အပိုင်း(၄၈၂)
Vol. 33 Ch. 482
ရှစ်ကျင်းရွှိုက်၏စကားများအား
ကြားလိုက်ရသောအခါတွင် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
“ဒီသခင်လေးက အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်
မဟုတ်ဖူး.. ဒီသခင်လေးက ဝိညာဉ်စွမ်းအားကိုပဲ ကျင့်ကြံတာ”
“အိုး”
ရှစ်ကျင်းရွှိုက်မှာ ဤအရာအားကြားပြီးနောက် တွေးတွေးဆဆဖြင့်ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ရုတ်တရက် အေးစက်သော လေအေးတစ်ချက်က သူတို့ရှေ့၌ ဖြတ်သန်းတိုက်ခတ်သွား၏။ ထိုလေအေးစီးကြောင်းအတွင်း ပတ်ဝန်းကျင်ရှိမှောင်မိုက်နေသာ နေရာမှလေထုမှာ အေးခဲသွားပုံရသည်။
ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ သူတို့၏လမ်းကြောင်းအား တစ်ချိန်တည်းမှာပင်ရပ်တန့်လိုက်ကြသည်။ သူတို့၏ အမူအယာက ချက်ချင်း တော်တော်လေးကိုလေးလေး
နက်နက်ဖြစ်လာသည်။ ဖြတ်သန်းပျံ့နှံ့လာသောမှုန်မှိုင်းအေးစက်မှုမှ ပုံမှန်မဟုတ်သောအရှိန်အဝါတစ်ခုကို သူတို့ခံစားရသည်ဖြစ်သည်။
သို့သော် ထို့နောက်ချက်ချင်း လေအေးစီးကြောင်းက ရုတ်ခြည်းနားလည်ရခက်စွာ ပျောက်ကွယ်သွား၏။
“ဘာဖြစ်နေတာလဲ.. ခုဏက အဲ့တာက ဘာစွမ်းအားလဲ”
ရှစ်ကျင်းရွှိုက်ကခေါင်းလှည့်လိုက်ပြီး သူ့နံဘေးနားမှရှစ်ဖုန့်အားမေးလိုက်သည်။ တစ္ဆေသင်္ဘောဆီသို့ဝင်ရောက်ခဲ့ပြီးနောက် ရှစ်ဖုန့်အား သင်္ဘော၏ ကျောရိုးတစ်ခုကဲ့သို့ မသိလိုက်ပါဘဲ မှတ်ယူထားခဲ့သည်ဖြစ်သည်။
“ဒီသခင်လေးလည်းမသိဘူး. ..ရှေ့ကိုသွားပြီးတော့ဘာလဲဆိုတာကို ကြည့်တာပေါ့..အဲ့တာက ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာကို ကြည့်ကြတာပေါ့”
ရှစ်ဖုန့်က တည်ကြည်လေးနက်သောမျက်နှာ
ထားဖြင့်ပြောလိုက်သည်။
“ကောင်းပြီ”
ရှစ်ကျင်းရွှိုက် ခေါင်းညိမ့်လိုက်ပြီးနောက် နှစ်ယောက်သား အတူတကွရှေ့သို့လျှောက်လှမ်း
သွားလိုက်သည်။ သို့သော် ဤအချိန်တွင် အစောပိုင်းက လေအေးစီးကြောင်းအောက်၌ သူတို့ရှေ့တွင်ရှိနေသောလေထုက ရေခဲအဖြစ်သိပ်သည်းဖွဲ့စည်းနေပြီးဖြစ်သည်။
“လောင်ကျွမ်းစမ်း”
ရှစ်ဖုန့်၏ကိုယ်ပေါ်မှ ရုတ်တရက် ပြင်းထန်သော သွေးနီရောင်မီးတောက်တို့ ဟုန်းခနဲထွက်ပေါ်လာပြီး ရှေ့သို့ တောက်လောင်သွားသည်။ သွေးနီရောင်မီးတောက်အောက်တွင် လေးအေးစီးကြောင်းမှာ ရုတ်ခြည်းဘာမှကျန်ရစ်ခြင်း
မရှိသည်ထိလောင်ကျွမ်းခံလိုက်ရသည်။
ရှစ်ဖုန့်က သွေးနီရောင်မီးတောက်အား
