မင်း ပန်းချီကားက အတု
Vol. 4 Ch. 50
"လင်းရီ...."ကျီချင်းရန် စိုးရိမ်သွားသည်။ ဘာလို့သူက အမှန်အတိုင်း ပြောလိုက်တာလဲ...
"ဟားဟား ချင်းရန် နင့်ကောင်လေးက နင့်စေတနာကို နားမလည်ဘူးထင်တယ်..."ထျန်ရှင်း သရော်လိုက်သည်။
"လင်းရီက အလုပ်များတဲ့သူလေ..ငါက ဘာလို့ သူ့ကိုယ်စား လက်ဆောင် မပြင်ဆင်ပေးရမှာလဲ..."ချင်းရန် ပြန်ပက်လိုက်၏။
ထျန်ရှင်း ပခုံးတွန့်လိုက်ပြီး "ဒါပေါ့ နင်လုပ်ပေးလို့ရတာပေါ့...ဒါပေမယ့် ငါပြောချင်တာက သူနင့်ကို လုံး၀ ဂရုမစိုက်ဘူးဆိုတာပဲ...သတိလည်းထားဦး နင်လည်း သု့ရဲ့ အရုပ်လေးတစ်ရုပ်လို ကစားခံနေရဦးမယ်..ငါ အင်တာနက်ပေါ်မှာ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက ကစားလို့၀ပြီး ထားပစ်ခံခဲ့ရလို့ သူတို့ ကလေးတွေကို တစ်ယောက်ထဲ ပျိုးထောင်နေရသူတွေကို မြင်နေကြမို့လို့ ပြောပြနေတာ...နင်လမ်းမှား မရောက်စေချင်လို့ နင့်ကို သတိပေးနေရတာ..."
"နင်......"
လင်းရီ ကျီချင်းရန်၏ ခါးကိုဖက်၍ ညင်သာစွာ ပြောလိုက်ပြီး "ဘာလို့ အဲ့လောက်ထိ ငြင်းနေရတာလဲ..အဲ့လောက်ကြီး မလိုပါဘူးဟ..ငါလည်း လက်ဗလာနဲ့ မလာပါဘူး လက်ဆောင် ပြင်ခဲ့တယ်လေ..."
"နင် ..နင်က လက်ဆောင် ပြင်ဆင်ထားခဲ့တယ်ပေါ့...."
ကျီချင်းရန် အံ့အားကြီးစွာ မေးမြန်းလိုက်သည်။
လတ်တလော သူမ လင်းရီ အိမ်တွင် နေထိုင်သောကြောင့် လင်းရီ လက်ဆောင်ပြင်သည်ကို တစ်ခါမျှ မမြင်ဖူးပေ။
"ဒါပေါ့..ငါက ဒီကိုလာပြီး အဘိုးကျီရဲ့ မွေးနေ့ပွဲကို လာပြီး ဂုဏ်ပြုပေးတာ..လက်ဆောင်မယူလာခဲ့ရင် ရိုင်းတာပေါ့...."
"ဒါပေမယ့်...."
"ဒါပေမယ့် ဆိုတာ မရှိဘူး...."လင်းရီ ပြောလိုက်ပြီး
"ဒီမှာစောင့်နေ..ငါ လက်ဆောင်ကို ကားထဲမှာ ထားထားတာ..အခုပဲ သွားယူလာခဲ့မယ်..."
လင်းရီ ကားထဲမှ မက်မွန်ဥယျာဉ် ပန်းချီကားကိုယူ၍ ကျီရုံချင်းအား လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းပေးလိုက်သည်။
"အဘိုးကျီ..ဒါက ကျွန်တော် အဘိုးအတွက် အထူးတလည် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ပါ ..နှစ်သက် သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ..."
ကျီရုံချင်း လင်းရီထံမှ လက်ဆောင်ကို လက်ခံလိုက်ပြီး သိချင်စိတ်ပြင်းပြစွာ ဖွင့်လိုက်သည်။
စာလိပ်ကိုဖြည်လိုက်သောအခါ ကျီရုံချင်း၏ မျက်လုံးများ ပြူးကျယ်လာကာ အေးခဲသွားတော့၏။
"ဒါ..ဒါ ကျန်းတချန်ရဲ့ မက်မွန် ဥယျာဉ် ပန်းချီကားပဲ...."
"ဘာ....မက်မွန်ဥယျာဉ်..."
