မင်းတို့ရဲ့ ဗက်ချရွန်က ငါ့အတွက် ဈေးကြီးလွန်းတယ်
Vol. 2 Ch. 19
"ဒါ..ဒါပေါ့..ရှင်၀ယ်လို့ရပါတယ်..."
"ဒါဆိုလည်း ကူပြီး ထုပ်ပိုးပေးပါဦး..."
လင်းရီ တွက်ချက်မှု အနည်းငယ် ပြုလုပ်လိုက်ပြီး လက်ရှိ သူ၏ ပိုင်ဆိုင်မှုနှင့် ဆိုပါက ၁၇.၅ မီလီယမ် တန်ကြေးရှိသော နာရီတစ်လုံးက သူနှင့် လုံး၀ လိုက်ဖက်ပေသည်။
သို့သော်လည်း ထိုကောင်က သူ့ကို လူအများရှေ့တွင် လှောင်ပြောင်နေ၏။ အကယ်၍ သူသာ မကြွားဝါပြပါက အထင်သေးခံရတော့မည်။
မည်သို့ပင်ဆိုစေ ပန်နီဆူလာ ဟိုတယ်နှင့် ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းက လက်ရှိ သူ၏ ပိုင်ဆိုင်မှုပင်။ အနာဂတ်တွင်လည်း တည်ငြိမ်သော ငွေ၀င်လမ်းကြောင်း ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် နာရီ တစ်လုံး၀ယ်ရန် ပိုက်ဆံ အနည်းငယ် ဖြုန်းလိုက်သည်ကတော့ မပြောပလောက်ပေ။
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများကတော့ လင်းရီ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီကို ၀ယ်မည်ဟူသော စကားကို ကြားသောအခါ ကွန်းမန့် ဗု-န်းများ တလှိမ့်လှိမ့် ပေါက်ကွဲထွက်လာသည်။
"သောက်ကလေး မင်းမြင်လိုက်လား..ကြီးမြတ်တဲ့ အစ်ကိုကြီးလင်းက ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် မော်ဒယ်ကို ၀ယ်တော့မယ်...မင်းမှာ တစ်ခုခု လုပ်ဖို့ တိုက်တွန်းချင်တာများ ရှိသေးလား...."
"သူက ၁၇.၅ မီလီယမ်ကို ဒီတိုင်း သုံးပစ်လိုက်တာနော်...မင်းတစ်သက်မှာတောင် ဒီလောက်များတဲ့ ပိုက်ဆံတွေ မြင်ဖူးရဲ့လား...."
"တကယ်လို့ ကြီးမြတ်တဲ့ အစ်ကိုကြီးလင်းသာ သကြား ပေပီလေး လိုချင်နေတယ်ဆိုရင်တော့ ငါ့ကို ဆက်သွယ်လို့ရတယ်နော်...."
လူအုပ်ကြီး၏ ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ ကီးဘုတ်ဖိုက်တာလည်း လက်မြှောက်လိုက်ရတော့၏။
အမှန် စင်စစ်တွင်တော့ ထိုကီးဘုတ်ဖိုက်တာများမှာ သူတို့၏ လက်ထဲတွင် ကီးဘုတ်ကိုင်၍ လင်းရီကို လှောင်ပြောင်ချင်ရုံ သက်သက်သာ....
သို့သော်လည်း လင်းရီမှ ၁၇.၅ မီလီယမ်တန်ကြေးရှိသော နာရီကို ထမင်းစားရေသောက် သကဲ့သို့ ၀ယ်ပြလိုက်သောကြောင့် သူတို့ ဆက်လက်ပျက်ရယ်ပြုရန် အကြောင်းအရင်းကို ရှာမတွေ့တော့ချေ။
"လူကြီးမင်းရှင့်..ကျွန်မ တစ်ခုလောက် ရှင်းပြပါရစေ..."အမျိုးသမီး စတိုးဆိုင်မန်နေဂျာမှ သူတို့ထံ လျှောက်လှမ်းလာပြီး အနူးညံ့ဆုံးသော လေသံဖြင့် ပြောလိုက်၏။
"ပြတင်းပေါက်မှာ ပြသထားတဲ့ မော်ဒယ်က ဒီတိုင်း မော်ဒယ်သက်သက်ပါ..တကယ်လို့ လူကြီးမင်းသာ တကယ်၀ယ်မယ်ဆိုရင်တော့ ကျွန်မတို့ ဆွစ် ရုံးချုပ်ကနေ ပစ္စည်းကို လွှဲပြောင်းပေးရပါမယ်...လွှဲပြောင်းတဲ့ ဖြစ်စဉ်ကလည်း အနည်းဆုံး သုံးရက်လောက်တော့ အချိန်ပေးရပါလိမ့်မယ်ရှင့်..."