ပြန်ရုတ်သိမ်းလိုက်ပြီး အမှောင်ထု၏ အနက်ရှိုင်းဆုံး အပို်ငးသို့ လျှောက်လှမ်းဝင်လိုက်သည်။ အနက်ရှိုင်းဆုံးအပိုင်းသို့ သူတို့ရောက်ရှိသောအခါတွင် သူတို့၏ ရှေ့၌ လှေကားနှစ်ခုပေါ်လာ၏။ တစ်ခုက အပေါ်ပိုင်းသို့သွားသောလှေကားဖြစ်ပြီးကျန်တစ်ခုက အောက်ပိုင်းသို့ဆင်းသော လှေကားဖြစ်သည်။
လှေကားနှစ်ခုအားကြည့်၍ရှစ်ဖုန့်က ဂရုတစိုက်အာရုံခံလိုက်ပြီး ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။
“ခုဏက ချီစီးကြောင်းက အောက်ဘက်ကလာတာ ..အောက်ကိုသွားပြီးတစ်ချက်
ကြည့်ကြရအောင်..ဒါပေမဲ့ ခင်ဗျားဂရုစိုက်မှရမယ်. အောက်မှရှိတဲ့ ယင်ချီစီးကြောင်းက ဒီအလွှာထက်ပိုပြီးသိပ်သည်းဆများတယ်”
ရှစ်ဖုန့်၏ ဆိုလိုရင်းကရှင်းလင်းသည်။ ဤအလွှာထက် ယင်ချီပိုသိပ်သည်းသည်ဟုဆိုခြင်းက ဤအလွှာထပ်အောက်ဘက်၌ မကောင်းဆိုးဝါးဝိညာဉ်များ
ပိုမိုများပြားစွာရှိနေပြီး ၎င်းတို့က ပို၍စွမ်းအားကြီးသည်ဟုပြောခြင်းပင်ဖြစ်သည်။
“ငါဘာလုပ်ရမလဲဆိုတာကိုငါသိပါပြီ…
သွားကြစို့”
ရှစ်ကျင်းရွှိုက်ကပြောလိုက်ပြီး သူ၏လက်အတွင်းမှရွှေရောင်ဒင်္ဂါးပြား
များအား ဆုပ်ကိုင်လိုက်သည်။ ရှစ်ဖုန့်ကထွက်သွားတော့မည့်အချိန်တွင် ရှစ်ကျင်းရွှိုက်က အနေရခက်စွာဖြင့်ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ အကယ်၍များငါ့မှာတစ်ခုခုဖြစ်လာခဲ့ရင် ငါတို့ရဲ့ခင်မင်ရင်းနှီးမှုအလို့ငှာ ညီလေးငါ့ကိုကယ်တင်မယ်
လို့မျှော်လင့်ပါတယ်”
“ဒီသခင်လေးသာတွေ့တယ်ဆိုရင် ဒီသခင်လေးခင်ဗျားကိုကယ်ပေးမှာပါ”
ရှစ်ဖုန့်ကပြောလိုက်သည်။ စကားပြောပြီးနောက် အောက်ထပ်သို့ဦးတည်သည့် လှေကားမှဦးဆောင်ဆင်းသွားလိုက်သည်။
ရှစ်ကျင်းရွှိုက်က သူ၏နောက်မှလိုက်ပါလာသည်။
မကြာခင်တွင် ရှစ်ဖုန့်နောက်ထပ်
အလွှာပေါ်သို့ ခြေချမိသည်။ ယင်းအလွှာကတူညီစွာပင်မှောင်မိုက်ပြီးယင်ချီတို့သိပ်သည်းနေသည်။ ရုတ်ခြည်းဆိုသလို ဖြူဖျော့သော မျက်နှာနှင့် မကောင်းဆိုးဝါးဝိညာဉ်ဆယ့်နှစ်ကောင်က ဟစ်အော်ဟိန်းဟောက်ပြီး အစွယ်များကိုဖော်ပြကာ ၎င်းတို့၏လက်သည်းများ
ကိုဝင့်၍ ရှစ်ဖုန့်အား ခုန်အုပ်လိုက်ကြ၏။
“ဟမ့်..မကောင်းဆိုးဝါးသတ္တဝါတွေကများ”
သူ့အားခုန်အုပ်လာသော မကောင်းဆိုးဝါးဝိညာဉ်ဆယ့်နှစ်
ကောင်အားကြည့်၍ ရှစ်ဖုန့်က၎င်းတို့အားစိုက်ကြည့်လိုက်သည်။ သူက ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးဝိညာဉ်အားလုံးအား ဦးဆောင်သော ဧကရာဇ်ကျိုးယိုဖြစ်သည်။ အကယ်၍ ဤမကောင်းဆိုးဝါးဝိညာဉ်များ
ကသူ့အားရိုင်းပျရဲလျှင် ၎င်းတို့အား သေခြင်းတရားဖြင့်အပြစ်ပေးရမည်ဖြစ်သည်။
