ပြိုင်ကားနဲ့ DiDi မောင်းတာ ကိုယ်တိုင်သာ မမြင်ရရင် ယုံမှာတောင် မဟုတ်ဘူး
Vol. 2 Ch. 23
ဘွန်း..ဘွန်း...ဘွန်း....
ကားအင်ဂျင်သံများကို ထပ်ခါ တလဲလဲ ကြားနေရပြီး ကျိုးဟိုင်ထောင်ကတော့ ပြေးလမ်း အလယ်တွင်ရပ်၍ အမှတ်စဉ် ရေတွက်နေသည်။
"သုံး"
"နှစ်"
"တစ်"
"စမယ်..."
အသံဆုံးသည်နှင့် တပြိုင်နက် စူပါကား နှစ်စင်းလုံးမှာ သားရိုင်းကြီးများကဲ့သို့ တဟုန်ထိုး တာထွက်သွားကြ၏။
မီတာ ဒါဇင်အနည်းငယ်ခန့် ရောက်သောအခါ လင်းရီ၏ ကားမှာ ချင်းဟန်ထက် မဆိုသလောက်လေး သာ နေကြောင်းကို အားလုံး မြင်လိုက်ကြရသည်။
"ဘယ်လို လုပ် ဖြစ်နိုင်မှာလဲဟ...."
၉၁၁ ကားပိုင်ရှင်မှ ရှော့ခ်ရစွာဖြင့် အော်လိုက်မိသည်။
"လူငယ် သခင်လေးချင်း ကားရဲ့ အားသာဆုံး အချက်က တာထွက်တဲ့ အချိန်ပဲ..ဆိုတော့ သူက ဘယ်လိုလုပ် အကျောခံလိုက်ရတာလဲဟ...."
ထိုမြင်ကွင်းက ချင်းဟန်၏ သူငယ်ချင်းများကို အဖြေ ရှာရ ခက်နေစေ၏။
စကတည်းမှ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားကြပေ....
"စိုးရိမ်မနေနဲ့ဦး..ချင်ကြီးရဲ့ C ကွေ့က ဒုတိယဆိုရင် ဘယ်သူကမှ ပထမ မဟုတ်ဘူး..ခုကနေစပြီးတော့ နောက်ပိုင်းတွေက အကွေ့တွေကြီး ဆက်တိုက်ပဲ အဲ့နေရာကျမှ ချင်ကြီးက သူ့ရဲ့ တကယ့် အစွမ်းအစတွေကို ထုတ်ပြမှာကွ...."အက်စ်တွန် မာတင် ကားပိုင်ရှင်မှ ချက်ကျလက်ကျဖြင့် ရှင်းပြလိုက်သည်။
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် ပြေးလမ်းတစ်၀က်ခန့် ရောက်သောအခါ ချင်းဟန် သူငယ်ချင်းများ၏ နှလုံးမှာ စိတ်လှုပ်ရှားလွန်း၍ လည်ချောင်းသို့ ရောက်လုနီးပါးဖြစ်နေသည်။ သူတို့ရှေ့မှာတော့ အကွေ့များက ဆက်တိုက်ပင်။
သူတို့ရဲ့ စကေးတွေကို ဆန်းစစ်ဖို့ အချိန်ကောင်းပဲ...
"လခွမ်း..ဘာတွေ ဖြစ်နေတာလဲဟ..သခင်လေးချင်းကတောင် Cကွေ့ ကွေ့ဖို့ ကားကို အရှိန် လျော့ထားပြီးပြီ ဒါပေမယ့် အဲ့ဒီ ဇွန်ဒါက ဘာလို့ အရှိန်လျော့မယ့် အရိပ်အယောင်တောင် မမြင်ရသေးတာလဲ..အဲ့ကောင် အရှိန်အပြည့်နဲ့ ကွေ့ဖို့များ စီစဉ်နေတာလားဟ...."
၉၁၁ ကားပိုင်ရှင်မှ အံ့ဩတကြီးနှင့်ပင့်သက်ရှိုက်လိုက်သည်။
"သောက် အဓိပ္ပာယ် မရှိလိုက်တာကွာ ..ပရော်ဖက်ရှင်နယ် ဒရိုင်ဘာတွေတောင် ဒီလို အရှိန်မျိုးနဲ့ မကွေ့ရဲဘူး..တစ်ချက်လေး ဂရုမစိုက်မိလိုက်တာနဲ့ ကားပါ ပျက်စီးသွားနိုင်တယ်..."