"အဆင်ပြေပါတယ်...ဒါပေမယ့် ငါ့မှာလည်း လာယူဖို့ အချိန်မအားဘူး...မင်းတို့ဆီမှာ အိမ်တိုင်ရာရောက် အရောက်ပို့ပေးတဲ့ ၀န်ဆောင်မှု ရှိလားမသိဘူး...."
"လူကြီးမင်းက နောက်နေတာလားတော့ မသိဘူးနော်...လူကြီးမင်းသာ ဒီနာရီကို ၀ယ်မယ်ဆိုရင် ရုံးချုပ်က မပို့ပေးရင်တောင် ကျွန်မတို့ကိုယ်တိုင် အိတ်စိုက်ပြီး အိမ်တိုင်ရာရောက် ပို့ပေးမှာပါ...အဲ့ကိစ္စကိုတော့ လုံး၀ စိတ်ပူစရာ မလိုပါဘူးရှင့်...."
"ကောင်းပြီလေ..ဒါဆိုလည်း ကတ်ဖြတ်လိုက်တော့..."
လင်းရီ သူ၏ ကတ်ကို ကမ်းပေးလိုက်ပြီး "စကားဝှက်တော့ ၀၀၀၀၀၀၀၀ "
သူမ လင်းရီ လက်ထဲမှ ကတ်ကို လက်နှစ်ဖက်နှင့် ယူလိုက်ပြီး ၁၇.၅ မီလီယမ်ကို နှုတ်လိုက်၏။
ထိုအချိန်တွင်တော့ ရှရှင်းယွီကို အသာထား...သူဌေးများကို မြင်နေကြဖြစ်သော ဆိုင်မှ အမျိုးသမီး ၀န်ထမ်းများပင် အံ့အားသင့်နေကြသည်။
နာရီ တစ်လုံး၀ယ်ဖို့အတွက် ပိုက်ဆံတွေ ဒီလောက်အများကြီး ဖြုန်းပစ်လိုက်တယ်.....
အချမ်းသာဆုံး လူတွေတောင် ဒီလို လုပ်မှာ မဟုတ်ဘူး...
"စွန်းလေး ပြတင်းပေါက်နားက နာရီ ပြသထားတာကိုဖြုတ်သိမ်းလိုက်တော့..."လက်ထောက် ဆိုင်မန်နေဂျာမှ ပြောလိုက်၏။
"သိပါပြီ အစ်မလျို..ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ်ခင်ဗျ....""
ရှရှင်းယွီ အနည်းငယ် သိချင်သွားပြီး "ရှင်တို့က ဘာလို့ သိမ်းပစ်လိုက်တာလဲ...အဲ့ဒီ နာရီကို ဆက်မရောင်းတော့ဘူးလား"
"မစ်စ် ..ဒါကတော့ ဒီလိုပါရှင့်..တစ်ကမ္ဘာလုံးမှာ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီက ၆ လုံးပဲ ရှိတာပါ..ပြီးတော့ တစ်လုံးကိုလည်း တ-ရုတ်ပြည်မှာ ရောင်းချခွင့် ရထားပါတယ်....အခု မစ္စတာလင်းက နာရီကို ၀ယ်လိုက်ပြီဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပီတက်ခ် ဖီလစ်ပီ စတိုင်းဆိုင်တွေ အားလုံးက ဒီနာရီကို ရောင်းချခွင့်မရှိတော့ပါဘူး...ဒါကြောင့် ကျွန်မတို့ အစမ်းပြ မော်ဒယ်ကို သိမ်းဆည်းရတာပါ "
"အိုး..ဒီလိုကိုး..သဘောပေါက်ပြီ..."
