← Chapters

အင်မော်တယ်အရုပ်နဲ့ အပေးအယူ လုပ်မှာ မဟုတ်ဘူး

Vol. 60 Ch. 829

အင်မော်တယ်အရုပ်နဲ့ အပေးအယူ လုပ်မှာ မဟုတ်ဘူး

Vol. 60 Ch. 829

“ အားနာပါတယ် ဒါပေမဲ့ ကျုပ်ရဲ့ အင်မော်တယ်အရုပ်နဲ့ မလဲနိုင်ဘူး ” မိုဝူကျိက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ဖူဖေးယန်က အစီအရင်အလံနှစ်ခုကို ပစ်လွှင့်ကာ ပြန်ဖြေလိုက်လေ၏  “ အဲဒါက ခင်ဗျား ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ကျုပ်က အပေးအယူ လုပ်ဖို့ ဆုံးဖြတ်ပြီးမှတော့ ခင်ဗျားမှာ ငြင်းပိုင်ခွင့် မရှိဘူး။ ခင်ဗျား ကတိပျက်ဖို့ ရွေးချယ်မှတော့ ကျုပ်ရဲ့ အပြုအမူအတွက် အပြစ်မတင်နဲ့ ”

ဖူဖေးယန်က အစီအရင်အလံများကို ထုတ်လွှင့်လိုက်သည့် တပြိုင်နက် မိုဝူကျိလည်း အစီအရင်အလံဆယ်ခုကို ထုတ်လွှင့်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှာ ပြောင်းလဲသွားပြီး ဖိနှိပ်စွမ်းအားတစ်ခုကို ချက်ချင်း ခံစားမိလိုက်၏။ ဖူဖေးယန်က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်တော့သည်။ သူ ပစ်လွှတ်လိုက်သည့် အစီအရင်မှာ အသက်ဝင်မလာပေ။ ပြောရမည်ဆိုလျှင် သေမင်းထောင်ချောက် အစီအရင်မှာ အသက်ဝင်လာသော်လည်း သူ့ထိန်းချုပ်မှုအောက်တွင် ရှိမနေချေ။ သေမင်းထောင်ချောက်က မိုဝူကျိအား ပိတ်လှောင်မထားဘဲ ဖူဖေးယန်ဆီကိုသာ သတ်ဖြတ်ငွေ့များက ရောက်ရှိလာသည်။ ဤအစီအရင်ကို တစ်ဖက်လူက ထိန်းချုပ်ထားသည်မှာ သိသာလှပေသည်။

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုဝူကျိ၏ ပုဆိန်လှံရှည် အလင်တန်းမှာ သူ့တပည့် ရှဲ့တုဆီ ချိန်ရွယ်နေမှန်း သိလိုက်သော်လည်း သူ့အနေနှင့် လုံးဝ မတားဆီးနိုင်ပေ။

သွေးမြူများ ထွက်ပေါ်လာလေ၏။ ဖူဖေးယန်က သွေးမြူများမှာ အစအနမရှိ ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရသည်။ ထိုစဉ် သူက ရှဲ့တု၏ အသက်အား လုံးဝ ဂရုမစိုက်နိုင်တော့ပေ။ ဤခွန်းဧည့်ခန်းမမှာ မိုဝူကျိ၏ ထိန်းချုပ်မှုအတွင်း ကျရောက်နေပြီ ဖြစ်ရာ သူကိုယ်တိုင်လည်း ဤအစီအရင်မှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးရမည် ဖြစ်သည်။ မဟုတ်လျှင် သူ့ကျင့်ကြံဆင့်မှာ မိုဝူကျိထက် တစ်ဆင့်မြင့်မားနေသော်လည်း  သူ့အနေနှင့် ရှဲ့တုကဲ့သို့ အဆုံးသတ်သွားပေလိမ့်မည်။

