← Chapters

မင်းမိုးကြိုးအပစ်ခံရပြီဆိုရင် စက်ကွင်းမလွတ်တော့ဘူး

Vol. 3 Ch. 44

မင်းမိုးကြိုးအပစ်ခံရပြီဆိုရင် စက်ကွင်းမလွတ်တော့ဘူး

Vol. 3 Ch. 44

"ပန်ဂနီ....."

စုန့်၀မ်ဝူနဲ့ သူ၏ မိသားစု၀င်များကတော့ လင်းရီ၏ စကားကို ကြားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။

သူတို့ခေါင်းများကို ပြတင်းပေါက်မှတစ်ဆင့် အပြိုင်အဆိုင် ပြူကြည့်လိုက်သောအခါ တကယ်ကြီးပန်ဂနီမှာ အပြင်ဘက်တွင် ရပ်ထားသည်ကို တွေ့လိုက်ရသည်။

"အဲ့..အဲ့ဒါက နင့်ကားပေါ့..."

"ဒါပေါ့..."လင်းရီ ပြောလိုက်၏။

"ကားရဲ့ မူလတန်ဖိုးက ၂၈ သန်းကျော်တယ်...ဆေးပြန်မှုတ်ရမယ်...အလုပ်သမားခတွေရယ် ပစ္စည်းဖိုးတွေရယ်ဆိုတော့ ၂ မီလီယမ်လောက်ဆို လုံလောက်ပြီ...ခင်များတို့ ချက်လက်မှတ်နဲ့ပေးမလား ငွေသားနဲ့ပေးချင်လား....Ali pay ဒါမှမဟုတ် WeChat pay နဲ့လည်း လက်ခံတယ်နော်..."

စုန့်ဝမ်ဟွေ့ လုံး၀ အံ့အားသင့်သွားသည်။

လင်းရီ က Didi ပြေးတဲ့ မိဘမဲ့လေး မဟုတ်လား..ဘယ်တုန်းက ဒီလောက် ဈေးကြီးတဲ့ ဇိမ်ခံကားကြီးကို ၀ယ်စီးနိုင်သွားတာလည်း...

"ဟဲ့ ရပ်ကြည့်မနေကြနဲ့လေ..အောက်ဆင်းပြီး သွားကြည့်ကြဦးဟ.."စုန့်ယင်ကျွမ်း စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။

သူမ ယခုတော့ အရမ်း နောင်တရနေ၏။ အကယ်၍ သူမသာ လင်းရီ ကျိကျိတက် ချမ်းသာသည်ကို သိပါက အများကြီး တောင်ဆိုမိမှာ မဟုတ်ပေ။

သူနဲ့ လက်ထပ်လိုက်ရင် ပိုင်ဆိုင်မှုတွေ အားလုံးကလည်း သူမသမီး အပိုင်ဖြစ်လာမှာလေ...သူမသမီးအပိုင်ဆိုမှတော့ သူ့ပစ္စည်းပဲပေါ့..မဟုတ်ဘူးလား.....

"ဟုတ်တယ် ဟုတ်တယ်..ငါတို့ သွားကြည့်ရမယ်..."

စုန့်၀မ်ဟွေ့လည်း သူမ၏ မိသားစု၀င်များနှင့်အတူ အောက်ထပ်သို့ ရောက်သောအခါ အလွန်အမင်း အံ့အားသင့်သွားသည်။

ရေနွေးကြမ်းဆိုင် အပြင်ဘက်၌ ဧရာမ လူအုပ်ကြီး ဖြစ်ပေါ်‌ နေသည်။

ပြိုင်ကားမှာ ခြစ်ရာထင်နေပြီး ပြင်ဆင်မည်ဆိုပါက ငွေကြေး မြောက်မြားစွာ ကုန်ကျပေလိမ့်မည်။

စုန့်မိသားစု၀င်များကတော့ ယခုဖြစ်ရပ်ကို ထင်ယောင်ထင်မှား တစ်ခု အဖြစ်နှင့်သာ အဆုံးသတ်သွားစေရန် ကြိတ်၍ ‌ဆုတောင်းနေမိကြသည်။

ဒီတော့ အဲ့ဒီ ပြိုင်ကားက တကယ်ကြီး လင်းရီရဲ့ဟာပေါ့....

ကားဘေးနားတွင် ပန်းအိုး၏ ရနံများ ရရှိနေပြီး ခြစ်ရာများမှာ မကြီးမားသော်လည်း ထိခိုက်သွားသည်ကတော့ အတိအကျပင်။

"လင်း..လင်းရီ ဒီကားက တကယ်ကြီး နင်ပိုင်တာကော ဟုတ်ရဲ့လား...."

