← Chapters

သူက ဘယ်လောက်တောင် ဂုဏ်သတင်းကြီးမားနေလဲဆိုတာ ကြည့်ကြည့်ရအောင်

Vol. 4 Ch. 54

သူက ဘယ်လောက်တောင် ဂုဏ်သတင်းကြီးမားနေလဲဆိုတာ ကြည့်ကြည့်ရအောင်

Vol. 4 Ch. 54

ထို့နောက် လင်းရီတို့ နိုင်ငံတကာ ကားပြိုင်ပွဲကွင်းဆီသို့ ဦးတည်သွား၏။

ကားပါကင်ထိုးပြီးနောက် နှစ်ယောက်အတူတူ ကားထဲမှ ထွက်လာခဲ့ကြသည်။

"ဘုရားရေ...ဒီမှာ ပြိုင်ကား‌တွေ အများကြီးပါလားနော်..."

ကားပါကင် ထိုးသည့်နေရာတွင် တန်းစီရပ်ထားသော ပြိုင်ကား အတန်းလိုက်ကြီးကို မြင်သောအခါ ရှရှင်းယွီ၏ ချစ်စဖွယ် မျက်လုံးလေးများ ပြူးကျယ်လာတော့၏။

လင်းရီ ထိုပြိုင်ကားများကို ပထမတစ်ခေါက် ကြည့်လိုက်တုန်းက သိပ်ပြီး သတိမထားမိသေးချေ။ သို့သော်လည်း သူအနီးကပ်ကြည့်လိုက်သောအခါမှ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ဒီရဲ့ လမ်ဘိုဂီနီက ချင်းဟန်ကား မဟုတ်လား....

ဒီကောင် ၀င်ပြိုင်ပြန်ပြီလားဟ...

"သွားစို့ ဒီတိုင်း ပြိုင်ကားလေးတွေပါပဲကွာ...ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့...."

"အမ်...အိုကေလေ..."

ရှရှင်းယွီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်အထိ ပြုံးလိုက်သည်။

"အစ်ကိုရီ ဒီကားတွေက အစ်ကို့ ကားလောက်တော့ တန်ဖိုးမကြီးပေမယ့် ညီမကတော့ ဒီလောက်ကားအမျကြီးကို ကားပြပွဲတွေက လွဲရင် တစ်ခါမှ မမြင်ဖူးဘူး..."

လင်းရီပြုံးပြီး ခေါင်းခါရမ်းလိုက်သည်။ သို့သော်လည်း ဘာမျှ ပြန်မပြောခဲ့။

"ငါက ဘာလို့ ထွက်သွားပေးရမှာလဲ...မင်းတို့ တာ၀န်ရှိသူကို မခေါ်ပေးရင် ငါမသွားဘူး..."

"တာ၀န်ရှိသူကို ထွက်လာခိုင်းရင်တောင် ရလဒ်က အတူတူပဲ...နင့်အချိန်တွေ အလဟဿ ဖြစ်မှာဆိုးလို့ ကြိုပြီး သတိပေးနေတာ...စေတနာကို စေတနာလို့ မမှတ်လည်း သဘောပဲ..."

သူတို့ တံခါး၀နားတောင် မရောက်သေးပေ။ ငြင်းခုန်နေသည့် အသံများကို ကြားလိုက်ရသည်။

"ဟမ်...ဒီအသံက ဘာလို့ ရင်းနှီးနေပါလိမ့်..."ရှရှင်းယွီ ရေရွတ်လိုက်သည်။

"ငါတို့ ၀င်သွားရင် သိမှာပေါ့..."

