လင်းရီက ဒီမှာ ဘော့စ်လေ
Vol. 2 Ch. 22
"ကောင်းပြီလေ..ကျုပ်နောက် လိုက်ခဲ့ပေးပါ မစ္စတာလင်း..."
ကျိုးဟိုင်ထောင်၏ ဦးဆောင်မှု အောက်တွင် သူတို့နှစ်ယောက် ပြေးလမ်းကို ကြည့်သော ပလက်ဖောင်းဆီသို့ ရောက်ရှိလာသည်။
ပြေးလမ်းမှာ ခမ်းနားကြီးကျယ်လွန်းပြီး လင်းရီ ကြည့်ရှုရင်းနှင့် ကားမောင်းချင်လွန်း၍ လက်ပင်ယားလာ၏။
"ဘော့စ်လင်းက ဒီနေရာကို ၀ယ်လိုက်ပြီဆိုမှတော့ ဘော့စ်ကလည်း ကားပြိုင်ရတာကို အရူးအမူး စွဲလမ်းတဲ့သူ ဖြစ်ရမယ်..လမ်းပေါ်မှာ နှစ်ပတ်သုံးပတ်လောက် ပတ်မောင်းကြည့်ပါလား.... "
ကျိုးဟိုင်ထောင် အကြံပေးလိုက်သည်။
"သေချာတာပေါ့.."လင်းရီ ခေါင်းညိတ်လိုက်၏။
ဤကားပြိုင်ကွင်းကို ရရှိခဲ့စဉ်က ကျွမ်းကျင်အဆင့် ယာဉ်မောင်းစကေးကိုလည်း ရရှိခဲ့သေးသည်။
ယခုတော့ သူ့တွင် အခွင့်အရေး ရှိလာပြီ ဖြစ်၍ စမ်းကြည့်ချင်တာကတော့ သဘာ၀ပင်။
"ကျုပ်ကားက ဂိတ် C မှာထိုးထားတာ..တစ်ယောက်ယောက်ကို ဒီကို မောင်းလာခဲ့ပေးစမ်းပါ..."
လင်းရီ ပြောလိုက်သည်။
လင်းရီ လက်ထဲမှ ကားသော့ကို မြင်သောအခါ ဟိုင်ထောင် ချွေးအေးများ စို့သွား၏။
ကျုံးဟိုင်ရှိ ချမ်းသာသော ဒုတိယမျိုးဆက်များအတွက်တော့ လမ်ဘိုဂီနီက မရှားပါးပေ..
သို့သော်လည်း သူ၏ ဘော့စ်ကတော့ တရားလွန်ပြီး ပန်ဂနီကြီး စီးပြလာသည်။
ထိုဘရန်းနာမည်နှင့် ဆိုပါက ဈေးအနည်းဆုံး ကားပင် ၁၀ မီလီယမ်ကျော် တန်ကြေးရှိ၏။
လူသား မဆန်လိုက်တာ....
"ကောင်းပြီလေ..ကျုပ်အခုပဲ သွားမောင်းလာခဲ့လိုက်မယ်..."
ပန်ဂနီ ကားသော့များကို ယူရင် ကျိုးဟိုင်ထောင် ၀န်ထမ်းတစ်ဦးကို လက်ယပ်ခေါ်လိုက်၏။
"ဘော့စ်လင်းရဲ့ကားကို ဒီမောင်းလာခဲ့..သေချာလည်း ဂရုစိုက်ဦးနော်..မောင်းနေတုန်း ခြစ်ရာတွေ မထင်စေနဲ့..."
"ဒါကတော့ စိတ်ပူစရာ မလိုပါဘူး ဂျာကြီးရ ..ကျွန်တော်က လန်ဘိုဂီနီတို့ ဖာရာရီတို့ကို မောင်းနေကြပါဗျ...သေချာပေါက် အမှား တစ်ခုတောင် မဖြစ်စေရဘူး..."
"ငါ ပိတ်ရိုက်လိုက်ရ..အဲ့ဒီ သန်းအနည်းငယ်လောက်ပဲ တန်ကြေးရှိတဲ့ ကားတွေက ဘာမှ မဟုတ်သေးဘူး...ဘော့စ်လင်းရဲ့ ကားက သန်း၃၀ နီးနီးရှိတဲ့ ပန်ဂနီနော်...တခြားကား တွေထက် အပုံကြီး သာတယ်..."
