ဆုလဒ် : ၀မ်ကျန်း ဆိပ်ကမ်း
Vol. 3 Ch. 41
ကျီချင်းရန်၏ ရေကူး၀တ်စုံမှာ မိုနိုကီနီ မဟုတ်သကဲ့သို့ ဘီကနီလည်း မဟုတ်ပေ။
ထို့ပြင် သူမ၏ နောက်ကျောမှာလည်း သူစိတ်ကူးထားသည်ထက်ပို၍ ပြီးပြည့်စုံနေသည်။
အထူးသဖြင့် သူမ၏ ဖြောင့်စင်းသော ပေါင်တံလေးများမှာ အပြစ်ဆိုဖွယ်ရာ တစ်စက်ကလေးမျှပင် မရှိပေ။
လုံး၀ကို ခြောက်ပစ်ကင်းသော ဘော်ဒီတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်၏။
သူမ ကျောဘက်တွင် ခြုံထားသော ပိတ်စအပါးလေးကလည်း သူမ၏ အလှကို ပို၍ ကြော့ရှင်းစေသည်။
"ငါ အခုရေကူး၀တ်စုံလဲလိုက်ပြီဆိုတော့..နင့်ကိုပေးထားတဲ့ ကတိကို တည်ပြီးပြီနော်..."
"ဒါပေါ့ ငါလည်း မင်းလို ကတိတည်တတ်တဲ့ အမျိုးသမီးတွေကို သဘောအကျဆုံးပဲ..."
ထိုသို့ပြောရင်း လင်းရီ ရေကူးကန်ပေါ်သို့ တက်လာခဲ့လိုက်သည်။
ကျီချင်းရန်မှာ ရေထဲသို့ဆင်းတော့မည် ဖြစ်သောကြောင့် သူ့အတွက် ရေကူးစရာ အကြောင်းမရှိပေ။ ရေကူးကန် ထိပ်၌နေ၍ ကျီချင်းရန် ရေကူးသည့် မြင်ကွင်းကိုသာ ဝိုင်ကောင်းလေးတစ်ခွက်ဖြင့် ခံစားရပေမည်။
ကျီချင်းရန် သူမ၏ ခြုံထည်ကို ချွတ်လိုက်ပြီး ကန်ထဲရှိရေကို ခြေဖျားဖြင့် အရင်ဆုံး ထိလိုက်သည်။
"နွေးတယ်ဟ..."
"အင်း သူ့အလိုလို နွေးနေတာလေ...."လင်းရီ ခုံပေါ်တွင် ထိုင်ရင်း ပြောလိုက်၏။ "မင်းသာ ရေချိုးချင်ရင် ငါ ဆပ်ပြာယူပေးလို့ရတယ်နော်..."
"ခစ်ခစ် နင်တစ်ယောက်ထဲပဲ ရေကူးကန်ထဲမှာ ရေချိုးဖို့ အကြံထွက်လာလောက်တယ်..."
ရေအပူချိန်ကို စမ်းသပ်ပြီးနောက် ကျီချင်းရန် လင်းရီထက် ပိုမိုညင်သာသော စတိုင်ဖြင့် ရေထဲသို့ ဆင်းသွားလိုက်သည်။
သူမ၏ ရေကူးစကေးများကတော့ လင်းရီ စိတ်ကူးထားသည်ထက်ပိုကောင်းနေပြီး ရေကန်ထဲတွင် ရေသူမတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ သွားလာနေ၏။
လင်းရီ ပေါ့ပါးစွာ သက်ပြင်းချရင်း ကျက်သရေရှိစွာ ကူးခတ်နေသော ကျီချင်းရန်ကို ကြည့်နေလိုက်သည်။
ဒါမှ ဘ၀ကြီးကွ...
