← Chapters

ငါက ရှယ်ယာရှင်လေ..

Vol. 3 Ch. 33

ငါက ရှယ်ယာရှင်လေ..

Vol. 3 Ch. 33

ယွီလီလီ ကြက်‌ေ-သ‌ေ-သသွား၏။ သူမ နားကြား‌မှာပါစေဟုတောင် တိတ်တခိုး ဆုတောင်းနေမိသည်။

"မန်နေဂျာ၀မ်...ဘာပြောလိုက်တယ်...သူက ဟိုတယ် ပိုင်ရှင်....."

"အမှန်ပဲ...တမြန်မနေ့တုန်းကမှ ဒါရိုက်တာလင်းက ငါတို့ရဲ့ ဟိုတယ်ကို ၀ယ်လိုက်တာ...မင်းက ငါတို့ရဲ့ ဒါရိုက်တာလင်းကို ဘယ်လိုတောင် စော်ကားရဲတာလဲ...မင်းကို ခုချက်ချင်း အလုပ်ထုတ်လိုက်ပြီ..."

လင်းရီ မည်သူဖြစ်ကြောင်း သိရှိသွားသောအခါ လူတိုင်း၏ တစ်ယောက်တစ်ပေါက်သံများက ပလုံစီသွားတော့၏။

"အမယ်လေး ဘုရားရေ...အဲ့ခပ်ချောချောလေးက ပန်နီဆူလာဟိုတယ်ရဲ့ ပိုင်ရှင်ကြီးတဲ့လား...သူက တအားကို ငယ်ရွယ်ပြီး ပိုက်ဆံလည်း ရှိတာပဲဟ"

"ငါတို့ သူ့ကို အထင်လွဲနေကြတာပဲ..အဲ့လောက်ချောမော ခန့်ညားတဲ့ လူငယ်လေးက ဘယ်လိုလုပ် အပျော်လင်လေး ဖြစ်နိုင်မှာလဲ....."

"မျှော်လင့်ထားတဲ့အတိုင်းပဲ ရုပ်ချောတဲ့သူတွေက ထူးကဲသာလွန်တဲ့ အရည်အချင်းတွေ ရှိကြတာပဲ...ငါတို့ကတော့ သူ့ရဲ့ လူကြီးလူကောင်းဆန်တဲ့ နှလုံးသားလေးကို ကျပ်မပြည့်တဲ့ ကောင်မတစ်ယောက်ရဲ့ စကားနားထောင်ပြီးတော့ ဝေဖန်မိနေကြပြီ....."

စားပွဲတစ်နေရာ၌ ထိုင်နေသော စုံတွဲတွင်လည်း ကိုးရိုးကားယား မျက်နှာအမူအရာများ ဖြစ်နေကြသည်။

"အဲ့တာက မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား..သူက အရမ်းကို ကြည့်ကောင်းတဲ့သူလေ ဒါတောင်မှ ကိုကိုက သူ့ကို အပျော်လင်လို့ နာမည်ပေးလိုက်သေးတယ်ပေါ့.. ကိုကို နင့်ရဲ့ စိတ်ပိုင်းဆိုင်ရာက တစ်ခုခုပြဿနာရှိနေပြီနဲ့တူတယ်...ကလေးတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သေချာပြန်စဉ်းစားသင့်နေပြီ....."

ယွီလီလီ လင်းရီကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်သည်။

"လင်း...လင်းရီ...နင်...နင်က တကယ်ပဲ ပန်နီဆူလာဟိုတယ်ရဲ့ ဘော့စ်ကြီးပေါ့....."

ယွီလီလီ အသံမှာ တုန်ခါနေ၏။ သိသာစွာဖြင့် သူမလုံး၀ ကြောက်ရွံ့တုန်လှုပ်သွားခြင်းပင်။

"ထျန်း၀မ်လုံက ငါ ဘယ်သူလဲဆိုတာ ပြောပြီးပြီမလား....သူလိမ်ပြောတယ်လို့များ မင်းထင်နေတာလား...."

"နင့်မှာ အဲ့လောက်ကောင်းတဲ့ နောက်ခံ ရှိတယ်ဆိုရင်လည်း ဘာလို့ ချောင်ရန် အုပ်စုမှာ လာလုပ်နေတာလဲဟ...."

"ဒီတိုင်း အလုပ်အတွေ့ကြုံ ရချင်ယုံ သပ်သပ်ပဲလေ..."

