← Chapters

ငါမ၀ယ်ချင်ဘူးလို့ ဘယ်သူပြောလဲ..ငါ့မှာ ရွေးချယ်စရာမှ မရှိတာ..

Vol. 3 Ch. 39

ငါမ၀ယ်ချင်ဘူးလို့ ဘယ်သူပြောလဲ..ငါ့မှာ ရွေးချယ်စရာမှ မရှိတာ..

Vol. 3 Ch. 39

"အဆင်ပြေပါတယ်..စမ်း၀တ်ကြည့်ကြည့်ပေါ့..."

နှစ်ဦးသား ဆိုင်ထဲသို့ ၀င်သွားပြီး ကျီချင်းရန် ပွဲတက်၀တ်စုံ တစ်ထည်ကို ညွှန်ပြလိုက်သည်။

"ငါ အဲ့တာကို စမ်း၀တ်ကြည့်ကြည့်ချင်တယ်..."

"ရပါတယ်ရှင့်...ခဏလောက် စောင့်ပေးပါနော်..."

လင်းရီတို့ ၀တ်စားထားပုံမှတစ်ဆင့် သေချာပေါက် ချမ်းသာသူများ ဖြစ်ကြောင်း သိသာနေသည်။ ထို့ကြောင့် ဆိုင်အကူ၀န်ထမ်းများမှာ ထိုကဲ့သို့သော ကတ်စတန်မာများကို အားတက်သရောဖြင့် ၀န်ဆောင်မှုပေးချင်နေကြသည်။

အကယ်၍ သူတို့သာ သာမန်လူတန်းစားများ ဖြစ်ပါက ထိုမျှတော့ အားတက်သရော ရှိလိမ့်မည် မဟုတ်ချေ။

မကြာမီ ၀တ်စုံမှာ အဆင်သင့်ဖြစ်သွားပြီး ကျီချင်းရန်လည်း အ၀တ်လည်းခန်းထဲသို့ ယူသွား၍ စမ်း၀တ်ကြည့်နေသည်။ လင်းရီကတော့ အပြင်ဘက်တွင် ပျင်းရိလျက် ထိုင်စောင့်နေရ၏။

"လင်းရီ...ဒီတစ်ချက်လောက် လာဦး..."ကျီချင်းရန် အ၀တ်လှဲခန်းထဲမှနေ၍ လှမ်းအော်လိုက်သည်။

"မင်းက အ၀တ်လဲနေတာလေကွာ..ငါ၀င်သွားရင် ဘယ်လိုလုပ် သင့်တော်မှာတုန်းဟ..."

"အေး ကောက်ညင်းက မစေးရဘဲ ဆန်ကြမ်းက စေးနေလိုက်..."

လင်းရီ ထိုအချက်ကို စဉ်းစားမိပြီးနောက် သူမ မှန်ကြောင်း လက်ခံသွားသည်။

အေးလေ မိန်းကလေးဖြစ်တဲ့သူတောင် ကြောက်မနေတာ ယောက်ျားကြီး ဖြစ်တဲ့ ငါက ဘာကို ကြောက်ရမှာလဲဟ....

အ၀တ်လဲခန်းထဲတွင်တော့ ကျီချင်းရန် သူမ၏ နောက်ကျောကို လင်းရီဘက် မူထားလျက် ရင်ဘက်ကို လက်ဖြင့် ကာထားသည်။

"ငါ့ကို ဇစ်လေး ကူဆွဲပေးစမ်းပါ...ကိုယ့်ဘာကို ဆွဲမရလို့..."

ကျီချင်းရန် ရွေးချယ်ထားသော ပွဲတက်၀တ်စုံမှာ အနက်ရောင် ဖြစ်ပြီး ဇစ်မှာလည်း အောက်ခြေမှ အပေါ်သို့ တင်ဆွဲရသည်။

ဖြူဖွေးသော နောက်ကျောနှင့် အမည်းရောင် တို့ ပေါင်းစပ်မှုမှာ အပြစ်ပြောရက်စရာ မရှိပေ။

"ဒါကြီးက နည်းနည်းလေး ဖော်လွန်း မနေဘူးလားလို့..."

ကျီချင်းရန် ရယ်မောလိုက်ပြီး သူမဘေးနားရှိ ထိုင်ခုံကို ညွှန်ပြကာ "အဲ့နားမှာ ခြုံထည်တစ်ခု ရှိတယ်လေ...အဲ့တာနဲ့ ငါ့နောက်ကျောကို ဖုံးထားလို့ရတယ်..."

