ကျီချင်းရန်၏ နှစ်သက်မှု
Vol. 2 Ch. 28
"ဒီကောင်မက ဘာတုန်းဟ..ဘာလို့ ဒီရောက်နေတာလဲ.."လင်းရီ မေးလိုက်သည်။
သူလည်း ရွှီရန်ကို ဤနေရာ၌ လာဆုံလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ကြည့်ရတာတော့ သူမလည်း အိမ်တော်ထိန်းရာထူး လာလျှောက်ပုံပင်။
"ငါဒီကို ဘာလာလုပ်လုပ် နင့်သောက်ပူပါလား..ဟမ် ဘယ်လိုတောင် ငါ့အရှေ့မှာ ပြန်ပေါ်လာရဲတာလဲ ဒီနေရာက ဘယ်လို နေရာလဲဆိုတာ နင်က နားမလည်တာလား...."
ရွှီရန် ရင်ဘက်ရှေ့တွင် လက်ပိုက်၍ မောက်မာစွာဖြင့် ပြောဆိုလိုက်သည်။
သူမကို ဆူဆဲသွားပြီး ကား ပေါ်မှ မောင်းထုတ်လိုက်သည့် မြင်ကွင်းကို ယခုတိုင် မြင်ယောင်နေဆဲဖြစ်ပြီး ပြန်တွေးမိတိုင်း ဒေါသထွက်စမြဲပင်။
ဖြန်း...
ဖေဟောက် ဆက်လက်သည်းမခံနိုင်တော့ပဲ ရွှီရန်ကို ပါးချလိုက်သည်။
"မင်း ရူးသွားတာလားဟ..ဘယ်လိုပုံစံနဲ့ မစ္စတာလင်းကို စကားပြောနေတာလဲ..."
ရွှီရန် ကြက်ေ-သေ-သသွားပြီး "ရှင်...ရှင် ကျွန်မကို ရိုက်တယ်ပေါ့လေ...."
"မစ္စတာလင်းက ကျိုကျုံး အဆောက်အအုံရဲ့ ပိုင်ရှင်ပဲ...ဒီတော့ ငါမင်းကို ဘာကြောင့်ပါးချတယ်လို့ ထင်လဲ...."
"သူ...သူက ကျိုကျုံး အဆောက်အအုံရဲ့ ပိုင်ရှင် ..."ရွှီရန် မေးရိုး ပြတ်ကျသွားပြီး မျက်လုံးများ မှာ ကျွတ်ထွက်လုနီးပါးပင်။
"ဘာ..သူက Didi ဒရိုင်ဘာ မဟုတ်လား..ဘယ်လိုလုပ် ကျိုကျုံး အဆောက်အအုံရဲ့ ရဲ့ ပိုင်ရှင် ဖြစ်နိုင်မှာလဲ..."ရွှီရန် မေးလိုက်သည်။ "ငါဒီကို သူ့ကားနဲ့ လာခဲ့တာလေ..ငါ့ဖုန်းထဲမှာ မှတ်တမ်းတောင် ရှိနေသေးတယ်...."
"Didi မောင်းရင်ကော ကျိုကျုံး ဗီလာကို ၀ယ်လို့ မရတော့ဘူးတဲ့လား....."လင်းရီ ပြန်မေးလိုက်၏။
"ဒါ...."
ရုတ်တရက် ရွှီရန် တစ်ခုခုကို ပြန်အမှတ်ရသွားသည်။
မဟုတ်မှလွဲရော သူမ အစကတည်းကနေ အထင်လွဲနေခဲ့တာလား...
ပန်ဂနီကလည်း သူ့ကားဖြစ်နိုင်ပြီးတော့ DiDi မောင်းနေတာကလည်း ဘ၀ အတွေ့အကြုံ ရဖို့ပဲ နေမှာပေါ့...
"မစ်...မစ္စတာလင်း ကျွန်မ မှားမှန်း သိပါပြီ...ကျွန်မက နိမ့်ကျသူမို့လို့ ကျွန်မနဲ့ ပြိုင်မတုဘဲ နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက်တော့ ပေးပါနော်...."
"ကျိုးရွှမ် အဲ့ကောင်မကို ဒီအခန်းထဲကနေ မောင်းထုတ်လိုက်စမ်းကွာ..ကျုပ် အမှိုက်အနံ့တွေ ရနေတယ်..နံစော်နေတာပဲ..."
