လင်းရီ၏ ရည်ရွယ်ချက်
Vol. 3 Ch. 45
"ကျေးဇူးအများကြီး တင်ပါတယ်နော်..အစ်ကိုကြီး မြောင် ..ညီမတို့ ဝီချက်အပ်ပြီး နောက်လည်း အဆက်အသွယ်မပြတ် နေကြရအောင်လေနော်..."
"ရတာပေါ့...."
ဝီချက် အပြန်အလှန် အပ်ပြီးနောက် မြောင်ချန်ယွီ မိန်းကလေး၏ တင်ပါးကို နောက်တစ်ကြိမ် ထပ်ပုတ်လိုက်ပြီး "နောက်လည်း ၀မ်ကျန်းဆိပ်ကမ်းမှာ ပြဿနာ တစ်ခုခုရှိရင် အစ်ကိုကြီးကို လာရှာလိုက်...မင်းအစ်ကိုကြီးက အားလုံးကို ကိုင်တွယ်ပေးမယ်...."
"ကောင်းပါပြီ..အစ်ကိုကြီးမြောင်ရှင့်...."
"ဒီတော့ ဆိပ်ကမ်းကပစ္စည်း ပျက်စီးသွားတာတောင်မှ အဲ့မိန်းကလေးကို ဒီတိုင်း လွတ်ပေးလိုက်တယ်ပေါ့...."လင်းရီ ကြားဖြတ်မေးလိုက်သည်။
ထွက်ခွာတော့မည့် မန်နေဂျာနှင့် မိန်းကလေးတို့နှစ်ဦးမှာ ရုတ်ချည်း အမူအရာများ မည်းမှောင် သွားကြတော့၏။
"အဲ့တာ နင်နဲ့ ဘာဆိုင်လို့လဲ..." ကိုယ်ကို တဘက်ဖြင့် ပတ်ထား သော အရပ်ရှည်သည့် မိန်းကလေးမှအထင်သေးစွာ ပြောဆိုလိုက်သည်။
"ငါမင်းနဲ့ ပြောနေတာ မဟုတ်ဘူး..."
မြောင်ချန်ယွီက ဤဖြစ်ရပ်အတွက် တာ၀န်ရှိသူတစ်ဦးပင်။
"ညီကို ငါကမှ ၀မ်ကျန်း ဆိပ်ကမ်းရဲ့ စီမံခန့်ခွဲရေး မန်နေဂျာလေကွာ...သူတို့ လျော်တာ မလျော်တာက မင်းသောက်ပူပါလို့လား..."
"ဟမ့် အလျော်တောင်းရကောင်းမှန်းတော့ သိသေးသားပဲ..."လင်းရီ ဆက်လက်၍ "တကယ်လို့ အဲ့မိန်းကလေးက မလျော်ဘူးဆိုရင် ခင်များ လျော်ပေးရမယ်...."
"ငိုးပဲ....ဘယ်လောက်တောင် စိတ်၀င်စားဖို့ ကောင်းလိုက်လဲ ငါ့ကို ဒါမျိုး ပြောမယ့်သူမရှိတာတောင် အတော်ကြာနေပြီ..."မြောင်ချန်ယွီ ကျိန်ဆဲလိုက်ပြီး "ဒါက ကျုပ်တို့ရဲ့ အတွင်းရေးကိစ္စ..ဒီမှာ ကိုယ့်လူ ခင်များ ခြေလှမ်းတွေက တအားကျော်နေပြီလို့ မထင်ဘူးလား...."
ထိုအချိန်တွင် နောက်ထပ်အမျိုးသမီး တစ်ယောက် ၀င်ရောက်လာသည်။ လင်းရီထံမှ ဝီချက်အကောင့် တောင်းသည့် မိန်းကလေးပင်။
"ကျားကျား ..ဘာဖြစ်နေတာလဲတဲ့..."
"ဒီမှာလေ ငါဆိုက်ကိုကောင် တစ်ကောင်နဲ့ လာတိုးနေလို့...ငါက အစ်ကိုကြီးမြောင်နဲ့ စကားပြောပြီးတာတောင်မှ သူက ငါ့ကို လျော်ပေးဖို့ လာပြောနေတယ်တဲ့...နင်ပဲ စဉ်းစားကြည့်ကွာ..ဒါကြီးက ရူးကြောင်ကြောင် မနိုင်လွန်းဘူးလား...."
