← Chapters

ပစ္စည်း ရောက်လိုက်ပါပြီ...ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦးရှင့်

Vol. 4 Ch. 48

ပစ္စည်း ရောက်လိုက်ပါပြီ...ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦးရှင့်

Vol. 4 Ch. 48

ကျီမိသားစုမှာ ကျိုးဟိုင်တွင် အလယ်အလတ်တန်းစား မိသားစု တစ်ခုအဖြစ် သတ်မှတ်၍ ရသောကြောင့် ဧည့်သည်များအားလုံးမှာ ထိပ်တန်းအဆင့် ဇိမ်ခံကားကြီးကဲ့သို့ ပန်ဂနီဇွန်ဒါစီးနိုင်‌သော ဧည့်သည်ကို ဖိတ်ခေါ်နိုင်သောကြောင့် အံ့ဩနေကြခြင်းပင်။

ဇင်ယော်ငှက်တောင်ပံ ဖြန့်ကားသကဲ့သို့ ကားတံခါးများ ပွင့်လာပြီး ကျီချင်းရန် နှင့် လင်းရီတို့ ကားတံခါး တစ်ဖက်စီမှ အသီးသီး ထွက်လာကြသည်။

ဧည့်သည်များအားလုံး ကျီချင်းရန်ကို မြင်သောအခါ အံ့အားသင့်သွားကြ၏။

"အဲ့တာက ကျီမိသားစုရဲ့ သခင်မလေး မဟုတ်လား..."

"လှရက်နိုင်လိုက်တာကွ..ကောင်းကင်ပေါ်က နတ်သမီးလေး ကျနေတာပဲ..."

"ဒီတော့ ကားကလည်း သူ့ကောင်လေးရဲ့ ကားနေမှာပေါ့... ရက်စက်လှချည်လားဟ..."

"မင်းကလည်း ကျီမိသားစု သခင်မလေးရဲ့ ရုပ်ရည်နဲ့ အရည်အချင်းတွေအရဆိုရင် ဒီလို ရည်းစားမျိုး ရှိတာ ပုံမှန်ပဲလေကွာ..."

လူတိုင်း၏ အာရုံမှာ ကျီချင်းရန်ထံ၌ ကျရောက်လို့နေ၏။

ရန် စုံတွဲကတော့ ယခုအခါ မျက်နှာ သိပ်မလှတော့ချေ။ သူတို့၏ မျက်နှာမှာ ယခင်က ပြုံးဖြီးနေကြသော်လည်း ယခုတော့ ကျောက်တုံးကဲ့သို့ အေးစက် သွားတော့သည်။

ထျန်းရှင်း၏ အမူအရာများကတော့ လင်းရီကို မြင်သောအခါ စိတ်ရှုပ်ထွေးသွား၏။

ဟမ် ဒီလူနဲ့ ဒီကားကို တစ်နေရာရာ မှာတော့ မြင်ဖူးပါတယ်..ဒါပေမယ့် ဘယ်နေရာမှာ မြင်ဖူးပါလိမ့်....

ထျန်းရှင်း ရုတ်တရက် သူမ မနေ့က စီးခဲ့သော ဒရိုင်ဘာကို မှတ်မိသွားသည်။ ထို့ပြင် ထို ဒရိုင်ဘာကလည်း သူမရှေ့ရှိ လူနှင့် တစ်ထေရာတည်းပင်။

ဟားဟား....

ချင်းရန်.. ချင်းရန် နင်ကတကယ်ကြီး Didiမောင်းတဲ့ကောင်ကို ရည်းစား တော်ထားတယ်ပေါ့....နင်က တစ်ခုခုတော့ တစ်ခုခုပဲ...

ထိုအတွေးပေါ်လာသောအခါ သူမ၏ အမူအရာမှာ ရုတ်ချည်း ပျော်ရွင်သွားတော့၏။

ကားထဲမှ ထွက်ခွာပြီးနောက် ကျီချင်းရန် လင်းရီ၏ လက်မောင်းကို ချိတ်ကာ ဗီလာခြံ၀န်းထဲသို့ ၀င်လာခဲ့သည်။

"ဘိုးဘိုး..သမီးတို့ နောက်ကျသွားတယ်‌..

ကျီချင်းရန် ရှက်သွေးဖြန်းလျက် ပြောလိုက်၏။

"ဟားဟား..ဘာမှ မဖြစ်ပါဘူးကွယ်..မြေးလေးတို့ အလုပ်တွေ ပစ်ပြီး လာတာကိုပဲ ဒီအဘိုးကြီးက ၀မ်းသာလှပြီ...."

ထို့နောက် ကျီရုံချင်း၏ အကြည့်များက လင်းရီ ပေါ် ကျရောက်သွားပြီး

"မြေးလေး..ဒါက အဘိုးမြေးလေး ကောင်လေးတစ်ယောက်ကို အိမ်ခေါ်လာတာ ပထမဆုံးပဲ...ဘိုးဘိုးကို မိတ်ဆက်မပေးတော့ဘူးလား..."

