← Chapters

ငါတို့လည်း ငယ်ရာက ကြီးလာတာပါဟဲ့....ဒီလောက်တော့ နားလည်တယ်     

Vol. 2 Ch. 25

ငါတို့လည်း ငယ်ရာက ကြီးလာတာပါဟဲ့....ဒီလောက်တော့ နားလည်တယ်     

Vol. 2 Ch. 25

"မင်းတို့ နှစ်ယောက် ပြီးကြပြီလား..."

လင်းရီကို မြင်သောအခါ ကျီအန်းထိုင် နားရွက် ချိတ်မတက် ပြုံးရင်း မေးလိုက်၏။

"ကြည့်စမ်း..ငါပြောတာ မှန်တယ်မလား...အဲ့ကောင်လေးက အရမ်း ကြည့်ကောင်းတာပါဆို..."

"အဟုတ်ပဲ..သူက ချင်းရန်ထက် ခေါင်းတစ်လုံးလောက် ပိုရှည်တယ်...အတူတူရပ်နေရင် ပိုပြီး ကြည့်ကောင်းတယ်..."ဆုန့်မင်ဟွေ့၊ ကျီချင်းရန်၏ မိခင်မှ အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျီချင်းရန် ကြက်‌ေ-သ‌ေ-သသွားပြီး "အ....အဖေတို့ ဘယ်အချိန်ကတည်းကနေ ရောက်နေကြတာ...."

"အဖေတို့ ဒီရောက်နေတာ ဆယ်မိနစ်လောက်တော့ ရှိပြီ..."ကျီအန်းထိုင် ပြောလိုက်ပြီး "ဒါပေမယ့် အခန်းတွေကို ခန်းဆီးကာထားတာ မြင်တော့ အဖေတို့လည်း သမီးတို့ နှစ်ယောက်ကို နှောင့်ယှက်မိမှာဆိုးလို့ ဒီမှာပဲ ရပ်စောင့်နေကြတာ...."

ကျီချင်းရန် သူမ တွင်းတစ်တွင်းရှာ၍ ပုန်းနိုင်ရန် ဆုတောင်းလိုက်မိသည်။ သူမ အကြောက်ဆုံး သောဖြစ်ရပ်မှာ ယခုတော့ အမှန်တကယ် ဖြစ်လာချေပြီ။

"အဖေ..အမေ..သမီးရှင်းပြမယ်..သမီးခုလေးတင် အ၀တ်စားလဲနေလို့ ခန်းဆီးကာထားတာ...အဖေတို့ထင်သလို မဟုတ်ဘူးနော်..."

"ရှင်းပြဖို့ မလိုပါဘူးကွယ်..အမေတို့လည်း ဒီအရွယ်ကို ဖြတ်သန်းခဲ့ရတာပဲ..ခုဆို သမီးက အပျိုကြီးဖားဖား တောင် ဖြစ်နေပြီပဲ..ဒီလိုကိစ္စတွေ ဖြစ်တယ်ဆိုတာကတော့ ပုံမှန်ပါပဲကွယ်....အမေတို့ နားလည်ပါတယ်.."ဆုန့်မင်ဟွေ့မှ နားလည်သည်ဟူသော အကြည့်ဖြင့် ပြောလိုက်သည်။

သူမ၏ မျက်လုံးထဲရှိ ကြင်နာသော အကြည့်များမှာ နောက်ဆုံးတော့ ငါ့သမီးလေးတောင် အရွယ်ရောက်လာပြီပဲ ဟူသော အကြည့်များ ဖြစ်၏။

"အမေကလည်း ဘာတွေ အတွေးလွန်နေပြန်ပြီလဲ..တကယ်ကြီး အမေထင်နေသလို မဟုတ်ပါဘူးဆို...ဒီတိုင်းအ၀တ်စားပဲ လဲနေတာလို့...."

