← Chapters

သူတို့ ငါ့ရဲ့ကားကို ပိတ်ဆို့ရဲလား...

Vol. 2 Ch. 30

သူတို့ ငါ့ရဲ့ကားကို ပိတ်ဆို့ရဲလား...

Vol. 2 Ch. 30

လင်းရီ ကျီချင်းရန်ကို ကမ်းခြေသို့ ခေါ်သွားရင်း သံစဉ်တစ်ခုကို ညဉ်းနေလိုက်သည်။

ညချမ်းအခါတွင် ကမ်းခြေ၌ လူများစွာ ရှိမနေပေ။ အဖြူရောင် လှိုင်းလုံးကြီးများကသာ လ၏ အလင်းရောင်အောက်တွင် မျက်စိပဒေသာ ရှိ နေပေသည်။

လင်းရီ ကားမောင်းရင်း ညာဘက်သို့ မျှော်ကြည့်လိုက်သောအခါ သူပိုင်ဆိုင်သော ကျိုကျုံး အဆောက်အအုံကို မြင်လိုက်ရ၏။

အကယ်၍ တခြားသူများ ပင်လယ်ကို ကြည့်ချင်ပါက ကမ်းခြေသို့ တကူးတက လာရလိမ့်မည်။ သို့သော်လည်း သူကတော့ ပြတင်းပေါက်လေး ဖွင့်လိုက်ရုံပင်။

လူချမ်းသာတစ်ယောက်ရဲ့ ဘ၀က အတော်လေး ပျင်းဖို့ကောင်းတာပဲကွ.....

"နင့်ခေါင်းကို ဟိုဘက်လှည့်ထား...."

လင်းရီတို့ ကားပါကင် ထိုးပြီးနောက် ကျီချင်းရန် ပြောလိုက်၏။

"ဟမ်..မင်းက ရေကူး၀တ်စုံ လဲချင်လို့လား.."

"ငါ့မှာ ရေကူး၀တ်စုံမှ ပါမလာတာ ဘယ်လိုလဲရမှာ..ခုက ငါ့ရဲ့ ‌စတော်ကင်ကို ချွတ်ပြီး သဲပြင်ပေါ် လမ်းလျှောက်ချင်လို့ဟေ့..."

"မင်းကလည်း စတော်ကင်လေး ချွတ်ချင်တာများ..ဘာလို့ အ၀တ်လဲတော့မယ့် ပုံစံနဲ့ လာပြောနေတာလဲဟ..."

"ငါက စကတ်၀တ်ထားတာလေ..ဒီတော့ နင်ဟိုဘက်လှည့်မှရမှာ..."

"အထဲမှာ အတွင်းခံ မပါဘူးလား...ဘာတွေရှက်နေတာ...."

ကျီချင်းရန် လင်းရီ၏ ခါးကို ဆွဲဆိတ်လိုက်ပြီး "နင်က ငါ့ကို ဘယ်လို လူစားမျိုးလို့ ထင်နေတာလဲ...."

"မင်းတို့ မိန်းမတွေကလည်း တကယ့်ကို ထူးဆန်းတဲ့ သတ္တဝါတွေ...တကယ်လို့ တစ်ယောက်ယောက်ကသာ မင်းတို့ အတွင်းခံ ၀တ်နေတာကို မြင်သွားရင် အဲ့ကောင်ကို တနှာရူး ..ဘာရူး ညာရူး စုံနေအောင် ခေါ်ကြတယ်...ကမ်းခြေမှာကျတော့ မင်းတို့က ဘစ်ကနီ ၀တ်ပြီး ကျန်တဲ့သူတွေ မင်းတို့ကို ကြည့်တာ လိုချင်ကြတယ်...အဲ့တာ မထူးဆန်းလို့လား...."

"အဲ့တာကို အတူတူပဲလို့ ဘယ်သူက ထည့်တွက်လို့လဲ..."ကျီချင်းရန် ပြောလိုက်ပြီး "လူတိုင်းက ကမ်းခြေမှာ ဘစ်ကနီ၀တ်တယ်ဆိုပေမယ့် ငါကတော့ တစ်ခါမှ မ၀တ်ဖူးဘူး...."

