ဒါကမှ ဘ၀ကြီး
Vol. 4 Ch. 53
"ယွမ်ယွမ်..နင် ခေါ်ထားတဲ့ကားက ဒီကားလား.."
ရှောင်ဖန် ရှုပ်ထွေးနေသည်။
သူမ အော်ဒါတင်တာ Didi မဟုတ်လား...ဘာလို့ ပန်ဂနီကြီး ရောက်လာတာလဲဟ...
ဘာတွေ ဖြစ်ပျက်နေတာလဲဆိုတာ တစ်ယောက်ယောက်လောက် ရှင်းပြပေးကြပါဦး...
ထောင်ယွမ်လည်း စိတ်ရှုပ်ထွေးနေသော်လည်း
"ဟုတ်တယ်..ငါ ခေါ်လိုက်တာပဲ...နင့်ရဲ့ Audi A6ထက်တော့ သာတယ်မလား...."
"ဒါပေါ့...ငါ့ရဲ့ Audiထက်တော့ သာတာပေါ့...."
လူအုပ်ကြီးမှာ စတင်ရယ်မောတော့သည်။
"ဒီကလေးက ခုလေးတင် သူမ မှာတဲ့ကားထက် သာတယ်လို့ ကြွားနေတာ...ခုတော့ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီ ဟားဟား..."
ရှောင်ဖန် အလွန်အမင်း အရှက်ရနေသော်လည်း မတတ်နိုင်ချေ။
ပန်ဂနီက သူ၏ Audi ဒါဇင်အနည်းငယ်လောက် ၀ယ်ရန် လုံလောက်သည်။ သူ့တွက် ပြန်ပြောစရာ စကား ရှာမရတော့ချေ။
ထောင်ယွမ် ရှောင်ဖန်ကို လုံး၀ လျစ်လျူရှုလိုက်ပြီး ခရီးဆောင်အိတ်ကို မကာ လင်းရီ ကားထဲသို့ ၀င်လိုက်သည်။
လင်းရီကို အနီးကပ်မြင်လိုက်ရသောအခါ ထောင်ယွမ်၏ မျက်လုံးများ ကြယ်တာရာကဲ့သို့ တောက်ပလာသည်။
အိုက်ယား...အရမ်းခန့်တာပဲ...
"ရှောင်ကောကော နင်က ပြိုင်ကားကြီး စီးနိုင်တာတောင်မှ ဘာလို့ Didiမောင်းနေတာလဲဟင်..."ထောင်ယွမ် အိန္ဒြေရစွာ မေးလိုက်သည်။ သူမ၏ အမူအရာမှာ ရှောင်ဖန်ကို ဆက်ဆံစဉ်ကနှင့်တော့ လုံး၀ တခြားစီပင်။
"ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ လောကဓံကို ခံစားကြည့်နေတာလေ..."
"ရှောင်ကောကော နင်က အရမ်းတော်တာပဲနော်..."
"ချီးကျုးတဲ့အတွက် ကျေးဇူးပါ..."
လင်းရီကတော့ ထောင်ယွမ်ကဲ့သို့ အများကြီး စဉ်းစားမနေချေ။ သူ့ကို ကြယ်ငါးပွင့် ရီဗျူး ပေးနေသရွေ့ အားလုံး အဆင်ပြေသည်။
ငွေကြေးနှင့် စီးပွားရေး တက္ကသိုလ်မှာ ဟွားရီမှ သိပ်မဝေးပေ။ထို့ကြောင့် သူတို့ မိနှစ်နှစ်ဆယ်အတွင်း ရောက်ရှိသွားသည်။
"ရှောင်ကောကော ..ငါနင်နဲ့ ဝီချက်အပ်လို့ရလား..."
"ဝီချက် အပ်ချင်တာလား...ရတာပေါ့..."
ထိုခဏ၌ ထောင်ယွမ်၏ မျက်နှာ အနည်းငယ် ရဲတက်လာပြီး "ရှောင်ကောကော မြင်မြင်ချင်း အချစ်ဆိုတာ ယုံလားဟင်..."