အကယ်၍ နောက်ခံသာ ကမ်းခြေဆိုပါက ပိုမို အသက်၀င်လောက်၏။
ထိုအချိန်တွင် လင်းရီ ကျီချင်းရန်၏ ဖုန်းကို တွေ့သွားပြီး "ဟေး..ငါနင့်ဖုန်းကို ခဏ ယူသုံးဦးမယ်နော်...."လင်းရီ အော်ပြောလိုက်သည်။
ကျီချင်းရန် ရေပေါ်သို့ တက်လာပြီး ဆံပင်ကို နောက်သို့ သပ်ကာ "ယူလေ...လျို့ဝှက်နံပါတ်က ၉၅၀၈၂၄"
ကျီချင်းရန်၏ ဖုန်းကို ကိုင်ထားရင်း ဖုန်း နောက်ခံပုံမှာ သူမ၏ ဆယ်လ်ဖီပုံ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
မျက်စိတစ်ဖက်မှိတ်၍ လက်ကို V ပုံစံ ပို့စ်ပေးထားပုံမှာ ချစ်စရာကောင်းလွန်းလှ၏။
လင်းရီ Didi အကောင့်ထဲသို့ ၀င်လိုက်ပြီး ကိုယ့်ကိုယ်ကို ကြယ်ငါးပွင့် ရီဗျူး ပေးလိုက်သည်။
ထိုအချိန်တွင်တော့ စနစ်၏ အသိပေးသံကြီး ထွက်ပေါ်လာသည်။
[မစ်ရှင်အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..
ဆုလဒ် : ၁၀၀,၀၀၀ အတွေ့အကြုံမှတ်..]
[အလုပ် ပြီးမြောက်နှုန်း : ၇၅%
ဆုလဒ် : ၀မ်ကျန်း ဆိပ်ကမ်း ]
လင်းရီ သူ့စိတ်ထဲတွင် အသိပေးသံကိုကြားသောအခါ ထိတ်လန့်တကြားထခုန်မိလိုက်သည်။
၎င်းအသံက သူ့ကို ရှော့ခ်ရသွားစေ၏။
လင်းရီ ၀မ်ကျန်း ဆိပ်ကမ်းအကြောင်း အနည်းငယ် ကြားဖူးနား၀ ရှိထားသည်။
ယင်းဆိပ်ကမ်းမှာ အစိုးရမှ တည်ဆောက်ထားတာဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်ပြုပြင်ပြီးနောက် ၀ယ်သူတစ်ယောက်ထံ ရောင်းချလိုက်သည်။
ယခုတော့ လင်းရီ လက်ထဲသို့ ရောက်လာချေပြီ။
အရေးကြီးဆုံးကတော့ ၀မ်ကျန်းဆိပ်ကမ်းမှာ ကျိုကျုံးဗီလာနှင့် နီးကပ်နေခြင်းပင်။ အလယ်တွင် ကမ်းခြေတစ်ခုရှိပြီး ကားဖြင့်မောင်းသွားပါက မိနစ်အနည်းငယ်ခန့်သာ ကြာမြင့် ပေသည်။
လင်းရီ ၀မ်ကျန်း ဆိပ်ကမ်းအကြောင်းကို ဖုန်းပေါ်တွင် ရှာကြည့်လိုက်သောအခါ ၎င်းဆိပ်ကမ်းမှာ အစဉ်အလာမသေးကြောင်း တွေ့ရှိလိုက်ရ၏။
၀မ်ကျန်းဆိပ်ကမ်းကို တည်ဆောက်ခဲ့စဉ် အစိုးရမှာ ယင်းဆိပ်ကမ်းကို ဟွာရှ၏ အကြီးမားဆုံး ရေကြောင်းဆက်သွယ်ရေး ဆိပ်ကမ်းအဖြစ် ပြုလုပ်ချင်ခဲ့သည်။
၀မ်ကျန်းဆိပ်ကမ်းကလည်း စိတ်မပျက်စေခဲ့ပေ။တည်ဆောက်ပြီးသောအခါ တ-ရုတ်ပြည်၏ ဒုတိယအကြီးမားဆုံးသော ဆိပ်ကမ်းတစ်ခု ဖြစ်လာပြီး ကမ္ဘာလှည့် ခရီးသည်အများအပြားကို ဆွဲဆောင်နိုင်ခဲ့၏။
စနစ်က တကယ့်ကို ရက်ရောတာပဲ.....
