← Chapters

ပိုင်ရှင်လုပ်တမ်း ကစားတာက အာဖရိကမှာတောင် ခေတ်စားနေပြီလား

Vol. 4 Ch. 51

ပိုင်ရှင်လုပ်တမ်း ကစားတာက အာဖရိကမှာတောင် ခေတ်စားနေပြီလား

Vol. 4 Ch. 51

"ပျက်စီးသွားပြီ..."

ကျီချင်းရန်၏ မျက်နှာမည်းမှောင်သွားသည်။ မည်သို့ပင်ဖြစ်စေ ထိုလက်ဆောင်မှာ လင်းရီ သူ့အဘိုးအတွက် ရည်ရွယ်ထားသော လက်ဆောင်ဖြစ်၏။

အဲ့တာ အတု ဟုတ်မဟုတ်က သူနဲ့ ဘာဆိုင်လို့လဲဟ...

"ချင်းရန် ဒါက ရှေးဟောင်းပစ္စည်း လောကရဲ့ သံမဏိစည်းမျဉ်းပဲ...မင်းအတုကို ဘယ်နေရာမှာပဲ တွေ့တွေ့ နေရာမှာတင် ဖျက်စီး ပစ်ရမယ်...."ဖူကျန်းပင်း ပြောလိုက်သည်။

"အာ...."

ကျီရုံချင်း တိတ်တခိုး သက်ပြင်းချမိလိုက်သည်။

ပန်းချီကားမှာ အတုဖြစ်နေသော်လည်း ကြည့်လို့တော့ ကောင်း၏။ သူဒီတိုင်း သိမ်းထားပြီး အလှကြည့်လည်း ရနေသည်မဟုတ်ပါလော....

ယခုတော့ ပန်းချီကားမှာ ပျက်စီးသွားပြီဖြစ်၍ သူတစ်ခုခု ပြောချင်လျင်ပင် နောက်ကျသွားပြီ ဖြစ်သည်။

"ဘာမှ စိတ်တိုစရာမလိုဘူး...ငါဒီကိစ္စကို ကိုင်တွယ်ပေးမယ်..."

ကျီချင်းရန် သူမ၏ ခါးကို ညင်သာစွာ လာဖက်သော လင်းရီကို နောက်သို့လှည့်ကြည့်လိုက်မိသည်။ ထိုခဏတွင် သူမ ကာကွယ် ပေးခံရသည့် ခံစားချက်မျိုးရရှိလိုက်၏။

"ကိုင်တွယ်မယ်...."

ဖူကျန်းပင်း ပခုံးတွန့်လိုက်ပြီး "ငါစုတ်ဖြဲလိုက်တာ အတုလေ...မင်းက ဘာတွေ ကိုင်တွယ် ချင်နေသေးတာ..."

"အဘိုးလျို လင်းရီ ထံ လျှောက်လာပြီး "လူလေးလင်း...မင်းက မှန်တဲ့သူ မဟုတ်ဘူး..ဒီတော့ ကိစ္စကို ဒီတိုင်းထားလိုက်တော့..မင်းလည်း မျက်နှာပျက်စရာ အကြောင်း မရှိတော့ဘူး....""

"အဲ့တာ ခင်များ သောက်ပူမပါဘူး...."

ထိုအေးစက်သော စကားလုံးများက အဘိုးကြီးလျိုကို ကြောက်လန့်သွားစေပြီး နောက်ထပ် ဘာမျှ ဆက်မပြောရဲတော့ချေ။

"မင်းပြောတာ မင်းက ရန်ကျင်းက Didi ရုံးချုပ်မှာ တာ၀န်ရှိသူ တစ်ယောက်ဆို ဟုတ်တယ်မလား...."

လင်းရီ ဒီတိုင်း မေးလိုက်သည်။

"အေး ...အဲ့တော့ မင်းက ဘာဖြစ်ချက်လို့လဲ...."