"ကောင်းပြီ..ဘော့စ်လင်းကို သောက်အဓိပ္ပာယ်မရှိတာတွေ မေးမနေနဲ့တော့.. "ထျန်း၀မ်လုံ ဆက်လက်၍ "မြန်မြန် မင်းရဲ့ အထုပ်တွေကို သိမ်းပြီ ဒီနေရာကနေ ထွက်သွားလိုက်.. ကိုယ့်ကိုယ်ကို ဆက်ပြီး အရှက်ကွဲ ခံမနေနဲ့တော့ "

"လင်းရီ ..ငါ့ကိုနားထောင်ပေးပါဦး..ငါချောင်ရန် အုပ်စုမှာတုန်းက နင့်ကို ပစ်မှတ်ထားမိလို့ မှားတယ် ဆိုတာ ငါ၀န်ခံပါတယ် ငါ့ကို နောက်ထပ်အခွင့်အရေး တစ်ကြိမ်လောက်တော့ ပေးပါနော်..လင်းရီနော်..."

"ငါမင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးချင်ပါတယ်...ဒါပေမယ့် ၀မ်ထျန်းလုံက မင်းကို ခေါ်ထားချင်ပါ့မလားတော့ မသိဘူး...."

၀မ်ထျန်းလုံ ကြက်သီး ထသွားသည်။ အကယ်၍ သူသာ ယွီလီလီကို နောက်တစ်ကြိမ် အခွင့်အရေး ပေးလိုက်ပါက သူပါ အထုပ်များထုပ်၍ လစ်ရပေလိမ့်မည်။

"အမြန်လစ်စမ်းကွာ..ပေါက်က‌ရတွေ ပြောပြီး ငါတို့ရဲ့ ဒါရိုက်တာလင်းကို ထမင်းစားပျက်အောင် မလုပ်နဲ့..."

နောက်ဆုံးတွင်တော့ ထျန်းလုံ လုံခြုံရေးအစောင့်များကို ခေါ်၍ မောင်းထုတ်လိုက်သည်။

သူဆက်လက်၍ အချိန်မဆွဲရဲတော့ပေ။

"ဒါရိုက်တာလင်း...ခုလို စိတ်အနှောက်ယှက် ဖြစ်စေမိတဲ့အတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ်ခင်ဗျ.."

"အဆင်ပြေပါတယ်...သူတို့ကိုသာ ဟင်းပွဲတွေ မြန်မြန် လုပ်ခဲ့ခိုင်းလိုက်...ငါ အတော်လေး ဗိုက်ဆာနေပြီ..."

"ဟုတ်ကဲ့ ခင်ဗျ ဟုတ်ကဲ့ ..ကျုပ်ခုပဲ မီးဖိုချောင်ကိုသွားပြီး ဟင်းပွဲတွေ မြန်မြန်ယူလာခဲ့ဖို့ ပြောလိုက်ပါ့မယ်"

လင်းရီ နံနက်စာ သုံးဆောင်ပြီးနောက် Didi ဆွဲရန် ပြင်ဆင်လိုက်သည်။

အော်ဒါနှစ်ခုပြီးတာနှင့် သူ၏ မစ်ရှင်မှာ အောင်မြင်ပြီ ဖြစ်၏။ ထိုအခါ စနစ်ထံမှ ဆုရလိမ့်မည်။

ဟီးဟီ မိုက်လိုက်တာကွာ.....

ကလင် ကလင် ကလင်

လင်းရီ အော်ဒါများ လက်ခံတော့မည် အချိန်တွင် အမည်မသိ ဖုန်းနံပါတ်တစ်ခုမှ သူ့ကို ဖုန်းဆက်လာသည်။

"ဟယ်လို...."

"ဟယ်လို မစ္စတာလင်း ကျွန်မ ကိုယ့်ကိုယ်ကို အရင် မိတ်ဆက်ပေးပါရစေ...ကျွန်မက Didi ရဲ့ဒုဥက္ကဌ ထျန်းရန်ပါ... "

"ဆိုတော့...ဘာကိစ္စလဲ..."

"အဲ့တာကတော့ ..လူကြီးမင်းက မနေ့တုန်းက ကျွန်မတို့ ကုမ္ပဏီရဲ့ ရှယ်ယာ 21% ကို ၀ယ်လိုက်ပြီဆိုတော့ ကုမ္ပဏီရဲ့ ဒုတိယ အများဆုံး ရှယ်ယာရှင် ဖြစ်သွားပြီ ရှင့် ..ဒါကြောင့် ကုမ္ပဏီကိုယ်စား ဆွေးနွေး‌ဖို့ ဖိတ်ခေါ်ချင်လို့ပါ...အဲ့တာ ဘယ်အချိန်လောက်များ အားမလဲ မသိဘူး...."

