← Chapters

ချောမွေ့စွာ ပူးပေါင်းခြင်း

Vol. 3 Ch. 35

ချောမွေ့စွာ ပူးပေါင်းခြင်း

Vol. 3 Ch. 35

လု၀န်သ လော့ယွမ်ဖား ကို တစ်ချက်ကြည့်လိုက်ပြီး

"လော့...ဒါကမင်းတို့ စီမံခန့်ခွဲရေး ဌာနရဲ့ တာ၀န်ပဲ..သွားပြီး ကိုင်တွယ်လိုက်..."

လော့ယွမ်ဖား လင်းရီ ကို လှည့် ကြည့်လိုက်ပြီး

"သောက်ကလေး...ငါတို့ကုမ္ပဏီကိုတောင် လာရဲတယ်ဆိုမှတော့ မင်းမှာ ဘောတွေတော့ ရှိသားပဲ.....ဒါပေမယ့် ပြောလိုက်ဦးမယ် မင်းငါတို့ ကုမ္ပဏီထိ လာရင်တောင် အလကားပဲ..မင်းအ‌ကောင့်ကို ချိတ်ပိတ်ပစ်လိုက်ပြီ ..မကျေနပ်လည်း သောက်ဂရုမစိုက်ဘူးကွာ..ခုချက်ချင်း ထွက်သွား ..မသွားရင် လုံခြုံရေးကို ခေါ်ရလိမ့်မယ်...."

လင်းရီ ပခုံးတွန့်လိုက်ပြီး ဆိုဖာပေါ်တွင် ခြေတင်ချိတ်ကာ...

"ထျန်းရန်..မင်းပဲ ကြည့်စီစဉ်လိုက်တော့ကွာ...."

ထျန်းရန် လော့ယွမ်ဖား၊ လု၀န်သနှင့် ကျန်သူများကို အေးခဲနေသော အကြည့်များဖြင့် ကြည့်လိုက်ပြီး

"အခု..Didiရဲ့ ဒုဥက္ကဌ အနေနဲ့ ....ဂျယ်ရစ်ချိုက ငါတို့ ကုမ္ပဏီနဲ့ လက်တွဲဖို့ အရည်အချင်း မပြည့်မှီဘူးလို့ ကြေညာလိုက်ပြီ...."

"မင်း...မင်းက Didi ရဲ့ ဒုဥက္ကဌ..... "

ထျန်းရန် နှာခေါင်းရှုံ့ပြီး သူမ၏ လုပ်ငန်းကဒ်ကို စားပွဲပေါ်သို့ ပစ်ပေါက်လိုက်သည်။

ထျန်းရန်၏ ကဒ်ကို မြင်သောအခါ လော့ယွမ်ဖား၊လု၀န်သ နှင့် ကျန်သူများ အားလုံး မျက်လုံးများ ပြူးကျယ်လာပြီး မေးရိုးများ ကြမ်းပြင်သို့ ပြုတ်ကျသွားကြတော့၏။

သူ့တို့အားလုံး အတော်လေး ထိတ်လန့်သွားကြခြင်းပင်။

ဘာ...ဘာတွေ ဖြစ်သွားတာလဲဟ...

ဘယ်အချိန်တုန်းကနေ ဒရိုင်ဘာလိုင်စင် သိမ်းတာကို ‌ဖျက်သိမ်းတော့ ဒုဥက္ကဌတွေ ပါလာတာတုန်းဟ...

"ဥက္ကဌကျီ...ကျေးဇူးပြုပြီး ကျုပ်ပြောတာလေးကို နားထောင်ပေးပါဦးဗျာ..."လော့ယွမ်ဖားမှ တောင်းတောင်းပန်ပန်နှင့်ပြောလိုက်သည်။

"ဒီဒရိုင်ဘာက ပါဆင်ဂျာနဲ့ ပြဿနာတက်ပြီးတော့ ကျုပ်တို့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေလို့ပါ...မဟုတ်ရင် ကျုပ်တို့လည်း အဲ့လို မလုပ်ရပါဘူးဗျာ....."

"ဒီတော့ သူက ပါဆင်ဂျာနဲ့ ပြဿနာဖြစ်တော့ကော ဘာဖြစ်လဲ...မင်းတို့က ဖြစ်တဲ့ အကြောင်းရင်းကို သေချာ မစုံစမ်းကြဘူးလား...."

