← Chapters

  ဘာတွေ အလျင်လိုနေတာလဲ

Vol. 3 Ch. 37

  ဘာတွေ အလျင်လိုနေတာလဲ

Vol. 3 Ch. 37

"ဖာ့ခ်...ဘာတွေ လာရောင်းနေတာလဲကွ... ပနားမီးရားကမင်းရှေ့ ခဏလောက် ပိတ်ရပ်လိုက်တော့ဘာဖြစ်......"

"ဒါ..ဒါ ပန်ဂနီကြီးဟ...."

လင်းရီ ၏ ကားကို မြင်သောအခါ အစ်ကိုကြီးဖေးဆိုသူမှ ကြောက်လန့်တကြား ရေရွတ်လိုက်မိပြီး ချက်ချင်း ရှိခိုးမတတ် တောင်းပန်တော့သည်။

"ကျုပ်တောင်းပန်ပါတယ်ဗျာ...ခုချက်ချင်း လမ်းဖယ်ပေးပါ့မယ် ဆရာ...."

"အစ်ကိုကြီးဖေး..အဲ့ပြိုင်ကား မောင်းတဲ့သူကလည်း ‌မောက်မာလိုက်တာနော်.. "မိန်းကလေးမှ ပြောလိုက်သည်။

"ဒါက မာနကြီးတာ မဟုတ်သေးဘူး...အဲ့တာက ပန်ဂနီ ဇွန်ဒါနော်..သူ့ရဲ့ တန်ကြေးက အနိမ့်ဆုံး ၂၀ မီလီယမ်ကျော်ပဲ...ခုလို လမ်းတောင်းတာနဲ့တင် တော်တော်လေး သဘောကောင်းတယ်လို့ ဆိုရမယ်.... "

"ဟင်..ဘာလို့ အဲ့လောက်တောင် ဈေးကြီးရတာလဲ...."

မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။

အဲ့လောက် ဈေးကြီးတဲ့ ကားက ပနားမီးရား ဆယ်စီးလောက် အေးဆေး၀ယ်လို့ရတယ်...

"ဟားဟား နောက်ဆုံးတော့ ဒီလောက် အမြင်ကပ်ဖို့ကောင်းတဲ့ စုံတွဲကို ပညာပေးမယ့်သူ တစ်ယောက် ပေါ်လာပြီပဲကွ....."

"ဟမ့်..အဲ့ကောင်က ဘာမှ မဟုတ်တဲ့ ပနားမီးရားလေးစီးပြီး ကောင်းကင်ကြီးက သူ့ရေတွင်း၀လောက်ပဲရှိတယ် ထင်နေတာ...ဒါပေမယ့် ပန်ဂနီနဲ့ ယှဉ်မယ်ဆိုရင်တော့ အမှိုက်သာသာပါကွာ...."

"ငါတော့ အဲ့လိုကောင်တွေကို သောက်မြင်အကပ်ဆုံးပဲ....၁ကျပ် ၂ကျပ်လောက် လက်ထဲရှိတာနဲ့ ကိုယ့်ကိုယ်ကို ဘုရင်ကြီးလို့ ထင်နေကြတဲ့ကောင်တွေ...ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းလိုက်လဲ"

ဖေးနှင့် သူ့ကောင်မလေးကတော့ လင်းရီကို လမ်းဖယ်ပေးရန်အတွက် ကားကို ဘေးသို့ ရွေ့ပေးလိုက်ကြသည်။

လင်းရီကား နီးကပ်လာသည်ကို မြင်သောအခါ လူအများစုက ဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက်ကြတော့သည်။

"ဟဲ့ကောင်‌မတွေ..ကားပဲ ကြည့်မနေကြနဲ့...မောင်းတဲ့သူကိုလည်း ကြည့်ကြဦးဟဲ့...အဆင်လေးတော့..."

"ရုပ်လည်းချော..ပိုက်ဆံလည်းရှိ..ဘာလို့ ဘုရားက မျက်နှာလိုက်တာလဲကွာ...."

"ဟူး...ငါသာ အဲ့ဒီပြိုင်ကားပေါ်မှာ တစ်ခါလောက်သာ လိုက်စီးရလို့ကတော့ နောင်တမရှိပဲ သေနိုင်ပြီ...."