အဘိုးကြီးလျိုမှ အလောတကြီး ပြေးလာပြီး ကြည့်ကြည့်လိုက်သောအခါ သူလည်း ရှော့ခ် ရသွားတော့၏။
"ဒါ တကယ်ကြီး ကျန်းတချန်ရဲ့ မက်မွန်ဥယျာဉ် ပန်းချီကားပဲ...ကျုပ်သိရသလောက်ဆို ဒီပန်းချီကားရဲ့ တန်ဖိုးက ယွမ် သန်း၂၀၀ လောက်ရှိတယ်..လူလေး လင်းက တကယ်ကြီး ရက်ရောတဲ့ လက်ဆောင်ကို ပေးလိုက်တာပဲကွ...."
မက်မွန် ဥယျာဥ် ပန်းချီကားချပ်၏ တန်ဖိုးကို ကြားသိပြီးနောက် ကျီချင်းရန်၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားတော့၏။
လင်းရီက တကယ်ကြီး အဲ့လောက်ထိ ဈေးကြီးတဲ့ လက်ဆောင်ကို ပေးလိုက်တယ်ပေါ့....
ငါတို့က ဒီတိုင်း ဟန်ဆောင်ချစ်သူတွေလေ...
"အဘိုးလျို..ခင်နျား မြင်တာကော မှန်ရဲ့လား...ဒီပန်းချီကားချပ်က တကယ်ကြီး ယွန်သန်း ၂၀၀ ကျော် တန်ကြေးရှိတယ်ပေါ့...ကျုပ်ကတော့ ဘာလို့ သာမန်ပဲလို့ ခံစားနေရတာလဲ..."
"ဒါက မစ္စတာ ကျန်းတချန်ရဲ့ ပနချီလက်ရာပဲလေ..သူ့လက်ရာရဲ့ အနှစ်သာရတွေကို သာမန်လူက ဘယ်လိုလုပ် ခံစားလို့ရမှာ..."အဘိုးလျိုမှ ပြန်ဖြေလိုက်သည်။
"ပြီးတော့ ယွမ် သန်း ၂၀၀ ဆိုတာက အောက်ထစ်ဈေးနော် ..တကယ်လို့ ငါသာ လေလံအိမ်တော်မှာ သွားရောင်းမယ်ဆိုရင် အနည်းဆုံး ယွမ် သန်း ၃၀၀ လောက်တော့ ရတယ်...အဲ့ဒီထက် မြင့်ရင်လည်း မြင့်နိုင်တယ်...ဒီလက်ရာက လုံး၀ကို တန်ဖိုး မဖြတ်နိုင်ဘူး..."
ပညာရှင်၏ ရှင်းပြချက်ကို ကြပြီးနောက် မွေးနေ့ပွဲသို့ တက်ရောက်လာသူအားလုံးမှာ တိတ်တခိုး သက်ပြင်းချမိလိုက်ကြသည်။
အကြီးအကဲ ကျီရဲ့ သမီးချောလေးက ကမ္ဘာပေါ်က ဘယ်လို ကောင်လေးမျိုးကို သွားရှာလာခဲ့ပါလိမ့်
သန်း၂၀၀ ကျော်တန် ပန်းချီကားကို ဒီတိုင်း ဂုဏ်ပြု လက်ဆောင်အဖြစ် ပေးပစ်လိုက်တယ်ပေါ့....
ဒါကြီးကတော့ လက်ဖွာလွန်းပါတယ်ကွာ....
ရန်ထျန်ရှင်း၏ မျက်နှာကတော့ အဖြူနှင့်အမည်း တစ်လှည့်စီ ပြောင်းလဲနေသည်။
သူမ မွေးနေ့လက်ဆောင်ကို တစ်လလောက်ကြိုပြင်ဆင်ပေးထားခဲ့ခြင်းမှာ ယနေ့လို အချိန်အခါမျိုးမှာ ကျီချင်းရန်ကို ဖိနှိပ်နိုင်ဖို့ပင်။
ယခုတော့ သူမ၏ အစီအစဉ်အားလုံးမှာ သူမရှေ့ရှိ ဒရိုင်ဘာယောင်ယောင် သူဌေးယောင်ယောင် ကောင်တစ်ကောင်ကြောင့် ပျက်စီးသွားခဲ့ရချေပြီ....
""ဟီးဟီး အဘိုးလျို ခင်များက ရှေးဟောင်းပစ္စည်း အကဲဖြတ်တဲ့နေရာမှာ ဆရာတစ်ဆူဆိုတာ ကျုပ်နားလည်ပါတယ် ..ဒါပေမယ့် ဒီတစ်ခါတော့ အမှားလုပ်မိပြီထင်တယ်"ဖူကျန်းပင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
"အမှား လုပ်မိတယ်..."အဘိုးကြီးလျိုမှ "ငါက ဘယ်လိုလုပ် အမှား လုပ်မိနိုင်မှာလဲ...."