စုန့်၀မ်ဟွေ့ စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

"ငါ့ဟာ မဟုတ်ရင် မင်းဟာလား...."

"ဘယ်လို ပြန်လျော်မလဲ ဆိုတာကိုပဲ သေချာစဉ်းစားထား...ငါလည်း မင်းတို့ကို သိပ်အများကြီး မတောင်းပါဘူး..."လင်းရီ ပြောလိုက်သည်။

"ဒီလူချောလေးက တော်တော်လေး သဘောကောင်းတာပဲဟ ဒါကြီးက ပန်ဂနီဇွန်ဒါနော်....ဆေးပြန်မှုတ်ဖို့ဆိုရင် နိုင်ငံခြားကနေကို တကူးတက မှာရမှာ..ပြီးတော့ ကျွမ်းကျင်တဲ့ စက်ပြင်ဆရာ တစ်ယောက်လည်း လိုသေးတယ်..၂သန်းလောက်နဲ့ ပြင်နိုင်ရင်တောင် အတော်လေး ကံကောင်းတယ်လို့ ပြောရမယ်..."

"စူပါကားတွေက တကယ့်ကို မတူတာ...တကယ်လို့ အဲ့ဒီနေရာမှာ သာမန် အိမ်စီးကားသာ ဆိုရင်တော့ ဒေါ်လာ၁၀၀ လောက်ဆို ရပြီ..."

"ဘယ်တတ်နိုင်ပါ့မလဲ...အဲ့တာကလည်း စူပါကားရဲ့ တန်ဖိုးပဲလေ...."

စုန့်မိသားစု၀င်များကတော့ ပတ်၀န်းကျင်မှ ဆွေးနွေးသံများကို ကြားသောအခါ မှင်တက်သွားကြသည်။

သူတို့အားလုံးရဲ့ ကျောက်ကပ်တွေကို စုပြီး ရောင်းမယ်ဆိုရင်တောင်မှ အဲ့လောက် ငွေကို ရှာနိုင်မည်လော.....

"လင်းရီ..အရင်ဆုံး စိတ်လျှော့လိုက်ပါဦး...ငါ့အစ်ကိုက နည်းနည်းလေး စိတ်လိုက်မာန်ပါ ဖြစ်သွားလို့ပါနော်..."၀မ်ဟွေ့ မျက်နှာငယ်လေးနှင့် တောင်းပန်လိုက်သည်။

"ငါတို့ခုလေးတင် နင့်ကို အများကြီး မတောင်းဆိုဖို့ ဆွေးနွေးခဲ့ကြတာ...ငါ့အထင်တော့ နင်က လူကောင်းတစ်ယောက်ပါဟာ..ငါဘယ်ဥစ္စာပစ္စည်းကိုမှလည်း မမက်မောဘူး...နင်နဲ့သာ အတူရှိမယ်ဆိုရင် ထမင်းရည်သောက်ရလည်း ဖြစ်တယ်..."

"မင်းအတွေးလွန်နေပြီ မိန်းကလေး..."လင်းရီ ကားထဲ ပြန်၀င်လိုက်ပြီး "ပြန်သွားပြီးတော့ နှစ်မီလီယမ် ရှာထားလိုက်..နှစ်ပတ်အတွင်း မလျော်ပေးနိုင်ဘူးဆိုရင် မင်းရဲ့ ချစ်လှစွာသော အစ်ကိုကြီး ထောင်နန်းစံဖို့သာ ပြင်ထားလိုက်တော့..."

ထိုသို့ ပြောပြီးနောက် လင်းရီ မောင်းထွက်သွားလိုက်သည်။

စုန့်မိသားစု၀င်များကတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော လင်းရီ၏ကားကို ငေးရင်း ငိုချင်နေကြသော်လည်း မျက်ရည်များက ထွက်မလာချေ။

သူတို့ ဒီလိုနဲ့ပဲ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ကို လက်လွှတ်လိုက်ရပြီပေါ့....

ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ....

ရေနွေးကြမ်းဆိုင်မှ ထွက်လာပြီးနောက် လင်းရီ အချိန်ကို ကြည့်လိုက်သောအခါ ၁၀ နာရီထိုးပဲရှိသေးသောကြောင့် ၀မ်ကျန်း ဆိပ်ကမ်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

စနစ်က ချီးမြင့်ထားတဲ့ ဆုလဒ်ကို အရင် လက်ခံရမယ်လေ....

