← Chapters

နင်ပဲ ကြည့်လို့ရတာနော်..တခြား ဘယ်သူမှ ကြည့်လိုမရဘူး..

Vol. 4 Ch. 47

နင်ပဲ ကြည့်လို့ရတာနော်..တခြား ဘယ်သူမှ ကြည့်လိုမရဘူး..

Vol. 4 Ch. 47

"ကောင်းပြီလေ ငါလည်း အိမ်ပြန် အ၀တ်စားလဲချင်နေတာနဲ့ အတော်ပဲ..ငါ့ကို ပါကင်ထိုးတဲ့ နေရာနားမှာ စောင့်နေလိုက် ..နာရီ၀က်အတွင်းးရောက်အောင်လာခဲ့မယ်...."

"အွန်း...."

လင်းရီ ‌ဖုန်းချပြီးနောက် ပန်းချီကားကို သူ့ကားထဲသို့ ထည့်လိုက်သည်။

ကဲ ချင်းရန်ကို သွားကြိုလိုက်ပါဦးမယ်လေ....

နာရီ၀က်အတွက်း လင်းရီ ချောင်ရန် အုပ်စု၏ မြေအောက် ကားပါကင် သို့ ရောက်ရှိလာပြီး

တစ်ချိန်တည်းတွင် ကျီချင်းရန်လည်း ဓာတ်လှေကားထဲမှာ ထွက်လာ၏။ ထို့နောက် နှစ်ယောက်သား ကျိုကျုံး ဗီလာသို့ မောင်းထွက်လာခဲ့ကြသည်။

ဗီလာ၌

"မြန်မြန် လုပ်.. နင့်လုပ်ပုံမျိုးနဲ့ဆိုရင် .ငါတို့ နောက်ကျတော့မယ်"ကျီချင်းရန် လောဆော်လိုက်သည်။

လင်းရီ အ၀တ်လဲခန်းထဲသို့ရောက်သောအခါ သူ့၀တ်စုံကို ထုတ်ယူလိုက်သည်။

သူ၀တ်တော့မည့်အချိန်တွင် ရေချိုးခန်းထဲမှ ရေများ ပြေးလွှားနေသည့် အသံကို ကြားလိုက်ရ၏။

"ဟမ် ရေချိုးသေးတာလားဟ...ဒါကြီးက နည်းနည်းလေး မပိုလွန်းဘူးလား..."

ကျီချင်းရန် ရေချိုးနေတာသိတော့ လင်းရီ အလျင်လိုမနေတော့ပဲ ၀တ်စုံနှင့် ရှပ်အင်္ကျီကို ၀တ်ဆင်ကာ သွားဖို့ ရယ်ဒီ လုပ်ထားလိုက်သည်။

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ကျီချင်းရန် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။

သူမ၏ စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်လေးကို တဘက်ဖြူတစ်ထည်ဖြင့် ပတ်ထားသော်လည်း ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကိုတော့ လုံလောက်အောင် မဖုံးဖိနိုင်ချေ။ ထို့ပြင် သူမ၏ ပခုံးပေါ်၌ ရေခိုးငွေ့များ ထွက်ပေါ်နေပြီး ရေစိုစို အမျိုးသမီး တစ်ဦး၏ လှပမှုမှာ သိင်္ဂါရ ရသ မြောက်လွန်းလှ၏။

"ခစ်ခစ်..နင်က ကိုယ်ပေါ်မှာ အင်္ကျီတွေ ချိတ်ထားသလိုကြီး ၀တ်စုံကို ၀တ်ထားတယ်ပေါ့...၀တ်စုံကို ဒီလို ၀တ်တဲ့သူမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး..."

"ငါလည်း တဘက်ကို ဒီလိုပုံစံ ပတ်ထားတဲ့သူကို မြင်ဖူးတာ ပထမဆုံးပဲ..."

"လူယုတ်မာကြီး..နင်ကတော့ ငါ့အပေါ် ဘယ်လို အခွင့်အရေး ယူရမလဲပဲ စဉ်းစားနေလိုက်..."

ကျီချင်းရန် လင်းရီထံ လမ်းလျှောက်လာပြီး "ခဏစောင့်..ငါနင့်ကို ပြန်ပြင်ပေးမယ်..."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် ကိုယ်ကိုကိုင်း၍ လင်းရီ ၏ ဘောင်းဘီကို ဆွဲကြပ်ပေးလိုက်သည်။

"အင်း..မဆိုးဘူး..ခုမှ ကြည့်ကောင်းသွားတော့တယ်..."

ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး သူမ၏ ဆံပင်ကို လေမှုတ်ကာ "ငါ့ကို ခဏလောက်စောင့်ဦးနော်...ငါခဏနေဆိုရင် ပြီးတော့မှာ..."

"‌ရတယ် အေးဆေးလုပ်..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး

"ဒါနဲ့ စကားမစပ် မင်းအဘိုးရဲ့ မွေးနေ့ပွဲက ဘယ်မှာ လုပ်တာ...."

"အဲ့တာက တုန်းထင်း ဗီလာမှာလေ .. မြို့စွန်နားလေးမှာ...နင်သိမှာပါ ဟ..."

"အင်း သိတယ်..ငါအရင်တုန်းက တစ်‌ခေါက်လောက် အဲ့ဘက် မောင်းဖူးသေးတယ်..."

၎င်းမှာ ဗီလာဖြစ်သော်လည်း ပထဝီ တည်နေရာကြောင့် တုန်းထင်းဗီလာ၏ ဈေးနှုန်းမှာ သိပ်မများလှပေ။ ကျီချင်းရန်၏ ယွင်ရွှေ ဗီလာလောက်ပင် ဈေးမရှိချေ။

တစ်ခုတည်းသော အားသာချက်မှာ ရှုခင်း ကောင်းခြင်းနှင့် ကိုယ်ပိုင်ခြံ အကျယ်ကြီး တစ်ခု ပါရှိခြင်းသာ ဖြစ်သည်။

ထိုနေရာမှာတော့ အသက်ကြီးပိုင်း ပင်စင်ယူသည့် သူများ အတွက်တော့ အကြိုက်တွေ့စေမည့် နေရာတစ်ခုဖြစ်၏။

လင်းရီ အောက်ထပ်တွင် စောင့်နေစဉ် ကျီချင်းရန်ကတော့ သူမ အခန်းသို့ ပြန်ကာ အ၀တ်စားလဲနေခဲ့သည်။

ထိုအချိန်တွင် လင်းရီ၏ ဖုန်းကို အမည်မသိသူ တစ်ဦးမှ ခေါ်ဆိုလာပြီး "ဟယ်လို...ဒါက မစ္စတာလင်းလား မသိဘူးရှင့်..."

ညင်သာသော အသံတစ်သံမှာ ဖုန်းတစ်ဖက်မှနေ၍ ထွက်လာခဲ့သည်။

"အင်း ကျွန်တော်ပါပဲ..."

"မစ္စတာလင်း ကျွန်မက ပီတက်ဇီလစ်ပီရဲ့ ဆိုင်ပိုင်ရှင်ပါ...လွန်ခဲ့တဲ့ သုံးရက်‌လောက်တုန်းက မစ္စတာလင်း မှာယူခဲ့တဲ့ ပီတက်ဖီလစ်ပီ ၁၇၅နှစ်မြောက် အထိမ်းအမှတ်နာရီက ဒီနေ့ ဆိုင်ရောက်လာပါပြီရှင့်..အဲ့တာ အခု ပို့ပေးမယ်ဆိုရင် လက်ခံဖို့ အဆင်ပြေလား မသိဘူး..."

"ငါအခု ကိစ္စရှိလို့ အပြင်သွားတော့မှာ မင်းတို့ ကျိုကျုံး ဗီလာကို သွားပို့လိုက်ပါ့လား..."

"မစ္စတာလင်း ပစ္စည်းက အရမ်းဈေးကြီးတော့ ကျွန်မတို့လည်း ပစ္စည်းကို ပိုင်ရှင်လက်ထဲ ထည့်ပေးမှ ရမှာမို့ပါ..ဒီတော့.... "

"အာ...အဲ့ဒါဆိုလည်း တုန်းထင်း ဗီလာကိုသာ လာခိုင်းလိုက်ကွာ...."

"သိပါပြီ မစ္စတာလင်း..."

