Didi က ဒီတိုင်း အပျော်မောင်းတာ
Vol. 2 Ch. 29
ကျီချင်းရန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး
"သူက ချမ်းလည်း ချမ်းသာတယ်...."
"ချင်းရန်..မနောက်စမ်းနဲ့..Didi မောင်းတဲ့သူက ဘယ်လောက်များ ချမ်းသာနိုင်မှာမို့လို့လဲ...."
ရုန်ပေါ်မှ ပြောလိုက်၏။
"အစ်ကိုရီရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူ့ကို အသာလေး ကြိတ်ချေပစ်လိုက်လို့ရတယ်...."
"မင်းတို့ကောင်တွေ ဘာပြောနေကြတာလဲ..."တင်းရီ ပြောလိုက်ပြီး "သူက ချင်းရန်ရဲ့ သူငယ်ချင်းပဲလေ ..ဘာပဲဖြစ်ဖြစ် ငါတို့က စကားကို ယဉ်ယဉ်ကျေးကျေး ပြောရမှာပေါ့ လိုင်းပေါင်း သုံးရာ့ခြောက်ဆယ်ရှိတယ် တစ်လိုင်းချင်းစီတိုင်းမှာ ချန်ပီယံကိုယ်စီနဲ့...အဆင့်အတန်းမြင့်တဲ့ အလုပ်နဲ့ နိမ့်ကျတဲ့ အလုပ်ကြားမှာ ဘာခြားနားချက်မှ မရှိဘူး...ငါတို့ တပါးသူအပေါ် ဘယ်တော့မှ အထင်သေးပြီး မဆက်ဆံသင့်ဘူး...."
"ဟားဟား အစ်ကိုကြီး ပြောတာ မှန်တယ် အဆင့်တန်းမြင့်တဲ့ အလုပ်နဲ့ နိမ့်ကျတဲ့ အလုပ်ကြားမှာ ကွာခြားချက်တော့ မရှိပေမယ့် လစာကတော့ လုံး၀ အကွာကြီးပဲလေ..."ဝူရုန်ပေါ် ပြောလိုက်၏။
"အစ်ကိုကြီးက ဟားဗက်ကနေ PhD. ဘွဲ့ရထားတာနော် သူတရုတ်ကို ပြန်လာပြီးနောက် နောက်ပိုင်းမှာ စွန့်ဦးတည်ထွင် လုပ်ငန်းတစ်ခုက အစ်ကိုကြီးကို သူတို့ကိုယ်တိုင် 60မီလီယမ်လောက်လာ ကမ်းလှမ်းတာနော်...တလောတုန်းကလည်း မာစီးတီး ဘန်ဇက် ကို ၀ယ်လိုက်သေးတယ်...မင်း ဘ၀တစ်သက်လုံး Didi မောင်းတဲ့ ၀င်ငွေနဲ့ဆိုရင် အဲ့လိုကားမျိုး တစ်သက်လုံး မောင်းနိုင်မှာတောင် မဟုတ်ဘူးကွ...ဟားဟား..."
အမျိုးသမီး အုပ်စုမှာ တစ်ယောက်ပြီး တစ်ယောက် ခေါင်းငြိမ့်လိုက်ကြသည်။ထို စကားလုံးများ ကြားရသည်မှာ နားခါးလှစော်လည်း အမှန်တရားဖြစ်၏။
တင်းရီ နိုင်ငံခြားမှ ပြန်လာသည်မှာ သိပ်မကြာသေးသော်လည်း စွန့်ဦးလုပ်ငန်းရှင်များ အသင်းမှ သူတို့သဘောနှင့်သူတို့ လာရောက်ဖိတ်ခေါ်လာခဲ့သည်။ တင်းရီလည်း စကားလုံး အနည်းငယ်ခန့်မျှနှင့် ၆၀ မီလီယမ်လောက်အထိ ရရှိသွား၏။
လင်းရီမှာ ချောမောခန့်ညားလှသော်လည်း သူ့တစ်သက်လုံးတွင် ထိုမျှ များပြားသောငွေကို ရနိုင်ရန် သူ့ဘ၀သက်တမ်း တစ်လျောက်လုံး ကြိုးစားလျင်တောင် ရနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် လင်းကီ၏ စကားလုံးများမှာ အနည်းငယ် မောက်မာလွန်းပေသည်။
ကျီချင်းရန်မှာဆော့ ဆွံ့အသွားပြီး သူမနားထောင်ရင်းပင် အနည်းငယ် ရှက်လာသည်။
အကယ်၍ သူမ၏ အတန်းဖော်များသာ ဤကဲ့သို့သူများ ဖြစ်မည်မှန်း ကြိုသိပါက ကျီချင်းရန် ကျောင်းသားဟောင်းတွေ့ဆုံပွဲကို လာခဲ့လိမ့်မည် မဟုတ်ပေ။
"နောက်တောင်ကျနေပြီ...ပြန်ကြရအောင်လေ..."ကျီချင်းရန် ပြောလိုက်သည်။
လင်းရီတို့နှစ်ယောက် ခန်းမထဲမှ အတူထွက်လာခဲ့ကြပြီး တင်းရီနှင့် ကျန်သူများကတော့ နောက်မှ လိုက်လာခဲ့ကြ၏။
တီ တီ
သူတို့ အပြင်သို့ ရောက်ရောက်ချင်း မာစီးတီး ဘန်ဇက် ၏ ရှေ့မီး လင်းလာသည်။
"ဒီကားက တကယ့်ကို လန်းတာပဲဟ..."