"ဘာမှ မဟုတ်ပါဘူး..."လင်းရီ ပြောလိုက်ပြီး "ငါပြောချင်တာက မင်းရဲ့ လုပ်ပိုင်ခွင့် လိုက်စင် ရုတ်သိမ်းခံရပြီလို့ ပြောမလို့ပဲ..."

ဟင်....

လင်းရီ၏ စကားက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

အထူးသဖြင့်တော့ ဖူကျန်းပင်းပင်။ ကမ္ဘာပေါ်တွင် အရယ်ရဆုံးပြက်လုံး တစ်ခုကို ကြား လိုက်ရသကဲ့သို့ အားရပါးရ ရယ်မောနေတော့၏။

"လင်းရီ မင်းငါ့ကို ပျော်အောင် လုပ်ပေးနေတာလား..."ဖူကျန်းပင်း ပြောလိုက်ပြီး

"မင်းက ငွေရှိတာနဲ့ အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောလို့ ရပြီလို့ ထင်နေတယ်ပေါ့...."

"ငါ Didiရဲ့ ရှယ်ယာ ၂၀%ကို ပိုင်ဆိုင်ထားတယ်...မင်းပြောကြည့် င့ါမှာ အဲ့လို ပြောပိုင်ခွင့် မရှိဘူးလားလို့..."

လူတိုင်း ရှော့ခ်ရသွားကြတော့သည်။

"ဘာ..မင်းဘာပြောလိုက်တယ်...မင်းက Didiရဲ့ ရှယ်ယာ၂၀%ကို ပိုင်ဆိုင်ထားတယ်....."ဖူကျန်းပင် အလန့်တကြား ပြောမိလိုက်သည်။

"အမှန်ပဲ...."

"ဟားဟား ...."

ဖူကျန်းပင်း နောက်တစ်ကြိမ် ထပ်ရယ်လိုက်ပြီး "ငါကတော့ မင်းငါ့ကို ပျော်အောင်လုပ်ပေးနေတယ်လို့ပဲ ထင်တယ်...စကားပြောရင် အထိန်းအကွပ်ဆိုတာ ရှိရတယ်ကွ...ပြောလို့ရတိုင်း လျှောက်မပြောရဘူ...."

"လင်းရီ နင်ဘာတွေ ပြောနေတာလဲ...."

ကျီချင်းရန် လင်းရီ ‌ကို ဘေးသို့ ဆွဲခေါ်သွားလိုက်ပြီး "ထား လိုက်တော့ ဒါနောက် ရမယ့်အချိန်မဟုတ်ဘူး..နင် ဖူကျန်းပင်းကို ဒီလိုမျိုး သွား ခြိမ်းခြောက်လို့ မရဘူး...."

လင်းရီ ပြုံးလိုက်ပြီး ကျီချင်းရန်၏ နားထဲသို့ တီးတိုးပြေလိုက်သည်။

"တကယ်လို့ ငါသာ Didiရဲ့ ရှယ်ယာ ၂၀%ကို ပိုင်ဆိုင်ထားရင် ဒီ နေ့ည ငါ့မျက်လုံးကို အစာကျွေးမလား..."

ကျီချင်းရန်၏ မျက်နှာနီရဲသွားပြီး မကြားလိုက်ဟန်ဆောင်ကာ...

"နင်က ‌ေ-သတော့မှာကိုပဲ ဘာလို့ ဒါတွေ လျှောက်ပြောနေတာလဲ..."

လင်းရီ ရယ်မောလိုက်ပြီး ဖူကျန်းပင်းနှင့် ကျန်သူများကို ကြည့်လိုက်သည်။

"မင်းတို့ကောင်တွေ ငါ့ကို မယုံဘူးဆိုတာ သိတယ်...ဒါပေမယ့် ဖူကျန်းပင်း မင်း ချိန်ရွှမ်းကို ဖုန်းဆက်ပြီးတော့ လင်းရီကို သိလားလို့မေးလိုက် သူမင်းကို ငါဘယ်သူလဲဆိုတာ ဖြေပေးလိမ့်မယ်..."