“ ဝုန်း ” လက်သီးတစ်ချက်က ဖူဖေးယန်၏ စွမ်းအားစက်ကွင်းကို ဖျက်စီးသွားပြီး သူ့နဖူးအထက်၌ ပေါက်ကွဲထွက်သွားသည်။ ပြင်းထန်လွန်းသည့် အပူကို ခံစားမိလိုက်ပြီးနောက် ဖူဖေးယန်က အစီအရင်ကို ချိုးဖောက်ဖို့ မတွေးရဲတော့ချေ။ သူက လက်ကို မြှောက်ကာ အဆောင်များစွာကို ထုတ်ယူလိုက်ပြီး အသက်သွင်းလိုက်သည်။

မိုဝူကျိ၏ လက်သီးစက်ကွင်းမှာ ပေါ်လာပြီး  ပေါက်ကွဲထွက်သွားသည်။ မည်မျှ ပေါက်ကွဲစေကာမူ ဖူဖေးယန်အား ဒဏ်ရာပေးနိုင်စွမ်း မရှိသေးပေ။

ဖူဖေးယန်က အားကောင်းလွန်းမှန်း သိထားသော်လည်း မိုဝူကျိက မစိုးရိမ်ပေ။ မိုဝူကျိ၏ အမြင်အရ ထိုလူမှာ သွေစောင်းအာကာပြင် ပင်လယ်ကျွန်း၏ မဟာဧကရာဇ် ရှစ်ယောက်ထက် အနည်းငယ် ပို၍ အားကောင်းပေသည်။

ထိုသို့ဆိုလျှင်ပင် ဖူဖေးယန်က မိုဝူကျိအတွက် ခြိမ်းခြောက်မှု မဖြစ်သေးပေ။ သေမင်းထောင်ချောက် အစီအရင် မပါလျှင်ပင် သူ ဖူဖေးယင်အား အလွယ်တကူ အဆုံးသတ်ပစ်နိုင်ဆဲ ဖြစ်၏။ သူက သူ့တိုက်ကွက်အားလုံး မဖော်ထုတ်သည့် အကြောင်းအရင်းမှာ ကမ္ဘာကူးအဆောင်အား လက်မလွတ်နိုင်၍ ဖြစ်သည်။

“ တာအိုရောင်းရင်းမို ကျေးဇူးပြုပြီးတော့ ရပ်လိုက်ပါ။ ဒီတစ်ကြိမ် ကျုပ် ရှုံးသွားတာကို ဝန်ခံပါတယ်။ တာအိုရောင်းရင်းမို ဘယ်လိုပဲ တောင်းဆိုတောင်းဆို ကျုပ် ဖူဖေးယန် ….” ဖူဖေးယန်အနေနှင့် အစီအရင်အရ ဖြစ်စေ၊ တိုက်ခိုက်စွမ်းအရဖြစ်စေ မိုဝူကျိကို မယှဉ်နိုင်မှန်း မည်သို့ မသိဘဲ နေမည်နည်း။ အကယ်၍ သူသာ ဆက်လက် တိုက်နေပါက သေခြင်းတရားသာ စောင့်ကြိုနေပေလိမ့်မည်။

ဖူဖေးယန်က မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်အား တားဆီးနိုင်ခဲ့သော်လည်း သေမင်းထောင်ချောက်အတွင်းမှ သတ်ဖြတ်ရေး စွမ်းအားများက ဖူဖေးယန်၏ အရည်ပြားကို စုတ်ပြဲသွားစေသည်။

မိုဝူကျိက တိုက်ပွဲအတွင်း စိတ်နှစ်ထားလေရာ ဘာကြောင့်များ ရပ်တန့်ရမည်နည်း။ သူ ရပ်တန့်လျှင်ပင် သူ့အနေနှင့် ဖူဖေးယန်အား မလှုပ်ရှားနိုင်သည့်အထိ တိုက်ပစ်ပြီးမှ ရပ်တန့်နိုင်မည်။

မိုဝူကျိက စိတ်စွမ်းအင်မြှားကို ထုတ်လွှင့်လိုက်ပြီးနောက် ထိုစိတ်စွမ်းအင်မြှားနောက်တွင် မဟူရာချောက်နက်တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

…………....