"ဘာလို့ ဒီတိုင်း မချွတ်လိုက်တာလည်း ..အဲ့ လိုဆို တစ်ခါတည်း ပြီးသွားတာပေါ့..."

"နှာဘူး..."ကျီချင်းရန် ပြောလိုက်ပြီး "နင်သာ မလှည့်ဘူးဆို ငါ အပြင်ထွက်ပြီး လဲလိုက်မှာနော်..."

"မဟုတ်ဘူး...မင်းကားထဲမှာပဲ လဲလိုက်ပါ..."

ကျီချင်းရန်၏ နှာဘူးလို့ ခေါ်ခြင်းမှ ကင်းဝေးစေရန် လင်းရီ သူတစ်ဖက်သို့ လှည့်ပေးလိုက်ရသည်။

သို့သော်လည်း သူ၏ ကားပြတင်းပေါက်မှာ အလင်းပြန်နေသည်ကိုတော့ ကျီချင်းရန်မသိ။

ကျီချင်းရန် သူမ၏ အနက်ရောင် စတော်ကင်ကို ချွတ်လိုက်သောအခါ နှင်းကဲ့သို့ ဖြူဖွေး သွယ်လျ နေသော ခြေတံလေးများ ပေါ်ထွက်လာ၏။

ဘာလို့ အပြင်ထွက်ခိုင်းရမှာလဲ...ဒီလို မြင်ကွင်းမျိုးကို သူတစ်ယောက်တည်းပဲ ခံစားသင့်တာ...

"သဲသောင်ပြင်ပေါ် လမ်းလျှောက်ကြရအောင်လေ...."

"ကောင်းပြီ...မင်းသဘောပဲ"

သူတို့ ကမ်းခြေသို့ရောက်စောအခါ ကျီချင်းရန် ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်သည်။ ကမ်းခြေရှိ လေညင်းများကလည်း သူမ၏ ဆံပင်ကို တသုန်သုန် တိုက်ခတ်နေပြီး ထိုအခိုက်အတန့်တွင် လင်းရီ

မည်သည့်အရာက ပိုလှလဲဆိုတာ ‌ဆုံးဖြတ်ရခက်နေသည်။ ချင်းရန်လော....ဒါမှမဟုတ် လရောင်အောက်မှ ပင်လယ်ကြီးပေလော....

"စကားမစပ်..ငါနင့်ကို တစ်ခုလောက် ပြောချင်တယ်..."ကျီးချင်းရန် တခဏမျှ လမ်းလျှောက်ပြီးနောက် လင်းရီဘက်သို့ လှည့်၍ ဆိုလိုက်သည်။

"ဘာများလဲ..."

"ခုလေးတင် ငါညစာစားပြီးတော့ အဖေက ပြောနေတယ် ..နင့်ကို အဖိုးရဲ့ မွေးနေ့ပွဲကို ရအောင် ခေါ်လာခဲ့ရမယ်တဲ့...."

"မင်းကော ဘယ်လို ထင်လဲ..."လင်းရီ မေးလိုက်သည်။

"နင်မသွားချင်ဘူးဆိုတာ ငါသိတယ်လေ ဒီတော့ ငါနင့်ကိုယ်စား ငြင်းလိုက်တာပေါ့..ဒါပေမယ့် သူတို့က ဘူးပိတ်ငြင်းပြီး နင့်ကို ခေါ်လာရမှာပဲပြောနေတာ..အဲ့တော့...."ချင်းရန် အရှက်သည်းစွာ ပြောလိုက်၏။

"ဒီတော့ ငါက မင်းရဲ့ ကောင်လေး အဖြစ် ဟန်ဆောင်ပေးရတော့မှာပေါ့..."

ချင်းရန် ရှက်ရှက်နှင့် ခေါင်းညိမ့်လိုက်သည်။

"ဟမ့်...ငါက အမြတ်ထုတ်ခံလိုက်ရ‌တာပေါ့..."လင်းရီ ပြောလိုက်သည်။

"ငါက အမြတ်ထုတ်ခံလိုက်ရတယ် လို့တော့မပြောချင်ပေမဲ့ နင်ကပဲ အရင်ဆုံး ကိစ္စတွေကို ရှုပ်အောင် လုပ်လိုက်တာလေ...."