ဖူကျန်းပင်း ဘာဆက်ပြောရမှန်း မသိတော့ပေ။ သူဖုန်းထုတ်လိုက်ပြီး ချိန်ရွှမ်း၏ နံပါတ်ကို နှိပ်၍ အားလုံးကြားအောင် စပီကာ ဖွင့်ထားလိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်း၀င်သွား၏။

"ဒါရိုက်တာချိန် ..ကျွန်တော်ပါ ဖူကျန်းပင်းလေ..ရန်ကျင်းရုံးကပါ..."

"အေး..ငါသိတယ်..မင်းပြောချင်တာ အမြန်ပြော..ငါအခု အစည်းအဝေး လုပ်နေတာ..."

"စိတ်မပူပါနဲ့ ဒါရိုက်တာချိန်...ကျွန်တော်က ဒါရိုက်တာ လင်းရီလို့ခေါ်တဲ့ တစ်ယောက်ကို သိလားလို့ မေးချင်ရုံလေးတင်ပါ..."

"မင်းဘာပြောလိုက်တယ်...လင်းရီ..."

"ဟုတ်တယ်ဗျ..သူအခု ကျွန်တော့ဘေးမှာ ရှိနေတယ်..."

ချိန်ရွှမ်း သူ့အသံကို မြင့်လိုက်ပြီး "အဲ့ဒါဆိုရင် မင်း ဒါရိုက်တာလင်းကို ရိုရိုသေသေ ဆက်ဆံတာ ကောင်းလိမ့်မယ် သူက ငါတို့Didiရဲ့ ဒုတိယအများဆုံး ရှယ်ယာ ပိုင်ရှင်ပဲ...မင်းသာ ဒါရိုက်တာလင်းကို မရိုသေဘူးဆိုရင် မင်းရဲ့ လုပ်ပိုင်ခွင့် လိုင်စင် အသိမ်းခံရဖို့သာ ပြင်ထား...."

"ဗျာ....သူ...သူက တကယ်ကြီး Didiရဲ့ ရှယ်ယာရှင်ပေါ့..."

ဖူကျန်းပင်း အလွန်အမင်း အံ့အားသင့်သွားပြီး ခြေထောက်များပင် ပျော့ခွေသွားသည်။

"ဒါပေါ့..ဒါရိုက်တာလင်းက ရှယ်ယာ၂၁%ကို ပိုင်ဆိုင်ထားတာလေ..တကယ်လို့ မင်းသာ သူ့ကို ရိုရိုသေသေ မဆက်ဆံဘူးဆိုရင် သူ့မှာ မင်းရဲ့ လိုင်စင်ကို ဖျက်သိမ်းနိုင်တဲ့ အထူး အာဏာရှိတယ် ...ငါ့ရဲ့ ခွင့်ပြုချက်ကိုတောင် မလိုဘူး..."

"ဒါပေမယ့် သူပြောတာတော့ ရှယ်ယာ ၂၀%ပဲ ရှိတာတဲ့...ကျုပ်နာမည်တူတဲ့ လူတစ်ယောက်နဲ့များ လာတိုးလား မသိဘူးဗျ..."

"အဲ့တာက ဘာလို့လဲဆိုတော့ ငါ ဒါရိုက်တာလင်းကို ကျန်းတချန်ရဲ့ မက်မွန်ဥယျာဉ် ပန်းချီကားကို ပေးလိုက်တာလေ..ငါက ဒီတိုင်း အလကားပေးချင်တယ်ဆိုပေမယ့် ဒါရိုက်တာလင်းက အခွင့်ကောင်း မယူချင်ခဲ့ဘူး..အဲ့တာနဲ့ ငါ့ကို ရှယ်ယာ ၁% လွှဲပေးလိုက်တာပဲ...အဲ့တာကြောင့် အခု သူ့မှာ ရှယ်ယာ ၂၀%ပဲ ရှိနေတော့တာ..."

ဘုတ်....