ဖူရှုဟန်က ခွန်းဧည့်ခန်းမအတွင်းမှ ထွက်ပေါ်လာသော အားပြင်းပြင်း ပေါက်ကွဲမှုများကို ခံစားမိလိုက်သည့်အခါ ဆက်၍ မလျှောက်သွားတော့ဘဲ ရပ်တန့်လိုက်သည်။ သူက မိုဝူကျိသည် ဖူဖေးယန် တပည့်၏ အရူးလုပ်ခြင်းကို ခံကာ ခွန်းဧည့်ခန်းမဆောင်၌ အဖမ်းခံထားရသည့်အကြောင်းကို ပြန်တွေးမိလိုက်သည်။ ဤသည်က ပထမဆုံး ဖြစ်ပျက်ခြင်း မဟုတ်ပေ။ သို့သော်လည်း သူ့ရာထူး အဆောင်သခင်သည် အမှန်တကယ် အင်အား မဟုတ်သလို သူ့အနေနှင့်  အဆောင်တစ်ထောင်တောင်၌ များစွာ ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ဖေးဖူယန်နှင့် သူ့တပည့် လုပ်နေသည့် ကိစ္စများကိုတော့ သူ့အနေနှင့် ဝင်စွက်ဖက်ခွင့်ပင် မရှိချေ။

ယနေ့ အခြေအနေမှာ ဖူရှုဟန် ကြုံတွေ့ဖူးသည့်အရာ မဟုတ်ပေ။ သာမာန်အခြေအနေအောက်၌ သူ ဝင်လိုက်သည်နှင့် ဓားစာခံအကြောင်း မကြားရတော့ပေ။ ခွန်းဧည့်ခန်းမဆောင်ကို သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းထားသည် ဖြစ်ရာ အားကောင်းကောင်း အဆင့်မြင့် ကျင့်ကြံသူ ဝင်လာလျှင်ပင် ထိုအစီအရင်အတွင်း၌  ဖူဖေးယန်အား အရေးသာနိုင်မည် မဟုတ်ချေ။

လက်ရှိ ခွန်းဧည့်ခန်းမဆောင်မှ ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေလေရာ ထိုအထဲ၌ စည်းမျည်း စွမ်းအင်များလည်း အတူတကွ ရောနှောနေသည်။

စက္ကန့်အနည်းငယ်အကြာတွင် ဖူရှုဟန်က အခြေအနေကို နားလည်သွားတော့သည်။ ဤတစ်ကြိမ်၌ ဖူဖေးယန်နှင့် သူ့တပည့်တို့က တကယ့်လူနှင့်မှ သွားတွေ့ခြင်း ဖြစ်၏။ သူက ခွန်းဧည့်ခန်းမဆောင်ဆီ ပြန်လှည့်သွားလိုက်သည်။ အတိတ်က မည်သို့ပင် ဖြစ်စေကာမူ ဖူဖေးယန်မှာ အဆောင်တစ်ထောင်တောင်၏ ထိပ်သီး အကြီးအကဲတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

“ ရပ်လိုက် ” ထိုစဉ် ဖူရှုဟန်က ဖူဖေးယန်၏ ရပ်တန့်ဖို့ တောင်းဆိုနေသည့် အသံကို ကြားလိုက်ရသည်။

ဤလူမှာ အင်မတန် အားကောင်းပေ၏။ ထိုသည်မှာ ဖူရှုဟန်၏ ပထမဆုံး တုံ့ပြန်မှု ဖြစ်ပြီး သေမင်းထောင်ချောက်တွင် ပိတ်မိနေသော်လည်း ထိုလူက ဖူဖေးယန်အား သူ့အသက်အတွက် တောင်းဆိုအောင် လုပ်ခိုင်းနိုင်ပေသည်။ ဤသည်မှာ သာမန်ကာလျှံကာမျှ အားကောင်းခြင်း မဟုတ်ဘဲ အင်မတန် အင်မတန်ကို အားကောင်းခြင်း ဖြစ်၏။ အဆောင်တစ်ထောင်တောင်၌ နံပါတ်တစ် ပါရမီရှင်မှာ ဖူဖေးယန်သာ ဖြစ်၏။

