← Chapters

မင်းငါ့ကို ဘယ်လို ပြန်လျော်ပေးမလဲဆိုတာပဲ သိချင်တာ

Vol. 3 Ch. 43

မင်းငါ့ကို ဘယ်လို ပြန်လျော်ပေးမလဲဆိုတာပဲ သိချင်တာ

Vol. 3 Ch. 43

လင်းရီ အားပါးတရ အော်ရယ်ချင်နေသည့်စိတ်ကို အနိုင်နိုင် ထိန်းထားလိုက်ပြီး "တခြား တောင်းဆို ချင်တာတွေကော...ရှိသေးလား...."

"မပူနဲ့...ငါစဉ်းစားလို့ရရင် ထပ်ပြောမယ်.."ယင်းကျွမ်အပြုံးလေးဖြင့် ပြောလိုက်၏။

"ငါတို့က ဒီတိုင်း သာမန် မိသားစုလေးပါပဲ..နင့်ကိုလည်း ခက်ခဲအောင် မလုပ်ချင်ဘူး..တင်တောင်းငွေကတော့ ကံကောင်းအောင် ဒေါ်လာ ၈၈၈,၀၀၀ ပေးရင်ရပြီ... "

(Note : ၈ က တ-ရုတ်ရဲ့ လပ်ကီးနံပါတ်ပါ ba နဲ့ fa က အသံထွက်ဆင်လို့)

"အဲ့လောက်ကြီးကျတော့ မများလွန်းဘူးလားလို့..."

လင်းရီ မေးလိုက်သည်။

"များနေသေးတာလား....."ယင်းကျွမ် ရှော့ခ်ရသွားပြီး

"၀မ် ဟွေ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဆို ရှေ့ရက်တွေတုန်းက တင်တောင်းငွေ ၁ မီလီယမ်ကျော်ပေး‌တာတာင် ငါတို့ သဘောမတူလိုက်ဘူးနော်..နင်က ၈၈၈,၀၀၀ ကို များသေးတယ်ပေါ့...အဲ့တာ များတယ်လို့ မခေါ်ဘူးဟဲ့..."

"မဟုတ်ဘူး..ကျွန်တော်ဆိုလိုချင်တာက ကျိုးဟိုင်က ဓလေ့ထုံးတမ်းတွေ အရဆိုရင် တင်တောင်းငွေက ပေးတဲ့သူဆီ ပြန်ပေးရမှာမလား...အဲ့တာ အန်တီဆို့အတွက် အခက်အခဲ ဖြစ်နေမှာ စိုးလို့..."လင်းရီ ပြောလိုက်သည်။

"ဟမ်...ဘယ်လို ဓလေ့ကြီးပါလိမ့်..."ယင်းကျွမ် ပြောလိုက်ပြီး "ငါတို့မှာ အဲ့လိုထုံးတမ်းတွေ မရှိဘူး..သတို့သမီး တင်တောင်းငွေကို သူ့မိသားစုဆီပဲ ပေးရမှာ....."

"သတို့သမီး တင်တောင်းငွေကို သူ့မိသားစုဆီ ပြန်ပေးရမယ်..."လင်းရီ ကြက်သေသေသွား၏။

ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်တဲ့ ထုံးတမ်းကြီးလဲဟ....

"ဟုတ်တယ်...အဲ့တာ သတို့သမီး မိသားစုဆီ ပေးရမယ့်ငွေပဲ...တို့သမီးလေးကို အနှစ် ၂၀ ကျော်တောင် ကျွေးမွေးလာရတယ်လေ..ငါတို့ကို လျော်ကြေးငွေ အဲ့လောက် ပေးတာတော့ ကိစ္စမရှိဘူးမဟုတ်လား..."

"ဘာကြီးလဲဗျ..အဲ့တာ ခင်များသမီးကို ရောင်းနေတာနဲ့ အတူတူပဲ မဟုတ်လား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"အဲ့လိုဆို ကျုပ် ပိုက်ဆံသုံးပြီး ခင်များသမီးကို လက်ထပ်ပြီးရင် ကလေးထိန်း၊ မျိုးထုတ်ပေးတဲ့ စက်အနေနဲ့ သုံးလို့ရမယ်ပေါ့...."လင်းရီ မေးခွန်းထုတ်လိုက်သည်။

"ကောင်လေး..နင်ဘာသောက်အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ...."

