← Chapters

ဟီးဟီးဟီး

Vol. 2 Ch. 16

ဟီးဟီးဟီး

Vol. 2 Ch. 16

" သေစမ်း...တကယ်ကြီး ပန်ဂနီဟ.."

"ဒီကားရဲ့ အတွင်းပိုင်းကို ကြည့်လိုက်တာနဲ့ ပန်ဂနီဇွန်ဒါ ဆိုတာ တန်းသိတယ်...ဒီလိုပြိုင်ကားမျိုးက ယွမ်သန်း၂၀ကျော်လောက် တန်ကြေးရှိတာကွ... တော်ရုံချမ်းသာတဲ့ ဒုတိယမျိုးဆက် လေးတွေဆို ၀ယ်စီးဖို့ တတ်နိုင်မှာတောင် မဟုတ်ဘူး.... "

"ပြီးတော့ ကြည့်လိုက်ဦး ဟျောင့်ရေ ..မောင်းတဲ့ကောင်ကလည်း သောက်ရမ်း ခန့်တာပဲဟ..သေချာပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက် တစ်ယောက်ဖြစ်မှာပဲ....."

သူမ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့်များကို မြင်သောအခါ ရှရှင်းယွီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး "ခုတော့ နင်တို့ ယုံပြီမလား...ဇိမ်ခံကားဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကော သိပြီမလား ...."

ရှရှင်းယွီ သူမ နှလုံးသားထဲမှ ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။

နင်တို့တွေ ငါ့ကို အမြဲတမ်း အထင်သေးနေကြတယ်မလား..ဒီတစ်ခေါက်တော့ ငါကပဲ အထင်သေးပြမယ်...

"တက်သစ်စ သူဌေးလေး...၆၆၆"

(Note : 六六 ၆၆၆ က သောက်ရမ်းမိုက်တယ် တ-ရုတ် ဗန်းစကား ပါ )

"ငါကတော့ ဒီကားကို ခု လိုက်ဖ်လွင့်နေတဲ့သူက သူ့ရဲ့ ဖော်လိုဝါတွေတိုးဖို့အတွက် ငှားထားတယ်လို့ ထင်တယ်..ပြီးတော့ သောက်ရမ်း ခန့်တဲ့ ဒရိုင်ဘာကိုတောင် ရှာထားလိုက်သေး.. အတန်းရှင်း ရှာချင်လို့နေမှာပါကွာ.....ဒီလောက်ဆိုရင်တော့ သေချာပေါက် ငွေတွေ အများကြီး သုံးထားရမှာပဲ...." တစ်စုံတစ်ယောက်‌ ရေးသားထားသော နက်ဂတစ် ကွန့်မန့် တစ်ကြောင်း တက်လာသည်။

"မင်းရူးနေတာလား...ဒါက ယွမ်သန်း ၂၀ ကျော်လောက် တန်ကြေးရှိတဲ့ ပန်ဂနီနော်..တ-ရုတ်ပြည် တစ်ခုလုံးမှာတောင်မှ ဒီလိုကားမျိုးစီးနိုင်တဲ့သူဆိုတာ လက်ချိုးရေ လို့ရတယ်....ဘယ်သူက ဒီလို အဖိုးတန်တဲ့ကားကို ငှားပေးနိုင်မှာ..မင်းထင်နေတာ မာစီးဒီးတို့ BWM တို့လို ပေါပေါပဲပဲ ဟင်းရွက်ကန်စွန်းတွေလိုများထင်နေတာလား...."

"ဘာဆိုင်လို့ မဖြစ်နိုင်ရမှာလဲ...သူတို့ ပုံစံကို ကြည့်ရတာ ရိုးတော့ မရိုးသားဘူး သေချာပေါက်..ကုတင်ပေါ်က ကိစ္စတွေလည်း ရှိရင်ရှိမှာပေါ့..."