ဖူကျန်းပင်း၏ ဖုန်းပြုတ်ကျသွားပြီး သူ၏ ခေါင်းထဲတွင်တော့ တဒိန်းဒိန်း မြည်ဟီးနေသည်။ ကောင်းကင်ကြီးပင် ပြိုကျနေသလားဟု ခံစားလိုက်ရသည်။

ကျီချင်းရန် လင်းရီကို မယုံနိုင်သည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။

သူနောက်ထပ် ဘာတွေများ ဖုံးကွယ်ထားသေးလဲ မသိဘူး.....

သူက ငယ်လည်းငယ်သေးတယ်...ပြီးတော့ မိဘမဲ့..အဲ့တာကို ဘယ်လိုများ Didiရဲ့ ရှယ်ယာ အများကြီးကို ၀ယ်နိုင်သွားပါလိမ့်....

မည်သို့ပင် ဆိုစေ ရှယ်ယာများ ပိုင်ဆိုင်နိုင်ရန်မှာ ပိုက်ဆံ တစ်ခုတည်းရှိရုံနှင့် မလုံလောက်ပေ။

သာမန်လူများမှာ ထိုကဲ့သို့ ‌ကိစ္စများကို လုပ်ဆောင်နိုင်ရန် မစွမ်းသာချေ။

"အခု Didiရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင်တစ်ယောက်အနေနဲ့ မင်းရဲ့ လုပ်ပိုင်ခွင့် လိုင်စင်ကို ဖျက်သိမ်းတယ်လို့ ကြောညာလိုက်ပြီ..."လင်းရီ အိတ်ကပ်ထဲ လက်နှိုက်၍ ပြောလိုက်သည်။

"ဒါပေါ့ မပူနဲ့ စာချုပ်အရတော့ မင်းလျော်ကြေး ရဦးမှာပါ..ငါDidi ကို အဲ့ဒီအတွက် စီစဉ်ခိုင်းလိုက်မယ်.."

ထျန်းရှင်း ဆက်လက်သည်းမခံနိုင်တော့ပဲ အော်ဟစ်လိုက်သည်။ "လင်းရီ နင်ဒီလောက်ထိ လုပ်စရာမလိုဘူး... နင်က ချင်းရန်ရဲ့ ရည်းစား မဟုတ်ဘူးလား..နင်သူ့မိသားစုကို တကယ်ကြီး ဂရုမစိုက်ဘူးလား...."

"တကယ်လို့ ချင်းရန်သာ တောင်းဆိုမယ်ဆိုရင်တော့ ကျုပ်သဘော မတူစရာ အကြောင်းမရှိဘူး...ဒါပေမယ့် ခင်များတို့မှာ ‌ကျုပ်ကို ဘာလုပ်ညာလုပ်ဆိုပြီးတော့ လာပြောပိုင်ခွင့် မရှိဘူး..."လင်းရီ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"အခု ကျုပ်တို့ ဖူကျန်းပင်းကိစ္စ ရှင်းပြီးသွားပြီဆိုတော့ ကျန်တာလေး ဆက်ရှင်းကြရအောင်...."

"ကျန်းပင်းရဲ့ လိုင်စင်ကိုတောင် သိမ်းပြီးနေပြီကို နင်က ဘာဆက် လုပ်ချင်သေးတာလဲ...."ထျန်းရှင်း အော်ဟစ်ကြိမ်းမောင်းလိုက်၏။

သူမ မိဘ၏ ကုမ္ပဏီမှာ လဲပြိုလုနီးပါး ဖြစ်နေလေသည်။

ဖူကျန်းပင်းမှာ သူမတို့၏ အဓိက ငွေ၀င်လမ်းကြောင်းကြီးပင်။ အကယ်၍ သူသာ လုံး၀ ပျက်စီးသွားပါက သူမတို့အားလုံး ခက်ခဲသော အခြေအနေဆီသို့ ဦးတည်သွားနိုင်သည်။

အကယ်၍ သူမသာ လူသ-တ်လို့ရပါက လင်းရီကို ယခုချက်ချင်းပင် အစိတ်စိတ် ပိုင်းချင်နေ၏။

"သူက ခုလေးတင် ငါ အဘိုးကျီကို လက်ဆောင်ပေးလိုက်တဲ့ ပန်းချီကားကို စုတ်ဖြဲထားတယ်လေ...ပြောကြည့် သူပြန်မလျော်ပေးသင့်ဘူးလားလို့..."

