← Chapters

  မင်းက ဘစ်ကနီတွေနဲ့မှ ပိုပြီး လိုက်ဖက်တာ

Vol. 3 Ch. 38

  မင်းက ဘစ်ကနီတွေနဲ့မှ ပိုပြီး လိုက်ဖက်တာ

Vol. 3 Ch. 38

"နားလည်ပါပြီ..ကျွန်မ နည်းပညာ ဌာနကို ပြန်ပြီး ပြင်ဆင်လိုက်ဖို့ ပြောလိုက်ပါ့မယ်..."ထျန်းရန် ဖြေကြားလိုက်၏။

"ကောင်းပြီလေ...အဆင်ပြေအောင်သာ ကြည့်လုပ်လိုက်ကွာ..."

ထိုသို့ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး အလုပ်စရန် ပြင်ဆင်လိုက်သည်။

နှစ်နာရီ ကြာပြီးနောက် လင်းရီ အော်ဒါလေးခု လက်ခံခဲ့ပြီး ကြယ်လေးပွင့် သုံးခုနှင့် ကြယ်သုံးပွင့် တစ်ခု အသီးသီး ရရှိသွားသည်။

ထိုပါဆင်ဂျာ လေးယောက်လုံးမှာ ပန်ဂနီက Didi အပိုင်ဟုသာ ထင်မှတ်နေပြီး သူပိုင်ဆိုင်သည့်ကားဖြစ်နေကြောင်းတော့ ထင်မိလိမ့်မည် မဟုတ်။

သူဌေးလက်သစ်လေးမှာတော့ မိမိကိုယ်ကိုယ် ဒရိုင်ဘာ မုဒ်သွင်း၍ DiDiမောင်းနေသော်လည်း သနားဖို့ကောင်းစွာဖြင့် ဘောနပ်စ် တစ်ပြားလေးတောင်မှမှ မရရှိခဲ့ပေ။

လင်းရီ သက်ပြင်းချလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

'ဟင်း.. Didiဒရိုင်ဘာ အလုပ်က တယ်လည်းမလွယ်ကူပါလားနော်...ကြယ်ငါးပွင့် ရီဗျူး ရဖို့ဆိုတာ တော်တော်လေး ခက်ခဲတာပဲ....'

လင်းရီ နာရီကို ကြည့်လိုက်သောအခါ လေးနာရီ ထိုးတော့မည်ဖြစ်သောကြောင့် ကျီချင်းရန်လည်း ရုံးဆင်းလောက်ပြီ ဖြစ်၏။ ထို့ကြောင့် သူမကို ကြိုရန် ချောင်ရန် အုပ်စုဆီသို့ မောင်းလာခဲ့လိုက်သည်။

သူ့မသွားချင်လျင်တောင် ကတိပေးထားပြီးဖြစ်သောကြောင့် ရောက်အောင် သွားရပေမည်။

ကလင် ကလင် ကလင်

သူ၏ ဖုန်းသံ မြည်လာပြီး ဖုန်းကို ကြည့်လိုက်သောအခါ ၀မ်ရင်း ဖြစ်နေ၏။

"အစ်မရင်း ..ဘယ်လေတိုက်လို့များ ‌ဖုန်းတွေ ခေါ်လာပါလိမ့်..."

လင်းရီ စနောက်၍ မေးလိုက်သည်။

"ရီ..ငါ့ကို အမှန်အတိုင်း ပြောစမ်းပါဟယ်..နင်နဲ့ စီအီးအိုကျီမှာ အဆက်အသွယ် ရှိတယ်မလား..."

၀မ်ရင်း မေးလိုက်၏။

"အာ...."

လင်းရီ တခဏမျှ စဉ်းစားလိုက်ပြီး "ကျွန်တော်တို့က ဒီ‌တိုင်း မိတ်ဆွေလောက်ပါပဲဗျ...ဘာဖြစ်လို့လဲ...."