သူမထို ညစ်ညမ်းသော ကွန်းမန့်ကို မြင်သောအခါ ‌ရှရှင်းယွီ ဒေါသထွက်လွန်း၍ ပေါက်ကွဲ လုနီးပါး ဖြစ်သွားသည်။

ဆိုရှယ်မီဒီယာခေတ်တွင်တော့ ထိုသောက်ရူး ကျပ်မပြည့်များကတော့ အမြဲ‌တစေ ရှိနေကြ၏။

ငါက သောက်ရမ်းလှတဲ့ ကောက်ကြောင်းတွေနဲ့ မော်ဒယ်လ် လဲမဟုတ်..ဘယ်နားကနေ ဒီလို ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကို သွားပြီး မြူ‌ဆွယ်လို့ရမှာလဲ...

ဒီစာရေးတဲ့ကောင်က မပြောခင်စဉ်းစားတတ်တဲ့ ဦးနှောက် မရှိဘူးနေမှာ ....

အဲ့လိုကောင်မျိုးတွေက သေချာပေါက် ချမ်းသာပြီး ရုပ်ချောတဲ့ သူတွေကို မနာလို မုန်းတီးတဲ့ ကောင်ပဲ ဖြစ်ရမယ်...

သို့တိုင်အောင် ရှရှင်းယွီ ထိုသူကို ထုတ်လွင့်ခန်းထဲမှ မထုတ်လိုက်ပေ။ အကယ်၍ သူသာ ဤ နေရာ၌ ဆက်ရှိနေပါက အခြားသူများ၏ အာရုံကိုလည်း ဆွဲဆောင်စေပြီး သူမ၏ ကျော်ကြားမှုများကို တိုးပွားလာစေလိမ့်မည်။

သူမ ဆက်သည်းမခံနိုင်တော့သည့်အချိန်မှသာ ထုတ်ပစ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

ဒီ စထွင်မာလေးက အရမ်းကို သဘောကောင်းပါတယ်နော်....

"အစ်ကိုရီ ဟိုနားမှာ ကားရပ်လို့ရတယ်...အဲ့နားမှာ ပါကင် ထိုးရအောင်..."ရှရှင်းယွီ ရှေ့ရှိ နေရာလွတ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့....ငါမြင်ပါတယ်ဟ.."

ကျုံးဟိုင်မြို့၏ အကြီးမားဆုံးသော မောလ်တစ်ခုဖြစ်သည့် အလျောက် တိုင်းစကွဲတွင် နေ့တိုင်း လူမပြတ်ပေ။

ထို့ကြောင့်လူများစွာကလည်း ရှရှင်းယွီကဲ့သို့ နေရာလွတ်ကို မျက်စိကြနေကြသည်။

သို့သော်လည်း လင်းရီကားမှ ထိုနေရာသို့ ဦးတည်သွားသောအခါ သူတို့ မလှုပ်ရဲတော့ချေ။

အကယ်၍ သူတို့ ဂရုမစိုက်မိဘဲ ခြစ်ရာများ ထင်သွားပါက သူတို့၏ ခန္ဓာကိုယ်ကို ရောင်းချလျင်တောင် လျော်ရန် လောက်မည် မဟုတ်။

"ယောက်ကျား..ဟိုနားမှာ နေရာတစ်ရာ လွတ်နေတယ်လေ..ရှင်က လိပ်လို ရွေ့နေမှတော့ သူများ ဦးသွားတော့မှာပေါ့ဟဲ့..."

စကတ်အတိုလေး ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးမှ ပေါ်ရှေး ပနားမီးရား ပေါ်တွင် ထိုင်ရင်း

ပြောလိုက်သည်။

"မင်းပါးစပ်ကို ပိတ်ထားစမ်း..."သူမဘေးနားရှိ သက်လတ်ပိုင်းအရွယ် သူ့ယောက်ျား ဖြစ်သူဟန်မှ သူမကို အော်ငေါက်လိုက်သည်။"အဲ့တာက စူပါကားကြီးကွ..ဘယ်သူက သူနဲ့ ပြိုင်ပြီး ယှဉ်လုရဲမှာလဲ... ‌"

"စူပါကား......"ခရီးသည်ထိုင်ခုံပေါ်တွင်‌ထိုင်နေသော အမျိုးသမီးမှ ကြက်‌ေ-သ‌ေ-သသွား၏။ "ဒီတော့ စူပါကားဖြစ်တော့ကော ဘာဖြစ်လဲ..ငါတို့ကားကလည်း ပြိုင်ကားမဟုတ်လား..ဘာလို့ သူ့ကို အနိုင်ပေးရမှာလဲ...."