ယင်းကျွမ် ခုံကို လက်ဝါးဖြင့် အသံအကျယ်ကြီး ရိုက်လိုက်ပြီး "ငါတို့ ၀မ်ဟွေ့လေးက သူ့ဘ၀ပျော်ရွှင်ဖို့ နင့်ကို လက်ထပ်မှာလေ...သူ အလုပ်လုပ်နေတာတောင် လုံလောက်နေပြီ..နင်က သူ့ကို အိမ်အလုပ်တွေ ခိုင်းချင်သေးတယ်ပေါ့..ဟမ်..."

"ကောင်းပြီလေ...‌ထားပါ..နောက်ထပ် ခင်များတို့ ဘာလိုချင်သေးလဲ..."လင်းရီ ပြောလိုက်သည်။

"နောက်ဆုံးကျန်တာက‌တော့ ကားပဲ..ဒီတစ်ခါတော့ ငါတို့နင့်ကို သိပ်ပြီး မတောင်းဆိုပါဘူး..."ယင်းကျွမ် ပြောလိုက်ပြီး

"BWM5 စီးရီး၊ မာစီးဒီးဘန်ဇ် E-class ဒါမှမဟုတ် Audi A6 ဘာပဲဖြစ်ဖြစ်ကွာ..ဒေါ်လာငါးသိန်းကျော်ရင် ရပြီ...ဘယ်ဘရန်း ၀ယ်မလဲ ဆိုတာတော့ နင့်သဘောပဲ...."

‌"နေဦး ..သမီး ဒီနေရာမှာတော့ အလေးအနက်ထားပြီး တစ်ခုလောက် မှာချင်သေးတယ်..."၀မ်ဟွေ့ ပြောလိုက်ပြီး

"နင်သာ ဒီbrandထဲက ကားတွေ ၀ယ်မယ်ဆိုရင် နိုင်ငံခြားက တင်သွင်းလာတဲ့ ကားပဲ ၀ယ်ရမှာနော်..ပြည်တွင်းထုတ်တွေ ငါမလိုချင်ဘူး..သူတို့က အမှိုက်တွေပဲ..."

လင်းရီ ၀မ်ဟွေ့ကို ကြည့်ရင်း ပြုံးလိုက်မိသည်။

"နင်ကော ဘယ်လိုထင်လဲ..."၀န်ဟွေ့ မေးလိုက်၏။

"ငါ့အထင်တော့ ငါ့ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် ဒီလောက်တောင်းဆိုတာက မများဘူးလို့ ထင်တာပဲ..."

"ခုမှ ဘွဲ့ရထားတဲ့ ငါ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆို အခု ဗီလာနဲ့နေပြီး ဒေါ်လာတစ်သန်းကျော်တန်ကားကြီး စီးနေတာ...ငါ့အခြေအနေက သူ့ထက်အသာကြီး..ဒီတော့ ငါ့အတွက် အဲ့လောက်လေး တောင်းဆိုတာကတော့ မလွန်ဘူးမလား..."

"အမှန်ပဲ...ငါတို့ ဟွေ့လေးရဲ့ အနေအထားနဲ့ဆိုရင် ဒါလေးက တကယ့်ကို အသေးအမွှား တောင်းဆိုတာပဲ ရှိသေးတာ..."စုန့်၀မ်ဟွေ့၏ အဒေါ်မှ ထောက်ခံပြောဆိုလိုက်သည်။

"ဟုတ်တယ်..ဟုတ်တယ်...ငါလည်း အဲ့တာပဲ ပြောချင်နေတာ..."ဒုတိယ အဒေါ်မှလည်း ၀င်ပြီးသံယောင် လိုက်ပေးလိုက်သည်။

"ခင်များတို့ တောင်းဆိုထားတာတွေ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် အနည်းဆုံး ၁၀ မီလီယမ် ကျော်နေပြီ...ခင်များတို့လည်း ကျွန်တော့် အခြေအနေကို သိတာပဲ...ကျုပ်က ဒီလောက် ငွေပမာဏကြီးကို ထုတ်ပေးနိုင်ပါ့မလား...ကျုပ်က ကျိုးဟိုင်မှာ ပိုက်ဆံ ပရင့်ထုတ်တဲ့ကောင်များ မှတ်နေတာလား...."