"အဲ့ကောင်ကတော့ လုံး၀ ရူးနေတာပဲ..."
စက္ကန့် အနည်းငယ်ကြာပြီးနောက် ချင်ဟန်၏ သူငယ်ချင်းတစ်သိုက်တို့ တစ်ဖန် ပြန်လည် ဆွံ့အသွားရပြန်သည်။
သူတို့ မျက်လုံးနှင့် မြင်နေရသည်ကိုပင် မယုံနိုင်တော့ပေ။
"သူက တကယ်ကြီး အကွေ့နှစ်ခုကို တစ်ခါတည်း မောင်းသွားတာပဲဟ..ငါမြင်သာ မမှားဘူးဆိုရင် သူ တစ်နာရီ မိုင် ၁၃၀ နှုန်းလောက်နဲ့ ကွေ့လိုက်တာပဲ..."
"သွားပြီ..အဲ့ကောင်ကတော့ တကယ်ကြီး ရူးနေတာပဲဟ...."
"အားလုံး ခြုံပြောရမယ်ဆိုရင် သူ့ကားက ချင်ကြီးရဲ့ ကားလောက်တောင် မကောင်းဘူး...ဒါပေမယ့် အဲ့လောက် အရှိန်နဲ့ ကွေ့ပြသွားတုန်းပဲ...ပန်းချီသာ ဆွဲလိုက်ရရင် သေချာပေါက်ကို အတော်ကြီး လှပတဲ့ မြင်ကွင်းဖြစ်လာမှာ...."
လင်းရီ၏ ကားမှာလူတိုင်းရှေ့တွင် မရပ်ခင် အကြိမ်အနည်းငယ်လောက် စက်ဝိုင်းပုံစံ လှည့်ပြလိုက်သေးသည်။
သူချင်းဟန်ထက် ဆယ်စက္ကန့်လောက်စော၍ ပန်း၀င်လာ၏။
ချင်ဟန် ကားထဲမှ ထွက်လာသော အခါ လင်းရီ ကို ကြည့်သော သူ၏ အကြည့်များက လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"ငါ ရှုံးတယ်ဆိုတာ လက်ခံတယ်..."ချင်ဟန် ပြောလိုက်၏။
"ဒါပေမယ့် ငါမရှင်းတာက မင်း ဘာလို့ စထွက်ကတည်းကနေ ငါ့ထက်မြန်နေတာလဲဆိုတာကိုပဲ...."
"ဘာလို့လဲဆိုတော့ မင်းထွက်ပုံ ထွက်နည်းက မှားနေလို့ပေါ့ကွ...ဒီတော့ ငါ့လောက် မမြန်တာ သဘာ၀ပဲလေ..."
"မင်းလောက် မမြန်တာ....."
"မင်းမစခင် အရင်ဆုံး ကလပ်ကိုနင်း ၊ ဂီယာကို ပထမမှာထား ပြီးရင် လီဗာကိုနင်း..လီဗာရဲ့ အရှိန်ကို ကြည့်ပြီး ကလပ်နဲ့ ညှိ...ပြီးမှ လီဗာကို နင်းချလိုက်..အင်ဂျင်ရဲ့ စွမ်းအားကို ညစ်ထုတ်ပြီးမှ ဂီယာကို ပြန်ပြောင်းလိုက်..အဲ့တာကမှ တာထွက်ဖို့ အကောင်းဆုံးပဲ.... "
ချက်ဟန်နှင့် သူ၏ သူငယ်ချင်းတို့ ထပ်မံ ဆွံ့အသွားရပြန်သည်။
သူတို့ မောင်းသက် တစ်လျှောက်လုံး ဤပုံစံဖြင့် တာထွက်သည့်နည်းလမ်းကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းပင်။
ဒါကြီးကတော့ လုံး၀ကို သမာရိုးကျ မဟုတ်တာပဲ....
"မင်းဘယ်လို လုပ်လိုက်တာလဲ..."
လင်းရီ ပခုံးတွန့်လိုက်ပြီး ဘာမျှ မဟုတ်သည့် ပုံစံဖြင့်
"လေ့ကျင့်ခြင်းက ပြည့်စုံစေတယ်လေ...ဒါက ဒီတိုင်း လုပ်နေကြဆိုရင် သူ့အလိုလို ဖြစ်သွားလိမ့်မယ်..."
