← Chapters

မင်းရဲ့ ပေါ်စချယ်က လမ်း‌ပိတ်နေတယ်

Vol. 3 Ch. 36

မင်းရဲ့ ပေါ်စချယ်က လမ်း‌ပိတ်နေတယ်

Vol. 3 Ch. 36

"ရတယ်လေ..ဒီည လာကြိုပေးမယ်..ငါလည်း အ၀တ်နည်းနည်းလောက် လိုချင်နေတာနဲ့ အတော်ပဲ..."လင်းရီ ပြောလိုက်သည်။

သူအရင်က အ၀တ်အစား အစုံအနည်းငယ် ၀ယ်ယူခဲ့သော်လည်း လုံလောက်မှု မရှိသေးပေ။ ထို့ကြောင့် ကျီချင်းရန်နောက် လိုက်၍ နောက်ထပ် အနည်းငယ် လောက်၀ယ်ယူရန် ဆုံးဖြတ်လိုက်၏။

"အိုကေ...ကတိနော်..."ကျီချင်းရန် အားရပါးရ ပြုံး၍ ပြောလိုက်သည်။

"ကတိ..."

လင်းရီ ဖုန်းချပြီးနောက် ကားထိုင်ခုံပေါ် မှီလိုက်သည်။ သူက ဟန်ဆောင်ရည်းစား ဖြစ်သော်လည်း လက်ဗလာနှင့် သွားမည်ဆိုပါက မျက်နှာလှမည် မဟုတ်ပေ။ထို့ကြောင့် လက်ဆောင်တစ်ချို့တော့ ယူသွားသင့်၏။

အင်း..အသက်ကြီးတဲ့သူတွေက ဘယ်လို အရာမျိုးဆိုကြိုက်လောက်လဲ...

ရှေးဟောင်း လက်ရေးလှ ပန်းချီကားတွေဆိုရင်ကော....

အဲ့တာပေးလည်း မဆိုးဘူး....

တစ်ချိန်တည်းတွင် ထျန်းရန်လည်း ဂျယ်ရစ်ချို ကုမ္ပဏီထဲမှ အားရကျေနပ်စွာဖြင့် ထွက်လာခဲ့သည်။

"ဒါရိုက်တာလင်း..ကျွန်မ အားလုံးကို စီစဉ်သွားပြီးပါပြီရှင့်...."

"မင်းငါ့ရဲ့ လိုင်စင်ကိုလည်း ပြန်ဖွင့်ပေးခဲ့တယ်မလား..."

"ဒါပေါ့...ပြီးတော့ ကျွန်မ ကုမ္ပဏီကိုလည်း ရှင့်ကို

အက်ပ်ထဲမှာ အမြင့်ဆုံး လုပ်ပိုင်ခွင့် ပေးထားဖို့ ပြောထားတယ်...."

"အမြင့်ဆုံး လုပ်ပိုင်ခွင့်က ဘာလုပ်ရမှာ...."

"ဒီတိုင်း ကူညီပေးတဲ့ ဖန်ရှင်လေး တစ်ချို့ပါပဲ...ဒါပေမယ့် အဲ့ဒီထဲကတစ်ခုကတော့ တော်တော်လေး အသုံး၀င်တယ်..အသုံးပြုသူတွေက ရှင့်ရဲ့ လိုင်စင်နံပါတ်ကို ရိုက်ထည့်ပြီး ရှင့်ဆီ အော်ဒါတိုက်ရိုက် တောင်းဆိုလို့ရတယ်..လက်ခံသာ မခံသာကတော့ ရှင့်သဘောပေါ့..."

"အင်း..ဒါကတော့ အတော်လေး အသုံးတည့်တာပဲ..."

"ဒါရိုက်တာလင်းရဲ့ ချီးမွမ်းမှုကို ခံရတာကိုပဲ ကျွန်မတို့က ဂုဏ်ယူရမှာပါ... "ထျန်းရန် ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

"တကယ်လို့ ဒါရိုက်တာလင်းမှာ တခြားတောင်းဆိုစရာ လေးတွေ ရှိရင်လည်း တစ်ခါတည်း ပြောလို့ရတယ်နော်...ကျွန်မ ရှင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးကြိုးစားပါ့မယ်..."