ကျီချင်းရန် ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။ သူမ မြစ်ဝါမြစ်ထဲ ခုန်ချလျင်တောင်မှ သူမ၏ နာမည်မှာ သန့်ရှင်းစင်ကြယ်ဖို့ရာ မဖြစ်နိုင်တော့ချေ။

"သိပါပြီ..ဒါပေမယ့် နင့်ရဲ့ မျက်နှာ အမူအရာက ဘာလို့ အဲ့လိုကြီး ဖြစ်နေတာလဲ...သမီး နင်က သိပ်၀တာလည်း မဟုတ်ဘူးနော်..သိပ်ပြီး အလွန်အကျွံတွေ မဖြစ်စေနဲ့...သည်အကြောင်းနောက်မှ ပြောရအောင်..."ဆုန့်မင်ဟွေ့ သတိထားမိသွားပြီး

"အမေ့သမီးက အရွယ်ရောက်လာပြီဆိုပေမယ့် ကိုယ့်ကိုယ်ဂရု စိုက်ဦးနော်...အမေတို့ကတော့ ၀င်ပါမှာ မဟုတ်ဘူး..."

ထိုအချိန်တွင် ကျီအန်းထိုင်မှ စကားဖြတ်ပြောလိုက်၏။

"အဘွားကြီး ကြည့်ရတာ သူတို့ အပြင်သွားကြမလို့နဲ့တူတယ်..ငါတို့ ရှောင်ပေးလိုက်ကြရအောင်..ပြောစရာရှိရင် နောက်မှ ပြောလည်း ရပါတယ်ဟ..."

ဆုန်မင်ဟွေ့ ခေါင်းညိမ့်လိုက်ပြီး လင်းရီကို ကြင်နာစွာ ကြည့်လိုက်သည်။ "ရီလေး..အခုလူလေးက ချင်းရန်နဲ့ အတူရှိနေပြီဆိုတော့ အန်တီတို့လည်း အပြင်လူ တစ်ယောက်လို မဆက်ဆံတော့ဘူးနော်..သဘက်ခါကျ ချင်းရန် အဘိုးရဲ့ မွေးနေ့ဆိုတော့ လူလေးလည်း လာကို လာရမယ်..."

"အော်...ဟုတ်...ဟုတ်ကဲ့ဗျ..."

လင်းရီ လူကြီးများရှေ့တွင် မငြင်းနိုင်ပေ။ ထို့ကြောင့် သူခေါင်းညိမ့်၍ သဘောတူလိုက်သည်။

သွားဖြစ် မသွားဖြစ်ကိုတော့ သူနောက်ကျ ဆုံးဖြတ်နိုင်၏။

"ကောင်းပြီ..ဒါဆိုလည်း မင်းတို့ကို ဆက်ပြီး မနှောက်ယှက်တော့ဘူး..အပြင်ထွက်ပြီး ပျော်လိုက်ကြဦး...."

အကြံတစ်ချို့ ပေးပြီးနောက် ကျီအန်းထိုင်နှင့် ဆုန့်မင်ဟွေ့တို့ အော်ဒီA6 ထဲ၀င်၍ ထွက်ခွာသွားကြသည်။

ကျီချင်းရန်ကတော့ ဆွံ့အနေ၏။ သူမယခု စတော်ဘယ်ရီ‌ပင်အောက်၌ ကြိုးဆွဲချ၍ အဆုံးစီရင်ဖို့ အထိတောင် စဉ်းစားထားပြီး ဖြစ်သည်။

ဖေကြီးတို့စုံတွဲက‌တော့ လာလိုက်တိုင်း သမီးကိုပဲ အနိုင်ကျင့်နေကြတယ်...

"ချင်းရန်..ငါတို့သွားဦးမှာလား မသွားတော့ဘူးလား...."

"ဒါပေါ့..သွားရမှာပေါ့.."ကျီချင်းရန် ဤနေရာ၌ တစ်စက္ကန့်ပင် ဆက်မနေချင်တော့ချေ။

"အဲ့တာဆိုလည်း ကျေးဇူးပြုပြီး အော်ဒါလေး...."

ချင်းရန် : "???"

နင်ငါ့ကို မချော့ချင်နေ.. ဒီလောက်ထိ ဆိုးဆိုးရွားရွားကြီးတော့ မလုပ်သင့်ဘူးမလား..