လင်းရီ လှမ်းကြည့်လိုက်သောအခါ ထိုင်ခုံပေါ်တွင် အရောဖျော့ဖျော့ ခြုံထည်တစ်ခုကို မြင်လိုက်ရသည်။

သို့သော်လည်း သူ၏ အာရုံများကို ခြုံထည်ဘေးရှိ ကျီချင်းရန်၏ အတွင်းခံလေးက ဖမ်းစားသွား၏။

"ဥက္ကဌကျီ..ခင်များက D cup ဆိုတာကော သေချာရဲ့လားဗျ...ကျုပ်က ဘာလို့ E cup လို့ ထင်နေရတာလဲ..."

"ကောင်စုတ်...ပေါ်တင်ကြီး မကြည့်နဲ့လေ..."

ကျီချင်းရန် သူမ၏ အတွင်းခံကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။

ငါအ၀တ်လဲနေတုန်း သိမ်းဖို့ ဘယ်လိုလုပ် မေ့သွားတာလဲဟ...

သို့တိုင်အောင် လင်းရီ ၎င်းကို စိတ်ထဲမထားဘဲ ကျီချင်းရန်ကို ဇစ်ကူဆွဲပေးလိုက်၏။

"ကဲ..ပြီးပြီ.."

အ၀တ်လဲခန်းထဲမှ ထွက်လာပြီးနောက် ကျီချင်းရန် မှန်ရှေ့တွင်ရပ်ကာ ဂါ၀န်အနားစလေးများကို ကိုင်၍ အနည်းငယ် လှည့်ကြည့်လိုက်သည်။

"ဘယ်လိုနေလဲ...လှလား..."(အင်္ဂလိပ်လိုပြောနေ)

"အင်း..အရမ်းလှတယ်..."(အင်္ဂလိပ်လို ပြောနေ)

ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး "ဘယ်ဆရာကများ နင့်ကို အင်္ဂလိပ်စာ ဒီလောက်‌ညံ့အောင် သင်ပေးလိုက်ပါလိမ့်...တော်တော့်ကို ဆိုးဆိုးဝါးဝါးကြီးပဲ..."

"ဘာဖြစ်လဲ..ငါပြောချင်တဲ့ လိုရင်းကို သဘောပေါက်ရင် ရပြီမဟုတ်လား...ဘာလို့ အသေးစိတ် လိုက်ဂရုစိုက်နေဦးမှာလဲဟ...."

ကျီချင်းရန် ပြုံး၍ ခေါင်းညိမ့်လိုက်ပြီး "ကောင်းပြီလေ..နင်က ငါနဲ့ လိုက်တယ် ပြောနေမှတော့ ဒီတစ်စုံပဲ ယူလိုက်တော့မယ်..."

"ကောင်းပါပြီရှင့်...."

အမျိုးသမီး ၀န်ထမ်းများမှာလည်း ကျီချင်းရန်၏ အလှတရားကြောင့် အားလုံး မှင်တက်သွားကြသည်။

သူမတို့ ကိုယ်တိုင် ၀တ်လျင်တောင် ကျီချင်းရန်လောက်တော့ လှမည် မဟုတ်ပေ။

"မစ်..ကျွန်မကတော့ ဒီ၀တ်စုံက ရှင့်အတွက်များ ရည်ရွယ်ပြီး ချုပ်ထားသလားတောင် အောက်မေ့ရတယ်....လုံး၀ကို အံကိုက်ပဲနော်..."

"ကျေးဇူးပါနော်...အရင်ဆုံးသွားပြန်လဲလိုက်ဦးမယ် ပြီးကျရင် ဒါလေး ထုပ်ပေးပါဦး..."

"ဟုတ်ကဲ့ရှင့်..."

ထိုစဉ်

"ဒါလင်...ဒီ၀တ်စုံလေးက အရမ်းလှတာပဲနော်...ဘေဘီလည်း တစ်စုံလောက် လိုချင်တယ်လေ...မနက်ဖြန် ကုမ္ပဏီ ဖွင့်ပွဲနဲ့ ဆို ကွက်တိပဲ..."

