← Chapters

နင်ငါ့ကို ညာစရာ မလိုတော့ဘူး..

Vol. 4 Ch. 49

နင်ငါ့ကို ညာစရာ မလိုတော့ဘူး..

Vol. 4 Ch. 49

"အိုကေလေ..."

လင်းရီ ဖောင်တိန်ယူလိုက်ပြီး စာရွက်ပေါ်တွင် သူ့နာမည်ကို ရေးထိုးလိုက်၏။

လက်မှတ်ထိုးပြီးနောက် အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှာ သူမလက်ထဲရှိ သေတ္တာလေး၏ လျို့ဝှက်နံပါတ်ကို နှိပ်ကာ ဖွင့်လိုက်သည်။ အထဲတွင်တော့ အရမ်းကို ထူးခြားလှပသော လက်ဆောင်ပုံးလေးတစ်ခု ရှိ‌‌နေပြီး မြင်လိုက်သည်နှင့် အထက်တန်းကျသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေ၏။

လက်ဆောင်ပုံးလေးကို ဖွင့်လိုက်သောအခါ တောက်ပနေသော လက်ပတ်နာရီ တစ်လုံးမှာမှာ လူတိုင်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

"ဒါ..ဒါက တကယ်ကြီး ပီတက်ခ်ဖီလစ်ပီရဲ့ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်နာရီပဲကွ...."

လက်ပတ်နာရီတွင် စီခြယ်ထားသော စိန်ပွင့်များကို မြင်သောအခါ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့၏။

"ငါသိသလောက်ဆိုရင်တော့ ဒီနာရီရဲ့ တန်ဖိုးက ၁၇.၅ သန်းပါဟ...ဘယ်လိုလုပ် ဒီနေရာမှာ ပေါ်လာပါလိမ့်..."ဖူကျန်းပင်း အလွန်အမင်း ရှော့ခ်ရနေသည့် အသံဖြင့် ပြောမိလိုက်သည်။

"လူကြီးမင်း ဒါက ဒီလိုပါ..လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက မစ္စတာလင်းက ၁၇.၅ မီလီယမ် သုံးပြီးတော့ ကျွန်မတို့ဆိုင်ရဲ့ အထိမ်းအမှတ်နာရီကို ၀ယ်ယူခဲ့တာပါ..ဒါပေမယ့် နာရီ အစစ်ကိုကျ ရုံးချုပ်မှာ ပဲ သိမ်းထားတာကြောင့် အခုမှ လာပို့ပေးနိုင်တာပါရှင့်...."

"သောက်ကျိုးနည်း...သူတကယ်ကြီး နာရီ တစ်လုံး၀ယ်ဖို့ ၁၇.၅ သန်းလောက် ဖြုန်းပစ်လိုက်တယ်ပေါ့....."

ရန်ထျန်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

ငါတကယ်ကြီး အထင်လွဲနေခဲ့တာလား....

သူက တကယ်ပဲ ဘ၀အတွေ့ကြုံခံစားဖို့ တက္ကစီမောင်းနေတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးလား.....

တစ်ချိန်တည်းတွင် ရောက်ရှိနေကြသည့် ဧည့်သည်များ အားလုံးလည်း ကြက်‌ေ-သ‌ေ-သသွားကြသည်။

တစ်ခုခုတော့ လွဲနေပြီ ..

ဒါပေမယ့် စတိုးဆိုင် မန်နေဂျာကိုယ်တိုင် ပစ္စည်းကို လာပို့ပေးမှတော့ လူမှားတာ မဖြစ်နိုင်လောက်ဘူး

သူသေချာပေါက် နာရီ၀ယ်ခဲ့တာပဲ ဖြစ်ရမယ်...

နာရီ တစ်လုံး၀ယ် ဖို့ ၁၇.၅ မီလီယမ် သုံးလိုက်တာက ကား၀ယ်ဖို့ ၂၀ မီလီယမ် သုံးလိုက်တာထက်တောင် ပိုပြီး လက်ဖွာနေသေးတယ်...

