← Chapters

ငါက Didi ဒရိုင်ဘာလေ..မင်းကို ကြိုဖို့ ရောက်လာတာ..

Vol. 4 Ch. 52

ငါက Didi ဒရိုင်ဘာလေ..မင်းကို ကြိုဖို့ ရောက်လာတာ..

Vol. 4 Ch. 52

ထျန်းရှင်းလုံး၀ အေးခဲသွားတော့၏။

လင်းရီ ဤကိစ္စကို ရှာတွေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

"နင်...နင်မဟုတ်တမ်းလျားတွေ လျှောက်ပြောနေတာ..."

ထျန်းရှင်း၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေပြီးစကားပင် ထစ်အထစ်အ ဖြစ်နေ၏။

"ငါက ပေါက်တတ်ကရတွေ လျှောက်ပြောနေတယ်ပေါ့...တကယ်လို့ ငါသာ လျှောက်ပြောနေတယ်ဆို မင်းကကော ဘာလို့ ချွေးတွေ ပျံနေတာတုန်း..."လင်းရီ ရယ်မော၍ ပြောလိုက်သည်။

"ကျုပ်တို့ ဒီအခြေ‌အနေထိ ရောက်လာပြီဆိုမှတော့

ထျန်းရှင်းနဲ့ လူမည်းနှစ်ယောက် ကတ်ကစားခဲ့တာလား..ဒါမှမဟုတ် သူတို့ ပြောဖို့ မသင့်လျော်တာတွေ လုပ်ခဲ့ကြတာလား...ကျုပ်အထင်တော့ ခင်များတို့စိတ်ကို ပြင်ဆင်ထားပြီးလောက်ပြီ..ကျုပ်ဘာမှ ဆက်မပြောတော့ဘူး...."

လူတိုင်း၏ မျက်လုံးမှာ ထျန်းရှင်းပေါ်သို့ ကျရောက်သွားသည်။

အထူးသဖြင့် ကျီရုံချင်းပင်။ သူ၏ ကိုယ်မှာ တဆတ်ဆတ် တုန်ခါနေပြီး လုံး၀ ဒေါသထွက်နေ၏။

"ခွေးမ..ငါတို့ ကျီမိသားစုက နင့်လို အရှက်မရှိတဲ့

ကောင်မမျိုးကို ဘယ်လိုလုပ် မွေးထုတ်ပေးခဲ့ပါလိမ့်..."

"ဘိုးဘိုး..သမီး ပြောတာ‌နားထောင်ပါဦး..သူလျှောက်ပြောနေတာ...သူမဟုတ်တာတွေ လျှောက်ပြော‌ နေတာပါဆို..."ထျန်ရှင်း ကျီရုံချင်း၏ ရှေ့တွင် ဒူးထောက်လျက် မျက်နှာကို လက်ဖြင့်အုပ်ကာ အော်ဟစ်ငွေကြွေးနေတော့၏။

"သောက် အဓိပ္ပာယ် မရှိတာ...မင်းအထင် လင်းရီက လိမ်ဖို့ အားယားနေတယ်များ မှတ်နေတာလား..."

ကျီရုံချင်း နှာခေါင်းရှုံ့လိုက်ပြီး" တကယ်လို့ သူက

မင်းကို စွပ်စွဲတယ်ဆိုရင်လည်း သက်သေပြလေ....သူတကယ်ကြီး စွပ်စွဲနေတာဆိုရင် ငါကိုယ်တိုင် လင်းရီ ကို မောင်းထုတ်ပစ်မယ်..."

"အဘိုးကြီးကျီ ကျုပ်ဖုန်းထဲမှာ သက်သေvd တချို့ရှိတယ် ကျုပ် ကျီချင်ရန် ဖုန်းထဲ ‌ပို့ပေးလိုက်မယ်..အဲ့တာကြည့်ပြီးရင်တော့ အမှန်တရား က ထွက်လာတော့မှာပါ... "လင်းရီ ပေါ့ပါးစွာ ပြောလိုက်သည်။

"ကျန်တာကတော့ မင်းတို့ မိသားစု၀င်တွေ ကိစ္စပဲ..ဒီတော့ ငါ၀င်မပါတော့ဘူး..ချင်းရန် ငါအရင်ပြန်လိုက်တော့မယ်..."

