နှာခေါင်းသွေး လျှံတော့မယ်
Vol. 3 Ch. 40
တောက်ပနေသော ကတ်ကို မြင်သောအခါ ဆိုင်ထဲရှိ လူတိုင်း တိတ်ဆိတ်သွားကြတော့သည်။
တိုင်းစကွဲတွင် စိန်အဆင့် အဖွဲ့၀င် ဖြစ်လာရန် အနည်းဆုံး ၁၀ မီလီယမ်ခန့် အသုံးပြုထားရမည်ဖြစ်ကြောင်း သူတို့အားလုံး နားလည်ပေသည်။
ကျိုးဟိုင်၌ပင် စိန်အဆင့် အဖွဲ့၀င်များမှာ လက်ဆယ်ချောင်း မပြည့်ပေ။ သူတို့ ဒီနေ့ တစ်ယောက်နဲ့ လာဆုံလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ.....
"ကဲ..ချင်းရန် မင်းကြိုက်တဲ့ ၀တ်စုံကို ယူလိုက်တော့..."လင်းရီပြောလိုက်ပြီး "ဒီလို ကြည့်ကောင်းတဲ့ ၀တ်စုံတွေက ရုပ်ခံရှိတဲ့ သူတွေနဲ့ပဲ လိုက်ဖက်တာ..တချို့တချို့တွေက တောဂျိုအုံကြားက ထွက်လာတဲ့ ရုပ်နဲ့ ဒီလို ၀တ်စုံမျိုးကို ၀တ်ချင်နေကြသေးတယ်...သူတို့ကို ပေးလိုက်ရင် အလကား ပိုက်ဆံ ဖြုန်းတီးတာပဲ အဖတ်တင်မယ်..."
လူများစွာမှာ သူမတို့ကို ဝိုင်းအုံကြည့်နေကြသောကြောင့် ကျီချင်းရန် ပါးလေးများ ရဲတက်လာသည်။
အရောင်း မိန်းကလေးမှာ သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်ပြီး "လူကြီးမင်းကိုတော့ အားနာပါတယ်ရှင့် ဒီက ကတ်စတန်မာက စိန်အဆင့် အဖွဲ့၀င်ဖြစ်နေတော့ လူကြီးမင်းတို့ကို ဒီ၀တ်စုံ ရောင်းပေးလို့မရတော့ပါဘူး...."
"ရတယ်..ရတယ်..ငါတို့လည်း မ၀ယ်တော့ပါဘူး..."
သူတို့နှစ်ဦးလည်း လွန်စွာ အရှက်ရနေကြသည်။ သူတို့ ရွှေအဆင့် အဖွဲ့၀င်ကတ်ရှိပါက ထင်တိုင်းကြဲ၍ ရမည်ဟု ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲနှင့် စိန်အဆင့်အဖွဲ့၀င်တစ်ဦးနှင့် လာဆုံခဲ့၏။
ယင်းက သူတို့ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
မကြာမီ အရောင်းမိန်းကလေးမှ ကျီချင်းရန်အတွက် သူမနှစ်သက်သော ပွဲတက်၀တ်စုံကို သေသေချာချာလေး ထုပ်ပိုးပေးလိုက်၏။
ထို့ပြင် လင်းရီတို့မှာ စိန်အဆင့် အဖွဲ့၀င်ဖြစ်နေသောကြောင့် ၃၀%ပါ ဒစ်စကောင့်ပေးလိုက်သေးသည်။
အဆုံးတွင် ရောင်းသူ၀ယ်သူ နှစ်ဖက်လုံး ကိုယ်စီကိုယ်စီ ကျေနပ်သွားကြ၏။
"လင်းရီ...ဒါတွေအားလုံး နင့်ကိုပဲ ကျေးဇူးတင်ရမှာပဲ..."ကျီချင်းရန် ပြောလိုက်သည်။
"အသေးအမွှားလေးပါ..ငါလည်း အစက ထုတ်မသုံးချင်ပါဘူး....ဒါပေမယ့် နောက်ပိုင်းကျ သိပ်ပြီး သောက်ချိုးမပြေတာနဲ့ ထုတ်လုံးလိုက်ရတာ...."