လမ်းရှင်းသွားတော့ လင်းရီ မီတာ အနည်းငယ်လောက် မောင်းနှင်လိုက်ပြီး အော်ဒါတွင် ပါရှိသော တည်နေရာသို့ ရောက်ရှိသွားသည်။

ထိုအချိန်တွင်တော့ လှပ၍ ဆက်စီကျသည့် အမျိုးသမီးတစ်ဦးမှ ဖုန်းခေါ်နေ၏။

"မင်းလည်း ဒီရောက်တော့မှာပေါ့...."

"ဘာမှ မပူနဲ့ ပေပီ လည်း ခုလေးတင် ဈေး၀ယ်ပြီးတာ ..ခဏနေရောက်တော့မယ်နော်"

......

"ဘာမှ မဖြစ်ဘူး..ညီမ ကိုယ့်ဘာကိုယ်မောင်းပြန်မှာ မဟုတ်ဘုး..တက္ကစီခေါ်ထားတယ်...ဟိုတယ်မှ စောင့်နေလိုက်..ညီမကို့အတွက် ဆက်စီအတွင်းခံ အသစ်တွေ အများကြီး၀ယ်ထားတယ်..ဟိုရောက်မှ ၀တ်ပြမယ်..."

အမျိုးသမီးမှာ ဖုန်းချပြီးနောက် ပတ်၀န်းကျင်ကို တစ်ချက် ကြည့်လိုက် သော်လည်း ကားမှာ ယခုတိုင် ရောက်မလာသေးချေ။

ထိုအချိန်တွင်တော့ လင်းရီ သူ၏ ပန်ဂနီဖြင့် ထိုအမျိုးသမီးရှေ့သို့ ရောက်လို့လာသည်။

"ခင်များက ကတ်နံပါတ် 9838 နဲ့ဆုံးတဲ့ မစ်ရန်လား...."

"ဟမ်..နင်ဘယ်လိုလုပ် သိတ ..."

"ကျုပ်က ခင်များ ခေါ်ထားတဲ့ Didi လေ ၊..ကဲ ခု ကားပေါ်တက်..."

ရန်ထျန်းရှင်း အနည်းကယ် စိတ်ရှုပ်ထွေးသွားသည်။ Didi က အဲ့လောက်ထိ အံ့ဩဖို့ကောင်းတာလားဟ....

ကုမ္ပဏီက ဇိမ်ခံကား ၀န်ဆောင်မှုတွေတောင် ပေးနေပြီလားပေါ့.....

ပြီးတော့ ဒရိုင်ဘာလေးကလည်း ရုပ်ရည် ပြေပြစ်သားပဲ....

ကံမကောင်းစွာဖြင့် ထိုသူ၏ အဆင့်အတန်းမှာ အနည်းငယ် မနိမ့်‌ကျနေပါက သူမ ဘာညာကွိကွ ပြောမိလိမ့်မည်။

ခရီးသည်ထိုင်ခုံပေါ်တွင် ထိုင်ရင်း ထျန်းရှင်း ပြုံးလိုက်သည်။

"နင်တို့ Didiက မားကတ်တင်းဆင်းတာ တော်တော်လေး မိုက်တာပဲ..စူပါကားကြီးတွေနဲ့ဆိုတော့..."

လင်းရီ ပြုံးရင်း ခေါင်းရမ်းမိသည်။

သူလည်း ရွှီရန်နဲ့ တစ်ပုံစံတည်း လာမယ်ထင်တယ်....

ပန်ဂနီကို Didi ကပေးထားတယ်များ မှတ်နေလား မသိဘူး....

"ဟမ်...ဒီကားက ကျုပ်ကကော မဖြစ်နိုင်ဘူးလား...."

"နင့်ဟာ...."ထျန်ရှင်း အထင်သေးစွာ ပြုံးလိုက်ပြီး "မောင်ငယ်လေး..လာနောက်မနေစမ်းနဲ့..ဘယ်ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးက Didiမောင်းမှာလဲ...ငါ့ကို မနူးမနပ်လေးများ အောက်မေ့နေလား...."

"ဟားဟား....."