ကားအတွက်က‌တော့ သူအချိန်ရပါက ကျိုး‌ဟိုင်ထောင်ထံ ပို့ပေးလိုက်မည်။

ကားပြိုင်ပွဲကွင်းတွင် မလွဲမသွေ ပရော်ဖက်ရှင်နယ် ဆေးမှုတ်သမား ရှိမှာသေချာသည်။ ထို့ကြောင့် သူရေးကြီးခွင်ကျယ်လုပ်၍ ပူပန်မနေတော့ချေ။

ဒူ ဒူ ဒူ

လင်းရီ ဖုန်းတုန်ခါလာခဲ့သည်။

မေမေ၀မ်ဆီမှ မက်ဆေ့စ်ပင်။

"သားလေး..မင်းပြီးရင် ပြန်ခေါ်ဦးနော်..."

လင်းရီ ဖုန်းခေါ်လိုက်သည်။

"မေမေ၀မ် ကျွန်တော့ကို ရှာနေတာလား..."

"အေး..ဘလိုင်းဒိတ်ကော အခြေနေ ဘယ်လိုလဲ....တိုးတက်မှု ရှိရဲ့လား..."

"အဆင်မပြေဘူး မေမေရေ..."လင်းရီ ရယ်မောလိုက်ပြီး "ဒါပေမယ့် မေမေ့ရဲ့ သူငယ်ချင်းကတော့ လုံး၀ ကိုယ်ကျင့်တရား မကောင်းဘူးနော်..သူ့ကို မြန်မြန် ဝီချက်မှာ ဘလော့ပစ်လိုက်..မဟုတ်ရင် သူမိုးကြိုးပစ်ခံရတဲ့ အချိန် မေမေ၀မ်ကိုပါ စက်ကွင်းမလွတ်အောင် လုပ်နေဦးမယ်...."

လင်းရီ မေမေ၀မ်၏ မျက်နှာကြောင့် တော်တော်များများကို သည်းခံထားခဲ့သည်။

သို့သော်လည်း ထိုမိသားစုက သူကြီးပြင်းလာခဲ့သော ဂေဟာကို မျက်စိကျနေပေသည်။

ထိုအချက်ကိုတော့ လင်းရီ မည်သို့သော စိတ်ထားမျိုးဖြင့် သည်းခံရမည်နည်း။

"ဘာဖြစ်ခဲ့လို့လဲ..စိတ်လေး လျော့ပါဦးဟယ်...ဘာလို့ ခုထိ စိတ်တိုနေရတာတုန်းကွဲ့..."

"ဘာမှ မဟုတ်ပါဘူးဗျာ...သူ့စရိုက်ကို တော်တော်လေး ရွံမိလို့ပါ..ကျွန်တော်ပြောတဲ့ အတိုင်းသာ သူ့ကို ဘလော့ပစ်လိုက်..ဘာမှ မေးမနေနဲ့..."

"ကောင်းပြီလေ...ရီလေးရဲ့ စကားကို နားထောင်လိုက်မယ်...မေမေ၀မ် မိန်းမလှလေးတွေ တွေ့ဖြစ်ရင် ရီလေးအတွက် ကြည့်ထားပေးမယ်နော်...."

"ကျွန်တော် မိန်းမ မရမှာကို စိတ်မပူပါနဲ့..ခု ကျွန်တော်လည်း အရွယ်ရောက်နေပြီလေ..အဲ့လောက်ကတော့ ကိုင်တွယ်နိုင်ပါသေးတယ်ဗျ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"အဲ့ဒါဆိုလည်း မြန်မြန်ရှာတော့လေ..မေမေ၀မ်လည်း မြေးချီချင်လှပြီ..."

"ကောင်းပါပြီဗျာ.."

"ကောင်းပြီ..မေမေ သွားပြီးတော့ ဟင်းချက်ကူလိုက်ဦးမယ်...နင်လည်း အလုပ်ပြန်လုပ်လိုက်ဦးပေါ့..."

"ဟုတ်ကဲ့...ကျွန်တော် ရက်ပိုင်းအတွင်း မေမေ၀မ်တို့ဆီ လာခဲ့မယ်နော်...အဲ့ခါကျမှ တွေ့ကြတာပေါ့..."

"လာမယ်ဆိုလည်း ကြိုပြောထားဦး မေမေနင်ကြိုက်တဲ့ ဟင်းလေးတွေ ချင်ထားပေးမလို့..."

"ဟုတ်ကဲ့ပါဗျ...."