"အခြားသော အမျိုးသမီးများလည်း မကူကယ်နိုင်ပဲ ကျိတ်ရယ်လိုက်ကြသည်။ မစ္စတာလင်းက တကယ့်ကို ဟာသဉာဏ်ရွှင်တာပဲ..."
သူတို့သာ ဒီလို အရပ်ရှည်ပြီး ချောမောခန့်ညားတဲ့ သူဌေးအတွက် အလုပ်လုပ်ရမယ်ဆိုရင်တော့ လစာနည်းတောင် ဘာမှ မဖြစ်ဘူး...
"ရွှီရန်..ဒီနေရာက မင်းကို မကြိုဆိုဘူး..ဒီတော့ အလိုက်တသိနဲ့ ကိုယ့်ဘာကိုယ်ပဲ ထွက်ခွာသွားလိုက်ပါ..မဟုတ်ရင်တော့ ကျုပ်တို့ လုံခြုံရေးကို ခေါ်ရလိမ့်မယ်...."
ရွှီရန် နောက်သို့ လှည့်လိုက်ပြီး ဖေဟောက်ကို နောက်ဆုံး ကူကယ်ရာ မြက်ပင်တစ်ခုအနေနဲ့ လှည့်ကြည့်လိုက်သည်။
"ဘာတွေကြည့်နေတာလဲ..ထွက်သွားစမ်း..."
ဖေဟောက် ကျိန်ဆဲလိုက်သည်။ အကယ်၍ မစ္စတာလင်းသာ သူ ရွှီရန်နှင့် ရင်းနှီးကြောင်း သတိထားမိသွားပါက သူပါ ဤဖြစ်ရပ်ထဲ ပါ၀င်သွားလိမ့်မည်။
ဘာမျှ ရှင်းပြမနေတော့ပဲ ဖေဟောက် ရွှီရန်ကို ခေါ်ထုတ်သွားလိုက်သည်။ ထိုမှသာ သူရွှီရန်နှင့် ဘာမျှမသက်ဆိုင်ကြောင်း အကောင်းဆုံး သက်သေပြနိုင်ပေလိမ့်မည်။
ထို့နောက် အစည်းအဝေးခန်းမှာ တခဏမျှ တိတ်ဆိတ်သွားပြီး အလုပ်လာလျှောက်သော အမျိုးသမီးအချို့မှာ ဂနာမငြိမ် ဖြစ်နေကြသည်။
သူမတို့ လင်းရီကို အထင်ကောင်းများ ရရှိအောင် ပြုမူရပေမည်။ သို့မှသာ အလုပ်ရနိုင်မည့်အခွင့်အရေးမှာ ပိုမိုမြင့်မားပေလိမ့်မည်။
"မစ္စတာလင်း ခုလက်ရှိ ငါးယောက်ကတော့ ကျွန်တော်တို့ ဂရုတစိုက် ရွေးချယ်ထားပေးတဲ့သူတွေပါဗျ..."
ကျိုးရွှမ် တလေးတစားနှင့် ပြောလိုက်သည်။
လင်းရီ သူမတို့ ငါးယောက်ကို တစ်ချက်ရှိုးကြည့်လိုက်၏။ ရုပ်ရည်များမှာ မဆိုးလှသော်လည်း စိတ်ဓာတ်ရေးရာ ပိုင်းတွင်တော့ အနည်းငယ် လိုအပ်မှု ရှိနေသေးသည်။
"တစ်ယောက်မှ စိတ်တိုင်းမကျဘူး..."လင်းရီ ခေါင်းရမ်းပြီး ပြောလိုက်သည်။
"သူတို့အားလုံးကို ယွမ် ၅ထောင်ပေးပြီး ပြန်လွှတ်လိုက်တော့..သူတို့ ဒီကို အလုပ်လာလျှောက်တဲ့အချိန်တွေကို အလသဿ မဖြစ်စေနဲ့..ကျုပ်ခင်များကို နောက်ကျ ပြန်ပေးမယ်...."