ချင်းရန်ကတော့ အရမ်းကို စပ်စုချင်‌ နေသည်။ ဟိုတယ်၏ သတင်းအချက်အလက်များမှာ လွန်စွာ တင်းကြပ်လှ‌ သောကြောင့် သူမ လင်းရီ vd မည်သို့မည်ပုံ ရရရှိလာခဲ့ကြောင်းကို အရမ်းသိချင်နေ၏။

သူ့မှာ အဆက်အသွယ်တွေ မစုံလွန်းဘူးလားဟ...

"ဘိုးဘိုး..မြေး လူမည်းနှစ်ယောက်နဲ့ ဟိုတယ်သွားခဲ့တယ်ဆိုတာ ၀န်ခံပါတယ်..ဒါပေမယ့် မြေးတို့ ဘာမှ မလုပ်ခဲ့ပါဘူး..ဒီတိုင်း စီးပွားရေးကိစ္စ ဆွေးနွေးရုံလေးတင်ပါ..."

"ခုနလေးတင် မင်းက ကတ်သွားကစားတယ်ဆို..ခုကြတော့ မင်းရဲ့ လူမည်း သူငယ်ချင်းနှစ်ယောက်နဲ့ စီးပွားရေး ဆွေးနွေးပြန်ပြီပေါ့..မင်းငါ့ကို ပိန်းဥများ အောက်မေ့နေလား..."

ကျီရုံချင်း နှခေါင်းရှုံ့လိုက်ပြီး "အန်းထိုင် ငါ့ကို အထဲ လိုက်ပို့ပေးစမ်း...""

"ကောင်းပါပြီ အဖေ..."

"ဘိုးဘိုး..သမီးကို ယုံမှ ဖြစ်......"

ဖြန်း

ထျန်းရှင်း စကား မဆုံးသေးမီ ဖူကျန်းပင်း မတ်တပ်ရပ်၍ သူမကို ပါးချလိုက်သည်။

"ထျန်းရှင်း ငါမင်းအပေါ် အရမ်းကောင်းခဲ့တယ်..မင်းလိုချင်တာ မှန်သမျှလည်း ၀ယ်ပေးခဲ့တယ်..ဒါတောင်မှ မင်းက ငါ့အပေါ် ဖောက်ပြန်ရက်တယ်ပေါ့...ငါမင်းကို သတ်မယ်ကွ..."

"ဖူကျန်းပင်...နင်မျိုးမစစ် ငါ့ကို တောင် ရိုက်ရဲတယ်ပေါ့..."ထျန်းရှင်း ကျိန်ဆဲလိုက်ပြီး "တကယ်လို့ နင့်ရဲ့ ပစ္စည်းကသာ ကောင်းမယ်ဆိုရင် ငါလည်း တခြားတစ်ယောက် ရှာလိမ့်မယ်လို့ ထင်လား..."

ထို့နောက် နှစ်ယောက်သား စတင်ကိုက်ကြတော့၏။ လင်းရီကတော့ ထိုကိစ္စများကို စိတ်မ၀င်စားပေ။ ထို့ကြောင့် ဒီတိုင်း လှည့်ထွက်လာခဲ့လိုက်သည်။

ကျီချင်းရန်ကတော့ သူ့နောက်မှ လိုက်လာပြီး သူမယခုလေးတွင် ကျီမိသားစု၌ ဖြစ်ပျက်သွားခဲ့သည်များကိုမယုံနိုင်သေးပေ။

သို့သော်လည်း လင်းရီ ပြန်တော့မည် ဖြစ်သောကြောင့် သူမ လိုက်ပို့ရပေမည်။

"လင်းရီ ကျေးဇူးတင်ပါတယ်နော်..."ကျီချင်းရန် ကားဘေး၌ရပ်၍ ညင်သာစွာ ပြောလိုက်သည်။

"ဘာအတွက်လဲ..."

"နင်ငါ့ကို ကျီမိသားစုရဲ့ ပုံရိပ်အတွက် ဧည့်သည်တွေကို နေရာရွေ့ခိုင်းလိုက်တယ်လေ..မဟုတ်ရင်တော့ ဒီနေ့ ကျီမိသားစုရဲ့ ဂုဏ်သတင်းကတော့ လုံး၀ ပျက်စီးသွားတော့မှာပဲ..."