ဘစ်ကနီနှင့် မိန်းကလေး၏ အမူအရာမှာ ရုတ်ချည်း မကျေနပ်မှုများဖြင့် ပြည့်နှက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင် သူမတို့အတူ ပင်လယ်ထဲ ထွက်ခဲ့သောကြောင့် သူမလည်းပဲ ထိုအတွက် တာ၀န်ရှိပေသည်။
"နင်ရူးနေတာလား...နင်က ရုပ်ခံလေးရှိတာနဲ့ပဲ တခြားသူရဲ့ ကိစ္စထဲ ၀င်စွက်ဖက်လို့ ရပြီလို့ ထင်နေတာလား....."
လင်းရီ ပခုံးတွန့်လိုက်ပြီး မြောင်ချန်ယွီကို ကြည့်လိုက်သည်။ "ငါအဲ့ကောင်မတွေနဲ့ ငြင်းရမှာ ပျင်းတယ် ...ဒါပေမယ့် ခင်များသာ ဒီကိစ္စကို သေချာ မကိုင်တွယ်လို့ကတော့ အကျိုးဆက်က သိပ်ကောင်းမှာတော့ မဟုတ်ဘူးနော်..."
"ငိုးပဲကွာ...ငါက သောက်ဂရုစိုက်မယ်လို့များ မှတ်နေတာလားဟျောင့်...ကိုယ့်ကိုယ်ကို ဘာကောင်ကြီးများထင်နေတာလဲ..."
"အဲ့တာဆိုလည်း စောင့်ကြည့်လိုက်ပေါ့..."
လင်းရီ သူ၏ စကားလုံးများကို ဖြုန်းတီးမနေတော့ပဲ ၀မ်ကျန်းဆိပ်ကမ်း၏ ရုံးခန်း အဆောက်အဦးထဲသို့ ၀င်သွားလိုက်သည်။
လင်းရီ အဆောက်အဦးထဲသို့ ရောက်သောအခါ တော်တော်လေး သန့်ရှင်းသပ်ရပ်ကြောင်းတော့ ၀န်ခံရပေမည်။ ကြမ်းခင်းထားသည့် ကြွေပြားများကတောင် ပြောင်လက်နေပြီး ကိုယ့်ရုပ်ကို ပြန်မြင်နေရ၏။
"လူကြီးမင်း..ဘာကိစ္စများ ရှိလို့လဲ မသိဘူး..."
"ငါ့နာမည်က လင်းရီ .မင်းတို့ရဲ့ မန်နေဂျာ ပီစုန့်ကျန်းနဲ့ တွေ့ချင်လို့..."
"လင်းရီ..."
အမျိုးသမီး ဧည့်ကြိုကောင်မလေးမှာ ရုတ်ချည်း ကြက်သေသေသွားပြီး "ရှင်က ကျွန်မတို့ ၀မ်ကျန်းဆိပ်ကမ်းကို ၀ယ်လိုက်တဲ့ ဘော့စ်လင်းလား...."
"အင်း..."လင်းရီ ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
"အာ..ဘော့စ်လင်း မင်္ဂလာပါရှင့် "
အမျိုးသမီး ဧည့်ကြိုမှာ လင်းရီကို ဦးညွတ် အရိုအသေပေးလိုက်ပြီး အနည်းငယ် မူးနောက်နောက် ဖြစ်နေသည်။
သူမတွေးထားခဲ့သည်မှာ သူမတို့၏ ဘော့စ်အသစ်က ဗိုက်ပူပူနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူမအပေါ်တွင်လည်း မကောင်းသည့်အကြံများ ကြံစည်နေမည်ကိုပင် ကြောက်ရွံ့နေခဲ့၏။ ထို့ကြောင့် သူမယနေ့ ရည်ရွယ်ချက်ရှိရှိ အတွင်းခံ ၀တ်ဆင်လာခဲ့ခြင်းပင်။
အကယ်၍ သူမ၏ ဘော့စ်အသစ်သာ ဤမျှ ခန့်ညားချောမောကြောင်း ကြိုစိခဲ့ပါက စကတ်တိုနှင့် အနက်ရောင် စတော်ကင်လေးကို သေချာပေါက် ၀င်ဆင်ခဲ့ပေမည်။
"သွားစို့...ငါ့ကို ပီစုန့်ကျန်းဆီ ခေါ်သွားပေး..."