ကျိုးရွှမ် တိတ်တဆိတ် ခေါင်းရမ်းမိလိုက်သည်။ သူဂရုတစိုက် ရွေးချယ်ထားသော အမျိုးသမီး ငါးယောက်မှာ လင်းရီ၏ အမြင်တွင်တော့ စိတ်ကျေနပ်မှု မရှိပေ။ ချမ်းသာတဲ့သူတွေရဲ့ အကြိုက်ကတော့
တကယ့်ကို ထူးဆန်းတာပဲ......
အမျိုးသမီးငါးယောက်လုံးမှာ အရွေးချယ်မခံရ၍ စိတ်ပျက်သွားကြသော်လည်း လင်းရီမှ လျော်ကြေးအနေနှင့် ယွမ်ငါးထောင် ပေးခဲ့ သောကြောင့် လုံး၀ကြီးတော့ စိတ်ပျက်သွားခြင်းမရှိ။သို့သော်လည်း ဤမျှကောင်းသောနေရာ၌ အလုပ်မရသည်ကတော့ အနည်းငယ် ၀မ်းနည်းဖို့ ကောင်းပေ၏။
.........
လင်းရီ အိမ်သို့ တစ်ယောက်တည်းပြန်လာပြီးနောက် ပတ်ပတ်လည်ကို တစ်ချက်လောက် လျှောက်ကြည့်လိုက်သည်။ ထို့နောက် သူအရမ်း နှစ်ခြိုက်သော ရေနွေးဖြင့် ရေချိုးလိုက်တော့၏။
ဒူ..ဒူ..ဒူ....(မက်ဆေ့စ်မြည်သံ)
ကိုးနာရီ၀န်းကျင်တွင် ကျီချင်းရန် ဝီချက်မှတစ်ဆင့် လင်းရီထံ စာပို့လာ၏။
"ငါ့ကို ကျုံးဟိုင်လုဟွေ့မှာ လာကြိုပေးဦး..ခဏနေဆို ပွဲကပြီးတော့မှာ..."
"အေးအေး လာခဲ့မယ်...."
ဖုန်းချပြီးနောက် လင်းရီ ကားသော့ယူ၍ ဟိုတယ်၏ ကားပါကင်နေရာသို့ လျှောက်သွားလိုက်သည်။
"ချင်းရန် မင်းဘယ်အချိန်ကျ ထွက်လာမှာလဲ..."
လင်းရီ ဝီချက်မှ တစ်ဆင့် စာပို့လိုက်၏။
"အခုပဲ..ငါ့ကို လေးငါးမိနစ်လောက်တော့ စောင့်ပေးဦး ခန်းမထဲမှာ တွေ့တဲ့နေရာမှာ ခဏလောက် ထိုင်ထားလိုက်ဦးနော်..."ကျီချင်းရန် ပြောလိုက်သည်။
"ကောင်းပြီလေ.."
ပျင်းရိစွာနှင့် လင်းရီ ခန်းမထဲတွင် ကော်ဖီ တစ်ခွက်မှာလိုက်သည်။ ထို့နောက် ဖုန်းကို ဖွင့်ကာ အချိန်ဖြုန်းနေလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဓာတ်လှေခါး တံခါး ပွင့်လာပြီး လူ တစ်ဒါဇင်ခန့် ထွက်လာကြသည်။
"ရန်ရန်...ငါတို့တွေ မတွေ့တာတောင် အတော်ကြာနေပြီ...နေရာတစ်နေရာလောက်ရှာပြီး နောက်တစ်ချီလောက် ဆက်မော့ရအောင်လေ..."
ပြောလိုက်သူကတော့ ကျီချင်းရန်အောက် ခေါင်းတစ်လုံးနိမ့်သော ကောင်မလေး တစ်ဦးပင်။ သူမ၏ မျက်နှာမှာလည်း အနည်းကယ် နီရဲနေပြီး သိသာစွာဖြင့် အရက် အများကြီး သောက်သုံးထားပုံရ၏။
"နောက်ကျနေပြီဟ..ငါအခု ပြန်ရတော့မယ်...."
"ဘာတွေ ကြောက်နေတာ...ငါတို့ရဲ့ ကိုယ်ရံတော် တင်းရီနဲ့ဆို ဂိမ်းဆော့ပြီးတာနဲ့ အိမ်ကို လုံလုံခြုံခြုံနဲ့ ပြန်ရောက်ဖို့ ငါအာမခံတယ်..."