"သောက်ရူးမ...အဲ့တာက ယွမ် သန်း၂၀ ကျော်တဲ့ ပန်ဂနီ ဇွန်ဒါဟ...ငါ့ကားက ၁ သန်းကျော်လောက်ပဲ တန်ကြေးရှိတာ....အဲ့ကားရှေ့မှာဆိုရင် ဒီကားက အမှိုက်လို့တောင် ခေါ်ဖို့ မတန်ဘူး..ဒါတောင်နင်က ငါ့ကို သူနဲ့ ပါကင် ယှဉ်လုခိုင်းနေတယ်ပေါ့..ဦးနှောက်လေးဘာလေး သုံးပါဦးဟ...."

"အဲ့ကားက တကယ်ကြီး ယွမ် သန်း ၂၀ ကျော်တယ်ပေါ့...."

ခရီးသည် ထိုင်ခုံပေါ်ရှိ အမျိုးသမီးမှာ ဈေးကိုကြားသည်နှင့် တစ်ပြိုင်နက် ထိတ်လန့်သွားတော့၏။ သူ ကျုံးဟိုင်သို့ မရောက်မီက ကျုံးဟိုင်တွင် သူဌေးများ မှိုလို ပေါများသည်ဟု ကြားဖူးခဲ့ သော်လည်း ယခုအချိန်တွင်တော့ သူမ မျက်မြင် ကိုယ်တွေ့ ကြုံလေပြီ။

ထိုအကြောင်းကို တွေးမိသောအခါ သူမ၏ မျက်လုံးများ လှန်မိလိုက်ပြီး အတွေးထဲတွင်တော့ သူမ ပိုပြီး ချမ်းသာသော ဘောစိတစ်ယောက်ကို ရှာရန် ပိုမို အားစိုက်ရဦးမည်ဟု ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။

ပနားမီးရား စီးနိုင်သော သူက ယခုတော့ သူမနှင့် လုံလောက်အောင် မထိုက်တန်တော့ပေ။

ကားပါကင် ထိုးပြီးနောက် ရှရှင်းယွီ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

သူမ ယခင်တုန်းက ကားရပ်နားစရာ နေရာတစ်နေရာ ရဖို့အတွက် ပြိုင်လုခဲ့ရသည့်များကို ယခုတိုင် မှတ်မိနေသေးသည်။ သို့သော်လည်း လင်းရီးကားမောင်း‌လာသောအခါ မည်သူမျှ ကားကို ဆက်မရွေ့ရဲတော့ချေ။

ဒါက တကယ်ပဲ ငွေရဲ့ စွမ်းအားဆိုတာများလား....

"နေဦး...မဆင်းသေးနဲ့ဦး..."

"ဘာဖြစ်လို့လဲ...."

"ရီဗျုး ကောင်းလေးလေ...."

"အိုး အိုး..ခုမှ သတိရတယ်...ခုပဲ ပေးလိုက်မယ်နော်..."

ရှရှင်းယွီ ပျာပျာသလဲနှင့် ပြောလိုက်သည်။

လင်းရီက ရီဗျူးကောင်း ဟုသာ ပြောလိုက်သောကြောင့် တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများက‌တော့ ဘာဖြစ်နေသည်ကို နားမလည်လိုက်ပေ။ ထို့ပြင် မည်သူကမျှ သူ့ကို Didi ဒရိုင်ဘာ ဖြစ်လိမ့်မည်လို့လည်း မျှော်လင့်ထားမည် မဟုတ်။

မကြာမီ လင်းရီ စနစ်ထံမှ အသိပေးသံကို ကြားလိုက်ရသည်။

[မစ်ရှင် အောင်မြင်စွာ ပြီးမြောက်သွားပါပြီ...အတွေ့အကြုံမှတ် ၂၀၀,၀၀၀ကို ဆုလဒ်အဖြစ် ရရှိပါတယ်]

[အလုပ်ပြီးမြောက်နှုန်း : ၃၅%

ဆုလဒ် : ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်း ၊ ကျွမ်းကျင်သော ယာဉ်မောင်းစကေး ]

"ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်း....."