ဖူရှုဟန်က ရပ်မကြည့်နိုင်တော့ဘဲ ခွန်းဧည့်ခန်းမဆောင် အဝင်ဝသို့ လှမ်းကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်  “ တာအိုရောင်းရင်း ရပ်ပေးလို့ ရမလား။ တကယ်လို့ နားလည်မှုလွဲနေတာရှိရင် ကျုပ်တို့ အဆောင်တစ်ထောင်တာင်က လျော်ကြေးနှစ်ဆ ပေးပါ့မယ် ”

မိုဝူကျိ၏ စိတ်စွမ်းအားက ရောက်လာသည့် ဖူရှုဟန်အား အာရုံခံမိ၏။ သူက မဟာဧကရာဇ်အဆင့်မျှသာ ရှိသေးသော်လည်း မိုဝူကျိက ဤလူ၏ ကျင့်ကြံဆင့်မှာ သာမာန် တာအိုဧကရာဇ်ထက် မနိမ့်ကျကြောင်း သိလိုက်၏။

သူက အဆောင်တစ်ထောင်တောင်၏ လုပ်ကြံမှုကို တစ်ခါ ခံထားရပြီ ဖြစ်ရာ အဘယ်ကြောင့်များ ရပ်တန့်ရမည်နည်း။ ဖူရှုဟန်က သေမင်းထောင်ချောက် အစီအရင်အတွင်း ဝင်မလာခင် မဟူရာချောက်နက်က သတ်ဖြတ်ငွေ့အားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။

ဖူဖေးယန်က ဖူရှုဟန်၏ အသံကို ကြားကာ အရမ်းအံ့အားသင့်မိသွားသည်။ မိုဝူကျိက မည်မျှ အားကောင်းစေကာမူ ဖူဖေးယန်က ဖူရှုဟန်သာ ကြားဝင်လာမည်ဆိုလျှင် သူ့အနေနှင့် သေမင်းထောင်ချောက်မှ ရုန်းထွက်နိုင်ဖို့ ယုံကြည်ချက် အပြည့်ရှိလေ၏။

သို့သော်လည်း ထိုစဉ် သေမင်းစွမ်းအားများက သူ့အား လွှမ်းခြုံသွားကာ သေမင်းထောင်ချောက် အတွင်းရှိ သတ်ဖြတ်ငွေ့အားလုံးမှာ ထိုစွမ်းအား၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ဖူဖေးယန်အား အပိုင်းပိုင်း ဖြစ်စေလုနီးပါး ဖြစ်သွားသည်။

ဖူဖေးယန်၏ နောက်ကျော၌ ချွေးအေးများ စီးကျလာသည်။ သူ့လက်ထဲရှိ အဆောင်သဏ္ဍာန် မှော်ရတနာမှာလည်း အာကာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်အား ကာကွယ်ပေးထား၏။

“ ဝုန်း ” ဖူဖေးယင်က ပေါက်ကွဲသံကို ကြားလိုက်ပြီးနောက် သူ့အသိစိတ်ပင်လယ်အတွင်း မြှားတစ်စင်း စိုက်ဝင်သွားသလို ခံစားလိုက်ရသည်။

မိုဝူကျိ စိတ်စွမ်းအင်မြှားကို ဉာဏ်အလင်းပွင့်စဉ်အခါက သူ့အနေနှင့် စိတ်စွမ်းအင်မြှား၏ ပြင်းအားကို မထိန်းချုပ်နိုင်ပေ။ ယခင် သူ လွန်ဖာနှင့် တိုက်ခိုက်စဉ်က မြှားတစ်စင်း ပစ်လွှတ်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံးမှာ ဗလာကျင်းကာ ဟောင်းလောင်းပေါက်သဖွယ် ဖြစ်သွားသည်။ စိတ်စွမ်းအင်မြှားအင်အားကြောင့် လွန်ဖာသည် ထိုမြှားတစ်ချက်ဖြင့် ချက်ချင်း အသတ်ခံလိုက်ရသည်။