ဒါဆို ဟိုနားမှာ ရပ်ထားတဲ့ ပန်ဂနီကလည်း သူ့ဟာပဲပေါ့

"ကောင်းပြီလေ..မင်းတို့ လာရင်း ကိစ္စပြီးပြီဆိုမှတော့ ပြန်လို့ရပြီ...."လင်းရီ သူ၏ လက်ကို ဝှေ့ယမ်း၍ ပြောလိုက်၏။

"ဟုတ်ကဲ့ ကျွန်မတို့ လူကြီးမင်းကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူးနော်..."

ထို့နောက် နှစ်ယောက်လုံး ကားမောင်း ထွက်သွားကြတော့၏။

ကျီချင်းရန် အသက်ပြင်းပြင်း ရှိုက်လိုက်မိသည်။

လင်းရီ ဗီလာကိုးခုကို တစ်ပြိုင်တည်း ၀ယ်ယူလိုက်တည်းက သူမ လင်းရီ၏ အမူအကျင့်ကို နေသားကျပြီးဖြစ်၏။

လင်းရီ နာရီကို လက်နှင့် မကြည့်လိုက်သောအခါ နာရီ၏ အလေးချန်မှာ အရမ်းလေး မလေးလှပဲ သက်တောင့်သက်သာ ရှိလှ၏။

"အဘိုးကြီးကျီ မင်းမြေးမလေးတွေကတော့ အံ့ဖွယ်ပဲဟေ့ သူက ဒီလောက်ကောင်းတဲ့ သားမက်ကို ရှာတွေ့ထားမှတော့ မင်းတို့ ကျီမိသားစုက အနာဂတ်မှာ ဒီထက် မြင့်မားဖို့ပဲ ရှိတော့တယ်..."

"ငါသိပြီးသား .မစ်ကျီရဲ့ အစွမ်းအစနဲ့ဆို သာမန် ရွက်ကြမ်းရေကျိုတွေက သူ့ဖိနပ်ကိုင်ဖို့တောင် အဆင့်မမှီတဲ့ဟာ...တကယ်တော့ သူ့ကောင်လေးက အရမ်းကို ပုန်းလျိုးကွယ်လျိုး နေတာကိုး....

"ကျီမိသားစုကတော့ တက်သစ်စ နေမင်းကြီးလိုပဲဟေ့...."

တခြားသူများမှ သူမအား အလွန်အမင်းချီးမွန်းနေကြသည်ကို မြင်သောအခါ ကျီချင်းရန် အနည်းငယ် ရှက်သလို ခံစားရလာသည်။

သို့သော်လည်း သူမ ရင်ထဲတွင်တော့ ပီတိတွေ ဝေဖြာလို့နေ၏။

"ဟဟား..ဒီအဘိုးကြီးက မခံယူဝံ့ပါဘူး..."ကျီရုံချင်း ပြောဆိုလိုက်ပြီး ရန်ထျန်ရှင်းကို ကြည့်လိုက်သည်။

"ထျန်းရှင်း မင်းတို့ အမှားလုပ်မိသွားပြီ..၁၇.၅ မီလီယမ် တန်ကြေးရှိတဲ့ နာရီကိုတောင် ၀ယ်နိုင်မှတော့ ကားလောက်ကတော့ ပြောမနေနဲ့တော့...မင်းတို့ သူ့ကို သေချာလေး ပြန်တောင်းပန်လိုက်..."

"ဘိုးဘိုးကလည်း ဘာကိစ္စ သမီးက သူ့ကို တောင်းပန်ရမှာ..."ထျန်ရှင်း ပြောလိုက်ပြီး "ဒီတိုင်း အထင်လေး လွဲသွားတာလေးကိုပဲ..."