"တကယ်လို့ ငါသာ ဒီပြေးလမ်းပေါ်မှာ ခုမှ မောင်းဖူးတာ မဟုတ်လို့ရှိရင် ပိုတောင် မြန်ဦးမယ်..."
"လက်ဖျားခါလောက်ပါပေတယ်...."ချင်ဟန် လက်မထောင်ပြလိုက်ပြီး "ငါဒီနေ့တော့ တကယ့် ဂုရုကြီးနဲ့ ဆုံလိုက်ရတာပဲ..."
ချင်ဟန် ဖုန်းထုတ်လိုက်ပြီး "ညီကို ငါတို့ ဝီချက် အပ်ကြရအောင်လား....နောက်လည်း ဆက်သွယ်လို့ရတာပေါ့..."
"ရတာပေါ့ကွ...."
လင်းရီ သူ့ဖုန်းထုတ်လိုက်ပြီး ချင်းဟန်၏ဖုန်းကို စကန်ဖတ်လိုက်သည်။
"ညကျ ငါတို့ လျှောက်လည်ရင်းနဲ့ တစ်နေရာလောက် ရှာပြီးမိတ်ဖြစ်ဆွေဖြစ် သောက်ကြစားကြတာပေါ့ကွာ...."
လင်းရီ ပြန်မဖြေနိုင်ခင် သူ့ဖုန်းသံ မြည်လာသည်။ ခေါ်ဆိုလာသူကတော့ ကျီချင်းရန် ထံမှပင်။
"နင်င့ါကို ရုံးမှာ လာကြိုပေးလို့ရလား...ငါကားလိုလို့ နင်ရောက်မယ့်အချိန် ငါ့ကို ပြန်ပြောဦးနော်..."
"ကောင်းပြီ..."
လင်းရီမှာ ဘ၀ကို အတွေ့အကြုံရရန်သာ တက္ကစီမောင်းနေကြောင်း ကျီချင်းရန် နားလည်၏။ သို့သော်လည်း သူမတို့နှစ်ဦး၏ ရင်းနှီးမှုကို အခွင့်ကောင်းယူ၍ သူမကို အလကား စီးခွင့်ပေးရမယ်လို့တော့ မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမ အော်ဒါမတင်ခင် သူ့ကို အရင်လာခိုင်းလိုက်သည်။
"ဒီနေ့တော့ မရသေးဘူးကွာ ငါ့မှာ အလုပ်ရှိသေးလို့.."ဖုန်းချပြီးနောက် လင်းရီ ချင်းဟန်ကို ပြောလိုက်သည်။ "နောက်နေ့မှ သွားကြတာပေါ့..."
"မင်းက အလုပ်လုပ် သေးတယ်ပေါ့..."
"ငါ့ကားကို စီးဖို့ စောင့်နေတဲ့သူရှိတယ်လေ ခု အလုပ်သွားရတော့မှာ..."
"အာ..ကား..အလုပ်..."
"ဒါပေါ့...ငါက DiDi ယာဉ်မောင်းလေ..တစ်ယောက်ယောက်က အော်ဒါတင်ပြီဆိုရင် ငါက မရဘူးလို့ ပြောလို့မှ မရတာ...."
ချင်ဟန်နှင့် ကျန်သူများမှာ ဆွံ့အသွားကြတော့သည်။
"မင်း ပန်ဂနီနဲ့ DiDi မောင်းနေတယ်လို့တော့ ငါ့ကို မပြောနဲ့...."
"ဘာလို့လဲ...မောင်းလို့မရဘူးလားဟ...."
"-ိုးပဲ..."ချင်းဟန် ကျိန်ဆဲ မိသွားပြီး "မင်းငါ့ကို နောက်နေတာလား...DiDi နဲ့ တစ်ခေါက်ပြေးရင် မင်းကားဆီဖိုးတောင် ပြန်ရလို့လားဟ...."
"ဘာပဲဖြစ်ဖြစ် ငွေနည်းနည်းလောက်တော့ ရနေသေးတုန်းပဲလေ...ပြီးတော့ ရှာကျွေးရမယ့် မိသားစုကလည်း ရှိနေတာကိုးဟ..."လင်းရီ ပြန်ပြောလိုက်၏။
ချင်းဟန် : "......."