လင်းရီ ပြုံးရုံပြုံး၍ ဘာမျှ ပြန်မပြောခဲ့။

လင်းရီ ကားကိုသာ ဂရုစိုက်၍ မောင်းလိုက်သည်။ နောက်ထပ်ကြယ်ငါးပွင့် ရီဗျူး တစ်ခု ရသည်နှင့် မစ်ရှင်မှာ ပြီးမြောက်သွားမည်ဖြစ်သည်။

၎င်းကိုတွေးမိတော့ အဆင့်အတန်းမျိုးစုံ အတွေ့အကြုံခံစားခြင်း စနစ်မှာ ထင်သလောက်မဆိုးဟု ခံစားမိ၏။

မစ်ရှင် ဆယ်ခုရှိသော်လည်း တစ်ခုမှာ ရွှီရန် က မကောင်းသည့် ရီဗျူး ပေးလိုက်သောကြောင့် စနစ်၏ စည်းမျဉ်းများကြောင့် အကျုံးမ၀င်ခဲ့ပေ။

ကျန်ရှိနေသည့် ကိုးခုထဲမှ ရီဗျူး ခြောက်ခုကတော့ ကျီချင်းရန်၊၀မ်ရင်း ၊ထျန်းရန်နှင့် ရှရှင်းယွီတို့ အသီးသီးထံမှ ရရှိထားသည် ။

အတိအကျ ဆိုရပါက ကြယ်ငါးပွင့်ရီဗျူး ရှစ်ခုမှာ သူ၏ အသိများထံမှ ဖြစ်ပြီး ရှရှင်းယွီပေးသော တစ်ခုသာ သူ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ရရှိထားခြင်းဖြစ်၏။

ထို့ပြင် ရှရှင်းယွီက သူ့ကို ကောင်လေး အဖြစ် ဟန်ဆောင်ပေးရန် အကူအညီလည်း တောင်းသေးသည်။

အခြားသော အော်ဒါများကတော့ သူရရှိသည့် ခရီးသည်များမှာ လင်းရီနှင့် ဓာတ်မကျသည်က ခပ်များများပင်။

လူတိုင်း ငွေရှိလျင် ဂုဏ်မောက်နေသော မော်ဒန်ခေတ်ကြီးတွင် အောက်ခြေသိမ်း အလုပ်သမားအဖြစ် ရပ်တည်ရသည့် Didi ဒရိုင်ဘာများ၏ ဘ၀ကတော့ တကယ့်ကို မလွယ်ကူပေ။

မည်သို့ပင်ဆိုစေကာမူ တခြားသူများကို သောက်ဂရုမစိုက်ပဲ ကိုယ်ထင်ရာကိုယ်စိုင်းသည့် ပုံစံမျိုးကို ကျန်သည့် ဒရိုင်ဘာများလုပ်ပါက ထမင်းငတ်သွားနိုင်၏။

"ဟိတ်..ဟိတ်..ဘာလို့ လမ်းပြောင်းလိုက်တာလဲ..နင်ငါ့ဆီကနေ အချိန်ဆွဲပြီး ပိုက်ဆံညစ်ချင်နေတာလား...ငါအခု အလျင်လိုနေတယ်ဆိုတာ နင်နားမလည်ဘူးလား..."

"ကျုပ် အချိန်ဆွဲနေတာ မဟုတ်ဘူး..ဖြတ်လမ်းက‌နေမောင်းပေးနေတာ..မြေပုံမှာ ပြတဲ့ လမ်းကြောင်းအတိုင်းဆို ဝေးလွန်းတယ်...."

ပန်နီဆူလာ ဟိုတယ်မှာ သူ၏ ပိုင်ဆိုင်မှုဖြစ်သောကြောင့် လင်းရီ ဖြတ်လမ်းများကို သိရှိထားသည်။ ထို့ကြောင့် သူ အက်ပ်ပေါ်ရှိ လမ်းကြောင်းအတိုင်း မမောင်းရန် ဆုံးဖြတ်လိုက်၏။

သို့သော်လည်း သူ၏ စေတနာကို တစ်ဖက်မှ အထင်လွဲသွားလိမ့်မည်ဟု ထင်မထားပေ။

"အရေးမပါတာ..."ထျန်းရှင်းပြောလိုက်ပြီး "ငါတော့ နင် လှည့်ပတ်ကွေ့ဝိုက်ပြီး အချိန်ဆွဲဖို့ လုပ်နေတယ်လို့ပဲ ‌မြင်တယ်...."