ထို့နောက် အတွေးတစ်ချက်ဖြင့် သူ၏ဝိညာဉ်စွမ်းအားအား အဆက်မပြတ် ရှစ်ဖုန့်လှည့်ပတ်လိုက်သည်။ ရှစ်ဖုန့်၏ စွမ်းအားကြီးဝိညာဉ်စွမ်းအားအောက်တွင် မကောင်းဆိုးဝါးဝိညာဉ်အားလုံးမှာရုတ်ခြည်းသူတို့၏ ဝိညာဉ်များအားထိန်းချုပ်နိုင်မှု လွတ်ကင်းသွားရသည်ကိုခံစားလိုက်ရသည်။ ၎င်းတို့၏ မျက်နှာထက်၌ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေ၏။ ထို့နောက်ဝိညာဉ်စွမ်းအား၏သက်ရောက်မှုအောက်တွင် မကောင်းဆိုးဝါးဝိညာဉ်ဆယ့်နှစ်ကောင်လုံး “တစ္ဆေလိုလိုဟစ်အော်သံနှင့်
ဝံပုလွေကဲ့သို့ အူသံ”များအား အော်ဟစ်လိုက်ကြပြီး ဝိညာဉ်စွမ်းအားအောက်၌ အားလုံးခြေမွဖျက်ဆီးခံလိုက်ရသည်။
ရှစ်ကျင်းရွှိုက်ဤအလွှာသို့ဝင်
ရောက်လာသောအခါတွင် မချိတင်ကဲဝေဒနာဖြင့် အော်ဟစ်ငိုယိုသံများအား အတွဲလိုက်ကြားလိုက်ရသည်။ သို့သော် မကြာခင်တွင် အော်သံများကပျောက်ကွယ်သွားပြီး ဝိညာဉ်များမှာ ဝိညာဉ်စွမ်းအင်အာဟာရအဖြစ်
ဝါးမျိုခြင်းခံလိုက်ရသည်။
ရှစ်ကျင်းရွှိုက်က လှည့်လိုက်ပြီး ရှစ်ဖုန့်အားကြည့်၍မေးလိုက်သည်။
“ညီလေးရှစ်. ဒီလိုအချိန်တိုလေးအတွင်းမှာနောက်ထပ် မကောင်းဆိုးဝါးဝိညာဉ်
တစ်အုပ်ကိုသတ်ပစ်လိုက်တာလား”
ရှစ်ကျင်းရွှိုက်က “နောက်ထပ်တစ်အုပ်” ဟု တမင်တကာ အသားပေးပြောဆိုလိုက်သည်။
“စုစုပေါင်းဆယ့်နှစ်ကောင်”
ရှစ်ဖုန့်ကခေါင်းညိမ့်၍ဖြေလိုက်သည်။
ထို့နောက်သူကထပ်ပြောလိုက်၏။
“ဒီဝိညာဉ်အများစုက ဘုရင်အဆင့်ဒါမှမဟုတ် အင်ပါယာနယ်ပယ်အဆင့်တွေပဲ.. ဒီအလွှာမှာရှိတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေက အရင်အလွှာကထက်တကယ်အများ
ကြီးပိုအစွမ်းထက်တယ်..သတိထားပါ”
“အင်း.ငါနားလည်ပြီ”
ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။ ယင်းက သူ၏ ကိုယ်ပိုင်သေခြင်းရှင်ခြင်း
နှင့်ပက်သက်ဆက်နွယ်သည်ဖြစ်သောကြောင့် သူ့အနေဖြင့်အလိုအလျောက်ပင်နားလည်ပြီး သတိထားလိမ့်မည်ဖြစ်သည်။
“ဒီသခင်လေးကိုဒီနေရာကနေစောင့်နေပါ.. ဘယ်မှလျှောက်မပြေးနဲ့ ဒီသခင်လေးချက်ချင်းပြန်လာခဲ့မယ်”
ဤအလွှာ၌မကောင်းဆိုးဝါး
ဝိညာဉ်များစွာရှိနေသေးသောကြောင့် ပင်ကိုယ်အားဖြင့်ရှစ်ဖုန့်တစ်ယောက်
သူ၏ဝိညာဉ်စွမ်းအား ၎င်းတို့အားဝါးမျိုရန်ကို လက်လျော့ခြင်းမပြုလုပ်လိုပေ။
ရှစ်ဖုန့်စကားပြောပြီးနောက် ရှစ်ကျင်းရွှိုက်က စကားပြောရန် သူ၏ပါးစပ်ကိုဟလိုက်သည်။
“ညီလေးရှစ်…”
သို့သော်သူစကားမဆုံးခင် ရှစ်ဖုန့်၏ပုံရိပ်က ရှေ့သို့တစ်ဟုန်ထိုးရွှတ်ခနဲထွက်သွားသည်ကိုတွေ့လိုက်ရသည်။ထို့နော်ကသူ့
ရှေ့ရှိအမှောင်ထုအတွင်း၌ စိတ်မချမ်းမြေ့ဖွယ်နာကျင်မှုအပြည့်ဖြင့် တစ္ဆေများ၏ အော်ဟစ်သံများအားအစီအရီကြားရ၏။
“အား..အား..အား..အား..”