၎င်းကိုကြားတော့ သာမန် ၀တ်စုံ၊ ခတိုင်းရား နာရီနှင့် တင်းရီ ပြုံးလိုက်ပြီး
"ရန်ရန် ငါတို့ မတွေ့တာလဲ နှစ်တွေကြာနေပြီ...ဆုံဖို့ဆိုတာလည်း မလွယ်ဘူးလေ.ဒီတော့ ဘာလို့ အတူရှိတုန်း ပျော်စရာလေးတွေ မဖန်တီးကြမှာလဲ...အနာဂတ်ကျ ငါတို့ ဒီလိုအခွင့်အရေးမျိုး ရချင်မှ ရတော့မှာ..."
"ငါအိမ်ပြန်ရောက်ရင် တခြား လုပ်စရာလေးတွေ ရှိသေးတယ်ဟ..ပြီးတော့ ငါက ကားလည်း ခေါ်ပြီးသွားပြီ..."
"ကား...Didi လား..."
"အွန်း..."ကျီချင်းရန် ခေါင်းညိမ့်လိုက်သည်။
"ရန်ရန် Didi ကအခုတလော မလုံခြုံဘူးနော်.."အရပ်ပုသည့် မိန်းကလေး တစ်ယောက်မှ ပြောလိုက်ပြီး "သတင်းတွေထဲမှာ ကြေညာထားတာလဲ ခဏခဏပဲ..တကယ်လို့ သူတို့က ကြည့်ကောင်းတဲ့ မိန်းကလေးတွေ တွေ့ရင် မတော်မတရား လုပ်ဖို့ ကြံကြတယ်လို့ ပြောနေကြတာပဲ..."
"ငါလည်းအဲ့သတင်းကို ဖတ်ပြီးပြီ..."
အခြားမိန်းကလေး တစ်ယောက်မှ ပြောလိုက်ပြီး "ချင်းရန် နင့်ရဲ့ ဘော်ဒီရဲ့ ရုပ်ရည်နဲ့ဆို ရိုးသားကြိုးစားတဲ့ Didi ဒရိုင်ဘာဆိုရင်တောင်မှ မကောင်းတဲ့အတွေးတွေ ရှိမနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...ငါ့အထင်တော့ နင့်ကို တင်းရီလိုက်ပို့တာ ပိုကောင်းမယ်နော...."
သူမတို့ ကျောင်းသားဘ၀တုန်းက ကျီချင်းရန်နှင့် တင်ရိတို့မှာ လုံး၀ လိုက်ဖက်သည့် အတွဲများကဲ့သို့ပင်။ ယခုတော့ သူမ၏ ချစ်လှစွာသော သူငယ်ချင်းကြီးများက အောင်သွယ်တော်များ ဖြစ်ချင်နေကြပြန်သည်။
"စိုးရိမ်ဖို့မလိုဘူး...Didiမောင်းတဲ့သူကလည်း ငါ့ရဲ့ သူငယ်ချင်းပဲ...."ကျီချင်းရန် စိတ်ပူစရာ မလိုကြောင်း ရှင်းပြလိုက်သည်။
"ရန်ရန် နင်က လုံး၀ အံ့ဩစရာပဲ..ဒီလို အဆင့်အတန်းမျိုးက သူနဲ့ ရင်းနှီးတယ်ဆိုတော့...."
ကျီချင်းရန်၏ အတန်းဖော်များကတော့ သူမ၏ အပြုအမူကို လုံး၀ နားမလည်နိုင်ခဲ့ကြပေ။
ကျော်ကြားသည့်ကျောင်းမှ ဘွဲ့ရခဲ့ပြီး မိသားစုအတိုင်းအဝိုင်းမှာလည်း ချမ်းသာသည့်အပြင် စီးပွားရေးလုပ်ငန်းလည်း လုပ်သမျှ အဆင်ပြေနေသော သူမက အဘယ်ကြောင့် Didi မောင်းသည့်သူနှင့် ရင်းနှီး နေရသနည်း။
အဲ့လို အောက်ခြေသိမ်း အလုပ်သမားတွေနဲ့ ရင်းနှီးဖို့ဆို လုံး၀ မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ....
