ငါက အဲ့လောက်ငွေလေးကို ဂရုစိုက်မယ်လို့ ထင်နေတာလား...
Vol. 2 Ch. 26
လင်းရီ အော်ဒါလက်ခံခြင်းကို ရပ်ဆိုင်းတော့မည်အချိန်တွင် သူ၏ဖုန်းမှ အော်ဒါတင်သောအသိပေးချက်တစ်ခု ရောက်ရှိလာသည်။ အော်ဒါတင်လိုက်သူကတော့ သူရောက်နေသည့် နေရာနှင့် အတူတူပင်။
လင်းရီ အများကြီး စဉ်းစားမနေတော့ပဲ အော်ဒါကိုလက်ခံရန် ရွေးချယ်လိုက်၏။
စနစ်၏ မစ်ရှင်နှင့် ကျွမ်းကျင်မှုများ ပိုင်ဆိုင်ခြင်းမှာ အော်ဒါများမှ တစ်ဆင့်ရလာခြင်းဖြစ်သည်။ ထို့ကြောင့် အော်ဒါ ပေါ်လာပါက သူ လက်မခံ၍ မဖြစ်ပေ။
လင်းရီ အော်ဒါလက်ခံပြီးနောက် မြေပုံကို တစ်ချက်ကြည့်လိုက်သည်။ စတားဘက်နှင့် ကျုံးဟိုင်လုဟွေ့မှာ မီတာနှစ်ရာခန့်လောက်သာ ကွာဝေး၏။ထောင့်ကွေးလေးတစ်ခု ချိုးလိုက်သည်နှင့် ရောက်ပြီဖြစ်သည်။
ထိုအချိန်တွင်တော့ အရပ်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦး သူ၏ လက်ထဲတွင် စတားဘက်ခ် ကော်ဖီတစ်ခွက်နှင့် ဆယ်လ်ဖီဆွဲနေ၏။
"ဒီထောင့်က မလှဘူး..ဖျက်ပစ်လိုက်မယ်..."
"ဒီတစ်ခုကလည်း စတားဘက်ခ် တံဆိပ်မပါဘူး..ဖျက်တယ်ကွာ..."
"ဒီတစ်ခုကတော့မဆိုးဘူး...ဒါလေးပဲ ယူလိုက်မယ်..."
ဆယ်လ်ဖီ ဆွဲပြီးနောက် အမျိုးသမီးမှာ ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ ဆက်တိုက်ဆိုသလို ဖျက်ပစ်နေသည်။ နောက်ဆုံးတွင်တော့ သူမ အနှစ်သက်ဆုံးပုံတစ်ချို့ကို ရွေးချယ်ပြီး ဝေ့ပေါ်တွင် တင်လိုက်၏။
ကပ်ပရှင်ကတော့ ..
"သောက်ဖူးသမျှ ကော်ဖီတွေထဲမှာ စတားဘက်ခ် ကော်ဖီက အကောင်းဆုံးပဲ..ဘာလို့ တခြား ကော်ဖီတွေက ခြေဆေးရေလိုမျိုး ဆိုးရွားနေရတာလဲ...."
သူမ၏ အခိုက်အတန့်လေးကို လိုင်းပေါ်တင်ပြီးနောက်လက်မ အနည်းငယ်ခန့် ရရှိသွားသောအခါ ကျေနပ်သွား၏။
"ဘာလဲဟ..သူတို့ပြောတော့ မီတာ ၂၀၀ လေးတည်းဆို...ဆယ်မိနစ်လောက် ရှိနေပြီ ..ခုထိကို ရောက်မလာသေးဘူး......."
အမျိုးသမီးမှာ ခုထိ ကားရောက်မလာသေးကြောင့် စောဒက တက်လိုက်၏။
ထိုအချိန်တွင်တော့ လမ်းပေါ်၌ အတော်လေး ပွက်လောရိုက်နေကြသည်။
"ကြည့်စမ်း...အဲ့တာ ပန်ဂနီ ဇွန်ဒါဟ"
"ဒီကားရဲ့ ဒီဇိုင်းကြီးက ချဲ့ကားလွန်းပါတယ်ကွာ..သူက
လမ်ဘိုဂီနီထက်တောင် ပိုပြီး ဟိတ်ဟန်များနေသေးတယ်....."
"လမ်ဘိုဂီနီနဲ့ယှဉ်မယ်ဆိုရင် ဒီကားက သူ့ရဲ့ ဘိုးဘေးကွ...မသိဘဲနဲ့ လျှောက်မပြောနဲ့...."