"မြင်မြင်ချင်း အချစ်လား..."လင်းရီ တစ်ခဏမျှ စဉ်းစားလိုက်ပြီး "တက္ကစီခက ဒီတိုင်း ယွမ် ၃၀ တည်းလေ...ညီမလေးက အချစ်တွေ ပေးပြီး အလကား စီးမလို့လား..."
"အာ...ညီမပြောချင်တာ အဲ့လို မဟုတ်ဘူး."
ထောင်ယွမ် ကားထဲမှ အရှက်သည်းစွာ ထွက်လာလိုက်ပြီး တက္ကစီခ ပေးခဲ့လိုက်၏။
ထောင်ယွမ် တက္ကစီခပေးပြီးနောက် မကြာမီ လင်းရီ ဖုန်းထဲတွင် ကြယ်ငါးပွင့် ရီဗျူး ပေးထားကြောင်း အကြောင်းကြားစာ တက်လာသည်။
သူနာရီကို ကြည့်လိုက်သောအခါ ၆ နာရီထိုးတော့မည်ဖြစ်ကြောင်း သတိထားမိသွားသည်။ သို့သော်လည်း ဗိုက်မဆာသေးသောကြောင့် နောက်ထပ် အော်ဒါ အနည်းငယ်လောက် ရယူရန် စီစဉ်လိုက်သည်။
ဗိုက်ဆာသည့်အချိန်က အလုပ်နရမည့်အချိန်ပင်။
သို့နှင့် ၇ နာရီ ထိုးသာ်အထိ လင်းရီ အော်ဒါ သုံးခု လက်ခံ လိုက်သည်။ ထိုအော်ဒါ သုံးခုလုံးမှာ အမျိုးသားများဖြစ်ကြ၏။
သို့သော်လည်း ကံဆိုးစွာဖြင့် ကြယ်ငါးပွင့် ရီဗျူးကတော့ တစ်ခုတည်းသာ ရရှိလိုက်သည်။
မည်သို့ပင်ဆိုစေ လင်းရီကတော့ ကျေနပ်နေ၏။ မစ်ရှင် ပြီးမြောက်နှုန်းမှာ (၁၃/၂၀)ဖြစ်နေသောကြောင့် မစ်ရှင် ပြီးမြောက်ရန် သိပ်မလိုတော့ပေ။
သို့နှင့် ၇ နာရီ ခွဲတွင် သူဗိုက်ဆာလာ၍ အလုပ်နားလိုက်သည်။ သို့သော်လည်း ပန်နီဆူလာဟိုတယ်သို့ သွားမစားပေ။ လမ်းဘေးဆိုင်တစ်ဆိုင်၌သာ သုံးဆောင်လိုက်ပြီး အိမ်သို့ ပြန်လာခဲ့လိုက်၏။
ဒူ ဒူ ဒူ
လင်းရီ ကျိုကျုံး ဗီလာသို့ ပြန်လာနေတုန်း ဖုန်းမြည်လာခဲ့သည်။
စုန့်၀မ်ဟွေ့ ဝီချက်မှ တစ်ဆင့် မက်ဆေ့ခ်ျ ပို့လာခဲ့ခြင်းပင်။
"လင်းရီ ငါမနက်ဖြန် အလုပ်သွားရင် နင်လာကြိုပေးလို့ရလား..."
၀မ်ဟွေ့ မေးလိုက်သည်။
လင်းရီ သူမပို့လာသော မက်ဆေ့ခ်ျကို မြင်သောအခါ အနည်းငယ် ကြက်ေ-သေ-သသွား၏။
ဒီနေ့ ဒီလောက်ထိ ဆိုးဆိုးရွားရွား ကြီး ဖြစ်ခဲ့တာတောင်မှ အရှက်မရှိ မက်ဆေ့ခ်ျ ပို့နိုင်သေးတာလားဟ...