ထို့နောက် နှစ်ယောက်သား အသံရှိရာသို့ သွားလိုက်ကြသည်။

အထဲတစ်နေရာ၌ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး အော်ဟစ် ငြင်းခုန်နေကြသည်။ ကျန်သည့်သူများကတော့ ပွဲကြည့်သလို အစားစား၍ ရပ်ကြည့်နေကြ၏။

"သူတို့ဘာတွေ ငြင်းခုန်နေကြတာလဲတဲ့..."ရှရှင်းယွီ အံ့ဩနေသည့် လေသံဖြင့် မေးလိုက်သည်။

လင်းရီ ကြည့်ကြည့်လိုက်သောအခါ ငြင်းခုန်နေသည့် အမျိုးသမီး၏ ၀တ်စားဆင်ယင်မှုမှာ လွန်စွာ ဖက်ရှင်ကျကြောင်းတော့ ၀န်ခံရမယ်။

အနက်ရောင် ဂျင်းအတိုကို ၀တ်ဆင်ထားပြီး နှင်းကဲ့သို့ ဖြူဖွေးနေသော သူမ၏ ပေါင်တံလေးများကို လှစ်ဟပြထား၏။

ကြည့်လို့တော့ မဆိုးချေ။ လင်းရီသာ အမှတ်ပေးလို့ရမည်ဆိုပါက ၈၅ မှတ်လောက်အထိ ပေးမိလိမ့်မည်။

တစ်ဖက်မှ ငြင်းခုန်နေသည့် အမျိုးသားမှာလည်း အလားတူပင်။

စစ်၀တ် အစိမ်းရောင် အင်္ကျီကို ၀တ်ဆင်ထားပြီး Air Jordan 1 ကို စီးထားသည်။ ဆံပင်ကိုတော့ အဝါရောင်ဆိုထားပြီး နားတွင်တော့ စိန်နားကပ်ဖြင့် ဖက်ရှင်ကျကျ ၀တ်ဆင်ထား၏။

ငြင်းခုန်နေသည့်နှစ်ယောက်ကို ကြည့်ရင်း လင်းရီ အနည်းငယ် ရင်းနှီးနေသယောင် ခံစားမိလိုက်သည်။

သို့သော်လည်း ခံစားချက်သာမျှပင်။

"ရှင်းယွင် မင်းအဲ့ဒီ နှစ်ယောက်ကို သိလို့လား..'

ရှရှင်းယွီ ခေါင်းညိမ့်လိုက်ပြီး

"သူ့‌နာမည်က ရန်ကျစ်ရွှမ်းတဲ့...သူလည်း ညီမလို Douyinမှာ ထိပ်တန်း စထွင်မာပဲလေ...""

" အစိမ်းရောင်နဲ့လူရဲ့ နာမည်ကတော့ စွန်းရန်တဲ့..သူလည်း နာမည်ကြီး စထွင်မာပဲ သူက ပုံမှန်ဆို ညီမကို ဂရုစိုက်ပေးတယ်..ဒီနေ့ ညီမ ဒီရောက်လာတာလဲ သူ့ကြောင့်ပဲလေ..."

လင်းရီ ခေါင်းညိမ့်လိုက်သည်။

ရင်းနှီးနေတာ မဆန်းတော့ပါဘူး..ညညဆို ငါ၀င်ကြည့်နေတဲ့ သူတွေကိုး....

"အစ်ကိုရန် ဘာဖြစ်တာလဲတဲ့..."

တစ်ယောက်ယောက် သူ့နာမည်ခေါ်သံ ကြသောအခါ စွန်းရန် လှည့်ကြည့်လိုက်သည်။

"ရှင်းယွီ...မင်းရောက်ပြီပေါ့..."စွန်းရန် အရင် နှုတ်ဆက်လိုက်သည်။

"ဘာတွေဖြစ်နေကြတာလဲ...ဘာလို့ စကား‌ေတွေ များနေကြတာ..."

"ဘာဖြစ်ရမှာလဲ..မိန်းကလေးရန်ပေါ့...သူပြောတာ ဒီနေ့ တိုက်ရိုက်ထုတ်လွင့်လို့ရတဲ့သူအရေအတွက်က သုံးယောက်ကနေ တစ်ယောက်ဖြစ်သွားပြီတဲ့..ပြီးတော့ သူက ငါတို့ကို ကန်ထုတ်ချင်နေတာလေ.."