ပန်ဂနီ တစ်စင်း မောင်းလာသည်ကို မြင်သောအခါ လူများမှာ သူတို့၏ ဖုန်းများကို အလျင်အမြန်ထုတ်၍ ဓာတ်ပုံရိုက်ကြတော့၏။
ဤလိုကားမျိုးဆိုသည်မှာ မြင်ရခဲ၏။ ထို့ကြောင့် တွေ့သောခဏ၌ အမှတ်တရ ဖြစ်စေရန်ဓာတ်ပုံရိုက်၍ သိမ်းထားရပေမည်။
"ခင်များက ကဒ်နံပါတ် ၀၃၈၉ နဲ့ ဆုံးတဲ့ မစ်ရွှီလား..."
အော်ဒါမှာ နာမည်ကို အတိအကျ မဖော်ပြသောကြောင့် လင်းရီ သူမကို ဤကဲ့သို့သာ နာမည်တပ်နိုင်သည်။
"ဟုတ်တယ်...ငါပဲ...."
ပန်ဂနီ သူမရှေ့ ရပ်လိုက်သည်ကို မြင်သောအခါ ရွှီရန် ရှုပ်ထွေးသွား၏။ သူမဘာတွေဖြစ်နေသလဲဆိုတာကိုတော့ ယခုတိုင် သဘောမပေါက်သေးချေ။
ဒါမှမဟုတ် သူမ အခုတလော စန်းပွင့် နေလို့များလား...
"ကားထဲ၀င်...."
"ကား...ကားထဲ၀င်...."
ရွှီရန် သူမကြားလိုက်သည်ကိုပင် မယုံနိုင်ပေ။
ကောင်းကင်ဘုံက သူမကို ကောင်းချီးပေးပြီး ခုလေးတင် ချမ်းသာတဲ့ ဒုတိယမျိုးဆက်နဲ့ အောင်သွယ်ပေးလိုက်တာများလား.....
"အိုး...အိုကေလေ..."
ဤသို့ဖြင့် လူတိုင်း၏ မနာလိုသော အကြည့်များအောက်တွင် လင်းရီ၏ကားတံခါးကိုဖွင့်၍ အထဲသို့ ၀င်ထိုင်လိုက်သည်။
"ဟဲ..ဟဲလို .."
ရွှီရန် လင်းရီကားထဲသို့ ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် အိန္ဒြေကို မနည်းဆည်နေရ၏။
သူမ၏ နှစ်နှစ်ဆယ်ကျော်သော သက်တမ်းတွင် ပြိုင်ကားစီးဖူးခြင်းမှာ ပထမဆုံး အကြိမ်ပင်။
မြင်သမျှ အားလုံးမှာ အသစ်အဆန်းများ ဖြစ်နေသော်လည်း မရှိသည့် ဂုဏ်သိက္ခာကို ငဲ့ညာ၍ ဓာတ်ပုံမရိုက်ခဲ့ပေ။
ထို့ပြင် သူမဘေးတွင်လည်း အဆင်လေး တစ်ယောက်ရှိနေသေး၏။ ထိုကြောင့် အိန္ဒြေကြီးသော မမကြီးအသွင် ဖမ်းနေသည်။
"ဟဲလို.."လင်းရီလည်း လောက၀တ်အရ ပြန်လည်နှုတ်ဆက်လိုက်၏။
"ကျွန်မက ရွှီရန်ပါ..တွေ့ရသာ ၀မ်းသာပါတယ်..."
"ဟုတ်ကဲ့...ကျွန်တော်လည်းပဲ တွေ့ရသာ ၀မ်းသာပါတယ်..."လင်းရီ ကားမောင်ရင်း ရိုးရှင်းစွာ ပြန်လည် တုံ့ပြန်လိုက်သည်။
"ကျွန်မ သိချင်တာက ဘာလို့ ကျွန်မကို ရွေးချယ်လိုက်တာလဲ...ပြီးတော့ ကျွန်မကို ဘယ်ခေါ်သွားနေတာလဲ....."