ရှစ်ကျင်းရွှိုက်မှာ အနက်ရောင်ပုံရိပ်ထိုးခွင်းဝင်ရောက်သွားသောအမှောင်ထုကိုကြည့်နေသည်။ သူက အသံတိုးတိုးဖြင့် တီးတိုးပြောလိုက်သည်။
“ဒီကောင် က တစ္ဆေတွေကို ဆန့်ကျင်မုန်းတီးအာဃာတတွေရှိတဲ့ပုံပဲ.. သူ့ကိုကြည့်ရတာ တစ္ဆေတစ်ကောင်ကိုတောင် မလွှတ်ပေးနိုင်လောက်အောင်အ
ရမ်းရက်စက်ကြမ်းကြုတ်လွန်းတယ်..မကောင်းဆိုးဝါးတစ္ဆေက သူ့အဖေကိုသတ်ခဲ့တဲ့တစ်ယောက်
များဖြစ်နေလို့လား”
“ဟူး”
ထို့နောက် ရှစ်ကျင်းရွှိုက်သက်ပြင်ခပ်ဖျော့ဖျော့ချလိုက်သည်။ သူကသူ့နံဘေးနီသစ်သားနံရံကို မှီကာ အမှောင်ထုအတွင်းစိုက်ကြည့်နေပြီး ထိုနေရာမှ ဆက်လက်ထွက်ပေါ်လာ
နေဆဲဖြစ်သော တစ္ဆေတို့၏ အော်ဟစ်ငိုယိုသံများကိုနားထောင်နေသည်။ သူ့အားတိုက်ခိုက်လာမည့် မကောင်းဆိုးဝါးဝိညာဉ်များကို ဆန့်ကျင်တိုက်ခိုက်ရန်လည်းအမြဲ အသင့်ပြင်ထား၏။
“ငါတို့နှစ်ယောက်လုံးက သူတော်စင်နယ်ပယ်ကျင့်ကြံသူတွေပဲကို..
ဘာလို့သူနဲ့ယှဉ်လိုက်ရင် ငါက အသုံးမကျဘူးလို့ရုတ်တ
ရက်ကြီးခံစားရတာလဲ”
ရှစ်ဖုန့်၏မတုန်မလှုပ်ဖြစ်မှု၊ သူ၏ကိုယ်ပိုင်ပြဿနာနှင့် ရှစ်ဖုန့်ကသူ့အားနှစ်ကြိမ်ကယ်တင်ခဲ့သည်
တို့အားတွေးရင်း ရှစ်ကျင်းရွှိုက်တစ်ယောက် ရှစ်ဖုန့်နှင့်နှိုင်းယှဉ်ရာ၌ ရုတ်တရက် သူ့ကိုယ်သူယုံကြည်မှု အနည်းငယ်လျော့နည်းလာသည်။
ရှစ်ဖုန့်မှာမျက်နှာထက်၌ အေးစက်သောအပြုံးတစ်ခုကိုဆင်မြန်း၍ အမှောင်ထုအတွင်းပျံသန်းနေသည်။ သူ၏ ဝိညာဉ်စွမ်းအားအားအသက်သွင်း၍ အမှောင်ထုအတွင်းမှ မကောင်းဆိုးဝါးဝိညာဉ်များအား
ဆက်လက်ဝါးမျိုနေ၏။ သူ၏ ဝိညာဉ်စွမ်းအားအောက်တွင် မကောင်းဆိုးဝါးဝိညာဉ်များမှာ ပုန်းခိုစရာနေရာမရှိပေ။ အစက မကောင်းဆိုးဝါးဝိညာဉ်များမှာ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးပြေး
ဝင်လာကြဆဲဖြစ်သည်။ သို့သော်နောက်ဆုံး၌ အခြားသော မကောင်းဆိုးဝါးဝိညာဉ်များ တစ်ကောင်ပြီးတစ်ကောင်
ပျောက်ကွယ်သွားသည်ကိုတွေ့ရသောအခါတွင် နတ်ဆိုးတစ်ကောင်အားတွေ့လိုက်ရသကဲ့သို့သူတို့ထွက်ပြေးကြတော့သည်။
“အား..အား..ငါ့…ငါ့ကိုခွင့်လွှတ်ပါ”
သက်လတ်ပိုင်းအရွယ် မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်က ရှစ်ဖုန့်ချဉ်းကပ်လာသည်ကို