ထိုမျှကြီးမားသော လက်ဆောင်ကြီးကို ရရှိထားသောကြောင့် လင်းရီ မနက်ဖြန် သွားကြည့်ကြည့်ရပေမည်။
သို့သော်လည်း လင်းရီ ၇၅% ဟူသော စကားလုံးကို ပို၍ အာရုံစိုက်ထားသည်။
၁၀၀%ပြည့်ရန် သိပ်မလိုတော့သောကြောင့် နောက်ထပ် လုပ်ငန်း အသစ်တစ်ခုကို သော့ဖွင့်၍ ရတော့မည်။
လင်းရီ ထိုအကြောင်းကို စဉ်းစားလိုက်သောအခါ ယခု ပြီးမြောက်မှုနှုန်းဖြင့်ဆိုပါက နောက်ထပ် အလုပ်သစ်တစ်ခုကို သော့ဖွင့်ရန် လုံး၀ ပြဿနာမရှိပေ။
သို့တိုင်အောင် လင်းရီ ၁၀၀% ပြီးမြောက်မှ အလုပ်သစ်ရယူမည်ဟု စိတ်ပိုင်းဖြတ်ထားသောကြောင့် အဆုံးသို့ ရောက်အောင် ဆက်လျှောက်ရပေမည်။
၁၀၀% ပြီးမြောက်ပါက အန္တိမ ဆုလက်ဆောင်ကို ရရှိမည် ဖြစ်သောကြောင့် လင်းရီ မလိုအပ်ပါက အလွယ်တကူ လက်မလျော့ချင်ပေ။
ထိုအကြောင်းအရာများကို စဉ်းစားနေတုန်း ကျီချင်းရန် လက်ရန်းမှတစ်ဆင့် ရေကူးကန်ပေါ်သို့ တက်လာခဲ့၏။
လင်းရီလည်း လူကြီးလူကောင်းပီပီ ချင်းရန်ကို တဘက်တစ်ထည်ကမ်းပေးလိုက်ပြီး ရေများကို ခြောက်အောက် သုတ်စေလိုက်သည်။
"ဟူး...ငါရေမကူးတာကြာတော့ သိပ်တောင် မကူးနိုင်တော့ဘူးပဲ..လေးငါးပတ်လိုက်ပဲ ကူးရသေးတယ်..မောနေပြီဆိုတော့..."
"ဒီရေကူးကန်က ငါ့အပိုင်ပဲလေ..အနာဂတ်မှာ မင်းသာရေကူးချင်ရင် အချိန်မရွေး လာခဲ့လို့ရတယ်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဟွန့် အဲ့လို သိတတ်မှပေါ့..."
ရေများကိုခြောက်အောက် သုတ်ပြီးနောက် ဗီလာနံပါတ်တစ်ဆီသို့ အတူတူ ပြန်လာခဲ့ကြသည်။
ကျီချင်းရန်မှာ အိမ်ပြန်ရန် အကြောင်း မဟလာသောကြောင့် ဤည လင်းရီအိမ်၌ တစ်ညအိပ်မည်ဆိုတာ သေချာနေ၏။
"အာ...နင့်ရဲ့ အိပ်ယာခင်းက ဘာလို့ ဒီလိုဖြစ်နေတာလဲဟ...."
လင်းရီ အိပ်ခန်းထဲရှိ စောင်ကို မြင်သောအခါ ကျီချင်းရန် အံ့အောတကြီးဖြင့် မေးလိုက်သည်။
စောင်မှာ လွန်စွာ ဟောင်းနွမ်းနေပြီး ဖာရာ အနည်းငယ်ပင် ရှိနေသည်။ ထိုကဲ့သို့ အသုံးအဆောင်များက လင်းရီ၏ အဆင့်အတန်းနှင့်ဆိုပါက လုံး၀ မကိုက်ညီပေ။
"ငါ မိဘမဲ့ဂေဟာမှာ နေတုန်းက စောင်တွေလေ...နေသားကျပြီး သံယောဇဉ်လည်း တွယ်နေတာမို့ လွင့်မပစ်ရက်ပဲ သိမ်းထားတာ...."
လင်းရီ ရှင်းပြလိုက်သည်။
"နင်..နင်က မိဘမဲ့ပေါ့...."
လင်းရီ ဘာမှ မဟုတ်သကဲ့သို့ ပခုံးတွန့်လိုက်ပြီး "မေမေ၀မ်ဆီက ငါကြားတာတော့ ငါမွေးကတည်းကနေ မိဘမဲ့ဂေဟာဆီ အပို့ခံထားရတာတဲ့...မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းလာခဲ့တာလေ..."
"အိုး..နင့်ရဲ့ ၀မ်းနည်းစရာတွေကို တူးဆွမိလို့ စိတ်မကောင်းပါဘူးနော်..."
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဟ...ငါလည်း လုံး၀ ၀မ်းနည်းနေတာမှ မဟုတ်ဘဲ..."
"မေမေ၀မ်ကလည်း ငါ့ကို သူ့သားအရင်းလို ပြုစုပြီးတော့ ဂေဟာက သူငယ်ချင်းတွေကလည်း ငါ့ကို ခင်ကြတယ်လေ..ရှင်းရှင်းပြောရရင် ငါ မေတ္တာ မငတ်ခဲ့ဘူး..မင်းထင်နေသလို Tv ပေါ်က မိဘမဲ့ ဂေဟာတွေလိုမျိုး မဟုတ်ဘူး...."