လင်းရီ ဖုန်းချပြီးနောက် အတော်လေး စိတ်ကောင်း၀င်နေခဲ့သည်။

သူဘယ်နေရာရောက်ရောက် သူ့ကို ဂရုစိုက်ပေးသော သူများ ရှိနေခြင်းမှာ သူ့အတွက် အကြီးမားဆုံးသော ပျော်ရွင်မှုကြီးပင်။

ထို့နောက် လင်းရီလည်း ၀မ်ကျန်းဆိပ်ကမ်းသို့ ဆက်လက် မောင်းနှင်လိုက်သည်။

ဆိပ်ခံတံတားနားတွင် ရွက်သင်္ဘောများ တန်းစီနေပြီး နိုင်ငံခြားသား အများအပြားကလည်း လှေငှားရန် စောင့်ဆိုင်း နေကြသည်။ ထို့ပြင် ဘစ်ကနီ ၀တ်ထားသော မိန်းကလေးများစွာကို လည်း မြင်တွေ့နေရပြီး အတော့်ကို မျက်စိပသာဒ ဖြစ်သည့် မြင်ကွင်းမျိုးပင်။

ထိုအဖြူရောင် လှိုင်းလုံးကြီးများနှင့် ဘစ်ကနီမိန်းကလေးများမှာ ၀မ်ကျန်း ဆိပ်ကမ်း၏ နောက်ထပ်တမူထူးခြားသော မြင်ကွင်တစ်ခုပင်။

ထို့ပြင် ဇိမ်ခံကားများစွာလည်း ဆိပ်ကမ်း၏ ကားပါကင်နေရာတွင် ထိုးရပ်ထားကြ၏။

ဘမ်ဘိုဂီနီ သုံးစင်းကို အဝေးမှပင် လှမ်းမြင်နေရပြီး ပြိုင်ကားများကတော့ ထိုနေရာတွင် မရှားပေးပေ။

သေချာတွေးကြည့်ပါက ပုံမှန်ပင်။ သာမန်သူဌေးများကတော့ ၀မ်ကျန်းဆိပ်ကမ်းတွင် ရွက်လှေငှား၍ အဘယ်သို့ ဆော့ကစားနိုင်မည်နည်း။

ဒါတွေ အားလုံးက လူချမ်းသာတွေပဲ ဆော့လို့ရတဲ့

ဂိမ်းလေ.....

ပိတ်ရက်ဖြစ်သောကြောင့် လာလည်သူများမှာ သာမန်ထက် နှစ်ဆပိုများနေပြီး လင်းရီ ပါကင်ထိုးရန် မိနစ်အနည်းငယ်ခန့် စောင့်လိုက်ရသည်။

သို့သော်လည်း လင်းရီ ကားထဲမှ ထွက်ခွာပြီးသည့်တိုင်အောင် ပီစုန့်ကျင်းကို ရှာဖွေရန် အလျင်မလိုခဲ့ပေ။ သူ၏ ပိုင်ဆိုင်မှု ဖြစ်သောကြောင့် အနီးတစ်ဝိုက်ကို ခေတ္တမျှ လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ရွှိုက်ကော..ငါတို့ ဝီချက်အပ်ကြမလား...ငါတို့ ခဏနေကြရက် ဘာဘီကျူးပါတီ သွားတော့မှာ နင်လဲ လိုက်ဦးမလား..."

လင်းရီ ပတ်၀န်းကျင်ကို လေ့လာနေစဉ် ဘစ်ကနီ ၀တ်ထားသော မိန်းကလေးတစ်ဦးမှာ သူ့ရှေ့ ရောက်လို့လာ၏။

သူမမှာ အဖြူရောင် ချစ်ဖွန် ကို ၀တ်စင်ထားပြီး အတွင်းသားလေးများကို ဘစ်ကနီမှနေ၍ မသိမသာ မြင်နေရသည်။

"တော်ပြီ..."

သူမ၏ အလှကို အမှတ် ပေးရမည်ဆိုပါက အများဆုံး ၆၀ မှတ်လောက်သာရှိမည်။ လင်းရီကတော့ ထိုမျှ လောက်ကို ခေါင်းထဲ ထည့်မည် မဟုတ်။

"ဟမ့် နင်က ဘာတွေ ရှိုးပြချင်နေတာလဲ..ငါလဲ နင်နဲ့ မအပ်ချင်ပါဘူးနော်..."ဘစ်ကနီနှင့် အမျိုးသမီးမှာ သူ့ကို အထင်သေးစွာကြည့်ရင်း လှည့်ထွက်သွားသည်။

လင်းရီကတော့ ဆွံအလျက် ကျန်နေခဲ့၏။

ဘယ်တုန်းက ဝီချက် မအပ်တာကို ရှိုးပြတယ်လို့ သတ်မှတ်သွားကြတာတုန်းဟ ..ငါ ထရန်းတစ်ခုခုများ လွတ်သွားလို့လား....

