← Chapters

အရှက်မဲ့သော

Vol. 3 Ch. 42

အရှက်မဲ့သော

Vol. 3 Ch. 42

"ဟမ်....အဲ့တာက သိပ်မကောင်းဘူးထင်တယ်.."လင်းရီ ပြောလိုက်ပြီး "မင်းမနေ့ကပဲ ငါ့ကို အ၀တ်စားတွေ ၀ယ်ထားပေးပြီးပြီ ဒီနေ့လည်း ညအိပ်၀တ်စုံတွေ ၀ယ်ပေးမယ်ဆိုတော့ မင်းငါ့ကို အားနာအောင် လုပ်နေတာပဲကွ...."

ကျီချင်းရန် ပါးစပ်အုပ်၍ ရယ်မောလိုက်ပြီး "နင်က ငတုံးပဲ...ဘယ်သူက ၀ယ်ပေးမယ်ပြောလို့လဲ...ငါ၀တ်ဖို့ ပြောတာ...နင့်အိမ်မှာ တည်းမယ်ဆိုရင် ၀တ်စရာ ရှိ‌သွားတာပေါ့..နင့်ရဲ့ အ၀တ်တွေ ဆက်မ၀တ်ချင်တော့ဘူး...သက်တောင့် သက်သာလဲ မဖြစ်ဘူး...."

"အာ...အဲ့လိုလား..ရတယ်လေ...ငါဒီတိုင်း အတွေးလွန်သွားတယ်...."

ကျီချင်းရန် ကားထဲမှ ထွက်ခွာတော့မည့် အချိန်တွင်လည်း လင်းရီကို သတိပေးရန် မမေ့လျော့ခဲ့ပေ။

"ငါက အလုပ်သွားတော့မှာ ဆိုတော့ နင့်ကို မက်ဆေ့စ်ပို့ပြီး သတိမပေးတော့ဘူးနော်...ငါ့ကို နေ့လယ် ၃ နာရီလောက်လာကြိုပေး...အဘိုးရဲ့ မွေးနေ့ပွဲဆိုတော့ နောက်ကျလို့ မရဘူးလေ...."

"ကောင်းပြီလေ...အဲ့အချိန်ကျမှ ပြန်တွေ့ကြတာပေါ့...."

ကျီချင်းရန် ထွက်ခွာသွားသောအခါ လင်းရီ အချိန်ကို ကြည့်ပြီး ၈ နာရီကျော်နေပြီ ဖြစ်သည်။

အကယ်၍ သူသာ ဆိပ်ကမ်းကို သွားပါက ဘလိုင်းဒိတ်မှာ မှီတော့မည် မဟုတ်ပေ။

ကလင် ကလင် ကလင်

လင်းရီ၏ ဖုန်းမြည်လာပြီး

"၀မ်...."

"ရီလေး...နင်တို့ နှစ်ယောက် ချိန်းထားကြတယ်ဆို...."

" ဟုတ်တယ် မေ‌မေ၀မ်...ဒီနေ့နေ့လည် ချိန်းထားကြတာ...."

"ကောင်းတာပေါ့..."၀မ်ချွေ့ပင်း သူမ၏ အသံကို နိမ့်လိုက်ပြီး "ရီလေး ငါနင့်အတွက် စုံစမ်းထားပေးတယ်...ဒီကောင်မလေးက တကယ်မဆိုးဘူးနော်..အတော်လေးလှပြီး အလုပ်ကိုင်လည်း ကောင်းတယ်...အခွင့်အရေးကို လက်လွှတ်မခံနဲ့...မေမေ၀မ်လည်း နင့်ရဲ့ မင်္ဂလာသေရည်ကို သောက်ချင်သေးတယ်...."

"နားလည်ပါတယ်ဗျ...."လင်းရီ ပြုံးလိုက်သည်။

"မေမေနင့်အတွက် ယွမ် ၂၀,၀၀၀ စုထားပေးတယ်...တကယ်လို့ နင်တို့သာ လက်ထပ်ဖြစ်မယ်ဆိုရင် ဒါကို လက်ဖွဲ့ပေးမယ်နော်... "၀မ်ချွေ့ပင်း သက်ပြင်းချလိုက်ပြီး "ငွေအများကြီးတော့ မဟုတ်ပေမယ့် မေမေလည်း နင့်အတွက် ဒီလောက်ပဲ ပေးနိုင်တယ်ကွယ်...."