လင်းရီ ခုံကို လက်ချောင်းဖြင့် ခေါက်လိုက်ပြီး

"ခင်များတို့ အာကာသယာဉ်ကော မလိုချင်ဘုးလား...ကျုပ်တစ်စီးလောက် ဖန်ပေးမယ်လေ..."

"နင်ငါတို့ကို အရွှဲ့ တိုက်နေတာလား....."

ယင်ကျွမ်း ပြောလိုက်သည်။

"နင်က ခုမှ ဘွဲ့ရထားလို့ အဲ့လောက်ပမာဏကို မထုတ်ပေးနိုင်ဘူးဆိုတာ ငါတို့လည်း နားလည်တယ်..ဒါပေမယ့် နင့်မိသားစုနား တောင်းလို့ရတယ်လေ..ခုခေတ် လူငယ်တွေက မင်္ဂလာဆောင်ရင် ဘယ်သူက မိဘတွေကို အားမကိုးလို့လဲ....."

"ကျုပ်မိဘတွေက ဆုံးတာကြာပြီလေ..ဘယ်လိုလုပ် အကူအညီ တောင်းရမှာ...ခင်များက ကျုပ်ကို အုတ်ဂူပြန်တူးစေချင်နေတာလား..."

"ငါတို့က နင့်ရဲ့ သွေးရင်း မိဘတွေ အကြောင်း ပြောနေတာမဟုတ်ဘူး...ငါကြားတာတော့ နင်တို့ရဲ့ ဂေဟာက ရွှေ့တော့မယ်ဆို..အဲ့အခါ‌ကျ မြေကို ရောင်းမှာပဲမလား...နင်အဲ့ဒီကနေ ငွေဖန်လို့ရတယ်လေ မဟုတ်ဘူးလား..."ယင်းကျွမ် လောဘအပြုံးဖြင့် ပြောလိုက်၏။

လင်းရီ မျက်နှာ မည်းမှောင်သွားသည်။ သူတို့ ခုနက ပြောသမျှကို စိတ်ထဲ မထားသော်လည်း ဒီမိသားစုက သူတန်ဖိုးထားရသော ဂေဟာလေးအပေါ် မျက်စိကြနေလိမ့်မည်လို့တော့ ထင်မထားပေ။

သူတို့ ဒီလောက်မြန်မြန် ဘလိုင်းဒိတ် လုပ်ချင်နေတာ မဆန်း တော့ပါဘူး....

နှစ်ပေါင်းများစွာ ကြာပြီးနောက် ဂေဟာလေးမှာ ပြောင်းရွှေ့ရပေတော့မည်။

"လင်းရီ ငါ့မှာ တောင်းဆိုစရာ အသေးလေးတစ်ခု ကျန်နေသေးလို့..."၀န်ဟွေ့ ပြောလိုက်သည်။

"ဘာများလဲ..."လင်းရီ မျက်ခုံးပင့်လိုက်သည်။

"ငါတို့ ကလေးမွေးပြီးသွားရင်လည်း ကလေးရဲ့ မျိုးရိုးနာမည်ကို ငါ့ရဲ့မျိုးရိုးနာမည်ပဲ ဆက်ခံစေချင်တယ်..."၀န်ဟွေ့ ပြောလိုက်၏။

"ပြန်ပြောလိုက်စမ်း....."လင်းရီ ဒေါသထွက်လာသည်။

"အာ...၀မ်ဟွေ့ဆိုလိုချင်တာက အဲ့လိုမဟုတ်ဘူး..နင်က မိဘမဲ့လေ ..ဆိုတော့ ကလေးရှိလာရင် ငါတို့ စုန့်မိသားစုရဲ့ မျိုးရိုးနာမည်ယူခိုင်းတာ မကောင်းဘူးလား..၀မ်ဟွေ့က အမျိုးသမီးဆိုပေမယ့်လည်း သူက အဒေါ်တို့ အိမ်မှာ အိမ်ထောင်ဦးစီးလို ဖြစ်နေတာလေ ..နင်ကော ဘယ်လို မြင်လဲ.... "ယင်းကျွမ် မေးလိုက်သည်။

"ဘယ်လို မြင်လဲ ဟုတ်လား...ခင်များသမီးက အိမ်ထောင်ဦးစီးလိုပဲ ဆိုတော့ ခင်များ မွေးထားတဲ့သားကြီးက မြုံနေလို့လား..ဒါမှ မဟုတ် ဂေးနေလို့လား..."