ပြောလိုက်သူကတော့ အနက်ရောင် စကတ်၀တ်ဆင်ထားသော ငယ်ရွယ်သည့် အမျိုးသမီး တစ်ယောက်ပင်။ သူမ၏ဘေးတွင်တော့ အသက်လေးဆယ်ကျော် ဘီယာဗိုက်ကြီးဖြင့် သက်လတ်ပိုင်း လူကြီးတစ်ဦး ရပ်လို့နေပြီး မောက်‌မာသော မျက်နှာထားဖြင့် ပတ်၀န်းကျင်ကို ကြည့်ရှုလို့နေ၏။

"ဘေဘီက လိုချင်တာလား..ဖြည့်ဆည်းပေးရမှာပေါ့..."

သက်လတ်ပိုင်းလူကြီးမှာ အရောင်း၀န်ထမ်း မိန်းကလေးကို စိုက်ကြည့်လိုက်ပြီး "ဒီလို ပုံစံမျိုး နောက်တစ်ထည် ပြပေးစမ်း..."

"အားနာပါတယ်ရှင်..ဒီ၀တ်စုံက ကျွန်မတို့ဆိုင်ရဲ့ ဒီဇိုင်နာ စိတ်တိုင်းကျ ချုပ်လုပ်ထာတဲ့ ၀တ်စုံမို့လို့ပါ နောက်တစ်ထည်လိုချင်တယ်ဆိုရင်တော့ တစ်လလောက် ကြိုတင်မှာထားရပါလိမ့်မယ်ရှင့်..."

"ငါက တစ်လလောက် စောင့်ရမယ်ပေါ့..."

သက်လတ်ပိုင်း လူကြီးမှာ မပျော်ရွှင်သည့်လေသံဖြင့်ပြောလိုက်ပြီး

"မင်းတို့ မြန်မြန်လုပ်ပေးလို့မရဘူးလား...ငါ့ ဘေဘီလေးက သဘက်ခါဆို ၀တ်ချင်နေတာ...."

"အဲ့လိုတော့ မရပါဘူးရှင့် ဘာလို့ဆို ကျွန်မတို့က အရည်အသွေးပိုင်းကို သေချာလေး ဦးစားပေးထားတာမလို့ တစ်လလောက်တော့ ကြာပါလိမ့်မယ်ရှင့်...."

"ငါနဲ့ လာမကစားနဲ့....ငွေရှိရင် ဘာမဆိုဖြစ်တယ်..ငါမင်းကို အပိုကြေး ဒေါ်လာတစ်ထောင်ပေးမယ်ကွာ..မင်းသာ မင်းတို့ရဲ့ ဒီဇိုင်နာကို မြန်မြန်လုပ်ပေးဖို့ ပြောပေးမယ်ဆိုရင်...."

အရောင်း၀န်ထမ်းမိန်းကလေးမှာ ‌ငိုလုငိုခင် ဖြစ်နေသည်။

"လူကြီးမင်း ဒီ၀တ်စုံက အီတလီ ဒီဇိုင်နာ ကိုယ်တိုင်ကနေပြီးတော့ လက်နဲ့ ချုပ်ထားတာပါ...ချုပ်ပြီးရင်တောင် သဘက်ခါ အမှီ ပို့ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...."

သက်လတ်ပိုင်း လူကြီးမှာ နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။ သူစကားအများကြီး ပြောပြီး ဖြစ်သော်လည်း တစ်ဖက်သူမှာ မည်သို့ မျှ လက်မခံချေ။ သူလည်း နောက်ထပ် မကြံတတ်တော့...

" ဘေဘီလည်း ကြားတယ်မလား..သဘက်ခါအမှီ မရဘူးတဲ့....နောက်စတိုင်တစ်မျိုးပဲ ရွေးလိုက်ရအောင်လေ..."

"မရဘူး..ဘေဘီက ဒါပဲ လိုချင်တာ...."

ထိုသို့ဖြင့် အနျိုးသမီးငယ်လေးမှာ အရောင်းမိန်းကလေးထံ လျှောက်သွားလိုက်ပြီး "ဒီပွဲတက်၀တ်စုံက ဒေါ်လာ ၈သောင်းကျော်တယ် ဟုတ်တယ်မလား..."

"ဟုတ်ပါတယ်ရှင့်..."အရောင်းမိန်းကလေးမှ ပြန်ဖြေလိုက်သည်။

"နင်သူတို့ပုံစံကို ကြည့်လိုက်စမ်း...အဲ့လောက် ပမာဏ ကို တတ်နိုင်မယ်ထင်လား...သူတို့ကို လွင့်ပစ်လိုက်ပြီး ငါ့အိတ်ထဲပဲ ထည့်ပေးလိုက်..."