ဖုန်းချပြီးနောက် လင်းရီ ဖုန်းဆက်ဆော့၍ ချိန်ဖြုန်းနေလိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် ကျီချင်းရန် သူမ၀ယ်လာခဲ့သော အီတလီ ဒီဇိုင်နာချုပ် ပွဲတက်၀တ်စုံကြီးကို ၀တ်ဆင်လာခဲ့ပြီး လည်ပင်းတွင်တော့ တလက်လက်တောက်ပနေသော စိန်လည်ဆွဲ တစ်ကုံးကို ၀တ်ဆင်ထား၏။

သို့သော်လည်း သူမ၏ တောင်ထိပ်များက စိန်လည်ဆွဲများထက်တောင် ဘလင်းဘလင်း ဖြစ်နေ၏။

လင်းရီ၏ စူးစူးရဲရဲ အကြည့်ကို သတိထားမိသောအခါ သူမ၏ ခြုံထည်အပါးလေးကို လင်းရီ ရှေ့တွင် ကာလိုက်ပြီး "ကြည့်ပဲ ကြည့်မနေနဲ့ ငါ့ကို ဇစ်ဆွဲပေးဦး..."

"ငါက ဘာလို့မင်းရဲ့ ပေါင်မုန့်ကြီးတွေက ၀တ်စုံထဲက နေ ခုန်ထွက်တော့မယ့် ပုံစံဖြစ်နေတာလဲလို့ စဉ်းစားနေတာ လက်စသတ်တော့ ဇစ်မဆွဲရသေးလို့ကိုး...."

"အဲ့နေရာ မကြည့်နဲ့ပေါ့...တခြားနေရာ ကြည့်လေ...."

"ငါလည်း မကြည့်ချင်ပါဘူး...ဒါပေမယ့် မင်းက အရမ်း ဆွဲဆောင်မှု ရှိလွန်းနေတာကိုးဟ..."

"ဟမ် နင်ဒီလို စကားလုံးလှလှလေးတွေ ပြောပြီး မိန်းကလေး ဘယ်နှစ်ယောက်လောက်ကို ချုပ်ထားပြီပြီလဲ..."

လင်းရီ သူမထံ ပြုံး၍ လျှောက်သွားလိုက်ပြီး ဇစ်တက်ပေးလိုက်သည်။ ထိုအခါ မို့မောက်နေသော တောင်ကုန်းကြီး နှစ်ခုမှာ အထဲ၌ လုံး၀ ပိတ်ထားခြင်းခံလိုက်ရ၏။

"ဟူး ခုမှပဲ မြင်ရတာ စိတ်သက်သာသွားတော့တယ်... "လင်းရီ ကျေနပ်အားရနေသည့် လေသံဖြင့် ပြောလိုက်သည်။

"ဘာလဲ နင်က နင်တစ်ယောက်တည်းပဲ ကြည့်မယ် တခြားသူကိုတော့ ပေးမကြည့်ဘူး ဆိုတဲ့ သဘောလား..."ကျီချင်းရန် ပြောရင်း လင်းရီ၏ ခါးကို ဆွဲစိတ်လိုက်သည်။

"တော်တယ်...ငါလည်း အဲ့လိုပဲ ပြောချင်နေတာ..."

"ဘာပဲပြောပြော နင်က အရမ်း လှနေတာကိုး..."

"သွားစို့..ငါ့ကို လာမြောက်မနေနဲ့..."

တခဏမျှကြာပြီးနောက် နှစ်ယောက်လုံး တုန်းထင်း ဗီလာသို့ မောင်းသွားလိုက်၏။

လင်းရီတို့ ရောက်ရှိသောအခါ ဗီလာမှာ တဖြည်းဖြည်း ဧည့်သည်များဖြင့် ပြည့်နှက်လာသည်။

ကျီမိသားစု၏ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အဆက်အသွယ်များနှင့် လက်ရှိ လူငယ်မျိုးဆက်တို့၏ အဆက်အသွယ်များ စုပေါင်းလိုက်သောအခါ ရောက်ရှိလာသည့် ဧည့်သည်များက

တကယ့်ကို မနည်းမနောပင်။

ခြံ၀န်းထဲတွင်တော့ မျက်စိအဖမ်းစားဆုံး လူပုဂ္ဂိုလ်မှာ ထန်ခေတ်မှ အင်္ကျီအနီရောင်၀တ်စုံကြီး ၀တ်ဆင်ထားပြီး ဗီလာ၀င်ပေါက်၀၌ ရပ်နေသော အဘိုးကြီးပင်။ ထိုအဘိုးကြီးမှာ တုတ်ကောက်နှင့် လမ်းလျှောက်နေရသော်လည်း ကျန်းကျန်းမာမာတော့ ရှိ၏။

အဘိုးကြီး၏ နာမည်မှ ကျီရုံချင်းဖြစ်ပြီး ယနေ့ ကျင်းပသော မွေးနေ့ပွဲ၏ မွေးနေ့ရှင်လည်း ဖြစ်သည်။

"ဘိုးဘိုး...အသက်ရှည်ပါစေ...အမြဲတမ်း ကံကောင်းပါစေလို့ ဒီမြေးက ဆုတောင်းပေးပါတယ်နော်..."

