← Chapters

    သူက အသုံး မကျတဲ့ ဒရိုင်‌ဘာလေ     

Vol. 2 Ch. 27

    သူက အသုံး မကျတဲ့ ဒရိုင်‌ဘာလေ     

Vol. 2 Ch. 27

လင်းရီ ခေါ်ဆိုမှုကို ရပ်တန့်လိုက်ပြီး ကျိုကျုံး အဆောက်အအုံသို့ မောင်းနှင်လိုက်သည်။

ထိုနေရာသို့ ရောက်သောအခါ ဂိတ်တံခါးရှေ့ရှိ လုံခြုံရေး အ‌စောင့်မှ သူ့ကို နှုတ်ဆက်လိုက်၏။

"ဟဲလို မစ္စတာလင်း..."

"ဟားဟား...ကြိုးစားလှချည်လားဗျ.."

တံခါးစောင့်မှ သူ့ကို ပြုံးပြ၍ ဂိတ်ကို ဖွင့်ပေးလိုက်သည်။

လင်းရီ ‌ဗီလာ နံပါတ်တစ်သို့ ရောက်သောအခါ သက်လတ်ပိုင်းအရွယ် ခပ်၀၀ လူကြီး တစ်ဦးမှ ဂနာမငြိမ်စွာဖြင့် သွားလိုက် လာလိုက် လုပ်နေသည်ကို တွေ့လိုက်ရ၏။

"ဟဲလို မစ္စတာလင်း..ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ..ကျုပ်က ကျိုကျုံးအဆောက်အအုံရဲ့ ဘဏ္ဍာရေးတာ၀န်ခံမန်နေဂျာ ကျိုးရွှမ်ပါခင်ဗျ.... "

"ဟဲလို..."လင်းရီ လက်ဆွဲ နှုတ်ဆက်ရန် သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

"ဟဲလို..ဟဲလို..."ကျိုးရွှမ် လင်းချီ၏ လက်ကို ခခယယ ဖြင့် သေချာနှုတ်ဆက်လိုက်သည်။

ဗီလာကိုးခုကို တစ်ပြိုင်တည်း ၀ယ်လိုက်သည့် သူဌေးကြီးမှာ ထိုမျှ သဘောကောင်းလိမ့်မည်ဟု ထင်မှတ်မထားပေ။

"မစ္စတာလင်း ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု က အိမ်တော်ထိန်းတွေကို ထောက်ပံ့ပေးတဲ့ ၀န်ဆောင်မှုလည်း ပါပါတယ်ခင်ဗျ..ကျွန်တော်တို့ စေလွှတ်မယ့်သူတွေကို စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး စေလွှတ်ပေးလိုက်ပါ့မယ်..."ကျိုးရွှမ် ပြောလိုက်ပြီး

"ဒီကနေ့တော့ ကျွန်တော်ကပဲ ဟောဒီက ဗီလာတွေရဲ့ ပတ်၀န်းကျင်နဲ့ ရင်းနှီးအောင် ခေါ်သွားပေးပါရစေခင်ဗျ...."ကျိုးရွှမ် အနိမ့်ချဆုံး အမူအရာဖြင့် ပြောလိုက်သည်။

"ဒီနား၀န်းကျင်ကို လိုက်ကြည့်ဖို့ အတွက်ကတော့ ခုလောလောဆယ် မလိုသေးဘူး....ကျုပ် နောက် အချိန်ရမှပဲ လိုက်ကြည့်တော့မယ်.." လင်းရီ ပြောလိုက်ပြီး "ခုတော့ အရင်ဆုံး အထဲ၀င်ကြည့်ရအောင်...."

"ဟုတ်..ဟုတ်ကဲ့..ဒီဘက်ကြွပါခင်ဗျ..မစ္စတာလင်း..."

လင်းရီ တံခါးကို ဖွင့်၍ အထဲသို့ ၀င်ကြည့်လိုက်သည်။ ရိုးရှင်းပြီး ခေတ်ဆန်သော ဒီဇိုင်းမှာ သူ၏ အကြိုက်နှင့် အံကိုက်ပင်။ လင်းရီ ဗီလာ၏ အခန်းဒီဇိုင်းကို စိတ်ကျေနပ်မှုရှိ၏။

"မစ္စတာလင်း ဗီလာကိုးခုက စံအိမ်တွေကို အက်လ်ပ် မိုင်းတွင်းထဲက ရတဲ့ သတ္တုတွေနဲ့ တည်ဆောက်ထားတာပါ...ပြီးတော့ လိုဗာရီ၊ ဗာဆလိုင်း နဲ့ နော့ထရီဒိန်းအဲ့တာတွေ အားလုံးကိုလည်း သတ္တုနဲ့ပဲ ပြုလုပ်ထားတာပါ ခင်ဗျ..."