မိုဝူကျိက ကျင့်ကြံဆင့် မြင့်လာသည့်အခါ စိတ်စွမ်းအင်မြှား၏ အင်အားအား သေချာထိန်းချုပ်နိုင်လာသည်။ မိုဝူကျိက စိတ်စွမ်းအားနှင့် အင်မော်တယ်စွမ်းအားတို့ကို အသည်းအသန် လှည့်ပတ်နေပါက သူ့အနေနှင့် ဖူဖေးယန်အား မြှားတစ်စင်းတည်းဖြင့် သတ်နိုင်မည် ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ထိုမြှားတစ်စင်း ပစ်လွှတ်ပြီးနောက် သူ့ကိုယ်သူ အားနည်းသည့် အခြေအနေသို့ မကျရောက်စေလိုပေ။ ထို့ကြောင့် သူက ဖူဖေးယန်၏ အသိစိတ်ပင်လယ်ကို ဖျက်စီးသွားနိင်မည့် မြှားကိုသာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

မိုဝူကျိအတွက် လုံလောက်သည်ထက် ပိုပေသည်။ သူ့အသိစိတ်ပင်လယ်မှာ ပျက်စီးသွားသည်နှင့် သူ့အဆောင်နှင့်တူသည့် မှော်ရတနာ စွမ်းအားမှာလည်း သိသိသာသာ ကျဆင်းသွားသည်။

ဖူဖေးယန်က သွေးတစ်ပွက် အန်ထုတ်လိုက်ရသည့်အချိန် မိုဝူကျိ၏ မဟူရာချောက်နက်က ဆင်းသက်လာလေ၏။

“ ဝုန်း ” ခွန်းဧည့်ခန်းမဆောင်တစ်ခုလုံး ထိုပုဆိန်လှံရှည် တိုက်ခိုက်မှုအောက်၌ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားရပြီး မီတာအတော်ရှည်လျားသည့် ချောက်နက်ကြီးတစ်ခု ချန်ရစ်ထားခဲ့လေသည်။

“ ဖူး ” ဖူဖေးယန်၏ လက်မောင်းမှ ပခုံးမှ ပြတ်ထွက်သွားပြီး သွေးများ စီးကျလာသည်။

ဖူရှုဟန်က ခွန်းဧည့်ခန်းမဆောင် အဝင်ဝသို့ ရောက်သည်နှင့် ခန်းမတစ်ခုလုံးမှာ အပျက်အစီးအပုံသာ ကျန်ရှိနေတော့သည်။

ဖူရှုဟန်က ခွန်းဧည့်ခန်းမဆောင်အကြောင်း အာရုံစိုက်ဖို့ရာ အချိန်မရှိသလို မိုဝူကျိအပေါ်တွင်လည်း အာရုံမစိုက်ဘဲ အစိမ်းရောင်အလင်းတန်း ထုတ်လွှင့်ပေးသည့် အဆောင်တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထိုအစိမ်းရောင်အလင်းက မိုဝူကျိကြောင့် ပြတ်သွားသည့် ဖူဖေးယန်၏ လက်ကို လွှမ်းခြုံသွားပြီးနောက် ဖူဖေးယန်၏ ခန္ဓာကိုယ်ပေါ်လည်း ခြုံလွှမ်းသွားသည်။

ကုသပေးပြီးသည့်နောက်တွင်ပင် ဖူဖေးယန်၏ မျက်နှာမှာ ဖြူဖျော့နေဆဲ ဖြစ်၏။ သူ့ခန္ဓာကိုယ်မှာ မိုဝူကျိလက်ချက်ဖြင့် နှစ်ပိုင်း ဖြစ်သွားသည့်အချိန် သူ့အသက်သွေးအားလုံးနီးပါး အလကား ဖြစ်သွားရလေသည်။ ဖူရှုဟန်၏ အဆောင်က ကောင်းသော်လည်း သူ့အသက်သွေးအား အချိန်တိုလေးအတွင်း ပြန်လည် ကုသပေးနိုင်မည် မဟုတ်ပေ။