ကျီချင်းရန် လင်းရီကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး နားနားလေးကပ်ကာ.."နင်က ငါ့ရှေ့ကနေ ရပ်တည်ပေးမှတော့ ငါလည်း ငါ့ကတိကို တည်ပေးရမှာပေါ့...ဒီနေ့ည နင့်ရဲ့မျက်လုံးကို အစာအ၀ကျွေးပေးမယ်နော်..."
လင်းရီ ကြက်သီးများထသွားပြီး
"တကယ်လား...ဒါဆိုရင်တော့ ငါ့မျက်လုံးတွေအစား ငါကပဲ ကျေးဇူးတင်ပေးလိုက်မယ်..."
ပွဲတက် ၀တ်စုံ ၀ယ်ပြီးနောက် နှစ်ယောက်သား အနောက်တိုင်း ၀တ်စုံ စတိုးဆိုင်ထဲသို့ သွားလိုက်ကြသည်။ ထိုစဉ် ကျီချင်းရန်မှ "နင့်အတွက်လည်း တစ်စုံလောက် သွားကြည့်ရအောင်လေ..ငါရှင်းပေးပါ့မယ်ဟ..."
"မင်းက ငါ့ကို မျက်စိအစာကျွေးရုံတင်မကဘူး အ၀တ်လည်း ၀ယ်ပေးဦးမယ်ပေါ့...ဟီးဟီး အားတောင်နာလာပြီကွာ..."
"ကျွတ်ကျွတ် .နင်ကပဲ ပြောရတယ်ရှိသေး..အရင်ဆုံး သွားကြည့်ကြည့်ရအောင်..."
ကျီချင်းရန် ပြောလိုက်ပြီး "နင် ကတိတည်ထားတာကိုမမေ့နဲ့နော်..မနက်ဖြန်ကျရင် ငါနဲ့အတူ လိုက်ပြီး ကောင်းကောင်း သရုပ်ဆောင်ပေးရမယ်..."
"မပူပါနဲ့..ငါဘာလုပ်ရမလဲဆိုတာ သိပါတယ်ဟ..."
မကြာမီ သူတို့နှစ်ဦး နစ်ချယ် အမျိုးသား အထည်ဆိုင်သို့ရောက်ရှိသွားပြီး ကျီချင်းရန် လင်းရီအတွက် အနောက်တိုင်း ၀တ်စုံ တစ်ထည်သာမက သားရေရှူးဖိနပ် တစ်ရံ၊နက်ခ်တိုင်နှင့် ရှပ်အင်္ကျီ တစ်ထည်ကိုလည်း ရွေးပေးလိုက်သည်။
လင်းရီ အ၀တ်လဲခန်းထဲမှ ထွက်လာပြီးနောက် ကျီချင်းရန်၏ မျက်လုံးများမှာ တောက်ပသွားပြီး မိန်းမောသွားတော့၏။
ဟမ်..ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားတာလဲဟ...
သူက ၀တ်စုံပြည့်နဲ့သာဆိုရင် လုံး၀ကို တခြားသူတစ်ယောက် ဖြစ်သွားသလိုပဲ...
ဘေးနားရှိ အမျိုးသမီး ၀န်ထမ်းများမှာလည်း လင်းရီကိုမြင်ပြီး ပြေးဖက်ချင်စိတ်ကို အနိုင်နိုင်ထိန်းနေရသည်။
"သူက လုံး၀ကို မော်ဒယ်အရုပ်လေးအတိုင်းပဲနော်..."
"ဒီလိုပုံစံမျိုးနဲ့ဆို ဖက်ရှင်ရှိုးမှာ ပွဲဦးထွက်လို့ရနေပြီ..."
"ဝိုး...သူက ခန့်ညား လိုက်တာနော်....ကောင်းကင်က နတ်သားလေးလားတောင် မသိတော့ဘူး....."
လင်းရီ မှန်ထဲတွင် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပြီး သူမှတ်မိသာတာ မှန်မယ်ဆိုရင် ၀တ်စုံပြည့် ၀တ်ဆင်ခြင်းမှာ ပထမဦးဆုံးအကြိမ်ပင်။ ထို့ပြင် ခံစားချက်ကလည်း အတော်လေး မဆိုးပေ။
ထိုစဉ် ကျီချင်းရန်မှ ရုတ်တရက် ဒူးစုခါးကုန်း၍ သူ၏ ဘောင်းဘီကို ဆွဲကြပ်ပေးလိုက်သည်။
မြင်ကွင်းကတော့ အတော့်ကို ကိုးရို့ကားယားနိုင်လှ၏။
"ဘယ်လိုခံစားရလဲ...."