လင်းရီ Didi ထံမှ ‌ဆက်သွယ်လာသည်ကို သိလိုက်ရသောအခါ အံ့ဩသွားတော့သည်။

စနစ်မှ သူ့ကို ကူညီ၍ ရှယ်ယာ ၂၁% ၀ယ်ပေးထား၏။ လောဂျစ်ကျကျ ပြောရပါက သူတို့အားလုံး လင်းရီကို ဆက်သွယ်ချင်နေကြသည်။

သို့သော်လည်း ယခုလောလောဆယ်တော့ သူတို့နှင့် တွေ့ဆုံရန် အချိန်မရှိသေးပေ။

မစ်ရှင်အောင်မြင်ရန် အော်ဒါ နှစ်ခုသာ လိုအပ်သော ကြောင့် ထိုအော်ဒါများကို အရင်လုပ်ချင်နေသည်။

"ခုလောလောဆယ်တော့ မရသေးဘူး...နောက်မှ ဆက်ပြောကြတာပေါ့...."

"ဟုတ်ကဲ့..နောက်မှ ပြန်ဆက်သွယ်လိုက်ပါမယ်ရှင့်..."

ထျန်းရန် ယဉ်ကျေးလွန်းနေပြီး အချိန်အနည်းငယ်မျှ မဖြုန်းတီးခဲ့ပေ။

အထက်ပိုင်း နေရာတွင် အလုပ်လုပ်သည့် ၀န်ထမ်းတစ်ယောက်အနေနှင့် လင်းရီကဲ့သို့သော ပုဂ္ဂိုလ်များအတွက် အချိန်မှာ လွန်စွာ အရေးကြီးကြောင်း သူမနားလည်၏။

ထို့ကြောင့် လင်းရီ စိတ်အနှောက်အယှက် ဖြစ်မည်ဆိုး၍ တစ်စက္ကန့်လေးတောင် အချိန်မဖြုန်းဝံ့ပေ။

ဖုန်းချလိုက်ပြီးနောက် ထျန်းရီ၏ ဖုန်းမှာ တစ်ဖန် ပြန်မြည်လာခဲ့သည်။

ဥက္ကဌ ချိန်ရွှမ်းပင်။

"အခြေနေ ဘယ်လိုရှိလဲ...မစ္စတာလင်းက မင်းနဲ့ တွေ့ဖို့ သဘောတူလိုက်ပြီလား...."

"အခုတော့ မဟုတ်သေးဘူး..ခုလောလောဆယ်တော့ သူ့မှာ လုပ်စရာလေး ရှိနေသေးလို့တဲ့..ဒါကြောင့် ကျွန်မ ဖုန်းပြန်ချလိုက်ပြီး နောက်မှ ပြန်ဆက်သွယ်လိုက်မယ်လို့ ပြောလိုက်တယ်...."

တစ်ဖက်၌ ဖုန်းကိုင်ထားသော ချိန်ရွှမ်း မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး

"အဲ့တာဆို မင်းတခြား စီစဉ်ထားတာတွေကော မရှိဘူးလား...."

"ခုလောလောဆယ်တော့ ကျွန်မ ဂျယ်ရစ်ချိုကို အရင်ဆုံးသွားကြည့်ဖို့ စီစဉ်ထားတယ်...အဲ့နေရာက ကမ်းခြေတစ်ဝိုက်နားက အကြီးဆုံး Didi ကိုယ်စားလှယ်ရုံးချုပ်လေ...အဲ့ကို တစ်ခါတည်းသွားရင်းနဲ့ အမြင်မတော်တာလေးတွေ ရှိရင်လည်း တစ်ခါတည်း ကိုင်တွယ်လို့ရတာပေါ့.....ဘာပဲပြောပြော ခု အားနေတာပဲလေ...."

"အင်း..မင်းကြိုက်သလို လုပ်လို့ရတယ် ..ဒါပေမယ့် ဒါရိုက်တာလင်းကတော့ ဦးစားပေးပဲ...အရေးကြီးတဲ့ ကိစ္စကိုတော့ မနှောင့်နှေးစေနဲ့..."

"မပူပါနဲ့...ကျွန်မဘာလုပ်ရမလဲ ဆိုတာ သိပါတယ်...."