"ဒိဗီလာထဲက ပရိဘောဂတွေအားလုံးကိုတော့ ရှားပါး သစ်တစ်မျိုးဖြစ်တဲ့ မဟော်ဂနီ သစ်သားတွေနဲ့ ပြုလုပ်ထားပါတယ်ခင်‌ဗျ...ကျွန်တော်တို့ ပုံမှန်ဆို ဒီလို ပစ္စည်းတွေကို ဝယ်သူ စိတ်တိုင်းကျ လုပ်ပေးလေ့ မရှိပါဘူးဗျ...."

"ဒါ့အပြင် ကျွန်တော်တို့ အခန်းရဲ့ အလယ်မှာရှိတဲ့ မီးပန်းဆိုင်း ကိုလည်း သဘာ၀ ပုံဆောင်ခဲတွေနဲ့ တပ်ဆင်ထားပြီးတော့ လှေကားရဲ့ လက်ရန်း‌တွေကိုလည်း ရွှေမှုန်စစ်စစ်နဲ့ ဖုံးအုပ်ထားပေးပါတယ်...."

"ပြီးတော့........"

ကျိုးရွှမ် ဗီလာထဲရှိ အရာရာတိုင်းကို အသေးစိတ် ရှင်းပြပေးခဲ့သည်။ အချုပ်အားဖြင့်ဆိုရသော် အားလုံးက ဈေးကြီး၏။

ဗီလာထဲရှိ အရာအားလုံးမှာ ကမ္ဘာပေါ်ရှိ အရည်အသွေး အကောင်းဆုံး ပစ္စည်း များဖြင့် ဆောက်လုပ်ထားသည်။ မူလီ တစ်လုံးပင် ခြွင်းချက်မရှိပေ။

ထိုအခါမှ လင်းရီလည်း လူသားမဆန်ခြင်း၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်သွားတော့၏။

ကျိုးရွှမ်၏ ဦးဆောင်မှုဖြင့် လင်းရီ ဗီလာကို ထိန်းသိမ်းသူများမှာ လွန်စွာ စေ့စပ်သူများ ဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာသည်။

နေ့စဉ် လိုအပ်သော အသုံးအဆောင်များကို ဖြည့်ဆည်း ပေးရုံသာမက လက်ဖက်ရည်၊ ထမင်း၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်၊ လက်ဖက်ရည်၊ ရေနွေးကြမ်း အစရှိသဖြင့် မီးဖိုချောင်သုံး ပစ္စည်းများကိုလည်း စေ့စပ်ကျနစွာဖြင့် အနုစိတ် ပြင်ဆင်ပေးထားသည်။

ဤကဲ့သို့ ၀န်ဆောင်မှုမျိုးမှာ သာမန်အဆင့်အတန်းမြင့် ဗီလာများ ပေးစွမ်းနိုင်သော ၀န်ဆောင်မှု မဟုတ်ချေ။

တကယ့်တကယ်တွင်တော့ ထိုအရာများမှာ နဂိုကတည်းက ပါရှိသော ပစ္စည်းများ မဟုတ်ဘဲ

ဘဏ္ဍာရေး မန်နေဂျာမှ လင်းရီ ဗီလာကိုးခုကို တစ်ပြိုင်တည်း ၀ယ်လိုက်ကြောင်း သိသွားသော အခါမှသာ အထူးတလည် ပြင်ဆင်ပေးထားခြင်းဖြစ်၏။

ကလင်.ကလင်..ကလင်

ထိုအချိန်တွင် ကျိုးရွှမ်၏ ဖုန်းသံ မြည်လာခဲ့သည်။

"အေး အေးအေး..အေး..သိပြီ ငါအရင်ဆုံး မစ္စတာလင်းရဲ့ သဘောထားကို မေးလိုက်ဦးမယ်..."