လင်းရီ နှလုံးအောင့်သွားပြီး "မေမေ၀မ်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲဗျ....ကျွန်တော် အခု အလုပ်လုပ်ပြီး ပိုက်ဆံ ရှာနေပြီလေဗျာ...ဘယ်လိုလုပ် မေမေ၀မ်ရဲ့ ပိုက်ဆံကို ယူရက်မှာလဲဗျ...."

လင်းရီ မိဘမဲ့ ဂေဟာ၏ အခြေအ‌နေကို ကောင်းကောင်းကြီး သဘောပေါက်ထားသည်။

ဂေဟာလေး ယနေ့တိုင် ရပ်တည်နိုင်သည်မှာ ပတ်၀န်းကျင်မှ ထောက်ပံ့‌ထားပေးသောကြောင့်ဖြစ်၏။ ထိုသို့ဆိုလျင်တောင်မှ ရပ်တည်နိုင်ရုံမျှသာ ဖြစ်သည်။ အကယ်၍ မေမေ၀မ်သာ သူ့ကို ယွမ် ၂၀,၀၀၀ ပေးမည်ဆိုပါက အနာပေါ် ဆားဖြူးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

"မရဘူး..ဒါက စည်းမျဉ်းပဲ...ရီလေးတို့သာ လက်ထပ်ဖြစ်ရင် သေချာပေါက် အဲ့ဒီငွေကို လက်ခံရမယ်....မေမေ့ဘက်ကလည်း တစ်ခုခုပေးဦးမှပေါ့"

"ကောင်းပြီ ကောင်းပြီ ခုလောလောဆယ် ဒီအကြောင်း မပြောကြရအောင်ဗျာ...ကျွန်တော် ရက်ပိုင်းအတွင်း မေမေ၀မ်တို့ဆီ လာလည်ခဲ့ဦးမယ်..."

"ကောင်းပြီလေ...ဒါဆိုလည်း မေမေ၀မ် သတင်းကောင်းပဲ ကြားချင်တယ်နော်...."

"ဒါပေါ့ ပြဿနာမရှိဘူး...."

ဖုန်းချပြီးနောက် လင်းရီ မျက်လုံးထောင့်တွင် စီးကျနေသော မျက်ရည်များကို သုတ်လိုက်ပြီး ထျန်းယွဲ့ ရေနွေးကြမ်းဆိုင်သို့ ဦးတည်လိုက်သည်။

ကလင် ကလင် ကလင်

သူဖုန်းချပြီးပြီးချင်း နောက်တစ်ကြိမ် ထပ်မံ မြည်လာပြန်သည်။

"ဟာ..ငါအခု တော်တော် အလုပ်များတဲ့ကောင် ဖြစ်နေပြီလားဟ..နောက်ထပ် ဖုန်းတစ်လုံး ထားရမလိုတောင် ဖြစ်နေပြီ...မဟုတ်ရင် တစ်လုံးပြီး တစ်လုံးလာနေမှာ..."

"ဟယ်လို..."လင်းရီ ဖုန်းဖြေလိုက်၏။

"ဟယ်လို..မစ္စတာလင်း..ခင်များမနေ့က ကျွန်တော်တို့ရဲ့ ၀မ်ကျန်းဆိပ်ပမ်းကို ၀ယ်ယူသွားတာမလား...ကျွန်တော်က ၀မ်ကျန်းဆိပ်ကမ်းရဲ့ မန်နေဂျာပီစုန့်ကျန်းပါ ခင်ဗျ..."

"ကျုပ်ခဏနေရင် အဲ့ကိုရောက်တော့မယ်...ခင်များ ဆိပ်ကမ်းမှာ ခဏလောက် စောင့်နေလိုက်..."

"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ..ကျွန်တော်လည်း ဒီအတွက်ပဲ ခေါ်လိုက်တာပါ တကယ်လို့ မစ္စတာလင်း လာလို့ အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော်တို့ လာခဲ့ပါမယ်...."

"မလိုဘူး...ငါ့ဘာငါပဲ လာခဲ့လိုက်မယ်..."လင်းရီ အချိန်ကို ကြည့်လိုက်ပြီး "ဒါပေမယ့် အခုလောလောဆယ်တော့ လုပ်စရာလေးတစ်ခု ရှိလို့ နောက် နှစ်နာရီနေမှ တွေ့ကြတာပေါ့.."