ပန်နီဆူလာဟိုတယ်မှ ထွက်လာပြီးနောက် ထျန်းရန် သူမ၏ ဖုန်းကို ထုတ်၍ တက္ကစီခေါ်လိုက်သည်။

Didi ၏ အလုပ်အမှုဆောင် တစ်ယောက်အနေနဲ့ သူမ တက္ကစီ ခေါ်စီးခြင်းကို အကျင့်ဖြစ်နေ၏။ ထိုအလေ့အကျင့်ကပဲ သူမကို မြေပြင်အခြေနေအကြောင်း ကောင်းစွာ နားလည်စေသည်။

မနီးမဝေးရှိ ပါကင်ထားသည့်နေရာတွင်တော့ လင်းရီ Didi အက်ပ်ကို ဖွင့်၍ သင့်တော်သည့် အော်ဒါများ ရှိမရှိ လိုက်လံရှာဖွေနေသည်။

"ပန်နီဆူလာ ဟိုတယ်မှ ဂျယ်ရစ်ချို ကုမ္ပဏီလီမီတက် သို့.... "

လင်းရီ ဘာမျှ မဆိုပဲ အော်ဒါကို ချက်ချင်း လက်ခံလိုက်သည်။

သူ့တံခါး၀ရှေ့ရောက်နေတဲ့ စီးပွားရေးကို ဘယ်လိုလို့ လက်လွှတ် ခံနိုင်မှာတဲ့လဲ....

ဤသို့ဖြင့် လင်းရီ အော်ဒါလက်ခံလိုက်ပြီး ကားကို ပန်နီဆူလာ ဟိုတယ် အပေါက်၀သို့ မောင်းလာခဲ့လိုက်သည်။

ငွေရောင် ပန်ဂနီလေးတစ်စင်း သူမထံ မောင်းနှင်လာသည်ကို မြင်သောအခါ ထျန်းရန် ရင်ထဲမှ ကြိတ်၍ သက်ပြင်းချမိလိုက်သည်။

ရန်မြို့တွင် စီးပွားရေးလုပ်ငန်းများမှာ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေသော်လည်း ပန်ဂနီ ဇွန်ဒါကဲ့သို့သော စူပါကားများကိုတော့ မြင်ရခဲ၏။

ကျုံးဟိုင်က တကယ့်ကို သာမန် မဟုတ်တာပဲနော်....

ထို့ပြင် မောင်းလာသည့်ကောင်လေးက‌လည်း ခပ်ချောချောလေးပင်။

"ခင်များက ကတ်နံပါတ် 6888 နဲ့ဆုံးတဲ့ မစ်ထျန်းလား..."

"ဟုတ်တယ်..ကျွန်မပဲ...."ထျန်းရန် ကြက် ‌ေ-သ‌ေ-သသွားပြီး "နင်က....."

"ခင်များ ခုလေးတင် ကားခေါ်လိုက်တယ် မဟုတ်ဘူးလား.... "

"ဟုတ်တယ်လေ...ဒါပေမယ့် ငါခေါ်လိုက်တာက Didi လေ....."

"ကျုပ်လည်း Didi မောင်းနေတာပဲဗျ...လာ ကားပေါ်တက်..."

ထျန်းရန် တခဏမျှ ကြက်‌ေ-သ‌ေ-သသွားပြီး "ဘာ..နင်ဘာပြောလိုက်တယ်...နင် Didi မောင်းတာ..."

"မကြိုက်လို့လား....."

"ဘယ်နားကတာ...."

ထျန်းရန် တခဏမျှ ရှုပ်ထွေးသွားသည်။

သူမရဲ့ ကုမ္ပဏီက ဘယ်တုန်းကများ ဒီလောက် ဩဇာကြီးလာတာလဲဟ....

သူမ ကုမ္ပဏီအောက်က ဒရိုင်ဘာတွေ အားလုံး Didi မောင်းနေကြပြီလားဟ....

"ကျုပ်ကတကယ်ပဲ Didi မောင်းတာ မြန်မြန်လုပ်ပြီး ကားပေါ်တက်လိုက်လေ...."

"အိုကေ..."

မည်သို့ပင်ဆိုစေ ထျန်းရန်မှာလည်း အလုပ်တွင် ရာထူး မြင့်မားသူ တစ်ဦး ဖြစ်သောကြောင့် လင်းရီ၏ အဆင့်အတန်းနှင့် လျင်မြန်စွာ နေသားကျသွားသည်။

သူမအရင်တုန်းက အခွန်ကင်းလွတ်ခွင့်ရခဲ့ဖူးသော်လည်း ပန်ဂနီ စီးသည်ကတော့ ပထမဆုံး အကြိမ်ပင်။