"ကျေးဇူးတင်စရာ မလိုပါဘူး.."လင်းရီ ထူးမခြားနားစွာ ပြောလိုက်ပြီး "ပြီးတော့ ချင်းရန် မင်းနောက်ဆိုရင် သူတို့နဲ့ မပတ်သက်နဲ့တော့...မဟုတ်ရင် မင်းရဲ့ ဂုဏ်သတင်းလည်း ကောင်းမှာ မဟုတ်ဘူး..."

"မပူပါနဲ့...ငါနားလည်ပါတယ်..."ကျီချင်းရန် ပြောလိုက်ပြီး "ငါနင့်ကို ထပ်ပြီးတော့ ကျေးဇူးတင်ဦးမယ်...နင်က ငါ့အဘိုးမွေးနေ့ကို အတင်းအကြပ် လာခဲ့ရတာတောင်မှ အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပြင်ဆင်ထားပေးလို့လေ..."

"မင်းအဲ့တာတွေ တွေးပြီး စိတ်ပူမနေနဲ့..အော်ဒါသာ များများတင်ပြီး ငါ့စီးပွားရေးကို ကူညီပေးရင် အားလုံး အိုကေပြီ..."

လင်းရီ ကားထဲ၀င်၍ မောင်းထွက်သွားပြီး ကျီချင်းရန်ကတော့ နေရာ၌သာ ကျန်ရစ်ခဲ့ကာ လင်းရီ ထွက်သွားသည်ကို လက်ပြနှုတ်ဆက်ရင်း ကျန်နေခဲ့၏။

လင်းရီ ကား တဖြေးဖြေး ပျောက်ကွယ် သွားတာကိုကြည့်ရင်း ကျီချင်းရန် စိတ်ထဲ၌ အနည်းငယ်ရှုပ်ထွေးနေသည်။

သာမန်ဆို သူက ငါ့ကို ထိုင်ထတွေ လုပ်ခိုင်းပြီး မျက်စိ အစာကျွေးခိုင်းရမှာ မဟုတ်လား...

ခုကျတော့ အော်ဒါတွေ ပိုတင်ဖို့ပဲ ပြောသွားတယ်...

ဖက် ဖက် ဖက်

ကျီချင်းရန် သူမ ပါးကို လက်ဖြင့် ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး

နင်တော်တော် အရှက်မဲ့တာပဲ ချင်းရန်

ဘာတွေ လျှောက်တွေးနေတာလဲ...

လင်းရီ တုန်းထင်း ရေကန်မှ ထွက်လာပြီးနောက် အော်ဒါလက်ခံရန် အက်ပ်ကို ဖွင့်လိုက်သည်။

ယခု မစ်ရှင် ပြီးမြောက်မှုမှာ (၁၁/၂၀)ဖြစ်နေသည်။ သူနောက်ထပ် ကြယ်ငါးပွင့် ရီဗျူး အနည်းငယ် ရရှိပါက ကျွမ်းကျင်မှု အမှတ်များ ရနိုင်ကောင်း ရရှိပေလိမ့်မည်။

သူ့တွင် စီးနေကျ ဖောက်သည်အချို့လည်းရှိသည်။ သူအချိန်အနည်းငယ် ပေး၍ ကြယ်ငါးပွင့် ရီဗျူး အချို့ ရယူပြီးသည်နှင့်တစ်ပြိုင်နက် မစ်ရှင်မှာ ပြီးမြောက်သွားတော့မည်။

သို့သော်လည်း စနစ်၏ မစ်ရှင်မှာ သူ့ကို အတွေ့အကြုံ ခံစားစေချင်ရုံ သပ်သပ်သာ ဖြစ်သည်။ ထို့ကြောင့်သူ၏ ဖောက်သည်များအပေါ် တအားကြီး အခွင့်အရေး မယူချင်ပေ။

ထိုသူများကို အာမခံ ကတ်အနေနှင့် သိမ်းထားပြီး မစ်ရှင် မပြည့်နိုင်သည့်အချိန်မှသာ နောက်ထပ်အော်ဒါတင်ရန် တောင်းဆိုလိုက်တော့မည်။

"ကဲ လင်းရီ မင်းမှာ အော်ဒါ အသစ်ရှိပြီတော့ လောလောဆယ် အဲ့တာကို အာရုံစိုက်လိုက်ရအောင်..."

လင်းရီ မစ်ရှင်ကို ကြည့်ပြီးသောအခါ နောက်ထပ် အော်ဒါတစ်ခုကို လက်ခံလိုက်သည်။

တည်နေရာကတော့ ဟွားရီ အနီးတစ်ဝိုက်ပင်။ ထို့ကြောင့် သူလျင်မြန်စွာ ထိုနေရာသို့ မောင်းသွားလိုက်၏။။

........