စွန်းရန် ထေ့ငေါ့ ပြောလိုက်သည်။

"နင်ငါ့ကို မစော်ကားနဲ့ ..ငါပြောတာ မဟုတ်ဘူး..ဒီပြေးလမ်းရဲ့ ပိုင်ရှင်ပြောတာ..နင်တို့ အချိန်တွေ အလကား ဖြုန်းချင်တယ် ဆိုရင်လည်း ဒီမှာ စောင့်နေကြပေါ့...ဘာပဲဖြစ်ဖြစ် ငါကတော့ သာသာယာယာပဲ..ပြီးတော့မှ သူတို့ ပေးမ၀င်တော့မှ ငါမပြောဘူးလို့ မဆိုနဲ့ပေါ့ဟယ်..." ရန်ကျစ်ရွှမ်း ပြောလိုက်သည်။ "

"ဘယ်တုန်းက ဒီလို စည်းကမ်းမျိုး ထွက်လာတာ.."

ရှရှင်းယွီ မေးလိုက်သည်။

"ဒီပွဲကို အထက်ပိုင်းတွေက ကျင်းပတာလေ..သူတို့ စိတ်ပြောင်းသွားရင်တောင်မှ ငါတို့ကို ကြိုအသိပေးသင့်တယပေါ့..ခုဟာက ဗြုတ်စဗျင်းတောင်းကြီး...သတင်းမကြား ဘာမကြားနဲ့.."

"ဒါတွေအားလုံးက မစ်ရန်ကြီး သခင်လေး ချင်ရဲ့ ပေါင်ကို ပြေးဖက်လိုက်လို့လေ..ကျိုးဟိုင် တစ်မြို့လုံးမှာ ဘယ်သူက သခင်လ ချင်ကို မျက်နှာ‌သာ မပေးဘဲ နေရဲလို့လဲ...အဲ့တာကြောင့် သူတို့ ချက်ချင်းကြီး ဒီလို လုပ်လိုက်တာလေ..."စွန်းရန် ရှင်းပြလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါက သွားတော့မှာ..ဒါပေမယ့် မသွားခင် ပြေးလမ်းပိုင်ရှင်ဆီက ဖြေရှင်းချက်လေး ကြားချင်လို့ စောင့်နေတာ..."

"အစ်မရွှမ်..ပြေးလမ်းက အကျယ်ကြီးလေ..ညီမတို့ သုံးယောက် အတူ ထုတ်လွင့်ရင် မကောင်းဘူးလား..."ရှရှင်းယွီ သေ‌ချာလေး ပြောပြလိုက်သည်။

"ဟီးဟီး..ညီမတို့ အတူ ထုတ်လွင့် ကြရအောင် ဆိုတာက ဘာကို ပြောချင်တာ..."ရန်ကျစ်ရွှမ် ရင်ဘက်ရှေ့ လက်ပိုက်လိုက်ပြီး "Douyinမှာ ငါ့ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် ငါက ဘာလို့ နင်တို့လို မလောက်လေး မလောက်စားတွေနဲ့ အတူ ထုတ်လွင့်ရမှာလဲ ..နင်တို့က ငါနဲ့ တစ်တန်းတည်းနေပြီး အတူ ထုတ်လွင့်ဖို့ တန်တယ်များ ထင်နေလား...နောက်ဆို အဲ့လို မပြောခင် ကိုယ့်အခြေအနေကို အရင်ကြည့်ပြီးမှပြော..ကြားလား...."

ထိုအချိန်တွင် ဂျင်း၀မ်းဆက် ၀တ်ဆင်ထားသော မိန်းကလေးတစ်ယောက် လမ်းလျှောက်လာပြီး လက်ထဲတွင် တံဆိပ်အချို့ကို ကိုင်ကာ...