လင်းရီ ခေါင်းရမ်းလိုက်ပြီး ဆိပ်ကမ်းကို ဆက်လက် ကြည့်ရှုနေလိုက်သည်။ မကြာမီ သူပြဿနာအချို့ကို တွေ့ရှိသွားသည်။

သူဤအချက်များကို ၀မ်ကျန်းဆိပ်ကမ်း၏ မန်နေဂျာနှင့်တွေပါက သေချာလေး တိုင်ပင်ရမည်။

"မန်နေဂျာမြောင် ကျွန်မတို့ ထိုင်ခုံ မတော်တဆ ပျက်စီးသွားလို့ ပင်လယ်ထဲကနေ ခုလေးတင် ထွက်လာခဲ့တာ..."

ပြောလိုက်သူကတော့ ကုတ်အင်္ကျီနှင့် အောက်ခြေတွင် အမည်းရောင် ရေကူး၀တ်စုံ ၀တ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် မိန်းကလေး တစ်ဦးပင်။ သူမ ထိုစကားကို မိန်းမတို့၏ မာယာထဲမှ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော ပုံစံဖြင့် ပြောဆိုနေသောကြောင့် နားထောင်ရသူအဖို့ သူမကို အပြစ်မ‌ဆိုချင်ပဲ ခွင့်လွှတ်ပေးချင်စိတ်ပင် ပေါက်လာခဲ့သည်။

သူမရှေ့တွင်တော့ ဖက်တီးတစ်ယောက် ၀တ်စုံပြည့်နှင့် ရပ်နေပြီး အဆီဗိုက်ကြီးကြောင့် မန်နေဂျာနှင့်တော့ အနည်းငယ်တူသည်။

နာမည်ကတော့ မြောင်ချန်ယွီပင်။ ၀မ်ကျန်းဆိပ်ခံတံတား၏ စီမံခန့်ခွဲရေးဌာနမှ မန်နေဂျာ တစ်ယောက်ဖြစ်သည်။

"အင်း ငါမှတ်မိတာသာ မှန်မယ်ဆိုရင် မင်းတို့ ငှားသွားတာ ရွက်လှေ နံပါတ်၆ မလား..."မြောင်ချန်ယွီ ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် အမှန်ပဲ အဲ့ဒီတုန်းက မန်နေဂျာကြီီးနဲ့ပဲ ကျွန်မတို့ကို ငှားတဲ့ စာရွက်စာတမ်းတွေ လက်မှတ်ထိုးကြတာလေ....

"အိုင်ယား...အဲ့တာဆိုရင်တော့ ကိုင်တွယ်ဖို့ မလွယ်လောက်ဘူး..."မြောင်ချန်ယွီ ခက်ခဲနေသည့် ပုံစံဖြင့်ပြောလိုက်ပြီး "ရွက်လှေနံပါတ်၆ က ထိုင်ခုံတွေအားလုံက သားရေ အစစ်တွေလေ...ပြီးတော့ ၀ယ်ထားတာတောင် မကြာသေးဘူး...အခု သူတို့က ပျက်စီးသွားပြီဆိုတော့ ဒါကို ရီပို့တင်ဖို့တောင် တော်တော်လေး ခက်မှာဟ...."

"မန်နေဂျာ၀မ်..ကျေးဇူးပြုပြီး ကျွန်မတို့ကို ဖြေရှင်းလို့ရမယ့် နည်းလမ်းလေး ကူစဉ်းစားပေးပါနော်..ကျွန်မတို့လည်း တမင်သက်သက် လုပ်တာမှ မဟုတ်တာလို့..."မိန်းကလေးမှာ မြောင်ချန်ယွီ၏ လက်မောင်းကိုဖက်၍ နန့်တန့်တန့်ဖြင့် ပြောလိုက်သည်။

မြောင်ချန်ယွီလည်း မိန်းကလေး၏ တင်ပါးကို ပုတ်ကာ ပြုံးလိုက်ပြီး "ရတယ်လေ..ဒါပေမယ့် မင်းတို့လည်း နောက်တစ်ကြိမ်ကျ သတိထားကြတေပါ့.."

All Chapters