အမျိုးသမီး တစ်ချို့ မအောင့်အီးနိုင်ပဲ နှုတ်မှ ရွတ်မိလိုက်ကြသည်။
"ငါ့ယောက်ျားလည်း ဒီလိုကားမျိုး စီးချင်နေတာလေ..ဒါပေမယ့်လည်း ငွေမလောက်တာနဲ့ပဲ သာမန် အိမ်စီးကားလေးပဲ ၀ယ်လိုက်ရတယ်..."
"လူတိုင်းကတော့ မာစီးတီးဘန်ဇက် စီးနိုင်ဖို့က အမျိုးသားတွေရဲ့ အိပ်မက်ဆိုကြတာပဲ..ကြည့်ရတာတော့ ငါတို့ရဲ့ တင်းရီလည်း အဲ့လိုမျိုးပဲ နေမှာ...."
"ဟားဟား ငါကဒီတိုင်း ၀ယ်လိုက်တာပါကွာ..."တင်းရီ အသေးမွှားကိစ္စလေးကဲ့သို့ ပြောလိုက်ပြီး "အဓိကကတော့ ကားကလည်း အရမ်းကြီး ဈေးကြီးနေတာ မဟုတ်ပဲ ငါရဲ့ ဘတ်ဂျက်အတွင်းမှာပဲ ရှိနေလို့လေ...."
"ဟိုးဟိုး..အစ်ကိုကြီးတင်းရီ ခင်များကတော့ နောက်နေပါပြီ..နှစ်မီလီယမ်တန်ကြေးရှိတဲ့ ကားကိုတောင် ဈေးမကြီးဘူးလို့ ပြောနေတယ်ပေါ့...ကျွန်တော့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား ခင်များက..."
ဝူရုန်ပေါ် စနောက်လိုက်၏။
"ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါနောက်ထပ်နှစ်အနည်းငယ်လောက် အလုပ်ကြိုးစားပြီး ပြိုင်ကား တစ်စင်းလောက် ၀ယ်ချင်တယ်ကွာ..အဲ့တာကမှ ငါ့ရဲ့အဖြစ်ချင်ဆုံး အိပ်မက်ပဲ..."
"ကျုပ်မှတ်မိပါသေးတယ်..ကျုပ်တို့ တက္ကသိုလ်တက်တုန်းက ခင်များ ပန်ဂနီဇွန်ဒါကို အရမ်းကြိုက်တာဆို...၀ယ်ပြီးသွားရင်တော့ ဒီက ညီငယ်လေးကို ပန်ဂနီ စီးရတဲ့အရသာ ဘယ်လိုမျိုးလဲဆိုတာ သိသွားအောင် တစ်ခေါက်လောက်တော့ ပေးစီး သင့်တယ်နော..."ဝူရုန်ပေါ်မှ ပြောလိုက်၏။
"ပန်ဂနီအကြောင်းကတော့ မေ့ထားလိုက်တော့ကွာ..."တင်းရီ နောင်တရ နေသည့် မျက်နှာထားနှင့်ပြောလိုက်ပြီး "son of the wind ပန်ဂနီ အခု ငါတို့ နိုင်ငံမှာ ယွမ် ၂၈ မီလီယမ်ကျော်နေပြီ...တကယ်လို့ ငါ့ဘ၀တစ်လျှောက်လုံး သေမတတ် အလုပ်လုပ်ရင်တောင်မှ ၀ယ်နိုင်မှာ မဟုတ်တော့ဘူး..လမ်ဘိုဂီနီပဲ ၀ယ်လိုက်တော့မယ်ကွာ...ပန်ဂနီအကြောင်းကိုတော့ တွေးတောင် မတွေးရဲတော့ဘူး..."