ဆိုင်အကူမှ မော်ဒယ်ကို ပြတင်းပေါက်မှ ဖြုတ်ချနေသည်ကို မြင်သောအခါ ဆိုင်အနီး၀န်းကျင်ရှိ လူများအားလုံး စပ်စုရန် ဝိုင်းအုံလာကြတော့သည်။
၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီ ပြသထားသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်၏။ သို့သော်လည်း မည်သူကမှ ဤကဲ့သို့ သာမန်နေ့လေးတစ်နေ့တွင် ဖြုတ်ချခြင်းခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြချေ။
အဓိပ္ပာယ်က နာရီကို တစ်ယောက်ယောက်က ၀ယ်သွားပြီလို့ ဆိုလိုချင်တာမဟုတ်လား......
အနီးအနားရှိ ဆိုင်၀န်ထမ်းများမှာလည်း ၁၀ မီလီယမ်ကျော် တန်ကြေးရှိသော နာရီကို ၀ယ်လိုက်သည့် တိုင်ကွန်းကို စပ်စုကြည့်ချင်နေကြသည်။
"စွန်းလေး..နင် ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီစီးရီးကို ရောင်းလိုက်ပြီပေါ့..."ဗက်ချရွန်၏ မန်နေဂျာ ကျန်းလိမှ အံ့ဩတကြီး မေးမြန်းလိုက်သည်။
"အွန်း..ငါတို့ခုလေးတင် ရောင်းလိုက်တာလေ..လူကြီးလူကောင်းတစ်ယောက်က အဲ့ဒီနာရီကို ၀ယ်သွားတာ..."
"ကျုံးဟိုင်မှာ တိုင်ကွန်းတွေ အများကြီး ရှိတာပဲ...ဘယ်သူကများ နာရီကို တကယ်ကြီး ၀ယ်လိုက်လဲဆိုတာ သိချင်လိုက်တာဟယ်..."
ကျန်းလိ အနည်းငယ် မနာလိုဖြစ်နေ၏။ဗက်ချရွန် ကွန်စတန်တင်မှာလည်း သိပ်မဆိုးသည့် ဘရန်းတစ်ခုပင်။
ဘာလို့ တိုင်ကွန်းက ငါတို့ဆီမလာပဲ ပိတပ်ခ် ဖီလစ်ပီကို သွားရတာလဲ....
"သူက ဆိုင်ထဲမှာ ရှိနေတုန်းပဲ..."အရောင်းသမလေးမှ ပြောလိုက်သည်။
ကျန်းလိ ခေါင်းကို ထုတ်၍ ဆိုင်ထဲသို့ မျှော်ကြည့်လိုက်သောအခါ ကြက်ေ-သေ-သသွား၏
"အဲ့..အဲ့တာကငါတို့ဆိုင်ဆီ ခုလေးတင် လာသွားတဲ့ လူငယ် စုံတွဲမလား..."ကျန်းလိ မယုံကြည်နိုင်စွာ မေးလိုက်မိ၏။
ထိုအချိန်တွင် လင်းရီ ဆိုင်ထဲမှ ထွက်လားပြ တိုက်ဆိုင်စွာဖြင့် ကျန်းလိနှင့် ပက်ပင်းတိုးမိသွားသည်။
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ...ခင်များလည်း ဒီရောက်နေတာကိုး...."လင်းရီ သတိထားမိသွား၏။
"ခင်များတို့က အဲ့ဒီကိစ္စနဲ့ မကျေနပ်လို့ လိုက်လာတာလား...."
"မဟုတ်..မဟုတ်တာ..ကျွန်မတို့ ဘာမှ မကျေနပ်တာ မရှိရပါဘူး...."
ကျန်းလိ ေ-သချင်နေသည်။
အကယ်၍ သူမသာ လင်းရီတို့ကို အထင်မသေးမိပါက သူမ၏ ဆိုင်တွင် သေချာပေါက် ငွေသုံးသွားလောက်၏။
ထိုအတွေးများ ခေါင်းထဲတွင် ပဲ့တင်ထပ်နေပြီး ရူးချင်သလိုလို ဖြစ်လာသည်။
"လူကြီးမင်း ကျွန်မတို့ဆိုင်မှာလည်း မော်ဒယ်အသစ်တွေ အများကြီး ရှိပါတယ်ရှင့်...ကျွန်မတို့ဆိုင်ကို နောက်တစ်ခေါက်လောက် ထပ်လာခဲ့ပါလား...."
