← Chapters

         ငါက ကျိုကျုံး အဆောက်အအုံ တစ်ခုလုံးကို ၀ယ်လိုက်တာလေ...     

Vol. 3 Ch. 31

         ငါက ကျိုကျုံး အဆောက်အအုံ တစ်ခုလုံးကို ၀ယ်လိုက်တာလေ...     

Vol. 3 Ch. 31

ကျီချင်းရန် ကြက်‌ေ-သ‌ေ-သသွား၏။

ဒါကြီးက ဘာလို့ သူမ စိတ်ကူးထားတာနဲ့ တခြားစီ ဖြစ်နေတာလဲ....

"တံခါးက ဘာလို့ ပွင့်လာတာလဲ...ပြီးတော့ ဒီလူတွေကလည်း ဘာကိစ္စနင့်ကို ဦးညွတ်နေကြတာလဲ..."

"သိဘူးလေ...ငါ ပန်ဂနီ မောင်းခဲ့လို့နေမှာပေါ့..."

ကျီချင်းရန် လုံး၀ ဆွံ့အသွား၏။

ကျိုကျုံးအဆောက်အအုံက ကျုံးဟိုင်မှာ လုံခြုံရေး အတင်းကြပ်ဆုံး အဆောက်အဦး မဟုတ်လား...

လင်းရီက ပန်ဂနီ မောင်းတာနဲ့ပဲ သူတို့က ၀င်ခွင့်ပြုလိုက်တယ်ပေါ့....

အဲ့တာကြီးက မလွန်လွန်းဘူးလားဟ....

ဗီလာဧရိယာထဲသို့ ‌မောင်းနှင်ပြီးနောက် လင်းရီ ကားပါကင် ထိုးမည့်နေရာရှာပြီး ကျီချင်းရန်ကို လမ်းလျှောက်ထွက်ရန် ခေါ်သွားဖို့ ပြင်ဆင်လိုက်သည်။

မှောင်နေပြီး ဖြစ်သော်လည်း ဗီလာတစ်ခုလုံး လင်းထိန်နေသောကြောင့် ရှုခင်းများ ကြည့်ရှုခြင်းကို အနှောက်အယှက် မဖြစ်ခဲ့ပေ။ ထိုအစား တိတ်ဆိတ်ငြိမ်းချမ်းသော ခံစားချက်ကို ရရှိစေသည်။

"သွားစို့ ...မင်းပဲ လျှောက်ပတ် ကြည့်ချင်တယ်ဆို...."

ကျီချင်းရန် တကယ့်လက်တွေ့ကို လက်ခံနိုင်ရန် အချိန်အနည်းငယ်ခန့် ယူလိုက်ရသည်။

ကားထဲမှ ထွက်ပြီးနောက် သူမ၏ မျက်လုံးများကို ဗီလာထဲရှိ လှပသော ရှုခင်းများက ဆွဲဆောင်သွားတော့၏။

ဗီလာထဲတွင် ရပ်နေရသည့် ခံစားချက်က အပူပိုင်းမိုးသစ်တောထဲ ရပ်နေရသည့်ခံစားချက်နှင့် တူညီ နေသည်။ ထိုခံစားချက်ကို ဘီလီယမ်များစွာ ပေးလျင်တောင် သူမ လဲလှယ်နိုင်မည် မဟုတ်။

"လင်းရီ ကြည့်လိုက်ဦး...ဟိုမှာ အသီးသီးနေတယ်..."

ကျီချင်းရန် သစ်သီးကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ကလေးလေးတစ်ယောက်ကဲ့သို့ လင်းရီကို ပြောလိုက်သည်။

သူမ အပင်ပေါ်၌ အသီးသီးနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"ဘာများ ထူးဆန်းလို့လဲ ...မင်းလိုချင်ရင် ငါတက်ခူးပေးမယ်လေ....(ကောင်းကင်ကကြယ်ဆိုရင်တောင်မှပေါ့)"

ကျီချင်းရန် ခေါင်းရမ်းလိုက်ပြီး "ငါက မစားချင်ဘူး...ဒီတိုင်းပဲ ကြည့်ချင်တာ...."