ထျန်းရန် အေးစက်စွာ ပြောလိုက်ပြီး

"နင်တို့ မျက်လုံးတွေ ပြူးနေအောင် သေချာကြည့်ထားကြ...နင်တို့ရှေ့မှာ ရပ်နေတဲ့သူက မနေ့တုန်းက Didi ရဲ့ရှယ်ယာ ၂၁%ကို ၀ယ်လိုက်တဲ့သူပဲ ..ခု သူက Didiရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာ ပိုင်ရှင်ပဲ....နင်တို့ ဘာပြောချင်ကြသေးလဲ...."

ထိုစကားလုံးများကိုကြားပြီးနောက် နားထောင်လိုက်ရသူ အားလုံးမှာ ခေါင်းကို မိုးကြိုးရှစ်စင်းခန့် အပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။

သူတို့ Didi ၏ ရှယ်ယာကို တစ်စုံတစ်ယောက်မှ ၀ယ်ယူလိုက်ကြောင်းတော့ သိသည်။

သို့သော်လည်း ထိုသူက သူ‌တို့ရှေ့မှ ပုဂ္ဂိုလ်ကြီး ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားချေ။

"ထျန်း....ဥက္ကဌထျန်း ..ခင်များ ကျုပ်တို့ကို နောက်နေတာတော့ မဟုတ်ဘူးမလား...."

လု၀န်သ ကြောက်လန့်တကြားနှင့် မေးမြန်းလိုက်သည်။

"သူက ဒီတိုင်း Didi မောင်းတဲ့ ငနဲမဟုတ်လား..ဘယ်လိုလုပ် ဒုတိယအများဆုံး ရှယ်ယာပိုင်ရှင် ဖြစ်နိုင်မှာလဲ..."

" ဒါရိုက်တာလင်းက ပန်ဂနီနဲ့ Didi မောင်းတာ‌နော် သူ့ကို မွဲတယ်လို့များ ထင်နေကြတာလား....နင်တို့ ကောင်တွေတခြား ဘာပြောချင်သေးလဲ"ထျန်းရန် မေးခွန်း ထုတ်လိုက်သည်။

"ဒါရိုက်တာလင်းက အင်မတန်ကိုမှ စိတ်ထားရည်မွန်ပြီးတော့ သဘောလည်းကောင်းတယ်...နင်တို့လို ဘာသောက်သုံးမှ မကျတဲ့ အဘိုးကြီးတွေနဲ့ မရှုပ်ချင်လို့ အေးဆေးလေး Didi မောင်းရင်း ဘ၀အတွေ့အကြုံခံစားနေတာကို နင်တို့က ဘာတစ်ခွန်းမှ မမေးမြန်းဘဲနဲ့ ဘန်းပစ်လိုက်တယ်ပေါ့...ဒီနေ့ကစပြီးတော့ နင်တို့ရဲ့ စီမံခန့်ခွဲရေး လိုင်စင်ကို ပိတ်သိမ်းလိုက်ပြီ...ခုချက်ချင်း အထုပ်တွေပိုးပြီး သွားကြတော့... "

"လော့ယွမ်ဖား...မင်းမျိုးမစစ်လေး ဘာတွေ လုပ်လိုက်လဲ ဆိုတာ ကြည့်လိုက်ဦး..."လု၀န်သ ကျိန်ဆဲလိုက်ပြီး "သွား..ဒါရိုက်တာလင်းကို သွားတောင်းပန်ချည်..မဟုတ်ရင်တော့ ငါမင်းကို သ-တ်ပစ်မိတော့မယ်...."

လော့ယွမ်ဖား ခေါင်းထဲတွင် အချက်ပေးသံများ ညံသွားပြီး ချက်ချင်း လင်းရီထံသို့ ၀ပ်တွားခယစွာဖြင့် "မစ္စတာလင်း ..ကျုပ်ကို ခွင့်လွှတ်ပါဗျာ...ကျုပ်က မစင်လောက်တောင် တန်ကြေးမရှိတဲ့သူပါဗျ... ကျေးဇူးပြုပြီးကျုပ်လို ဘာအဆင့်မှ မရှိတဲ့သူနဲ့ တုမနေပါနဲ့ဗျာ....."

"မင်းခုနတုန်းကကျ သောက်ရမ်းကြီး မိမိုက်သလို လုပ်နေတာ မဟုတ်လား...ဘာလို့ခုကျတော့ ကြောက်ချီးတွေ ပန်းနေတာတုန်း....ဟမ်..."လင်းရီ ပြောလိုက်ပြီး

"ကတ်စတန်မာက နတ်ဘုရားဆိုတာက ဘာသဘောလဲ...သူတို့က ‌ေ-သလိုက်ဆို ငါက ဒီတိုင်း လှိမ့်ပြီး ‌ေ-သ ပေးလိုက်ရမှာလား...မင်းရဲ့ ဒီလိုပုံစံနဲ့ဆိုရင် နှစ်ပေါင်းများစွာ လူတွေကို အနိုင်ကျင့်လာ‌တာ ကြာပြီဆိုတော့ အံ့တိုနေပြီပေါ့...."