"ဟုတ် ရပါတယ်ခင်ဗျ..ကျွန်တော်တို့ စောင့်နေပါ့မယ်..."

"ကောင်းပြီ..."

ဖုန်းချပြီး ခဏမျှ ကြာသောအခါ လင်းရီ ထျန်းယွဲ့ ရေနွေးကြမ်းဆိုင်သို့ ရောက်လာခဲ့၏။

ထျန်းယွဲ့ ရေနွေးကြမ်းဆိုင်မှာ ကျိုးဟိုင်တွင် နာမည်အသင့်အတင့် ရှိသော ဆိုင်တစ်ဆိုင်ဖြစ်၏။ စီးပွားရေးသမားတိုင်း ဤဆိုင်တွင် ရေနွေးကြမ်းသောက်ရင်း အလုပ်ကိစ္စများ ဆွေးနွေးလေ့ရှိကြသည်။

"မင်္ဂလာပါ လူကြီးမင်း..ဘာများ ကူညီပေးရမလဲ ခင်ဗျ..."

ချုံဆန် ၀တ်ဆင်ထားသော စားပွဲထိုးမှာ လင်းရီ ၀င်လာသည်ကို‌မြင်တော့ အပြုံးလေးဖြင့် ဦးကြိုလိုက်သည်။

"ငါဒီကို စုန့်၀မ်ဟွေ့ဆိုတဲ့ သူကို လာရှာတာ...သူဒီမှာ စားပွဲ ဘွတ်ကင် လုပ်ထားတယ်မလား...."

"လူကြီးမင်းက မစ္စတာလင်းလားဗျ..."

"အင်း...ကျုပ်ပါပဲ..."

"မစ်စုန့်က လူကြီးမင်းလာရင် သုံးလွှာကို တန်းလာခဲ့ဖို့ မှာထားပါတယ်ခင်ဗျ...."

"ကောင်းပါပြီ...ကူညီပေးတဲ့အတွက် ကျေးဇူးပဲ ညီလေး...."

သုံးထပ်မြောက်တွင်တော့ မည်သူမျှ ရှိမနေပေ။ နေ့အချိန်ဖြစ်နေ၍လားတော့ မသိ။ လူအနည်းငယ်သာ ရှိနေခဲ့သည်။

ထိုအချိန်တွင်တော့ တစ်ဖက်၌ စားပွဲရှည်ကြီးတွင် လူငါးယောက် ထိုင်နေကြသည်။ တတိယထပ်တွင်တော့ အတော်လေးများသည့် လူဦးရေဟု ဆိုရမည်။

အလယ်တွင် ထိုင်နေသော သူမှာ စုန့်၀မ်ဟွေ့ဖြစ်ကြောင်းတော့ လင်းရီ ပြောနိုင်သည်။ သူမဘေးနားရှိ ကျန်သူများကတော့ သူလည်း မသိပေ။

"ရို့...လင်းရီမလား..."

လင်းရီ လာနေသည်ကို မြင်သောအခါ စုန့်၀မ်‌ဟွေ့ဘေးနားထိုင်နေသော သက်လတ်ပိုင်း အမျိုးသမီးမှ နှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော်ပါပဲ..."

"အန်တီ ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်ပေးမယ်နော်...အန်တီက ၀မ်ဟွေ့ရဲ့မေမေ၊ယင်းကျွမ် ..ပြီးတော့ ဒါက ၀မ်ဟွေ့ရဲ့ မောင်လေး ၊စုန့်၀မ်ဝူ..ကျန်တဲ့သူတွေကတော့ ၀မ်ဟွေ့ရဲ့ ဒေါ်လေး၊ယင်းချွေ့နဲ့ ဒုတိယဒေါ်လေး ယင်းဟွား... "

လင်းရီ အားလုံးကို ခေါင်းညိမ့် ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။

ကြည့်ရသလောက်ကတော့ အမျိုးသားများမှာ စုန့်မိသားစုတွင် သိပ်ပြီး အရေးမပါ အရာမရောက် သည့် ပုံစံပင်။