ဆုတောင်းပေးလိုက်သူကတော့ အဖြူရောင် ပွဲတက်၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးပင်။ ထို့ပြင် သူမ၏ လက်ထဲတွင်လည်း ရေနွေးကရား တစ်အိုးဖြင့် ကျီရုံချင်ကို ရေနွေးကြမ်း ငဲ့ပေးနေ၏။

လင်းရီ ရေနွေးကြမ်း ငဲ့ပေးနေသော အမျိုးသမီးကို လင်းရီ တစ်နေရာတွင် ရင်းနှီးနေ၏။ သူမ၏ အမည်မှာ ရန်ထျန်ရှင်းဖြစ်ပြီး တမြန်မနေ့က သူ့အား မကောင်းသည့် ရီဗျူး ပေးခဲ့သူ တစ်ယောက်ပင်။

သူမ၏ဘေးတွင်တော့ သက်လတ်ပိုင်းအရွယ် စုံတွဲနှင့် တစ်ဦးနှင့် လူငယ်တစ်ဦးလည်း ရှိနေ၏။

သက်လတ်ပိုင်း စုံတွဲ၏ နာမည်မှာ ဖုန်း (Feng)နှင့် အန်းရုံ ဖြစ်ပြီး ရန်ထျန်ရှင်း၏ မိဘနှစ်ပါးလည်း ဖြစ်သည်။

ကျန်ရှိနေသော လူငယ်၏ အမည်ကတော့ ကျန်းပင်းဟု ခေါ်ကာ အသက်သုံးဆယ် အရွယ်ရှိပြီး အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထား၏။ ထက်မြက်သည့်ပုံစံဖြင့် သူ၏ အရွယ်တွင် ဦးဆောင်နိုင်သောအောင်မြင်သည့် လုပ်ငန်းရှင် တစ်ယောက် အသွင် ရှိနေသည်။

"ဒီတိုင်း မွေးနေ့လေးကိုပဲကွာ ဘာလို့ အားလုံး လာနေကြတာလဲ..ဒီ အဘိုးကြီးကို စိတ်မကောင်းအောင် လုပ်နေကြတယ်ပေါ့..အထူးသဖြင့် မင်းပဲ ကျန်းပင်း ..ရန်ကျင်းကနေတောင် တကူးတကကြီး လာခဲ့တယ်ပေါ့...."

ရုံချင်ပီတိ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဘိုးဘိုး ကျန်းပင်းရဲ့ စီးပွားရေးလုပ်ငန်းတွေက ရန်ကျင်းမှာ အခြေကျနေပြီလေ...သူပြောတာကတော့ အလုပ်ကြိုးစားပြီ ကျိုးဟိုင်ရဲ့ စီးပွားရေး ဈေးကွက်ကိုပါ လွှမ်းမိုးပစ်မယ်တဲ့...."ရန်ထျန်ရှင်း ဂုဏ်ယူစွာ ပြောပြလိုက်သည်။

"အိုး...ကောင်းတာပေါ့..."ကျီရုံချင်း ပြောလိုက်ပြီး "ရန်ကျင်းနဲ့ ကျိုးဟိုင်က တ-ရုတ်ပြည်ရဲ့ အချမ်းသာဆုံး မြို့ကြီးတွေပဲ..မင်းသာ တကယ်ကြီး ဈေးကွက်နှစ်ခုလုံးကိုသာ လက်ဝါးကြီး အုပ်နိုင်မယ်ဆိုရင်တော့ အရမ်းမိုက်မှာ...."

"ချီးကျူးလွန်းနေပါပြီ ဘိုးဘိုး..ဒီမြေးက အဲ့လောက်လဲ မဟုတ်ပါဘူးခင်ဗျ..."