လော့ယွမ်ဖား တစ်ခွန်းမျှ ပြန်မပြောဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် သူနှုတ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် အဆုံးသတ်သွားနိုင်သောကြောင့် ဖြစ်၏။

"Didiရဲ့ ရှယ်ယာ ပိုင်ရှင်တစ်ယောက်အနေနဲ့ ငါလည်း ဒီကိစ္စကို လေးလေးနက်နက် ကိုင်တွယ်သင့်တယ်လို့ ထင်တယ်..."လင်းရီ ‌ပေါ့ပါးစွာ ပြောဆိုလိုက်ပြီး "ထျန်းရန် ပြောတဲ့ အတိုင်း မင်းတို့ ကိုယ့်အထုပ်ကို သယ်ပြီး လစ်လိုက်ကြတော့...."

ကလင် ကလင် ကလင်

ထိုအချိန်တွင် လင်းရီ၏ ဖုန်းသံ မြည်လာသည်။

ခေါ်ဆိုလာသူ၏ အမည်ကို တွေ့သောအခါ လင်းရီ ချက်ချင်း ဖုန်းမကိုင်သေးပဲ ထိုအစား

"ထျန်းရန်...ကျန်တာကို ကြည့်ပြီး စီစဉ်ထားလိုက်..ငါအရင် သွားနှင့်ပြီ...."

"သဘောပေါက်ပါပြီ မစ္စတာလင်း..."

အစည်းအဝေး ခန်းထဲမှ ထွက်လာပြီးနောက် လင်းရီ ဖုန်းကိုင်လိုက်သည်။

"မေမေ၀မ်...ဘာကိစ္စလဲဗျ..."

၀မ်ဟု ခေါ်တွင်သောအမျိုးသမီး၏ အမည်နာမမှာ ဝမ်ချွေ့ပင်း ဖြစ်ပြီး မိဘမဲ့ ဂေဟာ၏ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်သည်။

သူမကတော့ လင်းရီနှင့် မိဘမဲ့ ဂေဟာရှိ ကလေးများအားလုံးကို စောင့်ရှောက်ပေးရသူဖြစ်သကဲ့သို့ ကလေးများ အားလုံးကလည်း သူမကို ချစ်စနိုးဖြင့် မေမေ၀မ်ဟုသာ ခေါ်ဆိုကြ၏။

"ရီလေး....နင်အခုတလော နေကော ကောင်းရဲ့လား.....အဆင်ကော ပြေရဲ့လား"

ချွေပင်း အပြုံးလေးဖြင့် မေးလိုက်သည်။

"နေလည်းကောင်းပါတယ် အားလုံးလည်း အဆင်ပြေပါတယ်ဗျ.. ဒါနဲ့ အဒေါ်နဲ့ အန်ကယ်ကျောက်ကော နေကောင်းရဲ့လား..."

"အဒေါ်တို့လည်း နေကောင်းပါတယ်ကွယ်...တို့ကိုတော့ စိတ်ပူမနေနဲ့.."ချွေပင်း ပြောလိုက်ပြီး "ရီလေးကို မေးချင်နေတာ..နင် လျိုစီစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သိတယ်မလား...."

"လျိုစီစီ....သူက ဘာဖြစ်လို့လဲဗျ...."လင်းရီ မေးလိုက်သည်။

လင်းရီ အနည်းငယ် ရှုပ်ထွေးသွားသည်။ မေမေ၀မ်က သူနဲ့ လျိုစီစီအကြောင်းကို သိတဲ့လူထဲမှာ မပါဘူးလေ...ဘာလို့ သူမအကြောင်း လာမေးနေတာလဲဟ....

"အရင်ရက်တွေတုန်းက အဲ့ကလေးမလေး ငါ့ကို ဖုန်းဆက်ပြီး နင်တို့ နှစ်ယောက် လမ်းခွဲသွားကြပြီလို့ ပြောတယ်....သူမကလည်း နင့်ကို တွေချင်နေတယ်တဲ့..."