"ခင်များတို့တော့ သိမှာမဟုတ်ဘူး လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက ဒီပန်းချီကားကို ကျုပ်တို့ရဲ့Didi ရဲ့ ဘော့စ် ချိန်ရွှမ်းက သန်း၁၈၀ နဲ့၀ယ်ယူထားတာ..ကျုပ်သူ့အိမ် ဧည့်သည်သွားလုပ်တော့ စီအီအို ချိန်ရွမ်းပြောဖူးတယ် ဒီပန်းချီကားက သူ အမြတ်နိုးရဆုံး ပန်းချီကားတစ်ချပ်ပဲတဲ့..တစ်ခါတုန်းက သူ့ကို သန်း၂၃၀ ပေးလာတဲ့သူတောင် ရှိသေးတယ် ဒါပေမယ့် သူလုံး၀ မရောင်းခဲ့ဘူး...အခုကျတော့ အဲ့ဒီ ပန်းချီကားက ဒီနေရာမှာေ ပါ်လာပြီဆိုတော့ ကျုပ်ဘာမှမပြောတော့ဘူး..စဉ်းစားတာ ကြည့်လိုက်တော့ဗျာ....."
ဖူကျန်းပင်းပြောသွားသည်မှာ ရှင်းရှင်းလေးပင်။ အကယ်၍ ၎င်းကို အဘိုးလျို နားမလည်ပါက သူ၏ ဘရိန်းတွင် ပြဿနာရှိနေလောက်၏။
ပြောချင်တာကတော့ ပန်းချီကားချပ်မှာ အတုဖြစ်ကြောင်းပင်။
"ဟားဟား..."
ရန်ထျန်ရှင်း အကျယ်ကြီး အော်ရယ်လိုက်သည်။
"ချင်းရန်လေး...ကျီမိသားစုရဲ့ မြေးမကြီးတစ်ယောက်အနေနဲ့ ငါတို့ထင်နေတာ နင့်ကောင်လေးက ပွက်လောရိုက်စေလောက်မယ့် လက်ဆောင်ပေးတော့မယ်ပေါ့..ဒါပေမယ့် ငါတို့ကို အရူးလုပ်ဖို့ အတုလုပ်လာလိမ့်မယ်လို့တော့ ဘယ်ထင်ထားမှာ....ဒါကြီးက..ဟားဟား ရယ်ရလွန်းလို့ အူတောင်နာတယ်..."
"ချင်းရန် ..အန်တီက နင့်ကို ဝေဖန်နေတာ မဟုတ်ဘူး...ဒါပေမယ့် နင့်ကောင်လေးက အတော်လေး ဆိုးရွားလွန်းတယ်...သူက ခုလို နင့်အဘိုးရဲ့ အရေးကြီးတဲ့ မွေးနေ့ပွဲမှာတောင်မှပန်းချီကားအတု ပေးရဲတယ်ပေါ့..ကျီမိသားစုကတော့ နင့်ကြောင့် မျက်နှာပျက်ရပြီ..."
ကျီအန်းထိုင် တင်းကြပ်စွာ မျက်ခုံး ကြုတ်မိလိုက်သည်။
ဤကဲ့သို့ အရေးကြီးသည့် သူ့အဖေ၏ မွေးနေ့ပွဲတွင်
ယခုဖြစ်ရပ်က စိတ်မချမ်းမြေ့စရာပင်။
အချိန်အကြာကြီး တိတ်ဆိတ်သွားပြးနောက် ကျီချင်းရန် ပြောလာခဲ့၏။
"သမီးကတော့ ဘာပဲဖြစ်ဖြစ် လင်းရီကိုယုံတယ် ..သူက ပန်းချီကားအတုလုပ်ပြီး လိမ်မှာ မဟုတ်ဘူး..."
လင်းရီ ပြုံးလိုက်မိသည်။
ဒီကောင်မလေးကတော့ ငါ့ဘက်မှာ အမြဲတမ်း ရပ်တည်ပေးတာပဲ...
တကယ်တမ်းကျတော့ သူမက အဲ့လောက်ကြီးလည်း မဆိုးပါဘူးဟ
"ချင်းရန် နင့်ရဲ့ ခဲအိုက ရှင်းအောင် ပြောပြထားတာကို နင်က သူ့ကို မျက်ကန်း ယုံကြည်နေတုန်းပဲပေါ့..."
ထျန်ရှင်း မေးလိုက်သည်။
"သူ နင့်ကို ဘာဆေး တွေများ ကျွေးထားလို့လဲ...."