"ထျန်ရှင်းပြောတာ မှန်တယ်.."အန်းရုံ ရှေ့ထွက် လိုက်သည်။

"လင်းရီက အရမ်းချမ်းသာတယ်ဆိုတော့ သမီးကိုတောင် ဂရုစိုက်မှာ မဟုတ်ဘူး..ကျွန်မ အထင်တော့ သူစိတ်ထဲတောင် ထားမှာ မဟုတ်လောက်ပါဘူး..ရက်နည်းနည်း ကြာရင် မေ့ပျောက်လောက်ရောပေါ့..."

"ဘာပြောတယ်..."ကျီချင်းရန် စိတ်တိုသွားပြီး"ရှင်က စပျစ်သီး မစားဖူးပဲနဲ့ စပျစ်သီး ချဉ်တယ်လို့ ပြောနေတာပဲ..."

သူမနှင့် လင်းရီမှာ ဟန်ဆောင်ချစ်သူများ ဖြစ်ကြသော်လည်း အခြားသူမှ လင်းရီကို ထိုသို့ပြောလာသောအခါ သူမလုံး၀ လက်မခံနိုင်ပေ။

"ချင်းရန် နင်မမြင်ဘူးလား..."အန်းရုံ ပြောလိုက်ပြီး

"ငါထင်ထားတာ အဲ့ဒီနာရီက အဘိုးအတွက် မွေးနေ့လက်ဆောင်ပေါ့..ဒါပေမယ့် သူ့လက်မှာ ပတ်လိုက်မယ်လို့ တော့ မထင်ထားဘူး..သူက မွေးနေ့ပွဲ လာတာတောင် လက်ဆောင် မယူလာခဲ့ပဲနဲ့များ.. သေချာပေါက် နင့်ကို ဂရုမစိုက်ဘူးဆိုတာ ထင်ရှားနေတာပဲလေ..."

"မေမေ ပြောတာ မှန်တယ်..."ရန်ထျန်ရှင်းမှ ထောက်ခံလိုက်သည်။

"တို့ရဲ့ ကျန်းပင်းကို ကြည့်လိုက်စမ်း..သူက အဘိုးရဲ့ မွေးနေ့အတွက်ဆိုပြီးတော့ လက်ဆောင်ကို တစ်လလောက် ကြိုပြီး ပြင်ဆင်ပေးထားတာ..နင်တို့လိုမျိုး အဘိုးကို ဂရုမစိုက်တတ်တဲ့ သူလို့များ မှတ်နေလား..."

"ကျန်းပင်း အခုက အချိန်ကျပြီ..မင်းတစ်လလောက် ကြိုပြင်ဆင်ထားတဲ့ ဂုဏ်ပြုလက်ဆောင်ကို ထုတ်လိုက်တော့..."

"ဟုတ်ကဲ့ .."

ဖူကျန်းပင်း ကားဆီသို့ သွားလိုက်ပြီး သူပြင်ဆင်ထားသော လက်ဆောင်ကို ယူကာ ပြန်လာခဲ့သည်။

"ဒါက ချင်အစောပိုင်း ခေတ်တုန်းက ကြေးဒင်္ဂါးတွေပဲ..ကျုပ်တောင် ခက်ခက်ခဲခဲနဲ့ တစ်စုံရအောင် စုဆောင်းထားရတာ..."

"မစ္စတာလျိုရဲ့ မျက်လုံးတွေက အရမ်းကို တိကျတာပဲ...တစ်ချက်ကြည့်လိုက်တာနဲ့ ဒက်ကနဲ ပြောနိုင်တယ်"

ဖူကျန်းပင်း ပြောလိုက်ပြီး "အဘိုးက ဒီလိုပစ္စည်း‌တွေ နှစ်သက်တယ်ဆိုတာ ကြိုသိလို့ တစ်လလောက် ဒါတွေကို လိုက်စုဆောင်းထားရတာ..ဒါပေမယ့်ကောင်းကင်က ကြိုးစားသူတွေကို မျက်ကွယ်မပြုထားဘူး...နောက်ဆုံးတော့ ကျွန်တော် အားလုံးစုံအောင် စုဆောင်းနိုင်လိုက်တယ်လေ...မဟုတ်ရင် ကျွန်တော်ပေးချင်တဲ့ လက်ဆောင်က မပြီးပြည့်စုံပဲ ဖြစ်သွားမှာ..."