တွေ့ရသောအခါတွင် အလျှင်အမြန်ရှစ်ဖုန့်အားအသနားခံသည်။ သို့သော် သူ၏ခယတောင်းပန်မှုအားလုံးက အသုံးမဝင်ပေ။
မကြာခင်တွင် သူသည်ရှစ်ဖုန့်၏ဝိညာဉ်စွမ်း
အားကြောင့်ခြေမွဖျက်ဆီးခံလိုက်ရသည်။
“အား.အား..အား..ပြေး..မြန်မြန်ပြေးကြ..အား..အား”
ငယ်သံပါအောင်အော်ဟစ်သံများ ငိုကြွေးသံများအားကြားရသည်ဖြစ်သည်။
ယနေ့တွင် တစ္ဆေသင်္ဘောအတွင်းရှိ မကောင်းဆိုးဝါးဝိညာဉ်များမှာ ရှစ်ဖုန့်နှင့်မမျှော်လင့်ဘဲကြုံကြိုက်ရပြီး ယင်းက သူတို့အတွက်ကပ်ဘေး
ဒုက္ခတစ်ခုဖြစ်လာသည်။
သူတို့အိမ်မက်ဆိုးကြီးကလာနေ၏။
မကြာခင်တွင် ဤအလွှာရှိမကောင်းဆိုး
ဝါးဝိညာဉ်အားလုံး ရှစ်ဖုန့်၏သတ်ဖြတ်မှုအားခံလိုက်ရသည်။
ရှစ်ဖုန့်ကအမှောင်ထုထဲ၌ရပ်တန့်လိုက်ပြီး သူ၏ပတ်ဝန်းကျင်အားဂရုတစိုက် အာရုံခံလိုက်သည်။ နောက်ထပ်မကောင်းဆိုးဝါး
ဝိညာဉ်များမရှိတော့သည်ကိုတွေ့လိုက်ရသောအခါတွင် သူလာခဲ့သောရှစ်ကျင်းရွှိုက်ရှိရာနေရာသို့ ပျံသန်းသွားလိုက်သည်။
မကောင်းဆိုးဝါးဝိညာဉ်ရာ
ပေါင်းများစွာအား ဝါးမျိုပြီးနောက် ယခင်တိုက်ပွဲများ၌သူဝါးမျိုခဲ့သောဝိညာဉ်စွမ်းအားများဖြင့်ပေါင်းလိုက်လျှင် နောက်ဆုံး၌ ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားက အနည်းငယ်တိုးတက်သွားလာခဲ့သည်။
မူလက အဆင့်ခုနှစ်အစောပိုင်းသို့
ရောက်ရှိနေသောသူ၏ ဝိညာဉ်စွမ်းအားကအဆင့်ခုနှစ်
အလယ်အလတ်အဆင့်သို့ ရောက်ရှိလာသည်။
“အောက်ဘက်မှာ အလွှာအချို့ရှိနေသေးတယ်”
သူ၏ တိုးလာသော ဝိညာဉ်စွမ်းအားအားအာရုံခံပြီးနောက် ရှစ်ဖုန့်ကျသင်္ဘော၏ အောက်ဆုံးထပ်များရှိ မကောင်းဆိုးဝါးဝိညာဉ်များ
ကိုတွေးလိုက်သည်။ထိုနေရာရှိ မကောင်းဆိုးဝါးဝိညာဉ်များ
ကပိုမိုစွမ်းအားကြီးပြီး သူ၏ ဝိညာဉ်စွမ်းအားအား တိုးမြှင့်ရာ၌ပို၍အကူအညီ
ပေးနိုင်လောက်သည်ဟုယူဆရသည်ဖြစ်သည်။
မူလက လူအများက ရှောင်ကြဉ်ရာဟုသတ်မှတ်ထားကြသော တစ္ဆေသင်္ဘောမှာ ရှစ်ဖုန့်အတွက်မူ သူ၏ ဝိညာဉ်စွမ်းအား တိုးတက်ရန်အတွက် ကောင်းချီးပေးသောနေရာတစ်ခုဖြစ်လာသည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE