တိတ်စမ်း
Vol. 3 Ch. 34
ဤတစ်ကြိမ်တွင်တော့ ထျန်းရန် လုံး၀ ကြက် ေ-သေ-သသွားတော့၏။
သူမ၏ ဦးနှောက်မှာ အချိန်အနည်းငယ်ခန့်လောက် အောက်ဆီဂျင် ပြတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကုမ္ပဏီ၏ အမှုဆောင် အရာရှိ တစ်ချို့သာလျင် ဤရှယ်ယာ ကိစ္စကို သိရှိထားကြသည်။ ထို့ပြင် သူတို့အားလုံးမှာလည်း လတ်တလော ပြည်သူများထံ ချမပြ သေးချေ။
အကယ်၍ မျှော်လင့်မထားသည့် တစ်စုံတစ်ရာသာ ဖြစ်မလာပါက အပြင်လူများ သိရန်မှာ လုံး၀ကို မဖြစ်နိုင်ပေ။
ထို့ပြင် လင်းရီမှာ သူမ ယခုလေးတင် သူနှင့် တွေ့ရန် တောင်းဆိုခဲ့သည်ဟု ဆိုလိုက်သေးသည်။
အရာအားလုံးကို ခြုံငုံသုံးသပ်ကြည့်မည် ဆိုပါက သူမဘေး၌ ထိုင်နေစော ပုဂ္ဂိုလ်ကြီးမှာ ကုမ္မဏီ၏ ရှယ်ရာပိုင်ရှင်အသစ်ပင် မဟုတ်ပါလော။
"ရှင်..ရှင်က မစ္စတာ လင်းရီ ...."
"ဒါပေါ့....ကျုပ်ပဲလေ...."
ထျန်းရန် စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူရင်း ရင်ဘက်ကို ရှေ့သို့ ပင့်တင့်လိုက်သည်။ ထိုမျှ တိုက်ဆိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားပေ။
"ဒါရိုက်တာလင်း ကျွန်မစောနတုန်းက မသိလို့ စော်ကားသလို ဖြစ်သွားခဲ့ရင် ဗွေမယူပါနဲ့နော်..."
"ဟားဟား...အဆင်ပြေပါတယ်..ငါ့ကို ကြယ်ငါးပွင့် ရီဗျူးလေးသာ ပေးလိုက်...."
"ဒါပေါ့ရှင့် ဒါပေါ့....."ထျန်းရန် တရိုတသေ ပြောလိုက်ပြီး "ဒါပေမယ့် ကျွန်မတစ်ခုလောက် သိချင်သေးလို့...ရှင်က တကယ်ကြီး Didi ကို အလေးအနက်ထားပြီး မောင်းနေတာလား..."
"ဒါပေါ့ဟ...ငါလည်း ကလေးကစားသလို လုပ်နေတာမှ မဟုတ်တာ...."
"ဒါပေမယ့် ရှင်က အရမ်းကြီး ချမ်းသာတယ်လေ...အဲ့တာကိုတောင်မှ...."
"ဒီတိုင်း ဘ၀မှာ လုပ်ဖူးတယ် ရှိအောင်ပေါ့ကွာ အရင်တုန်းကလည်း အရောင်းဌာနမှာ အလုပ်လုပ်ခဲ့သေးတယ်..... "
ထျန်းရီ အသက်ပြင်းပြင်း ရှူလိုက်သည်။ ချမ်းသာသည့် လူများ၏ ဘ၀မှာ သူမလို သာမန်လူတန်းစားတစ်ယောက်မှ နားလည်နိုင်မည့်ပုံ မပေါ်ချေ။
"မစ္စတာလင်း ဒါဆို ကျွန်မကို လိုက်ပို့ပြီးရင် ထိုင်ပြီး စကားပြောလို့ရမလား...."
"အဲ့တာကတော့...အင်း မင်းလည်း မြင်တဲ့အတိုင်းပဲ ဒီကနေ့ ငါလည်း နည်းနည်း အလုပ်များနေတယ်...."
"အဲ့တာဆိုလည်း ရပါတယ်...နောက်တစ်ခေါက်မှပေါ့ရှင်...."
"ကောင်းပြီလေ"
လင်းရီ ကားကို ဂျယ်ရစ်ချို ကုမ္ပဏီအ၀င်၀သို့ မောင်းသွားလိုက်သည်။
"ကဲ..ငါတို့ရောက်ပြီ...."
"လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပါနော် ဒါရိုက်တာလင်း....."ထျန်းရီ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ကုမပ္ပဏီ၏ ဒုတိယအများဆုံး ရှယ်ယာပိုင်ရှင်၏ ကားထဲ လိုက်စီးရသည်မှာ လုံ၀ အံ့အားသက့်ဖို့ကောင်း၏။
တခဏမျှ ကြာပြီးနောက်...
"ဘာတွေဖြစ်နေတာလဲ....ငွေချေလို့ မရဘူးဖြစ်နေတာလား..."
"အဲ့လိုထင်တာပဲ...."ထျန်းရီလည်း အနည်းငယ်သင်္ကာမကင်း ဖြစ်နေသည်။
အကယ်၍ သူမသာ မပေးချေနိုင်ပါက အော်ဒါလိုက်ပို့ခြင်းမှာလည်း ပြီးပြည့်စုံမည် မဟုတ်ပေ။ ဆိုတော့ စနစ်၏ မစ်ရှင်မှာလည်း ထိုအရာကို ထည့်တွက်မည် မဟုတ်ပေ။
ဒူ ဒူ ဒူ
ထိုအချိန်တွင် စာတိုတစ်ဆောင် ဖုန်းထဲသို့ ၀င်ရောက်လာသည်။
"မင်္ဂလာပါ...လေးစားရပါသော Didi ဒရိုင်ဘာရှင့် ...သင်၏ အပြုအမူများက ကျွန်မတို့ ပလက်ဖောင်း၏ စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်နေသောကြောင့် သင်၏ ၀န်ဆောင်မှု ပေးခြင်း လုပ်ငန်းကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါသည်။ "
"ဟမ်....၀န်ဆောင်မှု ပေးခြင်းကို ရုတ်သိမ်းတယ်"
လင်းရီနှင့် ထျန်းရန်တို့မှာ သူတို့၏ ဖုန်းပေါ်၌ ထိုမက်ဆေ့စ်ကို မြင်သောအခါ ရှုပ်ထွေးသွားကြသည်။
ဘာလို့ သူတို့က ၀န်ဆောင်မှု ပိတ်သိမ်းလိုက်တာလဲဟ.....
လင်းရီ သေချာကြည့်လိုက်ပြီး သူ့ကို အကြောင်းကြားစာ ပေးပို့သူမှာ Didi ကုမ္ပဏီမဟုတ်ကြောင်း သတိထားမိသွားသည်။
ထိုကုမ္ပဏီကတော့ ဂျယ်ရစ်ချိုပင်။
လင်းရီ ခေါင်းမော့ကြည့်လိုက်သောအခါ သူ့ရှေ့ရှိ ကုမ္ပဏီမှာလည်း ဂျယ်ရစ်ချို ဖြစ်နေ၏။
ဟမ်..ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ....
"ဒီရဲ့ ဂျယ်ရစ်ချိုနဲ့ Didi ကြား ဆက်နွယ်မှုက ဘယ်လိုမျိုးလဲ...."လင်းရီ မေးလိုက်သည်။
" ဂျယ်ရစ်ချိုက ကမ်းခြေအနီးတစ်ဝိုက်က အဓိက စီမံခန့်ခွဲရေး ရုံးချုပ်လေ...ဒီနား၀န်းကျင်က လှုပ်ရှားမှုတွေအားလုံးကို သူတို့ပဲ ထိန်းချုပ်တာ...."
ထျန်းရန် သေလောက်အောင် ဒေါသထွက်နေသည်။
ဂျယ်ရစ်ချိုက ဘာသောက်တလွဲတွေ လုပ်နေတာလဲဟ....
သူတို့က တကယ့် အရေးကြီးတဲ့ အချိန်ကျမှ အားလုံးကို ဖျက်စီးပစ်ချင်နေတာလား....
လင်းရီ မေးပွတ်၍ တခဏမျှ စဉ်းစားခန်း ၀င်လိုက်၏။
ငါမနေ့တုန်းက ကားထဲမှာ ရွှီရန်လို့ခေါ်တဲ့ ကောင်မတစ်ယောက်ကို ထောင့်မကျိုးလို့ အော်ငေါက်လိုက်တယ်... သူက မကျေနပ်ဘဲ ပလက်ဖောင်းကို သွားတိုင်လိုက်တော့ ညနေကျ ငါ့ဆီ သတိပေးတဲ့ ဖုန်းကော ၀င်လာတယ်...
ဒါပေမယ့် ပြောတဲ့ ပုံစံကိုက အထက်စီးနဲ့ဆိုတော့ ငါလည်း မကြိုက်တာနဲ့ ပြန်ခံပြောပစ်လိုက်တယ်...အဲ့ကောင် တေးပြီး အခဲမကျေလို့ ပြေးဆွဲခွင့် ပိတ်ပင်လိုက်တာနေမှာ.....
"ဒါရိုက်တာလင်း...ဘာမှ စိတ်မပူနဲ့..ကျွန်မ အားလုံး ကိုင်တွယ်လိုက်ပါ့မယ်နော်..."
ဂျယ်ရစ်ချိုက ကောင်တွေက စီးပွားရေး ဆက်မလုပ်ချင်တော့တာလားဟ ..သူတို့က ဒါရိုက်တာလင်းရဲ့ ကားကိုတောင် အမည်ပျက်ထဲ ထည့်ရဲတယ်ပေါ့လေ...
အဲ့ကောင်တွေကတော့ လွတ်နေပြီနေမှာ...
"စိတ်လျော့ စိတ်လျော့ ..ခံရတဲ့သူက ငါပါဟ..ကြည့်လိုက်စမ်းပါဦး မင်းဘယ်လောက်တောင် ဒေါသထွက်နေလိုက်လဲ....."လင်းရီ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ဒီက လူတွေအားလုံးက ဥပဒေမဲ့ ဖြစ်ချင်တိုင်း ဖြစ်နေကြလို့လေ..ကျွန်မတို့ဘက်က ဘယ်တုန်းကမှ အဲ့လို အမိန့်မျိုး မပေးခဲ့ဖူးဘူး....."
"ကျွန်မ ခုပဲ ကုမ္ပဏီကို တာ၀န်ရှိသူရဲ့ ဖုန်းနံပါတ် လှမ်းတောင်းလိုက်မယ်..အဲ့ကောင်လည်း မကြာခင် ကိုယ်စားလှယ်ရာထူးကနေ ဖြုတ်ပစ်တော့မှာ...."
ထျန်းရီ စိတ်တိုတိုနှင့် ပြောချလိုက်တော့၏။
"လူတွေကို လောဂျစ်ကျကျ ပြောတာက ပိုမကောင်းဘူးလား...."လင်းရီပြောလိုက်ပြီး "ကျုပ်ဖုန်းထဲမှာ သူမနေ့က ခေါ်ထားတဲ့ မှတ်တမ်း ရှိတယ် ခင်များက ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ လှမ်းမေးလိုက်ပေါ့ ...."
"အဲ့တာဆိုလည်း ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ် ဒါရိုက်တာလင်းရေ...."
လင်းရီ ဖုန်းကို ထုတ်လိုက်ပြီး မနေ့တုန်းက သူ့ကို Didi မှ ဘန်းမည်ဟု ခြိမ်းခြောက်ခဲ့သော သူ၏ ဖုန်းနံပါတ်ကို ရှာဖွေလိုက်သည်။
ထို့နောက်
"ငါကလင်းရီပဲ...မင်းမနေ့တုန်းက ဘန်းလိုက်တဲ့သူရဲ့ Didi အကောင့် ပိုင်ရှင်လေ...မင်းမှတ်မိသေးလား"
တစ်ဖက်သူမှာ ခေတ္တမျှ ကြက် ေ-သေ-သသွားပြီးနောက် လင်းရီ မည်သူမည်ဝါဆိုတာကို ပြန်လည် မှတ်မိသွား၏။
"ဒါပေါ့....မှတ်မိတာပေါ့.....မင်းက သောက်ရမ်းကြီး အံ့ဩစရာ ကောင်းနေတာ မဟုတ်ဘူးလား...ခရီးသည်ကို အော်ရုံတင်မကဘူး..ငါ့ကို တောင် ပြန်ခံပြောနေလိုက်သေး...မင်းကို ဘန်းတယ်ကွာ...ဘာဖြစ်လဲကွာ..."
"အဲ့ခရီးသည်က ငါ့အပေါ် အရင် မိုက်ရိုင်းတာကွ..."
"မင်းအပေါ် ရိုင်းတော့ကော ဘာဖြစ်တုန်း..."တစ်ဖက်သူမှ ပြန်လည် မေးခွန်းထုတ်လိုက်ပြီး "မင်းက ကိုယ့်အဆင့်အတန်းကို မသိဘူးလား...ခရီးသည်ဆိုတာ နတ်ဘုရားပဲကွ. သူက မင်းကို ရိုင်းပြရင်တောင် မင်းက သည်းခံရမှာ..ကိုယ့်ကိုယ်ကို ဆရာကြီးများ မှတ်နေတာလား...ငိုးပဲ မင်းလစ်လိုက်တော့ကွာ..နောက်ဘယ်တော့မှ တစ်သက်လုံး Didi ကို မသုံးနဲ့တော့ ..."
"ခင်များ စကားပြောတာ ကြည့်ပြောတာ ကောင်းမယ်...ကျုပ်ဘေးမှာ Didi က ဒုဥက္ကဌ တစ်ယောက်လုံး ရပ်နေတာ...."
"ဟျောင့် လေကြီးနေတာတွေ ရပ်လိုက်တော့... မင်းကိုယ်မင်း ဘယ်လိုကောင်များ ထင်နေတာလဲ..မင်းက ဒုဥက္ကဌကို ဘယ်လိုလုပ် မင်းဘေးနား ခေါ်ထားနိုင်မှာ...."
ထျန်းရန် ဖုန်းအနားကပ်၍
"ငါက ထျန်းရန်ပဲ...ခုနင်တို့ ကုမ္ပဏီရဲ့ အောက်ထပ်မှာ ရောက်နေပြီ...နင်ဆင်းလာပြီး ငါ့ကို လာတွေ့ဖို့ အချိန် သုံးစက္ကန့်ပေးမယ်..မဟုတ်ရင်တော့ ငါ့ကို ရိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့....."
"ထျန်းရန်..."
တစ်ဖက်သူမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အူလိုက်သည်းလှိုက် ရယ်မောတော့သည်။
"လုံး၀ကို အံ့ဩစရာပဲ..မင်းက ဘော့စ်ထျန်းလို ဟန်ဆောင်ပေးဖို့ လူတောင် ရှာရဲသေးတယ်ပေါ့...ဝူးဟူး...ငါကတော့ သောက်ရမ်းကို အထင်ကြီးသွားပြီလို့..."
လင်းရီ ဖုန်းကိုင်ထားရင်း ပြောစရာစကား ပျောက်ဆုံးသွား၏။ "Didi က အေးဂျင့်တွေကို ဘယ်လို ခန့်ထားတာလဲဟ ..သောက်ရူးကျပ်မပြည့်တွေများ တကူးတက ရှာခန့်ထားလား မသိဘူး.... "
"ဒါရိုက်တာလင်း စိတ်လေး အေးအေးထားပေးပါနော်....ကျွန်မ ခုချက်ချင်း ဖြေရှင်းလိုက်ပါ့မယ်...."
"သွားစို့ ..ငါတို့ နှစ်ယောက်သား ဒီနေ့ အပေါ် မတက်သွားဘူးဆိုရင် ဒီကိစ္စက ဖြေရှင်းလို့ ပြီးမှာ မဟုတ်တော့ဘူး....."
သို့နှင့် လင်းရီတို့ နှစ်ဦးသား ဂျယ်ရစ်ချို ကုမ္ပဏီ၀င်းထဲသို့ ၀င်သွားကြသည်။
......
အစည်းအဝေး ခန်းမထဲတွင်တော့ ဂျယ်ရစ်ချို ကုမ္ပဏီ၏ အလုပ်အမှုဆောင် အဖွဲ့၀င်များ အစည်းဝေးထိုင်ရင်း အလုပ်ရှုပ်နေကြသည်။
"ဘာတွေ ဖြစ်နေကြတာလဲ...ဘာလို့ ဆူညံနေကြတာလဲကွ......"
အစည်းအဝေး ခန်းမကြီးထဲရှိ အဓိက ထိုင်ခုံတွင် မျက်စိမှိတ်၍ ထိုင်နေသော အဆီပေါပေါနှင့် ဖက်တီးကြီးတစ်ယောက်မှ မေးလိုက်သည်။
ထိုသူကတော့ ဂျယ်ရစ်ချို ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ လု၀န်သ(Lu Wen Da)ပင်။
"မနေ့က ဒရိုင်ဘာတစ်ယောက် ပါဆင်ဂျာကို အော်လိုက်တာ...အဲ့ဒီ ပါဆင်ဂျာကလည်း ကျွန်တော်တို့ ပလက်ဖောင်းကို လာတိုင်တော့ ဒီနေ့ပဲ သူ့ရဲ့ လိုင်စင်ကို ပိတ်သိမ်းလိုက်တာပါ..."