"မင်းက အရမ်း‌ကို စဉ်းစားပေးတတ်တာပဲ မြေးလေး."အဘိုးကြီး လျိုမှ ပြောလိုက်သည်။

"ဒီရဲ့ ချင်အစောပိုင်း ခေတ်က ကြေးပြားစေ့လေးတွေဆိုတယ တစ်ကမ္ဘာလုံးမှာတောင် အရမ်းကိုရှားတာ..တ-ရုတ်ပြည်တစ်ခုလုံးမှာတောင် အစုံ ၅၀ မပြည့်ဘူး...ကျုပ်တွက်ချက်မှုတွေအရဆိုရင် ဒီလို တစ်စုံက နှစ်မီလီယမ်လောက် တန်တယ်...နောက်ကျရင် ပိုပြီးတောင် မြင့်တက်လာဦးမှာ...."

"ချင်းရန် ..နင်မြင်ပြီမလား...ဒါကမှု သူ့ရဲ့ လေးစားမှုကို ဖော်ပြထားတဲ့ လက်ဆောင်ပဲ..."ရန်ထျန်ရှင်း ပြောလိုက်သည်။

"နင်ရည်းစားက ချမ်းသာတော့ကော ဘာထူးလို့လဲ နင့်အတွက်နဲ့ တစ်ပြားတစ်ချပ်လေးတောင် မသုံးပေးချင်ဘူးမလား...ဒီတိုင်း အချိန်ဖြုန်းတာပဲ အဖက်တင်တယ်..."

"အမှန်ပဲ..မင်းသာ လက်တွဲဖော်ရှာမယ်ဆိုရက် မင်းအပါ်ကောင်းတဒ့သူကိုပဲ ရှာသင့်တယိ ..မဟုတ်ရင် ရင် အတူနေပြီး ဘာလုပ်မှာ..."ကျီအန်းရုံမှ မှတ်ချက်ပေးလိုက်သည်။

"ယောက္ခမကြီး..ထျန်ရှင်း ..အဲ့ကောင်က ယွမ်သန်း ၂၀ ကျော်တဲ့ ဇွန်ဒါ ၀ယ်စီးနိုင်ရင်တောင် မှ ဘာမှ ပြဿနာ မရှိဘူး..လက်ရှိ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှာနဲ့သာဆိုရင် ကြိုးစားရင် အေးဆေး ရနိုင်ပါတယ်ဗျ..."ဖူကျန်းပင်း ပြောလိုက်၏။

"သူက လက်ဆောင် မပြင်ဆင်လာခဲ့ဘူးလို့ ဘယ်သူပြောလဲ..."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် သူမ လွယ်အိတ်ထဲမှ သေတ္တာသေးသေးလေးကို ထုတ်ယူလိုက်သည်။ ဖွင့်လိုက်သောအခါ အထဲမှ ကျောက်စိမ်း လက်စွပ်လေးတစ်ကွင်းကို တွေ့လိုက်ရ၏။

"ဘိုးဘိုး..ဒါက လင်းရီ အဘိုးအတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်လေ...သူအများကြီး တွေးပြီး တော့မှ ပေးတာနော်..."

ရှေးဟောင်း ကျောက်စိမ်းလက်စွပ်ကို မြင်သောအခါ လင်းရီ ပြုံးလိုက်မိသည်။

ဒီကလေးမ လေးကတော့ ငါ့အတွက် တွေးပေးထားတာပဲ....