"မင်းသာ ပိုက်ဆံ အဆင်သင့်ပြင်ထားရင် ငါမနက်ဖြန် လာကြိုပေးမယ်..."လင်းရီစာ ပြန်ပို့လိုက်သည်။
"ဟမ်..ဘာပိုက်ဆံလဲ..." စာသားနောက်တွင် အီမိုဂျီ တစ်ခုဖြင့် ၀မ်ဟွေ့ မသိချင်ယောင်ဆောင်၍ ပြန်မေးလိုက်သည်။
"ဘာ လာဂေါက်ပြနေတာ...မင်းအစ်ကို ငါ့ကားကို ခြစ်လိုက်လို့ ပြန်လျော်ပေးရမယ့် ပိုက်ဆံ ၂သန်းလေ..."လင်းရီ စာပြန်ပို့လိုက်၏။
စုန့်၀မ်ဟွေ့ : လင်းရီ နင့်လို ဟာသ ပြောတတ်တဲ့သူတွေကို ငါအရမ်း သဘောကျတာပဲ သိလား..၀မ်ဝူက နင့်ယောက်ဖလေ..မိသားစု အချင်းချင်းတောင် ဘာလို့ အဲ့လိုတွေ စနောက်နေတာလဲ...
လင်းရီ : ဘယ်သူက နင့်မိသားစုလဲ...ခုထိ အိပ်မက်မက်နေတုန်းလားဟ...
စုန့်၀မိဟွေ့ : အာ...နင်ဒီနေ့ ဖြစ်ခဲ့တာတွေကြောင့် နင်စိတ်ဆိုးနေမှန်း ငါနားလည်တယ် ...ဒါပေမယ့် အဲ့တာက ဒီတိုင်း နင့်ကို စမ်းသပ်ကြည့်တာလေ..အခု နင်က ငါ့မိသားစုရဲ့ စမ်းသပ်တာကို အောင်မြင်သွားပြီဆိုတော့ ငါတို့ တရား၀င် သမီးရည်းစားတွေ ဖြစ်သွားပြီလေ.....
"ငါမနက်ဖြန် ရုံးတက်ရမှာ...ငါ့ကို လာကြိုပြီး လိုက်ပို့ပေး..."
လင်းရီ : "အိပ်မ နေနဲ့တော့...ခုထိ မမှောင်သေးဘူး..."
"ကောင်းပြီ နင်နောက်နေတာတွေ တော်လိုက်တော့ ...တကယ်လို့ နင်သာ ငါ့ကို သဘောမကျ ဘူးဆိုရင် ဘာလို့ ဘလိုင်းဒိတ်ကို လာခဲ့တာလဲ...နင်ငါတို့ ချိန်းထားတဲ့နေရာကို လာလိုက်ပြီဆိုကတည်းက ငါတို့ရဲ့ ဆက်ဆံရေးက တရား၀င်ဖြစ်သွားပြီ...နင်ငြင်းလို့မရတော့ဘူး..."
လင်းရီ : "အိပ်မက်မက်မနေနဲ့..လျော်ကြေးငွေ ၂သန်းပဲ လိုချင်တယ်..တပြားလျော့ရင်တောင် မင်းအစ်ကိုကို ရဲတွေ လာခေါ်တာ စောင့်နေလိုက်..."
လင်းရီ ထိုသို့ ပြောပြီးနောက် စုန့်၀မ်ဟွေ့ကို ဘလော့လိုက်သည်။
လင်းရီ ခေါင်းကို ရမ်းလိုက်ပြီး "ဒီသိုက်တူးမတွေကတော့ အောက်စည်းဆိုတာကို မရှိပါလားဟ..."