ဟစ်.......

လူအုပ်ကြီးလည်း ဖူကျန်းပင်း ပန်းချီကား စုတ်ဖြဲသည့်မြင်ကွင်းကို ပြန်လည် အမှတ်ရသွားသည်။

Didi၏ စီအီးအိုကလည်း ထိုပန်းချီကားချပ်မှာ သူ လင်းရီကို လက်ဆောင်ပေးထားကြောင်း ရှင်းလင်းစွာ ဖော်ပြထား၏။

သဘောကတော့ လင်းရီ ကျီရုံချင်းကို လက်ဆောင်ပေးသည့် ပန်းချီကားချပ်မှာ အစစ်ပင်။

လက်ရှိဈေးကွက်တန်ဖိုးအရ ပြန်လျော်မည်ဆိုပါက အနည်းဆုံး သန်း၂၀၀ ပေးချေရလိမ့်မည်။

"မဟုတ်ဘူး...ငါမလုပ်ဘူး...ငါ...."

ဖူကျန်းပင်း မျက်နှာ ဖြူလျော်သွားကာ ဘောင်းဘီထဲ သေးပေါက်ချလုမတတ် ကြောက်ရွံ့သွားပြီး

"ကျုပ်...ကျုပ်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး ဒါရိုက်တာလင်း ...ကျုပ်ကို အခွင့်အရေးပေးပါ..တကယ်လို့ ပန်းချီကားကသာ အစစ်မှန်းသိခဲ့ရင် ကျုပ်မှာ ဖြဲရဲတဲ့ ဘောတွေ မရှိပါဘူး...."

"ခုမှ ဘာတွေလာပြောနေတာလဲ...မင်းလူသတ်ပြီးမှ တောင်းပန်ပါတယ် ပြောလို့မရဘူးလေ..."

ဖူကျန်းပင်း ထျန်းရှင်း၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ...

"ထျန်းရှင်း မင်းကို့ကို ကူညီရမယ်နော်...မဟုတ်ရင်တော့ ကို လုံး၀ အဆုံးသတ်ပြီပဲ..."

"ထွက်သွားစမ်း..."

ရန်ထျန်းရှင်း ဖူကျန်းပင်းကို တွန်းထုတ်လိုကိပြီး အေးစက်စွာဖြင့်..

"ခုကစပြီးတော့ နင်နဲ့ငါနဲ့က သူစိမ်းတွေ ဖြစ်သွားပြီ...နင်က နင့်လမ်းနင်လျှောက် ငါက ငါ့ငါ့လမ်း ငါလျှောက်မယ်..နင်က ငါ့ကို အကြွေးကူဆပ်ပေးလိမ့်မယ်လို့ မျှော်လင့်နေတယ်ပေါ့...အိပ်မက်မက် နေလိုက်...."

ဖူကျန်းပင်း လေးဘောက်ထောက်၍ ထျန်းရှင်း၏ ခြေထောက်ကို တင်းကြပ်စွာ ဖတ်ထားကာ.."ထျန်းရှင်း..ကို့ကို ထားမသွားပါနဲ့..ကို အရင်က မင်းအပေါ် အရမ်းကောင်းခဲ့တယ်လေကွာ...ခုမှ ကို့ကို စွန့်မပစ်နဲ့ပါကွာ...."

"ဖီး...ဝေးဝေးသွားစမ်း..ငါ့အ၀တ်တွေ ညစ်ပတ်ကုန်ပြီ..."

"မင်းဘာလို့ ဒီလောက်ထိ နှလုံးသားမဲ့လွန်းရတာလဲ...မင်းပြောတော့ နှစ်ယောက်အတူ မခွဲဘူးဆို..."