လင်းရီ စနစ်မှ ညွှန်းဆိုထားသော ထိုနေရာ အကြောင်း အနည်းငယ် ကြားဖူးသည်။

၎င်းမှာ ကျုံးဟိုင်တွင်သာမက ဟွာရှ၌ပါ အကြီးမားဆုံးသော ကားပြိုင်ပွဲကွင်းကြီး ဖြစ်၏။

လူတစ်ချို့ဆိုလျင် ထိုကားပြိုင်ပွဲကွင်းမှာ အရှေ့အလယ်ပိုင်းဒေသရှိ အာဘူဒဟာဘီ ပြိုင်ပွဲကွင်းထက် ပိုကောင်းသည်ဟု ဆိုကြသည်။

လင်းရီလည်း ‌ထိုကောလဟာလများက မှန်မမှန် မသိသော်လည်း ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကတော့ တ-ရုတ်ပြည် တစ်ခုလုံးတွင်တော့ နံပါတ်တစ် ပြိုင်ပွဲကွင်းကြီး ဖြစ်ကြောင်းတော့ သေချာပေသည်။

သို့သော်လည်း ယနေ့လို သူ၏ အပိုင် ဖြစ်လာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့။

တွေးကြည့်လိုက်ရုံနှင့်တင် ယုံနိုင်စရာ မကောင်းပေ။

ကလင် ကလင် ကလင်

လင်းရီ ဖုန်း မြည်လာပြီး ‌ခေါ်ဆိုလာသူကတော့ အမည်မသိဖုန်းစိမ်း ပင်။

"ဟယ်လို "လင်းရီ ပြောလိုက်သည်။

"ဟယ်လို ..ဥက္ကဌလင်း ကျွန်တော်က ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းရဲ့ တာ၀န်ခံ မန်နေဂျာပါခင်ဗျ.. မစ္စတာလင်းက ကျွန်တော်တို့ ပြေးလမ်းရဲ့ ရှယ်ယာ အားလုံးကို ၀ယ်လိုက်ပြီ ဆိုမှတော့ ကျွန်တော်တို့ ဘက်ကနေ လုပ်ထုံး လုပ်နည်းအရ စာရွက်စာတမ်း တစ်ချို့ လွှဲပြောင်း ပေးချင်လို့ပါ..အဲ့တာ ဘယ်အချိန်လောက် အားမလဲ မသိဘူး...."

"ငါလည်း ခုလောလောဆယ်တော့ မအားသေးဘူး...နေ့လည်လောက်ဆိုရင်တော့ အချိန်ရတယ်..အဲ့အချိန်လောက်ဆို အဆင်ပြေလား...."

လင်းရီ ပုံမှန် အတိုင်း ပြောလိုက်သည်။

"ဒါပေါ့..ရတာပေါ့ဗျ..ကျွန်တော်က တရား၀င်ရုံးပိတ်တဲ့ တနင်္ဂနွေကလွဲရင် အချိန်တိုင်း ရုံးမှာ ရှိတယ်...."

"ကောင်းပြီလေ ဒါဆိုလည်း နေ့လည်မှ တွေ့ကြတာပေါ့..."

လင်းရီ စိတ်ထဲတွင် တွက်ချက်မှု တစ်ချို့ ပြုလုပ်လိုက်သည်။ သူ၏ နေ့စဉ်သုံး ပစ္စည်းများ ၀ယ်ယူခြင်းက အချိန်သိပ် ကြာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် နေ့လည်ပိုင်းလောက်တွင် ပြီးဆုံးလိမ့်မည်ဟု ခန့်မှန်းထား၏။

ထို့အပြင် စနစ်မှလည်း သူ့ကို ကျွမ်းကျင်သော ယာဉ်မောင်း စကေးကို ချီးမြင့်ထားသည်။ အကယ်၍ သွားရောက်မစမ်းသပ်ပါက ဆုံးရှုံးမှုကြီးပင်။

"အစ်ကိုရီ...ဘာတွေ စဉ်းစားနေတာတုန်း..."

လင်းရီ အတွေးနက်နေသည်ကို မြင်သောအခါ ရှရှင်းယွီ မဝံ့မရဲ ဖြင့် မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူးကွာ..အခု သွားကြစို့...."

"အစ်ကိုရီ..ရှင်က ဘာ၀ယ်ချင်တာလဲ..."ကားထဲမှ ထွက်ပြီးနောက် ရှရှင်းယွီ မေးလိုက်၏။

"ငါ နေ့စဉ် လိုအပ်မယ့် ပစ္စည်း နည်းနည်း လောက်နဲ့ ငါနဲ့ တော်လောက်မယ့် အ၀တ်အစားလေး နည်းနည်းပါးပါးလောက် ၀ယ်ချင်တယ်..."

"အိုး ..."

ရှရှင်းယွီ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့ အဆင့်မြင့်လှသည့် မောလ်ထံသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။

ရှောပင်းမောလ်ရှိ ပစ္စည်းများမှာလည်း ရှော့ခ်ရလောက်အောင် ဈေးကြီးလွန်း၏။ သူမတို့ လို သာမန်လူတန်းစားများကတော့ ထိုနေရာသို့ ယောင်လို့တောင် ခြေဦးလှည့်မည် မဟုတ်ပေ။

လင်းရီ မော်လ်ထဲသို့ တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်သောအခါ မနီးမဝေးရှိ ပန်းသီး ဖုန်းဆိုင်ကို တွေ့လိုက်သည်။

"အဲ့ဒီကို အရင်သွားရအောင်..ငါဖုန်းလဲချင်နေတာကြာပြီ...."

လင်းရီ လက်ရှိ ကိုင်နေသော ဖုန်းမှာ သာမန် အန်းဒရိုက် ‌ဖုန်းမျှ သာဖြစ်ပြီး ယွမ်‌တစ်ထောင် ကျော်လောက်သာ တန်ဖိုးရှိသည်။ ထို့ပြင် အသုံးပြုလာသည်မှာ နှစ်ချို့နေပြီ ဖြစ်သောကြောင့် အချို့သော စက်ပိုင်းဆိုင်ရာများလည်း ချို့ယွင်းနေ၏

အကယ်၍ သူသာ ဖုန်းလဲလိုက်မည်ဆိုပါက အော်ဒါကောက်ခံရာတွင် ပိုမို လွယ်ကူသွားတော့မည်။

"ကောင်းပြီလေ..."

သူတို့ နှစ်ဦးသား ပန်းသီးဖုန်းဆိုင်ထဲသို့ ၀င်သွားကြ၏။ သန့်ရှင်းနေသော ခန်းမ၊တောက်ပနေသော မီးအလင်းရောင်နှင့် အသစ်အသစ်သော ပန်းသီးဖုန်းများကို ကောင်တာတွင် စနစ်တကျ ခင်းကျင်းပြသထားပုံမှာ ဆိုင်သို့ ၀င်ရောက်သူများအား အထက်တန်းကျသည်ဟုသော ခံစားချက်ကို ရရှိစေသည်။

"လူကြီးမင်း နှစ်သက်တာများတွေ့မိလားရှင့်..နှစ်သက်တဲ့ ဖုန်းတွေ့ရင် ကျွန်မ ရှင်းပြပေးပါ့မယ်ရှင့်"အရောင်းသမ လေးမှ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

လင်းရီ ကောင်တာပေါ်ရှိ iphone 11 Pro Max ကို ညွှန်ပြလိုက်ပြီး "ကျွန်တော့်ကို ဒါလေး ထုပ်ပေးလို့ရမလား..ကျွန်တော် 512gb မန်မိုရီ ပါတာ လိုအပ်လို့...."