"အဲ့တာဆိုရင်တော့ ကျုပ်မှာ တစ်ခုတော့ရှိတယ်..."လင်းရီ ပြောလိုက်ပြီး "ထျန်းရန် မင်း ရှေးဟောင်းပစ္စည်းတွေအကြောင်း သိလား..."

"ရှေးဟောင်းပစ္စည်း...ဒါရိုက်တာလင်း..ရှင်က လက်ဆောင် ပေးချင်လို့လား...."

"ဟုတ်တယ်..ကျုပ်ရဲ့ အဘိုးမွေးနေ့ရှိလို့လေ...အဲ့တာ သူ့ကို တစ်ခုခု ထူးခြားတာလေး ပေးချင်လို့..."

ထျန်းရန် မျက်လုံးလေး ကလယ်ကလယ်ဖြင့် စဉ်းစားလိုက်ပြီး

"ဒါရိုက်တာလင်း ခဏလောက် စောင့်ပေးဦးနော်...ကျွန်မ ဖုန်းခေါ်ပြီး အဲ့ဒီ အကြောင်း နားလည်တဲ့သူကို မေးလိုက်ဦးမယ်...."

ထိုသို့ပြောပြီးနောက် ထျန်းရန် လုံခြုံရေး ခါးပတ်ဖြုတ်၍ ကားအပြင်ထွက်ပြီး ဖုန်းခေါ်လိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ကားထဲသို့ ပြန်၀င်လာ၏။

"ဒါရိုက်တာလင်း..ကျန်းတချန်ရဲ့ ပန်းချီလက်ရာတွေထဲက တစ်ချပ်ဆိုရင်ကော အဆင်ပြေလား...."

လင်းရီမှာ အနုပညာသမားတစ်ယောက် မဟုတ်သော်လည်း ကျန်းတချန်၏ အမည်ကိုတော့ ကြားဖူးနား၀ ရှိ၏။

ကမ္ဘာပေါ်ရှိ သူ၏ ပန်းချီလက်ရာ တစ်ချပ်ချင်းစီတိုင်းက အနည်းဆုံး ၁၀ မီလီယမ် တန်ကြေးရှိ၏။

အဆင်ပြေတာ မဟုတ်ဘူး... တအားကို အဆင်ပြေတာ....

"မင်းက တချန်ရဲ့ ပန်းချီကားတစ်ချပ်ကို ရအောင် စီစဉ်ပေးနိုင်တယ်ပေါ့...."

လင်းရီ မေးလိုက်သည်။

"ဒါပေါ့ ကျွန်မတို့ရဲ့ ဥက္ကဌချိန်က မစ္စတာကျန်းရဲ့ 'မက်မွန်ပန်းများ ပွင့်လန်းခြင်း' ပန်းချီကားကို လေလံအိမ်ကနေ ကော်ပီ တစ်ချပ် ရထားတာလေ...တကယ်လို့ ဒါရိုက်တာလင်းတာ လိုချင်တယ် ဆိုရင် ကျွန်မ တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်မယ်..."ထျန်းရန် ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ ..ဘယ်လောက်ပေးရမလဲ...ငါမင်းဆီ လွှဲပေးလိုက်မယ်..."လင်းရီ မေးလိုက်၏။

"ဒါရိုက်တာလင်း...ရှင်နောက်နေတာလား..ကျွန်မတို့က ဒါရိုက်တာလင်းရဲ့ ပိုက်ဆံကို ဘယ်လိုလုပ် ယူဝံ့မှာလဲတဲ့...မစ္စတာလင်း ကြိုက်နေသရွေ့တော့ ပန်းချီကားက ရှင့်ဟာပါပဲရှင်...."

"မရဘူး...စီးပွားရေးက စီးပွားရေးပဲ..."လင်းရီပြောလိုက်သည်။

ဒါပေမယ့် ငါက ပေးရင်တောင် မင်းက မယူဘူးဆိုမှတော့ ..စီအီးအို ချိန်ကိုပြောလိုက်..ငါ့ရဲ့ ရှယ်ယာ ၁%ကို ပန်းချီ ရဲ့ အဖိုးအခအနေနဲ့ ပေးချေလိုက်မယ်လို့...ဒီ သဘောတူညီမှုကနေ ဘယ်သူပဲ အမြတ်ထွက်ထွက် ငါဂရု မစိုက်ဘူး...အနည်းဆုံးတော့ အကြွေးမရှိဘူးပေါ့....."