လင်းရီ အိမ်သို့ ပြန်ရောက်ပြီးနောက် ရေနွေးဖြင့် ရေချိုးလိုက်သည်။ ထို့နောက် လိုက်စထွင်းများအနည်းငယ် လိုက်ကြည့်ပြီး အချိန်ဖြန်းရန် ဂိမ်းခဏ ဆော့လိုက်၏။ ထို့နောက် ဖုန်းပိတ်၍ အိပ်ယာ ၀င်လိုက်တော့သည်။
နောက်တစ်နေ့ နံနက်ခင်း လင်းရီ မျက်လုံးဖွင့်လိုက်သောအခါ ခုနစ်နာရီ ထိုးနေပြီး ဖြစ်၏။
သူ့ဖုန်းထဲရှိ ဝီချက်တွင်လည်း စာအသစ်နှစ်ဆောင် ရောက်ရှိလို့နေသည်။
ရှရှင်းယွီ : "အစ်ကိုရီ..နင်လိုင်းပေါ်မှာ ရှိလား..."
ရှရှင်းယွီ : ညီမ ဒီနေ့ အပြင်ထွက်ချင်လို့..အဲ့တာ အစ်ကို့ကား ကားလို့ ရမလားလို့...
ရှရှင်းယွီ၏ မက်ဆေ့ခ်ျကို မြင်သောအခါ လင်းရီ ယမန်နေ့က သူနှင့် အတူ ဈေးလိုက်၀ယ်ပေးသော အမျိုးသမီး စထွင်မာ ဖြစ်ကြောင်း သတိရသွားသည်။
ဟီးဟီး...နောက်ထပ် ကြယ်ငါးပွင့် ရီဗျူးကတော့ ငါ့အပိုင်ပဲ...
လင်းရီ : "ဘယ်အချိန်လဲ.."
ရှရှင်းယွီ ချက်ချင်း လျင်မြန်စွာ စာပြန်ပို့လာသည်။
ရှရှင်းယွီ : "ညီမတို့ ကိုးနာရီ သွားကြမယ်လေ...ဒါပေမယ့် ညီမတို့ အိမ်နား နာရီ၀က်လောက် စောလာပေးလို့ရမလား...အဆင်မပြေလဲ ညီမပဲ အစ်ကို့ကို လာရှာလိုက်မယ်လေ..."
လင်းရီ : "အဆင်ပြေတယ်..ရှစ်နာရီခွဲ တွေ့ကြတာပေါ့..."
ရှရှင်းယွီ "ဟုတ် ဟုတ် ကျေးဇူးပဲနော် အစ်ကိုရီ..."
လင်းရီကတော့ နားမလည်ပေ။
တက္ကစီခ ပေးရမှာပဲကို ဘာလို့ ကျေးဇူးလာတင်နေတာလဲဟ....
လင်းရီ နာရီကို ကြည့်လိုက်သောအခါ ခုနစ်နာရီကျော်မျှသာ ရှိသေးသောကြောင့် အလျင်မလိုသေးပဲ မျက်နှာသစ် ရေမိုးချိုး၍ ပန်နီဆူလာ ဟိုတယ်၌ မတက်စာ သွားစားလိုက်သည်။ ထို့နောက် ရှရှင်းယွီ နေထိုင်သော ထျန်းရီ အိမ်ယာသို့ ဦးတည်လိုက်သည်။
ထျန်းရီ အိမ်ယာ၏ တံခါးရှေ့တွင် ရှရှင်းယွီ စောင့်နေကြောင်းကို လင်းရီ မီတာ ဒါဇင်အနည်းငယ်လောက်မှနေ၍ လှမ်းမြင်နေရ၏။
ထိုကောင်မလေးမှာ သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကထက် အမျကြီး ရင့်ကျက်စွာ ၀တ်စားထားသည်။
သနပ်ခါးရောင် ဂါ၀န်လေးနှင့် လည်ပင်းတွင် လည်ဆွဲ တစ်ကုံးကို ၀တ်ဆင်ထားပြီး ယဉ်ယဉ်လေးနှင့် လှချင်တိုင်း လှနေတော့သည်။
သူမ၏ လက်ထဲတွင်လည်း အဖြုရောင် အထုပ်လေး တစ်ခုကို ကိုင်ထားသေးသည်။ မည်သည့်အရာမှန်းတော့ လင်းရီ လည်း မပြောတတ်။
လင်းရီကား နီးကပ်လာသည်ကို တွေ့သောအခါ ရှရှင်းယွီ လင်းရီဘေးတွင် ၀င်ထိုင်လိုက်ပြီး လူတိုင်း၏ မနာလိုသော အကြည့်များကို ဆွဲဆောင်သွားတော့၏။
"အစ်ကိုရီ ညီမ အခု အော်ဒါတင်လိုက်ပြီနော်..."