"အစ်မရွှမ်း ..ရပြီ ညီမတို့ ဒီတံဆိပ်နဲ့ဆို ၀င်လို့ရပြီ ..သခင်လေးချင်က အထဲမှာ စောင့်နေတယ်...."

"ရှောင်ကျား...နင်က အချိန်ကိုက် ရောက်လာတာပဲ..ဒီနှစ်ယောက်က အထဲ၀င်ဖို့ စောင့်နေတုန်းပဲ...သူတို့ကို ဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေလေး တစ်ချက် ပြောပြလိုက်စမ်းပါ..."

ရှောင်ကျားဟု ခေါ်သော မိန်းကလေးမှာ ရှရှင်းယွီနှင့် စွန်းရန် ကို အထင်သေးစွာ ကြည့်လိုက်ပြီး

"၀င်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့..."

ထို့နောက်ရှောင်ကျား အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြလိုက်ပြီး

"ကြည့်..ဒါက တိုက်ရိုက်ထုတ်လွင့်ခွင့် လိုင်စင်..နင်တို့ နှစ်ယောက်နဲ့ ဘာမှ မဆိုင်တော့ဘူး...နင်တို့ လာတဲ့ နေရာကိုသာ လစ်လိုက်ကြတော့.."

"နင့်မှာ အဲ့လို ပြောပိုင်ခွင့် မရှိဘူး..ငါတို့ (၃) ရောက် အတူတူ တိုက်ရိုက်ထုတ်လွင့်ကြမယ်လို့ သဘောတူထားတာလေ..ခုတော့ နင်က ဒီလို ဇာတ်တွေခင်းပြီး ငါတို့ကို မောင်းထုတ်နေတယ်ပေါ့...ဒါကြီးကတော့ လွန်လွန်းသွားပြီ..."ရှရှင်းယွီ စောဒက တက်လိုက်သည်။

"တကယ်လို့ နင်တို့သာ ငါ့ထက်ပိုပြီး နာမည်ကြီးမယ်ဆိုရင်တော့ဘထွက်သွားရမယ့် သူက ငါဖြစ်နေမှာပေါ့..ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာက လောကမှာ တကယ်လို့ ဆိုတာ မရှိတာပဲ..."

"ရန်ကျစ်ရွှမ်း...နင်သခင်လေးချင်ရဲ့ ပေါင်ကို ဖက်ထားတိုင်း ကြီးမြတ်နေပြီလို့ ထင်မနေနဲ့..."စွန်းရန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ဒီနေ့ တိုက်ရိုက် ထုတ်လွင့်လို့ရမည့် အခွင့်အရေးကတော့ ပျက်စီးသွားပြီ ဖြစ်ကြောင်း သူနားလည်ထားသည်။ သို့သော်လည်း အနည်းငယ် စိတ်တိုနေသောကြောင့် ဤသို့ ပြောလိုက်ခြင်းပင်။

ယခု မတိုင်ခင်ဆိုပါက သူ၏ ကျော်ကြားမှုမှာ ရန်ကျစ်ရွှမ်းနှင့် ကောင်းကောင်းကြီး ယှဉ်၍ ရသည်။

သို့သော်လည်း သူမ ယနေ့ တိုက်ရိုက်ထုတ်လွင့်လို့ရမည့် အခွင့်အရေးကိုသာ ရရှိသွားပါက သူတို့နှစ်ယောက် ယှဉ်ပြိင်ရန် လုံး၀ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

"ဟမ့်..နင့်မှာ အစွမ်းအစရှိရင်လည်း ငါလုပ်သလို လိုက်လုပ်လေ..."