ရွှီရန် စကားကို သတိထား၍ ပြောနေသည်။ သူမဘေးနားရှိ အဆင်လေးမှာ ပန်ဂနီ စီးနိုင်သော ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေး ဖြစ်၏။
ထိုကဲ့သို့သော သူမျိုးကို တွေ့ခြင်းမှာ ပထမဆုံး အကြိမ်ပင်။ သူ မပျော်မရွှင် ဖြစ်သွားအောင် မလုပ်ဝံ့ပေ။
ယခုတော့ ထိုသခင်လေးက သူမကို လက်ဦးမှု ရယူကာ ကားထဲသို့ဖိတ်ခေါ်ခဲ့၏။ ယခုမှ စ၍ သူမ၏ ဘ၀မှာ တစ်ဆစ်တစ်ချိုး ပြောင်းလဲသွားပေတော့မည်။
"ခင်များကို ရွေးချယ်တယ်....."လင်းရီ ရွှီရန်ကို ကြောင်အစွာဖြင့် ကြည့်လိုက်ပြီး "ခင်များပဲ DiDi ကို ခေါ်ခဲ့တာမဟုတ်လား...ခင်များကမှ ကျုပ်ကို ရွေးခဲ့တာလေ..."
"ပြီးတော့ ခင်များသွားမယ့် လိပ်စာကို ကျိုကျုံးအ ဆောက်အအုံလို့ ပြောထားပြီးသားမဟုတ်လား...ဘာလို့ ဘယ်သွားနေလဲဆိုတာ လာမေးနေတာလဲဟ...."
"ဟမ်...?"
ရွှီရန် ဇဝေဇဝါဖြစ်သွားပြီး"ဘာ..ဘာပြောလိုက်တယ်..နင်က Didi ဒရိုင်ဘာ ..ဟုတ်လား..."
"အင်း...ဟုတ်တယ်လေ...ဘာလို့လဲ..."
"ဘယ်သူက ပြိုင်ကားနဲ့ Didi မောင်းလို့လဲ...."ရွှီရန် မေးလိုက်၏။
"၀န်ဆောင်မှု အသစ်လေ...."
"ေ-သစမ်း...."
ရွှီရန် ကျိန်ဆဲလိုက်ပြီး "ငါက ဘာမှမဟုတ်ပဲနဲ့ ၀မ်းတွေ သာမိနေတာပေါ့လေ.....လုပ်ခဲ့တာက Didiလေးအော်ဒါတင်ခဲ့တာကိုများဟယ်...."
လင်းရီ သူမ၏ အမူအရာ ရုတ်ခြည်း ပြောင်းလဲသွားမှုကို မြင်ပြီး ဆွံ့အနေတော့၏။
လင်းရီက Didi ဒရိုင်ဘာဖြစ်ကြောင်း သိသွားပြီးနောက် ရွှီရန် သူမဖုန်းကို ထုတ်၍ အကြိမ်တစ်ရာလောက် ဓာတ်ပုံရိုက်လိုက်သည်။
ဘာမျှ ရိုက်စရာ မကျန်တော့သည့် အချိန်မှသာ ရပ်တန့်လိုက်၏။
"နင်တို့ ကုမ္ပဏီက တော်တော်လေး စိတ်၀င်စားဖို့ကောင်းတာပဲ ဇိန်ခံကားနဲ့တောင် ၀န်ဆောင်မှုတွေ ပေးနေပြီ..ဘာလို့လဲတဲ့..လူတွေ အာရုံစိုက်လာအောင်လို့လား..... "
"ဘယ်သူက ဒီကားက ကုမ္ပဏီအပိုင်လို့ ပြောတာလဲ..."လင်းရီ မေးလိုက်ပြီး "ဒီကားက ကျုပ်ရဲ့ ကားဗျ..."
"မိမိုက်သလို ဟန်ဆောင်မနေစမ်းပါနဲ့ဟယ်...အဲ့လို ပြောလိုက်တာနဲ့ ငါ့ကို ရမယ်ထင်နေလို့ကတော့ အိပ်မက်ပဲ မက်နေလိုက်...."
လင်းရီ အတည်ကြီး ဆွံ့အသွားပြီး "ကျုပ်က ခင်များရှေ့မှာ မိမိုက်သလို ဟန်ဆောင်နေတာနဲ့ တူလို့လား.."
"မောင်ငယ်လေး...ဒီက အစ်မကြီးက ဦးနှောက်မရှိဘူးလို့များ နင်ထင်နေတာလား....."
ရွှီရန် ပြောလိုက်ပြီး "ငါက နင့်ထက် နှစ်တွေ အများကြီး ထမင်းစောပြီးစားလာတာ ဘယ်တုန်းကမှ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးက DiDi ပြေးတယ်ဆိုတာ မကြားဖူးဘူးနော်...နင်ကလည်း ဒီတိုင်း အောက်ခြေသိမ်း အလုပ်သမားသာသာကိုပဲ...နင့်အလုပ်ကိုသာ နင်သေချာလုပ်စမ်းပါ...ငါ့ကိုတော့ အရူးလာမလုပ်နဲ့...."