"ပန်ဂနီ...."
လင်းရီကားက ပန်ဂနီ ဖြစ်ကြောင်း သိသောအခါ ၀န်ထမ်းမှာ သူ၏လက်ထဲရှိ ကားသော့က ပို၍ ကြီးလာသယောင် ခံစားမိလိုက်သည်။
"စိတ်ချပါ ဂျာကြီး..ကျုပ်ရဲရဲကြီး အာမခံတယ်..သေချာပေါက် ဘာမှ မဖြစ်စေရဘူး..."ရင်ဘက်ကို တဗုန်းဗုန်း ပုတ်ပြ၍ ပြောလိုက်သည်။
"အေအေး..အဲ့တာဆိုလည်း သွားတော့..."
၎င်းနောက် ကျိုးဟိုင်ထောင် လင်းရီ ဘက်သို့ လှည့်လိုက်ပြီး "ကျုပ်တို့ အောက်ဆင်းပြီး တစ်ချက်ကြည့်ကြည့်ရအောင်လေ ဘော့စ်လင်း..တကယ်လို့ ဘော့စ် သဘောမကျသာ ရှိရင်လည်း နောက်ကျ တစ်ခါတည်း ပြင်လို့ရတာပေါ့..."
"သွားစို့လေ..ကျုပ်တို့လည်း ဘာမှ လုပ်စရာမှ မရှိတာ..."
နှစ်ယောက် လှေကားအောက်သို့ဆင်း၍ ပြိုင်ပွဲ ပြေးလမ်း နေရာသို့ ရောက်လာခဲ့၏။
သူတို့ရောက်လာသောအခါ အဝေးမှ ကားအင်ဂျင်သံများကိုပင် ကြားနေရသည်။
ပေါ့ချက်စ် နှစ်စင်း၊ အက်စ်တွန် မာတင် DB9 နှင့် လမ်ဘိုဂီနီ တစ်စီးတို့ အကွေ့ကို ဒရစ်ဖ် ပုံစံဖြင့် လှလှပပ ကွေ့လာပြီး လင်းရီးနှင့် ကျိုးဟိုင်ထောင် တို့ရှေ့တွင် ရပ်လိုက်ကြသည်။
လေးစင်းလုံးကတော့ ဇိမ်ခံကားတွေ ကြီးပင်။ သို့သော်လည်း နောက်ဆုံးမှ နှစ်စင်းကတော့ အက်စ်တွန် မာတင်၊ လမ်ဘိုဂီနီတို့နှင့် ယှဉ်ပါက အနည်းငယ် မှေးမှိန်နေသည်။
လမ်ဘိုဂီနီ အဗန်တက်တာ ကတော့ အောက်ထစ်ဈေးပင် ပုံမှန်အားဖြင့် ဆယ်သန်းခန့်ရှိသည်။
နိုင်ငံထဲတွင်တော့ အကောင်းဆုံး ပြိုင်ကားများထဲမှ တစ်စင်းဖြစ်ကြောင်းတော့ မလွဲဧကန် အမှန်ပင်ဖြစ်၏။
ကျိုးဟိုင်ထောင် ထိုကားများ၏ ရှေ့တွင် ကျောကို မတ်လိုက်ပြီး သူ၏ အမူအရာက လုံး၀ကို ရိုကျိုးနေသည်။
ကားတံခါးများ တစ်ခုပြီး တစ်ခု ပွင့်လာပြီး ချင်းဟန်နှင့် သူ့သူငယ်ချင်းတို့ ပုပ်သိုးနေသော မျက်နှာ အမူအရာများနှင့် ထွက်လာကြသည်။
"ဖက်တီးကျိုး..မင်းဘာဖြစ်ချင်နေတာလဲကွ...ငါ့စကားတွေက အလကားပြောနေတယ်လို့များ ထင်နေတာလား..."