ထိုအချိန်တွင် မိန်းကလေးတစ်ယောက် ခရီးဆောင်အိတ်တစ်လုံး ကို လက်မှ ဆွဲထားပြီး ‌ကျောပေါ်အိတ်တစ်လုံးကို လွယ်လျက် ဟွားရီ ခရိုင်ထဲမှ ထွက်လာခဲ့သည်။

ဘဲဥ ပုံသဏ္ဌာန် မျက်နှာနှင့် ဆံပင်ကို မြင်းမြီးပုံစံချည်ထားပြီး အရမ်း ချစ်စရာကောင်းလွန်း၏။

မိန်းကလေး၏ အမည်မှာ ထောင်ယွမ် ဖြစ်ပြီး ငွေကြေးနှင့် စီးပွားရေး တက္ကသိုလ်၏ ကျောင်းသူတစ်ဦးလည်းဖြစ်သည်။ ယခု‌သူမ ကားခေါ်ပြီး ကျောင်းသို့ ပြန်သွားတော့မည်ဖြစ်၏။

"ယွမ်ယွမ်..."

တံခါးဆီသို့ လှမ်းနေသော ထောင်ယွမ်မှာ သူမ၏ နာမည် ခေါ်သံကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်သည်။

သာမန် အိမ်နေ၀တ် အနက်ရောင်နှင့် ကောင်လေးတစ်ယောက် သူမဆီ ပြေးလာနေသည်ကို မြင်လိုက်ရပြီး

"ရှောင်ဖန် နင်လာလို့ ဒီရောက်နေတာလဲ..."

သူမဆီ ပြေးလာနေသော ကောင်လေးကို မြင်သောအခါ ထောင်ယွမ် အနည်းငယ် အံ့ဩသွားသည်။ သို့သော်လည်း သူမ ပျော်ရွှင်နေသည်လို့တော့ မဆိုလိုပေ။

"ငါရှောင်ကျင်းဆီက ကြားလာတာ ..ဒီနေ့ နက် ကျောင်းပြန်တက်မယ်ဆိုလို့..အဲ့တာငါ နင့်ကို လိုက်ပို့ချင်လို့ တံခါးရှေ့ကနေ ကြိုစောင့်နေတာ..."

ထိုသို့ပြောပြီးနောက် ရှောင်ဖန် ထောင်ယွမ်၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးရန် လက်ဆန့်လိုက်သည်။

"မလိုဘူး..ငါ ကားခေါ်ထားပြီးပြီ ..နင့်ကားကို မစီးချင်ဘူး..."

သူမတို့ နှစ်ယောက်လုံးမှာ ငွေကြေးနှင့် စီးပွားရေး တက္ကသိုလ်မှ အခန်းတူ မေဂျာတူ အတန်းဖော်များ ဖြစ်ကြသည်။

ရှောင်ဖန် သူမကို ပိုးပန်းနေကြောင်းလည်း ထောင်ယွမ် သိ၏။

သို့သော်လည်း မနူးမနပ် သူဌေးသားလေးမှာ သူမ နှစ်‌သက်သော ပုံစံ မဟုတ်ခဲ့။

ထို့ကြောင့် သူမ ရှောင်ဖန်၏ အရှက်မရှိ ပိုးပန်းမှုကို နှစ်၀က်ကျော်ကြာအောင် သည်းခံခဲ့သော်လည်း သူမဘက်မှ ရေလာမြောင်းပေး မလုပ်ခဲ့ပေ။

"ယွမ်ယွမ် ငါ့အဖေက Audi A6 အသစ်တစ်စီး ၀ယ်ပေးထားတယ် ..အပြင်တောင် တစ်ခါမှ မထုတ်ရသေးဘူးနော် လုံး၀ အသစ်ချွတ်ချွတ် ဘယ်သူမှတောင် မစီးဖူးသေးဘူး..မင်းကမှ ငါ့ကားအသစ်ပေါ် ပထမဆုံး လိုက်စီးရမယ့်သူပဲ...."ရှောင်ဖန် သူမကို အလေးထားသည့်အရိပ်အယောင်ပြ၍ ကြွားဝါလိုက်သည်။

"ဟမ့်...ငါကတော့ စိတ်မဝင်စားဘူး...ငါခေါ်ထားတဲ့ ကားတောင် ခဏ နေရင် ရောက်လာတော့မှာ..."