"ဒါ...."

ကျီချင်းရန် မည်သို့ စတင် မိတ်ဆက် ပေးရမည်ကို မသိ ဖြစ်နေသည်။

သူမ လင်းရီ အကြောင်းလည်း တစ်ခါမှ မမေးဖူးချေ။

ထိုအကောင်ပြောသည်ကတော့ သူက Didi ဒရိုင်ဘာဆိုပင်။ သို့သော်လည်း ဧည့်သည်များနှင့် သူ့အဘိုးရှေ့တွင်တော့ သူမ ချစ်သူကောင်လေးမှာ Didမောင်းပါတယ်လို့ ပြော၍ မသင့်လျော်‌ပေ။

"ဟားဟား...ချင်းရန် နင်ဘယ်လိုပြောရမလဲဆိုတာ မသိတော့ဘူးမလား..."ထျန်းရှင်း ရယ်မော၍ ပြောဆိုလိုက်သည်။

"တကယ်လို့ နင်ဘယ်လို မိတ်ဆက်ပေးရမလဲဆိုတာမသိရင်လည်း ငါကူညီပေးမယ်လေ...."

လင်းရီ ထျန်းရှင်းကို မြင်သောအခါ အံ့ဩသွားသည်။

ဒါငါ မနေ့တုန်းက လိုက်ပို့ပေးခဲ့တဲ့ ခရီးသည်မဟုတ်လားဟ....

ပြီးတော့ ငါ့ကိုတောင် မကောင်းတဲ့ ရီဗျူး ပေးလိုက်သေးတယ်မလား....

"လင်းရီ......"ကျီချင်းရန် ခေတ္တ ရပ်တန့်လိုက်ပြီး "နင်က လင်းရီကို သိတယ်ပေါ့..."

"သိတယ်ကြီးတော့ မဟုတ်ပါဘူး...ငါတို့ တစ်ခါလောက် ဆုံဖူးရုံလေးတင်ပါ..."

ထျန်းရှင်း သူမရင်ဘက်ရှေ့တွင် လက်ပိုက်၍ ပြောဆိုလိုက်သည်။

"ဘိုးဘိုး..သမီးပြောပြမယ်..ဒီကောင်က ဘာမှ ချမ်းသာတဲ့ကောင် မဟုတ်ဘူး..ဒီတိုင်း Didiမောင်းတဲ့ကောင်"

"ဘာ...သူက Didi ဒရိုင်ဘာ...."

ကျီရုံချင်း သာမက ရောက်ရှိနေကြသည့် ဧည့်သည်များ အားလုံးပင် အံ့အားသင့်သွားကြသည်။

ကျီချင်းရန်ရဲ့ အရည်အချင်းနဲ့ ဆိုရင် Didi ဒရိုင်နဲ့ ငြိစွန်းဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....

"အမှန်ပဲ..."ထျန်းရှင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

"ပြောရမယ်ဆိုရင်‌တော့ တော်တော်လေးကို တိုက်ဆိုင်သွားတယ်လို့ ပြောရမှာပဲ...မနေ့တုန်းက ကျွန်မ ဈေး၀ယ်သွားတုန်းက ကားမယူမိသွားဘူးလေ...အဲ့တာနဲ့ပဲ ကားငှားလိုက်တယ်...နောက်ပြီးတော့ ဘာဖြစ်မယ်ထင်လဲ.မှန်းကြည့်လိုက်..သူက ကျွန်မကို မကြားဝံ့မနာသာတွေ လုပ်ဖို့တောင် ကြံစည်လိုက်သေးတယ်..."

"ဟမ်...ဒီလိုတွေတောင် ဖြစ်ခဲ့တာလားကွ..."ကျီရုံချင်း၏ မျက်နှာ ရုတ်ချည်း မည်းမှောင်သွား၏။

သူ လင်းရီ ဘာကောင်လဲ ဆိုတာ ဂရုမစိုက်ပေ။သို့ပေတည်း သကောင့်သားက သူ၏ အချစ်ဆုံး မြေးမလေး‌ကိုတောင် လိမ်ညာခဲ့၏။ ထိုကိစ္စကိုတော့ သူလုံး၀ သည်းမခံနိုင်ချေ။

"နင်ဘာ မဟုတ်တာတွေ လျှောက်ပြောနေတာလဲ.."ကျီချင်းရန် ပြောလိုက်သည်။

"ဒီကားက လင်းရီရဲ့ကားပဲ...သူ့ဘာသူ အလုပ်အတွေ့အကြုံ ရချင်လို့ Didi မောင်းနေတာ ဘာဖြစ်နေလို့လဲ...."