"ဟျောင့်ရေ ေ-သစမ်းဟ...ဟိုမှာ ပန်ဂနီကြီး ရပ်ထားတယ်ကွ..."
သူ့သူငယ်ချင်းများ၏ အာမေဋိတ်သံကိုကြားသောအခါ တင်းရီလည်း သူတို့နောက်သို့ လိုက်ကြည့်လိုက်သည်။
ထို့နောက် တစ်ဖွဲ့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့၏။
"အိုး..ဘုရားရေ တကယ်ကြီး ပန်ဂနီ ဇွန်ဒါဟ..."
တင်းရီနှင့် အခြားသူတွေ အနီးကပ်သွားလိုက်ပြီး ၂၈ မီလီယမ် တန်ကြေးရှိသော စူပါကားကို ဂရုတစိုက် ကြည့်လိုက်၏။
"တင်းရီ..နင့်ရဲ့ အန္တိမ အိပ်မက်ဆိုတာ ဒီကားလား..."ကောင်မလေး တစ်ယောက်မှ မေးလိုက်၏။
"အဟုတ်ပဲ..."တင်းရီ အားကျနေသည့် လေသံဖြင့် "ဒီကားက 6.0L V12 စူပါ အင်ဂျင် နှစ်လုံးပါပြီးတော့ မြင်းကောင်ရေအား 700 လောက် ရှိတယ်..ပြီးတော့ 3.2 စက္ကန့်ကို 100 လောက်ထိ တက်လို့ရတယ်ဟ.တ-ရုတ်ပြည်မှာတောင် အစီး အနည်းငယ်လောက်ပဲ ရှိတာ..ငါတကယ်ကြီး ကျုံးဟိုင်မှာ တွေ့လိမ့်မယ်လို့တောင် ထင်မထားဘူး...."
"ကျုံးဟိုင်မှာက တိုင်ကွန်းတွေ မှိုလိုပေါတာပဲ..."ဝူရုန်ပေါ် မှ ပြောလိုက်ပြီး "ငါတို့အားလုံးက ကိုယ့်ရဲ့ အလုပ်ကိုယ်စီမှာ အောင်မြင်နေကြတဲ့သူတွေဆိုပေမယ့် တကယ့်ထိပ်တန်း ချမ်းသာတဲ့သူတွေရဲ့ မျက်လုံးထဲမှာတော့ ငါတို့က ဘာမှမဟုတ်သေးဘူး...."
"အင်း.." တင်းရီ ပြုံးလိုက်ပြီး "အဲ့တော့လည်း ငွေနည်းနည်းလောက်ပဲ သုံးပြီး ပန်ဂနီ မ၀ယ်နိုင်ရင်တောင် လမ်ဘိုဂီနီလောက်တော့ ၀ယ်စီးကြတာပေါ့ကွာ...."
"အဟွတ် အဟွတ်..အဟွတ်.."
လင်းရီ သူတို့နောက်မှ နေ၍ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်သည်။
"မင်းတို့ကောင်တွေ ကြည့်နေကြတာလည်း တော်တော်ကြာနေပြီ..ကြည့်လို့၀ရင်လည်း လမ်းဖယ်ပေးလို့ရပြီလား....."
"ဘာလဲ...မင်းလည်း ကြည့်ချင်နေလို့လား..."
ဝူရုန်ပေါ် စနောက်လိုက်ပြီး "သွားလေ သွားကြည့်..ဒါပေမယ့် ထိတော့မထည့်နဲ့ပေါ့..တကယ်လို့ ခြစ်ရာ ထင်သွားမယ်ဆိုရင် ချင်းရန် လျော်ပေးနေရဦးမယ်..."
လင်းရီ သူ့အိတ်ကပ်ထဲမှ ကားသော့ကို နှိပ်လိုက်စောအခါ ပန်ဂနီ၏ ရှေ့မီးများ လင်းလာပြီး ဇင်ယော်ငှက်တောင်ပံများ ပြန့်ကားသကဲ့သို့ ဖြည်းညင်းစွာ ပွင့်လာသည်။
ထိုအချင်းအရာကို မြင်တော့ တင်းရီနှင့် ကျန်သူများ အားလုံး အံ့ဩမှင်တက် သွားကြ၏။
"ဖက်..ဆိုင်းမဆင့်ဗုံမဆင့်ကြီးပါလားဟ..ပိုင်ရှင်က ဒီမှာ ရှိနေတာလားပဲ..."