ရန်ဖုန်းနှင့် ကျီအန်းရုံ တို့ကတော့ ဘေးတွင် အပြုံးလေးဖြင့် ရပ်နေပြီး သိသာစွာပင် သူတို့၏ အနာဂတ် သားမက်လေးကို လွန်စွာ ကျေနပ်နေကြသည်။

ဖူကျန်းပင်းမှာ ကျိုးဟိုင်တွင် အသာထား တ-ရုတ်ပြည်၏ စီးပွားရေး ပါရမီရှင်ဟုပင် ခေါ်ထိုက်ပေသည်။

"အဘိုးကြီးကျီ..မင်းရဲ့ မြေးသမက်လေးကတော့ အံ့ဩစရာပဲဟေ့..."ခေါင်းတစ်၀က်လောက် ဆံပင်ဖြူနေသော အဘိုးကြီး တစ်ဦးမှ လျှောက်လာပြီး ပြောလိုက်၏။

"ဒီနေ့ လာသမျှ လူတွေထဲမှာတော့ မင့်မြေးသမက်ရဲ့ကားက တန်ဖိုး အမြင့်ဆုံးပဲကွ ပြီးတော့ ရုပ်ရည်လေးက ပြေပြေပြစ်ပြစ်နဲ့ ..သေချာပေါက်ကို တောက်ပတဲ့ အနာဂတ်ရှိတယ် ..တစ်နေ့ ငါအကူအညီ လိုရင်တော့ လူလေး မင်းဒီအဘိုးကြီးကို မမေ့နဲ့နော်.."

"အဘိုးလျိုက ယဉ်ကျေးလွန်းနေပါပြီ...မြေးရဲ့ အဘိုးနဲ့ ဆက်ဆံရေးကြောင့် တကယ်လို့ အဘိုးလျိုသာ ပြဿတာတစ်စုံတစ်ရာ ရှိခဲ့ဘို့ရှိရင် ကျွန်မကိုသာ ပြောလိုက်ပါ..သေချာပေါက် ‌ကူညီပေးမှာပါရှင့်..."ရန်ထျန်ရှင်းမှ လိုက်လိုက်လှဲလှဲ ပြောဆိုလိုက်သည်။

"ဒါဆိုရင်တော့ ကြိုပြီး ကျေးဇူးတင်ပါရစေကွယ်..."

"အဘိုးကြီးကျီကို ကြည့်စမ်းပါဦးကွာ...သူ့‌မှာ မြေးမကောင်းကောင်းလေး တစ်ယောက် ရှိထားတာပဲ...သူ့ကို ဘယ်လို ဂုဏ်ယူရအောင် လုပ်ပေးရမလဲဆိုတာ တကယ်နားလည်တယ်..."

နောက်ထပ် အဘိုးကြီး တစ်ဦးမှ မှတ်ချက်ချလိုက်၏။

လူတိုင်းက ချီးမြောက်နေကြသောအခါ ရန်ထျန်ရှင်း၏ မျက်နှာမှာ ပြုံးဖီးနေပြီး

အတိုင်းအဆမဲ့ သာ ကျေနပ်နှစ်သက်မှုများ သူမရင်ထဲတွင် ပေါက်ဖွား‌လာတော့သည်။

လူတိုင်း၏ အာရုံမှာ သူတို့၏ သမီးနှင့် သားမက်ဆီ ရောက်နေသည်ကို မြင်သောအခါ ရန်ဖုန်းနှင့် ကျီ‌အန်းရုံမှာ ဂုဏ်ဆာသွားပြီး ကျီအန်းထိုင်ကို ပြုံးပြကာ...

"အန်းထိုင် ချင်းရန်က ဘာလို့ ရောက်မလာသေးတာလဲ...ကြည့်းမ်းပါဦး ဘယ်အချိန်တောင် ရှိနေပြီလဲလို့..."ကျီအန်းရုံ ပြောလိုက်သည်။

"ငါသူ့ကို ဖုန်းခေါ်ထားတယ်..ခုလမ်းမှာ ရောက်နေပြီတဲ့..."ကျီအန်းထိုင်မှ ပြောလိုက်၏။

"ငါကြားတာတော့ ချင်းရန်က ကောင်လေးရနေပြီဆို..ဒီတော့ သူကော ဒီည လာမှာ လားတဲ့..."

"အင်း..သူတို့အတူ လာကြမှာလို့တော့ ပြောတာပါပဲ..."