"ငါမတတ်နိုင်ဘူးလို့ ဘယ်သူကပြောလဲ....."ကျီချင်းရန် အေးစက်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

"ဒါက ဒေါ်လာ ရှစ်သောင်းကျော်တယ်လေ...နင်က တကယ်ကြီး တတ်နိုင်လို့လား..."အမျိုးသမီးငယ်လေးမှာ ရင်ဘက်ရှေ့လက်ကိုပိုက်၍ စိန်ခေါ်သည့် အကြည့်ဖြင့် မေးမြနး်လိုက်သည်။

"တတ်နိုင်တာပေါ့..."ကျီချင်းရန် ပြောလိုက်ပြီး "ပြီးတော့ ငါက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်၀ယ်ဖို့လဲ တတ်နိုင်တယ်..."

"အမျိုးသမီးငယ်လေးမှာ ရှူးရှူးရှဲရှဲ ဖြစ်သွားပြီး "ဟမ် ကောင်မ နင်ဘာပြောချင်တာ...ငါက သကြားဘေဘီလို့ ပြောချင်နေတာလား....""

"ဟမ့် ကိုယ့်ကိုယ်ကိုသိရင်လည်း ပြီးတာပဲ...."

"အမျိုးသမီးငယ်လေးမှာ ကျီချင်းရန်၏ သန်မာသော အရှိန်အဝါများအောက်တွင် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိလိုက်သည်။ "

"ဟန်နီ...အဲ့ကောင်မ ဘေဘီ့ကို အနိုင်ကျင့်တယ်..

ဘေဘီ့ဘက်က ရပ်တည်ပေးရမယ်နော်...."

သက်လတ်ပိုင်း လူကြီးမှာ ကျီချင်းရန်ကို ကြည့်၍ မထိတထိဖြင့် ပြောလိုက်ပြီး "မင်းက ငွေမရှားဘူးဆိုတာ ငါသိတယ်..ဒါပေမယ့် ငါသာလိုချင်တယ်လို့ ပြောလိုက်ရင် ဒီရဲ့ ပွဲတက်၀တ်စုံက ငါ့ဘေဘီလေး အပိုင်ပဲ..."

"အိုး...သေချာလှချည်လား..."

သက်လတ်ပိုင်း လူကြီးမှာ သူ၏ အိတ်ကပ်ထဲနှိုက်၍ ရွှေရောင် ကတ်လေးတစ်ကဒ်ကို ထုတ်ယူလိုက်သည်။

"မြင်လား..ဒီမှာငါက တိုင်းစကွဲရဲ့ ရွှေအဆင့် အဖွဲ့၀င်ပဲ...ငါသာ လိုချင်ရင် အတင်းအကြပ် ၀ယ်လို့ရတယ်...အခု ဘာလို့လဲ ဆိုတာ နားလည်ပြီလား..."

သက်လတ်ပိုင်း လူကြီး၏ လက်ထဲရှိ ရွှေအဆင့် ကတ်ကို မြင်သောအခါ အရောင်းမိန်းကလေးမှာ အံ့ဩသွားတော့၏။

တိုင်းစကွဲ၏ အဖွဲ့၀င်များ သတ်မှတ်သည့် စနစ်အရဆိုပါက ရွှေရောင် အဖွဲ့၀င်ဖြစ်ရန် အနည်းဆုံး

ငါးမီလီယမ်ခန့် အသုံးပြုရန် လိုအပ်သည်။

အဖွဲ့၀င်ဖြစ်သူများမှာ ဦးဆုံး ၀ယ်ယူနိုင်သည့် အခွင့်အရေး ရှိရုံသာမက ဒစ်စကောင့်များလည်း ရရှိနိုင်သေး၏။

ကျီချင်းရန် ဘာမှ ပြန်မပြောပေ။ သူမမှာ ဒီတိုင်း သာမန် ကတ်စတန်မာ တစ်ယောက်သာ ဖြစ်သော်လည်း တိုင်းစကွဲ၏ အဖွဲ့၀င်များ စနစ်ကို နားလည်ပေသည်။