"ဟုတ်ကဲ့ရှင့်...ဘော့စ်လင်း ဒီဘက်ကြွပါ မန်နေဂျာက အစည်းအဝေးခန်းထဲမှာ ဘော့စ်ကို စောင့်မျှော်နေပါတယ်ရှင့်...."
ဧည့်ကြိုကောင်မလေး၏ ဦးဆောင်မှုအောက်တွင် သူတို့နှစ်ယောက်လုံး တတိယထပ်ရှိ အစည်းအဝေးခန်းဆီသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် လင်းရီ အစည်းအဝေးခန်းထဲသို့ ၀င်သွားလိုက်သည်။ လင်းရီ ၀င်လာသည်ကို မြင်သောအခါ ပီစုန့်ကျန်း ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး "ဘော့စ်လင်း မင်္ဂလာပါခင်မျ..ကျွန်တော်တို့ ဘော့စ်ကို စောင့်နေတာတောင် တော်တော်လေးကြာနေပြီ...."
စနစ်မှ ၀မ်ကျန်းဆိပ်ကမ်းကို ၀ယ်ယူခဲ့စဉ်က ပီစုန့်ကျန်းထံ လင်းရီ၏ ဓာတ်ပုံကို ပို့ထားပေးခဲ့သည်။ ထို့ကြောင့် လင်းရီ ၀င်ရောက်လာချိန်တွင် ချက်ချင်း မှတ်မိနေခြင်းပင်။
"ကျုပ် ကိစ္စတချို့ကြောင့် နောက်ကျသွားတယ်..."
"ရပါတယ်ဗျ ရပါတယ်...."ပီစုန့်ကျန်း ပြောလိုက်ပြီး
"ကျွန်တော်တို့လည်း အလျင်မလိုပါဘူးဗျ...."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒါဆိုလည်း စကားဖြတ်ပြီး စီးပွားရေး ကိစ္စလေး ဆွေးနွေးကြရအောင်..."
"ဟုတ်ကဲ့ ဟုတ်ကဲ့...ဘော့စ်လင်း ဒီဘက်ကြွပါခင်ဗျ..."
ပီစုန့်ကျန်း လင်းရီကို အစည်းအဝေးခန်းမ၏ အဓိက ထိုင်ခုံ နေရာ၌ နေရာပေးလိုက်၏။
လင်းရီ ကျန်သည့် အမှုဆောင် အဖွဲ့၀င်များကို ကြည့်ရင်း ပေါ့ပါးစွာဖြင့် "ဒီမှာ လူတိုင်း မရောက်ကျသေးဘူးထင်တယ်..."
လင်းရီ မန်နေဂျာဦးရေ မည်မျှ ရှိကြောင်း မသိသော်လည်း စောနက သူနှင့် ရန်ဖြစ်ငြင်းခုန်ခဲ့သော မန်နေဂျာ မရောက်သေးသည်ကတော့ သေချာပေသည်။
"ဘော့စ်လင်း ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦးဗျ...မန်နေဂျာ တစ်ယောက်ထဲပဲ ကျန်တော့တာပါ..သူက ဒီနေ့ အလုပ်များနေလို့ နည်းနည်းလေး နောက်ကျနေတာပါဗျ..."
လင်းရီ ထိုင်ခံနောက်သို့ မှီလိုက်ပြီး လက်တစ်ဖက်ကို ခေါင်းနောက်ထားကာ...
"အဲ့တာဆိုလည်း အလျင်မလိုသေးဘူး..အားလုံး ရောက်တဲ့ ထိ စောင့်ကြတာပေါ့...."
"ဟုတ်ကဲ့..ကျွန်တော် သူ့ကို မြန်မြန်လုပ်ခိုင်းဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါ့မယ်..."
၎င်းနောက် ပီစုန့်ကျန်း သူ့ဘေးနားရှိ အမျိုးသမီး အတွင်းရေးမှူးကို ကြည့်ကာ.."လျို့လေး သွားပြီး မန်နေဂျာ မြောင်ကို မြန်မြန်လာခဲ့ဖို့ ပြောလိုက်...ဒီမှာ ဘော့စ်စောင့်နေတယ်လို့..."