"ချင်းရန်က သူကောင်လေးရသွားတာတောင် ငါ့ကို မပြောဘူးပေါ့...သူအခု အိမ်မှာ ဘာတွေ လုပ်နေတာ..."

ကျီရုံချင်း မေးလိုက်၏။

"သူတို့ ရင်းနှီးတာတောင် သိပ်မကြာသေး‌တော့ သားလည်း အသေးစိတ်တော့ သေချာ မသိဘူး..ဒါပေမယ့် ကောင်လေးရဲ့ အနေအထားကလည်း တကယ်မဆိုးဘူး..ဥစ္စာပေါရုပ်ချောလေး ..ပြီးတော့ အဘိုးမြေး ချင်းရန်နဲ့ဆိုရင် နတ်ဖက်တဲ့ စုံတွဲလိုပဲ..."ကျီအန်းထိုင် ဂုဏ်ယူစွာ ပြောလိုက်သည်။

"သူတို့ လိုက်ဖက်ရင် ပြီးတာပါပဲလေ..."ကျီရုံချင်း အပြုံးလေးဖြင့် ပြောလိုက်၏။

"ခု သူတို့နှစ်ယောက်ကလည်း အတူနေနေကြပြီဆိုတော့ ငါလည်း စိတ်အေးသွားပါပြီလေ..."

ကျီအန်းရုံ နှင့် သူ့အမျိုးသားကတော့ စိတ်ထဲပင် မထည့်ပေ။

သူ့သမီးရဲ့ ကောင်လေးက ဘယ်လောက်ကောင်းကောင်း ကျန်းပင်းနဲ့ ယှဉ်နိုင်မှာလားတဲ့....

ထိုအခိုက်အတန့်တွင် ရန်ထျန်ရှင်း ဖူကျန်းပင်း၏ အင်္ကျီစကို ဆွဲကာ တီးတိုးလေး ပြောလိုက်သည်။

"ကျွန်မရဲ့ ညီမ၀မ်းကွဲ သူ့ကောင်လေးနဲ့ လာတဲ့ အချိန်ကျရင် ကောင်းကောင်းနေပြီး ကျွန်မကို အရှက်မကွဲစေနဲ့နော်...ကျွန်မက ငယ်ငယ်လေးကတည်းကနေ သူ့ရဲ့ တောက်ပမှုအောက်မှာပဲ ကြီးပြင်းလာခဲ့ရတာ...ဒီနေ့ တောက်ပမယ့် အခွင့်အရေး ရမရကတော့ ရှင့် အပေါ်မှာပဲ မူတည်နေတာနော်...."

"ထျန်းရှင်း မင်းကလည်း ဘာလို့ စောကြီးကတည်းက ကြိုမပြောတာ..ငါသာ ကြိုသိရင် ၆ မီလီယမ်လောက်တန်‌ကြေးရှိတဲ့ ဘန်ထလေ အသစ်၀ယ်ထားတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရှိတယ်လေ..အဲ့ဒါ သူ့ကားကို ကိုငှားခဲ့မှာပေါ့ကွ.."ဖူကျန်းပင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

"ကိစ္စမရှိဘူး..ရှင့်ရဲ့ လမ်ဘိုဂီနီလေးကလည်း မဆိုးပါဘူး...ဘာပဲဆိုဆို အဲ့တာက ၄သန်းကျော်လောက် တန်ကြေးရှိတယ်လေ..."

ဘွန်း ဘွန်း ဘွန်း...

ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ကားအင်ဂျင်သံကြီး ပေါ်ထွက်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားတော့၏။

ငွေရောင် စူပါကားတစ်စီး ဗီလာအ၀င်၀သို့ ထိုးရပ်လိုက်သည်ကို မြင်သောအခါ ဆွံ့အသွားကြတော့သည်။

"ဘုရားရေ..အဲ့တာက သန်း၂၀ကျော်တန်တဲ့ ပန်ဂနီ ဇွန်ဒါကြီးဟ ...တ-ရုတ်ပြည် တစ်ခုလုံးမှာတောင် လက်ချိုးရေလို့ရလောက်တဲ့ လူတွေပဲ စီးနိုင်တာ...."

"ဘယ်လိုဘောစိကများ ခုလို ဇိမ်ခံကားကြီး မောင်းလာပါလိမ့်နော်...."

All Chapters