"ငါခုလေးတင် ၀န်ထမ်းရေးရာ ဌာနကနေ ကြားလာခဲ့တာ ..ဥက္ကဌက ငါ့ကို အရောင်းဒါရိုက်တာ ရာထူး တိုးပေးတော့မှာတဲ့...အဲ့တာ နင်များ ဥက္ကဌကျီကို စကားကောင်းလေးတွေ ပြောထားသလားလို့...."

"ဟားဟား...ကျွန်တော်က ဒီတိုင်း ပြောပေးရုံတင်ပါဗျ..."လင်းရီ ပြုံးလိုက်ပြီး "အစ်မရင်းရဲ့ အရည်အချင်းနဲ့တာဆိုရင် အရောင်း ဒါရိုက်တာ ရာထူးထက်မြင့်တာကိုတောင် ရ‌သင့်သေးတယ်...."

"ဟမ့်..ကြည့်ရတာ ငါနင့်ကို ဂရုစိုက်ပေးခဲ့တာတွေ အလကား မဖြစ်ဘူးပဲ...ငါအားရင် နင့်ကို လိုက်ကျွေးမယ်နော်...."

"နောက်ထပ် ရက်နည်းနည်းလောက်တော့ စောင့်ရမယ်ထင်တယ် ..ခုလောလော ကျွန်တော့်မှာ လုပ်စရာ တွေ တောင်‌လိုပုံနေတာ...အစ်မရင်း တရား၀င် ရာထူးလက်ခံပြီးမှ အထိမ်းအမှတ်အနေနဲ့ လိုက်ကျွေးလည်း နောက်မကျသေးပါဘူးဗျ...."

အရောင်းဒါရိုက်တာ ဟူသော ရာထူးမှာ ချောင်ရန် အုပ်စုတွင် လွန်စွာ အရေးကြီးသော ‌ရာထူးတစ်ခုဖြစ်၏။ ၀မ်ရင်း အရောင်း ဒါရိုက်တာ ဖြစ်လာမလာ ကတော့ ကုမ္ပဏီ၏ အမှုဆောင် အဖွဲ့၀င်များ၏ အမြင်ပေါ်တွင်လည်း တူတည်နေသည်။

သို့သော်လည်း ကျီချင်းရန် ၏ ထောက်ခံမှုနှင့်ဆိုပါက ပြဿနာ သိပ်ရှိမည် မဟုတ်ပေ။

"ကောင်းပြီ..ဒါဆို အတည်ဖြစ်ပြီနော်..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဒါပေါ့ဗျ..."

ဖုန်းချပြီးနောက် လင်းရီ နာရီကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး အနည်းငယ်စောသေးသောကြောင့် သူလည်း ကားအေးဆေးမောင်း၍ ချောင်ရန် အုပ်စုထံ သွားလိုက်၏။

ပါကင်ထိုးသည့်နေရာသို့ ရောက်သောအခါ သူ၏ ရှာရီ အစုတ်နားလေး ထိုးရပ်၍ ကားပေါ်ရှိ ဖုန်မှုန့်များကို သေချာ သန့်ရှင်းရေး လုပ်လိုက်သည်။

ရှာရီလေးမှာ အနည်းကယ် ပျက်စီးနေပြီ ဖြစ်သော်လည်း သူခက်ခဲသော အချိန်များတွင် သူနှင့် အတူရှိ‌ခဲ့ပေး၏။

ထို့ကြောင့် ကောင်းစားချိန်တွင် ၎င်း၏ ကျေးဇူးကို မမေ့လျော့သင့်ပေ။

မကြာမီ ကျီချင်းရန် ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။ အပြာရောင် တက်စီဒို ဂါ၀န်လေးနှင့် ပြင်သစ်ထုတ် အဖြူရောင် ရှပ်အင်္ကျီတို့နှင့် ပေါင်းစပ်ထားမှုမှာ သူမကို ထက်မြက်ပြီး ဦးဆောင်နိုင်သော အမျိုးသမီး တစ်ယောက်၏ အသွင်ကို ဆောင်နေသည်။

"အလုပ်ဆင်းခါနီးကျမှပဲ ငါ့စားပွဲပေါ် အရေးကြီးတဲ့ စာဖိုင်တစ်ခုရောက်လာလို့.. စောင့်ခိုင်းမိတာ စိတ်မဆိုးပါနဲ့နော်...."