"လင်းရီ ငါချွေ့ပင်းဆီကနေ နင့်ရဲ့ အခြေအနေကို ကြားထားပြီးပြီ...နင်က အရောင်းဌာနမှာ အလုပ်လုပ်တယ်ဆို..အဲ့တာဆိုရင် နင့်ဘက်က အိမ်တစ်လုံး ၀ယ်ဖို့လောက်တော့ ပြဿနာမရှိဘူးမလား...."၀မ်ဟွေ့၏ မိခင်မှာ သူမ လိုချင်သည့် အချက်ကို တန်းသွားလိုက်သည်။

"ပြဿနာရှိတယ်ဗျ..ဘာလို့ဆို ကျွန်တော်က အဲ့မှာ အလုပ်မလုပ်တော့ဘူးလေ..."လင်းရီ ပြောလိုက်သည်။

"ဟမ်..ဘာလို့လဲ..လခ မကောင်းလို့လား..."

ယင်းကျွမ်နှင့် ကျန်သူများ လင်းရီ အလုပ်မလုပ်တော့သည်ကို ကြားသိလိုက်သောအခါ မျက်နှာများ သိပ်မလှတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဘက်မှ ငွေစိုက်ရမည် စိုးသောကြောင့်ပင်။

"လခကြောင့်တော့ မဟုတ်ပါဘူး...ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ...."လင်းရီ ရှင်းပြလိုက်၏။

ယင်းကျွမ်တို့ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကြည့်ရသလောက်တော့ အခြေအနေမကောင်းတော့ပေ။

"ဒါဆိုနင်အခု ဘာလုပ်နေတာလဲ...အလုပ်လက်မဲ့တော့ မဟုတ်ဘူးမလား..."ယင်းကျွမ်း အလောတကြီး မေးလိုက်သည်။

"အလုပ်လက်မဲ့တော့ မဟုတ်ပါဘူးဗျ..ခုလောလောဆယ် Didi ပြေးနေတယ်လေ..စားဖို့သောက်ဖို့လောက်တော့ ဖူလုံတာပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

စုန့်မိသားစု ၀င်များကတော့ မျက်နှာလုံး၀ မလှတော့ပေ။

ယင်းကျွမ် တီးတိုးရေရွတ်လိုက်ပြီး "ချွေ့ပင်းက ငါ့ကို ဘာတွေ လျှောက်ပြောလိုက်တာလဲဟ..သူပြောတော့ လင်းရီက အရောင်း ကုမ္ပဏီမှာ အလုပ်လုပ်တာဆို..ခုမေးကြည့်တော့ သူက Didi ပြေးနေတယ်တဲ့လား....

ဟမ့် ငါ့ကို လိမ်သွားတာပဲ ဖြစ်ရမယ်..."

"မေမေရယ်...စိတ်လေးနည်းနည်းလောက်လျော့ပါဦး.."စုန့်၀မ်ဟွေ့ အသံနိမ့်၍ ပြောလိုက်ပြီး "သူ့အလုပ်ကလည်း သိပ်မဆိုးပါဘူး..ရုပ်ရည်ကလေးကလည်းရှိတယ်..ပြီးတော့ မိဘမဲ့ဂေဟာကို ပြန်လည်နေရာချထားမယ့်သတင်းတွေလည်း ကြားနေရတယ်နော် အဲ့ခါကျရင် လျော်ကြေးတွေ အများကြီးရမှာနော်"

"ကောင်းပြီလေ..နောက်မျိုးဆက်တွေ ကောင်းစားဖို့အတွက် သူ့ကို တစ်ခါလောက်တော့ အခွင့်အရေး ပေးလိုက်ပါ့မယ်လေ....."ယင်ကျွမ်း ပြောလိုက်သည်။

လက်ရှိ အခြေအနေအရ လင်းရီ ၏ ရုပ်ရည်ကြောင့်သာမဟုတ်ပါက သူတို့ ထွက်သွားခဲ့ပြီမှာ ကြာလှပြီဖြစ်၏။

"ဒါဆိုလည်း တခြားကိစ္စ ပြောကြတာပေါ့..."ယင်ကျွမ်း ဟန်ဆောင်ပြုံးလေးဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

"မင်းလည်း ငါတို့ ၀မ်ဟွေ့ရဲ့ အခြေအနေအကြောင်း ကောင်းကောင်းသိမှာပါ...တို့သမီးလေးက အရမ်းကောင်းတဲ့ ဘဏ်တစ်ခု မှာ အလုပ်၀င်နေတာလေ..ပြီးတော့ သူ့ကို ပိုးပန်းနေတဲ့ ကောင်လေးတွေဆိုတာကလည်း ဒုနဲ့ဒေးပဲ...မင်းရဲ့ ရုပ်ရည်လေးကတော့ မဆိုးပါဘူး..ဒါပေမယ့် မင်းရဲ့ ၀င်ငွေကပဲ ပြဿနာဖြစ်နေတာ.."ယင်ကျွမ်း အပြုံးလေးဖြင့် ပြောလိုက်၏။