"နားလည်ပါပြီ..."
လင်းရီ၏ မျက်နှာအမူအရာ မလှသည်ကို မြင်သောအခါ အစည်းအဝေးခန်းထဲရှိ လူတိုင်း အသံတစ်သံပင် မထွက်ရဲကြပေ။
သူတို့အားလုံး စိုးရိမ်နေကြပြီး မီးကျီးခဲ ဖင်ခုထိုင်နေရသလို ဖြစ်နေကြသည်။
မိနစ်အနည်းငယ်ခန့်ကြာပြီးနောက် အပြင်ဘက်မှ စကားပြောရင်း လမ်းလျှောက်လာသည့် ခြေသံများ ကြားလိုက်ရသည်။
"မန်နေဂျာမြောင် ရှင်ဘာလို့ ဒီလောက်ထိ နောက်ကျနေတာလဲ..ဒါရိုက်တာလင်းကတောင် စောင့်နေရတယ်..ရှင်တစ်ယောက်တည်းပဲ ကျန်တော့တာ..."အမျိုးသမီး အတွင်းရေးမှူးမှ ပြောလိုက်သည်။
"ပြောမနေစမ်းပါနဲ့ကွာ..ငါလမ်းမှာ ကျပ်မပြည့်တဲ့ကောင်နဲ့ တွေ့နေခဲ့လို့..မဟုတ်ရင် ရောက်နေတာကြာပေါ့..."
"မြန်မြန်သွားကြစို့..."
"အေအေ..."
အစည်းအဝေးခန်း တံခါး ပွင့်လာပြီး မြောင်ချန်ယွီနှင့် အတွင်းရေးမူးတို့ တစ်ယောက်ပြီး တစ်ယောက် ၀င်လာကြသည်။
"မန်နေဂျာမြောင်...ခင်များက အရမ်းကို ခမ်းနားကြီးကျယ်လွန်းတာပဲ..ကျုပ်တောင် စောင့်ပေးရတယ်ဆိုတော့..."
"မင်း...မင်းက ဒါရိုက်တာလင်းလား...."
"ဘာလို့လဲ...ခုကျ ကျုပ်ကို မမှတ်မိတော့ဘူးပေါ့...."
မြောင်ချန်ယွီ၏ မျက်နှာ ဖြူလျော်သွားပြီး အရိုးများ ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ နံရံကိုသာ မကိုင်ထားပါက မြဲမြံစွာ ရပ်နိုင်မည်တောင်မဟုတ်ပေ။
"ဒါရိုက်တာလင်း..ကျုပ်စောနက အဖြစ်အပျက်အတွက် လျော်ပေးဖို့ ဆန္ဒရှိပါတယ်ဗျာ..ကျုပ်ကို နောက်ထပ် အခွင့်အရေး တစ်ခါလောက်ပဲ ထပ်ပေးလို့ရမလားဗျ...."
"ငါမင်းကို အခွင့်အရေး ပေးပြီးပြီ..မင်းမှ မယူချင်တာ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး...မင်းရဲ့
အလုပ်ကဒ်ပြားကို ထားခဲ့ပြီး လစ်လိုက်တော့...."
"ဒါရိုက်တာလင်း...ကျေးဇူးပြုပြီး..တကယ်လို့ ကျုပ်သာ အလုပ်ပြုတ်သွားမယ်ဆိုရင်......"
"ငါဘာ ဖြေရှင်းချက်မှ မကြားချင်ဘူး..."လင်းရီ အသံနိမ့်၍ ပြောလိုက်ပြီး "မန်နေဂျာပီ...လုံခြုံရေးခေါ်ပြီး သူ့ကို ဆွဲထုတ်သွားခိုင်းလိုက်...."
"နားလည်ပါပြီ..ဘော့စ်လင်း..."