သူတို့နှစ်ယောက် ရှေ့သို့ ဆက်သွားလိုက်ကြပြီး တအောင့်မျှ ကြာသောအခါ ငါးမီတာမျှ ကျယ်၀န်းသော လူလုပ် မြစ်လေးတစ်စင်းကို တွေ့လိုက်ရသည်။

သေသပ်လှပစွာ တည်ဆောက်ထားသော သစ်သားတံတားလေး‌၏ အောက်ဘက်တွင် ရွှေငါးလေးများက အုပ်စုလိုက် ရေကူးနေကြသည်။ ထိုမြင်ကွင်းကို ကြည့်မိသူတိုင်း တည်ငြိမ်အေးချမ်းသော သဘာ၀အလှကို ခံစားမိမှာ မလွဲဧကန်ပင်။

လင်းရီ ထိုငါးနှင့် ပတ်သက်၍ အကြောင်းစုံကို ဖတ်ရှုဖူးသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ဂျပန်မှ တင်သွင်းလာသော ငါးဖြစ်ကြောင်း ဒက်ကနဲ သိ၏။

အကောင်ကြီးသော ငါးများကို အနည်းဆုံး ဒေါ်လာ တစ်သိန်းနှင့် ရောင်းချလေ့ရှိကြသည်။

ကန်ထဲ၌ ငါးအရေအတွက်မှာ မနည်းသောကြောင့် မီလီယမ် အနည်းငယ်‌ခန့်တော့ ကျသင့်နိုင်၏။

လူလုပ်မြစ်လေးကို ဖြတ်သန်းပြီးနောက် ၃၀၀ စတုရန်းမီတာ ကျယ်သော ရေကူးကန်ကြီးတစ်ကန် လင်းရီတို့ နှစ်ယောက်၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။ ၎င်းရေကူးကန်ကတော့ ကျုံးဟိုင်ရှိ အကြီးမားဆုံးသော ရေကူးကန်ကြီးပင်။

"အဟမ်း..ဥက္ကဌကျီ တကယ်လို့ ကျွန်တော်သာ အထဲကို ၀င်လာနိုင်ခဲ့ရင် ကျွန်တော့ရှေ့မှာ ရေကူးပြမယ်လို့ ပြောခဲ့တယ်နော် ..ခုက ကတိကို တည်ဖို့ အချိန်ကောင်းလို့ မထင်ဘူးလား...."

အာ....

ကျီချင်းရန် ရှက်လွန်း၍ မျက်နှာများမှာ နီရဲနေပြီး ခေါင်းပင် မဖော်ဝံ့တော့ချေ။ သူမကိုယ်တိုင်တောင် ကမ္ဘာကြီးက ရည်ရွယ်ချက်ရှိရှိ အငြိုးထားနေသလားဟု ခံစားလာရ၏။

သူမတို့ ပန်နီဆူလာ ဟိုတယ်သွားသည့်အချိန်တုန်းကလည်း ထင်မှတ်မထားစရာများ ဖြစ်လာခဲ့သည်။ ယခုလည်း အရင်တစ်ခေါက်ကဲ့သို့ပင်။

ဘယ်လို ငရဲလဲဟ....

ငါက အမျိုးသမီး ဆိုတော့ ငါ့ရဲ့ အိန္ဒြေသိက္ခာလေးကိုတော့ ထိန်းသိမ်းချင်သေးတယ်လေ...

"ရေကူး ၀တ်စုံ မရှိဘဲနဲ့ ဘယ်လိုရေကူးပြရမှာလဲ..နောက်ရက်မှ ထပ်ပြောကြတာပေါ့..."ကျီချင်းရန် ပြုံး၍ ချစ်စရာကောင်းသည့် ပုံစံဖမ်းရင်း ပြောလိုက်သည်။

သို့သော်လည်း ကြည်လင်သန့်ရှင်းနေသော ရေကူးကန်ကို မြင်သောအခါ သူမလည်း ရေကူးချင်စိတ်များ ဖြစ်ပေါ်လာ၏။

သူမနောက်ဆုံး ရေကူးခဲ့သည်ပင် အတော်လေးကြာပြီ ဖြစ်သည်။ ထို့ကြောင့် ရေကူးစကေးများက သံချေးတက်ချေပြီလားတောင် မသိတော့ချေ။

ယင်းကလည်း သူမငြင်းဆန်ရသည့် အကြောင်းပြချက်များထဲမှ တစ်ခုပင်။

"အဆင်ပြေပါတယ်..ငါမှတ်စုစာအုပ်ထဲ ထည့်မှတ်ထားလိုက်ဦးမယ်...နောက်မှ ပြောကြတာပေါ့..."