"ငါမင်းကို လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းကနေ ဒီနေရာကို ဘွတ်ကင် လုပ်ပြီး ငါ့ဧည့်သည်တွေကိုပါ ခေါ်လာမှာမို့လို့ ကြုံရာ လူတွေကို မမြင်ချင်ဘူးလို့ ပြောထားတယ်လေ...မင်းသောက်ဦးနှောက်က အသက်ကြီးလာလို့ မမှတ်မိတော့တာလားကွ...."
ချင်းဟန် စိတ်တိုတိုနှင့် အော်ငေါက်လိုက်သည်။
"မင်း ကြုံရာလူဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးလားကွ...."
"သခင်လေးချင်ကတော့ အထင်လွဲနေပြီ..ခုဒီမှာ ရပ်နေတဲ့ ပုဂ္ဂိုလ်က ခုမနက်လေးတင် ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကို ၀ယ်ယူသွားတဲ့ မစ္စတာလင်းပါခင်ဗျ...အခု ဒီနေရာက သူ့ရဲ့ ပိုင်ဆိုင်မှုပါ..."
ကျိုးဟိုင်ထောင် ခေါင်းရမ်းလိုက်မိသည်။ ချင်းဟန်၏ အမည်မှာ ကျော်ကြားသော်လည်း လင်းရီနှင့် ယှဉ်ပါက သူတို့ကသာ ကြုံရာလူများ ဖြစ်သည်။
"သူ..သူက ဒီနေရာရဲ့ ဘော့စ် လို့ မင်းပြောလိုက်တာလား...."
ချင်းဟန်နှင့် သူ၏ သူငယ်ချင်းများ အားလုံး ကြက် ေ-သေ-သသွားကြ၏။
ယခုလို သာမန် အ၀တ်အစားများသာ ၀တ်ဆင်ထားသော သူက ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းတစ်ခုလုံးကို ၀ယ်လိုက်မယ်လို့ မထင်မှတ်ထားပေ။
အကယ်၍ သူသာ ၀ယ်ချင်ပါက ဒေါ်လာ ဘီလီယမ် အနည်းငယ်လောက်တော့ လိုအပ်လိမ့်မည်။
အရမ်းလည်းငယ်ရွယ်သေးတော့ သူ့မိသားစုရဲ့ ပိုက်ဆံကို သေချာပေါက် သုံးရမှာပဲ....
အဲ့လိုဆိုရင်တောင် ဒေါ်လာ ဘီလီယမ် အနည်းငယ်လောက် ကို သုံးနိုင်တယ်ဆိုမှတော့ သူ့ရဲ့ ဇစ်မြစ်ကလည်း ရိုးရှင်းမှာတော့ မဟုတ်လောက်ဘူး....
"မန်နေဂျာကျိုး ကျုပ်ဒီမှာ အပတ်နည်းနည်းလောက် မောင်းကြည့်မလို့ လူတိုင်းကို မောင်းထုတ်လိုက်..တကယ်လို့ တစ်ယောက်ယောက်သာ လာနှောက်ယှက်လို့ကတော့ ခင်များကို အပြစ်ပေးမယ်...."
"ဒါ....."
ကျိုးဟိုင်ထောင်တော့ ပဲလှော်ကြား ဆားညှပ်တော့မည်။တစ်ဖက်မှ သူ၏ ဘော့စ်ဖြစ်ပြီး တစ်ဖက်ကလည်း ကျော်ကြသည့် လူငယ်သခင်လေး ချင်းဟန် ဖြစ်နေသည်။
သူတို့ တွေ ရှေ့မှာ ရှိနေတာတောင်မှ ဘယ်လိုများ ပြောထွက်တာလဲဟ
ချင်းဟန် ပြုံးလိုက်ပြီး မဖောက်ရသေးသော စီးကရက် တစ်ဘူးကို လင်းရီထံ ကမ်းပေးလိုက်၏။
ထူးရှယ် စီးကရက်ပင်။
"ညီအစ်ကို စောနက ဖြစ်ရပ်ကို စိတ်မရှိပါနဲ့ ..တစ်လိပ်လောက် ဆွဲလိုက်ပါဦး..."
လင်းရီ စီးကရက်ကို ယူလိုက်သောအခါ ချင်းဟန်မှမီးညှိပေးလိုက်သည်။
"တစ်ပွဲလောက် နွှဲကြည့်ချင်လား..."