သူ၏ ဘောင်းဘီကို ဆွဲကြပ်ပေးပြီးနောက် ကျီချင်းရန် မေးလိုက်သည်။ "အင်း..မဆိုးပါဘူး..."
"နင်လည်း သဘောကျတယ်ဆိုမှတော့ တခြားဟာတွေ ကြည့်မနေတော့နဲ့..ဒါပဲ ယူလိုက်ကြစို့...."
"ကောင်းပြီလေ...."
ကျီချင်းရန် သူမ၏ ဘဏ်ကတ်ကို ကမ်းပေးလိုက်ပြီး "ငါ့ကတ်ကို သုံးလိုက်..."
လင်းရီ အ၀တ်စားလဲ၍ ၀ယ်ယူထားသော ၀တ်စုံများကို ကိုင်ကာ တိုင်းစကွဲ၏ အစားအသောက်များ ရောင်းချသော နေရာသို့ လာခဲ့လောက်သည်။ သူတို့ နှစ်ယောက်သား ဗိုက်ဖြည့်ပြီးနောက် အိမ်သို့ပြန်ရန် စီစဉ်လိုက်ကြသည်။
ပါကင်ထိုးသည့်နေရာတွင်တော့ လူအုပ်ကြီးမှာ သူတို့ကားရှေ့တွင် ဓာတ်ပုံရိုက်နေကြ၏။
"ကားကြီးက ဂျလန်းကြီးကွာ..ဟွာရှမှာတောင် သုံးလေးစီးလောက်ပဲ ရှိမယ်..."
"ပြီးတော့ ဒီကားက ကျိုးဟိုင် လိုင်စင်နံပါတ်နဲ့ဟ..သခင်လေးချင်နဲ့ သခင်လေး၀မ်ပဲ ၀ယ်နိုင်လောက်တဲ့ အရည်အချင်းရှိတာ..."
"ဟီးဟီး ဓာတ်ပုံရိုက်နေတာတွေ ရပ်လိုက်ကြတော့ ငါမင်းတို့ကို ပန်ဂနီရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာပြောပြမယ်..."
လက်တိုအင်္ကျီ၀တ်ထားပြီး လက်မောင်းတွင် တက်တူးထိုးထားသော အမျိုးသားတစ်ယောက်မှ ပြောလိုက်သည်။
သူ၏ စကားလုံးများက စပ်စုချင်နေကြသော အမျိုးသမီးထုကြီး၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။
သူက ပန်ဂနီရဲ့ ပိုင်ရှင်နဲ့ သိမှတော့ သူလည်း ထူးခြားတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်...
"ရွှိုက်ကော..ငါတို့ ဝီချက် အပ်ကြမလား..."ဆံပင် ရှည်ရှည်နှင့် မဟာဆန်သော မိန်းကလေးတစ်ဦးမှ ပြောလိုက်သည်။
"ရတာပေါ့..."
တစ်ချိန်တည်းတွင် လက်ရဲဇက်ရဲရှိသော မိန်းကလေးများမှာ သူ့ထံ ဝီချက် လာအပ်ကြသည်။
တက်တူးနှင့် အမျိုးသားကတော့ တစ်ယောက်မျှကို မငြင်းပယ်ခဲ့ပေ။ရင်ထဲတွင် ပန်းများပွင့်နေပြီး မျက်နှာထက်တွက်လည်း အပြုံးပန်းများ ဝေဆာနေကာ အားလုံးကို လက်ခံလိုက်၏။
ငိုးပဲ..သောက်ရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်...
ငါဒီတိုင်း ကြွားရုံတင်ကြွားလိုက်တာ..စော်လေးတွေက ဝိုင်းဝိုင်းလည်နေပြီ...
နောက်ခါကျရင်တော့ ဒီလို မကြွားခင်ကျောက်ကပ်အားကောင်းအောင် အရင်လုပ်ထားရမယ်...
"အဟွတ် အဟွတ် သားရီး ငါတော့ မင်းကို သိတယ်လို့ မထင်ဘူးဟျောင့်..."