ကျန်သည့် အမှုဆောင် အဖွဲ့ ၀င်များကတော့ ဘာဖြစ်နေလဲဆိုတာ တစ်ခုမှ နားမလည်ကြပေ။
သို့သော်လည်း ဘော့စ်လင်းမှာ သူ၏ ရာထူးကို ယူပြီးသည်နှင့် တစ်ပြိုင်နက် မန်နေဂျာမြောင်ကို အလုပ်ထုတ်ပစ်လိုက်သည်။ ယခုတော့ မန်နေဂျာ ရာထူး တစ်နေရာက လစ်လပ်နေ၏။ သူတို့အတွက် ကောင်းသည့်အချက်ပင်။
မြောင်ချန်ယွီကို ဆွဲထုတ်သွားပြီးနောက် အစည်းအဝေးခန်းထဲရှိ လေထုမှာ ထပ်မံ တိတ်ဆိတ်သွပြန်သည်။ အားလုံး လင်းရီ၏ နောက်လာမည့် ညွှတ်ကြားချက်ကို စောင့်မျှော်နေကြ၏။
"ကျုပ် ဆိပ်ကမ်း ကို တစ်ချက် စစ်ဆေးကြည့်လိုက်တော့ တချို့ ပစ္စည်းတွေက တော်တော်လေး ဟောင်းနေတာတွေ့တယ်..အဲ့တာတွေကို အသစ်တွေနဲ့ အစားထိုးချင်တယ်...ပြီးတော့ အဲ့ဒီအတွက်လည်း ခင်များတို့ သေချာ အစီအစဉ် ဆွဲထားပေးလိမ့်မယ်လို့ မျှော်လင့်တယ်...."
"ခွင့်ပြုပါ ဘော့စ်..ကျုပ်တို့ ၀မ်ကျန်း ဆိပ်ကမ်းက ဟွာရှမှာဆို ဒုတိယပဲ..ပစ္စည်းတွေအားလုံးကလည်း ကောင်းတယ်...လဲစရာ မလိုဘူးတော့ အကြုံပြုပါရစေ...."
ပီစုန့်ကျန်းမှာ လွန်စွာ ရိုးသား၏။ သူဆိုလိုချင်သည်မှာ သူတို့တွင် ပစ္စည်းစုံလင်နေသောကြောင့် ယခုလောလောဆယ် ထိုအတွက် ငွေမသုံးသင့်သေးကြောင်း အကြံပေးနေခြင်းပင်။
"ခင်များ ဘာကိုဆိုလိုချင်နေလဲဆိုတာ ကျုပ်နားလည်တယ်...ဒါပေမယ့် ခင်များ ခုလေးတင် ကျုပ်တို့ ၀မ်ကျန်း ဆိပ်ကမ်းက ဒုတိယလို့ ပြောသွားတယ်မလား..."
လင်းရီ ခဏ ရပ်လိုက်ပြီး "ခင်များက အဲ့လောက်နဲ့ပဲ ကျေနပ်ချင်နေတာလား...."
အမှုဆောင်အားလုံးမှာ စိတ်လှုပ်ရှားသွားပြီး ပီစုန့်ကျန်းမှ ""ဘော့စ်လင်းက ၀မ်ကျန်းဆိပ်ကမ်းကို ဟွာရှရဲ့ အကြီးဆုံး ဆိပ်ကမ်းအဖြစ် ပြောင်းလဲချင်နေလို့လား...."
လင်းရီ ခေါင်းရမ်းလိုက်ပြီး "မဟုတ်ဘူး..."
"အဲ့တာဆို ဘာကိုဆိုလိုချင်တာလဲမသိဘူး...."
အမှုဆောင်အရာရှိများအားလုံး ရှုပ်ထွေးနေကြသည်။
ဘော့စ်လင်းက ဘာလုပ်ချင်နေတာလဲဟ.....
သူတို့ ယခုတိုင် လင်းရီ၏ ရည်ရွယ်ချက်ကို ပုံဖော်လို့ မရသေးပေ။
"ကျုပ်က ၀မ်ကျန်း ဆိပ်ကမ်းကို တစ်ကမ္ဘာလုံးမှာ တမူထူးခြားတဲ့ အဆင့်အတန်းနှင့် ဘယ်သူမှ လိုက်မမှီနိုင်လောက်တဲ့အထိ ခေတ်ရှေ့ပြေးနေတဲ့ အခမ်းနားဆုံးဆိပ်ကမ်းကြီးဖြစ်အောင် ပြောင်းလဲပစ်ချင်နေတာ....."
စာစဉ် (၃) ပြီး၏။