"ဟျောင့် မင်းဘာတွေ ပြောနေတာလဲကွ..ယုံလားတော့ မသိ....."

လင်းရီ ရေနွေးကြမ်းခွက်ဖြင့် စုန့်၀မ်ဝူ၏ မျက်နှာကို ပက်ချလိုက်သည်။

"ဘာကို ယုံရမှာ...ငါသည်းခံနေတယ်ဆိုတိုင်း အနိုင်ကျင့်လို့ ရတယ်လို့များ ထင်နေကြတာလား..."

အား......

စုန့်၀မ်ဝူ ပူလောင်လွန်း၍ အော်ဟစ်နေရ၏။

ထိုအချိန်တွင်တော့ လင်းရီ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး "ကျုပ်ဒီနေ့ ခင်များတို့ကို လာတွေ့တယ်ဆိုသာက မေမေ၀မ် စိတ်ချမ်းသာအောင်ပဲ...ဒါပေမယ့် ခင်များတို့ကောင်တွေက ကျုပ်အမေရဲ့ ဂေဟာကို ဂုတ်သွေးစုပ်ချင်နေမယ်လို့တော့ မထင်ထားဘူး...ခင်များတို့အားလုံးက အရွယ်ရောက်ပြီးသား လူကြီးတွေဖြစ်ပြီး ဒီလိုလုပ်ရတာ မရှက်ကြဘူးလား...."

"မင်းကလည်း အိမ်နဲ့ ကား လိုချင်တယ်ပေါ့...."

"မင်းနဲ့ တန်လို့လားလို့ အရင်မေးလိုက်ဦး..."

လင်းရီ ထိုစကားလုံးများ ပြောပြီးနောက် လှည့်ထွက် လာခဲ့လိုက်သည်။

ဒီလို သောက်ရူးတစ်သိုက်နဲ့ ငါ့အချိန်တွေ ပေးလိုက်ရတာ မတန်လိုက်တာကွာ

ထိုစဉ် စုန့်မိသားစု၀င်များကတော့ လင်းရီကို ခွန်းတုံ့ပြန်ဖို့ရာ အာရုံမစိုက်နိုင်သေးပေ။ သူတို့အားလုံး၏ အာရုံက စုန့်၀န်ဝူထံ ရောက်ရှိလို့နေ၏။

"မေမေ့သားလေး အဆင်ပြေရဲ့လားဟင်...ခုချက်ချင်းပဲ ဆေးရုံသွားကြမယ်နော်...."

"ရတယ်အမေ..ဒီတိုင်း နည်းနည်းပါးပါး အပူလောင်ရုံလေးတင်ပါပဲ...."

ထို့နောက် စုန့်၀မ်ဝူ ဒေါသထွက်စွာ အော်ဟစ်သောင်းကျန်းလိုက်ပြီး ..."ငိုးပဲကွာ..သူက ငါ့ကို ရေနွေးနဲ့ ပက်ရဲတယ်ပေါ့လေ...လုံး၀ ခွင့်လွှတ်မပေးနိုင်ဘူး....လုံး၀ကို မကျေနပ်ဘူးကွ..."

"သူက သွားပြီလေ...ခုဘယ်လို လိုက်ကြမှာ ..."

စုန့်ဝန်ဝူ ပြတင်းပေါက်နားသို့ လျှောက်သွား‌လိုက်သောအခါ ရေနေဠးကြမ်းဆိုင်အပြင်ဘက်ရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။

"ကျွန်တော်တို့ လိုက်လည်း မှီမှာ မဟုတ်တော့ဘူး...ဒီတော့ "

ထို့နောက် ဘေးတွင်ရှိသော ပန်းအိုးကို ကိုင်ကာ အောက်သို့ အားစိုက် ပစ်ချဟန်ပြင်ကာ

"‌ေ-သဖို့သာ ပြင်ထားပေတော့..မင်းထွက်လာတာနဲ့ ငါမင်းကို အမှုန့်ကြိတ်ပစ်မယ်...."