"င့ါကို မေးမလို့လား..."ကျိုးရွှမ် ဖုန်းချပြီးနောက် လင်းရီ မေးလိုက်၏။

"မစ္စတာလင်း ..ကျွန်တော်တို့ ခင်များအတွက် အဆောတလျင် ပြင်ဆင်ပေးထားတဲ့ အိမ်တော်ထိန်းတွေက ခုလေးတင် အင်တာဗျူး အောင်တာလို့ပါ...ဒီတော့ ဘယ်သူ့ကို ခန့်မလဲဆိုတာကတော့ မစ္စတာလင်း သဘောပါပဲခင်ဗျ..."

"အခုလား...ကျုပ်က ဘာလုပ်ပေးရမှာလဲ...."လင်းရီ မေးလိုက်သည်။

"ဒီနေ့က အင်တာဗျူး နောက်ဆုံးနေ့လေ..ကျွန်တော်တို့ ဘဏ္ဍာရေးရုံးမှာ လူ ၆ ယောက် ရွေးချယ်ထားပြီးပါပြီ...တကယ်လို့ မစ္စတာလင်းသာ အချိန်ရရင် ကျွန်တော်တို့ အတူ တစ်ချက်လောက် သွားကြည့်လို့ရပါတယ်ဗျ...."ကျိုးရွှမ် အပြုံးလေးဖြင့် ပြောလိုက်သည်။

"တကယ်လို့ အချိန်မရဘူး ဆိုလည်း အဆင်ပြေပါတယ်..နောက်နေ့မှ သွားကြည့်ကြတာပေါ့ဗျာ..."

"ရပါတယ်..ကျုပ်လည်း အားနေတာနဲ့ အတော်ပဲ..ခုပဲ သွားကြည့်ကြတာပေါ့..."

"အဲ့တာဆိုလည်း ကျုပ် မစ္စတာလင်းကို အလုပ်ရှုပ်စေမိပြီ...ဒီဘက်ကြွပါခင်ဗျ...."

......

ကျိုကျုံး အဆောက်အအုံ၏ ဘဏ္ဍာရေးငှာနမှာ နှစ်ထပ်တိုက်ကြီး အတွင်း ဖွဲ့စည်းထားသည်။ ဗီလာ အတွင်းရှိ နေထိုင်သူများ၏ ရှုခင်းကို ‌နှောက်ယှက်မှု မရှိရလေအောင် အရောင်းဌာန၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တွင် ဆောက်လုပ်ထားသည်။

ထိုအချိန်တွင်တော့ အစည်းအဝေး ခန်းထဲတွင် ငယ်ရွယ်သော အမျိုးသမီး ငါးဦး ပုံစံကိုယ်စီဖြင့် ထိုင်နေကြ၏။

ထိုအမျိုးသမီးများအားလုံး၏ အသက်မှာ ၂၅ နှင့် ၃၀ ကြားတွင် ရှိကြသည်။

မြင်းမြီးပုံစံ ဆံပင်ကို စုချည်ထားသော မိန်းကလေးမှာတော့ ချစ်စရာကောင်းလှ၏။ ထို့ပြင် တည်ငြိမ်ပြီး အိန္ဒြေရသော မမကြီးများ အပါအ၀င် ခန္ဓာကိုယ်အချိုးအစား လှလှပပဖြင့် မော်ဒယ်ပုံစံ ကောလိပ်ကျောင်းသူများ အစရှိသဖြင့် စတိုင်ကိုယ်စီနှင့် ထိုင်နေကြသည်။

သူမတို့၏ အဓိက ရည်ရွယ်ချက်ကတော့ လင်းရီ၏ ဦးစားပေးမှုကို ရရှိနိုင်ရန်ဖြစ်သည်။ ကံကောင်း ထောက်မ၍ သူမတို့ကိုသာ နှစ်သက်ပါက သူမတို့ ဘ၀တစ်လျှောက်လုံး ဘာမျှ မပူမပင်နှင့် သူဌေးကတော် ထိုင်လုပ်ရုံပင်။

ဒုတိယထပ်တွင်တော့ အမျိုးသမီး တစ်ယောက်နှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး လက်ထောက် မန်နေဂျာ ရုံးခန်း ရှေ့တွင် ထိုင်နေကြသည်။

အမျိုးသားကတော့ အသက်လေးဆယ် အရွယ်ရှိပြီး ကျိုကျုံးအဆောက်အအုံ၏လက်ထောက် မန်နေဂျာ ဖေဟောက်ပင်။

သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော အမျိုးသမီးကတော့ လင်းရီနှင့် မကြာသေးမီကမှ နောင်ဂျိန်ချလုနီးပါး ဖြစ်ခဲ့သော ရွှီရန်ပင်။

"မင်းက ဘာအချိုးချိုးနေတာလဲ..ငါမင်းကို စောစော လာပါလို့ မပြောထားဘူးလား... ဒီလို ကိစ္စကြီးကိုတောင် နောက်ကျရဲတယ်ဆိုတော့ ကျိုးရွှမ်သာ ရှိရင် မင်းတော့ တစ်ခါတည်း အထုတ်ခံရပြီပဲ....

ဖေဟောက်မှ ဒေါသတကြီး ပြောလိုက်သည်။

"ပြောမနေပါနဲ့တော့ အစ်ကိုကြီးဟောက်ရယ်...ကျွန်မ လမ်းမှာ သောက်ချိုးမပြေတဲ့ DiDi ဒရိုင်ဘာနဲ့ တွေ့ခဲ့လို့လေ....အဲ့တာ ကျွန်မတို့ စကားများခဲ့ကြပြီး အဲ့ဒရိုင်ဘာက ကျွန်မကိုတောင် ကားပေါ်ကနေ မောင်းထုတ်လိုက်သေးတယ်..မဟုတ်ရင် အစောကြီးကတည်းကနေ ဒီကို ရောက်နှင့်နေပြီးသား...."

အတိတ်တွင် ရွှီရန် KTV ၌လုပ်ခဲ့စဉ်က ဖေဟောက်မှာ သူမ၏ အဓိက ဖောက်သည်ပင်။

အဘယ်ကြောင့်ဆိုသော် သူက ရက်ရောလွန်း၍ သူမတို့နှစ်ယောက်သား အလွန်လျင်မြန်စွာ ရင်းနှီးသွာကြသည်။ဝီချက်တောင် အချင်းချင်း အပ်လိုက်ကြသေး၏။

၎င်းနောက် ရွှီရန် ဖေဟောက်ကို အလုပ်လျှောက်ခွင့်ရဖို့ အတွက်တောင်းဆိုလိုက်သည်။

ဒါပေမယ့် သူမလည်း နည်းနည်းပါးပါးတော့ ပေးဆပ်လိုက်ရတာပေါ့....

"ကောင်းပြီလေ..ဒီတစ်ခါတော့ ရှိစေတော့..တကယ်လို့ မင်းသာ ဒီအလုပ်ကို ရပြီးသွားရင်တော့ နောက်ထပ် ဒီလို ဖြစ်တာမျိုးကို မလိုချင်ဘူးနော်...."

"စိတ်ပူစရာ မလိုပါဘူး အစ်ကိုကြီးဟောက်ရဲ့..ကျွန်မသာ ဒီအလုပ်ရသွားရင် အစ်ကိုကြီးဟောက်လည်း မနစ်နာစေရပါဘူး...."

"နောက်ဆုံး ဆုံးဖြတ်ချက်က ငါချမှာမဟုတ်ဘူး...ငါကမင်းအတွက် ကောင်းကြောင်းလေး နည်းနည်းပါးပါး ပဲပြောပေးလို့ရပြီး အကြံဉာဏ်တစ်ချို့လောက်ပဲ ပေးလို့ရမှာ ..နောက်ဆုံးကျတော့လည်း မစ္စတာလင်း သဘောပါပဲ..."

ဖေဟောက် မျက်လုံးများ ကျဉ်းမြောင်းလိုက်ပြီး ရွှီရန်ကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်သည်။

"ဘာပဲဆိုဆို မင်းရဲ့ အခြေအနေက တခြား သူတွေထက်စာရင် အသာကြီးပါကွာ..."

"ကျွန်မလည်း အဲ့လိုပဲ ထင်တယ်.....ဟမ့် အဲ့လိုကောင်မတွေက ကျွန်မနဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလားလဲ.."

