရာဟာ ယွမ်ထိုက်တာအိုဂိုဏ်းရဲ့ ပိုင်နက်ပဲ။ အနောက်ဘက်ကုန်းမြေက လူတစ်ယောက်ဖြစ်တဲ့ ငါက မသွားရတဲ့နေရာလား”

“ဒီလောကမှာ ငါ ထူစွန်းရှစ် သွားလို့မရတဲ့နေရာ ရှိလို့လား”

ထူစွန်းရှစ်၏ဓားအလင်းသည် အဝေးသို့ တဟုန်ထိုး ပျံသန်းသွားသည်။

“ဟားဟား… အချိန်ကိုက်ပဲ…”

တိမ်စိုင်များကြားထဲမှ ရှည်လျားသော ရယ်မောသံကြီးတစ်ခုကို ကြားရကာ မိစ္ဆာအငွေ့အသက်များသည် ထူစွန်းရှစ်ထံသို့ လူးလိမ့်ဝင်လာကြ၏။

“ကောင်လေး… ငါ သွားရသလား မသွားရဲဘူးလား ကြည့်ရအောင်…”

ထူစွန်းရှစ်က ပြုံးသည်။ သူက လက်ကို မြှောက်ကာ သူ၏ကျောမှ ဓားကို ဆင့်ခေါ်လိုက်၏။ ဓားသည် ပေတစ်သောင်းနဂါးအသွင်ပြောင်းလဲကာ ထွက်ပေါ်လာခဲ့သည်။

ဟန်မူယဲ့၏မျက်လုံးများ စူးရှသွား၏။

“ကောင်းကင်နဂါးဓားသိုင်း”

နေမင်းရောင်ဝါနန်းတော်၏ဓားနည်းစနစ်၊ ကောင်းကင်နဂါးဓားသိုင်း။

ဟန်မူယဲ့သည် ထိုဓားသိုင်းအား ဓားဆေးလုံး၏မှတ်ဉာဏ်များထဲ၌ မြင်ဖူးသည်။

ပေတစ်သောင်းနဂါးကြီးသည် လေနှင့်မိုးကို သယ်ဆောင်ကာ တစ်ဘက်မှ မိစ္ဆာအငွေ့အသက်များနှင့် ရင်ဆိုင်၏။

တိမ်ခိုးတိမ်ငွေ့များ လွင့်ပြယ်သွားသောအခါ ခေါင်းတွင် ဦးချိုနှစ်ဖက်ဖြင့် တကိုယ်လုံး အကြေးခွံများဖြင့် လူသန်ကြီးတစ်ယောက်ကို မြင်ရသည်။

လူသန်ကြီးသည် သူ၏ပုဆိန်အား ဝှေ့ယမ်းကာ ကောင်းကင်နဂါးအား ခုတ်ပိုင်းလိုက်၏။

တခြားသော မိစ္ဆာအခိုးအငွေ့များသည်လည်းထူစွန်းရှစ်ထံသို့ ဘယ်နှင့်ညာ နှစ်ဖက်မှ တိုးဝင်လာကြသည်။

ထူစွန်းရှစ်က တဟားဟား ရယ်မောလိုက်ပြန်၏။ သူ၏ခေါင်းပေါ်၌ ပုံရိပ်ယောင်ဓားတစ်လက် ပေါ်လာသည်။

“ကောင်လေး… ငါ့မှာ မင်းတို့ ဓားစံအိမ်က ဝိညာဉ်လိပ်ပြာဓားကို မှီငြမ်းပြီး တီထွင်ထားတဲ့ ဓားတစ်လက်ရှိတယ်”

သူ၏ခေါင်းထဲမှ ဓားသည် ဘယ်ဘက်မှ မိစ္ဆာအခိုးအငွေ့များထံသို့ ခုတ်ပိုင်းလိုက်၏။

ဝုန်း…

All Chapters