ထိုကားလေးက သူမ၏ BWM7 စီးရီလေးထက် များစွာ အဆင့်မြင့်သည်။

"နင်က ပန်ဂနီနဲ့ ဒီတိုင်းအလုပ်အတွေ့အကြုံ ရှာနေတာ မလား..."ထျန်းရန် မေးမြန်းလိုက်၏။

"ဟမ်...ခင်များ သိတာပဲလား..."လင်းရီ အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

သူတင်နေသည့် လက်ရှိခရီးသည်ကတော့ သာမန် မဟုတ်လောက်ပေ။ ကြည့်ရသလောက်တော့ သူကြယ်ငါးပွင့် ရီဗျူးလေး ရကောင်း ရနိုင်၏။

"ဒီခုခေတ် သခင်လေးတွေကတော့ ဘယ်လို ပျော်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ...Didi ပြေးရင်နဲ့တောင် ကောင်မလေးတွေကို လိုက်ဝိုက်နေကြပြီပေါ့...နင့်ကားပေါ်ရောက်တော့ ကောင်မလေးတွေက ငအရမ်း ပူတယ်လို့ မပြောကြဘူးလား... "

လင်းရီ ရုတ်တရက် ထျန်းရန်၏ အမူအရာမှာ ကျီချင်းရန်နှင့် အနည်းငယ် ဆင်တူသည်ကို သတိထားမိသွားသည်။ သူမတို့ နှစ်ဦးလုံးတွင် ပရော်ဖက်ရှင်နယ် အမျိုးသမီးတစ်ယောက်၏ အငွေ့အသက်များ ကိုယ်စီ ရှိကြ၏။

သို့သော်လည်း ထျန်းရန် နှင့် နှိုင်းယှဉ်ပါက ကျီချင်းရန်မှာ ပို၍ အင်နိုးစန့်လေး ဖြစ်သည်။

"ခင်များပြောတာကိုသာ သူများတွေကြားရင် ကျုပ်ကို မကောင်းတဲ့ကောင်လို့ ထင်နေကြဦးမယ်...."

လင်းရီ ထိုသို့ ပြောလိုက်ပြီး "ကျုပ်က စူပါကားစီးနေရင် Didi မောင်းလို့ မရတော့ဘူးလားဗျ..."

"ရတာပေါ့...ဒါပေမယ့် နင့်ကို ကြိုတော့ ပြောထားလိုက်မယ်နော် တကယ်လို့ နင့်ရဲ့ အပြုအမူတွေက Didiကို နာမည်ပျက်စေလို့ကတော့ အလုပ်နားခံရမယ်မှတ်..... "ထျန်းရန် ပြုံး၍ ပြောလိုက်သည်။

"ခင်များ အဲ့လို ပြောလိုက်တာနဲ့ပဲ ကျုပ်က အလုပ်မလုပ်ရတော့ဘူးပေါ့...."

"ဒါပေါ့...."ထျန်းရန် လင်းရီကို ကြည့်၍ "ငါက Didi ရဲ့ ဒုဥက္ကဌလေ နင်ပြောကြည့် ငါ့မှာ အဲ့လိုလုပ်လို့ ရတဲ့ အာဏာ မရှိဘူးလားလို့....."

"ကျွတ်....ခင်များကတော့ ပြောလိုက်ရင် လေတစ်လုံး မိုးတစ်လုံးနဲ့...."

"ခင်များကသာ ဒုဥက္ကဌဆိုရင် ကျုပ်က Didi ရဲ့ ရှယ်ယာ ပိုင်ရှင်ပဲ"

ထျန်းရန် ရယ်ရလွန်း၍ နောက်သို့ လှန်ကျသွားလုနီးပါးပင်။ ထို့နောက် သူမ၏ အိတ်ထဲမှ အလုပ်ကဒ်ကို ထုတ်၍ လင်းရီရှေ့တွင် ဝှေ့ရမ်းပြလိုက်ပြီး "ဒီမှာ ငါ့ရဲ့ အလုပ်ကဒ်ပဲ .ငါက တကယ်ကြီး Didi ရဲ့ ဒုဥက္ကဌပါဆိုနေ......"

"ကျုပ်လည်း ခင်များကို လိမ်နေတာမှ မဟုတ်တာ...တကယ်ကြီး Didi ရဲ့ ရှယ်ယာ ပိုင်ရှင်ပါဆိုနေ...."

"ကျုပ် ‌မနေ့တုန်းက ခင်များတို့ Didi ရဲ့ ရှယ်ယာ ၂၁% ၀ယ်လိုက်သေးတယ်လေ...ခု‌နလေးတင်ပဲ ကျုပ်နဲ့ တွေ့ဖို့ တောင်းဆိုနေတာ ခင်များ မဟုတ်လား...."

All Chapters