ရွှီရန် ခေါင်းမေ့ာ ရင်ကော့၍ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

အကယ်၍ သူမသာ ဤအလုပ်ကို ရရှိပါက သူမအတွက် အကျိုးကျေးဇူး လွန်စွာ များပေလိမ့်မည်။

ထိုသို့ဖြင့် တဖြည်းဖြည်း တစ်လှမ်းချင်း အဆင့်တက်သွားရမည်။

ရွှီရန် ထိုကိစ္စများကို တွေးရင်း အပြုံးကို မရပ်နိုင်တော့ပေ။

သူမ တဖြည်းဖြည်းနှင့် ထိပ်ဆုံးကို တက်သွားသည့်အကြောင်းကို တွေးရုံနှင့်ပင် ကျေနပ်နေ၏။

ကလင် ကလင် ကလင်

ဖေဟောက်ဖုန်းသံ မြည်လာ၏။

"ဟုတ်ကဲ့..နားလည်ပါပြီ...."

ရိုးရှင်းစွာ ဖုန်းဖြေကြားပြီးနောက် ဖေဟောက် ဖုန်းချလိုက်သည်။ထို့နောက် မတ်တပ်ရပ်၍ ရွှီရန်၏ တင်ပါးကို ပုတ်လိုက်ပြီး "သွားစို့ ကျိုးရွှမ်က မစ္စတာလင်းကို ခေါ်လာပြီတဲ့..အစည်းဝေးခန်းထဲ အရင်သွားရအောင်..."

"အစ်ကိုကြီး ဟောက် စိတ်မပူပါနဲ့..ကျွန်မရှင့်ကို စိတ်မပျက်စေရပါဘူး..."

"အပြောကြီးပဲ လုပ်မနေနဲ့ .အလုပ်နဲ့ သက်သေပြ"

"သိပါတယ်ဆိုနေ..."

သူတို့နှစ်ယောက် တစ်ဖက်ခန်းရှိ အစည်းဝေးခန်းထဲသို့ အတူလမ်းလျှောက်သွားလိုက်ကြသည်။

ကျန်အမျိုးသမီး ငါးယောက်ကို မြင်သော အခါ ရွှီရန်၏ အမူအရာမှာ ရုတ်ခြည်း အထင်သေးမှုများနှင့် ပြည့်နှက်သွားသည်။ သူမ ထိုမိန်းကလေးများကို ပြိုင်ဘက်လို့ပင် မမြင်ပေ။

မင်တို့ကောင်မတွေက ငါနဲ့ လာယှဉ်ချင်တယ်ပေါ့...ဟဟပဲရမယ်....

ကိုယ့်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်လိုက်ကြပါဦးဟဲ့.....

မိနစ်အနည်းငယ်ကြာပြီးနောက် အစည်း‌ဝေး ခန်းတံခါးမှာ ပွင့်လာပြီး လင်းရီနှင့် ကျိုးရွှမ်တို့ အသီးသီး ၀င်လာကြ၏။

"နင်ပဲ...."

လင်းရီ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ရွှီရန်၏ ဒေါသများ ရုတ်ချည်း လောင်မြိုက်လာသည်။

သူမ ယခုလေးတင် ဖြစ်ခဲ့သည့် ကိစ္စကို တွေးမိသသောအခါ မထိန်းချုပ်နိုင်ပဲ ဒေါသထွက်လာပြန်သည်။

အဲ့‌လို ကောင်စားမျိုးက ဒီကို တကယ်ကြီး လာရဲတယ်ပေါ့...

သူ့မှာ ဘာ သောက်အရည်အချင်းရှိနေလို့လဲ....

ဖေဟောက်ကတော့ စတင် စိုးရိမ်နေ၏။ ဒီကောင်မက ခုမှ ရူးသွားတာလားဟ...

မစ္စတာလင်းကို အဲ့လိုကြီး ပြောရဲတယ်ပေါ့...

"ရွှီရန် မင်းဘာတွေ လုပ်‌နေတာလဲကွ...."

အိမ်တော်ထိန်းတစ်ယောက်၏ အခြေခံ ကျင့်၀တ်မှာ မိမိ၏ ခံစားချက်များကို ထုတ်မပြရန်ဖြစ်၏။

အခု ရွှီရန်က ဒီလိုကြီး အော်ဟစ်ရဲတယ်ပေါ့...ဘယ်လိုတောင် ယဉ်ကျေးမှု မရှိလိုက်လဲ....

"အစ်ကိုဟောက်..သူက ကျွန်မ လမ်းမှာ ဆုံခဲ့တဲ့ ဦးနှောက်မရှိတဲ့ ဒရိုင်ဘာဆိုတာ သူပေါ့...."

All Chapters