မိုဝူကျိက နှာခေါင်းသာရှုံ့လိုက်သည်။ သူ့အနေနှင့် ဖူဖေးယန်မှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ဖူရှုဟန်က ဖူဖေးယန်၏ ခန္ဓာကိုယ်အား အဆောင်သုံး၍ ပြန်လည် ကုသပေးခဲ့သော်လည်း အပေါ်ယံမျှသာ ဖြစ်၏။ ဖူဖေးယန်၏ အသိစိတ်ပင်လယ်မှာ တစစီ ဖြစ်နေပြီး သူ့ခန္ဓာအတွင်းရှိ ဝိညာဉ်လမ်းကြောင်းများမှာလည်း ဖျက်စီးခံလိုက်ရပေသည်။ အကယ်၍ ဖူဖေးယန်သာ ထိုအရာမှ ပြန်ကောင်းလာနိုင်လျှင် ထိုလူသည် အင်မတန် ကံကောင်းသောသူ ဖြစ်ပေမည်။ အကြောင်းမှာ သူတွင် မိုးမြေ၏ ထိပ်သီးရတနာကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။

ဖူဖေးယန်၏ မျက်နှာဖြူဖျော့နေဆဲ ဖြစ်သည်ကို တွေ့ကာ ဖူရှုဟန်က ဖူဖေးယန်အတွက် ပြီးဆုံးသွားကြောင်း သိလိုက်၍ သက်ပြင်းသာ ချလိုက်တော့သည်။

“ ဒီက တာအိုရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ ” ဖူရှုဟန်က မိုဝူကျိ၏ ခွန်းဧည့်ခန်းမဆောင် ဖျက်စီးမှုအကြောင်း သို့မဟုတ် ဖူဖေးယန်အပေါ် ထိခိုက်ဒဏ်ရာရစေသည့် အကြောင်းအရင်းတို့အား မမေးပေ။ သူက လက်နှစ်ဖက်ယှက်ကာ ရိုးရှင်းစွာ မေးလိုက်သည်။

“ မိုဝူကျိ ” မိုဝူကျိ၏ လေသံမှာ တည်ငြိမ်နေပြီး သူက ပြန်လည်နှုတ်ဆက်နေဖို့ စိတ်ထဲ မရှိပေ။

မိုဝူကျိက ဤလူအား တွေ့ခဲ့သော်လည်း ထိုလူက သူ့အား လျစ်လျူရှုဖို့ ရွေးချယ်ပစ်ခဲ့သည်။ ယခုအခါ ဖူဖေးယန်နှင့် သူ့တပည့်တို့က သူ့အား သတ်ဖြတ်ဖို့ ကြိုးစားစဉ် ဤလူက ပြန်ရောက်လာလေ၏။ ထိုသို့မျိုး အခိုက်အတန့်၌ သူ့အား လေးစားပြနေဖို့ရာ မိုဝူကျိ၏ အကျင့်စရိုက်နှင့် မကိုက်ညီပေ။

ဖူရှုဟန်က မိုဝူကျိ၏ သဘောထားကို စိတ်ထဲ မထားဟန်ဖြင့် ဆက်ပြောလိုက်သည်  “ဒါက  ကျုပ်တို့ အဆောင်တစ်ထောင်တောင်ရဲ့ အမှားပါ။ တကယ်လို့ တာအိုရောင်းရင်းမို အဆောင်လိုချင်တယ်ဆိုရင် ကျုပ်က အလဲအလှယ် လုပ်ပေးပါ့မယ် ”

ဖူရှုဟန်က ဖူဖေးယန်နှင့် သူ့တပည့်တို့သည့် မည်သို့သော လူစားမျိုး ဖြစ်သည်ကို ကောင်းကောင်း သိပေ၏။ အကယ်၍ သူက မသိလျှင်ပင် ဖူဖေးယန်နှင့် သူ့တပည့်တို့သည် မိုဝူကျိ၏ အင်မော်တယ်အရုပ် တာ့ဟွမ်အား အလိုရှိနေသည်ကို မည်သို့ မပြောဘဲ နေနိုင်ရမည်နည်း။

“ အကြီးအကဲဖေးယန် သွားနားလိုက်ပါဦး ” ဖူရှုဟန်က ဖူဖေးယန်အား အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ ဟုတ်ကဲ့ ” ဖူဖေးယန်က ဦးညွှတ်၍ မြန်မြန် ထွက်သွားလေသည်။ မိုဝူကျိကိုတော့ လှည့်ပင် မကြည့်ရဲချေ။