ထိုအချိန်တွင်တော့ လင်းရီ ကားသော့ကိုင်၍ ရေနွေးကြမ်းဆိုင်ထဲမှ ထွက်လာခဲ့၏။ လင်းရီ ထွက်လာသည်ကို မြင်သောအခါ စုန့်၀မ်ဝူ ပန်းအိုးကို ချက်ချင်း ပစ်ချလိုက်သည်။

သို့သော်လည်း သူ ပစ်ချလိုက်သည့်အချိန်တွင် ထောင့်ကို ရည်ရွယ်ချက်ရှိရှိ အနည်းငယ် ပြောင်းလဲလိုက်သည်။ လင်းရီသာ တကယ်သေသွားပါက သူလည်းပဲ ထောင်နန်းစံရမည် ကြောက်သောကြောင့်ပင်။

အပေါ်ထပ်မှ ပန်းအိုးကျလာချိန်တွင် လင်းရီ လေးငါးလှမ်းခန့်သာ လျှောက်ရသေးသည်။

ဘန်း

ပန်းအိုးမှာ အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားပြီး ကံကောင်းစွာဖြင့် လင်းရီ အချိန်မှီ နောက်သို့ ခြေတစ်လှမ်း ဆုတ်နိုင်ခဲ့၏။ မဟုတ်ပါက သူ အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။

"ဘယ်နားက ကျလာတာလဲဟ...."

လင်းရီ မျက်မှောင်ကြုတ်လိုက်မိသည်။ ပန်းအိုးအကွဲများမှာ သူ့ကို မထိသော်လည်း လင်းရီ၏ ကားပေါ်တွင်တော့ အပိုင်းအစတချို့ ထိမှန်သွားခဲ့သည်။

လင်းရီ ဘာဖြစ်နေလဲဆိုတာ စဉ်းစားမရသေးခင် တတိယထပ်မှ စုန့်၀မ်ဝူ၏ အော်သံကြီးကို ကြားလိုက်ရသည်။

"ငနူးမသားလေး..မင်းကံကောင်းသွားတယ်..နောက်ကျ အပြင်ထွက်ရင် သတိထားသွား ..ဘယ်နေရာက ပြုတ်ကျလာမှန်းမသိတဲ့ ပန်းအိုးတွေကြောင့် ဘယ်လို ဂန့်သွားမှန်း မသိလိုက်ပဲ ဖြစ်သွားမယ်..."

လင်းရီ ထေ့ငေါ့စွာ ပြုံးလိုက်ပြီး "ဒီလို ရည်ရွယ်ချက်ရှိရှိ လုပ်တာက ပြစ်မှုမြောက်တယ်ဆိုတာ မင်းနားမလည်ဘူးလားကွ...."

"ဘာကို ပြစ်မှု မြောက်မှာလဲ...ပန်းအိုးက မင်းကို ထိလို့လား..ငါနောက်တစ်အိုးလောက် ထပ်ပစ်ချလိုက်ရ...ဘယ်လိုတောင် သောက်ငမွဲက ငါ့မျက်နှာကို ရေ နွေးကြမ်းနဲ့ ပက်ဝံ့တာလဲ....အသက်ရှင်ရတာ ပင်ပမ်းနေပြီတူတယ်..."

"ငါ့ကိုတော့ မထိဘူး..ဒါပေမယ့် ငါ့ရဲ့ ‌ကားအကောင်းစားကြီးကတော့ ခြစ်မိသွားတယ်လေ..."

"အေး ငါက မင်းစီးတဲ့ကားက ရှာရီ အစုတ်လေးဆိုတာ မသိဘူးဆိုတော့...မင်းက ဇိမ်ခံကား မောင်းတယ်လို့များ လေရိုက်ချင်နေသေးတာလား..ငါလည်း ထမင်းစားတဲ့ကောင်ပါကွ...."

လင်းရီ ဘာမျှ မပြောဘဲ သု့အိတ်ကပ်ထဲရှိ ကားသော့ကို နှိပ်လိုက်သည်။

ထိုအချိန်တွင်တော့ ပန်ဂနီ၏ ကားတံခါးများက သိမ်းငှက်တောင်ပံ ဖြန့်ကားသကဲ့သို့ ပွင့်လာပြီး ပျံဝဲတက်တော့မည့် ပုံစံပင်။

"ပန်းအိုးအကွဲတွေက ငါ့ကိုတော့ မထိခိုက်သွားဘူး...ဒါပေမယ့် ငါ့ရဲ့ပန်ဂနီကိုတော့ ထိသွားတယ်လေ..ပြောစမ်းပါဦး မင်းငါ့ကို ဘယ်လို ပြန်လျော်ပေးမှာ...."

All Chapters