"ရှယ်..ရှယ်ယာ ၁%နဲ့ လဲလှယ်မယ်...."

ထျန်းရန် လုံး၀ အံ့အားသင့်သွားသည်။ Didi ၏ လက်ရှိ ဈေးကွက်တန်ဖိုးအရ ဆိုပါက ရှယ်ယာ ၁%မှာ အနည်းဆုံး ၅၀၀ မီလီယမ်ခန့် တန်းကြေးရှိ၏။

ပန်းချီကား တစ်ချပ်က ဘယ်လောက်ပဲ ဈေးကြီးတယ်ပြောပြော ..၅၀၀ မီလီယမ်တော့ မရှိလောက်ဘူးမလား....

‌ဒီရဲ့ ချောမောခန့်ညားတဲ့ ဒါရိုက်တာလင်းက အရမ်းကို ‌ရက်ရောပြီး သဘောကောင်းတာပဲနော်....

"အင်း..မင်းတို့ ဘော့စ်ကို အသိပေးလိုက်ဦး ငါမနက်ဖြန် အဲ့ပန်းချီကား လိုချင်တယ်လို့..ရန်ချန် နဲ့ ကျိုးဟိုင်က အဲ့လောက် မဝေးဘူးဆိုတော့..မနက်ဖြန် နေ့လည် မကျော်ခင် အရောက်ပို့ပေးလို့ရတယ်မလား...."

"ရတာပေါ့ရှင်..ကျွန်မတို့တစ်ယောက်ယောက်ကို ပို့ပေး ခိုင်းလိုက်ပါ့မယ်..."

"မင်းတို့လူကို ပန်နီဆူလာဟိုတယ် ပို့ခိုင်းပြီး ၀မ်ထျန်းလုံရဲ့ လူတွေ လက်ထဲ အပ်ထားခဲ့ခိုင်းလိုက်..."လင်းရီပျင်းရိစွာ အညောင်းဆန့်၍ ပြောလိုက်သည်။

"မင်းမှာလည်း တခြား ကိစ္စ တွေမရှိတော့ဘူးဆိုရင် ပြန်သွားတော့လေ...ဘာပြောစရာမှ မကျန်တော့တာ...မင်းတို့ နဂိုအစီအစဉ်တိုင်းပဲ လုပ်ကြ..ငါက ဘာမှသိပ်ပြီး ၀င်စွက်ဖက်မှာ မဟုတ်ဘူး...."

လင်းရီ ထိုစကား လွယ်လွယ်ပြောထွက်သည်ကို ကြားသောအခါ သူမ နားကိုပင် မယုံချင်တော့ပေ။

အလုပ်ခွင်တွင် ဘော့စ်အသစ်ရောက်လာပါက အာဏာပြချင်ကြသောကြောင့် ၀န်ထမ်းများကို လျော့ချလေ့ရှိရာ သူမတို့၏ အလုပ်ကလေး တည်မြဲအောင် ထိန်းသိမ်းရန်မှာ လွန်စွာ ခက်ခဲလှ၏။ ထို့ကြောင့် သူမလင်းရီ ထိုသို့ ပြောသံကြားသောအခါ အထူးအဆန်း ဖြစ်နေလေ၏။

"ဒါနဲ့ ဒါရိုက်တာလင်း...ကျွန်မတို့ ဥက္ကဌက ရှင့်ကို ရန်ချန်ဆီ ဧည့်သည့်အဖြစ် ဖိတ်ခေါ်ချင်နေတာ..ဒါကြောင့် ကျွန်မ....."

"ရန်ချန်....."

လင်းရီ ရေရွတ်လိုက်ပြီး "ငါတစ်ချက်သွားလိုက်မယ်..ဒါပေမယ့် ဘယ်အချိန်လဲဆိုတာတော့ မပြောနိုင်ဘူး...အရင်ဆုံး ပြန်သွားပြီး ငါ့ဆီက သတင်းကို စောင့်နေလိုက် ငါက ဒီတိုင်း သာမန် ပုံစံလေးပဲ နေချင်တာ ငါ့နောက် ပတ်လိုက်နေစရာ မလိုဘူး... "

သူငယ်စဉ်က နေခဲ့သော မိဘမဲ့ဂေဟာလေးမှာလည်း ရန်ချန်တွင် တည်ရှိပြီး လင်းရီလည်း ထိုနေရာလေးသို့ ပြန်သွားချင်နေသည်။

သူ ဘွဲ့ရပြီးသည်မှာ နှစ်၀က်ကျော်ပြီဖြစ်သော်လည်း သူ့အား ကျွေးမွေးစောင့်ရှောက်ပေးခဲ့သော ဂေဟာလေးကို ယခုထိ တစ်ပြားမှ ပြန်မပေးရသေးပေ။

အဲ့လိုတော့ မဖြစ်သေးပါဘူးလေ..

"အဲ့တာဆိုလည်း ကျွန်မ အရင်သွားလိုက်ပါမယ်နော်...ဒါရိုက်တာလင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတော့ပါဘူး..."

ထျန်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

"အိုကေ..."

လင်းရီ မောင်းထွက်သွားတာကို ကြည့်ရင်း ထျန်းရှ စိတ်ထဲတွင် ဒါရိုက်တာလင်းမှာ တမူထူးခြားသော လူတစ်ဦးဖြစ်ကြောင်း ခံစားမိလိုက်သည်။

သူက တခြား သူဌေးသားလေးတွေနဲ့ မတူဘူး...ထူးခြားတဲ့ အော်ရာတွေ ရှိနေသလိုပဲ ဟီးဟီး ....

ရုတ်တရက် ထျန်းရန် သူမ၏ မျက်နှာ နီရဲလာသည်ကို ခံစားမိပြီး သူမ ထိတ်လန့်တကြား မျက်နှာကို လက်ဖြင့် ပွတ်လိုက်မိသည်။

"ငါက ဘယ်လိုလုပ် ဒါရိုက်တာလင်းအပေါ် မဟုတ်တဲ့ ခံစားချက်တွေ ရှိနေနိုင်မှာလဲ..အဲ့တာကြီးက လုံး၀ကို မဖြစ်နိုင်တာ...."

ကလင် ကလင် ကလင်

ထျန်းရန် ရင်ထဲ တလှပ်လှပ် ဖြစ်နေစဉ် သူမ အိတ်ထဲရှိ ဖုန်းမှာ တစ်ဖန် ပြန်လည် မြည်လာခဲ့သည်။

ခေါ်ဆိုလာသူမှာ လင်းရီ ဖြစ်ကြောင်း သိသွားသောအခါ သူမ လွန်စွာ အံ့အားသင့်သွား၏။

သူမ၏ နှလုံးသားလေး ရူးသွပ်စွာ ခုန်ပေါက်နေပြီး

ငါတို့က ခုလေးတင် စီးပွားရေးပိစ္စပြီးသွားတာ....

ဒါပေမယ့် ဒါရိုက်တာလင်းက ငါ့ကို ခေါ်လာတယ်ဆိုတော့ တခြား ကိစ္စတစ်ခုခု ပြောချင်နေလို့လား မသိဘူးနော်.....

သူမတွေးလေ..ပိုပြီး ရင်ခုန် စိတ်လှုပ်ရှားလေ ဖြစ်နေ၏။

"ဒါရိုက်တာလင်း..ကျွန်မနဲ့ တွေ့ချင်နေလို့လားရှင့်..."

"ဟေး..မသိချင်ယောင် ဆောင်မနေနဲ့ဦးလေ..ခုလေးတင် တက္ကစီခကျ မပေးရသေးပဲနဲ..ငါ့ကို ကြယ်ငါးပွင့် ရီဗျူး ပေးဖို့ ကတိပေးထားတာလည်း မမေ့နဲ့ဦး..."

ထျန်းရန် မျှော်လင့် ထားသလို ဖြစ်မလာသောကြောင့် အနည်းငယ် စိတ်ဆိုးသွားပြ "အွန်း...ခုပဲ ပေးလိုက်မယ်..."