"အောက်ခြေသိမ်းအလုပ်သမား ဆိုတာက ဘာပြောချင်တာလဲ....ခင်များကကော အောက်ခြေသိမ်း အလုပ်သမား မဟုတ်လို့လား....."
"ငါလည်း အလုပ်သမားပဲ ဒါပေမယ့် ငါ့ရဲ့ အလုပ်အကိုင်က နင့်ထက်တော့ အများကြီး အဆင့်မြင့်တယ်"ရွှီရန် ပြောလိုက်ပြီး
"နင်တို့လို ကောင်တွေက အဲ့ဒီလို ဦးနှောက်မရှိတဲ့ မိန်းကလေးတွေကိုပဲ လှည့်စားလို့ရမယ်...နင်က ငါကြိုက်တဲ့ ပုံစံလည်းမဟုတ်ဘူး...ဒီတော့ နင့်မှာ ငါ့ကို ဆွဲဆောင်ဖို့ အခွင့်အရေး လုံးဝမရှိဘူး..."
ခရိခ်....(ကားရပ်သံ)
လင်းရီ ကားဘရိတ်ကို ဆောင့်နင်းလိုက်သောအခါ ရွှီးရန် ရှေ့သို့ ဂျွမ်းပစ်လုနီးပါး ဖြစ်သွား၏။
"ဘာတွေ ဖြစ်နေတာလဲ...ဘရိတ်ကို အဲ့လိုမျိုး နင်းရမယ်လို့ နင့်ကို ဘယ်ပထွေးက သင်ပေးလိုက်တာလဲ...."
ရွှီရန် ကျိန်ဆဲလိုက်၏။
"ခင်များ စကားကို ကြည့်ပြော...အဲ့လောက်ထိ အံ့ဩဖို့ကောင်းနေရင်လည်း ကိုယ်ပိုင်ကား ၀ယ်စီးလေ..ဘာလို့ DiDiကို ခေါ်နေတာလဲ..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ကျုပ် ခင်များရဲ့ ပလတ်စတစ်ဆာဂျရီ လုပ်ထားတဲ့ သောက်ခွက်ကြီးကိုလည်း ကြည့်ရတာ တော်တော်လေး ရွံနေပြီ...ညစာ ပျက်အောင် မလုပ်စမ်းနဲ့.....အခုချက်ချင်း ကျုပ်ကားပေါ်က ဆင်းစမ်း...."
"နင် ညစ်ပတ်နံစော်နေတဲ့ သူတောင်းစား...ဘယ်လိုတောင် ငါ့ကို ငေါက်ရဲတာလဲ ...ဟမ် ကိုယ့်ကိုယ်ကို ဘာကောင်လို့များ ထင်နေတာလဲ....ငါက ခရီးသည် ဒီတော့ ငါက နတ်ဘုရားပဲ...ယုံချင်ယုံ မယုံချင်နေ ငါဒီနေ့ နင့်ကို အရမ်းဆိုးတဲ့ ရီဗျူး ပေးပစ်မယ်.... "
"ပေးလေ..သောက်ဂရုကို မစိုက်တာ...."
လင်းရီ တော်တော်လေး ကံဆိုးနေသည်ဟု ခံစားလိုက်ရသည်။ လမ်းကြုံနေသောကြောင့် အော်ဒါလက်ခံလိုက်သော်လည်း ယခုကဲ့သို့ ဘ၀င်မြင့် အောက်ခြေလွတ်နေသူနှင့် လာကြုံလိမ့်မည်ဟု မထင်ထားပေ။
"နင်ငါ့ကို ခုနက မောင်းထုတ်တာနော်..ငါကတော့ လုံး၀ မဆင်းပေးနိုင်ဘူး.."ရွှီရန် မောက်မာစွာပြောလိုက်ပြီး "နင့်ကို မကောင်းတဲ့ ရီဗျူး ပေးရုံတင် မကဘူး...ရုံးချုပ်ထိပါ တက်တိုင်မယ်"
"ခင်များဘာသာ ခင်များ ဘယ်လို တိုင်တိုင်...ခုချက်ချင်းဆင်း...မဆင်းရင် ကန်ထုတ်မိတော့မယ်...."