တက်တူးနှင့် အမျိုးသားမှာ လင်းရီကို ကြည့်လိုက်ပြီး "မင်းဘယ်ကကောင်လည်း..ငါလည်းမင်းနဲ့မှ မသိတာ...."
"ဟမ်..မင်းပဲ ပန်ဂနီရဲ့ပိုင်ရှင်နဲ့ သိတယ်ဆို...ပန်ဂနီက ငါ့ဟာလေကွာ...."
တက်တူးနှင့် အမျိုးသားမှာ ကြက်ေ-သေ-သသွားပြီး "မင်း...မင်းက ပိုင်ရှင်...."
လင်းရီ အိတ်ကပ်ထဲရှိ ကားသော့ကို နှိပ်လိုက်သောအခါ ပန်ဂနီ၏ နီယွန် ရှေ့မီးများ လင်းလာပြီး ဇင်ယော်ငှက်တောင်ပံဖြန့်ကားသကဲ့သို့ ကားတံခါးများ ဖြည်းညင်းစွာ ပွင့်လာသည်။ ၎င်းကိုမြင်တော့ လူအုပ်ကြီးလည်း အံ့အော မှင်တက်သွားကြတော့၏။
သူကတကယ်ကြီး ကားပိုင်ရှင်ဟ..
ဖြန်း
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဆံပင်ရှည်ရှည်နှင့် နန်းဆန်သော မိန်းကလေးမှာ တက်တူးနှင့်လူကို ပါးချလိုက်သည်။
"လူလိမ်..."
ဖြန်း ဖြန်း ဖြန်း
မကြာမီ တဖြန်းဖြန်းနှင့် ပါးရိုက်သံများ ဆူညံလာပြီး တက်တူးနှင့် အမျိုးသားကို ဝီချက်အပ်သည့် မိန်းကလေးတိုင်း ပါးလာရိုက်ကြတော့၏။
တက်တူးနှင့် အမျိုးသားများမှာလည်း မိန်းကလေးများ၏ လက်သံဖြင့် ခေါင်းကြီး ဖူးယောင်နေကာ ၀က်ခေါင်းကြီးသဖွယ် ဖြစ်နေတော့သည်။
"ဟမ့်..သူနဲ့ တန်တာရတာပဲ..."
ကျီချင်းရန် ကားထဲ ရောက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
လင်းရီ ပြုံးလိုက်မိပြီး အမျိုးသမီးများ အားလုံးမှာ လူလိမ်ကို အရိုးထဲသည့်တိုင်အောင် မုန်းတီးလေ့ရှိကြ၏။
ဤတစ်ကြိမ်တွင်တော့ ကျီချင်းရန် အော်ဒါမတင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဘယ်သွားရမည်မှန်း မသိသောကြောင့်ပင်။
အကယ်၍ သူမအိမ်သို့သာ အော်ဒါတင်လိုက်ပါက ၀ယ်ထားသော ရေကူး၀တ်စုံမှာ အလကား ဖြစ်သွားလိမ့်မည်။
လင်းရီ၏ ကျိုကျုံးဗီလာထံသို့ အော်ဒါတင်လိုက်ပါကလည်း သူမကပဲ တအားသွားချင်နေသည့်ပုံစံ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ကျီချင်းရန် အော်ဒါမတင်တော့ပဲ ဖုန်းကို ဒီတိုင်း ကိုင်ထားလိုက်သည်။ လင်းရီ သူသွားချင်သည့်နေရာ ခေါ်သွားလိမ့်မည်။
လင်းရီကတော့ အများကြီးတွေးမနေပဲ ကျိုကျုံးအဆောက်အဦးသို့ ခေါ်ချလာသည်။
ကျိုကျုံးဗီလာထဲတွင်တော့ မီးများမှာ ထိန်ထိန်လင်းနေပြီး နေ့အလားဟုတောင် ထင်မှတ်ရသည်။
ရေကူးကန်အနီးသို့ရောက်သောအခါ လင်းရီ ရေကူး၀တ်စုံကို လဲလိုက်ပြီး ခဏလောက် ရေကူးရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း လင်းရီ၏ ရေကူးစကေးများကတော့ သိပ်မကောင်း။ တက္ကသိုလ်တက်စဉ်က ကာယအချိန်တွင်သာ ရေကူးသင်ဖူးသောကြောင့် အခြေခံ တစ်ချို့လောက်သာ ကူးတက်ပေသည်။
ကျီချင်းရန်ကတော့သူမ၏ဘေးနားရှိ အပေါ်အင်္ကျီချွတ်ထားသော လင်းရီကို မနေနိုင်ပဲ ကြည့်လိုက်မိသည်။
ဒီကောင်စုတ်ရဲ့ ဘော်ဒီကတော့ တောင့်တောင့်ဖြောင့်ဖြောင့်ရှိသားပဲ...