မကြာမီ ထျန်းရန် ကြယ်ငါးပွင့် ရီဗျူး ပေးထားကြောင်ူ အသိပေးစာ တစ်စောင် သူ၏ ဖုန်းထဲတွင် ရောက်ရှိလာသည်။

သူ၏ စိတ်ထဲရှိ အလုပ်ပြီးမြောက်မှု ဇယားကို ကြည့်လိုက်သောအခါ အချိုးမှာ (၉/၁၀ )ဖြစ်နေပြီး ဖြစ်သည်။

အကယ်၍ သူသာ နောက်ထပ် အော်ဒါတစ်ခု လက်ခံပြီး ကြယ်ငါးပွင့် ရီဗျူးရရှိပါက မစ်ရှင်မှာ အောင်မြင်သွားတော့မည်။

သူနာရီကို တစ်ချက်ကြည့်လိုက်သောအခါ နေ့လည်ကျော်နေကြောင်း သိနေထားမိသွားသည်။ လင်းရီ ပန်နီဆူလာ ဟိုတယ်ထံ ပျင်းရိလာ ဦးတည်မောင်းလာပြီး လမ်းဘေးတွင် နေ့လည်စာ စားလိုက်၏။ထို့နောက် မစ်ရှင်ကို လက်ခံရန် ပြင်ဆင်နေလိုက်သည်။

အမှန်တော့ လင်းရီ ကျန်ရှိနေသော မစ်ရှင် ကို ထိုမျှ ဂရုမစိုက်ပေ။ သူအော်ဒါရရ မရရ ညကျရင် ကျီချင်းရန် ကို သွားကြိုလိုက် ရုံမျှဖြင့် ကြယ်ငါးပွင့် ရီဗျူးကို အသာလေး ရပေလိမ့်မည်။ သေချာနေသည့် အလုပ်တစ်ခုကို သူက အဘယ်ကြောင့် အပင်ပန်းခံ၍ အော်ဒါလိုက်ရှာနေရမည်နည်း။

သို့သော်လည်း သူနှင့် ကျီချင်းရန်မှာ အတော်လေး ရင်းနှီးနေသောကြောင့် လင်းရီ အလွန်အကျွံ အခွင့်အရေး မယူမိစေရန်လည်း ကိုယ့်ကိုယ်ကို သတိပေးနေရသည်။

ထို့ကြောင့် သူ ကျီချင်းရန်ကို နောက်ဆုံး ဝှက်ဖဲ တစ်ချက်အနေဖြင့် သိမ်းထားရန် ဆုံးဖြတ်လိုက်၏။

"ကဲ ခု အော်ဒါ လက်ခံဖို့ အချိန်ပဲ...၀မ်တ ပလာဇာကနေ ပန်နီဆူလာဟိုတယ်ဆိုပါလားဟ...."

ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ...ငါလဲ အဲ့ဒီကို သွားမလို့ပဲ...

လင်းရီ တအားအများကြီး စဉ်းစားမနေတော့ချေ။

‌ဂျီပီအက်စ်အတိုင်း ၀မ်တ ပလာဇာသို့ ဦးတည်လိုက်သည်။

၀မ်တ ပလာဇာကတော့ နေ့စဉ်နေ့တိုင်း ၀ယ်သူရောင်းသူများဖြင့် စည်းကား သိုက်မြိုက်နေလေ၏။

ထိုအချိန်တွင် လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦး ပလာဇာထဲမှ ထွက်လာခဲ့ကြသည်။

"အစ်ကိုဖေး..ရှင် ပေါ်စချယ် တစ်စီး ၀ယ်ထားတယ်ဆို..ဘာလို့ မမြင်မိတာလဲ...."မိန်းကလေးမှာ လူငယ်၏ လက်မောင်းကို ဖက်ထားရင်း ပြောလိုက်သည်။

"ဒီမှာ လူတအား များလို့ တခြားနေရာမှာ ပါကင်ထိုးထားတာလေ..."အစ်ကိုဖေးဟု ဆိုသည်မှ မြောက်ကြွ မြောက်ကြွဖြင့် ပြန်ဖြေလိုက်သည်။

"တကယ်လို့ ငါသာ ဒီမှာ ပါကင်ထိုးထားလို့က‌ တော့ ကားမမြင်ဖူးတဲ့ သောက်ငမွဲတွေက ပေါ်စချယ်လို ဇိမ်ခံကားကြီးတွေ့ရင် ဝိုင်းလာပြီး ဓာတ်ပုံတွေရိုက်ကြလိုင်းပေါ်တင်ကြလုပ်ကြမှာ...တကယ်လို့ တစ်ခုခုသာ ခြစ်မိ ခိုင်းမိသွားမယ်ဆိုရင် အစ်ကို့အသည်းလေး ကွဲအက်ရချည်ရဲ့..."