လင်းရီ အလုပ်အတွေ့အကြုံရရန် Didi မောင်းနေကြောင်း သူမသိသောကြောင့် ရှရှင်းယွီ မတုံ့ဆိုင်းရဲပဲ ကားအော်ဒါ တင်လိုက်သည်။
မကြာမီ ရှရှင်းယွီ၏ အော်ဒါမှာ လင်းရီ ဖုန်းထဲတွင် ပေါ်လာခဲ့၏။
သွားမည့်နေရာကို တွေ့သောအခါ လင်းရီ ကြောင်အ သွားပြီ "ရှင်းယွီ မင်းက ကျိုးဟိုင် ကားပြိုင်ပွဲကွင်းကို သွားမလို့လား..."
"အွန်း..ဟုတ်တယ်လေ"
ရှရှင်းယွီ ခေါင်းညိမ့်လိုက်ပြီး "အဲ့မှာ ကားပြိုင်ပွဲ ကျင်းပဖို့ ရှိတယ်လေ...အဲ့ဒီက အာဏာပိုင်တွေက ညီမတို့လို စထွင်မာ သုံးယောက်ကို တိုက်ရိုက်ထုတ်လွင့်ဖို့ ဖိတ်ခေါ်ထားတာ..နောက်ဆုံးတော့ အဲ့ပြိုင်ပွဲကွင်းကြီးထဲ ၀င်သွားရတော့မယ်..."
လင်းရီ သူပိုင်ဆိုင်သော ပြိုင်ပွဲကွင်းတွင် တိုက်ရိုက်ထုတ်လွင့်မည်ဟု ကြားတော့ ပြုံးလိုက်မိသည်။
ကျိုးဟိုင်ထောင်မှာ နဲနဲ ပိန်းသော်လည်း ယခုလို အကြံမျိုးတော့ စဉ်စားထွက်ပေသည်။
"ကဲ ခါးပတ်ပတ်လိုက်ဦး ထွက်တော့မယ်..."
"အိုကေ..."
ရှရှင်းယွီ အဖြူရောင်ဘူးလေးကို လှပ်လိုက်ပြီး "အစ်ကိုရီ ကားမောင်းရင်းနဲ့ ရေဆာနေမှာဆိုးလို့ အသီးထည့်ခဲ့ပေးတယ်...မြည်းကြည့်ကြည့်ဦးနော်..."
"အိုး...ရှင်းယွီက အရမ်းသိတတ်တာပဲ..."လင်းရီ ပြောလိုက်ပြီး "ခုတော့ ဘေးမှာ ချထားလိုက်ဦး..ကားမောင်းမှာဆိုတော့ စားလို့မရသေးဘူး..."
"ရပါတယ်..ညီမခွံ့ကျွေးမှာပေါ့..."
ရှရှင်းယွီ ခက်ရင်းသေးသေးလေးဖြင့် ဖရဲသီးတစ်စိတ်ကို ထိုးလိုက်ပြီး လင်းရီ ပါးစပ်နား တေ့ပေးလိုက်သည်။
လင်းရီ အားနာမနေတော့ပဲ တစ်ကိုက်ကိုက်လိုက်သည်။
"အင်း ချိုတယ်ဟ..."
"ဟီးဟီး...အစ်ကိုရီ ကြိုက်ရင် ပြီးတာပါပဲ..."
ဇိမ်ခံကားကြီးမောင်းနေရင်း ကောင်မချောချောလေးက သူ့ကို ဖရဲသီးခွံ့ကျွေးနေတယ်ဆိုတော့....အာ ဒါကမှ တကယ့်ဘ၀ကြီးပဲ...