"ကောင်းပြီလေ..မင်းကလည်း ထိုင်ထလုပ်ဖို့ အများကြီး ကြိုးစားထားရတာဆိုတော့ မင်းကို ကူညီပြီး လိုက်ခဲ့ပေးရတာပေါ့..."

"ဟွန့်..အနည်းဆုံးတော့ နင့်မှာ အသိတရား ရှိသေးတာပဲ..."

တခဏမျှ လမ်းလျှောက်ထွက်ပြီးနောက် ကျီချင်းရန် အများကြီး ပိုကောင်းသွားသလို ခံစားလိုက်ရသည်။

"ပင်လယ်လေညင်းတွေက ညဆို ပိုအေးတယ်..ပြန်သွားကြရအောင်လေ..."

"အွန်း..."

ကျီချင်းရန် သူမဖုန်းကို ကိုင်လိုက်ပြီး "ငါအရင်ဆုံး အော်ဒါတင်လိုက်မယ်...."

"မလိုဘူး..ဒီတစ်ခေါက်က မင်းကို အလကား လိုက်ပို့ပေးမှာ..အရင်ရက်တွေတုန်းက အော်ဒါတွေ အကုန်လုံးကလည်း မင်းတစ်ယောက်တည်းပဲ အားပေးနေတာ ..မင်းဆီကနေပဲ သိုးမွေးတွေ ယူနေလို့မရဘူးလေ.... "

(TL Note: ကိုယ်ကကြည့်ယူနေတယ်လို့ ဆိုလိုချင်တာပါ{ တရုတ်စကားပုံ...})

"ကျွတ်..နင်ကမှ သိုးမွေး.."

သူတို့နှစ်ယောက် အတူ ပြန်လာပြီး ကျီချင်းရန်၏ ယွင်ရွှေဗီလာသို့ ဦးတည်လိုက်သည်။

"အာ...ဘာလို့ ကျိုကျုံး အဆောက်အအုံက ဗီလာကိုးခုလုံးက မီးတွေ လင်းနေရတာလဲ..."ကျီချင်းရန် သိချင်စိတ်ဖြင့် မေးလိုက်၏။

"ပုံမှန်ပဲ မဟုတ်လား..."လင်းရီ ပြောလိုက်ပြီး "မဟုတ်ရင် မှောင်မည်းပြီး ခြောက်ခြားဖို့ကောင်းနေမှာဖို့ဟ...."

"နင်မသိသေးဘူးမလား..."ကျီချင်းရန် ဆရာမကြီး ပုံစံဖြင့်

"ကျိုကျုံးအဆောက်အအုံက ကျုံးဟိုင်မှာ ဈေးအကြီးဆုံး ဗီလာတွေပဲ...တမူထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ဗီလာကိုးခုရှိတယ် ..ဒါပေမယ့် ဈေးအပေါဆုံးကတောင် ယွမ် ၈၀၀ မီလီယမ်ကျော်ကြီးများတောင် ..နှစ်၀က်လောက် ကြိုးစားဆောက်လုပ်ထားပေမယ့် ဈေးကကြီးတော့ ဘယ်သူကမှ မ၀ယ်ချင်ကြဘူးလေ...အဲ့တာကြောင့် ကျိုကျုံး အဆောက်အအုံက ညဆို ဘယ်တော့မှ မီးမလင်းဘူး...ခုလိုမီးလင်းနေတာတော့ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...."

"ငါအဲ့ကိုမောင်းပြီး မင်းကို ခေါ်သွားမယ်လေ..."