"အဟွတ် အဟွတ် အဟွတ်"

လင်းရီ ချောင်းဟန့်လိုက်ပြီး "ယောက်ျားကောင်းတစ်ယောက်ဆိုတာ ဘယ်တော့မှ ဒူးမထောက်ဘူး...မင်းသာ ယောက်ျားကောင်းဆိုရင် မတ်တပ်ရပ်လိုက်...ဒီလိုကောင်မမျိုးက ဒူးထောက်တာနဲ့ မန်ဘူး...."

"လင်းရီ နင်ဘာစကားပြောတာလဲ...."ထျန်းရှင်း ဒေါသထွက်စွာ ပြောဆိုလိုက်သည်။

သု့ကြောင့်သာ မဟုတ်ပါက ဖူကျန်းပင်းလည်း ယခုလို အခြေအနေမျိုး ကျရောက်မည်မဟုတ်ပဲ သူမလည်းပဲ ချမ်းသာသည့် အမျိုးသမီးတစ်ယောက်၏ စည်းစိမ်ကို ဆက်လက် ခံစားနိုင်ပေလိမ့်မည်။

ယခုတော့ အားလုံး အဆုံးသတ်သွားခဲ့ချေပြီ...

"ဟီးဟီး...ဒေါသမထွက်နဲ့ဦး...ရှိုးပွဲက အခုမှ အစပဲ ရှိသေးတာ..."

လင်းရီ ကျီချင်းရန်၏ ခါးကို တင်းကြပ်စွာ ဖက်လိုက်ပြီး နားနား ကပ်ကာ.."မင်းတို့မိသားစုရဲ့ဧည့်သည်တွေ အားလုံးကို တခြားနေရာ ခေါ်သွားဖို့ ပြောလိုက် ငါ မင်းတို့ မိသားစုနဲ့ သီးသန့်ပြောစရာ ရှိတယ်..."

"ကောင်းပြီလေ..."ကျီချင်းရန် လင်းရီ ဘာကိုဆိုလိုချင်နေမှန်း နားမလည်သော်လည်း ခေါင်းညိမ့်လိုက်ပြီး "ရတယ်"

မကြာမီ ဧည့်သည်များအားလုံး တစ်နေရာသို့ ပြောင်းရွေ့သွားကြသည်။

ကျီမိသားစုသာလျင် ခြံ၀န်းထဲ၌ ကျန်ရှိနေ၏။

"မြေးသမက်လေး..မင်းဘာပြောမလို့လဲ..ဘာလို့ တအားကြီး ဆန်းကြယ်တဲ့ ပုံစံတွေ လုပ်ပြနေတာ..."ကျီရုံချင်း မေးလိုက်၏။

"အဲ့တာ အဘိုးရဲ့ မြေးမလေး ရန်ထျန်ရှင်း အကြောင်းပါ..."

ထျန်းရှင်းလည်း လင်းရီကို စူးစမ်းလိုက်ပြီး "ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့ ပြောစရာရှိရင် ဒဲ့ပြောလိုက်..."

"မပူနဲ့..."လင်းရီ ပြောလိုက်ပြီး

"မင်းမနေ့က ငါ့ကားစီးပြီး ပန်နီဆူလာ ဟိုတယ် သွားခဲ့တယ်နော်..ဟုတ်တယ်ဟုတ်"

ထျန်းရှင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး

"ငါနဲ့ ငါ့သူငယ်ချင်းက အဲ့မှာ ကဒ်သွားကစားတယ်လေ..ဘာဖြစ်လို့လဲ..အဲ့တာက တရားမ၀င်လို့လား..."

"ဟမ်..အဲ့လိုဆိုရင်တော့ မင်းက တစ်ခုခုတော့ တစ်ခုခုပဲ...ကဒ်ကစားဖို့တောင် လူမည်းနှစ်ယောက်ကို ခေါ်ထားတယ်ဆိုတော့..."လင်းရီ အပြုံး‌ လေးဖြင့် ပြောလိုက်သည်။

"ကောင်းကောင်းကြီး ကစားခဲ့ရဲ့လား...."

All Chapters