၀မ်းဗိုက် ကြွက်သားများ..တုတ်ခိုင်သော ပေါင်တံများမှာ သေချာထုဆစ်ထားသကဲ့သို့ဖြစ်နေလေသည်။
အမယ်လေးတော့...မျက်စိတောင် ရှက်လာပါပြီနော်....
"မင်းကြည့်ချင်လည်း ပေါ်တင်ကြည့်လေ..ဘာလို့ မသိမသာ ခိုးခိုး ကြည့်နေတာလဲ..."လင်းရီပြောလိုက်ပြီး "ကြည့်ရတာတော့ မျက်စိအစာကျွေးနေရတာ မင်းမဟုတ်ပဲ ငါဖြစ်နေသလိုပဲနော်...."
"ဟွန့်..ဘယ်သူက နင့်ကို ကြည့်နေလို့လဲ..."ကျီချင်းရန် ၀န်မခံပဲ သူမ၏ ခေါင်းကို ဆတ်ကနဲ လှည့်လိုက်သည်။
"ငါအရင် ရေထဲဆင်းပြီ....ကိုယ့်ဘာကိုယ်ပဲ ဆင်းခဲ့လိုက်တော့..."
ထိုသို့ပြောပြီးနောက် လင်းရီ ဗွမ်းကနဲ ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်သည်။ ထိုအခါ ထောင်တက်လာသော ရေများက ကျီချင်းရန်ကို စိုသွားစေ၏။
"လင်းရီ...နင် ဒါတမင်သက်သက် လုပ်တာမလား...."ကျီချင်းရန် မပျော်ရွှင်စွာဖြင့် နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
"ဘာဆိုင်လို့ငါက တမင်သပ်သပ် လုပ်ရမှာလဲ..."လင်းရီ ရှုပ်ထွေးသွား၏။
"နင်လုပ်လိုက်လို့ ငါ့အပေါ် ရေတွေ စိုကုန်ပြီလေ မသာရဲ့....မသိသလို လုပ်မနေနဲ့..."
"မင်းလည်း ရေကူး၀တ်စုံ ၀ယ်ခဲ့တယ်မလား..အဲ့တာ လဲလိုက်ပေါ့..အ၀တ်တွေကတော့ သွားလှန်းထားလိုက်လေ...ခု နေအခြောက်ခံထားရင် မနက်ဖြန်လောက်ဆို ပြန်၀တ်လို့ ရနေလောက်ပြီ..."
ကျီချင်းရန်လည်း ဘာမျှ ပြန်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ ထိုကိစ္စကိုဗန်းပြကာ ရေကူး၀တ်စုံ လဲချင်သောကြောင့် ဖြစ်၏။
သူမ လင်းရီကို ကတိပေးထားသော်လည်း ဒီတိုင်းကြီး ဘစ်ကနီ ၀တ်ရမှာတော့ ရှက်ဖို့ ကောင်းလှ၏။
ယခု သူမ၏ အ၀တ်များ စိုသွားတော့ကြောင့် ရွေးချယ်စရာ မရှိပဲ လဲရပေတော့မည်။
သို့နှင့် ကျီချင်းရန် သူမ၏ အ၀တ်အစားများကို ဗီလာ နံပါတ်တစ်ထံ သယ်သွားလိုက်သည်။
ထိုအချိန်တွင်တော့ လင်းရီ ရေကူးကန်အဖျားတွင် ထိုင်နေရင်း သူ၏ ၀န်ထမ်းများကို အသီးနှင့် ဝိုင်များ ယူလာခဲ့ရန် မှာကြားလိုက်သည်။
ကျီချင်းရန် ဘစ်ကနီနှင့် ထွက်လာသောအခါ လင်းရီ သူ၏ အကြည့်များကို သူမထံမှ မခွာနိုင်တော့ပေ။
"ေ-သစမ်း..ငါတော့ နှာခေါင်းသွေးလျှံတော့မယ်..."