"မေ့လိုက်တော့ မင်းတို့ရဲ့ ဗက်ချရွန်က ငါ့အတွက် ဈေးကြီးလွန်းတယ်...ငါက ပိတက်ခ် ဖီလစ်ပီလောက်ပဲ တတ်နိုင်တာ"လင်းရီ ပြောလိုက်သည်။
ပိတက်ခ် ဖီလစ်ပီ မှ ၀န်ထမ်းများကတော့ ခိုးရယ်နေကြသည်။
ဒီသူဌေးသားကတော့ အနာပေါ် ဘယ်လို ဆားဖြူးရမလဲဆိုတာ ကောင်းကောင်း သိတာပဲ.....
"လူကြီးမင်း ကျွန်မက ဒီတိုင်း နိမ့်ကျတဲ့ ဆိုင်ရှင်လေး တစ်ဦးပါနော်...ဘာလို့ ရှင့်ရဲ့ အဆင့်အတန်းကို ကျွန်မလောက် နိမ့်အောင် လုပ်နေရတာလဲ...."
ကျန်းလိ ကသိကအောက်ဖြစ်စွာ ပြုံး၍ ပြောလိုက်သည်။
"အဓိကကတော့ မင်းရဲ့ ဘရန်းက သောက်ရမ်း ဈေးကြီးလွန်းလို့ပါကွာ..ငါတကယ်ကြီးကို ၀ယ်ဖို့ မတတ်နိုင်တာ..."လင်းရီ မနီးမဝေးရှိ သတ်လတ်ပိုင်း စုံတွဲကို လက်-ညိုး ထိုး-ပြလိုက်ပြီး
"မင်းသူတို့ကို သွားခေါ်သင့်တာ..သူတို့ကမှ လုံး၀ ကျိကျိတက် ချမ်းသာတဲ့သူတွေ..ငါ့အိတ်ကပ်ထဲမှာက ဒင်္ဂါးပြားလေးတွေပဲရှိတာ..ဆိုတော့ သူတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...."
ကျန်းလိနှင့် သက်လတ်ပိုင်း စုံတွဲတို့ အလှောင်ခံနေရသည်ကို မြင်သောအခါ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများ အားလုံး မီး-များ ဝိုင်းကူ ရှို့ကြတော့၏။
"မင်းက ကြီးမြတ်တဲ့ လင်းကို အထင်သေးတာကြောင့်မို့လို့ လုံး၀ထိုက်တန်တယ်..ေ-သလမ်းရှာနေတာပဲ..."
"ကြီးမြတ်တဲ့ ဗက်ချရွန်တောင် သူ့ကို စော်ကားလို့မရဘူး...."
"ဝှက်သယ်ဖက်...ဘာလားပဲ ပိတပ်ခ် ဖီလစ်ပီ တောင် သူ့အတွက် ဈေးပေါနေတာလားဟ"
လင်းရီ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ဓာတ်လှေကားက်ု ရှာတွေ့သော အခါ ရှရှင်းယွီကို ပြောလိုက်၏။
"အပေါ်ထပ်ကို ဆက်သွားရအောင်..."
"အိုကေ..အိုကေ...သွားကြစို့"
ရှရှင်းယွီ ကျန်းလိကို လှောင်ရယ်နေတာ မြင်သောအခါမှာ လှိုက်လှိုက်လှဲလှဲကြီး ကျေနပ်အားရမှုကို ခံစားလိုက်ရသည်။
ချမ်းသာရတာ အရမ်းကောင်းတာပဲ.....အကယ်၍ သူမသာ ကျန်းလိ၏ လှောင်ရယ်မှုကို ခံရပါက နှုတ်ဆိတ်ပြီး ထွက်သွားရလောက်သည်။
သို့သော်လည်း လင်းရီကတော့ ခြားနားစွာဖြင့် ၁၇.၅ မီလီယမ် တန်ကြေးရှိသော နာရီကို ၀ယ်ယူပြီး ကျန်းလိမျက်နှာကိုလည်း အပြောချိုချို လေးများဖြင့် ဖြတ်ရိုက်လိုက်သေးသည်။ ထိုကျန်းလိကတော့ စကားတစ်ခွန်းပင် ပြန်မပက်ရဲချေ။
ပိုက်ဆံရှိရတာ ကောင်းလိုက်တာ.....