တင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး "ဖြစ်နိုင်တာက ပိုင်ရှင်က ငါတို့ရပ်ကြည့်နေတာ မကြိုက်လို့နေမှာ ..နောက်ပြန်ဆုတ်ကြရအောင်..."
"ဖြစ်နိုင်တယ်..ကားက သန်း ၃၀ လောက် တန်ကြေးရှိတာဆိုတော့ တစ်ခုခု ဖြစ်သွားရင် ပိုင်ရှင်လည်း စိတ်ကောင်းမှာမဟုတ်ဘူး...ပြီးတော့ ငါတို့လည်း လျော်ဖို့ တတ်နိုင်မှာ မဟုတ်ဘူး..."
"အင်း..အတိအကျပဲ..."
တင်းရီ နှင့် ကျန်သူများနောက်သို့ ဆုတ်လိုက်ကြသည်။ အကယ်၍ သူတို့သာ ပိုင်ရှင်ကို စော်ကားမိသွားပြီး အဟောက်ခံနိုင်သည်။ ကြည့်ရုံမျှဖြင့် အဟောက်ခံရသည်ကတော့ လုံး၀ မတန်ပေ။
"သောက်ကလေး..ပိုင်ရှင်က ဒီနားတစ်ဝိုက်မှာပဲ အဲ့တာကို မင်းက ဘာတွေ လျှောက်လုပ်နေတာတုန်းဟ...မြန်မြန်ပြန်လာခဲ့..ကိုယ့်ကိုယ်ကို အရှက်မခွဲချင်စမ်းနဲ့...."
ကျီချင်းရန် ရှက်လွန်း၍ ေ-သချင်နေ၏။ သူမမှာ ဘာလို့ ဒီလို မောက်မာလွန်းတဲ့ အတန်းဖော်တွေ ရှိနေရတာလဲ.....
"သွားစို့..."
"အိုကေ.."
လင်းရီ နှင့် ကျီချင်းရန်တို့ ကားထဲ အတူ ၀င်လိုက်ကြသည်။
သူမတို့နှစ်ယောက် ပန်ဂနီထဲ ၀င်လိုက်သည်ကို မြင်သောအခါ တင်းရီတို့အုပ်စု အံ့အားသင့်သွားကြ၏။
"သောက်ကလေး..မင်းဘာတွေ လုပ်နေတာလဲဟ..ပိုင်ရှင်သာ တွေ့ရင် မင်းဘယ်လို သေသွားလဲဆိုတာတောင် မသိလိုက်ပဲ ဖြစ်သွားမယ်နော်ဟျောင့်..."
ဝူရုန်ပေါ် ပြောရင်း တန်းလန်း ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ လင်းရီလက်ထဲမှ ကားသော့ကို မြင်တွေ့လိုက်ကြသောကြောင့်ပင်။
သူတို့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာမှာတင် က အေးခဲသွားကြ၏။
"ဒါ..ဒါ မင်းရဲ့ကားပေါ့..."
"ဖြစ်လို့မရဘူးလား...."လင်းရီ မေးလိုက်သည်။
"မင်းက Didi ဒရိုင်ဘာ မဟုတ်လား..ဒီခုခေတ် Didi မောင်းတဲ့သူတွေက ပန်ဂနီတောင် ၀ယ်စီးနိုင်ကြနေပြီပေါ့...."
လင်းရီ ပြုံး၍ပြောလိုက်သည်။
"ဆင်းရဲလို့ရတယ် ..ဒါပေမယ့် ဆင်းရဲတာက မင်းတို့ရဲ့ အတွေးတွေကို အကန့်အသတ် မဖြစ်စေနဲ့...."
တင်းရီတို့ တစ်ဖန် အေးခဲသွားကြသည်။
သူတို့၏ မျက်နှာပေါ်တွင် ကိုးရို့ကားယား အမူအရာများ ဖြစ်ပေါ်နေပြီး တွင်းတူး၍ပင် ပုန်းချင်နေသည်။
ပန်ဂနီနဲ့ Didi ဆွဲတယ်ပေါ့...မင်းတို့ ချမ်းသာတဲ့ သောက်ကလေးတွေက ဘယ်လို ပျော်ရမလဲ သိတာပဲ...