လင်းရီ နောက်ဆုံးတော့ ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်သွားသည်။

လျိုစီစီမှာ သူမိဘမဲ့ဂေဟာမှ လာကြောင်း သိထား၏။

သူမတို့နှစ်ယောက် မည်သို့မျှ ပြန်လည် ပေါင်းစည်း၍ မဖြစ်နိုင်သောအခါ မေမေ၀မ်ကို ဖုန်းဆက်ပြီး သူမနှင့်တွေ့ရန် အကြောင်းဖန်ခိုင်းနေသည်။

"မေမေ၀မ်ကလည်း ကျွန်တော့်ကို ငယ်ကတည်းကနေ စောင့်ရှောက်လာခဲ့တာပဲ...ကျွန်တော့် စရိုက်အကြောင်းလည်း ကောင်းကောင်းသိမှာပါ ..ကျွန်တော်ဆိုတဲ့‌ကောင်က အကြောင်းအရင်းမရှိရင် ဘာမှ မလုပ်တတ်ဖူးလေ...."

"အင်း....နင်ကတော့ ခေါင်းမာတဲ့ ကောင်ဆိုးလေး ဖြစ်နေတုန်းပါလား....."

ထိုကဲ့သို့ ပြောလာလိမ့်မည်လို့ ချွေပင်း မျှော်လင့်ထားပြီး ဖြစ်၏။

"နင့်ကို ဖြောင်းဖျလို့ မရဘူးဆိုတာလည်း ငါသိတယ်...မေမေ၀မ် လူငယ်တွေ ကိစ္စထဲ ၀င်မပါချင်ဘူး..ပြီးတော့ ရီလေး..နင်ကလည်း မငယ်တော့ဘူးလေ..လက်ထပ်ဖို့ ကိစ္စကိုကော စဉ်းစားပြီးပြီလား...."

လင်းရီ ပြုံးလိုက်ပြီး "မေမေ၀မ်....ကျွန်တော့်ကို ဖုန်းခေါ်လိုက်တာ အဲ့ဒီအကြောင်း ပြောဖို့ တစ်ခုတည်းနဲ့တော့ မဟုတ်လောက်ဘူးမလား...."

လင်းရီ ပြောသည်မှာ မှန်၏။ သူမ လျိုစီစီအကြောင်း ပြောဖို့ရာ တစ်ခုတည်းနှင့် လင်းရီကို ဖုန်းခေါ်လိုက်ခြင်းမဟုတ်ပေ။

အခြားကိစ္စတစ်ခုလည်း ရှိသေး၏။

"ဘာမှ အထွေအထူးကြီးတော့ မဟုတ်ပါဘူးကွယ်..."

ချွေပင်း အပြုံးလေးနှင့် ပြောလိုက်ပြီး "ငါ့သူငယ်ချင်းကောင်းရဲ့ သမီးလေးကလည်း နင်နဲ့ အသက်တူတူလောက်ပဲ..ပြီးတော့ ခုထိ နင့်လို စင်ဂယ်ပဲတဲ့လေ... အဲ့တာ နင်တို့နှစ်ယောက်ကို နေရာချထားပေးရင် ကောင်းမလားလို့....အချိန်ရရင် ရီလေးတို့နှစ်ယောက် တွေ့ကြည့်ပါလားလို့...."

ချွေပင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

"အာ..မရဘူးလေဗျာ...မေမေ၀မ်ကတော့ ကျွန်တော့်ကို ဒါပဲ ပြောနေတော့တာပဲ...."လင်းရီလည်း ကူကယ်ရာမဲ့အပြုံးလေးဖြင့် ပြန်ပြောလိုက်၏။

"ငါလည်း ပြောချင်လို့တော့မဟုတ်ပါဘူးအေ...ငါ့သူငယ်ချင်းကလည်း နင့်ကို သဘောကျနေတော့ သူ့သမီးနဲ့ တွေ့စေချင်နေတာ..ပြောခိုင်းထားတာတောင် ကြာ‌‌နေပြီ..ခုမှ ပြောဖြစ်တယ်..."

ချွေပင်း စနောက်လိုက်ပြီး "အဲ့တာကြောင့် တခြားရွေးချယ်စရာမရှိပဲ ရီလေးကို ခဏလောက်သွားတွေ့ဖို့ ပြောရတာပေါ့..."

"တွေ့ရုံပဲမလား...ဘာ‌မှကြီးကျယ်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး..."လင်းရီ ပခုံးတွန့်၍ ပြောလိုက်သည်။

"‌‌ မေမေ၀မ်... အဓိက အကြောင်းရင်းကိုသာ ပြောစမ်းပါဗျာ..မီးပင်လယ်ကို ကျော်ဖြတ်ရမယ်ဆိုရင်တောင် ကျွန်တော်က တစ်ချက်တွန့်မှာတောင် မဟုတ်ဘူး..."