မရေမတွက်နိုင်သော လူများ၏ မနာလိုသော အကြည့်အောက်တွင် နှစ်ယောက်အတူ ခြောက်ထပ်မြောက်သို့ ရောက်ရှိသွားသည်။
ဤအလွှာကတော့ ဇိမ်ခံပစ္စည်းများ ရောင်းချသည့်ဆိုင်ဖြစ်၏။ စကားလုံးနှင့်သာ တင်စားရမည်ဆိုပါက ဤနေရာ၌ မရနိုင်သော ပစ္စည်း ဟူ၍ မရှိ။
"ရှင်းယွီ...မင်း အမျိုးသား အထည်တွေနဲ့ ပတ်သက်ပြီးတော့ကော နည်းနည်းပါးပါးလောက် မသိဘူးလား...."
သူ၀တ်နေကျ ဘရန်းများမှာ အတ်တာ၊စီမာ အစရှိ သော သာမန်လောက်သာသိပြီး အခြားဘရန်းများကိုတော့ လင်းရီလည်း မသိချေ။ ထို့ကြောင့် ရှရှင်းယွီထံမှ အကြံဉာဏ်တောင်းခံနေခြင်းပင်။
"ညီမ ကြားဖူးတာတော့ ဗာဆေ့စ် နဲ့ အာမနီ အမျိုးသား ၀တ်တွေက တော်တော်လေး ကောင်းတယ်လို့တော့ ပြောကြတာပဲ...တစ်ချက်လောက် သွားကြည့်ကြတာပေါ့...."
ရှရှင်းယွီလည်း ကြားရုံမျှသာ ကြားဖူးပြီး ယင်းဘရန်းနှစ်ခု အကြောင်းကိုတော့သေချာမသိချေ။
"သွားစို့ ဗာဆေ့စ်က ရှေ့နားလေးတင်ပဲ..အဲ့ကောင်ကို အရင် သွားကြည့်ရအောင်..."
"ကောင်းပြီလေ"
သူတို့ မီတာ ဒါဇင် အနည်းငယ်လောက် လမ်းလျှောက်ပြီးနောက် ဆိုင်ထဲသို့ ၀င်တော့မည့်အချိန်တွင် အရောင်းမိန်းကလေး တစ်ဦး၏ ပိတ်ပင်ခြင်းကို ခံလိုက်ရသည်။
"လူကြီးမင်းတို့ ခဏလောက် စောင့်ပါဦး..."
"ဘာဖြစ်လို့လဲ..."
အရောင်းမိန်းကလေးမှာ ဘာမျှ ပြန်မပြောဘဲ သူတို့ အနားရှိ သေးငယ်သော ဆိုင်းဘုတ်လေးကို ညွှန်ပြလိုက်သည်။ လင်းရီတို့လည်း သူမ ညွှန်ပြသော နေရာသို့ လိုက်ကြည့်ပြီး ရေးထားသော စာကို အသံထွက်၍ ဖတ်လိုက်မိသည်။
"တိုက်ရိုက်ထုတ်လွင့်သည့် စထွင်မာများအား ၀င်ခွင့်မပြု...."
ရှရှင်းယွီ ကိုးရိုးကားယား ဖြစ်သွားပြီး မျက်နှာများ နီရဲလာတော့၏။
"ဟမ်....ဒါကြီးက ဘယ်လို စည်းကမ်းကြီးလဲ...မင်းတို့ မောလ်ကလည်း သောက်ဆန်းကြီးပါလားဟ"လင်းရီ
ပြောလိုက်သည်။
"မောလ်ရဲ့ စည်းမျဉ်းတော့ မဟုတ်ပါဘူး...အဲ့တာက ဘာလို့လည်း ဆိုတော့ ဒီတစ်ဝိုက်မှာ အွန်လိုင်း စထွင်မာတွေရဲ့ နာမည်က သိပ်မကောင်းလို့ပါ..သူတို့က ကျွန်မတို့ရဲ့ ပစ္စည်းတွေကို မ၀ယ်တဲ့ အပြင် အားရ ပါးရတောင် ဝေဖန်သွားသေးတယ်..ဒီတော့ ကျွန်မတို့လည်း မတတ်နိုင်စွာနဲ့ ဒီလို စည်းမျဉ်းမျိုး ထုတ်လိုက်ရတာပါ...."
အရောင်းမိန်းကလေး၏ မျ
က်နှာတွင်တော့ ထိုစကားများပြောရင်း ထောင်လွှားမှုများကတော့ အပြည့်ပင်။
သူမက လင်းရီကို လူအုပ်ကြီး စိတ်ကျေနပ်အောင် ပြုလုပ်ပေးနေရသော ငမွဲ တစ်ယောက်ဟု မပြောရုံတမယ်ပင်။