"ချင်းရန်..နင်အပြင်လောကနဲ့ ဆက်ဆံနေတာလည်း နှစ်ပေါင်းမနည်းတော့ဘူး...ဒါတောင် နင်က ခုထိ ရိုးအ နေတုန်းပဲလား..."ထျန်းရှင်း သနားနေသည့်ဟန်ဖြင့် ခေါင်းရမ်း ပြောဆိုလိုက်သည်။

"နင်စဉ်းစား ကြည့်ကြည့် ကျိုးဟိုင်က ဘယ်မျိုးဆက် သခင်လေးတွေက Did ‌မောင်းတာ ကြားဖူးလို့လဲ...ဘ၀အတွေ့အကြုံခံစားဖို့ Didi မောင်းတယ်ဆိုတာ ၀တ္တုဆန်လွန်းတယ်..."

"တကယ်လို့ နင်က လင်းရီကို တကယ်ကြီး Didi ဒရိုင်ဘာလို့ ထင်နေတယ်ဆိုရင်လည်း ဒီကားကိုကျတော့ကော ..ဘယ်လိုရှင်းမလဲ..."

ထျန်းရှင်း သူမလက်ကို ဖြန့်ကားလိုက်ပြီး "နင်က ဖြေရှင်းချက်လိုချင်နေတယ်ဆိုရင်တော့ နင့်ရဲ့ ခဲအိုကို ပြောပြခိုင်းလိုက်"

"သူ့ကိုလား...."

"နင့်ရဲ့ ခဲအိုက ရန်ကျင်းမှာ Didiရဲ့ အထူးကိုယ်စား

လှယ်လေ...သူနင့်ကို အားလုံး ရှင်းပြပေးလိမ့်မယ်..."

လင်းရီ အနည်းငယ် အံ့အားသင့်သွားသည်။ သူဒီလူကို Didi၏ ကိုယ်စားလှယ် ဖြစ်လိမ့်မည်လို့ ထင်မှတ်မထားပေ။

အဲ့လိုဆိုတော့ သူက ငါ့လက်အောက်ခံပေါ့...

လူတိုင်း၏ အကြည့်အောက်တွင် ဖူကျန်းပင်း မတ်တပ်ရပ်လိုက်သည်။

"ကျွန်တော်တို့ အရင်လကနေစပြီးတော့ ၁မီလီယမ် ကနေ ၁၀ မီလီယမ် အထိ တန်ကြေးရှိတဲ့ Didiရဲ့ ဇိမ်ခံကား ၀န်ဆောင်မှုကြိ စတင်ခဲ့တယ်..ပိုပြီး အဆင့်မြင့်တဲ့ ဈေးကွက်ဆီ ချီတက်ဖို့ပေါ့ဗျာ..ဟောဒီက မစ္စတာလင်းကလည်း ဇိမ်ခံကား ၀န်ဆောင်မှုကို မောင်းတဲ့ Didi ဒရိုင်ဘာပဲ ဖြစ်ရမယ်..."ဖူကျန်းပင်း သူ၏ မျက်မှန်ကို တစ်ချက် တွန်းတင်လိုက်ပြီး

"ဒါပေမယ့် သူက Didiရဲ့ ပြိုင်ကားတွေကို ဗန်းပြပြီး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူး...ကျုပ်ဒီကိစ္စကို ဌာနချုပ်ဆီ သေချာ တင်ပြပေးပ့ါမယ်..."

"ဒီတော့ ဒီလို တွေ ဖြစ်ခဲ့တာပေါ့...."

လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း သိသွားကြပြီးနောက် လူတိုင်းက လင်းရီကို ရွံ့ရှာစက်ဆုပ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ဒီခေတ်မှာ ကလိမ်ကကျစ်ကောင်တွေကတော့ ပေါသောနေတာပဲ..သူတို့ ဘယ်လို ဦးနှောက်နဲ့များ ဒီလိုတွေ လုပ်ကြလဲ မသိဘူး..."

"အေးဆိုကွာ...ငါဖြင့် ကျီမိသားစုရဲ့ သခင်မလေးတောင် လှည့်ဖျားခံလိုက်ရလိမ့်မယ်လို့ မထင်ထားဘူး..."

ကျီအန်းထိုင် အရှက်ရသွားပြီး "သမီး..ဘာတွေ ဖြစ်နေတာတုန်းဟ..."

"အဖေ..သမီးရှင်းပြမယ် လင်းရီက လုံး၀ ကလိမ်ကျစ်ကျတဲ့ကောင် မဟုတ်ဘူး..."

ထျန်ရှင်း ပြုံးလိုက်ပြီး "ချင်းရန် ဘာမှ ရှင်းပြစရာမလိုဘူး...ငါက သက်သေမရှိပဲ ဘယ်လိုလုပ် ပြောမှာ မယုံရင် သူ့ဖုန်းကို စစ်ကြည့်လိုက်..သူDidiမှာ သေချာပေါက် မှတ်ပုံတင်ထားလိမ့်မယ်..."