"ငါနင့်တို့ကို ပြောပြရမှာ မရှက်ပါဘူး..ငါဒီကို သခင်လေးချင်ကြောင့် လာခဲ့တာ...သူတစ်ခွန်းပြောလိုက်တာနဲ့ ပြိုင်ပွဲကွင်းရဲ့ အထက်ပိုင်းတွေ အားလုံး ‌လိုက်လျောပေးရတာပဲ..နင်တို့လည်း ငါ့လို လုပ်နိုင်လို့လား..."

"မင်း....."

"အစ်ကိုရန်...စိတ်လျော့ပါဦး .."ရှရှင်းယွီ ဖြောင်းဖြလိုက်သည်။

"သူ့မှာက သခင်လေးချင်ရဲ့ နောက်ခံရှိတော့ ညီမတို့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး.."

"ငိုးပဲကွာ...."

စွန်းရန် ကျိန်ဆဲလိုက်ပြီး

"သွားစို့ အစ်ကိုက ညီမကို ခေါ်ထားမှတော့ ဒီအတွက် တာ၀န်ယူပေးရမှာပေါ့..ဆိုင်တစ်ဆိုင်ရှာလိုက် .မင်းနဲ့ မင်းသူငယ်ချင်းကို ကြိုက်သလောက်စား ဒကာခံမယ်..."

"အာ...ဘာကိစ္စ အစ်ကိုရန်ကို ဒကာခံခိုင်းရမှာလဲ...ညီမပဲ ရှင်းမယ်..."

"နင်တို့ နှစ်ယောက်ပြီးပြီလား...မပြီးသေးရင်လည်း ဒီကနေ လစ်ပြီးတော့ တစ်နေရာမှာ ပြောကြတော့...ငါက ဒီနေ့ တိုက်ရိုက်ထုတ်လွက့်ရုံတင်မကဘူး..သခင်လေးချင်ကိုပါ အင်တာဗျူးဦးမှာနော်...အဲ့အခါကျမှ မျက်စိစပါးမွေး မစူးနဲ့..."ရစ်ကျစ်ရွှမ်း ဆံပင်ကို လက်ဖြင့် လိမ်၍ ပြောလိုက်၏။

"အစ်ကိုရန် ..သွားစို့..."

"အေး..သွားစို့..အဲ့ဖိနပ်လျက်တဲ့ကောင်မနဲ့ ဝေးဝေးနေတာ ကောင်းတယ်...."

"သွားစရာမလိုဘူး..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်ပြီး

"ဒီလည်း ရောက်နေနှင့်ပြီးမှတော့ တိုက်ရိုက်ထုတ်လွင့်ပြီးမှ ပြန်ကြပေါ့..."

"ဟမ်...."

ရန်ကျစ်ရွှမ်း လင်းရီကို ထူးဆန်းသလိုလို ကြည့်လိုက်ပြီး "နင်က ဘယ်သူလဲ အာတော့ အတော်ချောင်သား...သခင်လေးချင် ဘယ်သူလဲဆိုတာ နင်မသိဘူးလား...ကျိုးဟိုင်မှာ သခင်လေးချင်ကို မလေးမစား ပြုတဲ့သူတွေရဲ့ အုတ်ဂူပေါ်က မြက်တွေတောင် နှစ်မီတာလောက် ရှည်နေပြီ...."

"အဲ့ သခင်လေးချင်ဆိုတဲ့ ကောင်ကို ခေါ်လိုက်စမ်းပါ...ဂုဏ်သတင်း ဘယ်လောက်ကြီးလဲဆိုတာ ကြည့်ရအောင်..."

စွန်းရန် လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်သည်။

"ရှင်း..ရှင်းယွီ မင်းခေါ်လာတဲ့သူက နည်းနည်းလေး အတင့်မရဲ လွန်းဘူးလားဟ...သူက လူတိုင်း လေးစား ကြောက်ရွံ့ရတဲ့ သခင်လေးချင်ကိုတောင် အဲ့လိုပြောရဲတယ်ပေါ့...."

All Chapters