ဖူကျန်းပင်း ထရပ်လိုက်ပြီး အပြုံးမျက်နှာဖြင့် "ချင်းရန် ဒီရဲ့ ပန်းချီကားက အတုဆိုတာ ငါ့နှလုံးသားနဲ့ ကျိန်ရဲ့တယ်..ဘာလို့လဲဆိုတော့ ငါက စီအီးအို ချိန်အိမ်က အစစ်ကို မြင်ဖူးလို့လေ...."
ဖူကျန်းပင်းမှာ ရန်ကျင်းရှိ Didiရုံးချုပ်၏ တာ၀န်ရှိသူ တစ်ယောက်ဖြစ်ပြီး ယခု သူ့လုပ်ငန်းများကို ကျိုးဟိုင်တွင် ပူးပေါင်းချင်နေသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူ့တွင် လုပ်ပိုင်ခွင့်တစ်ချို့ ရှိသည်ဟူ ဆိုနိုင်ပေသည်။
ထိုကဲ့သို့သော သူ၏ နှုတ်မှ ထွက်လာသော စကားမျိုးမှာ မည်သို့မျှ မမှားနိုင်။
ထို့ပြင် ပြောသည့်အချိန်အခါကလည်း အလွန်အရေးကြီးသည့် သူ့မိန်းမ အဘိုး၏ မွေးနေ့ပွဲ ဖြစ်နေသည်။ ထိုကဲ့သို့ အရေးကြီးသည့် နေရာတွင်တော့ မည်သို့မျှ လိမ်ညာမည်မဟုတ်။
"ဟင်း....."
လျိုအဘိုးကြီးမှာ ခေါင်းခါရမ်းလိုက်ပြီး "ကျုပ်တကယ်ကို အရှက်ရမိပါတယ်...ရှေးဟောင်းပစ္စည်းလောကမှာ နေလာတာကြာပြီ ဒါပေမယ့် ပန်းချီကားအတုကိုတောင် မမြင်နိုင်မှတော့ ...."
"မစ္စတာလျို လူဆိုတာ မှားတတ်တဲ့ အမျိုးပဲလေ..ဘာမှ မဖြစ်ဘူး..."
"မစ္စတာဖူပြောတာမှန်တယ်...."တစ်စုံ တစ်ယောက်မှ ေန၍ "ဒီလိုပွဲမျိုးမှာတောင် လိမ်ရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...."
"တကယ်လို့ မစ္စတာဖူသာ သူ့ရဲ့ လှည့်ကွက် မမြင်ခဲ့ဘူးဆိုရင် ကျုပ်တို့အားလုံး အရူးလုပ်ခံရလောက်ပြီ..."
"ဟင်း...သူက မစ်ကျီရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တာတောင်မှ လက်ဆောင်လေး တစ်ခုပေးဖို့ကျတော့ ဘာလို့ ဒီလောက်တောင် တွန့်တိုနေပါလိမ့်...."
"ကောင်းပြီ...လူတိုင်းပဲ...ခဏလောက် နားထောင်ပေးကြပါဦး..."ဖူကျန်းပင်း ပြောလိုက်သည်။
"မစ္စတာလျို...ကျွန်တော်တို့ရဲ့ ရှေးဟောင်းပစ္စည်း လောကရဲ့ စည်းမျဉ်းတွေအရ အတုတွေ့ရင် ဘယ်လိုလုပ်သင့်လဲဗျ..."
"ငါတို့သာ အတုကို တွေ့ခဲ့မယ်ဆိုရင် နေရာမှာတင် ဖျက်ဆီးပစ်ရမယ်...."
"ဒါဆိုလည်း ကျုပ်ကပဲ အနစ်နာခံပြီးတော့ ဒီအတုလုပ်တဲ့ကောင်ကို သင်ခန်းစာ ပေးလိုက်ပါ့မယ်..."
"မင်းဖျက်ဆီးချင်တယ်ဆိုတာ သေချာရဲ့လား...."
လင်းရီ အပြုံးလေးဖြင့်မေးလိုက်သည်။
"ဒါပေါ့...မင်းမှာ စောင်ဆံ နည်းနည်းလေးရှိတိုင်းနဲ့ လူတိုင်းက မင်းကိုကြောက်မယ်များ မှတ်နေလားကွ...."
ဖူကျန်းပင်း ရှေ့သို့ လျှောက်လာပြီး ကျီရုံချင်း လက်
ထဲရှိ မက်မွန်ဥယျာဉ် ပန်းချီကားကိုယူကာ ဗြိ ကနဲ ဆွဲဖြဲလိုက်သည်။
"ဟားဟား ဘယ်လောက် ကျေနပ်ဖို့ကောင်းလိုက်လဲ...."
လင်းရီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "ဟီးဟီး ပျော်ဖို့တော့ ကောင်းတော့မှာပဲ..."