လင်းရီ ခေါင်းရမ်းလိုက်ပြီး "တော်ပါပြီကွာ..လက်ရှောင်လိုက်ပါ့မယ်....."
"အဆင်ပြေပါတယ်..ငါမင်းကို ၁၀ စက္ကန့် အကြောပေးမယ်...ဘာပဲဖြစ်ဖြစ် အပျော်တမ်းလေ..မိတ်ဖြစ်ဆွေဖြစ်ပေါ့...."
"ငါဆိုလိုချင်တာက မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာပဲ ဒီတော့ မေ့လိုက်တော့....."
"မင်းနောက်နေတာလား..."ချင်းဟန် လက်ကြားတွင် ဆေးလိပ်ညှပ်၍ သူ၏ လမ်ဘိုဂီနီ အဗန်ဒါကို ညွှန်ပြလိုက်သည်။
"ငါ ဒီကားကို ၀ယ်တုန်းက ၁၀ မီလီယမ် နီးပါးလောက် သုံးခဲ့တယ်..နောက်ထပ် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားတာက ၃ မီလီယမ်ကျော်တယ်..ဒါတောင် ငါက မင်းအတွက် ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်နေတုန်းလား...."
"စွမ်းဆောင်ရည်က ကဏ္ဍတစ်ခုဆိုပေမယ့် မောင်းတဲ့သူကတော့ အက္ခရာ ကျနေတုန်းပဲလေ...."
"မင်းအဲ့လို ပြောနေရင်တောင် ငါကတော့ မယုံဘူး..."
ချင်းဟန် ပြန်ပြောလိုက်သည်။
"ငါ ၁၈ နှစ်သားလောက် ကတည်းကနေ ဒီပတ်လမ်း တွေပေါ်မှာ ကျင်လည်လာတာ..ကြီးကြီးသေးသေးဆုတွေ အကုန်ရဖူးတယ်..ငါနဲ့ ပရော်ဖက်ရှင်နယ် မောင်းသူတွေကြားမှာ အနည်းငယ် ကွာဟချက်တော့ ရှိတယ်ဆိုပေမယ့် ကိုယ်ရင်းနှီးတဲ့ ပြေးလမ်းပေါ်မှာ ဆိုရင်တော့ ဘယ်တော့မှ စိန်ခေါ်မှု တစ်ရပ်လို့ မခံစားရဘူး..."
"အဲ့တာဆိုလည်း နှစ်ပတ်လောက် ပြိုင်ကြတာပေါ့ကွာ....ငါ့လက်တွေကလည်း ယားနေတော့ ဒီမှာ ကားပြိုင်ရတဲ့ အရသာက ဘယ်လိုလဲဆိုတာ မြည်းကြည့်လိုက်ဦးမယ်..."
"မင်းကားကကော...."ချင်းဟန် လှည့်ပတ် ကြည့်ရှုလိုက်ပြီး "တကယ်လို့ ငါ့ကောင်က အရမ်းကောင်းနေလို့ မင်းအပေါ် အခွင့်အရေး ယူသလို ဖြစ်နေမယ်ဆိုရင် ငါ ကားလဲလိုက်မယ်လေ..."
"အေးဆေးပေါ့..အဲ့တာက လမ်ဘိုဂီနီလေးပါပဲ..."
ချင်းဟန်နှင့် သူ့သူငယ်ချင်းတို့ မျက်နှာ မည်းမှောင်သွားသည်။ တယ်လည်း လေကြီးတဲ့ကောင်..ဘာတဲ့ လမ်ဘိုဂီနီလေးပါပဲတဲ့...
ဘွန်း..ဘွန်း..ဘွန်း...
ထိုအချိန်တွင် ကျယ်လောင်သော ဆူညံသံကြီး ထွက်ပေါ်လာ၏။
အသံ၏ လားရာကိုကြည့်လိုက်သောအခါ ချင်းဟန်
အ၀င်၀မှ ငွေရောင် ကားအလန်းလေး တစ်စင်း မောင်းလာသည်ကို တွေ့လိုက်ရသည်။
"ဝှက်သယ်ဖက် ..ဘာလား..ပန်ဂနီ ဇွန်ဒါကြီးဟ..."