"ဒီတော့ ငါDidiမောင်းတော့ကော ဘာဖြစ်နေလို့လဲ...ဥ‌ပဒေကို ဆန့်ကျင်နေလို့လား..."

လင်းရီ မေးလိုက်သည်။

"သေချာပေါက် ဘယ်ဟုတ်မှာ..."ထျန်းရှင်းပြောလိုက်ပြီး

"ဒါပေမယ့် လူတွေကို လှည့်ဖျားတာတော့ တရားမ၀င်ဘူးလေ..ပြီးတော့နင်.. ချင်းရန် နာမည်ကြီးတဲ့ကျောင်းကနေ ဘွဲ့ရပြီး အပြင်လောကမှာ အတွေ့အကြုံ ရင့်ကျက်နေတာတောင်မှ နင်ဘယ်လိုလုပ် သူ့ရဲ့ လှည့်ကွက်တွေထဲ ကျရောက်သွားရတာလဲ...ကျွတ်ကျွတ် ဒါ ကျီမိသားစုရဲ့ မျက်နှာကိုအိုးမည်း သုတ်လိုက်တာပဲ..."

"ငါနင့်ကို ရှင်းပြပြီးပြီပဲ လင်းရီက အဲ့‌လိုလူမျိုး မဟုတ်ပါဘူးဆို..ယုံတာ မယုံတာကတော့ နင့်သဘောပဲ..."

"ရပြီ ချင်းရန် မြေးဘာမှ ၀င်မပြောနဲ့တော့..."ကျီရုံချင်း လက်ကာပြလိုက်သည်။

"မြန်မြန် သူ့ကို မောင်း‌ထုတ်လိုက်‌တော့ကွာ ငါသူ့ကို ဒီနေရာမှာ မမြင်ချင်တော့ဘူး..."

ကျီရုံချင်းက ပွင့်ပွင့်လင်းလင်းရှိသည့်လူပင်။ အဆင့်အတန်း နိမ့်သည် မြင့်သူကို ဂရုမစိုက်သော်လည်း သူ၏ မြေးဖြစ်သူ လိမ်ခံနေရသည်ကိုတော့ မကြည့်ရက်ပေ။

ခရီခ်...

ထိုအချိန်တွင် ကားဘရိတ်သံကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး လူတိုင်း အနက်ရောင်ဗော့ခ်ဆွာဂန် ဆီဒန် တစ်စီး ဗီလာအ၀င်၀၌ ထိုးရပ်လိုက်သည်ကို မြင်လိုက်ရသည် ။

ထိုစဉ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ကားထဲမှ ထွက်လာကြ၏။ နှစ်ယောက်လုံး ၀တ်စုံပြည့် ၀တ်ဆင်ထားသော်လည်း ဈေးကြီးသည့် ဘရန်းမျိုးထက် ယူနီဖောင်းနှင့် ပိုမိုဆင်တူသည်။

"ဘယ်သူ‌ တွေလဲဟ..ကြွက်စုတ်တွေလို ၀တ်ပြီးတော့ ပွဲလာတက်တယ်တဲ့...."

"မေးပါရစေ..ဒီမှာ မစ္စတာလင်း ရှိပါသလားခင်ဗျ..."

"အိုး..ကျုပ်ဒီမှာ..."

လင်းရီ သူ့နာမည် ခေါ်လိုက်သည့် အမျိုးသမီးကို ကောင်းကောင်းကြီး မှတ်မိနေသေး၏။ ပီတက်ခ်ဖီလစ်ပီ စတိုးဆိုင်၏ ပိုင်ရှင်ပင်။ သူမ၏ မျက်နှာကို ကောင်းစွာ မမှတ်မိသော်လည်း အသံကိုတော့ ရင်းနှီးနေသည်။

လူအုပ်ထဲရှိ လင်းရီကို မြင်သောအခါ အမျိုးသမီးမှာ သူမ လက်ထဲရှိ အနက်ရောင် သေတ္တာလေးကို ပွေ့ကာ လျင်မြန်စွာ ပြေးသွားလိုက်ပြီး

"မစ္စတာလင်း ကျွန်မ နောက်ထပ်တစ်ခေါက်လောက် ထပ်မိတ်ဆက်ပေးပါရစေ။ ကျွန်မက တိုင်းစကွဲ့ ပီတက်ဖီလစ်ပီရဲ့ စတိုးဆိုင် မန်နေဂျာ ပါ...ဒါက မစ္စတာလင်း ၀ယ်ယူထားတဲ့ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီပါရှင့် ကျေးဇူးပြုပြီး လက်မှတ်လေး ထိုးပေးပါဦး...."

All Chapters