ထောင်လွှားမောက်မာဖို့ ဘယ်သူက ယုံကြည်ချက်တွေ ပေးလိုက်တာလဲ
Vol. 2 Ch. 18
ရှရှင်းယွီ ကသိကအောက် ဖြစ်သွားသည်။
ထို ဇိမ်ခံ ပစ္စည်းများ ရောင်းချသော အရောင်း၀န်ထမ်းများမှာ မာနကြီးပြီး တော်ရုံတန်ရုံလူများဆို အဖက်မလုပ်ဟု ကြားဖူးသော်လည်း ယခုတော့ ထို ကောလဟာလများမှာ အမှန် ဖြစ် ကြောင်း ကိုယ်တွေ့ ကြုံနေလေပြီ။
အဲ့လိုဆိုတောင် နင်တို့ ငါ့ကို အထင်သေးလို့ရတယ်...ဒါပေမယ့် အစ်ကို ရီကိုတော့ အထင်သေးလို့မရဘူးလေ....
ရှရှင်းယွီ သူ့အလိုလို တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ အခြေအနေကို ကြည့်လိုက်မိသည်။
သူမ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် ကီးဘုတ်
ဖိုက်တာများက သူမတို့ကို တစ်ဖန် ပြန်လည် လှောင်ပြောင်နေကြောင်း သတိပြုမိလိုက်သည်။
"မင်းတို့တော့ အထင်သေး ခံရပြီ ..သူတို့ နင်တို့ကို ထုတ်မပြဘူးလေ..ဘာလို့လဲဆိုတော့ မင်းတို့က တတ်နိုင်တဲ့ ရုပ်မှ မပေါက်တာကိုး....."
"သက်လတ်ပိုင်း စုံတွဲက သေချာပေါက် ချမ်းသာရမယ်..ဒီတော့ သူတို့ကို မိတ်ဆက်ပေးတာက ထုံးစံပဲလေ...ဟားဟား"
"အမြန်သွားကြရအောင်..အဲ့တာက ဗက်ချရွန် ကွန်စတန်တင်လေ..သာမန် ဘရန်း မဟုတ်ဘူး ညီမတို့ ကိုယ့်ကိုယ်ကို အရှက်မခွဲကြရအောင်...."
လင်းရီ အမျိုးသမီး အရောင်းမန်နေဂျာကို ကြည့်လိုက်ပြီး "ဒါဘာ အဓိပ္ပာယ်လဲ ငါတို့ အားလုံးက ၀ယ်သူ တွေ မဟုတ်လား..ငါတို့မှာ တန်းတူ ဆက်ဆံခံရဖို့ အခွင့်အရေး ရှိတယ် မဟုတ်လား...."
"ကျွန်မ စိတ်မကောင်းပါဘူး...ကျွန်မက ၀ယ်သူတွေကို သူ့အဆင့် အလိုက် ၀န်ဆောင်မှု ပေးတာပါ..လူကြီးမင်း နားလည် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
"၀ယ်သူ အဆင့်..."
"ကျွန်မမှာ ကိုယ်ပိုင် တန်ဖိုး ဖြတ်တဲ့ နည်းလမ်းတွေရှိပြီး သူတို့ အဆင့်အလိုက် ၀န်ဆောင်မှုပေးတာပါ.."
"ဟားဟား...."
"လူပိန်းနည်း နဲ့ ပြောရရင်တော့ လူကို ကြည့်ပြီး သူ့ အဆင့်အတန်းကို ခွဲ ခြားတာပေါ့..."
လင်းရီ ဒေါသထွက်လာသည်ကို မြင်သောအခါ ရှရှင်းယွီ သူ့ကို အလျင်အမြန် ဆွဲလိုက်သည်။
"အစ်ကိုရီ စိတ်လျှော့ပါဦး...ဒီလို ဇိမ်ခံပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေက ဒီလိုပဲ..ဘာမှ ဒေါသထွက်ဖို့ မလိုဘူး.... "
"လူကြီးမင်း ရှင်စကားကို ကြည့်ပြောနော်...မဟုတ်ရင် ကျွန်မတို့ လုံခြုံရေး ခေါ်ရလိမ့်မယ်...."
ဆိုင်မန်ဂျာမှ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
သူတို့နှစ်ယောက်က ဒီတိုင်း နာမည်လေး နည်းနည်း ရှိတဲ့ စထွင်မာလေးကိုများ..ဆိုင်ထဲ ပေး၀င်ပြီး လျှောက်ကြည့်ခွင့် ပြုတာတောင် တော်တော်လေး ညှာတာပေးလွန်းနေပြီ.....
တကယ်လို့ အပေါ်ထပ်က ဆိုင်တွေ ဆိုရင်တော့ သူတို့ကို ၀င်ခွင့် ပြုမှာတောင် မဟုတ်ဘူး....
"မင်းတို့က ဒီတိုင်း ဗက်ချရွန် ကွန်စတန်တင် ရောင်းတဲ့ ခွေးသာသာကိုများ...ဘာလို့ ဒီလောက်တောင် မာနကြီးပြနေတာ....မင်းတို့ ဒီလို ထောင်လွှား မောက်မာဖို့ ယုံကြည်ချက်က ဘယ်ကနေ ရတာ...."
လင်းရီ ကျိန်ဆဲလိုက်၏။
"အဲ့တော့ဘာဖြစ်လဲ ..ဒါပေမယ့် ဒီဘရန်းကတော့ နင်တို့ တစ်သက်လုံး ၀ယ်ဖို့ မတတ်နိုင်တဲ့ ပစ္စည်း ဖြစ်နေဦးမှာပဲ...."အမျိုးသမီး ဆိုင်မန်နေဂျာမှ ပျက်ရယ်ပြုလိုက်သည်။
"အစ်ကိုရီ ..သွားစို့..."
လင်းရီကဲ့သို့ ချမ်းသာသော သူများမှာ စရိုက်ဆိုးသည်ကို ရှရှင်းယွီ နားလည်ပေသည်။
မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် သူမ လင်းရီ၏ လက်မောင်းကို ဆွဲ၍ ဗက်ချရွန် နာရီဆိုင် အပြင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။
အခြား ဈေးကြီးပြီး အရည်အသွေးကောင်းသည့် နာရီများလည်း ရှိသေးသည်။ ထို့ကြောင့် သူတို့ ဤနေရာ၌ ၀ယ်ရန် မလိုပေ။
လင်းရီနှင့် ရှရှင်းယွီတို့ ထွက်ခွာသွားသည်ကို မြင်သောအခါ သက်လတ်ပိုင်း စုံတွဲမှာ ခေါင်းခါရမ်း၍ ပြုံးလိုက်သည်။
"ခုခေတ် လူငယ်တွေကတော့ အတော်လေး သွေးကြွကြတာပဲ...သူတို့က' ၀' မရှိပဲနဲ့ ဝိ'' လုပ်ချင်နေကြသေးတယ်"
"ပြီးတော့ ဒီလူငယ်တွေက အရမ်းကိုစိတ်လိုက်မာန်ပါ လုပ်လွန်းတယ် သူတို့က လိုင်းပေါ်မှာ ပရိတ်သတ်လေး နှစ်ယောက်သုံးယောက်လောက်ရှိတာနဲ့ မာနကြီးချင်နေကြတာ...ဗက်ချရွန်လို ဈေးကြီးတဲ့ ဘရန်းက သူတို့လို လူတန်းစား တွေ အတွက်ဘယ်တော့မှ ၀ယ်နိုင်မှာ မဟုတ်ဘူး... "
"လူကြီးမင်း ပြောတာ မှန်ပါတယ်ရှင့် ..ခေတ်တွေက ပြောင်းလဲသွားပြီ..ရှိုးပြတာက ထရန်း တစ်ခုလိုတောင် ဖြစ်နေပြီလေ..."အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အတိအကျပဲ..."သက်လတ်ပိုင်း အရွယ် လူကြီးလည်း သူမနည်းတူ အပြုံးဖြင့် တုံ့ပြန်လိုက်၏။
"ဒါပေမယ့် ဒီနှစ်ယောက်တော့ အတော်လေး စိတ်၀င်စားဖို့ ကောင်းတယ် ..သူတို့တကယ်ကြီး ပီတက်ခ် ဖီလစ်ပီဆီ သွားကြတာပဲ..သူတို့က လူငယ် ဆိုရင်တောင်မှ အဲ့လောက်ကြီးတော့ ခေါင်းမမာသင့်ဘူးလေ..."
ပီတက်ခ် ဖီလစ်ပီ စတိုး...
လင်းရီနှင့် ရှရှင်းယွီတို့ ၀င်လာသည်ကို မြင်သောအခါ အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှ ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့ပြီး မည်သည့် စိတ်အနှောက်အယှက် ဖြစ်မှုကိုမျှ မပြသခဲ့ပေ။
"ဆရာနဲ့ မစ်စစ်က အမျိုးသား၀တ် နာရီကို ရှာနေတာလား ဒါမှမဟုတ် အမျိုးသမီး၀တ် နာရီကို ရှာနေတာလားရှင့်..ကျွန်မ လူကြီးမင်းတို့ကို စိတ်တိုင်းကျ ရှင်းပြပေးပါ့မယ်..."ယူနီဖောင်းနှင့် အရောင်းသမလေးမှ ပြောလိုက်သည်။
လင်းရီ ရှရှင်းယွီကို ကြည့်လိုက်ပြီး "ရှင်းယွီ...
အကြံပေးချင်တာများ မရှိဘူးလား..."
"ဒါ..ဒါက..နည်းနည်းလေး ဈေးကြီး လွန်းတယ်
..ညီမလည်း သိပ်နားမလည်ဘူး..ညီမသိတာဆိုလို့ သူ့ပုံစံ လှမလှပဲ ကြည့်တတ်တာ..."ရှရှင်းယွီလည်း အပြစ်ရှိသလို ခံစားရရင်း ပြန်ဖြေလိုက်သည်။
"မင်းရဲ့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲက လူတွေကို မေးလိုက်လေ..."
လင်းရီလည်း ဘာမျှ လုပ်စရာ မရှိသောအခါတိုက်ရိုက်ထုတ်လွင့်မှုများ ကြည့်ရှုရခြင်းကို နှစ်သက်၏။ ထို့ကြောင့် ထိုနေရာ၌ လူငယ်သခင်လေးတို့၏ နေထိုင်မှုပုံစံကို သူ့ထက်သိသူ အများအပြား ရှိကြောင်း သိပေသည်။
"7140G-001 နာရီ စီးရီးက သိပ်မဆိုးဘူး...အဲ့တာက ဂေါ့ဒ်လယ်ဗယ် တိုင်ကွန်းနဲ့ဆို ကွက်တိပဲ..."
"7140G-001 က ၂ မီလီယမ်ကျော် တန်ကြေးရှိတယ်ဆိုပေမယ့် ဈေးကတော့ သင့်တင့်တယ်..တကယ်ကြီးကို မဆိုးတာ..."
"ဟီးဟီး ၂ မီလီယမ် ကျော်လေးရှိတဲ့ နာရီကလည်း ဒီတိုင်းသာမန်နာရီပါပဲ..မင်းတို့ထင်နေတာ ၂ မီလီယမ်ကျော် တန်ကြေးရှိတဲ့ လက်ပတ်နာရီကို ၀တ်လိုက်တာနဲ့ ဂေါ့ဒ်လယ်ဗယ် တိုင်ကွန်းလို့ ခေါ်လို့ရပြီများ ထင်နေတာလား...အဲ့တာဆိုရင်တော့ တစ်လောက လုံးက ဂေါ့ဒ်လယ်ဗယ် တိုင်ကွန်းတွေက တန်ဖိုး မရှိတော့ဘူး"
"ငါမင်းကို သောက်ရမ်း လန်းတဲ့ စတိုင် ဖမ်းခွင့် ပေးထားမယ် .ဒါတောင် မင်းက ၂မီလီယမ်ကျော်တဲ့ နာရီကို အထင်သေးနေတယ်ပေါ့..လာစမ်း..မင်းအကြံလာပေးစမ်း..ဘယ်လို နာရီမျိုးကမှ နာရီကောင်းလို့ ဆိုနိုင်မှာလဲ...."
သံပုရာသီးဘုရင်၏ မှတ်ချက်မှာ လူတိုင်းကို သူ့အား ဝိုင်းရံ၍ တိုက်ခိုက်စေတော့သည်။
သို့သော်လည်း သံပုရာသီးဘုရင်မှာ ဤကဲ့သို့ ကီးဘုတ် တိုက်ပွဲများကို နှစ်ပေါင်းများစွာ ဆင်နွှဲလာသောကြောင့် တော်ရုံလောက်နှင့်တော့ ထိတ်လန့်မသွားချေ။
"သူတို့ ဆိုင်ထဲ စ၀င်လာတဲ့ အချိန်မှာ ပီတက်ခ် ဖိလစ်ပီ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်စီးရီး တစ်ခုကို အဲ့ဒီ ပြတင်းပေါက်မှာ ပြထားတယ်လေ...ဈေးကတော့ ၁၇.၅ သန်းတဲ့...တကယ်လို့ မင်းသာ ကိုယ့်ကိုယ်ကို ဂေါ့ဒ်လယ်ဗယ် တိုင်ကွန်း လို့ ယူဆတယ်ဆိုရင်တော့ အဲ့လိုနာရီမျိုးကို ၀ယ်လိုက်ပေါ့..."
"ဟျောင့် မင်းရူးနေတာလား...ရှန်ဟိုင်းရဲ့ အင်ပါယာကိုယ်တိုင်တောင်မှ ဒီလိုနာရီမျိုး မ၀ယ်ဘူးလို့ ပြောထားတာ..မင်းက ဂေါ့ဒ်လယ်ဗယ် တိုင်ကွန်းကို ဒီနာရီ ၀ယ်စေချင်နေတယ်ပေါ့..မင်းဂေါက်နေတာ ဖြစ်မယ်...."
"ဟားဟား..မင်းတို့ မတတ်နိုင်ဘူးဆိုရင်လဲ မတတ်နိုင်ဘူးပြောလေ..ဘာလို့ ငါ့ကို လာ ဝေဖန်နေတာလဲ...."
ထိုအချိန်တွင် လင်းရီ ရှရှင်းယွီ၏ ဖုန်း မျက်နှာပြင်နားသို့ တိုးသွားလိုက်ပြီး "မင်း အခန်းထဲက အဲဗားအွန်လိုင်းတွေက သူတို့ရဲ့ အမြင်တွေကို မပြောပြဘူးလား..."
"သူပြောတာကို နားထောင်မနေနဲ့..အဲ့ကောင်က တော်တော်လေး ဂွကျတဲ့ကောင်..နင် အရမ်းချမ်းသာနေတာကို ကြည့်ပြီး သက်တောင့်သက်သာ မဖြစ်လို့နေမှာ...."ရှရှင်းယွီ ပြောလိုက်၏။
"7140G-001က ကောင်းတယ်လို့အကြံပြုထားတဲ့သူ တစ်ယောက်တော့ရှိတယ်..သူပြောထားတာတော့ အဲ့ဒီနာရီက အတော်လေး မဆိုးဘူးတဲ့..."
လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ အခြေအနေကို တစ်ချက်ရှိုးလိုက်ပြီး .."သူက တကယ်ကြီး ငါ့ကို ၁၇၅ နှစ်ပြည့် အထိန်းအမှတ် နာရီကို ၀ယ်ဖို့ ပြောထားတာပဲ..."
ထိုစကားလုံးများကို ကြားသောအခါ ပီတက်ခ် ဖီလစ်ပီ ၀န်ထမ်းမှ ခေါင်းရမ်းမိလိုက်သည်။
ဒီခုခေတ် ကီးဘုတ်ဖိုက်တာတွေကတော့ တော်တော်လေး စွာနေတာပဲ...
၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီမှာ တစ်ကမ္ဘာလုံးတွင် ၆ လုံးသာ ရှိပြီး တစ်လုံးစီကိုလည်း ၁၇.၅ မီလီယမ်ဖြင့် ရောင်းချသည်။
၎င်းမှာ နာရီ၏လက်ရာနှင့် တန်ဖိုးကို ကိုယ်စားပြုရုံတင်မက ပို၍ အရေးပါစွာဖြင့် ပတိက်ခ် ဖီလစ်ပီ၏ နှစ်တစ်ရာ ကျော် ဘရန်းတစ်ခု၏ လက်ရာကိုလည်း ကိုယ်စားပြုပေသည်။
နာရီကို အကြံပြုသည့်သူမှာ ဤအကြောင်းအရာများကို နားမလည်ချေ။ သူသိထားသည်မှာ နာရီ၏ ဈေးပင်။ အတော်လေးကို ဉာဏ်သိမ်လှ၏။
"အစ်ကိုရီ...သူပြောတာ နားထောင်မနေနဲ့ 7140G-001 က သူတို့ ပြောသလို တကယ်မဆိုးပါဘူး..."ရှရှင်းယွီ ပြောလိုက်၏။
"စကားပုံ အဟောင်းတွေအတိုင်းပေါ့...ကိုယ်ပေးသလောက်ပဲ ကိုယ်ပြန်ရတယ်..175 နှစ်ပြည့် နာရီကလည်း အခုလို ဈေးအမြင့်ကြီးနဲ့ ရောင်းချတာကလည်း သူ့အကြောင်းပြချက်နဲ့တူ ရှိမှာပေါ့...."
"အမှန်ပဲ..ဒါပေမယ့် နာရီက ၁၇.၅ မီလီယမ်လေ..."
"ဈေးကတော့ တကယ့်ကို မြင့်တယ်.."
လင်းရီ ရှုံးနိမ့်ကြောင်း ၀န်ခံသည်ကို တွေ့သောအခါ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကီးဘုတ်ဖိုက်တာများမှာ စတင် တိုက်ခိုက်ေတာ့သည်။
"မင်းက အခုတော့ ငကြောက်ပဲကွ မဟုတ်ဘူးလား...မင်းမှာ ပိုက်ဆံ မလောက်ရင်လည်း တိုင်ကွန်းလိုလို ဘာလိုလို လုပ်မနေနဲ့လေ..မင်းမျက်နှာကို ဖြတ်ရိုက်ဖို့က လွယ်ကူလွန်းတယ်...."
"သောင်းကျော်တဲ့ ဖုန်းနဲ့ လက်တော့ပ် ၀ယ်လိုက်တာနဲ့ မောက်မာလို့ရပြီလို့များ ထင်နေတာလား...ကျွတ်ကျွတ် မင်းက တအား ရိုးအလွန်းတာပဲ..."
"တအားကြီး မိမိုက်သလို ဟန်ဆောင်နေရင် မိုးကြိုးပစ်ခံ ရလိမ့်မယ်..ဒါကြောင့် အပြင်သွားရင် နိမ့်နိမ့်ချချနေ..ပန်ဂနီ ဇွန်ဒါလေး စီးနိုင်တာနဲ့ တစ်ကမ္ဘာလုံးက မင်းအပိုင်မဟုတ်သေးဘူး...မင်းမတတ်နိုင်တာတွေ အများကြီး ရှိသေးတယ်..."
"အစ်ကိုကြီးရီ..ဒေါသမထွက်ပါနဲ့နော်..ညီမ ဒီကောင်တွေကို အခန်းထဲကနေ အခုပဲထုတ်ပစ်လိုက်မယ်..."
"ဒေါသထွက်စရာ အကြောင်းမှ မရှိတာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဈေးက နည်းနည်းလေး မြင့်တယ်ဆိုပေမယ့် ငါ၀ယ်နိုင်ပါသေးတယ်ဟ...."
လင်းရီ ပြတင်းပေါက်ဆီသို့ လှမ်းသွားပြီး ယုံကြည်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
နာရီက တော်တော်လေး ကောင်းတာပဲ..သူနဲ့ အတူ ရှိနေဖို့ ထိုက်တန်တယ်...
"ငါ့ကို ဒီရဲ့ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီကို ကူထုပ်ပေးလို့ရမလား...."
ထိုစကားကိုကြားသောအခါ လူတိုင်း ရှော့ခ်ရသွားတော့၏။
သူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ပါးစပ်များမှာ ပွင့်ဟလာကာ သူတို့၏ နားများကိုတောင် မယုံချင်တော့ပေ။
"လူကြီးမင်း..ဘာပြောလိုက်တယ်...ရှင်က ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီကို ၀ယ်ချင်တယ်...."
လင်းရီ ခေါင်းညိတ်လိုက်ပြီး "ဘာလို့လဲ..၀ယ်လို့မရဘူးလား.."