"ကောင်းပြီလေ..နင်အဆင်ပြေရင် ပြီးသာပါပဲ...."
လင်းရီ လက်ဖြင့် အိုကေပုံစံ လုပ်ပြလိုက်သည်။
ရေနွေးဖြင့် ဆေးကြောသန့်စင်ကြပြီးနောက် လင်းရီ အနားယူရန် အခန်းသို့ ပြန်သွားလိုက်သည်။
ဝီချက်ပေါ်တွင် သူငယ်ချင်းတောင်းဆိုမှု တစ်ခု ရှိနေပြီး စာတိုတစ်ဆောင်လည်း ပို့ထားသေးသည်။
"ဟယ်လို..ကျွန်မက စုန့်၀မ်ဟွေ့ပါ..."
"စုန့်၀မ်ဟွေ့...."
လင်းရီ ရေရွတ်လိုက်ပြီး "ဘာလို့ ကြားရတာ ရင်းနှီးသလို ဖြစ်နေတာလဲ...."
စက္ကန့်အနည်းငယ် ကြာပြီးနောက် လင်းရီ အဘယ်ကြောင့် ထိုအမည်ကို ရင်းနှီးနေကြောင်း မှတ်မိသွားသည်။
သူမက မေမေ၀မ် စီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်လုပ်ရမယ့် ကောင်မလေး မဟုတ်လား....
သူအများကြီး မစဉ်းစားတော့ပဲ သူငယ်ချင်းတောင်းဆိုမှုကို လက်ခံလိုက်သည်။
"ဟယ်လို..."လင်းရီ စာပြန်ပို့လိုက်၏။
"ငါမနက်ဖြန်အားတယ်...နင်ကော ဘယ်အချိန်အားလဲ...ငါ့မိသားစုက နင့်ကို တွေ့စေချင်နေလို့...."၀မ်ဟွေ့ ပြောလိုက်သည်။
"ဘယ်ချိန်ပဲ ဖြစ်ဖြစ် အဆင်ပြေတယ်..."လင်းရီ စာပြန်ပို့လိုက်သည်။
သူ မေမေ၀မ်၏ မျက်နှာကို ထောက်ရပေမည်။ မဟုတ်ပါက မေမေ၀မ် သူမ သူငယ်ချင်းကို ရှင်းပြပေးရန် ခက်ခဲပေလိမ့်မည်။
"အဲ့တာဆို ငါတို့ ကိုးနာရီ ထျန်းယွဲ့ ရေနွေးကြမ်းဆိုင်မှာ တွေ့ကြမလား...."
"ထျန်းယွဲ့ လက်ဖက်ရည်ဆိုင်...၀မ်ရှင်း လမ်းမက ထျန်းယွဲ့ ရေနွေးကြမ်းဆိုင်ကို ပြောတာလား..."လင်းရီ မေးလိုက်သည်။
"အင်း...ဟုတ်တယ်..."
"ရတယ်လေ..."
ချိန်းဆိုပြီးနောက် လင်းရီကို မေးစေ့ကို ပွတ်သပ်လိုက်သည်။
ထျန်းယွဲ့ရေနွေးကြမ်းဆိုင်မှာ ဈေးလုံး၀မပေါပေ။ရိုးရှင်းသော ရေနွေးကြမ်း တစ်အိုးကပင် ယွမ်ရာပေါင်းများစွာ ကျသင့်၏။ သို့တိုင်အောင် သူမက ထိုနေရာ၌ တွေ့ဆုံရန် စီစဉ်လိုက်သေးသည်။
နောက်တစ်နေ့ နံနက်တွင်တော့ နှစ်ယောက်သား တစ်ချိန်တည်း နိုးထလာပြီး ရေမိုးချိုး အ၀တ်စားလဲကာ ကျီချင်းရန် လင်းရီ ကားထဲသို့၀င်လိုက်သည်။
(အတူအိပ်မအိပ်တော့ ကျွန်တော်လည်း မသိဘူး...)
သူမ ညကကဲ့သို့ တုံ့ဆိုင်းမနေတော့ပေ။
လင်းရီ ကားထဲရောက်သောအခါ ကျီချင်းရန်မှ "ငါ ညအိပ်၀တ်စုံတွေ နင့်ဆီ ပို့ထားလိုက်မယ်...ယူဖို့ မေ့မနေနဲ့ဦးနော်...."