"မပူပါနဲ့..ငါကျီချင်းရန်က ကတိတည်တဲ့ အမျိုးသမီးပါဟ..ဒါပေမယ့် နင်က မှတ်စုစာအုပ်နဲ့ ရေးမှတ်လိမ့်မယ်လို့တော့ ထင်မထားဘူး...ဟွန့် နင်တို့ ယောက်ျားတွေအကုန်လုံးက နှာဘူးတွေ ကြည့်ပဲ...."

"ဟေး ဟေး ဟေး မင်းဒေါသတွေကို ငါ့အပေါ် ပုံမချနဲ့လေကွာ..ငါက ဒီတိုင်းမင်းကို ကတိတည်တဲ့ အမျိုးသမီး ဖြစ်အောက် ကူညီပေးချင်ရုံ သက်သက်ပဲ...."

"ကျွတ် "ကျီချင်းရန် ပြောလိုက်ပြီး"ဒီနေရာကြီးက တအား ကြီးလွန်းတယ်...ငါတို့ခဏလေးနဲ့ ပြီးအောင် လည်နိုင်မယ့်ပုံ မပေါ်ဘူး ကားဆီပဲ ပြန်သွားကြရအောင်...."

"ငါတို့ ရောက်နေပြီးသား မဟုတ်လား...ဗီလာထဲ ၀င်ပြီး တစ်ချက်လောက် မကြည့်တော့ဘူးလား...."

လင်းရီ မေးလိုက်သည်။

သူတို့ လမ်းလျှောက်ရင်း တံခါး‌နားတောင် ရောက်နေပြီးမှတော့ လင်းရီ ပြန်မလှည့်ချင်တော့ပေ။

ကျိုကျုံး ဗီလာနှင့် ယွင်ရွှေဗီလာသို့ သွားချင်ပါက နာရီ၀က်ခန့် အချိန်ပေးရသည်။ အကယ်၍ အချိန်သာ ရှိပါက သူ လှည့်ပတ် ကြည့်ချင်သေးသည်။

"ဗီလာထဲ သွားမယ်..."ကျီချင်းရန် အံ့ဩသွားပြီး..."နင့်ရဲ့ မဟုတ်က ဟုတ်က အတွေးတွေကို ဘေးခဏ ချိတ်ထားလိုက်ဦး ငါတို့ ခြံ၀န်းထဲ ၀င်ခွင့်ရတာတောင် ကံကောင်းလွန်းနေပြီ ..ဒါပေမယ့် ဗီလာထဲ ၀င်မယ်ဆိုရင်တော့ အဲ့တာက ပိုင်နက်ကျူးလွန်မှု ဖြစ်သွားပြီဟ...သတိလည်းထားဦး အဖမ်းခံနေ‌ရဦးမယ်..."

"‌ဗီလာထဲမှာ တစ်ယောက်မှလည်း မရှိဘဲနဲ့...မင်းက ဘာတွေ လန့်နေတာ..."လင်းရီ ပြောလိုက်ပြီး "အသက်-နှစ်ဆယ့် ဘယ်လောက် က တအား ကြောက်တတ်တာပဲ...."

ကျီချင်းရန် ပြောစရာစကား ကင်းမဲ့သွားသည်။ "ဒါက ကြောက်တာနဲ့ ဘာမှ မဆိုင်ဘူး...အဲ့ဒါက ဥပဒေကို ‌ချိုးဖောက်နေတာနော် ဟုတ်ပြီလား...."

"ကျိုကျုံး အဆောက်အအုံက ကျိုးဟိုင်မှာ ဈေးအကြီးဆုံး ဗီလာလို့ မင်းမပြောဘူးလား....မင်းကိုယ်တိုင် အထဲ ဝင်မကြည့်ချင်ဘူးလား...."

"ဒါပေါ့ ကြည့်ချင်တာပေါ့..."ကျီချင်းရန် စသလို နောက်သလိုနှင့် "ဒါပေမယ့်လည်း ဒီတိုင်း သဘောတရား သက်သက်ပဲလေ..ငါကတော့ မကောင်းတဲ့ အလုပ်တွေဆို မလုပ်ချင်ဘူး...ဒါပေမယ့် နင်သာ အဖမ်းခံရမယ်ဆိုရင်တော့ ငါ ရှေ့နေ ကူရှာ‌ထားပေးပါ့မယ်နော်....."