သို့သော်လည်း နောက်ဆုံးတွင်တော့ သူမ၏ ဒေါသကလည်း ခဏသာ ဖြစ်ပြီး အော်ဒါတင်လိုက်၏။

တချို့ အရာကတော့ စည်းမျဉ်းစည်းကမ်း တစ်ခုပင်။ လင်းရီက အော်ဒါကို လက်မလျော့ချင်မှတော့ ကျီချင်းရန်‌လည်း တိုက်တွန်းမနေတော့ချေ။

အောင်မြင်စွာ အော်ဒါလက်ခံပြီးနောက် လင်းရီ ကျီချင်းရန်ကို ကျုံးဟိုင်လုဟွေ့သို့ လိုက်ပို့လိုက်၏။

"ဒီည ငါခေါ်ရင် လာခဲ့ဦးနော်..."

"ဒါပေါ့..အရောက်လာခဲ့ပေးမယ်..."

လင်းရီ ကားကို လှည့်ပြီး မောင်းထွက်တော့မည့်အချိန်တွင် အက်ပ်မှ စာတိုတစ်စောင် ရောက်ရှိလို့လာသည်။ ကျီချင်းရန် ထံမှ ကြယ်ငါးပွင့် ရီဗျူးပင်။

"မဆိုးဘူး..တကယ်ကြီး မဆိုးဘူး..မင်းက ဒီလိုကျ ချစ်ဖို့ကောင်းသားပဲ"

ထို့နောက် စနစ်၏ အသိပေးသံကြီး ထွက်ပေါ်လာသည်။

[ဂုဏ်ယူပါတယ် ပိုင်ရှင်..၁၀၀ ကီလိုမီတာကို ဘေးကင်းစွာ မောင်းနှင်နိုင်တဲ့အတွက် အတွေ့အကြုံမှတ် ၂၀၀,၀၀၀ ကို ဆုလဒ်အဖြစ် ချီးမြင့်ပါမယ်...]

"အလုပ်ပြီးမြောက်နှုန်း : ၅၅%

ဆုလဒ် : DiDi ရှယ်ယာ၏ ၂၁%"

သူ၏ စိတ်ထဲရှိ ပြသထားသော ဆုလဒ်စာရင်းကို ကြည့်ရင်း လင်းရီ အမြင်မမှားကြောင်း သတိထားမိလိုက်သည်။

တကယ့်ကို ရှယ်ယာ ၂၁%ပင်...

သိပ်တောင်မကြာသေးဘူး...

သူက နောက်ဆုံးတော့ DiDi ရဲ့ ပိုင်ရှင် ဖြစ်လာပြီပေါ့....

ရှယ်ယာ ၂၁%မှာ ဧရာမကြီး မဟုတ်သော်လည်း သေးငယ်သော ပမာဏဟု မဆိုနိုင်ချေ။

စိတ်လှုပ်ရှားစရာပဲကွ....

......

ရန်ချန်၊ DiDi ရုံးချုပ် ၊စီအီးအို ရုံးခန်း။

ကလင်..ကလင်...ကလင်...

စီအီးအို ချန်ရွှမ်း၏ ဖုန်း မြည်လာခဲ့သည်။

"ကောင်းပြီ..ငါမင်းရဲ့ ရွေးချယ်မှုကို နားလည်ပေးနိုင်တယ်..အနာဂတ်မှာ အလုပ်အတူတူ လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်ကွာ...."

"ငါသူ့ကို ဆက်သွယ်လို့ရမယ့် အချက်အလက်တွေလိုတယ်..အဲ့တာကို ငါ့အီးမေးလ်ထဲ ပို့ထားလိုက်..."

ရိုးရှင်းသော ဖုန်းတစ်ကော ခေါ်ဆိုပြီးနောက် ချန်ရွှမ်း ဖုန်းချ၍ သူ၏ အတွင်းရေးမှူးကို ခေါ်လိုက်သည်။

"ဒါရိုက်တာချန်..ကျွန်မကို ရှာနေတာလား..."

"အထွေထွေ မန်နေဂျာ ရာထူးအထက်က သူတွေ အကုန်လုံးကို အစည်းဝေးခန်းထဲ လာခဲ့ဖို့ ပြောလိုက်..."

"ဟုတ်ကဲ့ရှင့် ဒါရိုက်တာချန်...အခုပဲ စီစဉ်လိုက်ပါ့မယ်....."