ဖြေရှင်းချက် ပေးလိုက်သူကတော့ လော့ယွမ်ဖား၊ ဂျယ်ရစ်ချို ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဒါရိုက်တာတစ်ယောက်ဖြစ်၏။
သူ့တို့နှစ်ဦး အပြင် အခြားသော ကုမ္ပဏီ၏ အမှုဆောင်အရာရှိများလည်း စုံစုံလင်လင်နှင့် ရောက်ရှိနေကြ၏။
"အဲ့တော့ ဟိုဖက်က မင်းကို ဖုန်းခေါ်ပြီး ဆင်ခြေတွေ ပေးဖို့ လုပ်တယ်ပေါ့....."
"အဲ့တိုင်းပါပဲ..."လော့ယွမ်ဖား ပြုံးလိုက်ပြီး "ပြီးတော့ အဲ့ကောင်လေးက Didiရဲ့ ဒုဥက္ကဌကိုတောင် သူ့ဘေးနားရှိတယ်လို့ ပြောနေသေးတယ်...သူထင်နေတာ ကျုပ်ကို လိမ်လို့ ရမယ်များ မှတ်နေလား မသိဘူး...ကျုပ်လည်း သူ့ကို လှိမ့်ဆဲပေးလိုက်တော့ သူ့ဘာသူ ဖုန်းပြန်ချသွားတာပဲ...."
"ကောင်းပြီ...ဒီတိုင်း ကလေကချေ တစ်ကောင်ပါပဲကွာ...သူတို့နဲ့ စိတ်ဒုက္ခခံမနေကြနဲ့ ..."လု၀န်သ ပြောလိုက်သည်။
"အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ရီပို့တွေ မရှိဘူးဆိုရင် ဆက်ပြီး ငြင်းခုန် မနေကြနဲ့တော့..ဒီတိုင်းပဲ ပစ်ထားလိုက်...သူတို့အတွက် အချိန်ပေးနေရတာ မထိုက်တန်ဘူး..."
လု၀န်သ သူ၏ အမူအရာကို ပြန်လည် တည်ကြည်လိုက်ပြီး "ကဲ အစည်းအဝေးကို ဆက်ကြရအောင်...ငါတို့ ရထားတဲ့ သတင်းတွေအရတော့ အမည်မသိတဲ့ သူဌေးကြီး တစ်ယောက်ကနေပြီးတော့ Didi ရဲ့ ရှယ်ယာ ၂၁%ကို ၀ယ်သွားတယ်တဲ့...စကားပုံတွေအတိုင်း..အသစ်တွေက အမြဲတမ်း ရေပန်းစားတယ်...ဒီတော့ ငါတို့ ပလက်ဖောင်း အနေနဲ့လည်း ပြောင်းလဲသွားနိုင်မယ့် အရာတွေကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားရမယ်...."
"သိပါပြီ...ခေါင်းဆောင်လု..."
"လော့လေး...ဒါက အထူးသဖြင့်တော့ မင်းရဲ့ စီမံခန့်ခွဲ့မှု ဌာနကို အဓိကပြောချင်တာ...မင်းတို့ရဲ့ အသင်းသား စိတ်ဓာတ်တွေက ပလက်ဖောင်းအတွက် အဆင်သင့် ဖြစ်နေရမယ်...ငါတို့က Didi ရဲ့ အကြီးမားဆုံးအေးဂျင့်ပဲ.....ဒီလို အရေးကြီးတဲ့အချိန်မျိုးမှာ ဘာအမှားမျိုးမှ ဖြစ်လာလို့မရဘူး..... "
"စိတ်ချပါ ခေါင်းဆောင် ကျုပ် အဲ့ဒီဒရိုင်ဘာကို မှတ်လောက်သားလောက် ဖြစ်အောင် ပညာပေးလိုက်ပါ့မယ်..."လော့ယွမ်ဖား ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင်ပဲ အစည်းအဝေးခန်းမ၏ တံခါး ပွင့်လာပြီး လင်းရီနှင့် ထျန်းရန်တို့ ၀င်လာကြ၏။
"မင်းတို့ ဘယ်ကကောင်တွေလဲ...ငါတို့ အစည်းအဝေးထိုင်နေတာကို ခွင့်ပြုချက်မရှိဘဲ ၀င်လာရဲတယ်ပေါ့...."
လင်းရီ ပြုံးလိုက်ပြီး "ငါ့ရဲ့ Didi ၀န်ဆောင်မှု အကောင့်ကို ပိတ်ပင်လိုက်တာ မင်းတို့မလား...ဒါကြောင့် မင်းတို့ ပါပါးက ဖြေရှင်းဖို့ လာခဲ့တာကွ..."