လင်းရီ ပြောလိုက်သည်။

"ကောင်းသားပဲ..ဘာပဲဖြစ်ဖြစ် အချိန်ကုန်ရင် ပြီးရော..."ကျီချင်းရန်မှ ပြန်ပြောလိုက်၏။

လင်းရီနှင့် ကျီချင်းရန်တို့ ကျိုကျုံး အဆောက်အအုံထံ ရောက်ချသွားသည်။

"ငါတို့ ကုမ္ပဏီလည်း အရင်တုန်းက ဒီရဲ့မြေနေရာကို လိုချင်လို့ လေလံ ၀င်ဆွဲလိုက်သေးတယ် ဒါပေမယ့် ဘတ်ဂျက်က မလောက်တော့ ပထမ အချီမှာတင် ရှုံးသွားတာပေါ့..ခုလို စံအိမ်ကြီး ဖြစ်လာလိမ့်မယ်လို့တောင် ထင်မထားဘူး..."ကျီချင်းရန် အတိတ်ကို တမ်းတပြီး ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့လည်း မင်းက အမျိုးသမီး စီအီးအိုပဲလေ..အားကျစရာ မလိုဘူး

....ဟုတ်တယ်မလား..."

"ငါက အိမ်ကို အားကျနေတာ မဟုတ်ဘူး..ပြောကြတာတော့ အထဲက ရှုခင်းတွေက အရမ်းကို ရင်သပ်ရှုမောဖို့ ကောင်းပြီး ရှားပါးတဲ့ ပန်းမျိုးစိတ်တွေလည်း အများကြီး ရှိတယ်တဲ့... "ကျီချင်းရန် ဆံပင်ကို လက်ဖြင့် ဘေးသို့ သပ်လိုက်ပြီး "ပြီးတော့ ရှိသေးတယ် ..ရေကူးကန်ထဲက ရေတွေကလည်း သဘာ၀စမ်းရေတွေတဲ့..ဟုတ်မဟုတ်တော့ ငါလည်း သေချာမသိဘူး...."

"ဘာများ ထူးဆန်းနေလို့လည်း..မင်းကိုယ်တိုင်ကြည့်ရအောင် ငါမင်းကို လိုက်ပြပေးမယ်..."

"ရပ် ရပ် ရပ် "ကျီချင်းရန် လင်းရီ ကို တားဆီးလိုက်ပြီး "အဲ့တာက သီးသန့် အဆောက်အဦးနော်..ပြည်သူပိုင် နေရာတွေမဟုတ်ဘူး..နင်က ဒီတိုင်း ၀င်ချသွားလို့ မရဘူးလေ...."

လင်းရီ ပြုံးလိုက်ပြီး "ငါက ပန်ဂနီ ဇွန်ဒါ မောင်းနေတာလေ..ဘယ်သူမှ ငါ့ကားကို မတား‌ရဲစေရဘူး...."

"နင် ပန်ဂနီမောင်းတာလောက်တော့ မပြောနဲ့ Boeing 747 စီးရင်တောင် နင်က ဗီလာကိုးခုထဲက တစ်ခုရဲ့ ပိုင်ရှင် မဟုတ်ရင် တားဆီးခံရမှာပဲ..."

(Note: Boeing 747 က လေယာဉ်ပါ)

"ငါတော့ မယုံပေါင်..."

"နင်ကတော့ ယုံကြည်မှုတွေ လွန်ကဲနေပြီပဲ..."

ကျီချင်းရန် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး "အပြင်ကနေပဲ ကြည့်ကြမယ်...မဟုတ်က ဟုတ်ကတွေ လျှောက်မစဉ်းစားနဲ့..."

"ပြောလို့မရဘူးလေ...တကယ်လို့ ငါ၀င်လို့ရခဲ့ရင်ကော....."

"ဟမ့်..နင်သာ တကယ်ကြီး ၀င်လို့ရခဲ့ရင် နင်မျက်စိအစာကျွေးလို့ရမောင် ရေကူးပြမယ်"

ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

သူမ ကိုယ်လုံးတီးဖြင့် ရေကူးရမည်ဆိုလျင်တောင် ပြဿနာမရှိပေ။ ဘစ်ကနီနဲ့ဆိုတာကတော့ ထည့်ပြောမနေနဲ့တော့....

"အဲ့လိုကြေး ဆိုရင်တော့ ငါတကယ်ကြီး စမ်းကြည့်ရတော့မှာပဲ...."