ကျီချင်းရန်မှာ တကယ့်ကို စိတ်ထားကောင်းသည့် မိန်းကလေးပင်။ လူအများရှေ့တွင် သူမျပ်နှာပျက်မည်ဆိုး၍ သူ့အစား ကျောက်စိမ်းလက်စွပ်ကိုတောင် ပြင်ဆင်ပေးထားခဲ့သည်။

ဘယ်လောက်တောင် စဉ်းစားပေးတတ်လိုက်လဲ...

"ချင်းရန် နင့်ကောင်လေးက သန်း၂၀ နီးနီးလောက်ရှိတဲ့ နာရီကြီး၀တ် စူပါပြိုင်ကားကြီးစီးတာတောင်မှ လက်ဆောင်ပေးတော့ ဒီလို အပေါစားတွေတဲ့လား..."

"ဘယ်သူက ဈေးပေါတယ်လို့ပြောလဲ...လင်းရီက ဒီလက်စွပ်ရဖို့အတွက် အများကြီး ကြိုးပမ်းထားရတာပါနော်..."

"ဟားဟား အဲ့တာဆိုလည်း အဘိုးလျိုကို မေးကြည့်ရအောင်လေ..ဈေးပေါလား မပေါလား ကြည့်ကြတာပေါ့....သူက ရှေးဟောင်းပစ္စည်းတွေ အကဲဖြတ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့သူပဲလေ..."

စောနတုန်းက စကား၀င်ပြောသည့် အဘိုးကြီး လမ်းလျှောက်လာပြီး "ဒီလက်စွပ်ရဲ့ အရည်အသွေးကတော့ မဆိုးပါဘူး...တကယ့်ကို ပစ္စည်းကောင်းပဲ..ဒါပေမယ့် တန်ဖိုးအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ချင်အစောပိုင်းခေတ်က ကြေးပြားတွေနဲ့တော့ ယှဉ်လို့မရဘူး...ဒီလက်စွပ်က လက်ရှိ ဈေးကွက်တန်ဖိုးအရဆို ၅၀၀,၀၀၀ လောက်ပဲ တန်ကြေးရှိတာ..."

"၅၀၀,၀၀၀ လောက်ပဲ တန်ကြေးရှိတာပေါ့လေ...."ထျန်ရှင်း အံ့ဩနေသည့်လေသံဖြင့် အထူးအဆန်းပြု၍ ပြောလိုက်သည်။

"ချင်းရန် ငါနင့်အစား ရင်နာလိုက်တာနော်...နင်က သူ့မျက်လုံးထဲမှာ ၅၀၀,၀၀၀ ပဲ တန်တာလား...ဟင်း....""

"၅၀၀,၀၀၀ပဲတန်တာလားဆိုတာ ဘာပြောချင်တာ..."

"လက်ဆောင်ဆိုတာ စေတနာရှိရင် ရပြီမဟုတ်လား...တန်ကြေးက အဓိကလား..လင်းရီက ဒီလက်စွပ်ရဖို့အတွက် အများကြီး အားထုတ်ထားရတာ အဲ့ လောက်ဆို သူ့ရဲ့ သဘောထားကို ဖော်ပြဖို့ မလုံလောက်သေးဘူးလား..."

"ဒါက ၅၀၀,၀၀၀တည်း တန်ကြေးရှိတာလေ..အဘိုးရဲ့ ရတာနာ စုဆောင်းမှုထဲ ထည့်ဖို့ တန်မှာ မဟုတ်ဘူး..."

ထျန်ရှင်း ရှင်းပြလိုက်သည်။

"ငွေနဲ့ ဘာမှ မဆိုင်ဘူး...."

‌"ကဲ ကောင်းပြီ..."

လင်းရီ ကျီချင်းရန်၏ ပခုံးကို ပုတ်လိုက်ပြီး "ဒါက မင်းပေးမယ့် လက်ဆောင်မလား...မင်းအဘိုးကို မညာနဲ့လေ..."

All Chapters