"ဘာမှ မဖြစ်ဘူး..ကျုပ်လည်း ခုမှ ရောက်တာ...."

"နင်ဗိုက်ဆာနေပြီလား..နင်ဆာနေရင်လည်း အရင်ဆုံး တစ်ခုခု သွားစားကြစို့လေ...နင်မဆာရင်တော့ အရင်ဆုံး ဈေး၀ယ်ထွက်ကြတာပေါ့....."ကျီချင်းရန် ပြောလိုက်သည်။

"မင်းကော ဗိုက်မဆာဘူးလား..."

"ငါကတော့ ဘာမှ မဖြစ်ဘူး..နင်လုပ်ချင်တာ အရင် လုပ်ကြမယ်လေ...."

"ဟေးဟေး..အဲ့လိုကြီး ‌မပြောနဲ့လေ လူတွေကြားရင် အထင်တွေ လွဲကုန်ဦးမယ်..."

"ကျွတ်.."ကျီချင်းရန် ပြောလိုက်ပြီး "အဲ့တာဆိုလည်း အရင်ဆုံး ရှောပင်း ထွက်ကြတာပေါ့...ပြီးမှပဲ အတူစားကြမယ်...မြန်မြန် ငါအော်ဒါ တင်ပြီးသွားပြီ...အမြန်ယူလိုက်တော့...."

သူမပြောပြီးနောက် ကျီချင်းရန်၏ အော်ဒါမှာ ဖုန်းထဲ ပေါ်လာသည်။

လင်းရီ လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အော်ဒါလက်ခံလိုက်သည်။

ထိုအချိန်တွင်တော့ လင်းရီ ကြယ်ငါးပွင့် ရီဗျူးမှာ သူ့အား လက်ဝှေ့ရမ်းပြနေသကဲ့သို့ ခံစားမိလိုက်သည်။

လိပ်စာကို ကြည့်လိုက်သောအခါ လင်းရီ ရောက်ဖူးသည့် တိုင်းစကွဲ ဖြစ်နေ၏။သို့နှင့် လင်းရီလည်း ကားကို အရှိန်တင်လိုက်တော့သည်။

မကြာမီ နှစ်ဦးသား တိုင်းစကွဲသို့ ရောက်ရှိလာ၏။ ကျီချင်းရန် သူမ၏ အိတ်ကို လွယ်၍ ကားပေါ်မှ ဆင်းတော့မည့် အချိန်တွင် "ဟေး ဟေး ဟေး ကြယ်ငါးပွင့် ရီဗျူးလေ...."လင်းရီ ပြောလိုက်သည်

ကျီချင်းရန် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "နင်က ကြယ်ငါးပွင့် ရီဗျူး လိုချင်တာမလား...ဒါဆိုရင်တော့ ဒီနေ့ နင့်ရဲ့ ၀န်ဆောင်မှုကို ကြည့်ပြီး ဆုံးဖြတ်ပေးရမှာပေါ့...."

"အော်...လက်စသတ်တော့ ခင်များက ကျုပ်ကို အိတ်သယ်ပေးဖို့ ဂွင်ဖန်နေတာကိုး...."

"တော်တယ်...."