"ဟမ့် ငကြောက်မ..."

လင်းရီ ဗီလာ နံပါတ် တစ်ထံ လမ်းလျှောက်သွား၏။

ကျီချင်းရန် အံ့အားသင့်သွား၏။

ဒီကောင်က ရူးပြန်ပြီလားဟ

တကယ်ကြီး ၀င်သွားတယ်...

အခြေနေမဟန်သည်ကို မြင်တော့ ကျီချင်းရန်လည်း

သူမ၏ ဒေါက်ဖိနပ်လေးကို မ၍ လင်းရီနောက်သို့ လိုက်ကာ သူ၏ လက်မောင်းကို ဆွဲထားလိုက်၏။

"နင်က ‌ေ-သချင်နေတာပဲ...တော်ပြီ...ပြန်ကြစို့..."

လင်းရီ မရွေ့ခဲ့ပေ။ ထိုအစား သူ၏ လက်ကို လက်ဗွေပုံစံ နေရာသို့ တင်လိုက်သည်။

တီ (လောခ့်ပွင့်သံ)

အိမ်မှ ကြိုဆိုပါတယ်

ထိုနောက်တွင်တော့ ကမ္ဘာကြီးမှာ တိတ်ဆိတ်သွားတော့၏။

ကျီချင်းရန် လင်းရီကို မယုံနိုင်စွာ ကြည့်လိုက်ပြီး "ဘာ...ဘာ‌တွေ ဖြစ်နေတာလဲလို့...."

"ဘာဖြစ်နိုင်ဦးမှာလဲ...ဒီတိုင်း အိမ်ကနေကြိုဆိုပါတယ် လို့ပဲ ပြောတာလေ..."

"ဒါ..ဒါက နင့်အိမ်ပေါ့...."

"အင်း...မနေ့ကမှ ၀ယ်ထားတာပါဟ...."

ကျီချင်းရန် ရုတ်တရက် နားလည်သွားသည်။လင်းရီ၏ ကားမောင်းလာတာတော့ လုံခြုံရေးအစောင့်တွေ မတားဆီးပဲ ဦးညွတ်ရခြင်းမှာ ကားအကောင်းစား စီးလာခြင်းကြောင့် မဟုတ်ဘဲ လင်းရီမှာ ကျိုကျုံးအဆောက်အအုံထဲရှိ ဗီလာပိုင်ရှင် ဖြစ်သောကြောင့်ပင်။

ကျီချင်းရန် လင်းရီ ခါးကို ဆွဲဆိတ်လိုက်ပြီး စိတ်ဆိုးစွာဖြင့် "နင်က ငါ့ကို လိမ်တယ်ပေါ့လေ...."

"ဘာဆိုင်လို့...နင်မှ မမေးပဲကို..."

လင်းရီ ပြုံးလိုက်ပြီး "အထဲ၀င်ပြီး တစ်ချက်လောက် ကြည့်ကြည့်ရအောင်"

"ငါတော့ နင်က လှည့်စားဖို့ ကြိုးစားနေတယ်လို့ပဲ ထင်တယ်"

ထို့နောက် သူမ လင်းရီနှင့် အတူ အထဲသို့ လိုက်သွားခဲ့သည်။

ကျီချင်းရန် အရင်က ဗီလာ မြောက်များစွာကို မြင်ခဲ့ဖူးသော်လည်း သူမ၏ ယွင်ရွှေဗီလာနှင့် သိပ်မခြားနားဟု ထင်ခဲ့ဖူးသည်။

သို့သော်လည်း ကျိုကျုံး ဗီလာနှင့် နှိုင်းယှဉ်ပါက ယွင်ရွှေ ဗီလာမှာ တစ်ချက်ကြည့်ပြီးသည်နှင့် နောက်တစ်ခေါက် လှည့်ကြည့်ရန်ပင် မထိုက်တန်တော့ချေ။

ဒီနေရာက နံပါတ်တစ်ဗီလာဆိုတဲ့ ဘွဲ့နဲ့ လုံး၀ ထိုက်တန်တယ်

"လင်းရီ နင်ဒီဗီလာ၀ယ်ဖို့ ပိုက်ဆံတွေ တော်တော် သုံးထားရမှာပဲနော်..."ကျီချင်းရန် စပ်စုချင်နေသော ကြောင်ကလေးကဲ့သို့ မေးလိုက်သည်။

"ငါလည်း အတိအကျတော့ မမှတ်မိဘူး...လေးငါး ဘီလီယမ် လောက်ပါပဲ"

အိမ်မှာ စနစ်က ချီးမြင့်ထားသည်ဟုလည်း ပြော၍ မရပေ။ ထို့ကြောင့် လင်းရီ ပါးစပ်ထဲရှိသည့် နံပါတ်ကို သာ လျှောက်ပြောလိုက်၏။

"နင်ညာနေပြန်ပြီ..."