လင်းရီ အင်ဂျင်စက် နှိုးလိုက်ပြီး ဂိတ်တံခါးဆီသို့ မောင်းနှင်သွားလိုက်သည်။

"နင်ရူးသွားပြီလား..တကယ်ကြီး ၀င်သွားတော့မလို့ပေါ့..."ကျီချင်းရန် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"နင်က ချမ်းသာတဲ့ သခင်လေး မဟုတ်လား..တကယ်လို့ မောင်းထုတ်ခံရရင် ရှက်စရာကြီးနော်...."

"အဆင်ပြေပါတယ်..ငါက မျက်နှာထူတယ်လေ...မောင်းထုတ်ခံရတာလောက်ကတော့ ခေါင်းထဲကို မထည့်တာ..."

"နင်မထည့်လည်း ငါထည့်တယ်လေ..."ကျီချင်းရန် ပြောလိုက်ပြီး "မြန်မြန် ပြန်ကွေ့..ငါက ဒီတိုင်း လျှောက်ပြောနေတာဟ..ဘာလို့ အတည်ကြီးတွေ လုပ်နေတာတုန်းဟဲ့...."

"မင်းပဲပြောတော့ ငါ့မျက်စိ အစာကျွေးလို့ ရမယ်ဆို .. အတည်မယူရအောင်လည်း ငါက ဘုန်းကြီးမှ မဟုတ်တာ"

"နင်..နင် နှာဘူး..."ကျီချင်းရန် ပျက်ရယ်ပြုလိုက်ပြီး "ကြိုက်သလောက်ကြိုးစားလေ..နင်၀င်ဖို့ လမ်းစမရှိဘူး..."

"မကြိုးစားကြည့်ပဲ ဘယ်လိုလုပ် သိမှာ...."

ကျီချင်းရန် ဆွံ့အသွား၏။

သူမထိုအကောင်ကို ဆက်လက် မဖြောင့်ဖြနိုင်တော့ချေ။

သကောင့်သားက ယုံကြည်မှု လွန်ကဲလွန်း၏။

သူကတော့ အကြီးကြီး သွားရှုပ်မိတော့မယ်...

လင်းရီ ကျိုကျုံး အဆောက်အအုံ၏ ၀င်ပေါက်သို့ ရောက်ခါနီး သောအခါ ကျီချင်းရန် ၏ နှလုံးမှာ လည်ချောင်းသို့ ရောက်လုနီးပါးပင်။

သူမ ရှေ့ဆက် ဘာဖြစ်မည်ကို မသိသော်လည်း ကောင်းသည့်အရာ ဖြစ်လိမ့်မည်လို့တော့ မျှော်လင့်မထားပေ။

ထိုအခိုက်အတန့်တွင်တော့ တာ၀န် အခန်းထဲမှ လူတစ်ဒါဇင်ခန့် ပြေးထွက်လာသည်။ သူတို့အားလုံး လုံခြုံရေး ၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာ‌တွင်လည်း လေးနက်သော အမူအရာများ သယ်ဆောင်ထားကြ၏။

ကျီချင်းရန်၏ နှလုံးခုန်နှုန်းကတော့ တစထက်တစ ပိုမိုလျင် မြန်လာသည်။

ကျိုကျုံးအဆောက်အအုံက စည်းကမ်းအရမ်းတင်းကြပ်တာပဲ..သူတို့က လင်းရီကို တားဖို့ လူအုပ်လိုက်ကြီးတောင် စေလွှတ်လိုက်တယ်ပေါ့...

တကယ်လို့ လင်းရီက သူတို့နဲ့ ချရင် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ....

ထိုအချိန်တွင်တော့ လုံခြုံရေးအစောင့် တစ်ဒါဇင်ထက်ပိုသော လူများမှာ နှစ်တန်းခွဲ၍ ရပ်လိုက်ကြပြီး သူမတို့

၀င်လာသည်ကို အလေးပြု နှုတ်ဆက်နေကြ၏။

ပို၍ အံ့ဩဖို့ကောင်းသည်မှာ တံခါးက အလိုအလျောက် ပွင့်လာပြီး မည်သူမျှ သူမတို့ကို တားဆီးရန် ရောက်မလာခဲ့ပေ။

All Chapters