ဆယ်မိနစ်ခန့် ကြာပြီးနောက် ဘုတ်အဖွဲ့၀င်များအားလုံး အစည်းဝေးခန်းထဲသို့ အသီးသီး ရောက်ရှိနေကြသည်။

ချန်ရွှမ်း အားလုံးကို ကြည့်လိုက်ပြီး "ငါ ခုလေးတင် ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာပိုင်ရှင် နှစ်ယောက်က သူတို့ရဲ့ ပိုင်ဆ်ုင်မှု ရှယ်ယာတွေကို လင်းရီလို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆီ ရောင်းချလိုက်တယ်လို့ သတင်းရထားတယ်...အဲ့ဒါ ငါတို့ ရှယ်ယာတွေ ၀ယ်သွားတဲ့သူကို ဆက်သွယ်ဖို့ လိုတယ်...သူ့ကို ကုမ္ပဏီဆီ ဧည့်သည်အဖြစ် ဖိတ်ခေါ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ..."

"တကယ်ကြီး ရှယ်ယာ၂၁%ကို တစ်ပြိုင်တည်း ၀ယ်လိုက်တယ်ပေါ့...."

ဘုတ်အဖွဲ့ မှာ သူတို့ကြားနေရသည်ကို ပင် မယုံနိုင်ပေ။

DiDi၏ လက်ရှိတန်ဖိုးနှင့် ဆိုပါက ရှယ်ယာ ၂၁%ကို ၀ယ်ယူမည်ဆိုပါက အနည်းဆုံး ၁၀ ဘီလီယမ်ခန့် ကျသင့်မည်ဖြစ်၏။

လင်းရီလို့ခေါ်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ တိုင်ကွန်းက ဘယ်သူများလဲ......

သူက ရှယ်ယာတွေ အများကြီးကို မျက်တောင် တစ်ချက်မခက်ဘဲ ၀ယ်လိုက်ပြီး DiDiရဲ့ ဒုတိယအများဆုံး ရှယ်ယာရှင် ဖြစ်လာပြီပေါ့.....

"အတိအကျပဲ...အဲ့သတင်းက လုံး၀မှန်တယ်...."ချန်ရွှမ်း ပြောလိုက်ပြီး "ဒါပေမယ့် ငါ့မှာလည်း ဆက်သွယ်ရမယ့် အချက်အလက်တွေတော့ အများကြီ မရှိဘူး....ဘာလို့ဆိုတော့ လုပ်ငန်းတွေအားလုံးက ဖုန်းနဲ့ပဲ သွားထားတာကိုး...."

"မဖြစ်နိုင်တာ..အဲ့လောက် ကြီးမားတဲ့ ကိစ္စက ဖုန်း‌နဲ့‌ပဲ ပြီးသွားတယ်ပေါ့......နည်းနည်းလေး ဖြစ်ကတတ်ဆန်း မနိုင်လွန်းဘူးလားဟ..."

"လျို့ဝှက် အဖွဲ့အစည်းကများ လှုပ်ရှားသွားတာလား မသိဘူး..ဒါပေမယ့်လည်း အဲ့တာတွေက ငါ့အထင်သက်သက်ပါ..."ချန်ရွှမ်းမှ ပြောလိုက်သည်။

"အခု ငါက သူ့နာမည်လင်းရီဆိုတာနဲ့ ကျုံးဟိုင်မှာ နေတာပဲ သိတယ်..ဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်ကတော့ ၁၅၂*****"

"စီအီးအိုချန်...အဲ့ကိစ္စကို ကျွန်မဆီ လွှဲထားလိုက် ကျွန်မရဲ့အိမ်ကလည်း ကျုံးဟိုင်မှာလေ..ဒီတော့ အဲ့ပတ်၀န်းကျင်နဲ့ ပိုပြီး ရင်းနှီးတယ်..."

ပြောလိုက်သူကတော့ အသက် သုံးဆယ်ခန့် အရွယ်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ယောက်ပင်။သူမ၏ ဆံပင်အဖျားမှာ လှိုင်းတွန့်ပုံစံဖြစ်နေပြီး အဖြူရောင်၀တ်စုံပြည့်နှင့် ပေါင်းစပ်ထားမှုမှာ သူမအား ရုံး၀န်ထမ်း အမျိုးသမီး ၀န်ထမ်းတစ်ယောက်ဟူသော ခံစားမှုကို ပေးစွမ်းနေသည်။