လင်းရီလည်း အလျင်လိုမနေခဲ့ပေ။ ကျီချင်းရန်၏ စိတ်သဘောထားဖြင့်ဆိုပါက ကြယ်ငါးပွင့် ရီဗျူး ပေးမည်မှာ ပြောနေစရာမလိုပေ။

ကျီချင်းရန် ဈေး၀ယ်ထွက်သည်မှာ လင်းရီကဲ့သို့ မည်သည့်အရာကို ၀ယ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းမဟုတ်။

သူမလိုချင်သည့် အင်္ကျီတစ်ချို့နှင့် စတိုးဆိုင်တချို့ကို လည်ပတ်ပြီးပါက ကျေနပ်ပြီ ဖြစ်သည်။

နှစ်ဦးသား မော်လ်ထဲတွင် လှည့်ပတ် လျှောက်ကြည့်နေသည်မှာ ကြာပြီဖြစ်သော်လည်း အင်္ကျီ တစ်ထည်မျှတော့ မ၀ယ်ရသေးပေ။ သို့သော်လည်း အလှပစ္စည်းများကတော့ လင်းရီ လက်‌ထဲတွင် ပြည့်လို့နေ၏။။

"ဟမ်...ဟိုရှေ့မှာ ရေကူး၀တ်စုံ ရောင်းတဲ့ဆိုင် ရှိတယ် ထင်တယ်..."လင်းရီ နှစ်ကိုယ်ကြားရုံလောက် ပြောလိုက်သည်။

"နင်က ရေကူး၀တ်စုံ လိုချင်လို့လား...."

"ဒါပေါ့..အိမ်မှာ ရေကူးကန်ကြီး ရှိနေမှတော့ တစ်ခါလောက် ရေကူးသင့်တာပေါ့ဟ..."

"အွန်း..နင်ပြောတာလည်း ဟုတ်သားပဲ...တစ်ချက်လောက် သွားကြည့်ကြရအောင်လေ..."ကျီချင်းရန် အားကျနေသည့် လေသံဖြင့် ပြောလိုက်သည်။

ချင်းရန်မှာ ဗီလာတွင် နေထိုင်သူတစ်ယောက် ဖြစ်သော်လည်း လင်းရီ၏ ကျိုကျုံး ဗီလာနှင့် ယှဉ်ပါက ဘာမျှ မဟုတ်ပေ။

သူမတွင်တော့ ရေကူးကန် အကျယ်ကြီးလည်း မရှိ။

"မင်းက ငါ့ကို ရေကူး၀တ်စုံ လိုက်ရွေးပေးမလို့လား...."

ကျီချင်းရန် သူ့နောက် လိုက်လာသည်ကို မြင်သောအခါ လင်းရီ ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်၏။

"ဟမ့်...ဖြစ်ချင်နေတာလား..ဒီမှာလည်း ‌အမျိုးသမီး ရေကူး၀တ်စုံတွေ ရှိတယ်လေ...အဲ့တာ လာကြည့်တာ..."

လင်းရီ မေးကို ပွတ်လိုက်ပြီး"အင်း မင်းပြောတာမှန်တယ်...မင်းမနေ့တုန်းက ငါ့ကို မျက်စိအစာကျွေးဖို့ရေကူးပြမယ်ဆို..ခုရေကူး၀တ်စုံ ၀ယ်ပြီးရင်တော့ .....ဟီးဟီး မင်းရဲ့ ကတိကို တည်လို့ရသွားပြီ ဟုတ်တယ်မလား..."

ကျီချင်းရန် ရှက်သွေးဖြာသွားပြီး "ဟွန့်...အဲ့တာက နင်ညစ်တာလေ...ကျိုကျုံး အဆောက်အအုံက နင့်ဟာလို့မှ ငါမသိတာ...မဟုတ်ရင် ဘယ်ပြောမှာလဲလို့...."

"ဘာပဲဖြစ်ဖြစ် ပြောတာက ပြောတာပဲလေ...ထားလိုက်ပါ မင်းဆန္ဒမရှိမှတော့ ငါလည်း တွန်းအားပေးမနေတော့ဘူး..."

"ကျွတ်..နင်က တကယ့်ကို ကျိုးကြောင်း မသင့်တာပဲ..."ကျီချင်းရန် ပြောလိုက်ပြီး "မြန်မြန် ၀င်သွားတော့လေ..ဒီမှာ လူတွေ အများကြီးပဲ..ဒီလို ကိစ္စမျိုးက လူတွေ အများကြီးရှေ့မှာ ပြောလို့မကောင်းဘူး..."