"ရတယ်လေ..ကျုပ် အရင်လမ်းအတိုင်းပဲ ပြန်မောင်းပေးမယ်..ကျေနပ်ပြီလား...."

"ဘာကို ကျေနပ်ပြီလားလဲ..နင်ခုလေးတင် လမ်းကြောင်းပြောင်းလိုက်တော့ ငါ့အချိန်တွေ ဘယ်လောက် အလဟဿ ဖြစ်သွားလဲ ဆိုတာ မသိဘူးလား..."ထျန်းရှင်း ပြောလိုက်ပြီး "ငါ့ကို အရူးလုပ်ဖို့ လွယ်တယ်လို့များ ထင်နေတာလား..."

"ခင်များ ထင်ချင်သလိုသာ ထင်တော့ဗျာ..."လင်းရီ သူ၏ စိတ်ထဲတွင်တော့ တိတ်တစိတ် ကျိန်ဆဲလိုက်ပြီး "ဘာတွေ ဒီလောက် အလျင်လိုပြနေတာလဲဟ...."

လင်းရီ ထျန်းရှင်း၏ အိတ်ကပ်ထဲတွင် နာမည်ကြီး အတွင်းခံ တံဆိပ်ကို မြင်နေရသည်။ သူ၏ ex လျိုစီစီလည်း အရင်က ၀တ်ဆင်ဖူး၏။

အတွင်းခံ တစ်ထည် အနေဖြင့် ဈေးကတော့ အတော်လေးကို များသည်။

လင်းရီလည်း အနည်းငယ် ဆက်စပ်တွေးတောကြည့်လိုက်၏။

ဆက်စီ အတွင်းခံတွေလည်း ၀ယ်လာတယ်...ဟိုတယ်ကိုလည်း သွားနေတယ်ဆိုတော့...ဟီးဟီး ဘာလုပ်မလဲ ဆိုတာ သိသာနေပြီမလား....

လင်းရီ ထျန်းရှင်း ဆက်စီအတွင်းခံ ၀တ်ထားသည့်မြင်ကွင်းကို ပုံဖော်မိသောအခါ ကြက်သီးထသွားသည်။

ပိန်လီ ပြားကပ်နေသော ခန္ဓာကိုယ်ကို ပုံဖော်ကြည့်ရသည်မှာ အမှန်ပင် ကြက်သီးထဖို့ကောင်း၏။

ကျီချင်းရန်၏ မို့မောက် စွင့်ကားနေသော ဘော်ဒီနှင့် ယှဉ်ပါက ဤအမျိုးသမီးမှာ အလင်းနှစ်ပေါင်းများစွာ ကွာဝေးနေလေသည်။

"ထားလိုက်တော့...ဘယ်မှ ဆက်မောင်းသွားမနေနဲ့...ရှေ့ အပေါက်၀လေးနားမှာပဲ ငါ့ကို ချပေးလိုက်..."

'ဘာလဲ..သူမက လူတွေ မြင်မှာ ကြောက်နေတာလား....'

လင်းရီ ကိုယ့်ကိုယ်ကို တွေးလိုက်သည်။

ဇင်ယော်ငှက်တောင်ပံကဲ့သို့ ကားတံခါးများ ပွင့်လာပြီး ထျန်းရီ ကားထဲမှာ ထွက်လိုက်သည်။

လင်းရီကတော့ ကားထဲတွင် ထိုင်နေရင်း သူ၏ ကြယ်ငါးပွင့် ရီဗျူးလေးမှာတော့ ဇာတ်သိမ်းသွားပြီ ဖြစ်ကြောင်း စဉ်းစားနေသည်။

ဒီလို ခရီးသည်တွေက သူတို့ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ အရမ်းခက်တာပဲကွာ....

မကြာမီ သူ၏ ဖုန်းထဲတွင် ကြယ်ငါးပွင့် ရီဗျူး ပေးထားကြောင်း အကြောင်းကြားစာ တစ်စောင် ရောက်ရှိလို့လာ၏။

ဟမ်....

ကြယ်ငါးပွင့် ရီဗျူးကို မြင်သောအခါ လင်းရီ အရမ်း အံ့ဩသွားသည်။

ဒီလိုတွေ ဖြစ်သွားတာတောင်မှ ကြယ်ငါးပွင့် ရီဗျူး ရသေးတာလားဟ...