ထိုအမျိုးသမီးနာမည်ကတော့ ထျန်းရန်ပင်။ DiDi၏ ဒုဥက္ကဌဖြစ်ပြီး ချန်ရွမ်းကလည်း သူမ၏ လုပ်ရည်ကိုင်ရည်ကို အများကြီး မျှော်လင့်ထားသည်။

"ကောင်းပြီလေ.ဒါဆိုလည်း မင်းဆီပဲ လွှဲထားလိုက်တော့မယ်...အဲ့ဒီက အခြေအနေတွေကို အကောင်းဆုံးနားလည်နိုင်အောင် ကြိုးစားထားလိုက်..ငါတို့ရဲ့ ရုံးချုပ်ဆီ ခေါ်လာနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့...."

"ဟုတ်ကဲ့..ကျွန်မအကောင်းဆုံး ကြိုးစားပါ့မယ်..."

......

လင်းရီ ထွက်ခွာဖို့အလျင်မလိုသေးပေ။ ထိုအစား သူ၏ ဖုန်းထဲတွင် DiDi ကုမ္ပဏီ၏ အခြေအနေကို ကြည့်နေလိုက်သည်။

ရုံးချုပ်ကတော့ ရန်ချန်တွင်အခြေစိုက်ပြီး လက်ရှိဈေးကွက်တန်ဖိုးကတော့ ယွမ် ၁၀ ဘီလီယမ် အနည်းဆုံး တန်ကြေးရှိ၏။

အကယ်၍ သူသာ သူ၏ ရှယ်ယာများကို ထုတ်ရောင်းမည်ဆိုပါက အနည်းဆုံး ယွမ်၁၀ဘီလီယမ်ခန့်လောက်တော့ ရနိုင်၏။

လင်းရီ ထိုအကြောင်းကို စဉ်းစားမိသော်လည်း သူ၏ လက်ရှိအခြေအနေဖြင့် ငွေကို အလောတကြီး မလိုအပ်သေးပေ။

သူ‌ဘိုင် ပြတ်နေသည်လည်း မဟုတ်။ ထို့ကြောင့် DiDiကို သူ့အတွက် ဥဥပေးသော ကြက်မအဖြစ် သေချာမွေးထားရမည်။

ထိုသို့ဆိုပါက တစ်နှစ်လျင်အနည်းဆုံး ယွမ်သန်းအနည်းငယ်ခန့် အမြတ်ကျန်လိမ့်မည် မဟုတ်ပါလော....

လင်းရီ စွမ်းဆောင်မှု နေရာတွင် သူ၏ အလုပ်ပြီးမြောက်နှုန်းမှာ ၅၅%ခန့်ရောက်ရှိနေသည်ကို မြင်တော့ လုံး၀ ကျေနပ်အားရသွားသည်။

သူအလုပ်သစ်ရရန် ၄၅%ခန့်သာ ပြီးမြောက်ရန် လိုတော့၏။

ယခု သူ့အနေဖြင့် အလုပ်အသစ် ရချင်ပါက စနစ်၏ အလုပ်အသစ်ကို သော့ဖွင့်၍ ရနေပြီ ဖြစ်သော်လည်း လင်းရီသာ ၁၀၀% အလုပ်ပြီးမြောက်ပါက စနစ်မှ သူ့ကို ရက်ရောစွာ ဆုချီးမြင့်လိမ့်မည်ဟု အတိအလင်းဖော်ပြထားသည်။

ထို့ကြောင့် ၁၀၀% ပြီးမြောက်အောင် စောင့်ဆိုင်းပြီးမှ အလုပ်အသစ်ရယူသည်က ပိုကောင်းလိမ့်မည်။

လင်းရီ အစီအစဉ်များ သတ်မှတ်ပြီးနောက် ကျိုကျုံး အဆောက်အအုံသို့ ဦး‌တည်မောင်းနှင်သွားတော့သည်။

ထိုနေရာရှိ ဗီလာများမှာ သူ၏ အပိုင် ဖြစ်သောကြောင့်တစ်ချက် သွား၍ ကြည့်ကြည့်ရမည်။

"ကျိုကျုံးအဆောက်အအုံ ဧရိယာ တစ်ဝိုက် စတားဘက်နားက အော်ဒါတွေ ရှိရင်တော့ လက်ခံလိုက်ပါ့မယ်လေ..."

All Chapters