"အန်တီပြောတာ မှန်ပါတယ်ဗျ..."လင်းရီလည်း ပြန်ပြုံး၍ ပြောလိုက်သည်။

"ဒါဆိုလည်း မင်းကို အန်တီ ရှင်းအောင် တစ်ခါတည်းပဲ ပြောထားလိုက်မယ်..အန်တီကတော့ မင်း ကျိုးဟိုင်မှာ ၁၀၀ စတုရန်းမီတာ ကျယ်ပြီး အိပ်ခန်း သုံးခန်းပါတဲ့ ကွန်ဒိုတစ်ခုလောက်ကို ကတ်ရှ်တောင်း ၀ယ်နိုင်မယ်လို့ မျှော်လင့်ထားတယ်...."

"ကတ်ရှ်တောင်း ....."လင်းရီ သူနားကြားများ လွဲသွားလေသလားလို့တောင် ထင်မိလိုက်သည်။

ဒီမိသားစုက အိပ်မပ်မက်နေတာလားဟ...

"ခုလက်ရှိ ကျိုးဟိုင်က ‌အိမ်ဈေးနှုန်းတွေလည်း တစ်ချက်လောက် ကြည့်လိုက်ပါဦး..ဈေးအနည်းဆုံးကတောင် ၁တုရန်းမီတာကို ယွမ် ၅၀,၀၀၀ ၀န်းကျင်လောက်ရှိတယ်...၁၀၀ စတုရန်းမီတာဆို ၇.၅ မီလီယမ်လောက် ဖြစ်နေပြီ...အိမ်ထဲ ဘာညာ သာရကာတွေ ၀ယ်ထည့်ဦးမှာနဲ့ဆို ၈ မီလီယမ်လောက်တော့ သွားမှာပဲ...ကျွန်တော့လို လူငယ်တစ်ယောက်အတွက်တော့ အဲ့လောက် ပမာဏငွေ ကတ်ရှ်တောင်း၀ယ်ဖို့ဆိုတာကတော့ အတော်လေးကို ခက်ခဲမှာ"

"မင်းသာ အပြည့် မချေဘူးဆို တစ်ခုခုတော့ အပေါင်ထားရမှာပဲလေ...အဲ့ခါကျ ဘယ်လောက်တောင် ဖိအားများလိုက်မလဲ...ငါတို့ အသက်တွေ ကြီးလာရင် ဆေးဖိုးဝါးခလည်း ထောက်ပံ့ပေးရဦးမယ်...

တကယ်လို့ မင်းရဲ့ လခတွေကိုသာ ‌အတိုးပေးလိုက်ရင် ဘယ်သူက ငါတို့ကို ထောက်ပံ့ပေးတော့မှာ..."

ယင်ကျွမ်း သူမ ထိုင်နေသည့် ပုံစံ ပြောင်းလိုက်ပြီး

"ပြီးတော့ ၁၀၀ စတုရန်းမီတာဆိုတာကလည်း အနည်းဆုံးနော်...မင်းဆို့ နှစ်ယောက်ကတစ်ခန်း မင်းတို့ကလေးက တစ်ခန်း ငါနဲ့ ငါ့ခင်ပွန်းက တစ်ခန်း အဲ့လိုကြည့်မယ်ဆိုရင်တော့ ငါတို့ တောင်းဆိုတာမများ ဘူးမလား..."

လင်းရီ ချက်ချင်း သဘောမတူသေးသည်ကို မြင်သောအခါ ၀မ်ဟွေ့မှ

"ငါ့မိဘတွေကလည်း ငါ့ကို အရွယ်ရောက်အောင် ပျိုးထောင်ပေးခဲ့ရတာဆိုတော့ သူတို့ကို ငါနဲ့ ခေါ်လာတာ ပုံမှန်ပဲမလား..နင်သာ ငါ့ကို ချစ်တယ်ဆိုရင်တော့ လက်ခံနိုင်ရမှာပဲလေ..."

All Chapters