လင်းရီ ၏ အေးစက်နေသော မျက်နှာထားက ရွှီရန်ကို အနည်းငယ် ကြောက်လန့်သွားစေသည်။
ထို့ပြင် သူမသာ ခိုက်ရန်ဖြစ်ပွားပါက အင်္ကျီများ ညစ်ပေသွားလိမ့်မည်။
ထိုအခါ သူမ ညစ်ပတ်သော အ၀တ်အစားများဖြင့် ကျိုကျုံး အဆောက်အအုံတွင် မည်သို့ အလုပ်လျှောက်ရမည်နည်း။
"ကောင်းပြီလေ.နင်စောင့်နေစမ်းပါ..ငါဒီကိစ္စကို ဒီတိုင်းမထားဘူး..."
"စိန်လိုက်လေ...."
ရွှီရန် ကားထဲမှ ထွက်သွားပြီးနောက် လင်းရီ ကားထဲ၌ ရေမွှေးများ ဆက်တိုက်ဆိုသလို ဖြန်းလိုက်၏။
သူ ဖ-ာဆန်သော အနံ့ကို ရေမွှေးနဲ့တော့ ဖုံးလို့ရကောင်းပါရဲ့...
သူအရမ်း အဝေးကြီး မမောင်းရသေးခင် သူ၏ ဖုန်းမှ အကြောင်းကြားစာ တစ်ခု ၀င်လာသည်။ မကောင်းသည့် ရီဗျူး ပေးထားခြင်းပင်။
ရွှီရန်ပဲ ဖြစ်ရမယ်....
သို့သော်လည်း လင်းရီကတော့ တော့ ဂရုပင် မစိုက်ချေ။
သူက ဘာကိစ္စ ဂရုစိုက်နေရမှာပဲ....
မောင်းနေရင်း ကျိုကျုံး အဆောက်အအုံသို့ ရောက်ခါနီးတွင် သူ၏ ဖုန်းသံမြည်လာသည်။ အမည်မသိ နံပါတ်ပင်။
"ဒါက လင်းရီလား..."
တစ်ဖက်မှ သက်လတ်ပိုင်း လူကြီး၏ အသံ ထွက်ပေါ်လာသည်။
"ဟုတ်ပါတယ် ..ကျွန်တော်ပါပဲ..."
"မင်းက ဘာကောင်လဲကွ ခရီးသည်ကို ဟောက်စား လုပ်နေရအောင်..တိုင်တဲ့ သူရဲ့ ရီပို့က ရုံးချုပ်ထိရောက်သွားပြီ ..ပြီးတော့ ငါလည်း နှစ်ပြားမတန်အောင် အဆူခံလိုက်ရတယ်...နောက်တစ်ကြိမ်သာ ဒီလို ဖြစ်မယ်ဆိုရင်တော့ မင်းရဲ့ အကောင့်ထဲကနေ ငွေဖြတ်မယ်...."
လင်းရီ ခေါ်ဆိုလာသူ၏ လေသံကို နားထောင်၍ မည်သူဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
တစ်ဖက်မှ သူက သေချာပေါက် အုပ်ချုပ်ရေး ကိုယ်စားလှယ် ဖြစ်ရပေမည်။ သို့မဟုတ်ပါက သူ့ကို ဤလေသံမျိုးနှင့် စကား ပြောလိမ့်မည် မဟုတ်ပေ။
"ခင်များဘာ ခင်များ ဖြတ်ချင်သာဖြတ်..ကျုပ်က ငွေရှားနေတဲ့ ကောင်လည်းမဟုတ်ဘူး..."
"အိုး..ကောင်လေး..မင်းကတော်တော် အရွယ်ရောက်လာပြီပေါ့...ယုံချင်ယုံ မယုံချင်နေ ငါမင်းကို DiDi ကနေ ဘန်းလိုက်ပြီ..."
လင်းရီ ပြုံးလိုက်မိသည်။ အတိတ်တွင် ဆိုပါက ထိုခြိမ်းခြောက်မှုမှာ သူ့အပေါ်၌ အလုပ်ဖြစ်လိမ့်မယ်။ သို့သော်လည်း ပစ္စုပ္ပန်က အတိတ်နှင့် ခြားနား၏။
ယခုဆိုလျင် သူက DiDi ၏ ရှယ်ယာ အများဆုံး ပိုင်ရှင် တစ်ယောက်ပင်။ အဘယ်ကြောင့် ကြောက်ရမည်နည်း။
"ခင်များသာ ကျုပ်ကို အလုပ်ထုတ်ရဲရင် အကျိုးဆက်တွေကို စဉ်းစားထားလိုက်တော့..."
လင်းရီ ဆရာကြီးလေသံဖြင့် ခပ်မိုက်မိုက် ပြောလိုက်သည်။