မကြာမီ ပန်ဂနီ၏ ကားရှေ့မီးများ လင်းလာသည်။
"ထင်ထားတဲ့ အတိုင်းပဲ..ချင်းရန်ကိုတောင် ရနိုင်တဲ့သူကတော့ ဘယ်လိုလုပ် သာမန် ဖြစ်နိုင်မှာလဲ....ဟင်း..."
"အဲ့တာပဲလေ ငါပြောချင်နေတာ...ချင်ရန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူမက ဘယ်လိုလုပ် သာမန် Didi ကို စီးမှာလဲတဲ့ ..သူ့ရဲ့ကောင်လေးက သေချာပေါက် ကျိကျိတက် ချမ်းသာတဲ့ သူဌေးသားတစ်ယောပ်ပဲ ဖြစ်ရမယ်...Didi မောင်းတယ်ဆိုတာကလည်း အပျော်သက်သက်ပဲ နေမှာပေါ့...."
......
"လင်းရီ...တောင်းပန်ပါတယ်နော်..သူတို့က မျက်နှာကြီးရာ ဟင်းဖက်ပါတဲ့သူတွေ ဖြစ်နေလိမ့်မယ်လို့ ငါတကယ်ကို ထင်မထားတာ...ကြည့်ရတာတော့ ငွေက သူတို့ရဲ့ ဦးနှောက် ကို ဆေးကြောလိုက်ပြီနဲ့ တူပါရဲ့ဟယ်...."ချင်းရန် တောင်းတောင်းပန်ပန်နှင့် ဆိုလိုက်သည်။
"အဆင်ပြေပါတယ်..."လင်းရီ ဘာမျှ မဟုတ်သည့် ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်ပြီး "ငါတို့ အိမ်ပြန်ကြတော့မလား...."
ကျီချင်းရန် တခဏမျှ စဉ်းစားလိုက်ပြီး "ငါအခုလေးတင် ဝိုင်နီ သောက်ခဲ့တာဆိုတော့ နည်းနည်းလေး မူးနေသလိုပဲ ..ဒီတော့ အရင်ဆုံး လမ်းခဏလောက် လျှောက်ကြရအောင်.."
"ကောင်းသားပဲ..လေလေး လတ်လတ်ဆက်ဆက် ရှူရှိုက်ပြီးတော့ အရက်နံ့တွေ ပျောက်သွားအောင် လုပ်ကြတာပေါ့"
ကျီချင်းရန် ဖုန်းကို ဟိုနှိပ် ဒီနှိပ် လုပ်လိုက်ပြီး "ငါ အော်ဒါတင်ပြီးသွားပြီနော် မြန်မြန် ဖမ်းလိုက်တော့"
"အာ..အိုကေလေ..."
လင်းရီ အစကတော့ သူမကို ဒီတိုင်း လိုက်ပို့ဖို့ စီစဉ်ထား၏။ သို့သော်လည်း သူမက ရက်ရက်ရောရောဖြင့် အော်ဒါတင်လိုက်မှတော့ လင်းရီလည်း သူမ၏ စေတနာကိုငြင်းပယ်မနေတော့ချေ။
ကျီချင်းရန်၏ အော်ဒါက ဖုန်းပေါ်တွင် ချက်ချင်း ပေါ်ထွက်လာပြီး လင်းရီလည်း အမိအရ လက်ခံလိုက်သည်။
[စနစ် မစ်ရှင် : ကြယ်ငါးပွင့် ရီဗျူး လက်ခံရယူခြင်း
ဆုလဒ် : ၁၀၀,၀၀၀ အတွေ့အကြုံမှတ် (၆//၁၀ ]
လင်းရီ သူDidi စပေးစဉ်ကတည်းက ယခုထိ ကြယ်ငါးပွင့် ရီဗျူး ခြောက်ခု ရရှိသွားပြီဖြစ်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။
ယခုတော့ သူ၏ ခုနစ်ခေါက်မြောက် ပြေးဆွဲခြင်းပင်။ အကယ်၍ အရာအားလုံးသာ စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဆိုပါက မစ်ရှင်မှာ မနက်ဖြန်တွင် ပြီးဆုံးလိမ့်မည်။
အတွေ့အကြုံမှတ် တစ်သိန်း ဆိုသည်မှာ အလုပ်ပြီးမြောက်နှုန်း ၁၀% အတွက်ပင်။
ထိုအကြောင်းကို စဉ်းစားလိုက်သည်နှင့် တစ်ပြိုင်နက် လင်းရီ သွေးများ ပူနွေးလာတော့သည်။