"သွားစို့ အစ်ကိုတို့သွားတဲ့ အချိန်ကျ အဲ့ကောင်တွေ ဝိုင်းအုံမလာကောင်းပါရဲ့..."အစ်ကိုကြီးဖေးဆိုသူမှ ပြောလိုက်သည်။

"ညီမကို လာမတွေ့ခင်တုန်းက ကိုကားပါကင်ထိုးနေတုန်း ကောင်မလေးတွေ ဝိုင်းလာပြီး ဓာတ်ပုံရိုက်နေကြတာ..ပြီးတော့ ကိုယ့်ရဲ့ ဝီချက်အကောင့် ရချင်နေတဲ့ ကောင်မလေးတွေလည်း အများ‌ကြီးပဲ..အစ်ကိုသာ မောင်းမထုတ်လိုက်ဘူးဆိုရင် သူတို့ကို့ကို လာခွင့်ပေးမှာတောင် မဟုတ်ဘူး...."

"ကိုကိုက ပေါ်စချယ်ကြီး စီးမှတော့ အဲ့ကောင်မလေးတွေ ကိုကို့နား ကပ်ချင်တာ ပုံမှန်ပဲလေ..."

သူ့တို့ ပြောရင်း လျှောက်ရင်းဖြင့် ကားပါကင်ထိုးသည့်နေရာသို့ ရောက်ရှိလာသောအခါ လူများစွာမှ သူတို့၏ ကားရှေ့တွင် ဓာတ်ပုံရိုက် ပို့စ်ပေးနေကြောင်း ‌မြင်လိုက်ရသည်။

"ဟမ့်..ဘယ်လောက်တောင် စိတ်အနှောက်ယှက် ဖြစ်ဖို့ ကောင်းလိုက်လဲ...ငါဒီလောက် အဝေးကြီး လာရပ်ထားတာတောင်မှ မြင်ဖြစ်အောင် မြင်လိုက်ကြသေးတယ်ကွာ....သောက်ငမွဲတွေကတော့ ကမ္ဘာကြီးကို ကောင်းကောင်း မမြင်ဖူးသေးဘူးထင်တယ်...."

"သွားစို့...အဲ့ကောင်‌ တွေကို ဂရုစိုက်မနေနဲ့ ကိုတို့ကားထဲ ၀င်ပြီး ရှေ့ကနေ ကိုးရို့ကားယား လုပ်တဲ့ကောင်တွေကို တိုက်ပစ်လိုက်ရအောင်.... "

"ဟီးဟီး...အဲ့အကြံ မဆိုးဘူးနော်...."

နှစ်ယောက်သား ပေါ်စချယ် ပနားမီးရားထံ လျှောက်သွားလိုက်သည်။

"ပေါ်စချယ်လေးကိုများကွာ...ဘာတွေ ဒီလောက်ထိ ဂုဏ်ဆာနေကြလဲ မသိဘူး....."

တစ်စုံတစ်ယောက်မှ နှာခေါင်းရှုံ့လိုက်၏။

"ဒါက မင်းမြင်နေကျ ဆိုင်ယန်း မဟုတ်ဘူးကွ ပေါ်စချယ်ပနားမီးရား...တစ်ချက်ကလေးသာ ခြစ်မိသွားလို့ကတော့ မင်းတို့ တစ်သက်လုံး စားစရာ သောက်စရာ မရှိ ဖြစ်သွားမယ်...."ဖေးကော အထိမခံ ပြန်အော်လိုက်သည်။

"ဟေ့...သားရီး မင်းရဲ့ ပေါ်စချယ်က လမ်းပိတ်နေတယ်....လမ်းလေး နည်းနည်းလောက်ဟျောင့်..."လင်းရီ ဟွန်းတီး၍ ပြောလိုက်၏။

All Chapters