ဖူရှုဟန်က ရုတ်တရက် လွှတ်လပ်သွားသလို ခံစားမိလိုက်သည်။ အကြောင်းမှာ ထိပ်သီးအကြီးအကဲ ဖူဖေးယန် သူ့အပေါ်တွင် တစ်ခါမှ ယဉ်ယဉ်ကျေးကျေး မပြုမူဖူးပေ။ ပုံမှန်အားဖြင့် ဖူဖေးယန်သည် ဖူရှုဟန်က သူ့အား လေးလေးစားစား ပြောဆိုနေလျှင်ပင် လျစ်လျူရှုထားလေ့ ရှိသည်။

သူက မိုဝူကျိအား လှည့်ကြည့်လိုက်ပြီးနောက် သူ့ရှေ့၌ မိုဝူကျိကြောင့် ဖူဖေးယန် တစ်ယောက် ဒဏ်ရာရသွားသည်မှာ ကိစ္စဆိုးတော့ မဟုတ်ကြောင်း တွေးမိသွားသည်။

မိုဝူကျိက ဖူဖေးယန်အား အာရုံမစိုက်ဘဲ  ဤတစ်ကြိမ်၌  လက်နှစ်ဖက်ယှက်ကာ  “  ကျုပ်က လူသားကမ္ဘာကို သွားချင်လို့ပါ။ အဲဒါကြောင့် ထိပ်တန်းအဆင့် ကမ္ဘာကူးအဆောင် လိုနေပါတယ်။ အဆောင်သခင်များ ကူညီပေးနိုင်မလား ”

ဖူရှုဟန်က သူတို့အမှားကို ဝန်ခံထားသောကြောင့် မိုဝူကျိအနေနှင့် ဖူဖေးယန်အပေါ်တွင် ဆက်လက် အချိန်မဖြုန်းတော့ပေ။

ဖူရှုဟန်က အားနာစွာ ပြောလိုက်သည်

“ တာအိုရောင်းရင်းမို … ကျုပ်တို့ အဆောင်တစ်ထောင်တောင်က အရင်တုန်းက အဆောင်မျိုးနွယ်လိုမျိုး မဟုတ်တော့ဘူး။ တာအိုရောင်းရင်းမို တောင်းဆိုတဲ့ အဆောင်က အဆင့်မြင့်ဆုံးအဆောင်ထဲက တစ်ခုပဲ …. အရင်တုန်းက ကျုပ်တို့ အဆောင်မျိုးနွယ်က ကပ်ဘေးတစ်ခု ကြုံတွေ့ခဲ့ရပြီးတော့ ပုန်းကွယ်နေရလို့ ဘယ်သူကမှ အဲလိုအဆင့် အဆောင်မျိုး မလုပ်နိုင်ကြတော့ဘူး။

တကယ်တော့ ကျုပ်တို့ဆီမှာ အင်မော်တယ်ဘုရင်အဆင့်အထက်ဆိုရင် ကျင့်ကြံရေး လောကဆီ ပြန်သွားစေနိုင်မဲ့ အဆောင်မျိုးတောင် မရှိဘူး  ”

ဤသည်က မိုဝူကျိအား အံ့အားသင့်သွားစေသလို အနည်းငယ် စိတ်ပျက်သွားစေသည်။ ဖူဖေးယန်သည် သူ့အား အမှန်တကယ် လိမ်ညာနေခြင်း မဟုတ်ဘဲ လူသားလောကသို့ သွားနိုင်မည့် အဆောင် မရှိနေခြင်းသာ ဖြစ်၏။

မိုဝူကျိ၏ စိတ်ပျက်လက်ပျက် ပုံစံကို သတိပြုမိပြီး ဖူရှုဟန်က ထပ်ပြောလိုက်သည်

“ ကျုပ်တို့ အဆောင်တစ်ထောင်တောင်က အဲလိုအဆောင်မျိုး မလုပ်နိုင်တော့ပေမဲ့ နောက်ထပ် နည်းလမ်းတော့ ရှိသေးတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို ပြောပြလိုက်တာ တာအိုရောင်းရင်းမိုအပေါ် မလိုမုန်းထားကြံစည်တယ်ဆိုပြီးတော့ တွေးမှာကိုတော့ စိုးရိမ်မိသား …. ”

***

All Chapters