ခမ်းနားသောအစီအစဉ်ဆီသို့ ခြေတစ်လှမ်း...
Vol. 4 Ch. 46
လင်းရီ၏ စကားလုံးများက အမှုဆောင်အဖွဲ့၀င်များ၏ နားထဲတွင်တော့ မိုးကြိုးပစ်ခွင်းသံကဲ့သို့ မြည်ဟီးသွားခဲ့သည်။
ဆိပ်ကမ်းကို တစ်စုံတစ်ဦးမှ ၀ယ်ယူသွားခဲ့သည်ဟု သူတို့ ကြားသိစဉ်က ဘော့စ်အသစ်မှာ သက်လတ်ပိုင်းအရွယ် တိုင်ကွန်းတစ်ဦးမျှသာ ဖြစ်ပေလိမ့်မည်ဟု ထင်ခဲ့ကြ၏။
သို့သော်လည်း သူတို့ ယခု လုံး၀ မတူကွဲပြားသော လူပုဂ္ဂိုလ်တစ်ယောက်ကို မျက်မြင်ကြုံတွေ့နေကြရသည်။
ဘော့စ်အသစ်မှာ ထိုမျှ ရည်ရွယ်ချက် ကြီးမားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြ။
ထိုသို့ဆိုလျင်တောင် ထိုအစီအစဉ်မှာ လင်းရီ၏ ခမ်းနားကြီးကျယ်သော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးကြောင်းတော့ သူတို့ မသိကြသေးပေ။
ဘာတွေ အံ့သြနေတာ ခုမှ အစပဲ ရှိသေးတယ်ကွ....
"ငါအခု ကိစ္စနှစ်ခုပြောချင်တယ်..."လင်းရီ ပြောလိုက်ပြီး
"ပထမ တစ်ခုကတော့ မင်းတို့ တတ်နိုင်သမျှ မြန်မြန် အဆင့်မြင့်တင်တဲ့ အစီအစဉ်ကို လုပ်ထားကြ...တကယ်လို့ ယုံကြည်ချက်ရှိတယ်ဆိုရင်လည်း ကိုယ့်ဘာကိုယ် ဆွဲကြပေါ့...မရလည်း ကျွမ်းကျင်တဲ့ဒီဇိုင်းကုမ္ပဏီတစ်ခုကို ဆက်သွယ်လိုက်...ဘတ်ဂျက်အတွက်ကတော့ စိတ်ပူစရာမလိုဘူး..မင်းတို့လုပ်ပေးရမှာက ၀မ်ကျန်းဆိပ်ကမ်းကို ကမ္ဘာ့အဆင့်အမြင့်ဆုံး ဆိပ်ကမ်းကြီး တစ်ခုအောင် ပြောင်းလဲဖို့ပဲ..."
"နားလည်ပါပြီ ဘော့စ်လင်း..."အမှုဆောင်အဖွဲ့၀င်များအားလုံး စိတ်အား တက်ကြွစွာဖြင့် သံပြိုင်နာခံလိုက်ကြသည်။
"ဒုတိယအနေနဲ့ကတော့ ဆိပ်ခံတံတားနားက အောက်ခြေသိမ်း ၀န်ထမ်းတွေရဲ့ လစာကို ၂၀%တိုးပေးမယ်.. မင်းတို့ အမှုဆောင် အရာရှိတွေရဲ့ လစာကတော့ ၁၀%ပေါ့..မမျှတဘူးလို့ မတွေးနဲ့ သူတို့ကြောင့်သာ မဟုတ်ရင် မင်းတို့လည်း လုံခြုံမှာ မဟုတ်ဘူး...."
"နားလည်ပါပြီခင်ဗျ...."
"ငါပြောသလိုပဲ...မင်းတို့ကိစ္စ တွေကို ကိုယ့်ဘာသာကိုကြည့်ကြပ် လုပ်လိုက်ကြ...ဖြေရှင်းလို့မရတဲ့ ပြဿနာတွေရှိရင်တော့ ငါ့ဆီ တိုက်ရိုက် တင်ပြလို့ရတယ်...."
"ဟုတ်ကဲ့ပါ ဒါရိုက်တာလင်း...."