သူမ ဤ၀တ်စုံကို ဦးစွာ မြင်သူဖြစ်သော်လည်း တစ်ဖက်လူမှာ ရွှေရောင် ကတ် ကိုင်ထားသောကြောင့် သူမလိုချင်လျင်တောင် မရနိုင်တော့ပေ။

"ဟီးဟီး ဘာတွေ ငိုင်နေတာလဲ..မြန်မြန် ပြန်ချွတ်လိုက်တော့လေ..."အမျိုးသမီးငယ်လေးမှာ အောင်နိုင်သွားသူ လေသံဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။

ကျီချင်းရန် အေးစက်သော မျက်နှာထားဖြင့် အ၀တ်လဲခန်းဆီ လျှောက်သွားလိုက်သည်။

"နေဦး..ချင်းရန် မင်းဘယ်သွားမလို့လဲ..."လင်းရီ မေးလိုက်သည်။

"ငါအ၀တ်သွားချွတ်မလို့ ..ငါ့ကို ကူပြီး ဇစ်ပြန်ဖြုတ်ပေးဦး..."

"ကောင်းပြီလေ..."

နှစ်ယောက်သား အ၀တ်လဲခန်းသို့ ၀င်သွားကြပြီး လင်းရီလည်း သူမကို ဇစ်ပြန်ဖြုတ်ပေးကာ ထွက်လာခဲ့သည်။

လင်းရီတို့ နှစ်ယောက် ရှိန်သွားသည်ကို မြင်သောအခါ အမျိုးသမီးငယ်မှာ ပို၍ ရောင့်တက်လာပြီး "လူတစ်ယောက်အနေနဲ့ နင်တို့ တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတာ နားလည်ထားသင့်တယ်...နင်တို့ရဲ့ အခြေအနေကြီးက သိပ်မဆိုးပေမယ့် ငါတို့နဲ့တော့ အဆင့်မတူဘူး..နောက်တစ်ခါဆို နင်တို့ မျက်စိကို ကျယ်ကျယ်ဖွင့်ထားကြ...ဒါမှ သောက်ရှက်မပဲ့မှာ..."

လင်းရီ ပြုံးလိုက်ပြီး ဘာတစ်ခွန်းမှ မတုံ့ပြန်ခဲ့ပေ။

ထိုအစား ဘေးတွင်ရပ်လိုက်ပြီး ကျီချင်းရန် ပြန်အလာကိုသာ စောင့်နေလိုက်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျီချင်းရန် ထွက်လာပြီး ၀တ်စုံကို အရောင်းမိန်းကလေးထံ အပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"ဘာလို့ သွားတော့မှာလဲ..."လင်းရီ မေးလိုက်သည်။

"ငါတို့က ၀ယ်မှ မ၀ယ်တော့မှာ ဒီမှာ နေပြီး ဘာလုပ်ဦးမလို့လဲ...."

"ဘယ်သူက မင်း၀ယ်လို့မရဘူးပြောလဲ...မင်း၀ယ်ကို ၀ယ်လို့ရတယ်...."

ကျီချင်းရန် လင်းရီနားထံ ကပ်၍ "သူတို့က ရွှေအဆင့် အဖွဲ့၀င်တွေလေ..ငါတို့ အရင်တွေ့တယ်ဆိုရင်တောင် သူတို့လိုချင်ရင် ၀ယ်လို့ရမှာမဟုတ်ဘူး...."

"ဟမ့်..ဒီတိုင်း ရွှေအဆင့်လေးကိုများကွာ...ဘာများ ကြီးကျယ်နေလို့...."

"ဟဟား ရွှေအဆင့် အဖွဲ့၀င်တွေက မကြီးကျယ်ပေမယ့် မင်းတို့ဆီက ၀တ်စုံကိုတော့ ယူလို့ရသေးတယ်ကွ..."

၎င်းကိုကြားပြီးနောက် လင်းရီ သူ၏ အိတ်

ကပ်ထဲမှ စိန်အဆင့် အဖွဲ့၀င်ကတ်ကို ထုတ်လိုက်သည်။

"မင်းတို့ ရွှေအဆင့် အဖွဲ့၀င်တောင် အရင်ဆုံး ၀ယ်ယူပိုင်ခွင့်ရှိမှတော့ ငါ့လို စိန်အဖွဲ့၀င်တွေဆို ပိုပြီး အခွင့်အရေးရမှာပေါ့ မဟုတ်ဘူးလား..... "

All Chapters