ကျီချင်းရန်၏ အရှက်သည်းနေသော အဖြစ်ကို မြင်သောအခါ လင်းရီ ပြုံးလိုက်ပြီး "ဒါပေါ့..ကိုယ်တို့ရဲ့ သီးသန့်နေရာလေးရောက်မှ ‌ဆက်ပြောကြတာပေါ့..."

"လူကြီးမင်း နဲ့ မစ် ဘာများ လိုချင်လို့လဲ မသိဘူးရှင့်..."

သူတို့ ဆိုင်ထဲ ၀င်လိုက်သောအခါ အရောင်းသမလေးမှ နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

"အင်း ငါတို့ ဒီတိုင်း အရင် ကြည့်ကြည့်လိုက်ဦးမယ်..တစ်ခုခုလိုမှပဲ မင်းကို ခေါ်လိုက်မယ်..."လင်းရီပြောလိုက်သည်။

"ကောင်းပါပြီရှင့်...."

လင်းရီ ၀ယ်ယူတာကတော့ လွန်စွာ မြန်ဆန်၏။ သူနှင့် သင့်တော်သော ဆိုဒ်များကို ရွေးချယ်လိုက်ပြီး ငွေချေဖို့တောင် အသင့် ဖြစ်နေလေသည်။

မည်သို့ပင်ဆိုစေ ရေကူးကန်မှာ သူ့အပိုင်ဖြစ်သောကြောင့် တခြား မည်သူမျှ ကြည့်နေမည်မဟုတ်။ ထို့ကြောင့် ဒီဇိုင်း ပိုင်းကို အထွေအထူး ဂရုစိုက်မနေခဲ့ချေ။

အကယ်၍ လင်းရီသာ ဘာမျှ မ၀တ်ပဘဲ ရေကူးရသည်ကို စိတ်မလုံဖြစ်မနေပါက သူ ရေကူး၀တ်စုံတောင် ၀ယ်မည် မဟုတ်။

လင်းရီ လျင်မြန်စွာဖြင့် ရေကူး၀တ်စုံများကို ရွေးချယ်ပြီးသွားသော်လည်း ကျီချင်းရန်ကတော့ ဆယ်မိနစ်ကြာသည့်တိုင် ကိုင်ကြည့်လိုက် ပြန်ချလိုက်နှင့် မပြီးတော့ချေ။

ဘာလို့လဲ....သင့်တော်တဲ့ဟာလေး တစ်ခု ရှာဖို့ အဲ့လောက် ခက်နေရလားဟ...

"သွားစို့ဟာ...ငါမ၀ယ်ချင်တော့ဘူး..."ကျီချင်းရန် ပြောလိုက်၏။

"ဘာလို့ မ၀ယ်ချင်တော့တာလဲ...."

"ငါနဲ့ သင့်တော်မယ့်ဟာ မရှိဘူးရယ်"

"အဲ့လောက်ကြီး မလိုပါဘူးဟ..ဒီမှာ ကာလာမျိုးစုံ စတိုင်မျိုးစုံ ရှိနေတာတောင် မင်းက မင်းနဲ့လိုက်တဲ့၀တ်စုံ ရှာမတွေ့ဘူးလို့ ပြောထွက်တယ်ပေါ့..."

"ဒီဇိုင်းလေးတွေကတော့ မဆိုးပါဘူး..ဒါပေမယ့် ဆိုဒ်တွေက မစုံဘူး ဖြစ်နေတယ်...."

"မစ်ရှင့်..ကျွန်မတို့ဆိုင်မှာ ရှိတဲ့ ရေကူး၀တ်စုံတွေအားလုံးက ပုံမှန် ဆိုဒ်တွေပါပဲ..."