ကျီချင်းရန် ခေါင်းညိမ့်၍ ပြုံးလိုက်ပြီး ဘာတစ်ခွန်းမျှ ပြန်မပြောပေ။ ထိုအစား အနီးတစ်ဝိုက်သို့သာ လှည့်ပတ်ကြည့်လိုက်၏။
ထို့နောက် သူမ ဆိုဖာပေါ်တွင် ထိုင်နေသော လင်းရီကို တွေ့သွား၏။
"လင်းရီ..."
ကျီချင်းရန် သူ့ထံသို့ လျှောက်လာသည်ကို မြင်သောအခါ လင်းရီ မတ်တပ်ရပ်လိုက်သည်။
"သွားစို့လေ..."
"ရန်ရန် သူက နင့် သူငယ်ချင်းလား...."
ကျီချင်းရန်၏ အတန်းဖော်များကတော့ သူမတို့ လင်းရီကို မြင်သောအခါ ရင်သပ်ရှုမောဖြစ်သွားကြသည်။
ထိုသူမှာ ချောမောလွန်း၍ C အဆင့်နှင့်ပင် ပွဲဦး ထွက်နိုင်၏။
"ရန်ရန် သူနဲ့ သူငယ်ချင်းဖြစ်တာ မဆန်းတော့ဘူးလေ...ဘာလို့လဲဆိုတော့ အဲ့ကောင် လေးက လည်း အရမ်းကို ချောတာကိုး....."
"အွန်း...ငါဆိုရင်လဲ အဲ့လိုကောင်လေး မျိုးနဲ့ သူငယ်ချင်း လုပ်ရဖို့ ၀န်မလေးဘူး...."
မိန်းကလေးအချင်းချင်း တီးတိုးတီးတိုး ပြောနေကြသည်ကို မြင်သောအခါ လင်းရီလည်း နေရခက်လာ၏။
"ဘာပဲဖြစ်ဖြစ် မင်းတို့က နာမည်ကြီးကျောင်းဆင်းတွေမဟုတ်လား ..ဒီလိုကြီး ယောက်ျားတစ်ယောက်အရှေ့မှာ အပြောဆိုလေး ဘာလေးတော့ ဆင်ခြင်ကြဦးမှပေါ့ကွ...."
ပြောလိုက်သူကတော့ ဝူရုန်ပေါ်ပင်။ ဝူရုန်ပေါ်မှာ ကောလိပ်တက်စဉ်က တင်းရီ၏ အရင်းနှီးဆုံး အခန်းဖော်သူငယ်ချင်းလည်း ဖြစ်၏။
"ငါတို့က ဒီတိုင်း သဘောကျရုံလေးတင်ပါနော်...."
"ရုပ်ချောတော့ကော ဘာများ သုံးစားလို့ရမှာမလို့လဲ..."
ဝူရုန်ပေါ် ဆိုလိုက်ပြီး "ဘယ်လောက်ပဲ ချောချော DiDi ဒရိုင်ဘာက Didi ဒရိုင်ဘာပဲ"
"Didi ဒရိုင်ဘာဖြစ်တော့ကော မင်းလုပ်စာ ထိုင်စားနေလို့လားကွ.... "လင်းရီ ပြန်မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး.."ရုန်ပေါ် ဝံပုလွေ အပြုံးဖြင့် "ကျီချင်းရန်ရဲ့ သူငယ်ချင်း ဖြစ်ရတာ မင်းအတွက် တော်တော်လေး ကံကောင်းမှာပဲပေါ့...."
"သူငယ်ချင်း ဖြစ်တော့ကော ဘာဖြစ်နေလို့လဲ..ငါက ဖိနပ်လျက်တဲ့ကောင် (ဖော်လံဖား) လဲမဟုတ် ..."
"ချင်းရန် မင်းရဲ့ သူငယ်ချင်းဆိုတဲ့ကောင်က ရုပ်လေးတော့ မဆိုးပါဘူး..ဒါပေမယ့် သူ့ရဲ့ စရိုက်ကတော့ သူ့ အဆင့်အတန်းလိုပါပဲလားဟ...."ရုန်ပေါ် ပြုံးလိုက်ပြီး "Didi မောင်းနေတာတောင်မှ လေကတော့ တစ်စက်မှ ကို မလျော့တာ....."