အင်း...အဲ့ကောင်မလေးက သိပ်မဆိုးပါဘူး...ဘော်ဒီက မတောင့်မဖြောင့်ဆိုပေမယ့် အောင်မြင်ဖို့ အလားအလာ ရှိတယ်...မဆိုးဘူး..တကယ်မဆိုးဘူး...

သို့သော်လည်း လင်းရီ မကြာမီ တစ်ခုခု မှားနေကြောင်း ခံစားမိသွားသည်။

သူခုလေးတင် ကြယ်ငါးပွင့်ရီဗျူး ရထားပြီးပြီဆိုတော့ စနစ်ကနေ မစ်ရှင်ပြီးမြောက်ကြောင်း အ‌ေကြာင်းကြားစာ ရောက်လာသင့်ပြီ မဟုတ်လား...ဘာလို့ တစ်ချက်ကလေးမှ မတုန့်ပြန်တာလဲ....

လင်းရီ မစ်ရှင် ဇယားကို ကြည့်လိုက်သောအခါ ပြီးမြောက်မှု နေရာတွင် ယခင်အတိုင်း (၉/၁၀) ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"စနစ်.....မင်းဟာက မဟုတ်သေးပါဘူးကွ...ငါခုလေးတင် ကြယ်ငါးပွင့် ရီဗျူး ၁၀ ခု ရရမယ့် မစ်ရှင် ပြီးသွားပြီလေ...ဘာလို့ ၉ ပဲ ဖြစ်နေတာတုန်းဟ...."

[စောနက ခရီးသည်က ပိုင်ရှင်ကို ကြယ်တစ်ပွင့်ပဲ ပေးသွားတာပါ...ကြယ်ငါးပွင့် မဟုတ်ပါဘူး...]

"သောက်ရေး မပါတာ..ငါ့ဖုန်းထဲမှာ ကြယ်ငါးပွင့် ရီဗျူးဆိုပြီး နိုတီတက်လာတာကွ...."

[ပိုင်ရှင်ရဲ့ အက်ပ်က မမှန်ပါဘူး..လီဆယ်ထားတာပါ..စနစ်က ဘယ်တော့မှ မမှားပါဘူး ပိုင်ရှင်...]

"ဟမ်...လီဆယ်ထားတယ်...."

လင်းရီ တခဏမျှ တွေးတောပြီးနောက် ဘာကြောင့်လဲဆိုတာကို နားလည်သွားသည်။

သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ထျန်းရန်ထံ ဖုန်းခေါ်ဆိုလိုက်၏။

ထျန်းရန်မှ လင်းရီ၏ ခေါ်ဆိုမှုကို လက်ခံလိုက်ပြီး

"ဒါရိုက်တာလင်း ကျွန်မကို တွေ့ချင်နေတာလား..ကျွန်မခု ဘူတာကနေတောင်မထွက်ရသေးဘူး..တွေ့ချင်တယ်ဆိုရင် ပြန်လာပေးမယ်လေ..."

"အေး မင်းပြန်လာစရာတော့ မလိုပါဘူး..ငါဒီတိုင်း တစ်ခုလောက် မေးကြည့်ချင်လို့..မင်းတို့ ရီဗျူးပေးတဲ့ စနစ်ကို ပြောင်းထားတာလား..." လင်းရီ မေးလိုက်ပြီး

"ခု ခရီးသည်တွေက ငါ့ကို ရီဗျူး ပေးမယ်ဆို ကြယ်ဘယ်နှပွင့်ပဲ ဖြစ်ဖြစ် ငါ့ဖုန်းထဲ ကြယ်ငါးပွင့်ဆိုပြီးပဲ တက်လာတော့ မှာပေါ့....."

"အာ...ဒါရိုက်တာလင်းက ဘယ်လိုလုပ်ပြီး သိသွားတာ...."

"အဲ့လို မလုပ်နဲ့...မင်းတို့ အရင်က အတိုင်းပဲ ပုံမှန် ပြန်လုပ်လိုက်..."လင်းရီ ပြောလိုက်သည်။

"ငါက ဒီတိုင်း သာမန်လူလိုမျိုးပဲ အတွေ့ကြုံ ခံစားချင်တာ....ဘာအထူးအခွင့်အရေးမှ မလိုချင်ဘူး..."

All Chapters