"ကောင်စုတ်လေး..ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ..."ချွေပင်း လက်ချာရိုက်လိုက်ပြီး "ငါ အဲ့ကောင်မလေးရဲ့ ဖုန်းနံပါတ်ကို ပို့ပေးလိုက်မယ်...ရီလေးမှာ အချိန်ရှိရင် သွားတွေ့လိုက်ပေါ့ကွယ်...."

"ဟုတ်..ဟုတ်..."

"ရီလေး..နင်အလုပ်များနေတယ်ဆိုတာ နားလည်ပါတယ်ကွယ်..နင့်မှာ အချိန်ရရင် ဂေဟာကို တစ်ခေါက်လောက် လာခဲ့ပါဦးလား..ကလေးတွေနဲ့ ငါလည်း နင့်ကို လွမ်းလှပြီ..."

လင်းရီ နှာခေါင်း တစ်ချက် ပွတ်လိုက်ပြီး "ဟုတ်ကဲ့...ကျွန်တော် နောက်ရက်တွေကျရင် လာခဲ့ပါ့မယ်...."

"‌တမင်သက်သက်ကြီး လာခဲ့မနေနဲ့ဦးနော်...အားမှသာ လာခဲ့လိုက်..ကိုယ့်အလုပ်ကို မနှောင့်နှေးစေနဲ့...."

"သိပါပြီဗျ..မေမေ၀မ်ရ..."

"ကောင်းပြီလေ...ဒါဆိုလည်း ဒါပဲနော်...နင်အလုပ်လုပ်နေတာကို မနှောက်ယှက်တော့ဘူး..."

လင်းရီ ဖုန်းချပြီးနောက် မနေနိုင်ဘဲ ခေါင်းခါရမ်းမိလိုက်သည်။

ဒီရဲ့ လျိုစီစီကတော့ တကယ်ကြီး လက်မလျော့သေးဘူးပဲ.......

မကြာမီ လင်းရီ ဝီချက်မှ တစ်ဆင့် ၀မ်ချွေ့ပင်း၏ မက်ဆေ့ခ်ျကို ရရှိလိုက်သည်။

ဘလိုင်းဒိတ်လုပ်ရန်အတွက် သတင်းအချက်အလက် အပြည့်အစုံပင်။

သူတွေ့ရမည့် ကောင်မလေး၏ နာမည်မှာ စုန့်၀မ်ဟွေ့ဖြစ်ပြီး ဘဏ်တစ်ခုတွင် အလုပ်လုပ်သူဖြစ်သည်။သူမ၏ ဓာတ်ပုံတွင်‌ တော့အက်ဖက် များကို အလွန်အကျွံသုံးထားသောကြောင့် သူမ၏ ပုံစံ အစစ်အမှန် မည်သို့ ရှိမည်ကိုလည်း လင်းရီ မှန်းကြည့်၍ မရပေ။

မေမေ၀မ်က သူ့ကို တွေ့စေချင်မှတော့ လေးစားသမှုဖြင့် အားလပ်ပါက သေချာပေါက် သွားရောက် တွေ့ဆုံရပေမည်။

ကလင် ကလင် ကလင်

ထိုအချိန်တွင် လင်းရီ၏ ဖုန်း နောက်တစ်ကြိမ် မြည်လာပြန်၏။ ဤတစ်ကြိမ်တွင်တော့ ကျီချင်းရန်ပင်။

"နင်အခု အလုပ်များနေလား...အခြေအနေ ဘယ်လိုလဲ....""ကျီချင်းရန် အပြုံးလေးဖြင့် မေးလိုက်သည်။

"စီးပွားရေးကတော့ လုံး၀ကို မကောင်းတာဟေ့..ခုထိ အော်ဒါတစ်ခုတောင် မရသေးဘူး..."

"ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက အလုပ်အတွေ့အကြုံရဖို့ပဲ မလား...ပိုက်ဆံ ရရ မရရ ဘာအရေးလဲ.."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒီ တစ်ခေါက်ကော ဘာ‌အကြောင်းထူးလို့ ခေါ်လိုက်တာလဲ..."

"ဟိုလို အထွေအထူးကြီးတော့ မဟုတ်ပါဘူးဟယ်..မနက်ဖြန်က ငါ့အဖိုးရဲ့ မွေးနေ့လေ..အဲ့တာ ဒီနေ့ည ငါတို့ အတူ ဈေး၀ယ်ထွက်ကြရင် ကောင်းမလားလို့...ငါလည်း အ၀တ်နည်းနည်း ၀ယ်ချင်တယ်ဟာ..ပြီးတော့ နင်၀တ်ဖို့လည်း ၀ယ်ပေးမယ်လေ...."

All Chapters