လင်းရီ အမိန့်များပေးပြီးနောက် အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့လိုက်၏။
ယခု သူ၏အမည်အောက်တွင် ပိုင်ဆိုင်မှု သုံးခု ရှိနေပြီ ဖြစ်သည်။
ပန်နီဆူလာဟိုတယ်၊ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်း၊ နှင့် ၀မ်ကျန်း ဆိပ်ကမ်းတို့ပင်။
ကျိုကျုံးအဆောက်အအုံရှိ ဗီလာကိုးခုကတော့ သူနေထိုင်သည့် နေရာဖြစ်သောကြောင့် ထည့်သွင်း ရေတွက်မနေတော့ပေ။
ပန်နီဆူလာဟိုတယ်၊ကားပြိုင်ကွင်းတို့နှင့် ၀မ်ကျန်း ဆိပ်ကမ်းကို နှိုင်းယှဉ်မည်ဆိုပါက ခေတ်ကာလ ငွေတန်ဖိုးအရ ၀မ်ကျန်းဆိပ်ကမ်းမှာ ဈေးအကြီးဆုံးနှင့် အထင်ကြီးဖို့ အကောင်းဆုံး ဖြစ်သည်။
ထို့အပြင်သူ ၀မ်ကျန်းဆိပ်ကမ်းရှိ ပစ္စည်းများကိုလည်း ယခုလောလောဆယ် ဦးစားပေး အဆင့်မြင့်နေ၏။
၎င်းမှာ သူ့ကို ငွေအမြောက်အများ ကုန်ကျစေနိုင်မည့် ပရောဂျက်ကြီးတစ်ခုဖြစ်သော်လည်း သူ့လက်အောက်ရှိ ကုမ္ပဏီသုံးခုမှ ငွေများက အဆက်မပြတ် ၀င်ရောက်နေမည် ဖြစ်သောကြောင့် အချိန်တစ်ခုကြာပါက အဆင့်မြင့်တင်ခြင်းမှာ ပြီးဆုံးသွားပေလိမ့်မည်။
ထို့ပြင် သူ့၌ လက်ရှိ ပရောဂျက်ကို အချိန်အကြာကြီး ထောက်ပံ့ပေးနိုင်လောက်အောင် များပြားသော ငွေပမာဏ ဖြစ်သည့် Didi၏ရှယ်ယာ ၂၁%ကလည်း ရှိနေသေး၏။
သို့သော်လည်း ထိုအရာများ အားလုံးက အကြံအစည်သပ်သပ်ပင်။ လက်တွေ့ အကောင်အထည် မဖော်ရသေးချေ။
လင်းရီ အတွေးများကို ရှင်းထုတ်ပြီးနောက် ကားပါကင် ထိုးထားသည့်နေရာသို့ သွားကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း လူတော်တော်များများက သူ၏ ကားရှေ့တွင် ဓာတ်ပုံရိုက် ပို့စ်ပေးနေကြသည်ကို တွေ့လိုက်ရပြန်သည်။
သူ့နှင့်ဝီချက်အပ်ချင်သော မိန်းကလေးမှာလည်း ထိုသူများထဲမှ တစ်ယောက်ပင်။
သူမသူငယ်ချင်းနှင့် ဆယ်လ်ဖီ ဆွဲနေတုန်း လင်းရီ တစ်ယောက်လမ်းလျှောက်လာသည်ကို မြင်သောအခါ မချောနှစ်ယောက်၏ မျက်နှာမှာ ချက်ချင်း ရုပ်ဆိုးသွားပြီး
"နင်ပဲလား...ဘာလို့ တို့နောက်ကနေ တကောက်ကောက် လိုက်နေတာလဲဟ..စိတ်ရှုပ်ဖို့ကောင်းလိုက်တာ....တကယ်ပဲ"
"မင်းတို့ နောက်လိုက်နေတယ်...."လင်းရီ ပြောစရာစကား ကင်းမဲ့သွားသည်။
"ဒါက အများပိုင်နေရာလေကွာ..ငါသွားချင်တဲ့နေရာ သွားနေတာ မင်းတို့နဲ့ ဘာဆိုင်တုန်း..."
"အဲ့ဒါဆိုလည်း ငါတို့ဘာ ငါတို့ ဆယ်လ်ဖီဆွဲနေတာ နင်နဲ့ ဘာဆိုင်လို့လဲ...."
"ဒါငါတို့ကားဆိုတာ နင်မသိဘူးလား...."
ကျားကျားဟု ခေါ်သော မိန်းကလေးမှ.."ငါတို့ကားနဲ့ ငါတို့ ဆယ်လ်ဖီ ဆွဲနေတာတောင်မှ ပြဿနာ လာရှာနေတယ်...ဘယ်လိုတောင် ဆိုက်ကိုဖြစ်နေတာလဲဟ...."
လင်းရီနား ဝီချက် အပ်ချင်သော မိန်းကလေးမှာ ထိုစကားကို ကြားတော့ အနည်းငယ် မလုံမလဲ ဖြစ်သွားပြီး "ကျားကျား...နင်ပြောတာ နည်းနည်းလေး မပိုလွန်းဘူးလားဟဲ့...ဒါက ငါတို့ကားလည်း မဟုတ်ဘဲနဲ့..."
"ဘာကြောက်စရာ လိုလို့တုန်း..ပိုင်ရှင်ကလည်း ဒီနေရာမှာ ရှိနေတာမှ မဟုတ်တာ..ပြီးတော့ ဒီကားကလည်း ငါတို့ကား မဟုတ်ဘူးဆိုတာ ငါတို့သာ မပြောရင် သူက ဘယ်လိုလုပ် သိမှာလဲတဲ့...."
"အွန်း..နင်ပြောတာလဲ ဟုတ်သားပဲ...."
လင်းရီ အားရပါးရ အော်ရယ်လု နီးပါး ဖြစ်သွားသည်။ "ဒီကားက မင်းတို့ကားပေါ့...."
ကျားကျားဟုခေါ်သော မိန်းကလေးမှာ ခါးထောက်၍ လင်းရီကို အထင်သေးစွာဖြင့် "အမှန်ပဲ...နင့်မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်လိုက်ဦး ဒီကားက သန်း ၃၀ နီးနီးလောက်ရှိတဲ့ ပန်ဂနီနော်...နင်လို့ သောက်ငမွဲကတော့ ဘ၀တစ်လျှောက်လုံး ဒီလိုကားမျိုးရဲ့ စတီယာရင်ကိုကိုင်ဖို့ အိပ်မက်တောင် မက်လို့ရမှာ မဟုတ်ဘူး..."
"ဒီကောင် ရူးနေတာလားဟ..သူတို့ကားနဲ့ သူတို့ ဆယ်လ်ဖီ ဆွဲနေတာတောင်မှ လာပြီး ရန်တွေ့နေတယ်...သူ့အသည်းကို အရင်က မိန်းကလေးတစ်ယောက်က ခွဲခဲ့ဖူးလို့များ မသိပါဘူးကွာ.. စကီအလန်းလေးမြင်ရင်ကို လိုက်ရန်ရှာနေတာ....."
"အဲ့ကောင်က ဆိုက်ကိုကောင် ကျပ်သိပ်ပြည့်တာမဟုတ်ဘူး..."
"ငါ့အထင်တော့ ဒီကောင်က ချမ်းသာတဲ့ကောင်တွေကို မနာလို မုန်းတီးနေတဲ့သူလို့ ထင်တယ်...အင်တာနက်ပေါ်က ကီးဘုတ်ဖိုက်တာတွေ ဘယ်လိုပုံစံလဲလို့ သိချင်ရင် ဒီကောင့်ကိုသာ ပြေးမြင်လိုက်ကြတော့ဟေ့... "
"ဘယ်လောက် နှမြောဖို့ကောင်းလိုက်လဲ...ရုပ်ကလေးက ချောရဲ့သားနဲ့ စိတ်ထားလေးက ယုတ်နေတာ...."
ပတ်၀န်းကျင်မှ အတင်းအဖျင်းများကို ကြားသောအခါ ကျားကျားဟု ခေါ်သော မိန်းကလေးမှာ အသံစွာစွာဖြင့် "ဟီးဟီး နင်ဘာပြောချင်သေးလဲ...ဆက်ပြီး အရှက်မကွဲချင်ရင် ကိုယ့်အသိနဲ့ကို ဒီကနေ ထွက်သွားလိုက်..."
"ဒီကားက မင်းတို့ကားဆိုတာ သေချာပြီလား...."လင်းရီ ထေ့ငေါ့သည့်လေသံဖြင့် ပြောလိုက်သည်။
"တောကြီးမျက်မည်းထဲမှာ ငှက်တောင်မှ မျိုးစုံရှိသေးတာပဲ..."ကျားကျား ရင်ဘက်ရှေ့ လက်ပိုက်၍ "ငါ့ကားမဟုတ်ဘူးဆိုတော့ နင့်ကားကော ဟုတ်လို့လား..."
"အဲ့တာ ငါ့ကားပဲ..."
လင်းရီ သူ့အိပ်ကပ်ထဲမှ ကားသော့ကို ထုတ်လိုက်ပြီး သူမရှေ့တွင် နှိပ်လိုက်သောအခါ ကားတံခါးများ ပွင့်လာပြီး တံခါးနားရပ်နေသော မိန်းကလေးနှစ်ဦးမှာ ရုတ်ချည်း ကြောက်လန့်သွားကြတော့သည်။
ထို့နောက် ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတော့၏။
"ဆောတီးပါ...ငါမင်းတို့ ဓာတ်ပုံရိုက်နေတာကို နှောက်ယှက်မိတဲ့အတွက် စိတ်မကောင်းပါဘူး...."
"ဟားဟား....အတော်လေး စိတ်၀င်စားဖို့တော့ ကောင်းနေပြီ..ကောင်းလိုက်တဲ့ မျက်နှာဖြတ်ရိုက်ခြင်းကွာ..."
"သောက်ကျိုးနည်း ဒါကြီးက ရှက်ဖို့ ကောင်းလိုက်တာ...."
"ဒီ ဆီလီကွန် ထည့်ထားတဲ့ မိန်းကလေး နှစ်ယောက်က အီးပေါလောကြီးတွေပါကွာ...ရှက်တတ်ရင် ေ-သဖို့တောင် ကောင်းတယ်...ငါတော့ သူတို့အစား ရှက်လိုက်တာ..."
မိန်းကလေး နှစ်ယောက်မှာ တွင်းတစ်တွင်းထဲ ၀င်ပုန်းချင်လောက်တဲ့အထိ အရှက်ရနေကြသည်။
သူမတို့ လင်းရီရှေ့တွင် အငှားကားဖြင့် ဂုဏ်ဆာပြချင်နေသော်လည်း နောက်ဆုံးတွင်တော့ သူမတို့သာ အရှက်ခွဲခံလိုက်ရသည်။
မထူးတော့သည့်အဆုံး နှစ်ယောက်သား မျက်နှာကိုအ၀တ်စဖြင့် အုပ်၍ လူအုပ်ကြီးရှိသည့် နေရာမှ ကသိကအောက်ဖြစ်စွာ ထွက်ပြေးသွားကြတော့၏။
သူမတို့ ဆက်လက် ငြင်းခုန်ရန် မျက်နှာ မရှိတော့ပေ။
လူအုပ်ကြီး၏ အားကျ မနာလိုသော အကြည့်များအောက်တွင် လင်းရီ ကားထဲသို့ ၀င်လိုက်ပြီး အော်ဒါ လက်ခံရန် ပြင်ဆင်လိုက်တော့သည်။
ကလင် ကလင် ကလင်
ထိုအချိန်တွင် လင်းရီဖုန်းသံမြည်လာပြီး ၀မ်ထျန်းလုံ ထံမှ မက်ဆေ့စ်တစ်စောင် ရောက်ရှိလာသည်။
"ဘာများလဲ..."
"ဘော့စ် ခုလေးတင် တစ်ယောက်ယောက်က ကျွန်တော့်ကို ပန်းချီကားတစ်ချပ်ပေးပြီး ဘော့စ်ဆီ ပို့ပေးဖို့ ပြောနေလို့...."
"ကောင်းပြီ...ငါနားလည်ပြီ..ခုပဲ လာခဲ့မယ်..."
[စနစ် မင်ရှင် - ကြယ်ငါးပွင့် ရီဗျူး ၂၀
ဆုလဒ် - ၂၀၀,၀၀၀ အတွေ့အကြုံမှတ် (၁၁/၂၀ )]
လင်းရီ လျှပ်တစ်ပြက် မစ်ရှင်ကို မြင်သောအခါ သူ၏ စိတ်ထဲတွင် တွက်ချက်မှု တစ်ချို့ ပြုလုပ်လိုက်သည်။
အကယ်၍ နောက်ထပ် အတွေ့အကြုံမှတ် နှစ်သိန်းဖြင့်ဆိုပါက သူ၏ အလုပ် ပြီးမြောက်မှု နှုန်းမှာ ၈၅%သို့ ရောက်ရှိသွားပြီး အလုပ်အသစ်ကို ဖွင့်ရန် ခြေတစ်လှမ်း နီးကပ်လာပြီ ဖြစ်၏။
သို့သော်လည်း လင်းရီ အော်ဒါလက်ခံရန် အလျင်မလိုခဲ့ပေ။ သူမစ်ရှင်ကို ပြီးမြောက်ရန် အတော်လေး လိုနေသေးသောကြောင့် အေးဆေးမှ အော်ဒါလက်ခံရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ကြယ်ငါးပွင့် ရီဗျူးမှာ ရရှိရန် ခက်ခဲလှ၏။
သူ ပန်နီဆူလာဟိုတယ်သို့ ရောက်လာသောအခါ လင်းရီ ၀မ်ထျန်းလုံ ဟိုတယ်၏ မီးလုံခြုံရေးအား စစ်ဆေးနေသည်ကို မြင်လိုက်ရသည်။
အင်း ဒီကောင်ကြီးကတော့ ခိုင်းစရာ မလိုအောင်ကို အလိုက်သိတာပဲ...
"ဘော့စ်လင်း...ကျုပ်အခုပဲ ဘော့စ်ရဲ့ ပန်းချီကားကို သွားယူလာခဲ့ပေးမယ်...."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အင်း...ဒုတိယထပ်ကို ပို့လိုက်ကွာ..ငါအဲ့ဒီမှာ တစ်ခုခုစားရင်းနဲ့ စောင့်နေလိုက်မယ်...."
"ဟုတ်ကဲ့..."
လင်းရီ ဒုတိယထပ်တွင် အစားအသောက် အနည်းငယ် မှလိုက်ပြီး နေ့လည်စာကို လွေးရန် အဆင်သင့်ဖြစ်နေတော့၏။
အချိန် အနည်းငယ်ခန့် ကြာသော် ထျန်းလုံ ပန်းချီကားချပ် ထည့်ထားသော သေတ္တာကို ယူ၍ ဒုတိယထပ်သို့ ရောက်ချလာသည်။
"ဘော့စ်...ပန်းချီကားက ဒီမှာပါဗျ..."
"ဖွင့်လိုက်...ကြည့်ကြည့်ရအောင်..."
"ဟုတ်ကဲ့..."
ထျန်းလုံ တစ်ယောက်ယောက်ကို ခေါ်ပြီး လက်ဆွဲ သေတ္တာကို ဖွင့်ခိုင်းလိုက်သည်။
လင်းရီ ပန်းချီကားက မည်သည်များ ကောင်းနေသည်ကိုတော့ နားမလည်ပေ။ သူ့တွင် အနုပညာကို ခံစားတတ်တော့ နှလုံးသား မရှိဟု ဆို၍ ရသည်။ သို့သော်လည်း ကျန်းတချန်၏ လက်ရာဖြစ်နေသောကြောင့် လက်ဆောင်ပေးမည်ဆိုပါက မျက်နှာပန်းလှကောင်းပါရဲ့....
တခဏမျှ ကြည့်ရှုပြီးနောက်
"ရပြီ ပြန်ပိတ်လိုက်တော့ကွာ..."
ထိုအချိန်တွင် လင်းရီ၏ ဖုန်းသံ မြည်လာခဲ့သည်။ ကျီချင်းရန်မှ ခေါ်ဆိုလာခြင်းပင်။
"နင်အခု ဘယ်မှာလဲ..."
"နေ့လည်စာ စားနေတာလေ...ဘာဖြစ်လို့လဲ...."
"ငါ ခြုံထည်အပြာရောင်လေး ၀ယ်ခဲ့တယ်ဆိုတာ နင်မှတ်မိတယ်မလား..."
"အင်းလေ...ဘာလဲ ဖြစ်လို့..."
"အဲ့တာ နင့်နေရာမှာ ကျန်ခဲ့တယ် ထင်တယ်..."ကျီချင်းရန် ပြောလိုက်ပြီး
"ငါ့ကို လာကြိုပေးပါလား ငါ ခြုံထည်လေး လိုက်ယူချင်လို့.... "