"ယွမ်ယွမ်..မင်းက ငါတို့ ၀န်းရဲ့ အလှလေးလေကွာ အငှားကား စီးတာက ဘယ်လိုမှ နင့်ရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူး..အဲ့အစား ငါ့ရဲ့ Audi A6လေးနဲ့ ငြိမ့်ပြ လိုက်ခဲ့စမ်းပါဟ အစုတ်အပြတ် အိမ်စီးကားတွေ စီးတာထက်တော့ သာပါသေးတယ်..."

"နင်မောင်းနေသရွေ့တော့ ငါက ပြိုင်ကားဆိုရင်တောင် လိုက်မစီးဘူး..."ထောင်ယွမ် ပြောလိုက်သည်။

"မတူဘူးလေကွာ..." ရှောင်ဖန် ပြောလိုက်ပြီး "ဒါက နိုင်ငံခြားက တင်သွင်းလာတဲ့ Audi A6၊ပေါပေါပဲပဲ ကားမဟုတ်ဘူး..ပြီးတော့ ထိုင်ခုံတွေအားလုံးကလည်း သားရေ အစစ်တွေနဲ့ပဲ..ထိုင်ရသာ အရမ်း သက်တောင့်သက်သာ ရှိတယ်. သေချာတယ် ထိုင်ရတဲ့ ဖီး က အဲ့ဒီ အိမ်စီးကားတွေနဲ့ နှိုင်းယှဉ်လို့ကို မရသာ..ငါနဲ့သာ လိုက်ခဲ့စမ်းပါကွာ..."

သူတို့နှစ်ယောက်၏ စကားဝိုင်းကို ဖြတ်သွားဖြတ်လာများ ကြားသွားပြီးနောက် အချင်းချင်း တက်ကြွစွာ အတင်းခုတ်ကြတော့သည်။

"အဲ့ကလေးမလေးက ‌အတောါလေး စိတ်၀င်စားဖို့ကောင်းတာပဲ Audi A6ပေါ် လိုက်စီးလို့ရနေတာကို Didi ပဲ စီးချင်နေတယ်တဲ့...သူဘယ်လောက် ကံကောင်းလဲ ဆိုတာ မသိသေးဘူးနေမှာ..."

"ဟင်း..တကယ်လို့ ငါ့ကိုသာ Audiနဲ့ လာကြိုလို့ကတော့ ကောက်ကောက်ပါအောင်ကို လိုက်သွားပစ်ဦးမှာ..."

"ကဒ်နံပါတ် ၄၃၈၉ နဲ့ဆုံးတဲ့ မစ်ထောင်က ဘယ်သူပါလဲ..."

သူတို့ စကားပြောနေတုန်း တံခါး၀မှ တစ်စုံတစ်ယောက် စကားပြောသံကို ကြားလိုက်ရသည်။

သူတို့ လှမ်းကြည့်လိုက်သောအခါ ငွေရောင် စူပါကား တစ်စင်းကို မြင်တွေ့လိုက်ရ၏။

ထို့ပြင် စကားပြောနေသူမှာလည်း ပြိုင်ကားအတွင်းရှိ ဒရိုင်ဘာပင်။

လင်းရီ သူမ နာမည်ခေါ်သည်ကို ကြားသောအခါ ထောင်ယွမ် ကြက်‌ေ-သ‌ေ-သသွားတော့၏။

ဒီလူက ဘယ်လိုလုပ် ငါ့နာမည်ကို သိနေတာလဲဟ...

သူမ လူအုပ်ကြီးကို ကျော်ဖြတ်ခဲ့ပြီး လမ်းရီ ထံ လမ်းလျှာက်လာကာ တိတ်တိတ်လေး ပြောလိုက်သည်။

"ဟယ်လို ..ကျွန်မရဲ့ ကဒ်နံပါတ်က ၄၃၈၉ နဲ့ဆုံးတာပါ..."

"အဲ့တာဆို ကားထဲ၀င်..."

"ဟမ်...ကားထဲ၀င်..."ထောက်ယွမ် ကြက်သေသေသွားသည်။

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "မင်း Didiကို ခေါ်ထားတယ်မလား...ငါက မင်းကို လာကြိုတဲ့ Didi ဒရိုင်ဘာပဲ...."

All Chapters