"ငါ ရန်ကျင်းမှာပဲ တွေဖူးတာ ခုတော့ ကျုံးဟိုင်မှာလည်း နောက်တစ်စီး ရှိနေပြီပေါ့...."
ချင်းဟန် လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး
"အဲ့တာက မင်းဟာလား...."
"အေး..သိပ်တော့ ဈေးမကြီးပါဘူး.ဒါပေမယ့် မင်းကားထက်တော့ ကောင်းပါသေးတယ်...""
ချင်းဟန် ပြောစရာ ကင်းမဲ့သွားသည်။
ဒီကားက ကောင်းရုံတင်မဟုတ်ဘူးလေ..ငါ့ကားကို ပြန်ပြင်ဆင်မယ် ဆိုရင်တော်မှ ပန်ဂနီရဲ့ ဈေးတစ်၀က်တောင် ရှိမှာ မဟုတ်ဘူး...
ဘယ်လောက်တောင် ဟန်ဆောင်ရတာကြိုက်တဲ့ကောင်လဲ...
ပန်ဂနီမှာ လူတိုင်း၏ ရှေ့တွင် ရပ်သွားပြီး လင်းရီမှ...
"ငါဒီကားကို မောင်းမယ်ဆိုရင် သိပ်ပြီးတော့ မျှတမှာ မဟုတ်ဘူး..."
"အဲ့တာက အရေးမကြီးပါဘူး..."ချင်းဟန် ပြောလိုက်၏။
"မင်းရဲ့ ကားက ဈေးမပေါဘူး ဒါပေမယ့် ကြည့်ရသလောက်ဆိုရင်တော့ ပြင်ဆင်တာလေးတွေ မလုပ်ထားတဲ့ ပုံပဲ ငါ့ကားကတော့ သုံးသန်းလောက် အကုန်ခံပြီး ရှယ်ရွှိုင်း ထားတာ စွမ်းဆောင်ရည်ချင်းယှဉ်မယ် ဆိုရင်တော့ ငါ့ဟာက မင်းထက်တောင် နည်းနည်း လေး ပိုသာနေဦးမယ်..မမျှတတဲ့ကောင်က ငါပါဟ..."
"စမ်းကြည့်ရအောင်..."
ချင်းဟန် သူ့လက်ကို သူ့သူငယ်ချင်းများထံ ရမ်းပြလိုက်ပြီး...
"ကားတွေကို ဘေးရွှေ့ပြီး နေရာ ဖယ်ပေးကြဦး ငါဒီကောင်နဲ့ နှစ်ပတ်လောက် ပြိုင်မောင်း လိုက်ဦးမယ်...."
ကျန်ရှိနေသော ကားသုံးစင်းမှာ ပါကင်ထိုးသည့်နေရာသို့ ပြန်ရောက်သွားပြီး လင်းရီ၏ ဇွန်ဒါနှင့် ချင်းဟန်၏ အက်စ်ဗန်ဒါသာ ပြေးလမ်းပေါ်၌ နေရာယူထားသည်။
၉၁၁ ကားပိုင်ရှင် တစ်ယောက်မှ နေ၍ "ဘယ်သူ့မှာ နိုင်ဖို့ ပိုသာတဲ့ အခွင့်အရေး ရှိမယ်လို့ထင်လဲ..."
"သေချာပေါက် ငါတို့ ရဲ့ရောင်းရင်းကြီး ချင်းဟန်ပေါ့ဟ..ဇွန်ဒါက ဘယ်လောက်ပဲ ဈေးကြီးကြီး ရောင်းတန်းကားထက် မပိုဘူး..ချင်းဟန်ကမှ သူ့စိတ်တိုင်းကျ ပြင်ဆင်ထားတာ မူလီ တွေကတောင် ထိပ်တန်းတွေကြီးပဲ...သူ့ရဲ့ မောင်းတဲ့ စကေး နှစ်ခုသုံးခုလောက်နဲ့ဆိုရင် ဒီပြိုင်ပွဲကြီးက သေချာပေါက် တစ်ဖက်သတ် ပြိုင်ပွဲကြီးပဲ...ယှဉ်ပြိုင်တာတောင် မဟုတ်တော့ဘူး..."အက်စ်တွန် မာတင် ကားပိုင်ရှင်မှ ပြောလိုက်သည်။