ရှရှင်းယွီ နှင့် အရောင်းသမလေးမှာ ကြက်‌ေ-သ‌ေ-သသွားတော့၏။ ဒေါ်လာ ၁၀,၀၀၀ ကျော် တန်ကြေးရှိတဲ့ ဖုန်းကို ဒီလိုပဲ ၀ယ်လိုက်တာလား.....

"ဟုတ်ကဲ့ ခဏလောက် စောင့်ပေးပါဦးရှင့်...."

"နေဦး..နေဦး..."

ရှရှင်းယွီ အရောင်းသမလေးကို ရပ်တန့်လိုက်ပြီး လင်းရီ ကို ဘေးသို့ ဆွဲကာ.."အစ်ကိုရီ ပန်းသီးဖုန်းတွေကို ဒီမှာ ၀ယ်တာ မတန်ဘူး..."

"ဘယ်လို မတန်တာလဲ...."

"ဒီဆိုင်က ဖုန်းတွေ အကုန်လုံးက ဈေးတင်ထားကြတာ...အစ်ကိုရီတာ လိုင်းပေါ်ကနေ ၀ယ်မယ်ဆိုရင် ယွမ်တစ်ထောင်လောက် ဈေးသက်သာမှာ...."

"ငါလည်း ဒီမှာ ရောက်နေပြီဆိုတော့ အဲ့လိုတွေ လုပ်မနေတော့ဘူး..ပြီးတော့ လိုင်းပေါ်ကနေ ၀ယ်ရမှာလည်း ပျင်းတယ်...ငါသူတို့ကို စောစော၀ယ်တော့ စောစော သုံးလို့ရတာပေါ့.."

လင်းရီ အရောင်းသမလေးထံ ပြန်သွားရင်း ပြောလိုက်သည်။ "ငါ့ကို ကူပြီး ထုပ်ပေးဦး..."

"ကောင်းပါပြီ..ခဏစောင့်ပေးပါဦးနော်..."

လင်းရီ၏ တန်ခိုးကြောင့် ရှရှင်းယွီ၏ ကြည့်ရှုသူ အရေအတွက်မှာ ငါးသန်းကျော်သွားပြီး သာမန်ကြည့်ရှုသူထက် ငါးဆပိုလာပြီ ဖြစ်၏။

"ချမ်းသာရတာ အရမ်းကောင်းတာပဲ...အရောင်းသမလေးတောင်မှ ကြက်‌ေ-သ‌ေ-သသွားတယ်...ကြည့်ပါဦး သူ့ကိုယ်သူတောင် ပုံအပ်ချင်နေပြီ...."

"မင်းချမ်းသာနေသရွေ့တော့မင်းလိုချင်တဲ့ ဘယ်သူမဆို ရနိုင်တယ်..."

"မင်းတို့ ငမွဲကောင်တွေ...ယွမ်တစ်သောင်း ကျော်တဲ့ ဖုန်းလေး၀ယ်လိုက်တာနဲ့ ချမ်းသာပြီလို့ ထင်နေကြတာလား" ကီးဘုတ်ဖိုက်တာတစ်ဦးမှ ပြောလိုက်၏။

"တမြန်မနေ့တုန်းကတောင် ငါ့သူငယ်ချင်းတစ်ယောက် ဒီလိုမျိုး ဖုန်း၀ယ်‌လိုက်တာတောင် သူ့လောက် မ၀င့်ကြွားနေဘူး ဟီးဟီး..."

"ငိုးပဲ..အဲ့တာက မင်း၀ယ်တာမှ မဟုတ်တာ..ဘာလို့ ဒီလောက် ဂုဏ်ယူပြနေတာ..ဟီးဟီး...-ယီး ဟီးဟီး...အောက်-တန်းစား အကောင့်တုနဲ့ကောင်"

All Chapters