"ဘာလို့ ညာရမှာတုန်း.....ကျိုကျူံးအဆောက်အဦးက ဗီလာတွေက ဘီလီယမ် အနည်းငယ်လောက် မတန်လို့လား...."

"ငါက အိမ်ခြံမြေအကြောင်း နားလည်တယ်နော်...နင်ငါ့ကို ညာလို့မရဘူး..."ကျီချင်းရန် ပြောလိုက်ပြီး

"ဒီက ဈေးအကြီးဆုံး ဗီလာကတောင် ၁.၂ ဘီလီယမ်လောက်ပဲရှိမှာ ..ဘယ်လိုလုပ် ဘီလီယမ် အနည်းငယ်လောက် သုံးဖို့ ဖြစ်နိုင်မှာ...အဲ့လောက်ငွေ ပမာဏနဲ့ဆို ကျိုကျုံး အဆောက်အဦး တစ်ခုလုံးကိုတောင် ၀ယ်လို့ ရနေပြီ...."

"အမှန်ပဲလေ...ငါက ကျိုကျုံး အ‌ ဆောက်အအုံ တစ်ခုလုံးကို ၀ယ်လိုက်တာလေ...."

ကျီချင်းရန် အံ့အားသင့်သွားပြီး သူမ ထက်မြက်သော ဦးနှောက်မှာ တခဏမျှ တွေးခေါ်မှုများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"နင်က ....ဘာ ပြောလိုက်တယ်....ကျိုကျုံး အဆောက်အအုံ တစ်ခုလုံးကို ၀ယ်ပစ်လိုက်တယ်ပေါ့..."

"အိမ်က ၀ယ်ဖို့ဆောက်ထားတာပဲ မဟုတ်လား...ငါ၀ယ်လိုက်တာ ဘာများ ဆန်းနေလို့တုန်းဟ.."

"နင်က ငွေကို လေထဲကနေ ရတယ်များ ထင်နေတာလာ...."

"ဟားဟား လေထဲက ရတာထက်တောင် ပိုလွယ်နေသေး....."

ကျီချင်းရန် ပြန်မငြင်းခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမငြင်းဆိုရန် အကြောင်းပြချက် ရှာမရသောကြောင့်ပင်။

သူ Didi မောင်းပြီး ဘ၀အတွေ့အကြုံ ခံစားချင်နေတာ မဆန်းတော့ပါဘူးလေ...ဒီလောက် ချမ်းသာနေမှတော့ တော်တော်ကြီး ပျင်းဖို့ ကောင်းနေတော့မှာပေါ့.....

"ငါမင်းကို ဒီညလိုက်မပို့တော့ဘူး...ဒီမှာပဲ အိပ်လိုက်တော့...မင်းကြိုက်တဲ့ အခန်းထဲ ၀င်အိပ်လို့ရတယ်...."

"ကောင်းပြီလေ..ဒါဆိုလည်း ငါ ဟန်ဆောင်မနေတော့ဘူး...နင်မနင်ဖြန်ကျ ငါ့ကို အလုပ်တော့ လိုက်ပို့ပေးရမယ်နော်...."ကျီချင်းရန် ပြောလိုက်ပြီး "ဒါနဲ့ နင့်မှာ ညအိပ်၀တ်စုံကော ရှိသေးလား...."

"ငါက ဒီမှာတစ်ယောက်တည်း‌ နေတာဆိုတော့ အမျိုးသမီး ညအိပ်၀တ်စုံတော့ မရှိဘူး ..စိတ်မပူနဲ့ ငါမင်း အိပ်တာကို လာမချောင်းပါဘူး...ဘာမှ မ၀တ်ဘဲ အိပ်ပေါ့"

All Chapters