ဒီပြေးလမ်းကြီးကိုတောင်မှ ကက်ရှ်ဒေါင်း၀ယ်ပြီး သူက မိသားစုကို DiDi မောင်းပြီး ရှာကျွေးမယ်လို့ ပြောနေတာလား.....ရွာသာကြီးကကောင်တွေတောင် မင်းပြောတာကို ယုံမှာ မဟုတ်ဘူးကွ......
"ငါသွားတော့မယ်...မင်းတို့ကောင်တွေ ဆက်မောင်းနေလိုက်ကြဦး...."လင်းရီ ပြော၍ သူ၏ လက်ကို ဝှေ့ယမ်းပြီး ကားထဲသို့ ၀င်သွားသည်။
ထို့နောက် ချောင်ရန် အုပ်စုထံသို့ ဦးတည်လိုက်တော့သည်။
ကျိုးဟိုင်ထောင်ကတော့ လက်ရှိ သူ၏ ရှုပ်ထွေးနေသော ခံစားချက်များကို မည်သို့ရှင်းပြရမှန်း မသိတော့ချေ။
သူ တွေးထားခဲ့သည်မှာ ချင်းဟန်ကဲ့သို့သော လူငယ်သခင်လေးကသာ ကားဘယ်လို ပြိုင်မောင်းရမလဲဆိုတာ သိလိမ့်မည်ဟု တွေးနေ၏။
သို့သော်လည်း သူ၏ဘော့စ်က ပိုပြီး လက်စွမ်းထက်လိမ့်မည်ဟု ထင်မထားပေ။
သူက သာမန်ပြိုင်ကားနှင့် အံ့ဩဘနန်းဖြစ်ရပ်များကို ဖန်တီးပြသွားခဲ့သည်။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် လင်းရီ ကုမ္ပဏီ၏ မြေအောက် ကားပါကင်ထံ မောင်းသွားလိုက်ပြီး ကျီချင်းရန်ကို ဝီချက်မှ တစ်ဆင့် မက်ဆေ့စ် ပို့လိုက်သည်။
ထို့နောက် သူမအလာကို ကားအပြင် ထွက်၍ စောင့်နေလိုက်၏။
လင်းရီ လှည့်ပတ် ကြည့်ရှုလိုက်သော အခါ ကားပါကင်၌ ယခုထက်ထိ ထီးထီးကြီး ထိုးရပ်ထားသော သူ၏ ရှာရီ အစုတ်လေးကို တွေ့လိုက်ရသည်။သူ့တွင် အချိန်ရှိပါက ကျိုကျုံး အဆောက်အဦးထံ ထိုကားလေးကို မောင်းသွားရမည်။ ရှာရီလေးမှာ ယခုအခါ တစ်ပတ်ရစ်ကားလေးသဖွယ် ဖြစ်နေသော်လည်း သူ၏ ဘ၀တွင် ပထမဆုံး ပိုင်ဆိုင်ဖူးသော ကားလေး တစ်စင်းဖြစ်၏။ မည်သို့ပင်ဆိုစေ သူကောင်းမွန်စွာ ထိန်းသိမ်းထားရမည်။
မကြာမီ ကျီချင်းရန် သူမ၏ အိတ်နှင့် ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။
"နင်က တော်တော်လေးမြန်တာပဲ...ငါက ဒီရောက်ဖို့ အတော် ကြာဦးမယ်ထင်နေတာ..."
"မြန်တယ်လို့ မပြောစမ်းပါနဲ့ဟ အဲ့တာကြီးက ငါ့ကို စော်ကား နေသလိုပဲ...."
ကျီချင်းရန် တခဏလောက် အတွေးနက်သွားပြီး ပြုံးကာ..."ငါပြောချင်တာ အဲ့လို မဟုတ်ပါဘူး...နင်ကိုက အတွေးတွေလွန်နေတာ..."
"ငါအော်ဒါတင်တော့မယ်..သေချာကြည့်ထားဦး..မဟုတ်ရင် တစ်ယောက်ယောက် ဦးသွားနေဦးမယ်..."
"စိတ်မပူနဲ့ မျက်တောင်ကို မခတ်ဘဲ စောင့်ကြည့်နေတာ....."
အော်ဒါတင်သာ အောင်မြင်သွားပြီး လင်းရီ ကျီချင်းရန်၏ ဗီလာထံသို့ ဦးတည်လိုက်တော့သည်။
"အိုး..ဟုတ်သားပဲ..ဒီနေ့ည ငါ့မှာကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ် ..အဲ့တာ နင်ငါ့ကို လာကြိုပေးရမယ်နော်...."