သိသာစွာပင် အရောင်းသမလေးမှာ လင်းရီနှင့် ကျီချင်းရန်ကို မ၀ယ်ပဲ ထွက်မသွားစေချင်ပေ။

"ဘယ်လို ပုံမှန်ဆိုဒ်လဲ..."လင်းရီ ဒီတိုင်း မေးလိုက်၏။

"ပုံမှန် ဆိုဒ်ကတော့ ABC Cup တွေပါ..ပြီးတော့ အားလုံးကလည်း fullဆိုဒ်တွေ ကြည့်ပါပဲရှင့်...."

လင်းရီ ကျီချင်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းက D cup လို့တော့ ငါ့ကို မပြောနဲ့..."

ကျီချင်းရန် မျက်နှာ နီရဲသွားပြီး အနည်းငယ် အရှက်သည်းနေသည်။

"နင်ကတော့ ‌ေ-သချင်နေတာပဲ..အပြင်လူတွေ ရှိနေတာကို ဘာတွေ လျှောက်မေးနေတာ..."

"အာ..ထားလိုက်ပါတော့လေ..နောက်တစ်ဆိုင် သွားကြည့်ရအောင်..."

သူတို့ ငွေချေပြီးနောက် နောက်ထပ် ရေကူး၀တ်စုံဆိုင် တစ်ဆိုင်သို့ သွားလိုက်သည်။

"ဒီမှာကတော့ ဟိုဆိုင်ထက် ပိုပြီး ဆိုဒ်စုံ ကာလာစုံတာပဲ..."

"ငါ့ကို အပြင်မှာ စောင့်နေနော်..ငါ အတတ်နိုင်ဆုံး မြန်မြန်ရွေးပြီး လာခဲ့မယ်..."

ကျီချင်းရန် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် လက်ဖျောက်တီးလိုက်ပြီး ရေကူး၀တ်စုံ ရောင်းသည့် စတိုးထဲသို့ ၀င်သွား၏။

နှစ်မိနစ်ခန့်ကြာပြီးနောက် ကျီချင်းရန် အဖြူရောင် အိတ်တစ်လုံးဖြင့် ပြန်ထွက်လာခဲ့သည်။

သူမ နှစ်သက်သည့် ၀တ်စုံကိုတွေ့ပြီး ၀ယ်ခဲ့ပုံပင်။

" လေးလွှာကို သွားကြစို့...."

"လေးလွှာ...."

လင်းရီ ခေတ္တ စဉ်းစားလိုက်ပြီး "ငါမှတ်မိသလောက်ဆိုရင် လေးလွှာက နိုင်ငံတကာ ဘရန်းတွေ ရောင်းတာမလား..."

"အွန်း..ငါလည်း သာမန် အ၀တ်စား ၀ယ်မှာမှ မဟုတ်တာ..ဂါ၀န်လေးတစ်ထည်လောက် ၀ယ်မလို့..မနက်ဖြန်ကျရင် ဧည့်သည်တွေအများကြီး လာမှာလေ ဘယ်လိုလုပ် သာမန်အ၀တ်တွေ ၀တ်လို့ ဖြစ်မှာလဲ...."ကျီချင်းရန် လင်းရီကို ကြည့်ရင်း ပြန်ပြောလိုက်သည်။

သူတို့၏ ပစ်မှတ်ကို သတ်မှတ်ပြီးနောက် နှစ်ဦးသား လေးလွှာသို့ တက်သွားကြသည်။

လေးလွှာသို့ရောက်သောအခါ အမျိုးသမီး ဂါ၀န်များသာမက နစ်ချယ်ဘရန်းများလည်း ရှိကြောင်း သတိပြုမိလိုက်သည်။

ထိုဘရန်းများမှာ ဈေးကလည်းသင့်တင်းပြီး စတိုင်မှာလည်း စိတ်ကျေနပ်ဖွယ်ကောင်း၏။

မိနစ်အနည်းငယ်ခန့် လမ်းလျှောက်ပြီး‌နောက် လင်းရီတို့ စတိုင်းဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။

"လင်းရီ...အရောင်ပြောင်းလို့ရတဲ့ ဂါ၀န်လေးဆိုရင်ကော ဘယ်လိုထင်လဲ...."

All Chapters