"အားနာဖို့ မလိုပါဘူး...အခုငါက သာမန် အလုပ်သမားပဲလေ...မင်းရဲ့ ကိစ္စတွေက ငါ့စီးပွားရေးနဲ့ ဘာမှ မသက်ဆိုင်ဘူး...ရီဗျူးကောင်းကောင်းသာ ပေးမယ်ဆိုရင် နတ်ပြည်ဆိုလည်း လိုက်ပို့ပေးမယ်..."
လင်းရီ ပြောလိုက်သည်။
"နင်က သာမန် အလုပ်သမား....ဘယ်သူက ယုံမှာလဲတဲ့..."ကျီချင်းရန် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး "ပန်ဂနီကြီးမောင်းနေပြီးတော့...."
လင်းရီ ပြုံးလိုက်ပြီး..."မင်းက ကျောင်းသားဟောင်း တွေ့ဆုံပွဲ သွားမယ်ဆို ဘာလို့ အိမ်ပြန်နေသေးတာလဲ...ဟိုသွားဒီလာနဲ့ ရှုပ်တာပေါ့ဟ..."
"ဒီအ၀တ်က တစ်နေ့လုံး ၀တ်ထားတာလေ..ဒီတော့ အိမ်ပြန်ပြီး အ၀တ်အစားလေးဘာလေး လဲရင်းနဲ့ ရေချိုးရတာပေါ့..."
"S ပုံစံထိုင်ထ ရှစ်ခေါက်ကျန်သေးတယ်နော်..မေ့ချင်ယောင် ဆောင်မနေနဲ့ဦး...."လင်းရီ ပြောလိုက်သည်။
"ဟွန့် ..ကောင်စုတ်...တစ်ချိန်လုံးအဲ့ဒီ အကြောင်းပဲ ခေါင်းထဲ တွေးနေ...."
"ငါလည်း အစကတော့ ပြန်မဖော်တော့ဘူး လုပ်နေတာ...ဒါပေမယ့် မင်းကပဲ ကတိတည်ချင်တယ် တကဲကဲ လုပ်နေတာလေ...ဒီတိုင်း သတိပေးယုံပါ..အကြွေးမပေးတော့လဲ ငါက ဘာများ လုပ်နိုင်မှာမို့လို့..."
"ဟုတ်လို့လား....နင်က တကယ်ကြီး အဲ့လို တွေးတတ်လိမ့်မယ်လို့တောင် ထင်မထားဘူး..ဟွန့် နင်တို့ ယောက်ျားတွေ အကုန်လုံးက ၀က်တွေပဲ..."
လင်းရီ ဆွံ့အသွား၏။ ဘာလို့ ပြောတိုင်း ယုံနေတာလဲဟ.....
S ပုံစံထိုင်ထလေးက အဲ့လောက်ကြီးလည်း မရှုပ်ထွေးပါဘူး....ဟုတ်တယ်မလား...
မကြာမီ လင်းရီ ကားကို ဗီလာထဲသို့ မောင်းသွားလိုက်သည်။
နှစ်ယောက်သား အိမ်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ၀င်သွားကြပြီး ကျီချင်းရန် အိတ်ကို ပစ်ချကာ
"ရေခဲသေတ္တာထဲမှာ ကော်ဖီနဲ့ သောက်စရာတွေ ရှိတယ်...ကိုယ့်ဟာကိုယ် ကြိုက်တာယူသောက်...."
"အဲ့တာဆိုလည်း ငါ အားနာမနေတော့ဘူး..."
ကျီချင်းရန် အပေါ်ထပ်သို့ တက်သွားသောအခါ လင်းရီ ကော်ဖီ အေးအေးလေး တစ်ခွက်လောက်သောက်ရန် ရေခဲသေတ္တာသို့ လျှောက်လာခဲ့၏။ သို့သော်လည်း ရေခဲသေတ္တာထဲတွင် စတော်ကင် ဆယ်စုံလောက်ကို မြင်သောအခါ လင်းရီ ဆွံ့အသွားတော့၏။
သူ၏ လက်ထဲရှိ ကော်ဖီအေးလေးမှာ ယခုလေးတင် ၎င်း၏ သင်းရနံ့များကို ဆုံးရှုံးသွားကြောင်း ခံစားမိပြီး ပြန်ချထားလိုက်တော့သည်။